Arc_15.4_ Qi Yi Ning

6.3K 652 0
                                    

Arc_15.4_ Qi Yi Ning

"အရှင်မင်းကြီး.. ကျွန်မညီမက လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ.. သူ့အတွက် ခင်ပွန်းလောင်းတစ်ယောက်လောက်တွေ့အောင် ကူညီပေးလို့ရမလား အရှင်.."

"အိုး.. ကျုပ်ရဲ့ချစ်လှစွာသော ကိုယ်လုပ်တော်မှာ သင့်တော်တဲ့သတို့သားကို တွေ့ထားတာများရှိလို့လား.."

ကျိုးယွင်ရှန့်က သူ့ပန်းကန်ထဲကို ဟင်းတွေထည့်ပေးရင်း ပြုံးရွှင်စွာမေးလိုက်တယ်။ သူ့အပြုအမူက သိပ်ကိုနူးညံ့ပြီး မြတ်နိုးပုံပေါ်နေတယ်။

အမတ်ကတော်ကြီးက ထိတ်လန့်စွာနဲ့ စားပွဲထိပ်မှာထိုင်နေတဲ့ ကျောက်ပိယွမ်ကို လှမ်းကြည့်လိုက်တယ်။ ကျောက်ရွှမ်က မျက်မှောင်ကြုတ်ပြီး သူ့ထိုင်ခုံမှာ တိတ်ဆိတ်စွာထိုင်နေပေမယ့် ဧကရာဇ်ရဲ့ ရင်ခုန်စရာအမူအယာတွေက သူ့အတွင်းစိတ်ကို ညှင်းဆဲနေတယ်။

သူ့ကို အိပ်ခန်းထဲက မောင်းထုတ်ပြီးတဲ့နောက် ဒီဘုရင်က ဘယ်လိုများ သက်သာရာရအောင် လုပ်ခဲ့တာပါလိမ့်။ ကြုံရာတွေ့ရာ အိမ်ဖော်မတစ်ယောက်ကို အိပ်ယာထဲဆွဲသွင်းပြီး ထကြွနေတဲ့သူ့စိတ်ကို ဖြေလျှော့လိုက်လေသလား။ ဒါမှမဟုတ် ကျောက်ပိယွမ်ကိုလှမ်းခေါ်ခိုင်းပြီး ဖြေလျှော့ခဲ့တာလား။ ဒီအကြောင်းကို မပြီးနိုင်အောင်စဉ်းစားရင်း ဇာမဏီမျက်ဝန်းလိုရှည်လျားတဲ့ ကျောက်ရွှမ်ရဲ့မျက်ဝန်းတွေက ကျောက်ပိယွမ်ကို မာကြောစွာကြည့်လိုက်တယ်။ သူ့နှလုံးသားထဲမှာ ရုတ်တရက် ရန်လိုမုန်းတီးမှုတွေ ပြည့်လာခဲ့တယ်။

ကျောက်ပိယွမ်က သူ့အပေါ် တစ်စုံတစ်ယောက် ရန်လိုမုန်းတီးနေတာကိုမသိဘဲ မင်းကြီးကိုပဲ ပြောလိုက်တယ်။

"အခုထိတော့ သင့်တော်တဲ့သတို့သားကို မတွေ့သေးပါဘူး.. ဒါကြောင့် ကျွန်မမိဘအိမ်မှာ ခဏနေပြီး ကူရှာပေးချင်ပါတယ်.. တွေ့တဲ့အခါ မင်းကြီးနဲ့ တိုင်ပင်ပါ့မယ်.."

သူမက ညင်သာစွာရယ်မောရင်း ပြောဆိုလိုက်တယ်။ ကျိုးယွင်ရှန့်က သဘောတူဟန် ခေါင်းညိတ်လိုက်တော့ အမတ်ကတော်ကြီးက ကျောက်ပိယွမ်ရဲ့ တွေးတောပေးမှုကို မြှောက်ပင့်စကားဆိုနေစဉ် ယွမ်ဝမ်အမတ်ဟောင်းကြီးက စိတ်အားထက်သန်စွာနဲ့ ကျေးဇူးတင်စကားဆိုခဲ့တယ်။

ကျောက်ပိယွမ်က ဆံပင်ကို လှပစွာသပ်လိုက်ပြီး ပြုံးရင်းပြောလိုက်တယ်။

"ဒါက ကျွန်မရဲ့ညီမပဲလေ.. အားမနာပါနဲ့.."

ကျောက်ပိယွမ်က စကားတစ်ခွန်းမှ ထပ်မပြောလိုက်ပေမယ့် သူမလုပ်လိုက်တဲ့အကွက်က အမတ်ကတော်ကြီးကို သတိပေးလိုက်တာပဲဖြစ်တယ်။

သူမသမီးရဲ့လက်ထပ်ခြင်းနဲ့ သူမသားငယ်ရဲ့အနာဂတ်က ကိုယ်လုပ်တော်ဖြစ်တဲ့ သူ့လက်ထဲမှာရှိတယ်ဆိုတာ သတိပေးလိုက်တာဖြစ်တယ်။ သူမမိခင် တရားဝင်ဒုတိယဇနီးအဆင့်ကို တိုးမြှင့်ရာမှာ တစ်ချက်မှ ၀င်မနှောင့်ယှက်ရဲအောင် လုပ်လိုက်တာပဲဖြစ်တယ်။

ညစာစားပြီး နန်းတော်ကိုမပြန်ခင် အချိန်တစ်နာရီလောက်ရတော့ ကျိုးယွင်ရှန့်က ကျောက်ပိယွမ်ရဲ့မောင်လေး ကျောက်ကျီတုန်းကို တမင်ခေါ်ပြီး ပညာရေးအခြေအနေကို မေးမြန်းလိုက်တယ်။

ကျောက်ကျီတုန်းက စာပေပညာနှံ့စပ်ပြီး ကိုယ်ရည်ကိုယ်သွေး တကယ်ကောင်းတယ်။ သူက မြင့်မြတ်တဲ့ဧကရာဇ်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်ပေမယ့် အလွန်နှိမ်ချခြင်းမရှိဘူး။ အရင်ဘ၀တုန်းက ကျောက်ကျီတုန်းက တော်ဝင်စာမေးပွဲမှာ တတိယနေရာကိုရခဲ့ပြီး ဧကရာဇ်ရဲ့ထောက်ပံ့ကူညီမှုနဲ့ အထွတ်အထိပ်အဆင့်ထိ ဘ၀အခြေအနေ တိုးတက်လာခဲ့တယ်။ သူက ၀မ်ယွမ်အမတ်ရာထူးကို မရခဲ့ပေမယ့် သူ့အရည်အချင်းကြောင့် အဆင့်မြင့်အရာရှိရာထူး ခန့်အပ်ပေးခြင်းခံခဲ့ရတယ်။

ကျိုးယွင်ရှန့်ဆီမှာ အလုပ်လုပ်ပေးနေရင်း တော်ဝင်မင်းသားဆီမှာလည်း တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျိုးယွင်ရှန့်က သားတော်ဆီမှာ အချုပ်နှောင်ခံရချိန် ဧကရာဇ်ကိုကယ်ဆယ်ဖို့ နေပြည်တော်ကို စစ်တပ်တွေပို့ပေးဖို့ တော်ဝင်မင်းသားဆီ ရေးသားတဲ့စာတွေက ကျောက်ကျီတုန်းရေးခဲ့တာတွေချည်း ဖြစ်တယ်။

သူ့ရဲ့ ရင်သပ်ဖွယ်ကောင်းတဲ့ အပြောအဆို၊ အသိပညာဗဟုသုတတွေနဲ့ ရေးသားထားတဲ့စာက ပညာတတ်အမြောက်အမြားကို ဆွဲဆောင်နိုင်ပြီး တော်ဝင်မင်းသားဘက်ကို ပါလာအောင် လုပ်နိုင်ခဲ့တယ်။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ ကျိုးယွင်ရှန့်က သူ့ကိုမြှောက်စားပြီး ၀မ်ယွမ်အမတ်ဘွဲ့ကို ဆက်ခံနိုင်ဖို့အထိလုပ်ပေးဖို့ ရည်ရွယ်ထားတယ်။ တရားဝင်မယားကြီးရဲ့ သားအငယ်က ဆက်ခံရမယ့်အမတ်ဘွဲ့ကို ကိုယ်လုပ်တော်သားက ယူသွားမှာဖြစ်တယ်။ ဒုတိယတရားဝင်ဇနီးရာထူးကို ရလာတဲ့ ကိုယ်လုပ်တော်က မယားကြီးရဲ့ဖိနှိပ်မှုကို ပွင့်ပွင့်လင်းလင်း ပြန်တိုက်ခိုက်မှာသေချာတယ်။ ဒါဆိုရင် မာနထောင်လွှားတဲ့ အမတ်ကတော်ကြီးက အေးအေးဆေးဆေး နေမှာမဟုတ်တော့ဘူး။

တရားဝင်သားနဲ့ တရားမ၀င်သားကို ခွဲခြားဆက်ဆံပေးလိုက်တာနဲ့ သူတို့အချင်းချင်းကြားမှာ အကျိုးအမြတ်အတွက် မနာလိုမှုတွေပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြလိမ့်မယ်။ ၀မ်ယွမ်အိမ်တော်ရဲ့ အားထားရမယ့်သားတွေက အချင်းချင်းအုပ်စုဖွဲ့ပြီး တိုက်ခိုက်ကြရင် ကျောက်ရွှမ်လည်း သေချာပေါက် တစ်ဖွဲ့ဖွဲ့ကို ထောက်ခံအားပေးရတော့မယ်။

ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့စစ်တပ်အင်အားကို လျော့ပါးမသွားစေချင်ဘူး။ လောလောဆယ် သူက ကျောက်ပိယွမ်နဲ့ တော်ဝင်မင်းသားကြားက ဆက်ဆံရေးကို မသိပေမယ့် ဥာဏ်ထက်သူပီပီ မကြာခင်မှာ သိလာတော့မှာဖြစ်တယ်။ တကယ်လို့ ဒါကိုသိပြီးတာတောင် ကျောက်ရွှမ်က တော်ဝင်မင်းသားကို ဆက်ပြီးထောက်ခံနေမယ်ဆိုရင်တော့ ကျိုးယွင်ရှန့်အနေနဲ့ လုပ်စရာဘာမှမရှိတော့ဘူး။ ကျောက်ရွှမ်က သူ့ရဲ့ချစ်သူပါဆိုတာ ၀န်ခံပြီး အရှက်တကွဲမဖြစ်ဖို့ ဒီကမ္ဘာကနေ ထွက်ခွာသွားရုံပဲ ကျန်တော့တယ်။

ဒီအကြောင်းကိုတွေးလေ ကျိုးယွင်ရှန့်က စိတ်ညစ်လေဖြစ်ပြီး ကျောက်ကျီတုန်းရဲ့ ပညာသင်ကြားတဲ့အခြေအနေကို မေးမြန်းပြီးတဲ့နောက် နန်းတော်ပြန်ဖို့ ရထားပြင်ခိုင်းလိုက်တော့တယ်။

"အရှင်မင်းကြီး.. ကျီတုန်းရဲ့စာပေလေ့လာမှုက အခြေအနေဘယ်လိုလဲ.. သူ မတော်ဘူးလား.."

