အပိုင်း (၃၇)

10.3K 1.3K 64
                                    

((Zawgyi))

အပိုင်း (၃၇)
ကစားရုံသက်သက်ပဲ

👾👾👾

ကျန်းလင်သည် သူ၏ သတိလက်လွတ်အပြုအမူကို သတိထားမိသွားကာ လက်ကို အမြန်လွှတ်လိုက်သည်။

"တောင်းပန်ပါတယ်......."

"အနုပညာရှင်တစ်ယောက်ကို ပထမဆုံး ပွေ့ဖက်ဖူးတာမလို့ ကျွန်တော် နည်းနည်းစိတ်လှုပ်ရှားသွားတယ်......."

ကျန်းလင်က မျက်လုံးထောင့်များကို လက်ဖြင့်သုတ်လိုက်ပြီး အမှားလုပ်မိတဲ့ ကလေးလေးတစ်ယောက်လို ခေါင်းငုံ့ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

"ရပါတယ်"

ချင်ကျိုးက နွေးထွေးစွာ ပြုံး​ပြပြီး ကိုယ်ကိုလှည့်ကာ အပြင်ထွက်သွားသည်။

ကျန်းလင်က တံခါးပေါက်နားအထိကပ်လာကာ ချင်ကျိုးတစ်ယောက် ယာယီအမိုးအောက်မှာ ရုပ်ရှင်ရိုက်​နေတာကို ကြည့်လိုက်သည်။

ကျန်းလင်သည် ချင်ကျိုး၏ ပုံရိပ်လေးကို ငေးကြည့်ရင်း ရုတ်တရတ် ရင်ထဲမှာ အလွန်ငြိမ်းချမ်းသွားရသည်။

ကောင်းလိုက်တာ။

ဒီကမ္ဘာပေါ်မှာ မရီးနဲ့ တစ်ထပ်တည်းတူတဲ့ လူတစ်ယောက်ရှိ​သေးပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်နေသေးတယ်။

ကျန်းလင်သည် ရိုက်ကွင်းမှာ အကြာကြီး​နေပြီး ချင်ကျိုးရဲ့အခန်းတွေ ရိုက်ကူးပြီးသွားမှ ပြန်လာခဲ့သည်။

ညကျတော့ ကျန်းလင်က ရုပ်ရှင်မြို့တော်အနီးအနားရှိ ဟိုတယ်တစ်ခုမှာ တည်းလိုက်သည်။

သူ နေ့ခင်းဘက်မှာ မရီးနှင့် တစ်ထပ်တည်းတူတဲ့ ချင်ကျိုးနဲ့ တွေ့ဆုံခဲ့ရလို့ဖြစ်မည်၊ ညဘက်ကျတော့ သူ မရီးကို ထပ်ပြီး အိပ်မက်မက်ခဲ့သည်။

မရီးက ခါတိုင်းလိုပင် တစ်ကိုယ်လုံးသွေးများစိုရွှဲလျက် ကားထဲမှာ ပိတ်မိနေပြီး သူ့ဆီ လက်ဆန့်ကာ အကူအညီတောင်းနေသည်။

ကျန်းလင် အရှေ့သို့ပြေးထွက်သွားပြီး ကားရှိရာသို့ အစွမ်းကုန် ပြေးသွားသည်။

သို့သော် အိပ်မက်ထဲ၌ သူပြေးနေသည့် လမ်းကြောင်းက သာမန်ထက် ပိုမိုရှည်လျားနေကာ ကားရှေ့သို့ ဘယ်တော့မှ မရောက်နိုင်တော့သလို ထင်ရပြီး အမြဲတမ်း အဲ့လိုမျိုး နည်းနည်းလေးသာ လိုတော့သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now