အပိုင်း (၁၈)

7.7K 1K 57
                                    

((Zawgyi))

အပိုင်း (၁၈)
ပြီးပြည့်စုံလှပသည့်ချစ်ခြင်း

👾👾👾

ဘေးနားကလူတစ်ယောက်က ရွှီချန်ရန့်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ခုနလေးတင် ရှိုးကျူနဲ့ ရွှီချန်ရန့်ကို ဒီဘက်မှာ ရှိနေတာတွေ့လိုက်တယ်....."

"ရွှီချန်ရန့်၊ မင်းက အရှက်မရှိဘူးပဲ!"

"မျက်နှာသာရဖို့ ပြိုင်ချင်တာနဲ့ ရူးများသွားသလား! ဓာတ်မတည့်တာက လူသေတတ်တယ်ကွ!"

ရွှီချန်ရန့်သည် ဘေးပတ်ပတ်လည်က ဝေဖန်အပြစ်တင်သံများနှင့် စော်ကားပြောဆိုမှုများကို နားထောင်ရင်း ခံစားချက်မဲ့စွာ ခေါင်းကိုငုံ့လိုက်သည်။ သူ့ခေါင်းထဲမှာ ထိုအသံများက တဝီဝီမြည်ဟည်းလို့နေသည်။

သူ မသိဘူး။......

ရှန်ရှိုးကျူမှာ ဓာတ်မတည့်တာရှိမှန်း သူတကယ်ကို မသိခဲ့တာ။.......

ရွှီချန်ရန့်သည် ဟယ့်ရန်ရင်ခွင်ထဲ၌ လှဲလျောင်းနေသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ပါးစပ်ဟကာ တစ်စုံတစ်ရာကို ရှင်းပြချင်သော်လည်း ဘယ်လိုမှ အသံမထွက်လာပေ။

သူ ဒါကို စီစဉ်တုန်းက ပင်လယ်စာ လုံးဝမပါတာ သေချာပါတယ်။

ဒါပေမယ့် အခုကျ ရုတ်တရတ်ကြီး ပန်းကန်ပြားထဲမှာ ပင်လယ်စာအမယ်တွေအများကြီးထွက်လာတယ်။

ရွှီချန်ရန့်က ကိုယ်ကို ပြန်မတ်လိုက်သည်။ သူ့လက်ဖဝါးက ပူနွေးနာကျင်နေသည်။ ချွန်ထက်သည့် ပန်းကန်ကွဲစများက သူ့အရေပြားထဲသို့ ဖောက်ဝင်သွားသည့်အတွက် ထိုဒဏ်ရာမှ သွေးများစီးကျလာသည်။

ရွှီချန်ရန့်သည် သူ့လက်ဖဝါးပေါ်က အနီရောင်ရဲရဲများကို ကြည့်လိုက်သော်လည်း စိတ်ထဲမှာ နည်းနည်းမှ နာကျင်မှုကို မခံစားရပေ။

သူ့နားထဲတွင် စကားပြောသံများက အတိုင်းအဆမရှိ ပိုမိုကြီးထွားလာသည်။ ရွှီချန်ရန့်သည် အစားအသောက်စားပွဲနားတွင် တောင့်တောင့်ကြီးရပ်ကာ မလှမ်းမကမ်းမှ လူတစ်စုက သခင်လေးနားတွင် ဝိုင်းအုံကာ ထိတ်ထိတ်ပျာပျာဖြင့် အရေးပေါ် ရှေးဦးသူနာပြုစုနည်းများ ပြုလုပ်နေကြသည်ကို ကြောင်ကြည့်နေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now