ကျောက်ပိယွမ်က ဘေးကနေလိုက်လာရင်း အလိုက်သင့်မေးလိုက်တယ်။ သူမမောင်က မကြာခင်မှာ တော်ဝင်နန်းတွင်းစာမေးပွဲကို ဖြေကြားရတော့မှာဖြစ်လို့ ဧကရာဇ်ရဲ့ ချီးမွမ်းစကားတစ်ခွန်းနှစ်ခွန်းက အင်မတန်ကို အရေးပါတယ်။

"ကျီတုန်းက တကယ်ကို ဗဟုသုတပြည့်စုံပြီး ပါရမီရှိပါတယ်.."

ကျိုးယွင်ရှန့်က အားတင်းပြုံးပြီး ပြောလိုက်တယ်။ ကျိုးယွင်ရှန့်တို့စကားပြောနေတုန်း မြင်းရထားက ဆိုက်ရောက်လာခဲ့တယ်။ ကျိုးယွင်ရှန့်က ရထားပေါ်တက်ဖို့ ခြေလှမ်းကိုကြွလိုက်ပြီးမှ ရပ်လိုက်ပြီး တံခါးရှေ့မှာဒူးထောက်နေတဲ့ ကျောက်ရွှမ်ကို တစ်ချက်ကြည့်ကာ လှမ်းပြောလိုက်တယ်။

"ယွီကုံးနယ်စားကြီး.. ဒီကိုလာပါဦး.."

ကျောက်ရွှမ်က ဘုရင်ရှိရာဆီလျှောက်လာရင်း မသိမသာမျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

"အရှင်မင်းကြီး.. တစ်ခုခုလိုအပ်တာများ ရှိလို့ပါလား.."

"ငါကိုယ်တော် ကနေ့ ရှုပ်ထွေးတဲ့အပြုအမူကို လုပ်ခဲ့မိတယ်.. ငါကိုယ်တော်မြတ်နိုးရတဲ့ ကိုယ်လုပ်တော်က ဒီအကြောင်းတွေကိုသိပြီး စိတ်ပူတာမလိုချင်ဘူး.. တတ်နိုင်သလောက် ဒါကို မေ့ပစ်လိုက်တော့.."

ကျိုးယွင်ရှန့်က ကျောက်ရွှမ်ရဲ့ပုခုံးကို လက်တစ်ဖက်နဲ့အုပ်ကိုင်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။

"ငါကိုယ်တော်ပြောတာကို နားလည်လား.."

ကျောက်ရွှမ်က ရင်ထဲကရုန်းကြွလာတဲ့ဒေါသတွေကို မြိုသိပ်ပြီး လေးလေးစားစား ပြန်ဖြေလိုက်တယ်။

"ကျွန်တော်မျိုး နားလည်ပါတယ်.."

ကျိုးယွင်ရှန့်က ပြုံးလိုက်ပေမယ့် မျက်ဝန်းတွေက ပြုံးမနေဘူး။ သူက ဒီစကားပြောပြီး ရထားလုံးထဲကိုဝင်သွားတယ်။ ကျောက်ရွှမ်က တကယ်ပဲ သီလသမာဓိ ပြည့်ဝတဲ့သူလား..။

အရင်ဘ၀တုန်းက သူနဲ့တော်ဝင်မင်းသားကြား အပြန်အလှန် ချစ်ခြင်းမေတ္တာကို မဖော်ပြခင်တုန်းက သူ့ကိုကြည့်ရတာ တကယ်ပဲ ချစ်ခြင်းမေတ္တာကို မခံစားတတ်တဲ့ သမာဓိပြည့်ဝသူကြီးလိုပဲ။ ဒီသီလသမာဓိပြည့်ဝသူကြီးရဲ့ သွေးဆောင်ဖျားယောင်းမှုကြောင့် အရင်ဘ၀က ကျိုးယွင်ရှန့်အနေနဲ့ နှလုံးသွေးတွေယိုစီးခဲ့တဲ့အထိ နာကျင်ခဲ့ရတယ်။ ဒီနာကျင်မှုက ကျောက်တုံးမှာရေးထွင်းထားသလို မှတ်မိနေဆဲဖြစ်လို့ ဒီိဘ၀မှာတော့ ကျောက်ရွှမ်က သူလုပ်ခဲ့တာကို ပြန်လည်ပေးဆပ်ရမယ်။

"နန်းတော်ကိုပြန်မယ်.."

ကျိုးယွင်ရှန့်က အမိန့်ပေးလိုက်တော့ ရထားလုံးက ဧကရာဇ်ကိုသယ်ဆောင်ပြီး ထွက်လာခဲ့တယ်။

ကိုယ်လုပ်တော်ကို ဒုတိယဇနီးအဖြစ် ချီးမြှင့်မြှောက်စားခြင်းက တော်ဝင်မျိုးနွယ်နဲ့ အထက်တန်းစား မင်းမှူးမတ်မိသားစုတွေ လိုက်နာရတဲ့အစဉ်အလာနဲ့ ဆန့်ကျင်နေတဲ့အတွက် နန်းတော်ထဲကအမတ်တွေက ကန့်ကွက်စာလွှာ တင်သွင်းကြပေမယ့် ကျိုးယွင်ရှန့်က ဘုရင့်အာဏာနဲ့ ပယ်ချလိုက်ပြီး ဖိအားပေးလိုက်တဲ့အတွက် လ၀က်အတွင်းမှာ ဒီကိစ္စက ငြိမ်သက်သွားတော့တယ်။

အရင်ဘ၀တုန်းကလည်း ကျိုးယွင်ရှန့်က လုံ့လရှိရှိနဲ့ တချီပြည်ကို စီမံခန့်ခွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် system ရဲ့ထိန်းချုပ်မှုကြောင့် သူက လူတွေကိုဆန့်ကျင်တဲ့အလုပ်ကိုပဲ လုပ်ခဲ့ရတယ်။ system ကပေးတဲ့ အသုံးမကျတဲ့အလုပ်တွေဖြစ်တဲ့...
'ကျောက်ပိယွမ်ကို အိပ်ယာထဲဆွဲသွင်းပါ..'
'တော်ဝင်မင်းသားကိုလုပ်ကြံဖို့ လူလွှတ်ပါ..'
'မယ်တော်ကြီးရဲ့မုန်းတီးမှုကို တိုးအောင်လုပ်ပါ..'
စတဲ့ ဒီလိုဟာတွေကို လိုက်လုပ်နေရတော့ တချီပြည်ကြီးရဲ့အရေးကိစ္စက အလိုလို ဘေးဖယ်ခံရတော့တာပဲ။

System က တကယ့်ကိစ္စရပ်ကြီးတွေကို ချီကျင်းယွိကို လုပ်ဖို့ လွှဲပေးခိုင်းတယ်။ ပြည်သူတွေရဲ့မျက်လုံးထဲ ထောက်ခံမှုရစေမယ့်အလုပ်တွေကို ပေးအပ်စေပြီး ကျိုးယွင်ရှန့်ကို သေလမ်းချည်းပဲ ပို့ပေးခဲ့တယ်။

System ထိန်းချုပ်မှုမရှိတဲ့ ဒီဘ၀မှာတော့ ကျိုးယွင်ရှန့်က တိုင်းပြည်ရေးရာကို စနစ်တကျစီမံခန့်ခွဲတယ်။ ဖရိုဖရဲဖြစ်နေတဲ့တိုင်းပြည်ကို ကြွယ်ဝတဲ့ပြည်ဖြစ်အောင် သေချာစီမံတယ်။ တစ်လလောက်လေ့လာပြီးတော့ သူက အရပ်သားအမှုထမ်းနဲ့ စစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို နားလည်သဘောပေါက်သွားတယ်။

ပြီးတော့ ရဲရင့်ပြတ်သားတဲ့အမိန့်တွေကို တစ်ခုပြီးတစ်ခု ချမှတ်တော့တယ်။ ဒီရလဒ်ကြောင့် တရားရုံးရဲ့နေ့ရက်တွေက တစ်နေ့ထက်တစ်နေ့ ခက်ခဲလာတယ်။ ပြဿနာတစ်ခုကို ကိုင်တွယ်ဆုံးဖြတ်ရင် ဘုရင်က အသေးစိတ်ကျကျ ပြန်လည်မေးမြန်းစစ်ဆေးတယ်။

အတိတ်ကာလတုန်းက ဘုရင်က ညီလာခံပြီးတာနဲ့ တော်ဝင်ကိုယ်လုပ်တော်ရှိရာကို ပြေးသွားပြီး ဆုံးဖြတ်စရာ၊ စီမံစရာတွေကို အမတ်ချုပ်ကြီးဆီပဲ လွှဲထားခဲ့တယ်။ ညီလာခံတက်တယ်ဆိုတာလည်း လူအရေအတွက်ပြည့်အောင် သွားရပ်ရုံပဲရှိပြီး ဘုရင်က ဘာအကြောင်းကိုမှ စိတ်ဝင်စားတာ၊ အသေးစိတ်မေးမြန်းတာ မလုပ်ဖူးဘူး။

