အပိုင်း (၁၅)

8.1K 1.1K 68
                                    

((Zawgyi))

အပိုင်း (၁၅)
ရှုံးနိမ့်မှုမှ ထွက်ပြေးတိန်းရှောင်ခြင်း

👾👾👾

နေ့လည်ပိုင်း ရွှီချန်ရန့်အိမ်မှာ ရှိနေချိန်တွင် လူကြီးမင်းက သူ့ဆီဖုန်းခေါ်လာသည်။

ဟယ့်ရန်: "စာကြည့်ခန်းထဲက စားပွဲပေါ်မှာ စာရွက်စာတန်းတွေရှိတယ်။ ကိုယ် ဦးလေးကျန်းကို အိမ်ပြန်ယူခိုင်းထားတယ်။ ခဏနေကျ မင်း ဦးလေးကျန်းကို စာရွက်စာတန်းတွေ ပေးလိုက်နော်။"

"ကောင်းပါပြီ"

ရွှီချန်ရန့် စာကြည့်ခန်းထဲဝင်သွားတော့ စားပွဲပေါ်မှာ စာရွက်စာတန်းများကို ရှာတွေ့သွားသည်။

ရွှီချန်ရန့်က စာရွက်စာတန်းများကို ယူလိုက်ပြီးနောက် နေ့လည်ရောက်နေမှန်း သတိရသွားကာ မေးလိုက်သည်။

"လူကြီးမင်း နေ့လည်စာ စားပြီးပြီလား? မစားရသေးရင် ကျွန်တော် ဖက်ထုပ်ပြုတ်လုပ်ပေးလိုက်ရမလား?"

"အင်း"

ဖုန်း၏အခြားတစ်ဖက်မှ အမျိုးသားက ပြန်​​ဖြေလာသည်။

ဖုန်းချသွားတော့ ရွှီချန်ရန့်သည် ဖက်ထုပ်ပြုတ်များချက်ကာ ထမင်းဗူးထဲသို့် သေချာ ထုပ်ပိုးလိုက်သည်။

သိပ်မကြာလိုက်၊ လူခေါ်ခေါင်းလောင်းမှ အသံမြည်လာသည်။

ရွှီချန်ရန့် တံခါးဖွင့်လိုက်သည့်အခါ တံခါးဝတွင် ဦးလေးကျန်းကို တွေ့ရသည်။

ဦးလေးကျန်းမှာ အသက်(၄၀)ကျော် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ဟယ့်ရန်၏ နောက်လိုက်ယာဉ်မောင်းတစ်ယောက်ဖြစ်သည်။

ရွှီချန်ရန့်သည် စာရွက်စာတမ်းများကို ဦးလေးကျန်းလက်ထဲ ထည့်ပေးလိုက်ပြီး နေ့လည်စာထမင်းဗူးကိုပါ ကမ်းပေးလိုက်သည်။

"ဦးလေးကျန်း ကျေးဇူးပြုပြီး ဒါလေးပါ ယူသွားပေးပါဦး"

ဦးလေးကျန်းက ခေါင်းညိမ့်ပြကာ စာရွက်စာတမ်းများနှင့်အတူ နေ့လည်စာထမင်းဗူးကိုယူပြီး ပြန်ထွက်လာသည်။

ဦးလေးကျန်းက ကုမ္ပဏီသို့ ကားမောင်းပြန်ခ့ဲပြီး ဟယ့်ရန်၏ ရုံးခန်းဆီသို့ ရောက်ရှိလာသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now