အပိုင်း (၈၆)

10.3K 1.8K 148
                                    

((Zawgyi))

အပိုင်း (၈၆)
မသွားပါနဲ့

👾👾👾

ဟယ့်ရန်က ရင်ခွင်ထဲကလူအား ပြန်လည်ပွေ့ဖက်ကာ အသံများကွဲအက်နေသည်။

"မင်း မသွားပါနဲ့......."

ချင်ကျိုးက ဟယ့်ရန်၏ခေါင်းကို ပွတ်ပေးကာ လက်ကိုအနည်းငယ်လွှတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

"ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ၊ ကျန်းမာရေးက နံပါတ်တစ်ပဲ"

ဟယ့်ရန်: "ဒါဆို မင်း ကိုယ့်အနားမှာနေပြီးအဖော်ပြုပေး"

ချင်ကျိုးက ပြုံးလိုက်ကာ ပြောသည်။

"လူနာစောင့်လည်း ခင်ဗျားကို ပြုစု​ပေးနိုင်ပါတယ်"

ဟယ့်ရန်က စကားမပြောဘဲ ချင်ကျိုးလက်ကိုသာ မလွှတ်တမ်း တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ချင်ကျိုးက စိတ်ရှည်ရှည်ဖြင့် ပြောသည်။

"ခင်​ဗျားမှာ ဒီလောက် အခြေအနေကောင်းတွေရှိ​နေတာ၊ လူမရှားပါဘူး"

ဟယ့်ရန်၏ဂုဏ်ဒြပ်နဲ့ဆို သူ စကားတစ်ခွန်းဟလိုက်တာနဲ့ သူ့နောက်ကလိုက်ချင်တဲ့သူတွေမှ အများကြီးပင်။

"ရှားတယ်"

ဟယ့်ရန်က ခေါင်းမာနေဆဲပင်။

"မင်းကလွဲရင် တခြားဘယ်သူမှ မသင့်တော်ဘူး"

"ကျွန်တော်လည်း မကောင်းပါဘူး"

ချင်ကျိုးက ပြုံးပြီး ခေါင်းခါ​ပြကာ ပြောသည်။

"ကျွန်တော်က မကောင်းပါဘူး၊ ခင်ဗျား တခြားလူရှာလိုက်ပါ"

ချင်ကျိုးက စဉ်းစားကာ ပြောသည်။

"အဲ့ဒီလက်စွပ် ကျွန်တော့်ဆီမှာရှိသေးတယ်၊ လွှင့်ပစ်လိုက်ရမှာ အရမ်းဖြုန်းတီးရာကျတယ်၊ ကျွန်တော် မနက်ဖြန်ကျရင် ဦးလေးဝမ်ကို ပေးလိုက်မယ်"

အရင်တစ်ခါ လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်က သူ့ဆီမှာရှိနေသေးသည်။ အဲ့ဒီတုန်းက ဟယ့်ရန်က သူ့ကို လွှင့်ပစ်လိုက်ဖို့်ပြောပေမယ့် သူမလွှင့်ပစ်ခဲ့ပေ။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now