အပိုင်း (၅)

7.5K 1K 56
                                    

((Zawgyi))

အပိုင်း (၅)
အဖုံးကွယ်ခံ မျက်ဝန်းများ

👾👾👾

ဟယ့်ရန်သည် ညအတော်နက်မှ အိမ်သို့ပြန်ခဲ့သည်။

ရွှီချန်ရန့်က စန္ဒရားခန်းထဲတွင် လေ့ကျင့်နေရာမှ အပြင်ကအသံကြားသည်နှင့် အခန်းထဲမှ ထထွက်လာခဲ့သည်။

ဟယ့်ရန်က ကော်ရစ်တာမှ ထွက်လာသည့် လူငယ်လေးကို မြင်တော့ ခပ်ဖွဖွမေးလိုက်၏။

"မအိပ်သေးဘူးလား?"

"လူကြီးမင်း ပြန်လာတာကို စောင့်နေတာ"

ရွှီချန်ရန့်က ပြုံးပြီးပြောလိုက်သည့်အခါ သူ၏လှပသော မျက်မွန်ပွင့် မျက်ဝန်းလေးများက အနည်းငယ် ကွေးညွှတ်လို့သွားသည်။

"နောက်ဆို အရမ်းနောက်ကျတဲ့အထိ စောင့်မနေနဲ့"

ဟယ့်ရန်က ပြောပြီးနောက် လက်ထဲမှာကိုင်လာသည့် အချိုပွဲမုန့်ထုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

"ညလယ်စာ"

ရွှီချန်ရန့်က အထုပ်ဆီ လျှောက်သွားကာ ဖွင့်ကြည့်လိုက်တော့ အထဲက အချိုပွဲကိတ်မုန့်တစ်ခုကို တွေ့ရသည်။

ထိုမုန့်ဆိုင်သည် လူကြီးမင်း၏ ကုမ္ပဏီနှင့်ဆို သွားရတာ အတော်ဝေးမှန်း သူသိနေသည်။ တကယ်လို့ ထိုမုန့်ဆိုင်အထိ သွားဝယ်မည်ဆိုပါက လူကြီးမင်းသည် လမ်းကြောင်းအရှည်ကြီး သွားပြီးမှသာ အိမ်သို့ပြန်လာရမှာဖြစ်သည်။

"လူကြီးမင်း၊ ညဘက်ကြီး အချိုတွေစားရင် ဝလာလိမ့်မယ်"

ရွှီချန်ရန့်က မတတ်သာသဖြင့် ပြောလိုက်သည်။

တကယ်တော့ သူသည် မုန့်အချိုစားရသည်ကို မကြိုက်ပေ။ သို့သော် လူကြီးမင်းကတော့ သူ့ကို မုန့်အချိုကြိုက်သည်ဟုသာ အမြဲထင်နေသည်။ ထို့ကြောင့် လူကြီးမင်းသည် မကြာခဏဆိုသလို သူ့အတွက် အချိုပွဲများ ဝယ်လာတတ်သည့်အခါ သူကလည်း အားလုံးကို ဒီအတိုင်း လက်ခံယူလိုက်သည်။

လူကြီးမင်းဝယ်ပေးတာမှန်သမျှ သူအကုန်သဘောကျပါသည်။

ထို့ကြောင့် သူကအချိုစားရတာ မကြိုက်ရင်တောင် စားဖို့ဆန္ဒရှိပါသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now