Arc_ 10.11 _Joshua

5.2K 649 0
                                    

Arc_ 10.11 _Joshua

ဒီတောအုပ်ထဲမှာ နတ်ဆိုးလိပ်ပြာတွေက သန်းနဲ့ချီပြီးရှိတယ်။ သူတို့က စွန့်စားခန်းခရီးထွက်လာတဲ့အုပ်စုကို ဝန်းရံပြီး သူတို့တောင်ပံတွေက အဆိပ်ကို လေထုထဲပျံ့နှံ့စေပြီး သူတို့ပတ်ဝန်းကျင်ကလူတွေကို သေဆုံးစေတယ်။ ဒါပေမယ့် ဒီသေခြင်းတရားတို့လွှမ်းနေတဲ့ လိပ်ပြာစုကြီးရဲ့အလယ်မှာ အားနည်းခြင်းမရှိ၊ တိုးခြင်း၊ လျော့ခြင်းကင်းပြီး တသမတ်တည်းတည်ငြိမ်တဲ့ အားကောင်းတဲ့ အလင်းစက်ဝန်းတစ်ခု ရှိနေတယ်။ ဒီအလင်းစက်ဝန်းကို ထိမိတဲ့ လိပ်ပြာတိုင်းက ဖုန်မှုန့်တွေအဖြစ် လွင့်ပြယ်သွားကြတယ်။ သူတို့ကိုယ်က အဆိပ်ပြင်းတဲ့မြူမှုန်တွေလည်း ပေါက်ကွဲပြီးနောက် ရွှေရောင်အမှုန်တွေ ဖြစ်ကုန်တယ်။

ဒီအလင်းစက်ဝန်းက ဂျိုရှုဝါတို့ရွေ့လျားရာနောက်ကို ဝန်းရံလိုက်သွားချိန်မှာ အခြားတောတောင်ထိပ်မှာ ပုန်းအောင်းနေတဲ့ ခရီးသွားအုပ်စုက စိတ်သက်သာရာရသွားကြတယ်။

"ကြည့်စမ်း.. ဟိုးမှာ.. အလင်းနတ်ဘုရား ဟိုမှာရှိတယ်.. ငါ့မျက်စိပဲ အကြည့်မှားသလား.."

သူတို့အဖွဲရဲ့လမ်းပြက ဂျိုရှုဝါတို့အုပ်စုဆီကို ညွှန်ပြတော့ အားလုံး အပြေးအလွှား စိုက်ကြည့်လိုက်ကြတယ်။ သူတို့မြင်လိုက်ရတာကတော့ အလင်းစက်ဝန်းဖြတ်သန်းသွားရာလမ်းတလျှောက်မှာ အဆိပ်လိပ်ပြာတွေ သေဆုံးပေါက်ကွဲ ပျောက်ကွယ်ပြီး မြက်ခင်းနဲ့သစ်ပင်တွေက နတ်ဆိုးမြူကင်းစင်ပြီး ပြန်လည်စိမ်းစို ရှင်သန်လာကြတယ်။ ဒီလိုမြင်ကွင်းကို မတွေ့ရတာ နှစ်ရာချီကြာခဲ့ပြီ။ နတ်ဆိုးမြူကျဆင်းလာကတည်းက အရာအားလုံး ပျက်စီးချုပ်ငြိမ်းပြီး အနက်ရောင်ဒေသချည်း ဖြစ်သွားခဲ့လို့ပဲ။

"ဘုရားရေ.. ဟိုအလင်းဘုန်းကြီးက ဘယ်သူလဲ.. သူ့ရဲ့အလင်းစွမ်းအင်က သိပ်ကိုသန်မာတာပဲ.."

လူအုပ်ကြီးက အံ့သြတကြီး ပြောလိုက်တယ်။

"ငါထင်တာကတော့ ဆာဂါပြည်က ဂျိုရှုဝါဆိုတဲ့ အလင်းဘုန်းကြီးထင်တယ်.. မင်း မကြားလိုက်ဘူးလား.. သူ့ရဲ့နှစ်ခြင်းမင်္ဂလာပွဲမှာ မြင့်မြတ်တဲ့ရေကန်ထဲကနေ ထွက်လာတော့ သူက ထူးခြားတဲ့ရာဇနှင်တံနဲ့ ရွှေရောင်ဝတ်စုံကို ဆင်မြန်းလျက် ထွက်လာတယ်ဆိုတဲ့သတင်း.. သူက ကောင်းကင်ဘုံက အလင်းနတ်ဘုရားရဲ့ တမန်တော်ပဲ.."

ဗဟုသုတများတဲ့လမ်းပြက ရှင်းပြလိုက်တယ်။

"မြန်မြန်.. သူတို့အုပ်စုနောက်ကို လိုက်ကြစို့.."

ခေါင်းဆောင်းက မြင်းပေါ်ခုန်တက်ပြီး သူ့အုပ်စုကို လောဆော်လိုက်တယ်။ သူတို့က စိမ်းစိုတဲ့လမ်းတလျှောက် နောက်ကလိုက်လာပြီး နီးလာပေမယ့် အရမ်းကပ်မကြည့်ရဲဘူး။ ဒီအုပ်စုကိုဝိုင်းနေတဲ့ လိပ်ပြာရန်ကိုကြောက်ရွံ့နေကြတယ်။ သူတို့က တစ်နေ့နဲ့တစ်ညတိတိ လိုက်ခဲ့ပေမယ့် ဒီအလင်းစက်ဝန်းက နည်းနည်းမှ လျော့ပါးသွားတာမရှိဘူး။ ဘယ်လိုလူကများ ဒီလောက်ကြာအောင် အလင်းစက်ဝန်းကို ထောက်ပံ့ပေးနေတာလဲ။ ဒီဟာက သူတို့ကြားခဲ့တဲ့ ကောလာဟလကို အတည်ပြုပေးနေသလိုပဲ။

ဘိုဝင်ရဲ့အုပ်စုက ကျိုးယွင်ရှန့်တို့အုပ်စုနောက်ကို လိုက်လာတာ နာရီ၂၀ မကတော့ဘူး။ သူတို့က တိတ်တဆိတ် ကောင်လေးရဲ့အပြုအမူကို စောင့်ကြည့်နေကြတယ်။ ကောင်လေးကိုစောင့်ကြည့်လေ သူတို့ ပိုကြောက်ရွံ့လာလေပဲ။ သံသယတွေလည်း ပိုပိုဝင်လာတယ်။ ဒီကောင်လေးက ဘိုးလ်နဲ့ ပုပ်ရဟန်းမင်းတို့ ပုံဖော်ထားသလို မနာလိုစိတ်အားကြီးတဲ့ အာဏာကြီးမားတဲ့ ဗီလိန်ကောင်မဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ။ ဒီကောင်လေးက တိတ်ဆိတ်အေးချမ်းပြီး နူးညံ့သိမ်မွေ့တယ်။ သူက အေးဆေးပေမယ့် လူတိုင်းထက် အလင်းနတ်ဘုရားကို သစ္စာရှိတယ်။ တစ်နေ့တာမှာ အချိန်အများစုကို ဆုတောင်းခြင်းနဲ့ကုန်ဆုံးတယ်။ ဒါကြောင့် လိပ်ပြာသန်းချီရဲ့ ဆက်တိုက် တိုက်ခိုက်ခြင်းကို ခံရပေမယ့် ကာကွယ်ထားတဲ့အလင်းစက်ဝိုင်းက နည်းနည်းလေးမှ လျော့ပါးသွားတာမရှိဘူး။ အလင်းစက်ဝိုင်းရဲ့ ကာကွယ်ပေးမှုအောက်ရောက်တိုင်း သစ်ပင်နဲ့မြက်ခင်းတွေ ပြန်လည်ရှင်သန်ပြီး သူတို့လမ်းတလျှောက် စိမ်းလန်းမှုကို ချန်ထားနိုင်ခဲ့တယ်။

