အပိုင်း (၂၇)

9.5K 1.2K 26
                                    

((Zawgyi))

အပိုင်း (၂၇)
ငါပြန်လာတာစောင့်နေနော်

👾👾👾

နောက်ဆုံးမှာတော့ ရွှီချန်ရန့်သည် ချင်ကျိုးနှင့်အတူ အဘွားကို အိမ်သို့ ပြန်လိုက်ပို့လိုက်သည်။

ချင်ကျိုး၏အိမ်က သိပ်မဝေးလှပေ။ သူက ရွာအဝင်၊ အပြင်ဘက်ဆုံးရှိ အိမ်အိုအိမ်ဟောင်းလေးတစ်လုံးတွင် နေထိုင်သည်။

ချင်ကျိုးက အဘွားကို အိပ်ခန်းထဲသို့ တွဲခေါ်သွားပြီးနောက် ထိုင်ခုံလေးတစ်လုံးကို အမြန် ယူလာကာ:

"သူဋ္ဌေးလေး ထိုင်ပါ၊ ကျွန်တော် ရေသွားခပ်ခဲ့မယ်!"

ရွှီချန်ရန့်သည် ထိုင်ခုံတွင် ထိုင်ကာ အခန်းထဲကို လှည့်ပတ်ကြည့်လိုက်သည်။

အိမ်က အတော်လေး အိုးဟောင်းနေပြီး ဖုန်အလိမ်းလိမ်းဖြင့် အုတ်နံရံဆေးများက တစ်ဝက်ကျော်ကျော်လောက် ကွာကျနေသည်။ အိမ်နေရာကလည်း ကျဉ်းသည့်အတွက် အသုံးမဝင်သည့်ပစ္စည်းများအားလုံးကို အတူတကွ စုပုံထားသည်။ အခန်းထောင့်မှာတော့ ပလက်စတစ်ပုလင်းခွံများ များစွာရှိ​နေပြီး အားလုံးက အဘွားကောက်လာတာ ဖြစ်လောက်သည်။

တစ်ဖက်မှာတော့ ချင်ကျိုးက ရေခပ်ကာ ရေခွက်ကို ယူလာသည်။ သူက အနည်းငယ် အားနာစွာ ပြောလိုက်သည်။

"ရေနွေးက ကြို​ပြီးပြီ၊ ဒါပေမယ့် မဆူသေးတာနဲ့ ရေအေးပဲ အရင် ခပ်လာလိုက်တယ်....."

ရွှီချန်ရန့်က ရေခွက်ကို ကိုင်ရင်း အိမ်ခန်းကို တစ်ချက်ပြန်ကြည့်ကာ မေးလိုက်သည်။

"အဘွားက အိမ်မှာ တစ်ယောက်တည်းနေတာလား?"

ချင်ကျိုးက ခေါင်းညိမ့်လိုက်ပြီး အနည်းငယ် မတတ်သာသလို ပြောလိုက်သည်။

"ပိုက်ဆံမရှိတော့ ကျွန်တော်က နေ့တိုင်း အပြင်ထွက်ပြီး အလုပ်သွားရှာရတာနဲ့ အဘွားကို စောင့်ရှောက်ဖို့ အချိန်မရှိဘူး"

"အိမ်မှာ တခြားလူမရှိဘူးလား?"

"ကျွန်တော်နဲ့ အဘွားအပြင် တခြားလူမရှိဘူး"

ချင်ကျိုးက ခေါင်းခါပြကာ ခပ်ဖွဖွ ပြောလိုက်သည်။

"အမေက ကျွန်တော့်ကို မွေးပြီးတော့ တခြားလူတစ်ယောက်နဲ့ လိုက်ပြေးသွားတယ်။ နောက်တော့ အဘိုးက ရောဂါနဲ့ဆုံးတယ်။ ကျွန်တော့်အဖေကလည်း ဖျားပြီး ဆုံးသွားတယ်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now