အခုတော့ ညီလာခံစတာနဲ့ နှစ်မိနစ်အတွင်း ၀န်ကြီးတွေ၊ အမတ်ကြီးတွေရဲ့ တင်သွင်းလွှာတွေကို ချက်ချင်းပေးအပ်ရတယ်။ မင်းကြီးက တစ်ခုချင်းဖတ်ပြီး ကိစ္စတစ်ခုချင်းကို ဦးစားပေးစနစ်နဲ့ စီစဉ်ဖို့ ၀န်ကြီးတစ်ယောက်ကို တာဝန်ပေးထားတယ်။

တကယ်လို့ အမတ်ကြီး၊ ၀န်ကြီးတွေက ပေးအပ်ထားတဲ့အလုပ်တာဝန်ကို အချိန်မှီပြီးစီးအောင် မဆောင်ရွက်နိုင်ရင် ၀န်ကြီးက နာမည်စာရင်းမှတ်သားထားပြီး ရာထူးတိုးချိန်မှာ နောက်ကို ဖယ်ချထားခြင်းခံရတယ်။ သူတို့ကို ရာထူးကမချတာတောင် ဘုရင်ရဲ့ ချီးမြှင့်မှုတစ်ခုဖြစ်နေပြီ။

ဒီလိုနဲ့တစ်လအကြာမှာ လွှတ်တော်ကသတိမပြုမိဘဲနဲ့ ဘုရင့်ရုံးတော်က ကိုင်တွယ်တဲ့ကိစ္စရပ်တွေ လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းထားလိုက်တဲ့အတွက် ကိစ္စကြီးကြီးမားမား မရှိလာနိုင်တော့ဘူး။ ပြီးတော့ တချို့အကြောင်းအရာတွေကို ပါးနပ်စွာနဲ့ ကိုင်တွယ်ပြီး ဖြေရှင်းလိုက်တယ်။ တချို့အကြောင်းအရာတွေကို ပြည်သူတွေဆီမရောက်အောင် အမိန့်နဲ့တားဆီးလိုက်လို့ လူတွေကြားမှာ မကျေနပ်မှု၊ အုံကြွမှုတွေ မရှိလာတော့ဘူး။ ဒီအချက်က မင်းကြီးကိုဆန့်ကျင်နေတဲ့ အမတ်အုပ်စုအတွက် ရတတ်မအေးခြင်းကို ခံစားလာရစေတယ်။

ဒီနေ့တော့ အခွန်ဝန်ကြီး ကံဆိုးတဲ့အလှည့်ဖြစ်တယ်။ အခွန်ဝန်ကြီး စီမံခန့်ခွဲတာညံ့ဖျင်းလို့ ဘဏ္ဍာတော်တချို့ ပျောက်ဆုံးနေတာကို ဧကရာဇ်ကသိသွားပြီး ဒီကိစ္စကိုဆွဲထုတ်လို့ လူတွေရှေ့မှာဆူပူတယ်။ ဒေါသတကြီးနဲ့ မင်သွေးကျောက်နဲ့လှမ်းပေါက်လို့ အခွန်ဝန်ကြီးရဲ့ဝတ်ရုံတောင် မင်တွေစွန်းပေကုန်တယ်။

တစ်နေ့ထက်တစ်နေ့ မင်းကြီးရဲ့ထက်မြက်တဲ့စကားလုံးတွေက ဓားတွေထက် ပိုထက်ရှစွာနဲ့ အမတ်တွေဆီကို လွင့်ပျံလာတယ်။ တာဝန်မကျေတဲ့ဝန်ကြီးတွေက ငုံးအမြီးဝှက်သလို ခေါင်းမဖော်နိုင်အောင်၊ အသက်ရှူဖို့တောင် ကြောက်ရွံ့ရအောင် မင်းကြီးရှေ့မှာ ရပ်တန့်နေရတယ်။

ဒါပေမယ့် ကျောက်ရွှမ်ကတော့ ချွင်းချက်ပဲ။ လူတိုင်း ဧကရာဇ်မျက်နှာ မော်မကြည့်ဝံ့ချိန်မှာ သူက ၀န်ကြီးအုပ်စုရဲ့နောက်မှာကွယ်ပြီး ထက်မြက်တဲ့ဘုရင်လေးကို ခိုးကြောင်ခိုးဝှက် ငေးကြည့်နေမိတယ်။ ဘုရင်က သူ့ကို အဲ့ဒီနေ့ကအဖြစ်အပျက်ကို မေ့လိုက်ဖို့ပြောပေမယ့် ဒီမှတ်ဥာဏ်ကို သူ ဘယ်လို မေ့နိုင်မှာတဲ့လဲ။

ညတိုင်း အိပ်မက်ထဲမှာ သူက ဧကရာဇ်ကို သူ့အိပ်ယာညောင်စောင်းထက်မှာ တွန်းလှဲပြီး သူမတူအောင်လှပတဲ့ ဧကရာဇ်ကို သူ့အောက်မှာဖိထားခဲ့တယ်။ တချီပြည်ကိုအပိုင်စိုးရတဲ့ ဧကရာဇ်ပီပီ သူက အရမ်းကို မဟာဆန်လှတယ်။ ဧကရာဇ်ရဲ့မျက်ဝန်းတွေက မျက်ရည်တွေနဲ့ သူ့ကို စိုက်ကြည့်နေခဲ့တယ်။ တစ်ခါတစ်ရံ သူက သူ့နှုတ်ခမ်းကို သွေးထွက်တဲ့အထိ ဖိကိုက်ထားပြီး ညည်းသံမထွက်အောင် ထိန်းထားတဲ့ပုံလေးက ကျောက်ရွှမ်တစ်ကိုယ်လုံးကို သွေးပွက်ပွက်ဆူစေပြီး သူ့အသိစိတ်ကို လွတ်သွားစေတော့တယ်။

တစ်ကြိမ်တုန်းက နဂါးပလ္လင်ပေါ်မှာ ဧကရာဇ်နဲ့သူနဲ့ ချစ်တင်းနှောနေတာကို အိပ်မက်မက်ခဲ့သေးတယ်။ ကျောက်ရွှမ်က ဧကရာဇ်ရဲ့ သေးသွယ်တဲ့ခါးလေးကို လက်နဲ့သိုင်းဖက်ဆုပ်ကိုင်ပြီး အနောက်ပေါက်လေးကနေ ဧကရာဇ်ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ချိန်မှာ ဧကရာဇ်က နောက်ပြန်စိုက်ကြည့်လာတယ်။ ဧကရာဇ်ရဲ့မျက်ဝန်းထဲမှာ စိုစွတ်နေပြီး တောက်လောင်နေတဲ့ စိတ်ဆန္ဒတွေကို တွေ့လိုက်ရတယ်။ ကျောက်ရွှမ်က အသံနက်ကြီးနဲ့အော်ညည်းလိုက်ပြီး ဧကရာဇ်ရဲ့လည်တိုင်ကိုကိုက်လို့ အမှတ်အသား ချန်ထားလိုက်တယ်။ ပြီးတော့ ကိုက်ရာကနေ သွေးတွေစီးကျလာစေတယ်။

ရူးသွပ်စရာအိပ်မက်တွေ မက်ခဲ့ပေမယ့် နိုးထလာတိုင်း သူ့အိပ်ယာထက်မှာ ဧကရာဇ်ကိုမတွေ့ရလို့ အထီးကျန်ငြီးငွေ့စွာနဲ့ နိုးထခဲ့ရတယ်။ ဒါကြောင့် အခုတလော ကျောက်ရွှမ် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်မတည်မငြိမ်ဖြစ်နေတယ်။ ဒီညီလာခံထဲမှာ ဧကရာဇ်ရဲ့မျက်နှာကိုမြင်ရမှ၊ အမတ်တွေကိုဆူပူနေတဲ့ ဒေါသသံလေးကိုကြားရတော့မှ လစ်ဟာနေတဲ့သူ့စိတ်က နည်းနည်းတည်ငြိမ်လာတော့တယ်။

အခုချိန်မှာ ဧကရာဇ်က ဒေါသထွက်နေလို့ သူ့မျက်နှာက အနီရောင်သမ်းနေပြီး မျက်ဝန်းနက်နက်တွေက တဖျပ်ဖျပ်တောက်နေတယ်။ ဒီပုံစံက သူ့အိပ်မက်ထဲက သူ့ရင်ခွင်အောက်က ဧကရာဇ်ရဲ့ပုံနဲ့ မမျှော်လင့်ဘဲ တစ်ထပ်တည်းတူလွန်းနေတယ်။ တကယ်လို့ ဧကရာဇ်လေးရဲ့မျက်နှာမှာ သူ့ရဲ့ဝင်ရောက်မှုကြောင့် နာကျင်ရိပ်စွန်းထင်းနေမယ်ဆိုရင် သူခံစားရတာ ပိုကောင်းလာလိမ့်မယ်။

ကျောက်ရွှမ်ရဲ့ပုံစံက မတုန်မလှုပ်နဲ့ တည်ကြည်လေးနက်ပုံပေါ်နေပေမယ့် သူ့ရင်ထဲမှာ ရမ္မက်ကြောင့် ပူလောင်လို့နေပြီဖြစ်တယ်။ အတွင်းအားနဲ့ သူ့ရမ္မက်တွေကို ဖိနှိပ်ထိန်းချုပ်မထားရင် ချက်ချင်းတောင် အထွတ်အထိပ်ရောက်ပြီး လွှတ်ထုတ်မိမှာသေချာတယ်။ ဧကရာဇ်က သူ့ကိုကြည့်လိုက်ရင် သိသွားမှာစိုးလို့ သူ့ခေါင်းကိုနှိမ့်လိုက်ပြီး တပ်မက်မှုတွေနဲ့ပြည့်နေတဲ့ မျက်ဝန်းကို အမြန်ဖုံးကွယ်လိုက်ရတယ်။

ကျိုးယွင်ရှန့်က တစ်ယောက်ယောက် သူ့ကိုစိုက်ကြည့်နေတယ်လို့ ခံစားမိလို့ လှည့်ပတ်ကြည့်ပေမယ့် ဘယ်သူ့ကိုမှမတွေ့ရဘူး။ သူ့ချစ်သူကိုကြည့်တော့လည်း ခေါင်းငုံ့ထားတာကိုချည်းပဲ တွေ့နေရတယ်။ အခြားသောအမတ်တွေလို ခေါင်းငုံ့ပြီး သူမေးမြန်းတဲ့အရာတွေကို ကြောက်ရွံ့ပုံနဲ့ ပြန်မဖြေတာတွေ့ရလို့ စိတ်ဝင်စားမှုလျော့သွားပြီး တာဝန်မကျေတဲ့သူတွေကို အပြစ်ပေးပြီးတဲ့နောက် ကျိုးယွင်ရှန့် ညီလာခံစဲလိုက်တယ်။

ဧကရာဇ်မင်းကြီးထွက်သွားတော့မှ ငြိမ်ကုတ်ပြီး တုတ်တုတ်မှမလှုပ်ရဲတဲ့အမတ်တွေက စိတ်သက်သာရာရသွားပြီး မြေပြင်ပေါ်ကနေထရပ်ကာ နှစ်ယောက် သုံးယောက်ဖွဲ့ စကားပြောနေကြတယ်။ ကျောက်ရွှမ်က ဧကရာဇ်ရဲ့ မင်သွေးကျောက်တုံးလက်ချက်မိလို့ နဖူးမှာနီမြန်းနေပြီး မင်တွေစွန်းထင်းနေတဲ့ အခွန်ဝန်ကြီးကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

"အဆင်ပြေရဲ့လား ၀န်ကြီး.."

