အပိုင်း (၈၇)

9.8K 1.8K 70
                                    

((Zawgyi))

အပိုင်း (၈၇)
ဟယ့်ရန်?

👾👾👾

ပရိုဂရမ်အဖွဲ့က ကနဦးအရင်းအနှီးငွေများ ထုတ်ပေးပြီးနောက် သူတို့် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရသွားသည်။

အခြားအဖွဲ့ (၂)ဖွဲ့ကလည်း စားသောက်ဆိုင်ကိုသုံး၍ ပိုက်ဆံရှာရန် ဆွေးနွေးတိုင်ပင်​နေကြသည်။

ချင်ကျိုးကလည်း မေးလိုက်သည်။

"ဆရာဖေး၊ ကျွန်တော်တို့ ဘာဝယ်ကြမလဲ?"

ဖေးယွမ်: "ဈေးကို အရင်သွားကြည့်ကြမယ်"

ချင်ကျိုးသည် ဖေးယွမ်နှင့်အတူ ဈေးသို့သွားပြီး အဲ့ဒီမှာ တစ်ပတ်ပတ်ကြည့်လိုက်သည်။

ဖေးယွမ်က မေးသည်။

"မင်း ဘာဟင်းချက်တတ်လဲ? ဘာတွေလိုအပ်လဲကြည့်ကြမလား?"

ချင်ကျိုးက ဈေးဆိုင်တစ်ဆိုင်ရှေ့ကို ကြည့်လိုက်တော့ ကြက်ဥတွေက ပိုဈေးသက်သာ​နေတာ တွေ့သွားသည်။ သို့နှင့် သူက ပြန်ဖြေသည်။

"ကျွန်တော် ကြက်ဥပန်ကိတ်လုပ်တတ်တယ်"

သို့နှင့် ဖေးယွမ်က ကြက်ဥများဝယ်လိုက်သည်။

ကနဦးအရင်းအနှီးငွေက အကန့်အသတ်ရှိတာကြောင့် သူတို့နှစ်ဦးက အများကြီးမဝယ်ဘဲ အခြေခံဟင်းအမယ်များကိုသာ အနည်းငယ် ဝယ်ယူပြီးနောက် စားသောက်ဆိုင်သို့ပြန်ခဲ့သည်။

ချင်ကျိုး မီးဖိုခန်းထဲဝင်သွားတော့ ဒီမီးဖိုခန်းရှိ အသုံးအဆောင်များက အားလုံးပြည့်စုံနေတာ တွေ့ရသည်။

ချင်ကျိုးက မီးဖိုခန်းထဲတွင် ဟင်းအမယ်များကို သေချာသိမ်းဆည်းလိုက်သည်။ ဖေးယွမ်ကတော့ အပြင်ဘက်တွင် စားသောက်ဆိုင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်သည်။

မီးဖိုခန်းအပြင်ဘက်တွင် လှုပ်ရှားသံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ကျန်အဖွဲ့ (၂)ဖွဲ့မှ လူများလည်း ပြန်လည်ရောက်ရှိလာသည်။

ပထမနေ့၏ရိုက်ကူးရေးက ညနေ (၅)နာရီအထိဖြစ်ပြီး ဧည့်သည်များ ဟင်းအမယ်တွေ ဝယ်ယူပြီးသည့်အခါ အချိန်စေ့လုနီးပါးဖြစ်သွားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now