ဒါ့အပြင် ဒီအလင်းစွမ်းအင်က နတ်ဆိုးမြူကို ဖယ်ရှားသန့်စင်ပေးလို့ လေထုက ပိုပြီးသက်တောင့်သက်သာရှိပြီး နေထိုင်ရတာပိုကောင်းတယ်လို့ နတ်သူငယ်နဲ့ သားရဲလူသားတွေ ခံစားနေရတယ်။ သူတို့က ဂျိုရှုဝါကို စိတ်ပျက်နေသေးတယ်ဆိုပေမယ့် ဘိုးလ်နဲ့ပတ်သက်ပြီး သံသယဝင်လာစပြုနေကြပြီ။

အလင်းစက်ဝိုင်းရှိနေသရွေ့ အဆိပ်လိပ်ပြာတွေက မတိုက်ခိုက်ရဲဘဲ ဝန်းရံနေကြပေမယ့် ဒီလိပ်ပြာအုပ်ကြီးက တော်တော်နဲ့ ပျောက်ကွယ်သွားဦးမှာမဟုတ်ဘူး။ ဂျိုရှုဝါနဲ့ စစ်သည်တော်တွေက ပင်ပန်းလာကြပြီဖြစ်လို့ အနားယူဖို့ ပြန့်ပြူးတဲ့မြေနေရာတစ်ခုမှာ ရပ်နားလိုက်ကြတယ်။ ကျိုးယွင်ရှန့်ကတော့ အလင်းစက်ဝန်းကို တောက်လျှောက်ဖန်တီးထားပေမယ့် ပင်ပန်းတယ်လို့ မခံစားမိသေးဘူး။ ဒီအချက်ကိုကြည့်တာနဲ့တင် သူ့စွမ်းအားက ပုပ်ရဟန်းမင်းကြီးနဲ့ ဘိုဝင်ထက် အဆများစွာသာတယ်ဆိုတာ သိနိုင်တယ်။ အခုဆိုရင် သူက ဒီကုန်းမကြီးမှာ စွမ်းအားအကြီးဆုံး အလင်းဘုန်းကြီးတစ်ပါးဖြစ်နေပြီး ဒီအချက်ကြောင့် ကျိုးယွင်ရှန့်က အချစ်ရူးရှန့်ကို ကျေးဇူးတင်လိုက်မိတယ်။ သူ့ရဲ့အရှက်နည်းနည်းနဲ့ အလင်းနတ်ဘုရားကို ဆွဲဆောင်ခဲ့တာမဟုတ်ဘူးဆိုရင် ဒီခရီးကို ခုလို စိတ်အေးလက်အေး ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်မှာမဟုတ်ဘူး။

ကျိုးယွင်ရှန့်က သစ်ပင်တစ်ပင်အောက်ကိုလျှောက်လာပြီး စစ်သည်တော်တစ်ယောက် သူ့အတွက်ခင်းပေးထားတဲ့ ကော်ဇောပေါ်မှာ ထိုင်လိုက်တယ်။ ကော်ဇောခင်းထားလို့ သူ့ဝတ်ရုံဖြူ ပေကျံမှာမပူရတော့ဘူး။ သူက စစ်သည်တော်ကို ပြုံးပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။

ဒီအချိန်မှာ သစ်ပင်ပေါ်က နတ်ဆိုးနွယ်ပင်ရဲ့အဖူးက ပွင့်လာပြီး အထဲမှာ အသားစားပင်လို သွားတွေရှိတယ်။ ဒီနတ်ဆိုးသစ်ပင်က သစ်တောထဲမှာ ကြောက်စရာကောင်းတဲ့အပင်ဖြစ်ပြီး သူတို့အမြစ်တွယ်မိတဲ့ မြေနေရာတိုင်းမှာ ပြန့်ပွားလာပြီး ဒီနယ်မြေထဲဝင်လာသမျှ သက်ရှိအားလုံးကို ဝါးမြိုဖျက်ဆီးပစ်လေ့ရှိတယ်။

ဘိုဝင်ရဲ့အမူအယာက ပြောင်းသွားတယ်။ ဂျိုရှုဝါက နတ်ဆိုးလိပ်ပြာကို ကာကွယ်ဖို့ အလင်းစွမ်းအင်အများအပြားကို သုံးစွဲပြီးဖြစ်တယ်။ ခုချိန်မှာ နတ်ဆိုးလိပ်ပြာနဲ့ နတ်ဆိုးသစ်ပင်တို့ တစ်ပြိုင်တည်း ဂျိုရှုဝါကိုပေါင်းပြီးတိုက်ခိုက်လိုက်ရင် မယုံနိုင်စရာကောင်းတဲ့ ထိခိုက်မှုကြီးဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဘိုဝင်နဲ့ အခြားအလင်းဘုန်းကြီးတွေက သူတို့ရာဇနှင်တံကို ကိုင်မြှောက်ပြီး အလင်းစွမ်းအင်ထုတ်လွှတ်ဖို့ လုပ်နေတုန်း ဂျိုရှုဝါက လက်ညှိုးကိုဆန့်တန်းပြီး နတ်ဆိုးပန်းပွင့်ရဲ့ ပွင့်ဟနေတဲ့ပါးစပ်ပြဲထဲ ဝင်ရောက်သွားတယ်။ ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ နတ်ဆိုးပန်းပွင့်က ချက်ချင်းမီးထတောက်ပြီး ပြာမှုန်ဖြစ်သွားတယ်။ လိပ်ပြာတွေက နတ်ဆိုးပန်းပွင့် မီးလောင်သွားတာမြင်တော့ အဝေးကိုထွက်ပြေးသွားကြတယ်။

ခဏကြာတော့ ကောင်းကင်ပေါ်ကနေ ရွှေရောင်အလင်းတွေ ဖြာဆင်းလာပြီး ဒီသစ်တောတစ်ခုလုံးက နတ်ဆိုးမြူကြောင့် ပျက်စီးခြောက်ကပ်နေတဲ့ သစ်ပင်အားလုံး ပြန်လည်စိမ်းလန်း စိုပြေလာတော့တယ်။

ဒီရွှေရောင်အလင်း ဖြာကျလာတာမြင်တော့ နတ်သူငယ်အားလုံး ပျော်ရွှင်စွာ ကခုန်လိုက်ကြတယ်။ ခရီးသွားအဖွဲ့က ဒီမြင်ကွင်းကိုမြင်တော့ ကောင်းကင်ပေါ်ဖြာကျတဲ့ အလင်းစွမ်းအင်ကို ထိကိုင်ဖို့ အပြေးလာကြပေမယ့် သူတို့မရောက်ခင်လေးမှာ ပျောက်ကွယ်ကုန်တယ်။ ဒါပေမယ့် သူတို့အားလုံး နွေးထွေးတဲ့ခံစားချက်ကိုတော့ ခံစားလိုက်ရတယ်။

ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းနဲ့ မျှော်လင့်ချက်...

ဒီကုန်းမကြီးပေါ်မှာ ပျောက်ကွယ်သွားတာ နှစ်ရာချီရှိပြီဖြစ်တဲ့ ခံစားချက်ကို တဖန်ပြန်ရလိုက်လို့ ဒီအုပ်စုက ဝမ်းသာလွန်ပြီး မျက်ရည်တွေစီးကျလာခဲ့တယ်။

"ကျွန်တော်တို့ရှေ့ကအဖွဲ့ထဲမှာ အလင်းဘုန်းကြီးဂျိုရှုဝါ ရှိပါသလားခင်ဗျာ.. ကျွန်တော်တို့ခရီးသွားအဖွဲ့က ဒိုရဒို့စ်ပြည်က နယ်စားမင်းကြီးရဲ့အဖွဲ့ပါ.. ဒီနတ်သူငယ်ဒေသက ထွက်ခွာရာမှာ ကျွန်တော်တို့အဖွဲ့က လမ်းပြလုပ်ပေးပါရစေ.. မြင့်မြတ်တဲ့ဘုန်းတော်ကြီးအတွက် ဒီလိုသေးငယ်တဲ့လုပ်ရပ်လေး ပြုလုပ်ပေးခွင့်ပြုပါ.."