"ဘာမှမဖြစ်ပါဘူး.. ဧကရာဇ်မင်းကြီးက ကျုပ်ကို သက်ညှာပေးလိုက်တာပါ.."

ဝန်ကြီးဝမ်က ခါးသီးစွာရယ်မောပြီး လက်ဝှေ့ယမ်းကာပြောလိုက်ချိန် သူ့ရင်ဘတ်မှာလည်း မင်တွေစွန်းထင်းနေတာတွေ့လို့ ညီလာခံခန်းမကနေ အမြန်ထွက်လာခဲ့တယ်။

ကျောက်ရွှမ်က မတ်တပ်ရပ်နေရင်း ဒေါသထွက်နေတဲ့ ပါးပြင်နီနီနဲ့ တောက်ပတဲ့မျက်ဝန်းတွေကိုသတိရပြီး ပင့်သက်ရှိုက်လိုက်မိတယ်။

"တကယ်လို့ ငါသာ သူ့ကို ဒေါသထွက်အောင်လုပ်လိုက်ရင် သူ ငါ့ခေါင်းကိုထုဖို့ တစ်ခုခုကိုရှာမှာပဲ.. ဒါက သေချာပေါက် အံ့သြစရာတစ်ခုခု ခံစားရမှာသေချာတယ်.."

ဒီအတွေးတွေနဲ့ ရည်ရွယ်ချက်မရှိ လျှောက်လာမိတယ်။ သူက စိတ်လှုပ်ရှားစရာအတွေးတွေထဲ နစ်နေတုန်း နန်းတော်တံခါးဝကို ရောက်လာတော့တယ်။

"လက်အောက်ငယ်သားတပ်မှူးက ကြီးမြတ်တဲ့စစ်သေနာပတိချုပ်ကြီးကို ဂါရ၀ပြုပါတယ်.."

ရိုးသားတဲ့လူငယ်တစ်ယောက်ရဲ့ တက်ကြွတဲ့နှုတ်ဆက်စကားကို ကြားလိုက်ရမှ ကျောက်ရွှမ် သတိဝင်လာတယ်။

"မုန့်ကောင်း.. ဒီရက်တွေမှာ ဘယ်လိုနေလဲ.. အဆင်ပြေရဲ့လား.."
ကျောက်ရွှမ်က အတွေးတွေကိုရုပ်သိမ်းပြီး လွှတ်တော်ညီလာခံအစောင့်ဝတ်စုံကို ၀တ်ထားတဲ့ လူငယ်လေးကို အထက်အောက်စုန်ဆန်ပြီး သေချာစိုက်ကြည့်လိုက်တယ်။

လွှတ်တော်အစောင့်ဝတ်စုံ...??

ဧကရာဇ်က တကယ်ပဲ ဒီကောင်လေးကို လွှတ်တော်ရဲ့အစောင့်အဖြစ် ခန့်အပ်ပြီး အနားခေါ်ထားတယ်တဲ့လား။ အခုမှ အရွယ်ရောက်လာတဲ့ ကောင်လေးကို ဘာကြောင့် အနားခေါ်ထားရတာလဲ..။

"စစ်သေနာပတိကြီးကို အကြောင်းပြန်ပါတယ်.. ကျွန်တော့်ကျန်းမာရေးအခြေအနေ အရမ်းကောင်းပါတယ်.. ကနေ့က ကျွန်တော့်တာဝန်ဖြစ်လို့ ဒီကို အလုပ်လာဆင်းတာပါ.."

မုန့်ကောင်းက သူ့ဝတ်စုံသစ်ကိုရည်ညွှန်းပြီး ရှက်ကိုးရှက်ကန်းပြောလိုက်တယ်။ တော်ဝင်နန်းတော်ရဲ့ အစောင့်ဖြစ်လာတာက ရှေ့တန်းက စစ်သည်တော်လေးတစ်ယောက်အတွက် အင်မတန်ကောင်းတဲ့ ကံကြမ္မာတစ်ခုဖြစ်တယ်။ ဒီလိုချီးမြှင့်ခံရတဲ့အတွက် သူ့တက်လမ်းနဲ့အခွင့်အရေးတွေက ကျန်အဆင့်တူစစ်သည်တော်တွေထက်ကို အဆမတန် သာလွန်သွားပြီဖြစ်တယ်။

တကယ်တမ်းပြောရရင် ဧကရာဇ်ရဲ့စကားတစ်ခွန်းနဲ့ သူ့ဘ၀က မြင့်တက်လာပြီး ခုရက်ပိုင်း သူ သက်တောင့်သက်သာနေခဲ့ရတယ်။ အရင်က သူ့ကိုဖိနှိပ်ခဲ့တဲ့ ၀ူချန့်အမတ်ကြီးက အခု သူ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာကို ကြောက်လန့်နေရတဲ့အဖြစ်ကလည်း ဧကရာဇ်ရဲ့ ကြီးမားတဲ့ကောင်းချီးပေးခြင်း တစ်ခုပဲဖြစ်တယ်။

"မင်းက အခု တော်ဝင်တရားရုံးတော်ရဲ့ အစောင့်ဖြစ်လို့ ငါ့လက်အောက်ကလူ မဟုတ်တော့ဘူး.. မင်းရဲ့အကြီးအကဲက ဧကရာဇ်မင်းကြီးဖြစ်သွားပြီ.. တာဝန်ကျတယ်ဆိုရင် သွားပြီးတာဝန်ထမ်းဆောင်တော့.. မင်းအလုပ်နားတဲ့ရက်မှ အတူတူသောက်ကြတာပေါ့.."

ကျောက်ရွှမ်က ပြုံးရွှင်စွာပြောပြီး ကောင်လေးရဲ့ပုခုံးကို ပုတ်လိုက်တယ်။ မုန့်ကောင်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်။ ကျောက်ရွှမ်ကတော့ မုန့်ကောင်းရဲ့ကျောပြင်ကို စိုက်ကြည့်နေပြီး သူ့အမူအယာက တဖြည်းဖြည်း တည်ငြိမ်အေးစက်လာတယ်။

ကျိုးယွင်ရှန့်က ညီလာခံကနေထွက်လာပြီး ဖိန်းရီနန်းဆောင်ကိုလာခဲ့တယ်။ ကျောက်ပိယွမ်က ပြတင်းပေါက်နားက နူးညံ့တဲ့အိပ်ယာထက်မှာ ထိုင်ပြီး တစ်ခုခုဖတ်နေတယ်။

"မင်း ဘာဖတ်နေတာလဲ.."

ကျိုးယွင်ရှန့်က သူလာတာတောင် အလေးမထား၊ အရိုအသေမပေးတဲ့ စိတ်ပျက်စရာကျောက်ပိယွမ်ရဲ့ အမူအယာကို ဘာမှမပြောဘဲ သူမကြည့်နေတဲ့စာရင်းကို တစ်ချက်ကြည့်လိုက်တယ်။

"ကျွန်မညီမအတွက် ခင်ပွန်းလောင်း ရှာပေးနေတာ.. ကျိကုံနယ်စားကြီးရဲ့ သားအကြီးဆုံးက မဆိုးဘူး.. သူက ရုပ်ရည်ကြည့်ကောင်းရုံမကဘူး လေ့လာတဲ့နေရာမှာ တော်တယ်.. ပါရမီလည်းရှိတယ်.. သူက လိုက်ဖက်တဲ့သူ ဖြစ်နိုင်တယ်.."

ကျောက်ပိယွမ်က ပြောရင်း သေးသွယ်ဖြူဖွေးတဲ့လက်လေးနဲ့ ပါးစပ်ကိုဖုံးကွယ်ရင်း ပြောလိုက်တယ်။

ကျိကုံနယ်စားကြီးရဲ့ သားကြီးလား..။ သူ့ရဲ့ရုပ်ရည်နဲ့ သင်ယူနိုင်စွမ်းက ကောင်းတဲ့အပြင် သူ့မယ်တော်က ယွီမင်းသမီးဖြစ်တယ်။ သူက အပေါ်ယံကြည့်ရင် တကယ်ကိုသင့်တော်တဲ့ အိမ်ထောင်ဖက်တစ်ဦးဖြစ်ပေမယ့် တကယ်တော့ ဒီကောင်လေးက မွေးရာပါအားနည်းတဲ့ရောဂါနဲ့ မွေးလာလို့ လိင်ဆက်ဆံလို့မရဘူး။ တချီတစ်ပြည်လုံးမှာ ဒီအကြောင်းကိုသိတာ ၁၀ ယောက်ထက်မပိုပေမယ့် ကျောက်ပိယွမ်က ဒီအကြောင်းကိုသိနေတယ်ဆိုတော့ နန်းတော်ထဲမှာ တကယ့်နောက်ခံကောင်း ရှိနေပုံရတယ်။

တော်ဝင်မင်းသား ချီကျင်းယွိက ကျောက်ပိယွမ်အပေါ် ခံစားချက်လေးနက်တယ်။ သူမ မကောင်းကြံမယ့်လူက ကျောက်ရွှမ်ရဲ့ညီမဆိုတာကို သိတာတောင် တားဆီးဖို့မလုပ်ဘူး။ တကယ်လို့ ဒီအကြောင်းကို ကျောက်ရွှမ်သိရင် သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျိုးယွင်ရှန့် သိချင်လာတယ်။

ကျိုးယွင်ရှန့်အနေနဲ့ သဘောတူသင့်သလား၊ မတူသင့်ဘူးလား..။

ကျိုးယွင်ရှန့်က ကျောက်ပိယွမ်ရဲ့ အပိုင်ပေါက်တွက်ထားတဲ့မျက်နှာကို ပြုံးပြုံးနဲ့စိုက်ကြည့်ပြီး စာရင်းကို လက်ထောက်ပြကာ ပြောလိုက်တယ်။

"ဒါဆိုရင် ငါကိုယ်တော် သူ့ကို ကျီကုံနယ်စားရာထူးပေးလိုက်မယ်.. ရက်ပိုင်းအတွင်း အမိန့်တော်ထုတ်ပြန်လိုက်မယ်.."

