အပိုင်း (၁၂၄)

3.2K 585 36
                                    

((Zawgyi))

အပိုင်း (၁၂၄)
ကြေးမုံမှန်ကွဲ (၁၂) -
ဆယ့်ရှစ်နှစ်အရွယ် ရွှီချန်ရန့်

👾👾👾

ဘာလိုလိုမသဲမကွဲလေထုက တ​​ဖြည်းဖြည်းပျောက်ကွယ်သွားတော့ ရွှီချန်ရန့် ရုတ်တရတ် ကြောင်အန်းသွားသည်။

ဟယ့်ရန် ​ရှောင်လိုက်တယ်!

ဗြုန်းခနဲ အသိစိတ်ပြန်ဝင်အလာမှာ ရွှီချန်ရန့် နည်းနည်းရှက်သွားသည်။

အဲဒါက ရေခဲရေနဲ့အပက်ခံရသလို သူ့တစ်ကိုယ်လုံး အေးစက်သွားစေသည်။

ကိုင်ထားတဲ့လက်ကို လွှတ်လိုက်တော့ သူ့လက်ဖဝါးတွေက အမျိုးသားလက်မောင်းပေါ်ကနေ တဖြည်းဖြည်းလျောကျသွားသည်။ သူက ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။

ကံကောင်းချင်တော့ အခုက အခန်းမီးပိတ်ထားပြီး အမှောင်ထုက အားလုံးကို ဖုံးဝှက်​ပေးထားတာကြောင့် အနည်းဆုံးတော့ ဒါက အရမ်း ရှက်စရာမကောင်းတော့ပေ။

ဟယ့်ရန် ကုတင်ဘေးမှာရှိရာက အနည်းငယ် နောက်ဆုတ်သွားသည်။ သူက စောင်ပြန်ဆွဲခြုံပေးကာ ဩရှရှအသံဖြင့်:

"စောစောနားတော့"

ဟယ့်ရန်လေသံက နဂိုအတိုင်း၊ မျက်နှာအမူအရာလည်း နည်းနည်းမှမပြောင်းသလို သူ့ကြည့်ရတာ ခုနက ဘာမှမဖြစ်သွားသလို​ပင်။

"အင်း"

ရွှီချန်ရန့် လိမ်လိမ်မာမာနဲ့ အိပ်ရာပေါ် ပြန်လှဲလိုက်သည်။

သူတို့နှစ်ဦးစလုံး ဘာစကားမှမပြောသလို လေထုကလည်း အနည်းငယ် လေးလံလာသည်။

ဟယ့်ရန်က ဘေးနားမှာ တိတ်တိတ်လေးနေကာ အဖော်လုပ်ပေးနေသည်။ ခဏကြာတော့ သူ နေရာမှထကာ အခန်းထဲက လှည့်ထွက်သွားသည်။

ဒါပေမယ့် ဟယ့်ရန် ထွက်သွားမှ အိပ်ရာပေါ်လှဲနေတဲ့ ရွှီချန်ရန့်တစ်ယောက် မျက်လုံးများပွင့်လာသည်။ ပြီးတော့လည်း သူ့မျက်လုံးအစုံက နည်းနည်းမှ အိပ်ချင်ပုံမရပေ။

👾👾👾

နောက်နေ့မနက်။

ရွှီချန်ရန့် အိပ်ရာနိုးတော့ အောက်ထပ်ထမင်းစားခန်းမှာ တစ်ခုခုသွားရှာစားဖို့ပြင်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now