အပိုင်း (၇၂)

10.3K 1.7K 98
                                    

((Zawgyi))

အပိုင်း (၇၂)
အစားထိုးတစ်ယောက်ရှာထားတာလား

👾👾👾

အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်သွားကာ နှစ်ဦးစလုံး စကားထပ်မပြောဖြစ်ကြပေ။

အချိန်အတော်ကြာပြီးနောက် ချင်ကျိုးက ခေါင်းမော့ကာ မနှေးမမြန်ပြောလိုက်သည်။

"ဥက္ကဋ္ဌဟယ့်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ၊ ကျွန်တော်အလုပ်လုပ်ရဦးမယ်"

ဟယ့်ရန်သည် လက်ကိုမလွှတ်ဘဲ အလွန် ပိုင်ဆိုင်လိုစိတ်ပြင်းပြ​​သည့်ဟန်ဖြင့် လူငယ်လေးအား သိုင်းဖက်လိုက်ကာ:

"နောက်တော့ အဲ့ဒီလူနဲ့ sex scene ဆက်ရိုက်​​​မယ်ပေါ့လေ?"

"မဟုတ်လို့ရော?"

ချင်ကျိုးက ခဏမျှ ခပ်အုပ်အုပ်ရယ်ကာ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။

ဟယ့်ရန်က ထောက်ပံ့သူဖြစ်သည်မှာ ထင်ရှားသော်လည်း ချင်ကျိုး၏ အ​နေအထားက ဟယ့်ရန်ထက်ပင် ပို၍မြင့်မားနေသည်။

ဒါက လောင်းကစားပွဲတစ်ခုလိုပင်။ --

လောင်းကစားသူ ဟယ့်ရန်သည် ရှိသမျှတုံကင်များအားလုံးကို ပုံအောလောင်းကြေးထပ်ထားသော်လည်း ချင်ကျိုးကတော့ လက်ထဲမှာ ကတ်အကောင်းတွေချည်းကိုင်ကာ စိတ်တိုင်းကျ ဆော့ကစားနေသည်။

နောက်ဆုံးတော့ ဟယ့်ရန်ကသာ အရင် အရှုံးပေးလိုက်ရသည်။

"မရိုက်ပါနဲ့"

ဟယ့်ရန်က သူ့လက်မောင်းများကို အနည်းငယ် တင်းကြပ်လိုက်ကာ ရင်ခွင်ထဲကလူကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ခေါင်းငုံ့၍ လူငယ်လေး၏ ပုခုံးပေါ်၌ မှီ​တွယ်လိုက်သည်။

ချင်ကျိုးက အေးအေးလူလူပင် ပြောသည်။

"ကျွန်တော်က သရုပ်ဆောင်​လေ၊ sex scene တွေ၊ kiss scene တွေရိုက်ရတာ အားလုံးပုံမှန်ပဲ"

"ဒါက ကျွန်တော့်အလုပ်၊ သရုပ်ဆောင်ရုံ သက်သက်ပဲ"

ချင်ကျိုးက ဖြည်းဖြည်းချင်း ခေါင်းလှည့်လာကာ သူ့ရှေ့က အမျိုးသားအား တွန်းဖယ်ဖို့ ကြိုးစားသော်လည်း ရုတ်တရတ် သူ့မေးစေ့ကို တင်းကြပ်စွာ ဖျစ်ညှစ်ခံလိုက်ရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now