"ကျွန်မညီမရဲ့ကိုယ်စား ဧကရာဇ်မင်းကြီးကို ကျွန်မ ကျေးဇူးတင်ပါတယ်.."

ကျောက်ပိယွမ်က ကောင်းချီးမင်္ဂလာကို လက်ခံလိုက်ရတဲ့သူလို နှုတ်ခမ်းက ပြုံးရွှင်လို့နေတယ်။

ကျိုးယွင်ရှန့်က သူမရဲ့ဟန်ဆောင်မျက်နှာနဲ့ စကားကို ငြီးငွေ့နေလို့ စာရင်းကို စားပွဲပေါ်တင်ရင်း ပြောလိုက်တယ်။

"ငါကိုယ်တော်ရဲ့ ဆဋ္ဌမမြောက် ညီတော်မင်းသားက ၁၈ နှစ်ပြည့်ပြီးလို့ အရွယ်ရောက်နေပြီ.. ဒါကြောင့် ဒီနှစ်ထဲမှာ သူ ဇနီးတစ်ယောက် လက်ထပ်ယူဖို့သင့်ပြီ.. မင်းမှာ အချိန်အားရင် မယ်တော်ကြီးနန်းဆောင်ကိုသွားပြီး ကြင်ဖက်မိန်းကလေး ရွေးတဲ့နေရာမှာ တစ်ချက်ကူညီပေးပါလား.. သင့်တော်တဲ့မိန်းကလေးတွေ့ရင် မင်္ဂလာကိစ္စကို ငါကိုယ်တော် စီစဉ်လို့ရတာပေါ့.."

ကျောက်ပိယွမ်ရဲ့ မျက်နှာကအပြုံးက ချက်ချင်း အေးခဲသွားပြီး ပင့်သက်တိုးတိုးနှစ်ချက်ချလို့ အမိန့်နာခံကြောင်း တိုးတိုးလှမ်းပြောလိုက်တယ်။ ကျိုးယွင်ရှန့်က သူမကို ထွက်မသွားစေဘဲ မယ်တော်ကြီးနေတဲ့ စွတ်နဉ်နန်းဆောင်ကို ခေါ်ဆောင်လာခဲ့တယ်။

မယ်တော်ကြီးက အသက်ကြီးနေပြီဖြစ်လို့ သူမရဲ့နန်းဆောင်က အိပ်ယာထက်မှာ သက်တောင့်သက်သာလှဲနေပြီး သူမရဲ့သား ဒုတိယမင်းသားနဲ့ ချော့မြှူကစားရင်း မျက်နှာက ချစ်ခြင်းမေတ္တာတို့နဲ့ နူးညံ့ရွှန်းလက်လို့နေတယ်။ သူမနန်းဆောင်ထဲကိုဝင်လာတဲ့ နှစ်ယောက်ကိုတွေ့တော့ အမူအယာက မပြောင်းလဲပေမယ့် မျက်ဝန်းထဲကနူးညံ့မှုတွေက လျော့ကျသွားခဲ့တယ်။

ဒီအမူအယာကိုတွေ့တော့ မယ်တော်ကြီးက ချီကျင်းယွိနဲ့ကျောက်ပိယွမ်တို့ ဖောက်ပြန်နေတာကို သိတယ်ဆိုတာ ခိုင်မာသွားတယ်။ မဟုတ်ရင် မယ်တော်ကြီးက ဒုတိယမင်းသားကို ဘာကြောင့် ဒီလောက် ချစ်ခင်အလိုလိုက်နေမှာလဲ။ ကျိုးယွင်ရှန့်ရောက်မလာခင်က ချီရိနဉ်ဆီမှာ ငါးနှစ်အရွယ် ပထမသားတော်ရှိတယ်။ ပထမမင်းသားလေးက အကင်းပါးပြီး ချစ်စရာကောင်းတယ်။ ဒါပေမယ့် မယ်တော်ကြီးက ပထမသားတော်လေးကိုကြည့်တိုင်း မျက်နှာထားတင်းမာနေပြီး ဘယ်တော့မှ မျက်နှာသာမပေးဘူး။

မိဖုရားစူးကျယ်ယွီက မယ်တော်ကြီးကို အရိုအသေပေးဖို့ ပထမမင်းသားကိုခေါ်လာတိုင်း မယ်တော်ကြီးက အမြဲခေါင်းကိုက်လို့ မတွေ့နိုင်ဘူးဆိုပြီး ရှောင်နေလို့ ပထမမင်းသားလေးက အဆောင်အပြင်ကပဲ ဒူးထောက်အရိုအသေပေးခဲ့ရတယ်။ သူမက ချီရိနဉ်ရဲ့သားတော်ကို ဘယ်တော့မှ အသိအမှတ်မပြုဘူး။ ဘာကြောင့်လဲဆိုတော့ ချီရိနဉ်ကြောင့် သူမသားက ထီးနန်းကို လွဲသွားတာဖြစ်တယ်။

မယ်တော်ကြီးက ကျောက်ပိယွမ်ကို မနှစ်သက်ပေမယ့် ကျောက်ပိယွမ်က စုန်းမလိုမျိုး ချီရိနဉ်ကိုညှို့ယူပြီး နိုင်ငံရေးတွေမှာ လစ်ဟင်းစေတယ်။ ဒါကြောင့် သူမရှိတာ သူ့သားအတွက် အထောက်အကူပြုလို့ တုံ့ဆိုင်းစွာနဲ့ သူမကို လက်ခံလာတာဖြစ်တယ်။ ချီကျင်းယွိက ကျောက်ပိယွမ်ကို တကယ့်ကိုမြတ်နိုးလို့ မိဖုရားနဲ့ကိုယ်လုပ်တော်တွေကို မေ့လျော့နေခဲ့တယ်။ သူက မိန်းကလေးတွေကို အာရုံမစိုက်လို့ မြေးတော်လေးတွေကို လိုချင်နေတဲ့ မယ်တော်ကြီးက စိတ်ပျက်နေမိတယ်။

ဒုတိယမင်းသားလေး မွေးဖွားလာတော့ ဖအေရင်းက ဘယ်သူဆိုတာ မရှင်းပေမယ့် မယ်တော်ကြီးက ဒီကလေးကို ပေါ်တင်ကို အလေးထားပြီး အမြဲတမ်းအနားခေါ်ထားပြီး ပြုစုယုယပေးတယ်။

"မင်းကြီး.. အလည်မလာတာကြာပြီပဲ.. ထိုင်ပါဦး.."

"သားတော် မယ်တော့်ကို မေးစရာရှိလို့ပါ.. ဆဋ္ဌမမြောက်ညီတော်နဲ့ လက်ဆက်ပေးဖို့ သင့်တော်တဲ့မိန်းကလေးများ မယ်တော် လျာထားတာများရှိသလား.."

"မင်းကြီးရဲ့အစီအစဉ်က ဘာများလဲ.."

ကျောက်ပိယွမ်ရဲ့ထိန်းချုပ်မှုအောက်မှာ ချီရိနဉ်ရဲ့ နိုင်ငံရေးဘက်လွှမ်းမိုးနိုင်စွမ်းတွေ လျော့ပါးလာပြီး ချီကျင်းယွိက အခွင့်အရေးအများကြီးရခဲ့တယ်။ ဒါပေမယ့် ဒီတလော ဘုရင်က နိုးကြားလာပြီး နိုင်ငံရေးနဲ့တိုင်းပြည်စီမံခန့်ခွဲရေးမှာ တက်တက်ကြွကြွနဲ့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတယ်။ လွှတ်တော်ထဲက သားတော်ချီကျင်းယွိလုပ်ထားတဲ့ အဆက်အသွယ် အားလုံးနီးပါးကို ရှင်းထုတ်ပစ်လိုက်တယ်။

ချီရိနဉ်က ဘယ်လောက်ထိ သိထားပြီလဲဆိုတာ မသေချာလို့ မယ်တော်ကြီးက သူမခံစားချက်ကို မြိုသိပ်ပြီး အသာမေးလိုက်တယ်။ အခုချိန်မှာ သူမထင်သလို မလုပ်ဝံ့သေးဘူး။

"သားတော်ရွေးထားတဲ့ လူစာရင်းပါ.. မယ်တော် ဘယ်လိုသဘောရပါသလဲ.."

