အပိုင်း (၃၉)

10.2K 1.4K 170
                                    

((Zawgyi))

အပိုင်း (၃၉)
ဟယ့်ရန် စေ့စပ်လိုက်ပြီ

👾👾👾

ချင်ကျိုးက လက်ရန်းနားတွင် ​ခေတ္တမျှ ကြည့်နေပြီးနောက် ဘေးနားကလူကို ပြောလိုက်သည်။

"အပေါ်ထပ်သွားပြီး တစ်ခုခုစားကြမလား?"

"ကောင်းပြီ"

စူးထန်က သဘောတူလိုက်ပြီး ချင်းကျိုးနှင့်အတူ လှည့်ထွက်သွားသည်။

ထို့အပြင် သူတို့နှစ်ဦး ထွက်ခွာသွားသည့်အချိန်၌ ပထမထပ် ခန်းမကြီးထဲရှိ ဟယ့်ရန်က တစ်စုံတစ်ရာကို ခံစားသိလိုက်သဖြင့် ဒုတိယထပ်သို့ ခေါင်းမော့ကြည့်လိုက်သည်။

သို့သော် ဒုတိထပ်တွင် သွားလိုက်လာလိုက်လုပ်နေသည့် ဝန်ထမ်းများသာရှိ​နေပြီး ဟယ့်ရန်လှမ်းကြည့်လိုက်သည့်အခါ စင်္ကြံလမ်းပေါ်မှ ပျောက်ကွယ်သွားသည့် နောက်ကျောပုံရိပ်လေးတစ်ခုကိုသာ မြင်လိုက်ရသည်။

ဟယ့်ရန်က ထပ်ဂရုမစိုက်တော့ဘဲ အရှေ့သို့သာ ဆက်လျှောက်သွားလိုက်သည်။

မန်နေဂျာသည် အရှေ့မှ လမ်းပြခေါ်ဆောင်ရင်း အမြန်ပြောလိုက်၏။

"ဟယ့်ရှောင်ရဲ့ အခန်းက အပေါ်ဆုံးထပ်က ဇိမ်ခံအခန်း (Penthouse) ပါ၊ ကျွန်တော် လူကြီးမင်းကို လိုက်ပို့ပေးပါ့မယ်"

အပေါ်ဆုံးအထပ်သို့ရောက်သည့်အခါ အတွင်းရေးမှူးက ခရီးဆောင်အိတ်များကို ကောင်းစွာ နေရာချလိုက်ပြီး ကွန်ပျူတာ notebook နှင့် စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။

ဟယ့်ရန်သည် ပြင်သစ်မှန်ပြတင်းတံခါးရှေ့၌ တစ်ယောက်တည်းရပ်ကာ အပြင်ဘက်သို့ ငေးကြည့်နေသည်။

အပေါ်ဆုံးထပ်မှ ရှုမျှော်ခင်းက အလွန်ကောင်းလှသည်။ ဒီနေရာမှကြည့်လျှင် ဗီလာငယ်​လေးတစ်ခုလုံး၏ ရှုခင်းအပြင်အဆင်များကို မြင်တွေ့နိုင်သည်။

ဟယ့်ရန်သည် အကျင့်ပါ​နေသည့်အတိုင်း အိတ်ကပ်ထဲသို့ လက်နှိုက်စမ်းလိုက်သည်။ သို့သော် အိပ်ကပ်ထဲ၌ သူလိုချင်သည့်ပစ္စည်းကို မစမ်းမိပေ။ အဲ့ဒီတော့မှ သူက သစ်သားဆိုင်းဘုတ်လေးကို အံဆွဲထဲမှာ သော့ခတ်ထားတာ ပြန်သတိရသွားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now