အပိုင်း (၈၂)

11.8K 2.2K 129
                                    

((Zawgyi))

အပိုင်း (၈၂)
တရားဝင်လက်ထပ်ခွင့်တောင်းခြင်း

👾👾👾

စတော်ဘယ်ရီတွေက ချိုတယ်။

ဟယ့်ရန်သည် သူ့ရှေ့ကလူငယ်လေးကိုကြည့်ကာ နောက်တစ်ကြိမ် အနားတိုးလာပြီး ထပ်မံနမ်းရှိုက်ချင်ပုံပေါ်သည်။

သို့သော် ချင်ကျိုးသည် နောက်သို့တစ်လှမ်းဆုတ်ကာ ပြုံးလိုက်ရင်း စတော်ဘယ်ရီသီးကို ဟယ့်ရန်နှုတ်ခမ်းတွေပေါ်မှာ တေ့ပေးလိုက်သည်။

ဟယ့်ရန်က အလိုက်သင့်လေး ကိုက်လိုက်သည်။ ချင်ကျိုးလည်း လှည့်ထွက်သွားကာ မြက်ခင်းပေါ်ပြန်ပြီး ချီချီနှင့်အတူ ဆက်နေ​နေသည်။

နေ့လည်ခင်းနေရောင်ခြည်က အလွန်နွေးထွေးပြီး ချင်ကျိုးက မျက်လုံးများ မှေးစင်းကာ အနည်းငယ် အိပ်ငိုက်လာသည်။

ချီချီက ခေါင်းလေးကို ချင်ကျိုးခြေထောက်ပေါ်မှာမှီပြီး မျက်လုံးများမှိတ်ကာ အိပ်ပျော်နေသည်။

ရုတ်တရတ် ချီချီ၏နားရွက်များ လှုပ်ရှားလာကာ လှုပ်လှုပ်ရှားရှားအသံများကို ကြားရသည်။

ချီချီက မျက်လုံးများဖွင့်ကာ ဘေးကိုလှမ်းကြည့်တော့ သူ့သခင်ရောက်လာတာ တွေ့ရသည်။

ဟယ့်ရန်သည် ချင်ကျိုးအနားသို့လာကာ မြက်ခင်းပေါ်မှာထိုင်လိုက်သည်။

ချင်ကျိုးက အနည်းငယ် အိပ်ငိုက်နေသဖြင့် ဟယ့်ရန်၏ပုခုံးပေါ်တွင် အလိုက်သင့် မှီလိုက်ရင်း ပျင်းရိပျင်းတွဲနှင့် စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်သည်။

"ကုတင်ရှိရင် ကောင်းမှာ၊ အပြင်မှာ တန်းအိပ်လို့ရတယ်......."

ဟယ့်ရန်: "ကိုယ် လူတွေခေါ်ပြီး၊ မနက်ဖြန် ကုတင်တစ်လုံးဆောက်လိုက်မယ်"

ချင်ကျိုးက ခဏလောက် အံ့အားသင့်သွားကာ အမြန်ပြောလိုက်သည်။

"နေပါစေ၊ ကျွန်တော်က စိတ်ထဲရှိတာပြောလိုက်တာ"

ဘာပဲဖြစ်ဖြစ် သူက ဒီမှာ ကြာကြာနေမှာမှမဟုတ်တာ။

ချင်ကျိုးက မျက်လုံးများမှိတ်ကာ အမျိုးသား၏ပုခုံးပေါ်မှီရင်း အိပ်ပျော်သွားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now