ကျိုးယွင်ရှန့်က အထက်တန်းလွှာအနွယ်တော် မိန်းကလေးတွေရဲ့ စာရင်းအရှည်ကြီးကို ကမ်းပေးလိုက်တယ်။ ဒီထဲမှာ အရင်ဘ၀က ချီကျင်းယွိရဲ့ဇနီးဖြစ်ခဲ့တဲ့ ဒုတိယအဆင့် ကျင်းကောနယ်စားကြီးရဲ့ သမီးကြီး လော့လန်သခင်မလေး ပါတယ်။

မယ်တော်ကြီးက ဒီစာရင်းကိုတစ်ချက်ကြည့်ပြီး သူမရဲ့မြေးတော်စပ်သူရဲ့ နာမည်ကိုတွေ့တော့ တစ်ချက်စဉ်းစားလိုက်တယ်။

ချီရိနဉ်ရဲ့ ဖိအားပေးမှုမရှိဘဲနဲ့တောင် ကျင်းကောနယ်စားမိသားစုက မကြာခင် သြဇာအာဏာကျလာမှာ သေချာတယ်။ ပထမမျိုးဆက်နယ်စားကြီးက သောက်စားသုံးဖြုန်းဖို့ပဲသိပြီး ဒုတိယမျိုးဆက်နယ်စားကတော့ စာမေးပွဲမှာ အဆင့် ၁၀နဲ့အောင်ပြီး အသက် ၁၈ နှစ်ပြည့်ကတည်းက ရုံးတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာ အခု အသက် ၄၀ ရှိပြီ။ သူက ရုံးတော်မှာ ဒုတိယအဆင့်ထိ ရာထူးတိုးပေးခံရပြီး နန်းတော်ထဲမှာ အဆက်အသွယ် ခိုင်မာလေးနက်ပြီး နာမည်ကောင်းရထားတယ်။ ဒါကြောင့် သူ့ကို ရာထူးကြီးတစ်ခုတပ်ထားပြီး တကယ်လုပ်နိုင်စွမ်း မရှိတဲ့လူတွေထက်စာရင် ပိုကောင်းတယ်။

တကယ်တော့ အရင်ဘ၀က ချီရိနဉ်က ကျင်းကောနယ်စားကြီးကို မုန်းတီးပေမယ့် လော့ကျန်းရဲ့ရာထူးတက်လာတာကို ဘာမှမသက်ရောက်တာကို ကြည့်ခြင်းအားဖြင့် ကျင်းကောဒုတိယမျိုးဆက်နယ်စား လော့ကျန်းက ပါရမီရှိပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ထင်ရှားတယ်။

မယ်တော်ကြီးက လော့လန်အကြောင်းကို ကြားဖူးထားတယ်။ အရင်ဘ၀က လော့လန်နဲ့ သူမသားကိုလက်ထပ်ခွင့်ပြုလိုက်ပြီး လော့လန်က သူမအိမ်တော်ကို သေချာစည်းရုံးလို့ သားတော်ကို အထောက်အပံ့ကောင်းဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်။

လော့ကျန်းက တကယ်ထူးချွန်သူဖြစ်ပြီး သူက ချီကျင်းယွိကို အကြံကောင်းပေးခဲ့တယ်။ သူ့အကြံတွေကြောင့် ခုနစ်နှစ်အတွင်း ချီကျင်းယွိရဲ့လုပ်နိုင်စွမ်းတွေက အရမ်းတက်လာပြီး လွှတ်တော်မှာ အောင်မြင်မှုအားလုံးနီးပါး ရယူနိုင်ခဲ့တယ်။ သူ့ကြောင့်သာမဟုတ်ရင် ချီကျင်းယွိက ဘုရင့်နေရာကို ဒီလောက်မြန်မြန်နဲ့ လွယ်လွယ် လုမယူနိုင်လောက်ဘူး။

လော့ကျန်း အလုပ်ကြိုးစားရခြင်းက ချီရိနဉ်ရဲ့ဦးနှောက်မရှိပုံကို မကြိုက်တာကြောင့်ရယ် သူ့သမီးက ချီကျင်းယွိနဲ့လက်ထပ်ပြီး     သူတို့ကျင်းကောအိမ်တော်နဲ့ ပူးပေါင်းလိုက်တာကြောင့်ရယ် သားမက်ဖြစ်သူ ချီကျင်းယွိကို ဘုရင်ဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့တာပဲဖြစ်တယ်။
ကျိုးယွင်ရှန့်က စောစောသေသွားလို့ လော့ကျန်းက ဘက်ပြောင်းပြီး ချီကျင်းယွိဘက်ကူးသွားတာကို မသိခဲ့ဘူး။ လော့ကျန်းက သူ့သမီးအတွက် ကြိုးစားပေးခဲ့ပေမယ့် သမီးဖြစ်သူကံဆိုးတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ သူ့သမီးလော့လန်က ချီကျင်းယွိနဲ့လက်ထပ်ပြီး ခုနစ်နှစ်အတွင်း သားသမီးမရခဲ့ဘူး။ ဒါ့အပြင် ပုန်ကန်မှုဖြစ်တဲ့ကာလအတွင်းမှာ လော့လန်က ဖျားနာပြီးသေဆုံးသွားခဲ့တယ်။ ချီကျင်းယွိက လော့လန်ကို ကြင်နာစွာပြုစုခဲ့တယ်။ လော့လန်က ကိုယ်ဝန်မရနိုင်ပေမယ့် မယားငယ်နဲ့ ကိုယ်လုပ်တော်မထားဘဲ နေခဲ့လို့ သစ္စာရှိခင်ပွန်းဆိုတဲ့နာမည်ကောင်းကို ရရှိခဲ့တယ်။ လော့ကျန်းက ဒီအချက်ကြောင့် ချီကျင်းယွိကို ပိုပြီးသစ္စာရှိလာတယ်။ သူ့မှာ သားငါးယောက်ရှိပေမယ့် သမီးက တစ်ယောက်တည်းရှိတယ်။ ဒါကြောင့် သမီးကို တန်ဖိုးထားတဲ့သားမက်အတွက် အစွမ်းကုန်ကြိုးစားပေးတာဖြစ်တယ်။

ဒီအချက်က ကျိုးယွင်ရှန့်အတွက်တော့ ဟာသတစ်ခုပဲဖြစ်တယ်။ တကယ်တော့ ချီကျင်းယွိ နောက်မိန်းမ မယူတာက သူ့မိန်းမကျောက်ပိယွမ်နဲ့ ဖောက်ပြန်နေတာကြောင့်လေ။

လော့လန်ကလေးမရဘဲ မြုံသွားတာလည်း သွေးရိုးသားရိုးတော့ မဟုတ်ဘူး။ ပြီးတော့ ပုန်ကန်မှုကာလမှာ လော့လန်က ဘာကြောင့် ဖျားနာပြီး သေဆုံးသွားရတာလဲ။ ကျောက်ပိယွမ်က တော်ဝင်မင်းသားချီကျင်းယွိရဲ့ မိဖုရားနေရာကိုရဖို့ ဘာကြောင့် အတားအဆီးမရှိ ဖြစ်လာရတာလဲ။

သူမဆီက အသုံးဝင်တာတွေအားလုံး ညှစ်ယူခံရပြီးမှ သနားစဖွယ် သေဆုံးသွားရတာတောင်မှ လော့လန်က ကမ္ဘာပေါ်မှာ သူမက ကံအကောင်းဆုံးပဲလို့ ထင်နေခဲ့တယ်။

လော့ကျန်းက တကယ်လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတော်ဖြစ်လို့ ချီကျင်းယွိဆီကို ကျိုးယွင်ရှန့် မပေးနိုင်ဘူး။ တကယ်လို့ သူတို့နှစ်ယောက်တွေ့သွားရင် ချီကျင်းယွိအတွက် လော့လန်က အကောင်းဆုံး ကိုင်ထားလို့ရတဲ့ နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားလိမ့်မယ်။

မယ်တော်ကြီးက လော့လန်ရဲ့အမည်ရင်းကိုကြည့်ပြီး တွန့်ဆုတ်နေတာကိုတွေ့တော့ ကျိုးယွင်ရှန့်က လော့လန်ရဲ့နာမည်ကို ထောက်ပြပြီး ပြောလိုက်တယ်။

"မယ်တော်.. ဒီတစ်ယောက်ကတော့ သင့်တော်တဲ့မိသားစုက လာတာဖြစ်ပြီး မင်းသားလေးနဲ့စုံဖက်ပေးဖို့ အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်.. မယ်တော်ရော ဘယ်လိုသဘောရသလဲ.."

မယ်တော်ကြီးက မျက်မှောင်တစ်ချက်ကြုံ့ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ကျိုးယွင်ရှန့်နဲ့မယ်တော်ကြီးက ဘာမှမဖြစ်သလို မင်္ဂလာကိစ္စကို အားတက်သရောဆွေးနွေးနေချိန် ကျောက်ပိယွမ်က ဟန်လုပ်ထားတဲ့အပြုံးမျက်နှာနဲ့ ဘေးမှာ ကျောက်ရုပ်လိုထိုင်ကြည့်နေတယ်။ သူမစိတ်နှလုံးက ဒီဆွေးနွေးသံကိုကြားတော့ နာကျင်လွန်းလို့ သူမရဲ့သား ဒုတိယမင်းသားလေး ငိုကြွေးနေတာတောင် သူမ ဘယ်လိုမှ သတိမထားမိအောင် အသိစိတ်လွင့်နေမိတယ်။

ကျိုးယွင်ရှန့်က ကျောက်ပိယွမ်ရဲ့ညီမဖြစ်သူကို ကျိကောနယ်စားရဲ့သားနဲ့ လက်ထပ်ပေးဖို့ သဘောတူလိုက်ပြီဆိုတဲ့သတင်းက နန်းတော်ထဲ ပျံ့နှံ့သွားတယ်။

အမတ်ကတော်ကြီးက ကျောက်ပိယွမ်ယုတ်မာပြီး သူ့သမီးကို မကောင်းတဲ့အိမ်တော်က သားတစ်ယောက်နဲ့ ပေးစားမှာကိုစိုးရိမ်နေတုန်း မထင်မှတ်ထားပဲ တော်ဝင်မိသားစုနဲ့ ဆွေမျိုးတော်စပ်တဲ့ ကျိကောနယ်စားမိသားစုနဲ့ လက်ဆက်ပေးဖို့လုပ်တယ်ကြားတော့ အံ့အားသင့်သွားတယ်။ အမတ်ကတော်ကြီးက အပျော်လွန်ပြီး ဒူးထောက်လို့ ဗုဒ္ဓဘုရားကို ချက်ချင်း ဦးချကန်တော့လိုက်မိတယ်။ အမတ်ဟောင်းကြီးကတော့ အရမ်းကိုဝမ်းသာသွားပြီး သူ့သမီးကိုအိမ်ပြန်ခေါ်ဖို့ အခေါ်လွှတ်လိုက်တယ်။

သုံးရက်ကြာတော့ သားအမိနှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လို့ ၀မ်းသာစွာနဲ့ ငိုကြွေးနေကြတယ်။

"လူတိုင်းကပြောကြတာတော့ ဘုရင့်ကြင်ယာတော်ဆိုတာ အမြဲ ဂုဏ်သိက္ခာကြီးမြတ်တယ်တဲ့.. သူ မင်းကို မကောင်းမကြံဘူး တွေ့လား.. သူက မင်းကို မိသားစုကောင်းကောင်းတစ်ခုကသားနဲ့ လက်ထပ်ခွင့်ရအောင် လုပ်ပေးခဲ့ပြီ.. နန်းတော်ထဲသွားပြီး တော်ဝင်ကိုယ်လုပ်တော်ကို ကျေးဇူးတင်စကားပြောလိုက်ဦး.. တော်ဝင်ကိုယ်လုပ်တော်ကြောင့်သာမဟုတ်ရင် မင်းလည်း ဒီလိုမိသားစုနဲ့ ဆုံခွင့်ရမှာမဟုတ်ဘူး.."

