((Zawgyi))
အပိုင်း (၈၀)
ငါလည်းမင်းကိုအဖော်ပြုပေးနိုင်တယ်👾👾👾
ရှန်ရှိုးကျူ၏ အသားအရည်သည် နှင်းကဲ့သို့ဖြူဖွေးနေသည်။ သူက ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဝတ်ဗလာနှင့် အမျိုးသားရှိရာသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာသည်။
"ငါအခု သင့်တော်တဲ့လှုပ်ရှားမှု နည်းနည်းလုပ်လို့ရပြီလို့ ဆရာဝန်က ပြောတယ်"
ရှန်ရှိုးကျူက ပြုံးလိုက်ကာ:
"အိပ်ရာပေါ်တက်တာအပါအဝင်ပေါ့"
ရှန်ရှိုးကျူသည် ဟယ့်ရန်ရှေ့ရောက်လာပြီး ကိုယ်ကို ဖြည်းညင်းစွာကိုင်း၍ အနားတိုးကပ်လိုက်သည်။
"ငါလည်း မင်းကို အိပ်ရာပေါ်မှာ အဖော်ပြုပေးလို့ရတယ်"
ရှန်ရှိုးကျူက လက်ဆန့်ပြီး လက်ချောင်းထိပ်များက အမျိုးသား၏ အပေါ်ကုတ်အင်္ကျီကို ထိကိုင်ကာ ဆွဲချွတ်ချင်ပုံရသည်။
ဟယ့်ရန်သည် ရှန်ရှိုးကျူ၏ လှုပ်ရှားမှုများကို လက်ဆန့်၍ တားဆီးလိုက်ကာ:
"အဝတ်ပြန်ဝတ်လိုက်"
ရှန်ရှိုးကျူက ထွက်မသွားသေးဘဲ ဟယ့်ရန်ရှေ့မှာသာ ရပ်နေသည်။ သူက ပြုံးလိုက်ကာ မေးသည်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းတာ ဒီလောက်ကြာနေပြီ၊ မင်း ငါနဲ့ တစ်ခါလောက်စမ်းမကြည့်ချင်ဘူးလား?"
"ဒါ ငါ့ရဲ့ ပထမဆုံးအကြိမ်ပဲ"
ပြောပြီးတာနဲ့ ရှန်ရှိုးကျူက နောက်တစ်ခါအနားတိုးလာပြန်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အမျိုးသားကိုယ်ပေါ်မှာ ကပ်တွယ်လုနီးပါးဖြစ်ကာ နမ်းရှိုက်ချင်ပုံပေါ်သည်။
သို့သော် ရှန်ရှိုးကျူ မနမ်းလိုက်ရခင် သူ့ခန္ဓာကိုယ်က တွန်းထုတ်ခံလိုက်ရသည်။
ဟယ့်ရန်သည် နေရာမှထကာ ဘာစကားမှမပြောဘဲ တံခါးပေါက်ဆီ လျှောက်သွားသည်။
ရှန်ရှိုးကျူက အမျိုးသား၏ ထွက်ခွာသွားသည့် နောက်ကျောကိုကြည့်ရင်း အထိန်းအချုပ်မဲ့ကာ အော်ခေါ်လိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...