အပိုင်း (၁၁၃)

7.9K 978 86
                                    

((Zawgyi))

အပိုင်း (၁၁၃)
လွဲချော်ခြင်း
(ချင်ကျိုးဇာတ်လမ်းတစ်ခန်းရပ်)

👾👾👾

အခမ်းအနားစဖို့ အချိန်နည်းနည်းလိုသေးသည်။

ချင်ကျိုးက ထိုင်ခုံမှာ တိတ်ဆိတ်စွာ နေရာယူပြီး သူ့စိတ်ထဲမှာ တည်ငြိမ်နေသည်။

ဒါရိုက်တာဝမ်ကတော့ ချင်ကျိုးဘေးမှာထိုင်ပြီး မျက်နှာမှာ အပြုံးပန်းများ မနားတမ်း ပွင့်လန်းနေသည်။

ဒီတစ်ခေါက် <<သစ်တော်ဥယျာဉ်>> ဇာတ်ကားက စံကာတင်စာရင်းများစွာမှာ ပါဝင်နေပြီး တကယ်လို့ ကံကောင်းခဲ့ရင် ဆုတံဆိပ်များစွာကို အိမ်အပြန်သယ်သွားနိုင်မှာဖြစ်သည်။

ဒါရိုက်တာဝမ်က သူ့ဘေးမှာထိုင်နေတဲ့ ချင်ကျိုးကို ကြည့်လိုက်သည်။ အဲ့ဒီနောက် မျက်နှာအလွန်တည်နေတဲ့ ချင်ကျိုးကို သတိထားမိတာကြောင့် မေးလိုက်သည်။

"စိတ်လှုပ်ရှားနေလား?"

ချင်ကျိုးက ပြုံးလိုက်ကာ ဆုရဖို့်အကြောင်း စိတ်ထဲသိပ်မရှိပေမယ့် အလိုက်သင့်လေး ခေါင်းညိမ့်ပြရင်း ပြောသည်။

"နည်းနည်းပေါ့"

ချင်ကျိုး ထိုင်ခုံနောက်မှီရင်း ဖွင့်ပွဲအခမ်းအနား စတင်သည့်အချိန်ကို စောင့်​နေသည်။

မကြာခင် ခန်းမထဲမှာ မီးရောင်များ ဖြည်းဖြည်းချင်း မှိန်သွားပြီး ဆုပေးပွဲအခမ်းအနား တရားဝင် စတင်လာသည်။

ချင်ကျိုး နည်းနည်းအံ့ဩမိတာက ဒီနှစ်ရဲ့ အစီအစဉ်တင်ဆက်သူက ဖေးယွင်ဖြစ်​နေသည်။

ဖေးယွင်က စင်မြင့်ပေါ်တက်လာပြီး အခမ်းအနားအစီအစဉ်အရ ဆုရရှိသူများ၏အမည်များကို စတင်ဖွင့်ဖောက်ကြေညာပေးနေသည်။

ချင်ကျိုးက စင်အောက်က ပရိတ်သတ်နေရာမှာထိုင်ရင်း ဆုရရှိသူစာရင်းကို နားထောင်နေသည်။ သူက အခြားသူများနှင့်အတူ ဆုရရှိသူအနုပညာရှင်များကို လက်ခုပ်တီး ဂုဏ်ပြုပေးနေသည်။

နောက်ပြီး <<သစ်တော်ဥယျာဉ်>> ကလည်း ဆုသုံးခု ဆက်တိုက် ဆွတ်ခူးကာ ဒါရိုက်တာဝမ်ကတော့ တစ်ချိန်လုံး အပြုံးပန်းဝေနေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now