ဒီစကားကိုပြောလိုက်တဲ့ အုပ်စုခေါင်းဆောင်ရဲ့မျက်နှာက စိတ်လှုပ်ရှားပြီး နီနေတယ်။ ပုံမှန်ဆိုရင် အလင်းဘုန်းကြီးကိုကာကွယ်ပေးဖို့ အစွမ်းထက်တဲ့စစ်သည်တော်တွေ လိုအပ်ပေမယ့် အခုက အင်မတန်ကိုစွမ်းအားကြီးတဲ့ ဘုန်းကြီးဂျိုရှုဝါဖြစ်တဲ့အတွက် သူ့ဘာသာတောင် ဒီကုန်းတိုက်မကြီးတစ်ခုလုံး အေးအေးသက်သာနဲ့ ဘေးရန်မရှိ ခရီးသွားနိုင်သူဖြစ်တယ်။

အခြားလူတွေက သူ့ရဲ့ အရေးမပါတဲ့ကမ်းလှမ်းချက်ကို ရယ်မောကြမယ်ဆိုတာသိပေမယ့် သူက အလင်းဘုန်းကြီးဂျိုရှုဝါကို အရမ်းလေးစားလို့ သူ့ရဲ့ပုံစံလေးကို မြင်ခွင့်ရမယ်ဆိုရင်တောင် နောင်တမရဘဲ အသက်စွန့်ပေးနိုင်တယ်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့အဖွဲ့နဲ့ လာပေါင်းပေးပါလား.. ဒီကုန်းတိုက်မကြီးတစ်ခုလုံး နတ်ဆိုးမြူတွေဖုံးလွှမ်းနေပြီ.. အတူလက်တွဲပြီး ရင်ဆိုင်တိုက်ခိုက်ကြပါစို့.. စစ်သည်တော်ကြီးတွေရဲ့ ကိုယ်ကျိုးစွန့်မှုနဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.."

အခုချိန်က ဝတ်ပြုချိန်ဖြစ်လို့ ကျိုးယွင်ရှန့်ရဲ့ စိတ်ကောင်းနှလုံးကောင်းခြင်းက အမြင့်ဆုံးရောက်နေချိန်ဖြစ်လို့ ကြင်နာစွာ ပြန်ပြောလိုက်တယ်။

ဒီလူငယ်လေးရဲ့ စကားကိုကြားတော့ အဖွဲ့ဝင်အားလုံး တစ်ကိုယ်လုံးတုန်ယင်လာပြီး သာယာတဲ့စကားသံလေးရဲ့ဖမ်းစားမှုကို ခံလိုက်ရတယ်။ ဒီအသံလေးက နတ်သူငယ်ဘုရင်ရဲ့ သီချင်းဆိုသံထက်တောင် သာယာသေးတယ်။ အလင်းရောင်တွေနဲ့ ကာဆီးထားလို့ သူတို့က ဂျိုရှုဝါရဲ့ပုံကို မမြင်ရပေမယ့် ဒီကြင်နာသာယာတဲ့အသံလေးက သူတို့နှလုံးအိမ်ထိ စိမ့်ဝင်သွားတော့တယ်။

ဒီအသံလေးက လူသားတွေအပေါ်တောင် ဒီလောက်လွှမ်းမိုးနိုင်ရင် သာယာတဲ့အသံတွေကို အရူးအမူးစွဲလမ်းတဲ့ နတ်သူငယ်တွေပေါ်ကို လွှမ်းမိုးတာ ပြင်းထန်တယ်။ ဘိုဝင်က ဒုတိယပုပ်ရဟန်းမင်းဖြစ်တဲ့အပြင် ထိန်းချုပ်နိုင်စွမ်း မြင့်မားသူဖြစ်လို့ စိတ်လှုပ်ရှားမှုကို ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် ထိန်းချုပ်နိုင်ပေမယ့် သူ့နားရွက်တွေရဲရဲနီပြီး ဆံပင်တွေထောင်ထသွားသလို ခံစားလိုက်ရတယ်။ ငယ်ရွယ်တဲ့ နတ်သူငယ်အဖွဲ့ဝင်တွေက မူးဝေကုန်ပြီး လမ်းတောင်မလျှောက်နိုင်တော့ဘဲ ထိုင်ချလိုက်ရတော့တယ်။ အရင်က ဂျိုရှုဝါကို မြှားနဲ့ပစ်ဖို့ကြိုးစားတဲ့ နတ်သူငယ်တွေက အပြစ်မကင်းတဲ့စိတ်ကြောင့် ရင်ထဲ အားပြိုင်လွန်ဆွဲမှုဒဏ်ကို ခံစားနေရတယ်။

သူတို့က ဂျိုရှုဝါဘေးကိုကပ်သွားပြီး ထိကိုင်ဖို့တောင် ကြိုးစားနေမိတယ်။ အရင်ရက်က ဂျိုရှုဝါကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တာကိုလည်း မေ့လျော့သွားကြပြီး သူတို့က သာယာလွန်းတဲ့အသံပိုင်ရှင်လေးရဲ့ အနီးဆုံးကို ကပ်နေချင်တော့တာပဲသိတယ်။

စွန့်စားသူအဖွဲ့က အလင်းစက်ဝန်းကို ထိကိုင်ကြည့်ချိန်မှာ သူတို့ကိုလက်ခံလိုက်တဲ့လက္ခဏာနဲ့ အလင်းစက်ဝိုင်းထဲဝင်ခွင့်ရလိုက်ပြီး နွေးထွေးခြင်းကို ခံစားလိုက်ရတယ်။ သူတို့တစ်ဖွဲ့လုံး စက်ဝိုင်းထဲရောက်သွားချိန် သစ်ပင်အောက်က ကော်ဇောပေါ်မှာ ထိုင်နေတဲ့ လူငယ်လေးကို တွေ့လိုက်ရတယ်။ ဒီလူငယ်လေးက သူတို့ကြားဖူးတာထက် ပိုပြီး လေးစားကြည်ညိုဖွယ်ကောင်းတာ တွေ့လိုက်ရတယ်။ ဒီလူငယ်လေးရဲ့ကျက်သရေက သူ့ဘေးပတ်လည်ကိုဖြာကျပြီး ထွန်းလင်းတောက်ပနေစေတယ်။ သူတို့အုပ်စုက လူငယ်လေးဘေးကို သွားလိုက်ကြပြီး ဒိုရဒို့စ်တိုင်းပြည်ရဲ့ အလေးစားရဆုံးသူကို နှုတ်ဆက်တဲ့ပုံစံနဲ့ ကိုယ်ကိုကိုင်းညွတ်ပြီး နှုတ်ဆက်စကား ဆိုလိုက်ကြတယ်။ သူတို့က လူငယ်လေးရုပ်ရည်သွင်ပြင်ကို တစ်ခါကြည့်ပြီးနောက် ဆက်မကြည့်ရဲကြတော့ဘူး။ လူငယ်လေးက သူတို့ကို လက်ဝှေ့ယမ်းနှုတ်ဆက်ပြီး ရုပ်သေးရုပ်လေးနဲ့ ဆက်လက်ကစားနေတော့တယ်။

