((Zawgyi))
အပိုင်း (၁၂၅)
ကြေးမုံမှန်ကွဲ (၁၃) - ရန်ဖြစ်ခြင်း
👾👾👾ဟယ့်ရန်ပြန်ရောက်တော့ အချိန်က ညနေစောင်းနေပြီ။
ဧည့်ခန်းဆိုဖာပေါ်မှာ ရွှီချန်ရန့်တစ်ယောက် ငြိမ်းချမ်းစွာ အိပ်ပျော်နေပြီး ကိုယ်ပေါ်မှာ စောင်လေးတစ်ထည် ခြုံထားသည်။
ဟယ့်ရန် အနားသွားပြီး လက်ထဲက စတော်ဘယ်ရီတွေကို စားပွဲပေါ်တင်လိုက်သည်။ အဲနောက် ရွှီချန်ရန့် ဘေးဝင်ထိုင်ကာ လက်ချောင်းထိပ်လေးတွေနဲ့ လူငယ်လေးကိုအသာပုတ်နှိုးရင်း ခပ်ဖွဖွခေါ်လိုက်သည်။
"ရန့်ရန့်"
ဟယ့်ရန် အသာလှုပ်နှိုးတော့ ရွှီချန်ရန့် အိပ်ရာနိုးလာသည်။ သူက အိပ်ချင်မူးတူးနဲ့ 'အင်း' သံပေးကာ မျက်လုံးများပွင့်လာသည်။
ရွှီချန်ရန့် ကောင်းကောင်းမနိုးသေးဘဲ ရီဝေဝေဖြစ်နေပြီး မက်မွန်ပွင့်မျက်ဝန်းအစုံက အရည်လဲ့ကာ ဝေဝါးနေသည်။
ဟယ့်ရန် သူ့အနားတိုးသွားကာ ကိုယ်ကိုကိုင်းပြီး ပုံမှန်အတိုင်း မေးလိုက်သည်။
"တစ်နေ့ခင်းလုံး အိပ်နေတာလား?"
ရွှီချန်ရန့် အိပ်ရာကအရှင်းမနိုးသေးဘဲ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။
"အခု ဘယ်နှနာရီထိုးပြီလဲ?"
"ခြောက်နာရီထိုးနေပြီ"
ဟယ့်ရန်က အကျင့်အတိုင်း လက်ဆန့်၍ လူငယ်လေးကိုယ်ပေါ် စောင်ကို ခပ်တင်းတင်း ပြန်ခြုံပေးလိုက်သည်။
နောက်ဆုံးတော့ ရွှီချန်ရန့် အိပ်ရာနိုးသွားသည်။ သူက ချက်ချင်း လက်ဆန့်ပြီး ဟယ့်ရန်ရင်ဘတ်ကို လက်နဲ့လှမ်းတားသည်။
"မဖိနဲ့"
"ဟမ်?"
ဟယ့်ရန် လုပ်နေတာရပ်ပြီး အောက်ငုံ့ကြည့်လိုက်တော့ လူငယ်လေး ရင်ဘတ်နားမှာ ခုံးခုံးလေးဖြစ်ပြီး စောင်အောက်မှာ တစ်ခုခုရှိနေတာ သိသွားသည်။
ဟယ့်ရန် စောင်ထဲကြည့်လိုက်တော့ အထဲမှာ ပျော့ပျော့အိအိလေးတစ်ခု ဟိုလှုပ်ဒီလှုပ်လုပ်နေသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...