ဖခင်ဖြစ်သူ အမတ်ဟောင်းကြီးက အကြံပေးလိုက်တယ်။

"ကျွန်မတို့သားအမိ သွားလိုက်ပါ့မယ်.. အမတ်ကြီး.. ကျွန်မပြင်ထားတဲ့လက်ဆောင်ပစ္စည်းကို တစ်ချက်ကြည့်ပေးပါဦး.."

အမတ်ကတော်ကြီးက ရက်ရောလှစွာနဲ့ လက်ဆောင်တွေကို ပြင်ဆင်ထားလိုက်တယ်။ သူ့ယောက်ျားက အသုံးမကျမှတော့ သူ့သားသမီးတွေက သူ့မျှော်လင့်ချက်ဖြစ်လာတယ်။ ကျောက်ပိယွမ်က သူ့ကလေးတွေကို ဒုက္ခမပေးသရွေ့ သူကလည်း ကျောက်ပိယွမ်စီမံတာကို နာခံဖို့ ဆန္ဒရှိပါတယ်။

အမတ်ကြီးက ရွှေချောင်းတချို့ပေးပြီး လက်ဆောင်ကိုထပ်ဖြည့်ခိုင်းတယ်။ ဒါပေမယ့် သူက ဒုတိယဇနီးကိုပါ ခေါ်ဆောင်သွားခိုင်းတယ်။ ဒါကြောင့် အမတ်ကတော်ကြီးက ဒုတိယဇနီးကိုပါ ခေါ်သွားလိုက်ရတယ်။

ကျောက်ပိယွမ်ရဲ့မိခင်ဖြစ်သူ ဒုတိယဇနီးက ဒီလက်ထပ်ပွဲရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို သေချာသိပြီးဖြစ်တယ်။ လက်ထပ်တာက လက်ထပ်တာပဲ။ ယွီမင်မင်းသမီးက အင်အားကြီးတဲ့ တော်ဝင်မိသားစုကဖြစ်တာကြောင့် လက်ထပ်ပွဲပြီးလို့ ကျောက်ရှင်းရန်က အကြောင်းရင်းမှန်ကိုသိသွားရင်တောင် သူမရဲ့နစ်နာမှုကို ဘယ်ကိုမှ မတိုင်တန်းဝံ့ဘဲ ကျိတ်မှိတ်မြိုသိပ်ရုံပဲ တတ်နိုင်လိမ့်မယ်။ တကယ်လို့ ကျောက်ရှင်းရန်က သတ္တိသိပ်ကောင်းပြီး ဒီကိစ္စကိုတိုင်ကြားမယ်၊ လူသိရှင်ကြား ထုတ်ပြောမယ်ဆိုရင် သူ့ယောက္ခမဖြစ်သူက ကျောက်ရှင်းရန်ကို အရှင်လတ်လတ် ငရဲကျအောင် လုပ်ပစ်မှာသေချာတယ်။

ဒုတိယဇနီးက သူမသမီးနဲ့ သဘောတူထားတဲ့အတိုင်း ဒီကိစ္စကို မသိကျိုးကျွံပြုထားပေမယ့် မျက်ဝန်းထဲမှာတော့ လှောင်ပြောင်ရိပ်က စွန်းထင်းနေတယ်။

••••••••••••••••••••••••••••••

"အရှင်.. သခင်မကြီးက အရှင့်ကို အိမ်ပြန်လာဖို့ ပြောလိုက်ပါတယ်.. အရှင့်ညီမ အိမ်ပြန်ရောက်နေပြီတဲ့.."

နန်းစောင့်တပ်သားတစ်ဦးက တံခါးဝမှာရပ်ပြီး သတင်းပို့လိုက်တယ်။

"ကောင်းပြီ.."

ကျောက်ရွှမ်က လျောလျောလျူလျူ ပြန်ဖြေလိုက်ပေမယ့် သူ့လက်ထဲကစုတ်တံက ဆွဲလက်စစုတ်ချက်ကို ဆက်ဆွဲပြီး အဆုံးသတ်နေတယ်။ ပုံဆွဲစက္ကူပေါ်မှာ ညကအိပ်မက်ကို အသေးစိတ်သရုပ်ဖော် ရေးဆွဲထားတာဖြစ်တယ်။ ရေးဆွဲပြီးသွားတော့ ကျောက်ရွှမ်က ပန်းချီကားကို အကြာကြီးစိုက်ကြည့်ပြီး ဆေးခြောက်သွားအောင် လေနဲ့ အသာမှုတ်ပေးနေတယ်။

ဒီပုံကိုကြည့်ရင်း ကျောက်ရွှမ်တစ်ကိုယ်လုံး ပူပြင်းလာတယ်လို့ ခံစားရပြီး သူရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုက သံချောင်းလို မာကျောလာတယ်။ ခုရက်ပိုင်း ညအိပ်ခါနီးတိုင်းနဲ့ မနက်နိုးလာတိုင်း ကျောက်ရွှမ်ခမြာ ပူလောင်နေတဲ့နေရာကို ရေနဲ့ မကြာခဏလောင်းလောင်းပြီး သက်သာအောင် လုပ်ပေးနေရတယ်။

အထူးသဖြင့် ညီလာခံခန်းမထဲမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုချောလာတဲ့ ဧကရာဇ်ကို တွေ့ရပြီးနောက်ပိုင်း ကျောက်ရွှမ်ရဲ့ရင်ထဲက မြတ်နိုးစိတ်နဲ့ ဆန္ဒမီးတွေက ပင်လယ်လှိုင်းလုံးလို ဆက်တိုက် တိုးမြင့်ရိုက်ခတ်လို့လာတယ်။ ဒီအမျိုးသားလေးကို စိုက်ကြည့်နေချိန်မှာ ကျောက်ရွှမ်က ဆေးခတ်ခံရတဲ့လူလို မူးယစ်ရီဝေနေပြီး သူ့အသိစိတ်ကို လွတ်ထွက်အောင် ပြုစားခံနေရသလို ခံစားနေရတယ်။

ဒီလိုမျိုး ထိန်းမနိုင်သိမ်းမရ သူ့ရင်ထဲမှာ မြတ်နိုးစိတ်နဲ့ ဆန္ဒမီးတောက်တွေ တောက်လောင်လာမယ်ဆိုတာများ ကြိုသိခဲ့ရင် ဟိုတစ်နေ့ကတည်းက အိပ်ယာပေါ်မှာ သူ ဧကရာဇ်ကို အရယူခဲ့ပါတယ်။ ပြီးရင် သူတို့ကို ဘယ်သူမှလိုက်မဖမ်းနိုင်အောင် ဧကရာဇ်ကို သူပိုင်တဲ့အနောက်မြောက်ဒေသကို ပြန်ပေးဆွဲသွားမယ်။ ဒါဆို ဒီအမျိုးသားလေးရဲ့ လှပတဲ့မျက်နှာကို သူတစ်ယောက်ပဲ အ၀ကြည့်လို့ရမယ်။ သူတစ်ယောက်ပဲ ထိတွေ့ကိုင်တွယ်လို့ရမယ်။ ကျောက်ပိယွမ်မကလို့ မုန့်ကောင်းပဲဖြစ်ဖြစ် ဘယ်သူမှ သူတို့ကို ကြည့်လည်းမကြည့်ရ၊ ထိလည်း မထိရတော့ဘူး။ သူတို့နှစ်ယောက်ကြား ဘယ်သူ ဘယ်သရဲ ဘယ်တစ္ဆေမကောင်းဆိုးဝါးမှ ၀င်နှောင့်ယှက်လို့မရတော့ဘူး။

သူ့ရဲ့အတွေးတွေ၊ စိတ်တွေက မှောင်မိုက်နေပြီး ကြောက်စရာကောင်းအောင် အတွေးပွားနေချိန် ကျောက်ရွှမ်က လက်မှာပေနေတဲ့မင်တွေကို ဆေးကြောပြီး ယွိကောနယ်စားမင်းရုံးကနေ ထွက်လာခဲ့တယ်။

"ရွှမ်အယ်.. သား ပြန်လာပြီလား.. ရှင်းရန်က တံခါးဝကနေ မင်းကို ရပ်စောင့်နေရတာ ကြာလှပြီ.. သူ့ခမျာ လည်ပင်းတောင် ရှည်ထွက်လာပြီလို့တောင် ထင်ရတယ်.."

"အစ်ကိုကြီး ပြန်လာပြီလား.. ရှင်းရန်က အစ်ကိုကြီးကို လွမ်းနေတာ.."

"အစ်ကိုကြီး ပြန်လာပြီလား.. ကျွန်တော့်ကို မြင်းစီးဖို့ ခေါ်သွားပေးပါဦး.."

အမတ်ကတော်ကြီးက သားနဲ့သမီးခြံရံပြီး သားကြီးကျောက်ရွှမ်ကို ကြိုဆိုနှုတ်ဆက်လိုက်တယ်။ ညီနဲ့ညီမကလည်း ကျောက်ရွှမ်ကို ၀ိုင်းပြီး ချွဲနွဲ့ပူဆာကြတယ်။

ကျောက်ရွှမ်က ဘာမှပြန်မပြောဘဲ ခေါင်းတစ်ချက်ပဲညိတ်လိုက်ပြီး သူ့အိပ်ခန်းရှိရာကို တန်းလာခဲ့တယ်။ ကျောက်ရွှမ်က စကားနည်းပြီး နှုတ်ဆိတ်တဲ့အကျင့်ရှိလို့ အမတ်ကတော်ကြီးက ကျင့်သားရနေပြီးသားဖြစ်တယ်။

ထိုင်ခုံမှာထိုင်ပြီးပြီးချင်း အမတ်ကတော်ကြီးက ကျောက်ပိယွမ်က ကျောက်ရှင်းရန်အတွက် ကျိကောနယ်စားကြီးရဲ့သားနဲ့ လက်ထပ်ပေးဖို့ စီစဉ်လိုက်တဲ့အကြောင်းကို ၀မ်းသာအားရ ဂုဏ်ယူစွာ ပြောပြလိုက်တယ်။ တော်ဝင်မိသားစုက ယွိမင်မင်းသမီးနဲ့ နယ်စားရဲ့သားတော်က ရုပ်ရည်ချောမောလှပတဲ့အတွက် မြို့တော်ကမိန်းကလေးတွေရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက ကျောက်စိမ်းမင်းသားလေးဆိုပြီး နာမည်ကြီးတဲ့အကြောင်း၊ ဒီလိုလက်ထပ်ပွဲမျိုးက လူတစ်သန်းမှာ တစ်ယောက်လောက်ပဲရတဲ့ ကံကောင်းတဲ့လက်ထပ်ပွဲဖြစ်ကြောင်း ၀မ်းသာအားရနဲ့ သားကြီးဖြစ်သူကျောက်ရွှမ်ကို ပြောပြနေတယ်။

"ကျောက်စိမ်းမင်းသားလေး ဟုတ်လား.."

