အပိုင်း (၁၂၂)

4.3K 715 41
                                    

((Zawgyi))

အပိုင်း (၁၂၂)
ကြေးမုံမှန်ကွဲ (၉) - ပြန်လျော်ပေးရမယ်

👾👾👾

ရွှီချန်ရန့် အချိန်ဇယားကိုကြည့်ပြီး မနေနိုင်ဘဲရယ်ကာ မေးလိုက်သည်။

"ဘယ်လိုလုပ် နွားနိုးသောက်ရမယ့်အချိန်ပါ ထည့်ဆွဲထားတာလဲ?"

ဟယ့်ရန့်က ပျင်းပျင်းနဲ့ ဆိုဖာကိုမှီရင်း ခေါင်းအသာငုံ့ကာ လူငယ်လေးကိုကြည့်လိုက်သည်။

လူငယ်လေးက ပြုံးရယ်​နေပြီး လှပတဲ့ မက်မွန်ပွင့်မျက်ဝန်းတစ်စုံက တလက်လက်တောက်ပကာ ပြုံးယောင်သန်းကွေးညွှတ်လို့​နေသည်။

"ဆရာဝန်က မအိပ်ခင် နွားနို့တစ်ခွက်သောက်ဖို့မှာထားတယ်"

ဟယ့်ရန်က လက်ပတ်နာရီ တစ်ချက်ကြည့်ပြီး သတိပေးလိုက်သည်။

"ဆယ်မိနစ် နားလို့ရသေးတယ်၊ ပြီးရင် အချိန်ဇယားထဲကအတိုင်း အချိန်မှန် ထမင်းစားကြမယ်"

ရွှီချန်ရန့်က ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ သိပါပြီ ဦးဦးရှောင်ရှန်"

ပြောနေတုန်း သူက အဲဒီ 'ဦးဦး' ဆိုတဲ့စကားနှစ်လုံးကို လေသံ တမင်ဖိပြောလိုက်သည်။

ဟယ့်ရန်ကတော့ စိတ်မဆိုးတဲ့အပြင် ရယ်ချင်စိတ်ကိုထိန်းကာ:

"ကလေးလေး စကားနားထောင်နော်"

ရွှီချန်ရန့် တကယ်ကို ဆွံ့အသွားပြီး ဆိုဖာပေါ် ဆက်လှဲကာ ဖုန်းဆော့နေလိုက်သည်။

အဲဒီအချိန် မလှမ်းမကမ်းကနေ ခွေးကြီးတစ်ကောင် ပါးစပ်ထဲမှာ ကစားစရာလေပေါ်ဝဲလေးကိုက်ကာ သူ့ဆီပြေးလာသည်။

ခွေးကြီးက ဆိုဖာဘေးကနေ လူငယ်လေးလက်ကို ခေါင်းနဲ့တိုးရင်း သူနဲ့အတူ လာကစားစေချင်နေသည်။

ရွှီချန်ရန့်လည်း ထုံးစံအတိုင်း လက်ဆန့်ကာ ချီချီ့ခေါင်းကိုပွတ်၊ ကိုယ်ပေါ်ကအမွှေးတွေကိုသပ်ပေးလိုက်ပြီးနောက် သူကိုက်လာတဲ့ လေပေါ်ဝဲအရုပ်ကို ယူလိုက်သည်။

ဒါပေမယ့် ဒီလေပေါ်ဝဲအရုပ်က ချီချီကိုက်ထားလို့ အတော် ပုံပျက်ပန်းပျက်ဖြစ်နေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now