အပိုင်း (၄၈)

10.5K 1.6K 52
                                    

((Zawgyi))

အပိုင်း (၄၈)
နှင်းဆီပန်းကို လက်မခံနိုင်ဘူး

👾👾👾

ချင်ကျိုး အဝတ်အစားလဲပြီး နားနေခန်းထဲမှထွက်လာသည့်အခါ ရိုက်ကွင်းအနီးအနား၌ အမည်းရောင်ကားတစ်စီး ရပ်ထားတာတွေ့ရသည်။

ထိုကား၏ လိုင်စင်နံပါတ်ပြားမှ နံပါတ်စဉ်များက အမှန်ပင် တမူထူးခြားကာ တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်ပေသည်။

ဘေးနားရှိ ဒါရိုက်တာက ချင်ကျိုး၏ အကြည့်ကို သတိထားမိကာ အနားကပ်လာပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

"သူဋ္ဌေးကြီးက ကားထဲမှာရှိတယ်၊ သူက ငါတို့ရုပ်ရှင်ရိုက်တာကို ကြည့်ချင်တာ၊ မင်းတို့ ပိုပြီး ကောင်းကောင်းသရုပ်ဆောင်ကြနော်"

"ကောင်းပါပြီ"

ချင်ကျိုးက ခေါင်းညိမ့်​ပြလိုက်ပြီး ရိုက်ကွင်းသို့ လျှောက်သွားသည်။

ဇာတ်ညွှန်းအသစ်က နောက်ဆုံးအချိန်မှကပ်ပြောင်းလိုက်ရတာကြောင့် ဇာတ်ညွှန်းရေးဆရာဘက်တွင် ဇာတ်ညွှန်းအဆုံးထိ ရေးလို့မပြီးသေးပေ။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သားများက ပထမပိုင်းကို ဦးစွာရိုက်ကူးနှင့်ပြီး နောက်ပိုင်းကျန်​အကြောင်းအရာများကို ရိုက်ကူးရေးလုပ်နေစဉ် ဆက်လက်ရေးသားသွားမှာဖြစ်သည်။

ဇာတ်ညွှန်းအသစ်ကလည်း မူလဇာတ်ညွှန်းအတိုင်းဖြစ်ပြီး အပိုင်း (၃၀) ရိုက်ကူးရန်စီစဉ်ထားသည်။ ပထမပိုင်း ဇာတ်လမ်းအစကို လူသတ်မှုနဲ့ဖွင့်ထားပြီး သေဆုံးသွားသူက ဇာတ်လိုက်မင်းသား၏ ဦးလေးဖြစ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်ဟု ကောက်ချက်ချခံရသည်။ သို့သော် ဇာတ်လိုက်မင်းသားက သူ့ဦးလေး ကိုယ့်ကိုယ်ကိုသတ်သေတာကို မယုံကြည်သဖြင့် သူတစ်ယောက်တည်း အမှုကိုဖြေရှင်းဖို့ တောင်းဆိုခဲ့သည်။

ဒီအမှုက မူလဇာတ်ညွှန်းအဟောင်းထဲမှာလည်း ပါဝင်ခဲ့သည်။ သို့သော် ဇာတ်ညွှန်းအဟောင်း၌ အဖြစ်မှန်ကို အပိုင်း(၁)ပိုင်းတည်းနဲ့ ဖြေရှင်းလိုက်တာဖြစ်သည်။ ဒါပေမယ့် အခုတော့ ဇာတ်ညွှန်းရေးဆရာက အဲ့ဒါကို အပိုင်း (၆)ပိုင်းအထိ ချဲ့ထွင်ရေးလိုက်ပြီး ခေါင်းမီးတောက်သည့်အထိ သူ့ဦးနှောက်ကို ဖျစ်ညှစ်ကာ စကားလေးတစ်ခွန်းတည်းနဲ့ ရှင်းလင်းသွားနိုင်သည့်ကိစ္စကို အပိုင်းတော်တော်များများ ဆွဲဆန့်ပစ်လိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now