အပိုင်း (၄၇)

11.4K 1.5K 88
                                    

((Zawgyi))

အပိုင်း (၄၇)
ပြန်လာမှာမဟုတ်ဘူး

👾👾👾

ဟယ့်ရန်သည် ထွက်ခွာသွားသော ထိုပုံရိပ်လေးကိုကြည့်ကာ နောက်ဆုံးမှာ ဆက်ဆွဲထားဖို့ စကားမဟဖြစ်ခဲ့ပေ။

လက်စွပ်ဗူးလေးက သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မပေးလိုက်နိုင်သေးပါချေ။

ညနေဟိုတယ်သို့ပြန်ရောက်တော့ ဟယ့်ရန်က ပြတင်းပေါက်နားသို့လာကာ အကျင့်ပါနေသည့်အတိုင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

"ဟယ့်ရှောင်၊ စကားပြောဖို့ လိုသေးလား?"

ယွမ်လျဲ့က အဖြူရောင်ဂျူတီကုတ်ကို ဝတ်ပြီး အသာအယာပြုံး​ပြကာ စားပွဲမှာထိုင်နေသည်။

ဟယ့်ရန်က အာရုံမထားဘဲ ပြတင်းပေါက်အပြင်ကိုသာ ဆက်ငေးကြည့်နေသည်။

ဆေးလိပ်မီးက သူ့လက်ဖျားထိပ်သို့ လောင်ကျွမ်းလုဆဲဆဲအချိန်ရောက်မှ ဟယ့်ရန်က ဆေးလိပ်မီးကို ငြိမ်းသတ်လိုက်သည်။

ဟယ့်ရန်က ကိုယ်ကိုလှည့်ကာ ယွမ်လျဲ့နှင့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ထိုင်ခုံနောက်ကျောကို မှီလိုက်သည်။

ဟယ့်ရန်က လက်စွပ်ဗူးလေးကိုဆုပ်ကိုင်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါ သူ့ကို လက်စွပ်ပေးခဲ့တယ်"

ဟယ့်ရန်က လက်စွပ်ဗူးလေးကိုဖွင့်ပြီး အထဲက စိန်လက်စွပ်သေးသေးလေးကို ကြည့်ကာ မျက်လွှာချလိုက်သည်။

"သူက ငြင်းလိုက်တယ်"

လက်စွပ်ကို လက်မခံသလို၊ သူနဲ့လည်း ပြန်မလိုက်လာဘူး။

သူက တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုဖို့ကိုတောင် ဆန္ဒမရှိဘူး။

"ဟယ့်ရှောင်၊ သူက ချင်ကျိုးလေ"

ဒေါက်တာယွမ်က စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။

"ခင်ဗျားက သူ့အနေနဲ့ပြောရရင် သူစိမ်းတစ်ယောက်သက်သက်ပဲ၊ အဲ့တော့ သေချာပေါက် အငြင်းခံရမှာပေါ့"

"ခင်ဗျား ဒီလူနှစ်ယောက်ကို ခွဲခြားသိပြီး၊ ချင်ကျိုးကို သူစိမ်းတစ်ယောက်အနေနဲ့ ပြန်ချဉ်းကပ်သင့်ပါတယ်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now