ဒီစက်ဝိုင်းထဲကလေထုက လတ်ဆတ်တဲ့မြက်နံ့တွေ၊ ပန်းရနံ့တွေနဲ့ မွှေးပျံ့နေပြီး သစ်သီးမှည့်နံ့တွေလည်း သင်းသင်းမွှေးနေတယ်။ နတ်သူငယ်လေးတချို့က ရင့်မှည့်တဲ့သစ်သီးတချို့ ခူးဆွတ်ပြီး သစ်ရွက်နဲ့ထုပ်လို့ ဂျိုရှုဝါဘေးမှာ ချထားကြတယ်။ ဒီမြက်နဲ့သစ်ပင်ကို ရှင်သန်စေတဲ့အတွက် သူတို့စိတ်နှလုံးက လှုပ်ရှားပြီး ကျေးဇူးတင်နေပေမယ့် အရင်ကတိုက်ခိုက်ထားလို့ စကားမပြောရဲကြဘူး။

ပုပ်ရဟန်းမင်းကြီးက ဒီကုန်းမကြီးမှာ အင်အားအကြီးဆုံးဖြစ်ပြီး သူ့ပုံတူကို အလင်းဘုရားကျောင်းတိုင်းမှာ ချိတ်ဆွဲထားကြတယ်။ နောက် သာမန်အရပ်သားတွေကလည်း ကံကောင်းခြင်းရှိစေဖို့ ပုံတူကို သူတို့အိမ်မှာပါ ချိတ်ဆွဲလာကြတယ်။ နောက်နှစ်နည်းနည်းကြာတော့ ပုပ်ရဟန်းမင်းက အလင်းဂါထာကိုပြန့်ပွားဖို့ ဒီကုန်းမကြီးမှာ လှည့်လည်ပြီး ဟောပြောမှုကိုလုပ်နေလို့ ဘယ်သူမှသူ့မျက်နှာအမှန်ကို မမြင်တွေ့ဖူးကြဘူး။

ဒီစွန့်စားမှုစစ်သည်တော်အဖွဲ့က ပုပ်ရဟန်းမင်းကြီးကို မှတ်မိလိုက်ကြပေမယ့် ခေါင်းတချက်ဆတ်ပြီး 'မြင့်မြတ်သောပုပ်ရဟန်းမင်းကြီး' လို့ပဲ နှုတ်ဆက်လိုက်ကြတယ်။ အရင်အခြေအနေမျိုးနဲ့သာဆိုရင် သူတို့က ပုပ်ရဟန်းမင်းကြီးကိုတွေ့လိုက်တာနဲ့ တစ်ကိုယ်လုံးတုန်ယင်နေပြီး ဝပ်တွားအရိုအသေပေးကြရမှာ သေချာတယ်။ အခုတော့ ပုပ်ရဟန်းမင်းနဲ့ ဘိုးလ်က ခမည်းတော်ရဲ့ငြင်းဆန်ခြင်းကိုခံရပြီး ပြည်သူကြားမှာ ဒီသတင်းက ပျံ့နှံ့လို့နေပြီဖြစ်တယ်။ တောကြိုအုံကြားမှာနေတဲ့ နတ်သူငယ်နဲ့ သားရဲတွေသာ ဒီသတင်းကို မကြားရတာဖြစ်တယ်။

ဘိုးလ်က အလင်းနတ်ဘုရားရဲ့ အချစ်လေး.. ဟုတ်လား..။ ဒီကုန်းမကြီးမှာ ဘိုးလ်က တန်ခိုးအကြီးဆုံး အလင်းဘုန်းကြီး.. ဟုတ်လား..။ ရယ်ရလွန်းလို့ သေတော့မယ်။

ဒီစစ်သည်တော်အဖွဲ့ရဲ့ စိတ်ထဲက အကြိမ်ကြိမ် လှောင်ပြောင်ရယ်မောလို့သာနေတယ်။

ဘိုဝင်က လူသားတွေရဲ့မျက်လုံးထဲက လှောင်ပြောင်ရိပ်နဲ့ အမူအယာကိုတွေ့တော့ သူ့သူငယ်ချင်း ပုပ်ရဟန်းမင်း ပြောတာကို ပိုသံသယရှိလာတယ်။ ပုပ်ရဟန်းမင်းနဲ့ ဘိုးလ် ပြောထားတာက ဂျိုရှုဝါက ဂိုဏ်းချုပ်ရာထူးကြောင့် သူတို့ကိုထိခိုက်စေတယ်တဲ့။ ခုတော့ သူ့မျက်မြင်အခြေအနေအရ ဂျိုရှုဝါရဲ့အလင်းစွမ်းအင်က ဒီလောက်ကြီးမားတာ ဘာယှဉ်ပြိုင်နေစရာ လိုသေးလို့လဲ။

ပုပ်ရဟန်းမင်းကြီးပြောတာကို ထည့်မတွက်နဲ့ဦး၊ ဂျိုရှုဝါသာလိုချင်ရင် ဂိုဏ်းချုပ်ရာထူးမပြောနဲ့ ဒီကုန်းမကြီးရဲ့ ပုပ်ရဟန်းမင်းရာထူးတောင် ဆက်ခံဖို့ သူ့အရည်အချင်းက ထိုက်တန်လို့နေပြီ။ ဒါကြောင့် ပုပ်ရဟန်းမင်းနဲ့ ဘိုးလ်က ဂျိုရှုဝါကိုကြောက်ပြီး သူ့ကိုလုပ်ကြံဖို့ ကြိုးစားတာရော မဖြစ်နိုင်ဘူးလား။ ဂျိုရှုဝါပြောတာကတော့ ပုပ်ရဟန်းမင်းနဲ့ဘိုးလ်က ခမည်းတော်ရဲ့ငြင်းပယ်ခြင်းကိုခံရပြီး အလင်းစွမ်းအင်တွေ ရုပ်သိမ်းခံရတယ်ဆိုတာ တကယ်မှန်နေပြီလား။

ဒီလိုသာမှန်နေရင် ဘိုးလ်နဲ့ပုပ်ရဟန်းမင်းကို ကာကွယ်ပေးနေတဲ့ နတ်သူငယ်နဲ့ သားရဲလူသားမျိုးနွယ်စုတွေက ခမည်းတော်ရဲ့အပြစ်ပေးမှုကို ခံရဖို့ သေချာနေပြီ။

ဒီလိုတွေးမိတဲ့အတွက် ဘိုဝင်က အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ ဒါကြောင့် သူက ဒဏ်ရာကုသပေးမယ်ပြောပြီး ပုပ်ရဟန်းမင်းကိုယ်ထဲ ကုသမှုနဲ့အတူ အိပ်မွေ့ချဂါထာကို ရွတ်ဆိုထည့်သွင်းလိုက်တယ်။ သူက ပုပ်ရဟန်းမင်းကို ကုသပေးနေရင်း ဒီလူရဲ့ကိုယ်ထဲ အလင်းစွမ်းအင်ဘယ်လောက်ထည့်ထည့် ပျောက်ဆုံးသွားတာကို သတိထားမိနေတာကြာပြီ။ ဒါကြောင့် ပုပ်ရဟန်းမင်းက သူ့ရဲ့အိပ်မွေ့ချစွမ်းရည်ကို မကာကွယ်နိုင်ဘဲ သာမန်လူတစ်ယောက်လို အလွယ်တကူ အိပ်ပျော်သွားတော့တယ်။ ဘိုဝင်က လက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး ပုပ်ရဟန်းမင်းကိုယ်ထဲက အလင်းစွမ်းအင်ကို စစ်ဆေးလိုက်တော့ သူ့ကိုယ်ထဲမှာ အလင်းစွမ်းအင် တစ်စက်မှမရှိတော့တာကို သိလိုက်ရတယ်။

