အပိုင်း (၇၆)

11K 1.6K 94
                                    

((Zawgyi))

အပိုင်း (၇၆)
ကျိုးကျိုး ဘာလို့ငါ့ကိုစာမပြန်တာလဲ?

👾👾👾

ညနေခင်း၌ ချင်ကျိုးက ဆေးရုံသို့တစ်ခေါက်သွားခဲ့သည်။

ခုတလော အဘွား၏ကျန်းမာရေး အခြေအနေက ကောင်းလိုက် မကောင်းလိုက်ဖြစ်​ပြီး ချင်ကျိုး ရောက်သွားသည့်အခါ အဘွားက အိပ်ပျော်နေပြီဖြစ်သည်။

ထို့အပြင် ဆရာဝန်က သတင်းဆိုးတစ်ခုကို သယ်ဆောင်လာသည်။ --

"ခုတလော လူနာအခြေအနေက ပိုဆိုးလာတယ်၊ သိပ်ကြာကြာမခံနိုင်လောက်တော့ဘူး"

ဆရာဝန်က အလွန်လိမ္မာပါးနပ်စွာ သွယ်ဝိုက်ပြော​​ပြသည်။

ချင်ကျိုးက ခဏလောက် နှုတ်ဆိတ်သွားကာ မေးလိုက်သည်။

"အကြမ်းဖျင်း အချိန်ဘယ်လောက်လောက် ကျန်သေးလဲ?"

"ပြောဖို့ခက်တယ်....... ဖြစ်နိုင်တာက (၃) (၄)လလောက်ပဲ"

ချင်ကျိုးက ခေါင်းညိမ့်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒေါက်တာ"

ချင်ကျိုးသည် လူနာခန်းထဲသို့ ပြန်ကာ လူနာကုတင်ဘေးမှာ ဆက်ပြီး လူနာစောင့်လိုက်သည်။

သိပ်မကြာခင် ဟယ့်ရန်ရောက်လာသည်။

ချင်ကျိုးက ခေါင်းမော့ပြီး မေးလိုက်သည်။

"ဘာလို့ရောက်လာတာလဲ?"

ဟယ့်ရန်က အနားသို့လျှောက်လာပြီး ချင်ကျိုးနံဘေးတွင် ဝင်ထိုင်ကာ တိုးညင်းစွာ ပြောသည်။

"မင်းကို လာတွေ့တာ"

"အိပ်ရာပေါ်တက်ချင်လို့လား?"

ချင်ကျိုးက လက်ကိုင်ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ ပြောသည်။

"ဒါပေမယ့် ကျွန်တော့်မှာ မနက်ဖြန် အလုပ်ရှိ​သေးတယ်၊ လုပ်ချင်တယ်ဆို ကျွန်တော့်နေရာသွားမယ်"

ဟယ့်ရန်က ဘာမှမပြောပေ။

ချင်ကျိုးလည်း ဟယ့်ရန်က နှုတ်ဆိတ်သဘောတူသည်ဟု ယူဆကာ နေရာမှထ၍ ပြန်ဖို့ပြင်လိုက်သည်။

သို့သော် သူတို့နှစ်ဦး တိုက်ခန်းပြန်ရောက်၍ ရေမိုးချိုးပြီး ကုတင်ပေါ်မှာ အတူတူလှဲကြသည့်အခါ ဟယ့်ရန်က ဘာမှမလုပ်ဘဲ ရင်ခွင်ထဲရှိ လူငယ်လေးကိုသာ တိတ်ဆိတ်စွာ ပွေ့ဖက်ထားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now