အပိုင်း (၁၃၂)

3.6K 606 26
                                    

((Zawgyi))

အပိုင်း (၁၃၂) - ကြေးမုံမှန်ကွဲ (၂၀)
နောက်တစ်ခါစမ်းကြည့်မယ်

👾👾👾

ရွှီချန်ရန့် စကားမပြောဘဲ မျက်နှာပူသွားကာ ခုခံချင်သယောင် ခေါင်းအသာစောင်းလိုက်သည်။

ဟယ့်ရန်က လူငယ်လေး စိတ်လှုပ်ရှားနေမှန်း သတိထားမိတာကြောင့် လက်ဆန့်ကာ လူငယ်လေးပါးကို အသာထိကိုင်လိုက်သည်။ သူက လူငယ်လေး အနားကပ်ကာ ခပ်တိုးတိုး နှစ်သိမ့်လိုက်သည်။

"အရင်ရော အခုရော အားလုံးကို သဘောကျတာပါ"

ဟယ့်ရန်က လူငယ်လေးကိုယ်ပေါ် ဖိထားကာ နှာတံချင်းထိကပ် ပွတ်သပ်လိုက်သည်။ နောက်တော့ သူ့လက်တစ်ဖက်က အောက်သို့ ထပ်လျှောဆင်းသွားကာ လူငယ်လေးအောက်ပိုင်းကို ကိုင်လိုက်ပြီး ရှပ်အင်္ကျီစကို အပေါ်သို့ အသာလေး ဆွဲမ'လိုက်သည်။

ရွှီချန်ရန့်က မျက်လုံးများမှိတ်ကာ အသက်ရှုသံ‌တွေ အနည်းငယ် ကမောက်ကမဖြစ်လာသည်။ သူ့လက်နှစ်ဖက်က အမျိုးသားရဲ့ ပုခုံးတွေပေါ် အလိုလို ရောက်သွားသည်။

ခုနက ဟယ့်ရန့်နဲ့ တစ်ကြိမ်ပြီးထားတာကြောင့် သူ့ခန္ဓာကိုယ်က အခုချိန်မှာ အတော်လေး ခံစားနိုင်စွမ်းမြင့်မား‌နေပြီး ဘယ်လိုလှုံ့ဆော်မှုကိုမဆို သူ့မှာ နည်းနည်းမှ ခံနိုင်ရည်မရှိတော့ပေ။

ရွှီချန်ရန့်က ဟယ့်ရန် ပုခုံးကိုတွန်းဖယ်ကာ အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်သည်။ သူက အမျိုးသားကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"မလုပ်နဲ့တော့"

"ဟမ်?"

ဟယ့်ရန်က သူ့ကို လှမ်းကြည့်လာသည်။

"အမှတ်မလောက်ဘူး"

ဟယ့်ရန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အခု အရင်အကြွေးပေးလေ၊ အချိန်တန်ရင် ကိုယ် မင်းကို ရွှေငါးဝယ်ပေးပြီး ပြန်ဆပ်မယ်"

ရွှီချန်ရန့် မအောင့်နိုင်ဘဲ ရယ်လိုက်ကာ ပြောသည်။

"အကြွေးတင်တာ အမှတ် ထောင်ချီနေပြီ၊ ရွှေငါး‌တွေ ဝယ်လည်း ထားစရာနေရာမရှိ‌တော့ဘူး"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now