သူ့မိတ်ဆွေဟောင်းကြီးရဲ့ အလင်းစွမ်းအင်က ဘယ်လောက်အားကြီးတယ်ဆိုတာ သူအသိဆုံးဖြစ်တယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကနေ သာမန်လူတစ်ယောက်ဖြစ်အောင် အချိန်တိုအတွင်းလုပ်နိုင်တာ ခမည်းတော်ပဲရှိတယ်။ ပုပ်ရဟန်းမင်းတောင် ငြင်းပယ်ခံရပြီဆိုမှတော့ ဘိုးလ်လည်း ငြင်းပယ်ခံရပြီပေါ့။ ဘိုဝင်ရဲ့အာရုံကြောတွေက ဒီအကြောင်းကိုတွေးမိတော့ နာကျင်လို့လာတယ်။ ဘိုဝင်က သူ့မိတ်ဆွေရဲ့လက်ကို လွှတ်ချလိုက်ပြီး မီးပုံဘေးမှာ စိတ်ပျက်လက်ပျက် လာထိုင်နေတော့တယ်။

ဂျိုရှုဝါက ပင်ပန်းနေပြီဖြစ်လို့ မြက်ခင်းပေါ်လဲလျောင်းပြီး အိပ်လိုက်တယ်။ အစောင့်တွေက သူ့ဘေးပတ်လည်ကို ကန့်လန့်ကာတွေနဲ့ ကာရံပေးလိုက်ကြတယ်။ သူအိပ်ပျော်သွားတာတောင် သူတို့လူအုပ်ကြီးကို ကာထားတဲ့ အလင်းစက်ဝန်းက နည်းနည်းလေးမှ လျော့ပါးခြင်းမရှိဘဲ ဆက်လက်တောက်ပနေတယ်။ သူ့စွမ်းအားက သံသယဝင်စရာမလိုအောင် ထက်မြက်လွန်းလှတယ်။

ဘိုဝင်က စိုက်မကြည့်ပေမယ့် အတွေးတွေက ရှုပ်ထွေးနေတုန်းပဲ သူက ဘိုးလ် သူ့ရဲ့ဝတ်စုံဖြူကိုဝတ်ပြီး တောက်ပတဲ့အလင်းရောင်ဝန်းရံလို့ မိခင်သစ်ပင်အောက်မှာ ပေါ်လာချိန်ကို သတိရမိသေးတယ်။ ဘိုးလ်ရဲ့ရုပ်ရည်က လှပခြင်း၊ နူးညံ့ခြင်း၊ ကြင်နာခြင်းနဲ့ပြည့်နေပြီး သူ့လက်ကိုဆန့်တန်းလိုက်ချိန် မိခင်သစ်ပင်က သစ်သီးတစ်လုံး သူ့လက်ဖဝါးထဲကြွေကျလာပြီး နှစ်ခြမ်းကွဲသွားတယ်။ အထဲကနေ နတ်သမီးငယ်တစ်ပါး ထွက်လာပြီး ဘိုးလ်ရဲ့ ဖြူဝင်းတဲ့ပါးပြင်ကို နမ်းလိုက်တဲ့မြင်ကွင်းကို သူ မှတ်မိနေတုန်းပဲ။ မိခင်သစ်ပင်က နှစ်ထောင်ချီအတွင်း နတ်သမီးတစ်ပါးကို ပထမဆုံး ပြန်လည်မွေးဖွားပေးလိုက်တာပဲဖြစ်တယ်။

 ဒိုရဒိုးစ်က စစ်သည်တော်တွေနဲ့ ဆာဂါပြည်က စစ်သည်တော်တွေက မီးပုံဘေးမှာ သောက်စားရင်း စကားပြောနေကြတယ်။

" အရှင် ဂျိုရှုဝါကို နှစ်ခြင်းခံတဲ့ ပွဲမှာ ခမည်းတော်ကိုယ်တိုင် နှစ်ခြင်းခံပေးခဲ့တယ်ဆိုတာ တကယ်လား "
" တကယ်ပေါ့.... အဲ့နေ့ မြင့်မြတ်တဲ့ရေကန်ထဲက အရှင်ဂျိုရှုဝါထွက်လာတော့ ခမည်းတော်နဲ့ တပုံစံတည်းတူညီတဲ့ ဝတ်ရုံတော်ကို ဝတ်ဆင်ပြီး ထွက်လာတယ်။ ခမည်းတော်က နှင်းဆီနီတွေနဲ့ ကျဲချပေးတာ နေရောင်တောင် မမြင်ရတဲ့အထိပဲ... ငါ့ဘဝတသက်တာမှာ ဒီလို အဖြစ်ပျက်မျိုး တခါမှ မမြင်ဖူးသေးဘူး "

ဆာဂါပြည်က စစ်သည်တော်က ရွှင်လန်းတက်ကြွစွာ ပြောပြလိုက်တယ်။

" ငါကြားလိုက်ရတာက ဘိုးလ်ဘရစ်တာက ပုပ်ရဟန်းမင်းကြီးကို သွေးဆောင်ပြီး အရှင်ဂျိုရှုဝါ ဆက်ခံရမယ့် ဂိုဏ်းချုပ်ရာထူးကို လက်ရှိဂိုဏ်းချုပ်ကြီး တားမြစ်တဲ့ကြားက ပေးအပ်ခဲ့တာဆို။ ဒါပေမယ့် ဒုတိယမင်းသားနဲ့ ဘိုးလ်တို့ အရိုက်အရာ ဆက်ခံပွဲမှာ ခမည်းတော်က သူတို့အပြစ်ကို ကောင်းကင်ဘုံကနေ စွမ်းအင်တိုက်ရိုက်ပို့လွှတ်ပြီး သေလုနီးပါး လောင်ကျွမ်းအပြစ်ပေးခဲ့တယ်ဆို ဟုတ်လား  "

" အဖြစ်မှန်က ဒီထက် အဆတရာဆိုးဝါးတာပေါ့... အဲ့ဒီနေ့ ခမည်းတော်က မီးလောင်တိုက်သွင်းလိုက်တော့ ဘိုးလ်ရဲ့ အဝတ်တွေ အကုန် လောင်ကျွမ်းကုန်ပြီး သူ့တကိုယ်လုံး နမ်းထားတဲ့အရာနဲ့ လိင်ဆက်ဆံထားတဲ့ ခြေရာလက်ရာတွေ တကိုယ်လုံးပွနေတာပဲ။  ပုံစံကြည့်ရတာ လူတကာနဲ့ ပလူးတဲ့ မိန်းမပျက်လို အရှက်ကင်းမဲ့လှတယ်။ ဒီဟာကို ပုပ်ရဟန်းမင်းကြီးလုပ်ထားတယ်လို့ ပြောကြပေမယ့် ပုပ်ရဟန်းမင်းကြီးက ငြင်းပြီး သာမန်အရပ်သားအဖြစ် ရာထူးချခံထားရ တဲ့ ဒုတိယမင်းသားလုပ်တာပါ ဆိုပြီး စွပ်စွဲလိုက်တယ်။ ဒုတိယမင်းသားက ဒီစကားကို ကြားတော့ ချက်ချင်း ထရပ်ပြီး ပြန်ပြောလိုက်တယ်။ ဘိုးလ်က သူနဲ့ ပုပ်ရဟန်းမင်းကြီးကို လွတ်လပ်စွာ ချစ်တင်းနှောဖို့ ခွင့်ပြုထားရုံတင်မကဘူး။ သူ့အိမ်မှာ လူတိုင်းကို လိင်ဆက်ဆံဖို့ ခွင့်ပြုထားတယ်တဲ့။ ဘိုးလ်နဲ့ လိင်ဆက်ဆံခဲ့သူတွေက သားရဲလူသားဘုရင်၊ သားရဲလူသားမျိုးနွယ်က အငယ်ဆုံး မင်းသားအပြင်..... "

