အပိုင်း (၂၀)

8.9K 1.1K 83
                                    

((Zawgyi))

အပိုင်း (၂၀)
အယ်လ်ဘမ်စာအုပ်ထဲကဓာတ်ပုံများ

👾👾👾

"လူကြီးမင်း......"

ရွှီချန်ရန့်သည် စိတ်ထိခိုက်စွာဖြင့် စို့နင့်လို့သွားသည်။ သူ တစ်ခုခု ပြန်ပြောလိုက်ချင်သော်လည်း ပါးစပ်က ဘာစကားမှပြောမထွက်ခဲ့ပေ။

လူကြီးမင်းသည့် အစကတည်းက သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို ဘယ်တုန်းကမှ ဝန်မခံခဲ့ပေ။

လတ်စသတ်တော့ ဒီငါးနှစ်လုံးလုံးမှာ သူတစ်ယောက်တည်းပဲ စိတ်ကူးတွေယဉ်နေခဲ့တာဖြစ်သည်။

"လူကြီးမင်းက ဘာလို့ ဒီလောက်တောင်ပြောထွက်နိုင်တာလဲ......"

ရွှီချန်ရန့် ခေါင်းကိုငုံ့လိုက်သည်။ သူ့လက်ချောင်းလေးများက အောက်က အိပ်ရာခင်းစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

လူကြီးမင်းက တကယ့်ကို အရမ်းရက်စက်တယ်။

"ရန့်ရန့်"

ဟယ့်ရန်သည် လက်ကိုအသာမြှောက်ကာ လူငယ်လေး၏ ဦးခေါင်းနောက်ကို ပွတ်သပ်ပေးလိုက်ရင်း:

"ကိုယ်တို့က တစ်အိမ်တည်း အတူတူနေကြတာပဲရှိတာ။ အလွန်ဆုံးမှ အိပ်ရာဖော်တွေလို့ပဲ သတ်မှတ်လို့ရမယ်"

အမျိုးသား၏ လေသံက သတိမထားမိသလို ခပ်ပေါ့ပေါ့ပြောနေသော်လည်း ရွှီချန်ရန့်ကတော့ ဆက်နားထောင်ချင်စိတ် မရှိတော့ပေ။

သူက လူကြီးမင်းအတွက်တော့ တစ်အိမ်တည်းအတူနေနေတဲ့ အိပ်ရာဖော်တစ်ယောက်ပဲတဲ့။

"လူကြီးမင်း၊ ကျွန်တော် ပင်ပန်းနေပြီ"

ရွှီချန်ရန့်သည် စကားပြောချင်စိတ်မရှိတော့သဖြင့် ကိုယ်ကို တစ်ဖက်လှည့်ကာ စောင်ခြုံထဲသို့ တိုးဝင်ပုန်းရှောင်လိုက်တော့သည်။

ဟယ့်ရန်သည် ကုတင်ဘေး၌ ထိုင်နေဆဲက ခြုံစောင်ပေါ်ကနေ လူငယ်လေးကို ညင်သာစွာ ပုတ်ပေးရင် ခပ်တိုးတိုးပြောလိုက်သည်။

"အဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေ လျှောက်တွေးမနေနဲ့၊ ဆေးသောက်လိုက်ဦးနော်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now