ကျောက်ရွှမ်က ဒီနာမည်ကိုကြားလိုက်တာနဲ့ ကျောက်စိမ်းဖြူရောင် အသားအရေရှိတဲ့ တစ်စုံတစ်ယောက်ကို ပြေးမြင်လာပြီး ချက်ချင်းကို သူ့ကိုယ်အောက်ပိုင်းက နိုးကြားလာတော့တယ်။ သူ့အမေမရိပ်မိအောင် အနေအထားကိုပြောင်းထိုင်လိုက်ပြီး အလေးအနက်ပြောလိုက်တယ်။

"ဒီလက်ထပ်ပွဲက ကျင်းပနိုင်မှာမဟုတ်ဘူး.. ဒီဟာကိုဖျက်ဖို့ ကျွန်တော် နည်းလမ်းရှာလိုက်မယ်.."

အခန်းထဲကလေထုက ချက်ချင်း အေးခဲသွားတယ်။ အမတ်ကတော်ကြီးနဲ့ သူ့သမီးက တစ်ယောက်မျက်နှာကိုတစ်ယောက် မယုံနိုင်စွာငေးကြည့်ရင်း ငုတ်တုတ်မေ့သွားကြတယ်။

"နယ်စားကြီးကျိကောရဲ့သားက ယောက်ျားတကာတွေလို စွမ်းဆောင်နိုင်တဲ့ခွန်အားမရှိဘူး.."

ကျောက်ရွှမ်က အနောက်မြောက်ဒေသမှာ သုံးနှစ်တိတိနေခဲ့ပေမယ့် သူ မြို့တော်ပြန်လာတိုင်း ထူးခြားတဲ့သတင်းတွေကို အကုန်သိရတယ်။ သူ့အနေအထားအရ တိုင်းပြည်တစ်ဝှမ်းလုံးက သူ့ကို ဖုံးကွယ်နိုင်တဲ့သတင်း တစ်ခုမှမရှိအောင် သြဇာကြီးမားနေပြီဖြစ်တယ်။ တကယ်လို့ သတင်းတစ်ခုကို သူရထားရင် ဘယ်တော့မှမလွဲဘူး။

"မဖြစ်နိုင်ဘူး.."

အမတ်ကတော်ကြီးက အသံအကျယ်ကြီးနဲ့ ငြင်းလိုက်ပေမယ့် သူ့သားက ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ ဟာသမလုပ်တတ်ဘူးဆိုတာ သူမ အသိဆုံးဖြစ်တယ်။ ဒီစကားကမှန်တယ်ဆိုတာ သူ့နှလုံးသားက ချက်ချင်းသိလိုက်တယ်။

ကျောက်ရှင်းရန်ရဲ့မျက်နှာက ပြိုတော့မယ့်မိုးလို အုံ့မှိုင်းလာတယ်။ သူက စိတ်ရှုပ်ထွေးနေတဲ့မောင်လေးရဲ့ လက်မောင်းကိုအားပြုထားပြီး သွားစေ့ကာ ပြောလိုက်တယ်။

"ကျောက်ပိယွမ်က ကျွန်မကိုအလွတ်မပေးဘူးဆိုတာ ကျွန်မသိတယ်.. မစွမ်းဆောင်နိုင်တဲ့လူနဲ့ ကျွန်မကို လက်ထပ်ပေးလိုက်ပြီး ကျွန်မဘ၀ကို ရှင်လျက်နဲ့သေအောင်လုပ်ဖို့ ကြံထားတာပဲ.. သူက ကျွန်မကို သတ်ချင်နေတာ.. အစ်ကိုကြီး.. ကျွန်မအတွက် သူမကို ကလဲ့စားချေပေးပါ.."

ဒီကိစ္စကို ဖအေဖြစ်တဲ့အမတ်ကြီးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာ ကျောက်ရှင်းရန်သိတယ်။ သူ့အဖေက သူ့ကို မယုံကြည်ရုံမကဘူး သူမကို ကျက်သရေမရှိဘူးလို့ကို ပြောခဲ့တယ်။ ဒီကိစ္စကို ကလဲ့စားချေပေးနိုင်တာ သူ့အစ်ကိုကြီးပဲရှိတော့တယ်။

ကျောက်ရွှမ် ဘာမှပြန်မဖြေနိုင်ခင် အမတ်ကတော်ကြီးက ပင့်သက်ရှိုက်ပြီး ဟန့်လိုက်တယ်။

"မင်းအစ်ကိုက ဘယ်လိုကလဲ့စားချေပေးနိုင်မှာလဲ.. ဒီမိန်းမပျက်ကို အင်ပါယာက ကာကွယ်ပေးထားတာ.. သူ့ကို ဘယ်လိုထိနိုင်မှာလဲ.. ရှင်းရန်.. ပြဿနာကြီးအောင်မလုပ်နဲ့.. မင်းအစ်ကိုကြီးက ဒီကိစ္စကို အေးအေးဆေးဆေး ကိုင်တွယ်တာကိုပဲ နာခံပါ.. ပြဿနာကို ကြီးအောင်လုပ်ရင် ဘာမှအကျိုးမရှိဘူး.. အခုကစပြီး ငါတို့တတွေ ဒီလူတွေနဲ့ဝေးရာမှာ နေမှဖြစ်မယ်.."

အမတ်ကတော်ကြီးက ကြောက်လန့်နေပေမယ့် သူ့နှလုံးသားတစ်ခုလုံးက နာကျည်းမှုနဲ့ပြည့်နေတယ်။

ကျောက်ရှင်းရန်က ကလဲ့စားမချေနိုင်လို့ ဒေါသထွက်လွန်းပြီး အိပ်ယာပေါ်လဲကျကာ ခါးခါးသီးသီး ငိုကြွေးလိုက်တော့တယ်။ အသက် ၆နှစ်ပဲရှိသေးတဲ့ ကျောက်ရွှီကလည်း အစ်မငိုတော့ ကြောက်ကြောက်နဲ့ လိုက်ငိုချလိုက်တယ်။

ကျောက်ရွှမ်ရဲ့မျက်လုံးက မှောင်မိုက်သွားပြီး အေးစက်စက်ပြောလိုက်တယ်။

"ကျွန်တော် ကျိကောနယ်စားကြီးနဲ့ ဆွေးနွေးလိုက်မယ်.."

ကျောက်ရွှမ်ကထွက်သွားပြီး နယ်စားကြီးနဲ့ နာရီဝက်ကြာအောင် ဆွေးနွေးလိုက်တယ်။ နောက်တစ်နေ့ရောက်တော့ နယ်စားကြီးသားက အပြင်းဖျားပြီး အိပ်ယာထဲလဲသွားတယ်။ နယ်စားကြီးက ဘုန်းတော်ကြီးကိုပင့်ဖိတ်ပြီး ဗေဒင်ကြည့်လိုက်တော့ သားကြီးဖြစ်သူဆီမှာ သေခြင်းနိမိတ်တွေ ဖုံးလွှမ်းနေတာကိုတွေ့ရတယ်။ ဒီဘေးကနေကင်းဝေးချင်ရင် ဘုန်းကြီးကျောင်းမှာ သေခြင်းနိမိတ် ပျောက်ကွယ်သွားတဲ့အထိနေပြီး ကံဆိုးမှုကိုဖယ်ရှားရမယ်လို့ ဟောခဲ့တယ်။

ဒီလိုသွားနေတာက သုံးနှစ် သို့မဟုတ် ငါးလလည်း ကြာသွားနိုင်တယ်။ တကယ်လို့ ဒီနိမိတ်မပျောက်ခင် လက်ထပ်ရင် သတို့သားကသေဆုံးပြီး လက်ထပ်တဲ့မိန်းကလေးက မုဆိုးမဖြစ်မယ်လို့ကြားတော့ ဘယ်အိမ်တော်က မမလေးကမှ မုဆိုးမ မဖြစ်ချင်ကြတော့ဘူး။

မင်းသမီးယွိမင်က နန်းတော်ထဲကိုဝင်ပြီး ဒီလက်ထပ်ပွဲကို ဆိုင်းငံ့ထားဖို့ ဧကရာဇ်ကို လျှောက်တင်လိုက်တယ်။ ကံကောင်းတာက လက်ထပ်ဖို့အမိန့်စာချွန်က တရားဝင် မထုတ်ပြန်ရသေးဘူး။ ကျောက်ပိယွမ်က ဒီသတင်းကိုကြားတော့ ဒေါသထွက်သွားတယ်။ ဒါပေမယ့် နောက်ပိုင်းကြားရတာကတော့ အမတ်ကတော်ကြီးက သူ့သားနဲ့သမီးကိုခေါ်ပြီး နယ်စားအိမ်တော်ကို ရွှေ့သွားတယ်။ ဒီသတင်းကြောင့် ကျောက်ပိယွမ် ကျေနပ်သွားတော့တယ်။ အခုဆိုရင် ၀မ်ယွမ်အိမ်တော်မှာ သူ့မောင်နဲ့ညီမပဲ ကျန်ရစ်တော့တယ်။ အိမ်တော်တစ်ခုလုံးက သူ့အမေရဲ့ထိန်းချုပ်မှုအောက်ကို ရောက်လာပြီဖြစ်တယ်။
👑👑👑👑👑👑

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now