အဲ့ဒီ ရဲမတ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး အသံကို တိုးလိုက်ပြီး ခေါင်းချင်းပူးပြီး တိုးတိုးပြောလိုက်တယ်။ ဘိုဝင်က ဒီအကြောင်းကို စိတ်ဝင်စားလို့ သေချာ အာရုံစူးစိုက်နားထောင်နေလိုက်တယ်။

" နတ်သူငယ်ဘုရင်တောင် ပါသေးတယ်လို့ ကြားတယ်။ ဒီဟာ သေချာပေါက် အမှန်တရားဖြစ်မှာပဲ။ ခမည်းတော်က ဒီကောင်နဲ့ပတ်သတ်တဲ့ သူတွေရဲ့ ဒေသကို အပြစ်ပေးဖို့ မဝေးတော့ဘူး။  သူတို့ဒေသကို သေအောင် လောင်တိုက်သွင်းမှာသေချာတယ်။"

ဒီစကားကိုကြားတော့ ဒိုရဒိုးစ် တိုင်းပြည်က စစ်သည်တော်တွေက အံ့အားသင့်သွားကြတယ်။ ဒီလို ချောမောပြီး ချစ်စရာကောင်းတဲ့ ဘိုးလ်က ဒီကုန်းတိုက်မကြီးက အင်အားအကောင်းဆုံးဆိုတဲ့ လူတွေအားလုံးကို သူ့ခြေထောက်ကြားမှာ သိမ်းသွင်းထားနိုင်တယ်။ သူက အိပ်ယာထဲမှာ ဘယ်လောက်တောင် ကောင်းနေလို့ပါလိမ့်။

အားလုံးက ဘိုးလ်ရဲ့ အိပ်ယာထက်က ညစ်ညမ်းတဲ့ပုံကို မြင်ယောင်လာမိပြီးနောက် တစ်ယောက်က မေးလိုက်တယ်။

 " ဒီလိုမတရားတဲ့လူဟာ ခမည်းတော်ကို အမှုထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီအောင်ဘယ်လို လုပ်ခဲ့သလဲ။မလဲ။ ခမည်းတော် အရမ်းဒေါသထွက်တာ အံ့သြစရာတော့ မဟုတ်ဘူး။  ဘယ်သူက ကိုယ့်အချစ်တော် အခြားလူနဲ့ ခုလို ဖောက်ပြန်တာကို ကြိုက်မှာလဲ။ ဟေး...ငါတော့ သူက ခမည်းတော်ရဲ့ အချစ်တော်လို့ပြောတာကို သံသယဝင်ချင်နေပြီ။ "

" သူပြောတာက အမှန်တရားဖြစ်ခဲ့ရင်တောင် အခု သူက ခမည်းတော်ကိုသစ္စာဖောက်လိုက် တာနဲ့တူတယ်၊ သူဟာ အသေသတ်တာကို ခံထိုက်တယ်။ ဒါပေမယ့် သူ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ငါကြားလိုက်ရတယ်၊ သူ ဘယ်ကိုထွက်ပြေးခဲ့လဲသိလား။ ဘယ်သူများ သူ့ကို ကယ်သွားတာပါလိမ့်"

" ငါလည်းမသိဘူး။ ကြားရတာကတော့ အင်အားကြီးတဲ့ အမှောင်နတ်ဆိုးတစ်ယောက် ကယ်သွားတယ်တဲ့။ အဲ့ဒီနတ်ဆိုးရဲ့ စွမ်းရည်အရ အမှောင်ချောက်ထဲက နတ်ဆိုးဘုရင်ကြီးတောင် ဖြစ်နိုင်တယ်။ အခုဆိုရင် ဘိုးလ်က နတ်ဆိုးဘုန်းကြီး ဖြစ်နေပြီ။ သူ့ဖင်ကို ယမ်းခါပြီး နတ်ဆိုးဘုရင်ကြီးအောက်မှာ ဖျော်ဖြေပေးနေပြီ ထင်တယ်။ "

ဆာဂါပြည်က ရဲမတ်တွေက ဘိုးလ်ကို လှောင်ပြောင် ကဲ့ရဲ့လိုက်ကြတယ်။

ဒီစစ်သည်တော်တွေက အသံနှိမ့်ပြောကြပေမယ့် နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက အမြင်အကြားအာရုံစူးရှလို့ သူတို့ပြောတာ အားလုံးကြားလိုက်ရတယ်။ ဘိုဝင်ရဲ့မျက်နှာက စိတ်ပူပန်မှုကြောင့် မျက်စိမျက်နှာပျက်နေတယ်။ ဒီလူတွေပြောတာ လိမ်နေတာလို့ အော်ဟစ်လိုက်ချင်ပေမယ့် သူ့အတွင်းစိတ်ထဲမှာ ဒီလူတွေပြောတာ အမှန်တွေဆိုတာ သိလို့ ရင်ထဲက သံသယလည်း ပိုမိုကြီးထွားလာတယ်။

လွန်ခဲ့တဲ့ရက်တွေက ဘိုးလ်ကို ကယ်တင်ပေးခဲ့တဲ့ ဘယ်ကမှန်းမသိတဲ့ နယ်စားဟူးဘတ်က တကယ်ပဲ နတ်ဆိုးဘုရင်ဖြစ်နေသလား။ ပြီးတော့ သူတို့ နတ်သူငယ်ဘုရင်ကြီးကရော ဘိုးလ်ရဲ့ အချစ်တော်တွေထဲက တစ်ယောက်ဖြစ်နေပြီလား။ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။


ဘိုဝင်က ကိုယ့်ကိုယ်ကို လှည့်ဖြားရန်ကြိုးစားနေတယ်လို့ ခံစားမိပြီး သူ့မျက်နှာကို လက်နဲ့ဖုံးအုပ်လိုက်တယ်။ နတ်သူငယ်ဘုရင်နဲ့ ဘိုးလ်ကြားက ဆက်ဆံရေးက မရှင်းမရှင်းဆိုတာကို နတ်သူငယ်တိုင်း ရိပ်မိကြတယ်။ ဘိုးလ်က လူဒီလောက်များများကို သွေးဆောင်ဖြားယောင်းပြီး ခမည်းတော်ကို
သစ္စာဖောက်ခဲ့တယ်။ သူ့စိတ်ဝိဉာဉ်က ဘယ်လောက်တောင် ညစ်ညမ်းနေလိုက်မလဲ။  လူ့ဘောင်အဖွဲ့အစည်းထဲမှာ သူက ညစ်ညမ်းမှုနှင့်ဆိုးသွမ်းမှုကြောင့် ခမည်းတော်ရဲ့ ငြင်းပယ်ခြင်းကို ခံလိုက်ရတာပဲ။
ဒီလိုပုဂ္ဂိုလ်က နတ်သူငယ်နဲ့ သားရဲလူသားတွေရဲ့ ပိုင်နက်ထဲမှာ နတ်သူငယ်ဘုရင်နဲ့ သားရဲဘုရင်ရဲ့ အချစ်ကို လက်ဖဝါးထဲ ထည့်ထားပြီး အကာကွယ်ယူ နေထိုင်နေတယ်။ ဒါဆိုရင် ဒီနယ်မြေနှစ်ခုက မကြာခင် ခမည်းတော်ရဲ့ အမျက်ရှခြင်းကို ခံရတော့မယ်။ စိတ်ပျက်ဖို့ ကောင်းလိုက်တယ်။ ဒီအကြောင်းတွေးမိပြီး ဘိုဝင်ရဲ့ အစာအိမ်အောင့်လာသလို ခံစားလိုက်ရတယ်။

