အပိုင်း (၉၁)

9.6K 1.7K 76
                                    

((Zawgyi))

အပိုင်း (၉၁)
အရက်မူးခြင်း

👾👾👾

ချင်ကျိုးသည် ဇာတ်ညွှန်းရရှိပြီးနောက် နောက်လတွင် တရားဝင်အဖွဲ့ထဲဝင်၍ စတင်ရိုက်ကူးရမှာဖြစ်သည်။

ဒီတစ်ခါ သူသရုပ်ဆောင်ရမှာက အနောက်တိုင်းဒေသမှ ကချေသည်တစ်ဦးဖြစ်ပြီး အမျိုးသားဇာတ်ဆောင်ကို အမှတ်တမဲ့ အသက်ကယ်ခဲ့ရာမှ နောက်ဆုံးတွင် အမျိုးသားဇာတ်ဆောင်အတွက် ဓားချက်ကာပေးရင်း သေဆုံးသွားခဲ့သည်။

ဒါက အမျိုးသားဇာတ်ပို့နေရာဖြစ်သော်လည်း ဒါရိုက်တာဟဲ၏ ရုပ်ရှင်ဖြစ်သည့်အပြင် ဖေးယွမ်နှင့်အတူ သရုပ်ဆောင်ရမှာကြောင့် သူ့အတွက်တော့ အမြတ်ထွက်​တာ အသေအချာပင်။

အေးဂျင့်ကလည်း ပြောသည်။

"ဒီအချိန်အတွင်း မင်း အရင်အနားယူပြီး ဇာတ်ညွှန်းကိုသေချာဖတ်ထား၊ ငါ အလုပ်တွေ လက်မခံ​တော့ဘူး"

"ကောင်းပြီ"

ချင်ကျိုးက ခေါင်းညိမ့်လိုက်သည်။

"နောက်ပြီး ဒီလ မွေးနေ့ရောက်ရင် မွေးနေ့ပွဲပါတီတစ်ခု လုပ်ရမယ်"

ချင်ကျိုးက အံ့အားသင့်သွားပြီး အဲ့တော့မှ ဒီလက သူ့မွေးနေ့ဆိုတာ သတိရသွားသည်။

ဒါပေမယ့် သူက အရင်လည်း မွေးနေ့ပါတီ တစ်ခါမှမကျင်းပဖူးတာကြောင့် ပြောလိုက်သည်။

"ပါတီပွဲလုပ်ဖို့ မလိုပါဘူး"

"လုပ်ရမယ်၊ မင်းက အခု နာမည်ကြီးလာပြီ၊ မွေးနေ့ပွဲကို သေချာပေါက်လုပ်ရမယ်"

အေးဂျင့်က ပြောသည်။

"မင်း ဘယ်သူတွေကို ဖိတ်ချင်လဲကြည့်ထားလိုက်၊ သီးသန့်ပါတီပွဲလုပ်လိုက်မယ်၊ အဲ့ဒီအချိန်ကျ ဓာတ်ပုံနည်းနည်းရိုက်ပြီး weibo မှာတင်လိုက်"

ချင်ကျိုးက စဉ်းစားပြီး ခေါင်းညိမ့်​ပြလိုက်သည်။

သို့သော် သူ့မှာ သူငယ်ချင်းလည်း သိပ်များများမရှိပေ။ စူးထန်နှင့် ကျန်းလင်၊ ပြီးတော့ လင်းချီရှောင်းထပ်ထည့်လိုက်ပြီးရင် ဆက်ဆံရေးအထူးကောင်းမွန်သည့်လူ မရှိတော့ဘဲ တခြားသူများက သာမန်မျှသာ ဖြစ်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now