(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End

2.7K 225 2
                                    

Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်


ရွှယ်ဇီရွမ် သည် အလုပ်များပြီး စိတ်ရှုပ်နေချိန်တွင် ကျိုးယွင်ရှန့် သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိလာပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းအချို့ကို ဝယ်ယူပြီးနောက် မန်ချက်စတာမြို့ နှင့် ယော့ခ်မြို့သို့ ဆက်လက်ခရီးနှင်ကာ တည်းခိုရန် သက်တောင့်သက်သာရှိသော တည်းခိုခန်းငယ်လေးကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက ရာစုနှစ်တစ်ခုကြာသည်အထိ သက်တမ်းကြာရှည်ဖွင့်လှစ်ခဲ့သည့် လက်ဖက်ရည်ဆိုင်၏ အရသာကို မြည်းစမ်းကာ စိတ်လက်ချမ်းသာစွာ နိုးထလာခဲ့သည်။ ထို့နောက် သူ၏တစ်ဦးတည်းသော ပခုံးပေါ်က ကျောပိုးအိတ်လေးကို ကိုင်ဆောင်ကာ York Cathedral သို့ ခရီးလှည့်လည်ခဲ့သည်။

ကျိုးယွင်ရှန့်က အလွန်လှပသော Gothic ပုံစံ အဆောက်အဦးတွေကို ငေးကြည့်နေသည်။ ထိုအဆောင်ဦးကြီးတွေမှ နေရောင်ကို ရောင်ပြန်ဟပ်နိုင်သော ရောင်စုံမှန်များဖြင့် ဂျီဩမေတြီနည်းကျကျ တည်ဆောက်ထားသည်။ ထိုဘုရားကျောင်းကြီးထဲတွင် လူအချို့က ဆုတောင်းနေကြသည်၊ အချို့က ဓမ္မသီချင်းများသီဆိုကြပြီး၊ အမိုးပေါ်က အလှဆင်ထားသည့် ပန်းချီများကို ငေးမျှော်ကြည့်နေသော ကျိုးယွင်ရှန့် မှလွဲ၍ အခြားသူများမှာ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြသည်။

(Gothic စတိုင် အဆောက်အဦး - ရောင်ခြယ်ပြတင်းပေါက်ကြီးများ၊ ချွန်ထက်သော အမိုးခုံးများ၊ သူရဲခိုများ၊ ပြတင်းနံရံကို ထောက်ကူထားသည့် ထောက်တိုင်ကြီးများ ပါရှိသည့် တန်ဆာဆင် အလှဆင်ထားသည့် ခမ်းနားကြီးကျယ်သော အဆောက်အဦး)

နောက်ဆုံးတော့ လွတ်လပ်သွားခဲ့ပေမယ့် ရိုးရိုးသားသားပြောရရင် အခု ကျိုးယွင်ရှန့်ရဲ့ ခံစားချက်က မျှော်လင့်ထားသလောက် မချောမွေ့နေခဲ့ဘူး။ သူရုတ်တရက် အလွန်စိတ်ရှုပ်သွားသလို ဘယ်သွားရမှန်းမသိ၊ ဘာလုပ်ရမှန်းလည်းမသိ၊ တစ်ကိုယ်လုံး ဗလာကျင်း၊ အမြစ်မရှိသော သစ်စေ့ကဲ့သို့ ပေါ့ရွှတ်ရွှတ်ဖြစ်နေသည်။

ဘုရားကျောင်းရှိ ငြိမ်သက်တိတ်ဆိတ်သောလေထုက သူ့ရင်ကို မွန်းကျပ်စေကာ ဆယ်မိနစ်လောက်ထိုင်ပြီးနောက် ဆက်လက် မနေနိုင်တော့သဖြင့် တိတ်တဆိတ် မတ်တပ်ရပ်ကာ ပြန်ထွက်လာခဲ့သည်။ ဒီနေ့ ရာသီဥတုက အရမ်းအေးပေမယ့် နေရောင်က အရမ်းတောက်ပလို့ ကားမစီးချင်တော့ဘဲ အဝါရောင် သစ်ရွက်ခြောက်တွေပေါ် ခြေတစ်လှမ်းချင်းလှမ်းပြီး လမ်းလျှောက် ပြန်လာခဲ့သည်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now