နတ်သူငယ်တစ်ယောက်က ဒီစကားတွေကို ကြားပြီး စိတ်မထိန်းနိုင်ပဲ ရုတ်တရက် ထငိုလိုက်တော့တယ်။ အားလုံးက သူ့ကို  ဝိုင်းကြည့်လိုက်ကြတယ်။ အဲ့အချိန် အိပ်ပျော်နေတဲ့ ဂျိုရှုဝါက မျက်မှောင်တွန့်ပြီး နိုးလာတော့မလို ဖြစ်နေလို့ နတ်သူငယ်တစ်ယောက်က အနားကို အပြေးလျှောက်လာပြီး သာယာတဲ့ တေးသီချင်းကို သီဆိုပေးလိုက်တော့ ဂျိုရှုဝါက ချက်ချင်းပြန်အိပ်ပျော်သွားတော့တယ်။ ဒီတော့မှ အဲ့ဒီ နတ်သူငယ်ကို အပြစ်တင်နေတဲ့ လူတိုင်းက သက်ပြင်းရှိုက်လိုက်ကြတယ်။

" ကျွန်တော် ရုတ်တရက် လန့်သွားပြီး စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ... "

အဲ့ဒီနတ်သူငယ်လေးက သနားစရာ မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။

" မင်း အရှင်ဂျိုရှုဝါကို ဆက်နှောက်ယှက်နေဦးမယ်ဆိုရင် ဒီကနေ ချက်ချင်း ထွက်သွားရမယ်...  "

စစ်သည်တော် အကြီးကဲက အဲ့ဒီနတ်သူငယ်လေးကို သတိပေးလိုက်တယ်။ အခု သူတို့အုပ်စုမှာ ပုပ်ရဟန်းမင်းကြီပါနေပေမယ့် သူက ဘာမှ လုပ်မပေးခဲ့ဘူး။ ဒါကြောင့် ဒီပုပ်ရဟန်းမင်းကြီးကို နတ်သူငယ်တွေနဲ့ သားရဲလူသားတွေ ခေါ်ဆောင်သွားစေချင်နေကြတယ်။


နတ်သူငယ်တွေက ဂျိုရှုဝါဘေးကနေ ထွက်မသွားချင်ကြဘူး။ ဂျိုရှုဝါ နားမှာနေရတာ မိခင်သစ်ပင်ဘေးမှာ နေရသလို နွေးထွေးပြီး သက်တောင့် သက်သာရှိလှတယ်။ ဘိုဝင်က အဲ့ဒီ နတ်သူငယ်အစား တောင်းပန်ပေးလိုက်တယ်။ စစ်သည်တော်တွေက ခေါင်းငြိမ့်လိုက်ပြီး ပြောလက်စ စကားကို ဆက်လိုက်ကြတယ်။

" ဘာဖြစ်လို့လဲ... "

"  အရှင်လက်ထောက် ပုပ်ရဟန်းမင်းကြီး... အခု နတ်သူငယ်တောအုပ်နဲ့ အရင်က နတ်သူငယ်တောအုပ်တို့ ကွာခြားတာကို သတိထားမိရဲ့လား"

အရင်က နတ်သူငယ်တောအုပ်က နတ်ဆိုးမြူတွေ ဖုံးလွှမ်းတယ်ဆိုပေမယ့် ခုလောက် မဆိုးဝါးသေးဘူး။ ဘိုဝင်က နေ့စဉ်လှည့်လည်ပြီး အလင်းဂါထာကို ရွတ်ဆိုပြီး နတ်ဆိုးမြုကို ရှင်းလင်းပေးတယ်။ ဒါပေမယ့် ဘိုးလ်ရောက်လာပြီးတဲ့နောက်ပိုင်း မျက်စိတမှိတ်အတွင်း နတ်ဆိုးမြူတွေက နတ်သူငယ်တောအုပ်ကို ပိုမိုဝါးမြိုလာပြီး တနေ့တည်းနဲ့ သုံးပုံတစ်ပုံထိ ဝါးမြိုသွားတော့တယ်။  နေရာတိုင်း အမှောင်တောအုပ်နဲ့တူလာပြီး ကြည့်လေရာ နတ်ဆိုးတိုက်စားမှုကြောင့် ပျက်စီးယိုယွင်းနေပြီး ငရဲပြည်က ရှုခင်းနဲ့တူတူလာတယ်။

ဘိုဝင်က အရင်က ဒီအချက်ကို ဆက်စပ်မတွေးမိပေမယ့် အခု နတ်သူငယ်လေး သတိပေးလိုက်တော့ သူ့ရင်ထဲက စိုးရိမ်ပူပန်ခြင်းတွေ ပိုတိုးလာခဲ့တယ်။
ဒီဘေးအန္တရာယ်ကို သယ်ဆောင်လာသူက ဘိုးလ်ပဲဖြစ်တယ်။ သူက ခမည်းတော်ကို စိတ်ဆိုးအောင်လုပ်ခဲ့ပြီး နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက ခိုလှုံခွင့်ပေးခဲ့တယ်။ ပြီးတော့ ခမည်းတော် ချစ်တဲ့သူကို သူတို့က ရန်သူလို သဘောထားဆက်ဆံကြတယ်။  မြင့်မြတ်တဲ့ ခမည်းတော်က သူတို့မျိုးနွယ်စု နှစ်ခုကို အမျက်ထွက်မှာသေချာ တယ်။ ။ ဒါကြောင့်နတ်ဆိုးမြူက မထိန်းချုပ်နိုင်ဖြစ်လာတာဖြစ်မယ်။ ပိုပြီး စိုးရိမ်စရာကောင်းတာက ဘိုးလ်ကို ကယ်တင်ပေးခဲ့သူက နတ်ဆိုးဘုရင်ဖြစ်နေတာပဲ။ နတ်ဆိုးဘုရင်က ဖုန်းကွယ်ထားရင် ပုပ်ရဟန်းမင်းကြီးတောင် သူ့ရဲ့ဖြစ်တည်မှုကို ရှာမတွေ့နိုင်ဘူး။ အခု နတ်ဆိုးဘုရင်က ဘိုးလ်နောက်ကို လိုက်လာပြီး နတ်သူငယ်တောအုပ်ထဲကိုရောက်နေပြီ။ ဒီထင်မြင်ချက်မှန်တယ်ဆိုရင် နတ်သူငယ်တွေ မျိုးသုဉ်းမယ့် ဘေးကြီး ဆိုက်ရောက်နေပြီဖြစ်တယ်။

ဘိုဝင်က ကြောက်လန့်ပြီး ကျောပြင်မှာ ချွေးစေးတွေပြန်လာတယ်။ သူ့ဘေးက နတ်သူငယ်က တကိုယ်လုံးတုန်ယင်ပြီး မျက်ရည်ကျရင်း ပြောလိုက်တယ်။

"အရှင် အလင်းဘုန်းတော်ကြီး ကျွန်တော်တို့ ချက်ချင်း ပြန်မှဖြစ်တော့မယ် !"

