အပိုင်း (၄၁)

10.8K 1.4K 73
                                    

((Zawgyi))

အပိုင်း (၄၁)
ဇာတ်လမ်းတွဲအသစ်

👾👾👾

ကျန်းလင်က ဖိတ်စာရသည်နှင့် သရုပ်ဆောင်များရှိရာ ရိုက်ကူးရေးအဖွဲ့သို့ အပြေးသွားလိုက်သည်။

"မွေးနေ့ပွဲ?"

ချင်ကျိုးက ဖိတ်စာကိုယူကြည့်သည့်အခါ သူတို့ကုမ္ပဏီသူဌေး၏ လာမည့်နှစ် မတ်လတွင် ကျင်းပမည့် မွေးနေ့ဂုဏ်ပြုပွဲဖြစ်နေတာ တွေ့ရသည်။

"ကျွန်တော် နာမည်စာရင်းကို ကြည့်ပြီးပြီ၊ ဒါရိုက်တာကြီးတွေ အများကြီး အဲ့ဒီကို သွားကြမှာ!"

ကျန်းလင်က အလွန်စိတ်လှုပ်ရှားကာ အနားသို့တိုးလာပြီး ပြောသည်။

"အဲ့ဒီကိုသွားခဲ့ရင် ဘယ်ဒါရိုက်တာကြီး တစ်ယောက်ယောက်ကများ မျက်စိကျသွားမလဲဆိုတာ မပြောနိုင်ဘူး!"

"နန်ချန်မှာ......"

ချင်ကျိုးက မွေးနေ့ပွဲကျင်းပမည့်နေရာကို ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။

"သွားတယ်ပဲထားဦး၊ ဒါရိုက်တာကြီးတွေနဲ့ စကားပြောခွင့်ရဖို့က မသေချာပါဘူးလေ"

"ကျိုးကော၊ အတူတူသွားရအောင်ပါ! သွားကြည့်လို့ ဘာမှမဖြစ်ပါဘူး"

ကျန်းလင်က တိုက်တွန်းသည်။

"ဒါဆိုငါ အဲ့အချိန်ကျရင် အေးဂျင့်ကို ပြောကြည့်ပါ့မယ်"

ချင်ကျိုးက သဘောတူလိုက်သည်။

"ကောင်းပြီ!"

ချင်ကျိုးက ဖိတ်စာလေးကို အသာပွတ်လိုက်ကာ ထပ်ပြောသည်။

"ကျန်းလင် တကယ်တော့ မင်း ငါ့ကို ဒီလောက်အများကြီး ကူညီပေးဖို့မလိုပါဘူး"

"ရပါတယ်!"

ကျန်းလင်က ကလေးတစ်ယောက်လို အတီးအတရယ်မောလိုက်သည်။

ချင်ကျိုးက ကျန်းလင်၏ ခေါင်းလေးကို မနေနိုင်ဘဲ ပွတ်ပေးလိုက်ပြီးနောက် ရုပ်ရှင်ရိုက်ကူးရန် အရင်ထွက်သွားသည်။

ရိုက်ကူးရေးအဖွဲ့က တောက်လျှောက်ရိုက်ကူးကာ ညနေစောင်းမှ အလုပ်ရပ်နားလိုက်ကြသည်။ ချင်ကျိုး ဟိုတယ်သို့ ပြန်ရောက်တော့ အချိန်က ည (၁၂)နာရီထိုးဖြစ်နေပြီဖြစ်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now