အပိုင်း (၁၁၈)

4.4K 798 45
                                    

((Zawgyi))

အပိုင်း (၁၁၈)
ကြေးမုံမှန်ကွဲ (၅) - ရေပန်း

👾👾👾

ရွှီချန်ရန့် တစ်ချက်စဉ်းစားပြီး ပြောသည်။

"ငါထပ်စဉ်းစားလိုက်ဦးမယ်"

သူနဲ့ ဟယ့်ရန်က တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတာ နှစ်ဝက်ကျော်​ဆိုတော့ တကယ်တမ်း လူချင်းစိမ်းနေကြပြီ။

တချို့ကိစ္စတွေက သဘာဝအတိုင်းပဲ သွားတာ ပိုကောင်းပါတယ်။

စူးထန်က မေးသည်။

"ဒါဆို နင် သူနဲ့ ထမင်းထွက်စားချင်လား?"

"အခြေအနေအရပေါ့"

ရွှီချန်ရန့်က စာမပြန်တော့​ဘဲ ဖုန်းကိုဘေးချကာ:

"ခုတလော နည်းနည်းအလုပ်များတော့ အချိန်ရဖို့ သိပ်မသေချာဘူး"

စူးထန်က ခေါင်းညိမ့်​ပြလိုက်ပြီး တခြားခေါင်းစဉ်ပြောင်းကာ ဆက်ပြော​နေသည်။

ခဏနေတော့ လင်းချီရှောင်းလည်း စားစရာတွေမှာပြီး ပြန်ရောက်လာသည်။ စားပွဲထိုးက မှာထားတဲ့ အသားကင်တွေ လာပို့ပေးသည်။

ရွှီချန်ရန့်က အသားကင်နည်းနည်းယူကာ အေးအေးဆေးဆေး စားလိုက်သည်။

လင်းချီရှောင်းနဲ့ စူးထန်က မျက်နှာချင်းဆိုင်မှာထိုင်ရင်း မကြာခဏ အချင်းချင်းလှမ်း စကားပြော​ကြသည်။ ---

"ငါ့ဟာက အားလုံးအတူးချည်းပဲ......"

စူးထန်က မျက်မှောင်ကြုတ်ကာ သူ့ပန်းကန်ထဲက အားလူးကြော်တွေကို ကြည့်​နေသည်။

"ဒါဆို နင် ဒါစားလိုက်"

လင်းချီရှောင်းက သူ့ကို အားလူးကြော်အသစ်တစ်ပွဲ ယူပေးသည်။

စူးထန်က တစ်လုတ်စား​ကြည့်ပြီး ညည်းညူလိုက်သည်။

"နည်းနည်းစပ်တယ်"

"ဒီမှာ အအေးရှိတယ်"

သူ့မျက်စိရှေ့က လူနှစ်ယောက်ရဲ့အပြုအမူတွေက အချင်းချင်း အပြန်အလှန်နဲ့
သဘာဝကျနေတာမို့ ရွှီချန်ရန့်တစ်ယောက် သူ့ရှေ့မှာပြောနေတဲ့ စကားသံတွေကို နားထောင်ရင်း စိတ်ထဲမှာ တစ်ခုခုတော့ တစ်ခုခုပဲလို့ ခန့်မှန်းမိလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now