စိုးရိမ်ပူပန်စွာ ဘိုဝင်က သူ့မျက်လုံးများကိုပွတ်သပ်လိုက်တယ်။

" တကယ်လို့ အဲ့ဒီလူက တကယ်ပဲ နတ်ဆိုးဘုရင်ဖြစ်ရင် ငါ ဘယ်လိုမှ မနိုင်နိုင်ဘူး။ ငါတို့ အလင်းဘုန်းကြီး ဂျိုရှုဝါကို ငါတို့ နတ်သူငယ် ဒေသကို ခေါ်သွားမှဖြစ်မယ် "

ဘိုဝင်က မတတ်သာစွာနဲ့ လက်ကို ယမ်းပြီး ပြောလိုက်တယ်။
"ဒါပေမယ့် သူက ဘိုးလ်က ကျွန်တော်တို့ ပိုင်နက်ထဲမှာ ရှိနေတယ်ဆိုတာ သိထားပုံရတယ်။ သူကကျွန်တော်တို့နဲ့ အတူ မသွားနိုင်လောက်ဘူး။ ခမည်းတော်လိုပဲ သူက ကျွန်တော်တို့ကို မုန်းနေမှာ သေချာတယ် "

နတ်သူငယ်တချို့က ဆို့နင့်စွာပြောလိုက်တယ်။ သူတို့က ဘိုးလ်အတွက် ကလဲ့စားချေပေးမယ်လို့ ပြောခဲ့တယ်။  ဘိုးလ်က ဘာဖြစ်ခဲ့တယ်ဆိုတာ သူတို့လည်း သေချာမသိခဲ့ကြဘူး။ ဘိုးလ်ရဲ့အပြောလောက်ကိုပဲ အမှန်ထင်ခဲ့ကြတယ်။

ဒီလူသားအုပ်စုက ဘိုးလ် လွတ်မြောက်သွားပြီးနောက် ဘာဖြစ်သွားတယ်ဆိုတာ မသိဘူးလို့ ဆိုကြတယ်။ ဒါပေမယ့် သူတို့က ဘိုးလ်ကို ဒေါသထွက်နေကြတယ်။ ကြည့်ရတာ ဘိုးလ်က လူသားတွေကြားမှာ ဆိုးဝါးတာလုပ်ခဲ့ပြီး တကယ်ပဲ ခမည်းတော်ရဲ့ အမျက်ကို ခံခဲ့ရပုံရတယ်။ တကယ်တော့ဘိုးလ်က လူသားတွေရဲ့ စွန့်ပြစ်မှုကြောင့် နောက်ဆုံးသွားစရာ မရှိတော့လို့ နတ်သူငယ်ဒေသကို ထွက်ပြေးခိုလှုံလာတာဖြစ်တယ်။ သူတို့ ဘယ်လောက်တုံးအ တယ်ဆိုတာ တွေးကြည့်လို့တောင်ရတယ်။

ဒါကြောင့် လူသားအုပ်စုက သူတို့နတ်သူငယ်တွေနဲ့ သားရဲလူသားတွေကို မောင်းထုတ်ချင်နေတာ။ နတ်သူငယ်လေးက စိတ်မထိန်းနိုင်တော့ပဲ ဘိုဝင်ရဲ့လက်ကို ဆုပ်ကိုင်ပြီး  ကြောက်လန့်တကြား ငိုကြွေးလိုက်တော့တယ်။

အခြားသူတွေက အလင်းဘုန်းကြီး ဘိုဝင်ရဲ့ ပတ်လည်မှာ ဝိုင်းနေကြပြီ စိတ်ပျက်ပူပန်နေကြတယ်။ ဒီလို အမှောင်နတ်ဆိုးနဲ့ တိုက်ပွဲဖြစ်နေချိန် ခမည်းတော်ရဲ့ စွန့်ပြစ်ခြင်းကို ခံရတယ်ဆိုတာ မကြာခင် နတ်ဆိုးမြူတွေက သူတို့ တောအုပ်ကို ဝါးမြိုပြစ်ပြီး နတ်သူငယ်မျိုးနွယ်တွေ ပျောက်ကွယ်သွားတော့မယ် ဆိုတဲ့သဘောပဲ။

"ဒါပေမယ့် သူက ဘိုးလ်က ကျွန်တော်တို့ ပိုင်နက်ထဲမှာ ရှိနေတယ်ဆိုတာ သိထားပုံရတယ်။ သူကကျွန်တော်တို့နဲ့ အတူ မသွားနိုင်လောက်ဘူး။ ခမည်းတော်လိုပဲ သူက ကျွန်တော်တို့ကို မုန်းနေမှာ သေချာတယ် "

နတ်သူငယ်တချို့က ဆို့နင့်စွာပြောလိုက်တယ်။ သူတို့က ဘိုးလ်အတွက် ကလဲ့စားချေပေးမယ်လို့ ပြောခဲ့တယ်။ တကယ်လို့ ဘိုးလ်က  ကြင်နာတတ်တယ်။ ငါတို့ သေတာကို သူ ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး။ ငါ သူ့ကို ကယ်တင်ပေးဖို့ တောင်းပန်လိုက်ပါ့မယ် "

ဘိုဝင်ကပြောလိုက်ပေမယ့်မသေချာဘူး။ သူက သူ့သူငယ်ချင်း ပုပ်ရဟန်းမင်းကို မကယ်ပဲ အေးစက်စက် ရပ်ကြည့်နေတဲ့ မြင်ကွင်းကို မမေ့သေးဘူး။ ဒီ အလင်းဘုန်းကြီး  ဂျိုရှုဝါက ခမည်းတော်ဆီမှာ ဝတ်ပြုဆုတောင်းချိန်က အနူးညံ့အသိမ်မွေ့ဆုံးဖြစ်ပြီးကျန်အချိန်တွေမှာ အေးစက်စက်ပဲဖြစ်တယ်ဆိုတာ ဘိုဝင်သတိပြုမိထားတယ်။ ဒါကြောင့် အလင်းဘုန်းကြီးလေး ဝတ်ပြုချိန်ကို သူ စောင့်နေလိုက်တယ်။

နောက်တစ်နေ့တွင် ကျိုးယွင်ရှန့်က အချိန်ကျတော့ သူ့အလိုလို နိုးလာတယ်။ အပြင်ဘက်မှာ အန္တရာယ်မရှိကြောင်း သူဆုံးဖြတ်ပြီး သူ့ရဲ့ရွှေစက်ဝိုင်းကိုပြန်လည်ဆွဲယူဖို့ လက်ညှိုးနဲ့ညွှန်လိုက်တယ်။ အလင်းစွမ်းအင်တွေက နဂါးလို ချက်ချင်း ရစ်ပတ်လာပြီး ရွှေရောင်ကြိုးလို လက်ညှိုးထဲကို ပြန်ဝင်သွားကြတယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး ဘိုဝင်က ကြက်သေသေသွားတယ်။

သူတို့လို အလင်းဘုန်းကြီးတွေတောင် အလင်းစွမ်းအင်ကို ထုတ်ပြီးရင် ပြန်မသိမ်းနိုင်ကြဘူး။ အလင်းစွမ်းအင်တွေက လေထဲ စိ့မ်ပြီး ပျောက်ကွယ်သွားကြတယ်။ ခုလို အလင်းစွမ်းအင်ကို ထိန်းချုပ်ပြီး ပြန်သိမ်းတယ်ဆိုတာ ဘယ်လောက် ခက်တယ်ဆိုတာ သူတို့ပဲသိတယ်။ ဒီလို အစွမ်းကို ဘယ်သူမှမလုပ်နိုင်ဘူး။ အလင်းနတ်ဘုရားသာလျှင် အလင်းစွမ်းအင်ကို ထုတ်နို်င်သလို ပြန်ရုပ်သိမ်းနိုင်တယ်။
အခု အလင်းဘုန်းကြီးလေး ဂျိုရှုဝါက တကယ် အလင်းဘုန်းကြီးကော ဟုတ်ရဲ့လား။ သူက သူတော်စင် အဆင့်ရောက်နေတာလား။ နတ်ဘုရားတပိုင်းလား။ ဒါမှမဟုတ် နတ်ဘုရားအဆင့်တောင် ရောက်နေပြီလား။

ဘိုဝင်က တုန်လှုပ်ချောက်ချားသွားပြီး သူ့အတွင်းစိတ်ကို အကြီးအကျယ်ဖိစီးလို့နေတယ်။ ဂျိုရှုဝါက သူတို့ကိုတောင် မကြည့်ဘူး။

🌷🌷🌷🌷🌷🌷🌷

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now