အပိုင်း (၆၅)

10.3K 1.6K 376
                                    

((Zawgyi))

အပိုင်း (၆၅)
နေမကောင်းအားနည်းသည့် သခင်လေး

👾👾👾

သခင်လေး၏ မျက်နှာအရောင်က အလွန်ဖြူဖျော့နေသေးပြီး လှေကားပေါ်မှ လျှောက်လာသည့်အခါ သတိမထားမိဘဲ ခြေချော်ကာ ပြုတ်ကျလာသည်။

ဟယ့်ရန်က အရှေ့သို့ အမြန်လျှောက်သွားပြီး ရှန်ရှိုးကျူကို အချိန်မီကူတွဲပေးကာ မေးလိုက်သည်။

"အရင်က နှစ်ကုန်မှ ခွဲစိတ်မှုလုပ်မယ်လို့ ပြောထားတာမဟုတ်လား?"

ရှန်ရှိုးကျူက ဟယ့်ရန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူက ခေါင်းမော့ကာ ပြုံးလိုက်ရင်း:

"ဆရာဝန်က ငါ့ရဲ့ရောဂါအခြေအနေက ပိုကောင်းလာပြီး ခွဲစိတ်မှုကို စောစောကြိုပြီး လုပ်လို့ရတယ်လို့ပြောတယ်"

ကော်ရစ်ဒါဘက်တွင် အတော်အေး​ပုံရကာ ရှန်ရှိုးကျူကိုယ်ပေါ်၌ လူနာဝတ်စုံပါးပါးလေးသာ ဝတ်ဆင်ထားသည်။ သူက ခေါင်းငုံ့ကာ အကြိမ်အနည်းငယ် ချောင်းဆိုးလာပြီး ပုံစံက အလွန်အားနည်းနေပုံပေါ်သည်။

ဟယ့်ရန်က ပြောလိုက်သည်။

"မင်း အခန်းထဲအရင်ပြန်ပြီး အနားယူလိုက်ပါ"

သို့သော် ဟယ့်ရန်က ရှန်ရှိုးကျူအား အပေါ်ထပ်လူနာခန်းသို့ ပြန်ပို့ရန် ပြင်သည့်အချိန်၌ ကော်ရစ်ဒါဘက်မှ နောက်ထပ်ယောကျာ်းလေးတစ်ယောက်၏အသံ ရုတ်တရတ်ထွက်ပေါ်လာသည်။

"ဥက္ကဋ္ဌဟယ့်၊ ကျွန်တော့်ရဲ့ ခရီးဆောင်အိတ်က --"

ချင်ကျိုးက အသံကြားရာနောက်သို့ လိုက်လာကာ လှေကားအုံနားသို့ ရောက်လာသည်။ သူ ခေါင်းမော့ကြည့်လိုက်တော့ ဟယ့်ရန်နှင့် ရှန်ရှိုးကျူတို့ အတူတူရပ်နေတာကို တွေ့ရသည်။

ထိုလူနှစ်ဦးက အလွန်နီးကပ်စွာရှိနေကြသည်။ ချင်ကျိုးက ရှန်အိမ်ကသခင်လေးကို တစ်ချက်ကြည့်ပြီး ဟယ့်ရန်ကို ထပ်မံကြည့်လိုက်ကာ ယဉ်ကျေးသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ဥက္ကဋ္ဌဟယ့်၊ ခင်ဗျား အလုပ်များ​နေတာ အရင်လုပ်လိုက်ပါ။ ကျွန်တော် ခင်ဗျားကိုမနှောင့်ယှက်တော့ဘူး"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now