အပိုင်း (၁၀၄)

10.8K 1.7K 114
                                    

((Zawgyi))

အပိုင်း (၁၀၄)
ဦးဦးသိုးကလေး (ဦးဦးရှောင်ရန်)

👾👾👾

ချင်ကျိုးက ချီမိသားစု ခြံဝန်းကျယ်ကြီးကိုတစ်ချက်ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက အကြည့်များကိုလွှဲကာ ဒါရိုက်တာကြီးအနောက်မှ ရိုက်ကွင်းသို့ လိုက်သွားသည်။

ရိုက်ကွင်းရောက်တော့ လင်းချီရှောင်းက ကောင်ကလေးတစ်ယောက်နှင့် အတူရှိနေသည်။

ကောင်ကလေးက ရိုက်ကွင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး ကိုလာတစ်ဗူးပိုက်ကာ အအေးသောက်နေသည်။

ထိုကောင်ကလေးက အမှတ်တမဲ့ခေါင်းမော့လာကာ ဒါရိုက်တာနှင့် ချင်ကျိုးကိုမြင်သွားပြီး နေရာမှ ချက်ချင်းထ၍ လက်ဝှေ့ယမ်းပြသည်။

"ချင်ကျိုးကောကော!"

ရှောင်ချန်က ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ ချင်ကျိုးဆီ ပြေးလာသည်။

ချင်ကျိုးက အလိုက်သင့် ဆီးကြိုပြီး ရှောင်ချန့်ခေါင်းလေးကို ပွတ်လိုက်သည်။

<<ကျန်းဟူ>> ဇာတ်လမ်းတွဲကို ရိုက်ကူးစဉ် သူ့ဇာတ်ဝင်ခန်းများက စောစီးစွာ ပြီးဆုံးခဲ့ပြီး ရှောင်ချန်က သူ့ထက် ရက်အနည်းငယ် နောက်ကျပြီးမှ ရိုက်ကူးရေးပြီးဆုံးခဲ့တာ ဖြစ်သည်။ အခုလို သိပ်မကြာခင်မှာ ဒုတိယအကြိမ် အတူတူရိုက်ကူးရမယ်လို့် သူ မထင်ထားခဲ့ပေ။

ဒါရိုက်တာက ချင်ကျိုးကို မိတ်ကပ်ခန်းထဲသို့ ခေါ်သွားပြီး ချင်ကျိုးကို အရင် မိတ်ကပ်အစမ်းပြင်ကြည့်ဖို့ လုပ်လိုက်သည်။

ဒါရိုက်တာက ရိုက်ကွင်းအဝတ်အစားများကို ယူလာပြီး သက်ပြင်းတစ်ချက်ချကာ:

"နည်းနည်းအလျင်လိုနေတော့ အဝတ်အစားတွေကို အစကနေပြန်လုပ်ဖို့ အချိန်မမီတော့တာနဲ့  နည်းနည်းပြန်ပြင်ထားတယ်"

ချင်ကျိုးက လက်ခံယူကာ အဝတ်လဲခန်းထဲ အရင်သွားပြီး ဝတ်စုံလဲလိုက်သည်။

အဝတ်အစားလဲပြီးနောက် ချင်ကျိုးက ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ပြီး သူ့ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်​နေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now