အပိုင်း (၁၁၉)

4.3K 743 46
                                    

((Zawgyi))

အပိုင်း (၁၁၉)
ကြေးမုံမှန်ကွဲ (၆) - နေမကောင်းဖြစ်ပြီ

👾👾👾

နှုတ်ခမ်းသားတွေပေါ်မှာ နူးညံ့နွေးထွေးတဲ့ အထိအတွေ့ကို ခံစားလိုက်ရတဲ့အခိုက်။

ရွှီချန်ရန့် ခဏကြောင်​​​သွားပြီးမှ ဟယ့်ရန်ပါးကို နမ်းလိုက်မိမှန်း သိသွားသည်။ သူက ချက်ချင်း ခေါင်းပြန်လှည့်ပြီး နှုတ်ခမ်းနဲ့ ထိနေတာကို ​ရှောင်ပြီး ခေါင်းငုံ့ကာ နည်းနည်းရှက်သွားသည်။

ဟယ့်ရန်က ဘာတုန့်ပြန်မှုမှမပြ၊ ရှေ့ကလူငယ်လေးကိုသာ ကြည့်မြဲအတိုင်း ဆက်ကြည့်နေသည်။ သူက လူငယ်လေးခြုံထားတဲ့ကုတ်အင်္ကျီ အောက်နည်းနည်းလျှောနေတာမြင်တော့ လက်ဆန့်ကာ ကုတ်အင်္ကျီကို အပေါ်ပြန်ဆွဲခြုံပေးလိုက်သည်။

ရွှီချန်ရန့်က သူ့ကိုယ်ပေါ်ခြုံထားတဲ့ ကုတ်အင်္ကျီကို ငုံ့ကြည့်ပြီး လက်မြှောက်ကာချွတ်ဖို့်ပြင်လိုက်ရင်း:

"ခင်ဗျားအင်္ကျီ"

ဒါပေမယ့် ဟယ့်ရန်က လူငယ်လေးကို လှမ်းတားလိုက်ကာ:

"ဝတ်ထား"

ရွှီချန်ရန့်က ဟယ့်ရန်ကိုပြန်မော့ကြည့်ပြီး ကိုယ်မှာ အဝတ်ပါးပါးပဲ ဝတ်ထားတာမြင်တော့ မေးလိုက်သည်။

"ခင်ဗျား မချမ်းဘူးလား?"

"မချမ်းဘူး"

ဟယ့်ရန်က လူငယ်လေးရှေ့မှာရပ်ကာ လူငယ်လေးဝတ်ထားတဲ့ အပေါ်ကုတ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးရင်း ဖွဖွလေးပြောသည်။

"ကလေးက ကျန်းမာရေးချူချာတော့ ​အအေးမိလွယ်တယ်လေ"

ရွှီချန်ရန့်က အဲဒီစကားကိုနားထောင်ပြီး စက္ကန့်အနည်းငယ်ကြာမှ 'ကလေး' ဆိုတာ သူ့ကိုပြောနေမှန်း သဘောပေါက်သွားသည်။

သူက နည်းနည်းမျက်မှောက်ကြုတ်လိုက်ရင်း:

"ကျွန်တော် အအေးမမိပါဘူး"

ဟယ့်ရန်ကတော့ အေးဆေးပဲ ပြန်ပြောသည်။

"ပြီးခဲ့တဲ့တစ်ခေါက် ဖျားတုန်းက ဆေးမသောက်တာ ဘယ်သူလဲ?"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now