အပိုင်း (၂၄)

9.2K 1.2K 110
                                    

((Zawgyi))

အပိုင်း (၂၄)
အလောင်းအစား

👾👾👾

ညရောက်သည့်အခါ ဟယ့်ရန် အရက်ဘားသို့သွားခဲ့သည်။ သူက အဲ့ဒီမှာ တွေ့ဆုံပွဲလုပ်ဖို့ သူငယ်ချင်းအချို့ကိုပါခေါ်လိုက်သည်။

ရှန်းရှိုးကျူက ကျန်းမာရေးသိပ်မကောင်းသည့်အတွက် ဟယ့်ရန်က ရှန်ရှိုးကျူကို အရက်ဘားသို့ မခေါ်ခဲ့ပေ။

သို့သော် ဟယ့်ရန် အရက်ဘားသီးသန့်ခန်းထဲသို့ ရောက်သည့်အခါ အထဲတွင် ရှန်ရှိုးကျူ ရောက်နှင့်နေတာကို တွေ့ရသည်။

ဟယ့်ရန်က မေးလိုက်သည်။

"ဘာလို့ရောက်လာတာလဲ? အိမ်မှာနေပြီး ကောင်းကောင်းအနားမယူဘူးလား?"

"မင်း သူတို့ကို ထွက်လာဖို့ခေါ်တယ်ဆိုပြီး ချီရိပြောတာ ကြားတာနဲ့ ငါလည်း အတူတူလိုက်ချင်လာလို့"

ရှန်ရှိုးကျူက အနည်းငယ် ရှက်ရွံသလို ပြုံးလိုက်သည်။

ဟယ့်ရန်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

"အရက်ဘားမှာ လူတွေလည်းများတယ်။ ပြီးတော့ ဆေးလိပ်နံ့တွေနဲ့"

ချီရိက ချက်ချင်း ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး! ငါတို့ စောင့်ကြည့်နေတာပဲ! ရှိုးကျူ အရက်ကိုမထိစေရဘူးလို့ အာမခံတယ်! နောက်ပြီး ဆေးလိပ်နံ့နဲ့လည်း မထိစေရဘူး!"

"စိတ်ချပါ၊ ငါတို့ စောင့်ကြည့်နေပါတယ်!"

သခင်လေးတစ်ယောက်က ရယ်မောပြီး ပြောလိုက်သည်။ သူက အသီးဖျော်ရည်တစ်ခွက်ကို ရှန်ရှိုးကျူဆီ ကမ်းပေးလိုက်ရင်း:

"ရှိုးကျူအတွက် အထူးမှာပေးထားတဲ့ လိမ္မော်ရည်!"

ဟယ့်ရန်လည်း ဘာမှထပ်မပြောတော့ဘဲ အရက်ခွက်ကို ယူကာ ရှန်ရှိုးကျူဘေးတွင် ထိုင်လိုက်သည်။

သီးသန့်ခန်းထဲသို့ လူတွေတစ်ယောက်ပြီးတစ်ယောက် ထပ်ဝင်လာကာ ကျန်းလင်လည်း ရောက်လာသည်။

"ဟယ့်ရှောင်က ငါတို့ကို တွေ့ဖို့ အရင်စခေါ်တာ ရှားတယ်!"

ကောင်လေးတစ်ယောက်က ရယ်မောရင်း ဘေးပတ်ပတ်လည်ကို ကြည့်ကာ မေးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now