အပိုင်း (၁၀၆)

10.7K 1.7K 195
                                    

((Zawgyi))

အပိုင်း (၁၀၆)
ဟယ့်ရန်မှာချစ်သူအသစ်ရှိနေပြီ

👾👾👾

ချင်ကျိုး ရိုက်ကွင်းသို့ တစ်ယောက်တည်းပြန်လာခဲ့သည်။

သူက နေ့လည်ပိုင်းမှာ ဇာတ်ဝင်ခန်းတွေ ရှိသေးပြီး ရှောင်ချန်ရဲ့အခန်းတွေက သူ့ထက်နည်းနည်းပိုနောက်ကျသည်။

ညနေလေးနာရီကျော်တော့မှ ဟိုဘက်က ရှောင်ချန်ကို ပြန်လိုက်ပို့ပေးသည်။

ရှောင်ချန်က လက်ထဲမှာ သရေစာမုန့်ထုပ်တစ်ထုပ်သယ်လာပြီး ချင်ကျိုးဆီ ခုန်ပေါက်ပြေးလာသည်။

"ချင်ကျိုးကောကော!"

"ဦးဦးရှောင်ရန်က ကျွန်တော့်ကို ဝယ်ပေးလိုက်တာ"

ရှောင်ချန်က သရေစာမုန့်ထုပ်ကို စားပွဲပေါ်တင်လိုက်သည်။

"ကျွန်တော် ခွေးကြီးကိုလည်း ကိုင်ခဲ့တယ်"

ချင်ကျိုးက ပြုံးကာ ရှောင်ချန့်ခေါင်းလေးကို ပွတ်လိုက်သည်။

ရှောင်ချန်ပြောသည့် ခွေးကြီးက ချီချီပဲ ဖြစ်လိမ့်မည်။

"ကျွန်တော် သိုးကြီးကား ကြည့်လို့မပြီးသေးဘူး၊ မနက်ဖြန် ဦးဦးရှောင်ရန်ဆီ ထပ်သွားဦးမယ်"

ရှောင်ချန်က ကာတွန်းကား ကြည့်လို့မပြီးသေးတာကို တွေးတောနေဆဲပင်။

ချင်ကျိုးက ရှောင်ချန်ကို လက်ဆွဲ၍ မိတ်ကပ်အခန်းထဲခေါ်သွားကာ ဝတ်စုံအရင်လဲခိုင်းလိုက်သည်။

ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကူးပြီးနောက် ရှောင်ချန်က ထိုင်ခုံမှာထိုင်ရင်း ချင်ကျိုးကို လှမ်းအော်ပြောသည်။

"ချင်ကျိုးကောကော၊ ရေသောက်ချင်တယ်"

ချင်ကျိုးက ထုံးစံအတိုင်း စားပွဲပေါ်ကို လှမ်းကြည့်ပြီး ရှောင်ချန်ရဲ့ ရေခွက်ကိုမတွေ့တာကြောင့် မေးလိုက်သည်။

"မင်းရဲ့ ရေခွက်ရော?"

ရှောင်ချန်: "ကျောပိုးအိတ်ထဲမှာလေ"

ချင်ကျိုးက နေရာမှထပြီး ဘေးပတ်ဝန်းကျင်မှာ လိုက်ရှာကြည့်ပေမယ့် ကျောပိုးအိတ်ကို ရှာမတွေ့တာကြောင့် မေးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now