FOD Extra 2 _Chapter _ 19 - Yu Cang Hai

3.4K 402 2
                                    

FOD Extra 2 _Chapter _ 19 - Yu Cang Hai


ညရောက်တဲ့အခါ မုလွေ့လင်က အိပ်ယာပေါ် ပုံလျက်သားလဲကျသွားပြီး အိပ်ပျော်သွားတော့တယ်။ အရှက်ရခြင်းဆိုတဲ့ ခံစားချက်က သူမရဲ့အရိုးတွေထိ တဖြည်းဖြည်းတိုက်စားနေတဲ့အဆိပ်တွေလို သူမကိုယ်ထဲမှာ သွားလာနေတဲ့ အဆိပ်ပိုးကောင်တွေလို နာကျင်တဲ့ခံစားချက်ကြောင့် မခံမရပ်နိုင်အောင်ဖြစ်နေမိတယ်။ ပိယွင်ရွာရဲ့ခန်းမဆောင်ထဲက ထွက်လာတဲ့အချိန် ကျန်းချန်ရန်ရဲ့ စက်ဆုပ်ရွံရှာတဲ့ မျက်ဝန်းအကြည့်ကို ပြန်သတိရတိုင်း မုလွေ့လင်ရဲ့မျက်ဝန်းထဲက မျက်ရည်တွေက အတားအဆီးမရှိ စီးကျလာတော့တယ်။ အဲ့ဒီအချိန်မှာ မွှေးရနံ့တစ်ခုကိုရလိုက်ပြီး သူမတစ်ကိုယ်လုံးက ကြွက်သားတွေက အားမရှိသလို ပျော့ကျသွားပြီး နှလုံးက ပြင်းထန်စွာခုန်လာတော့တယ်။

"တစ်ယောက်ယောက် လာကြပါဦး.."

မုလွေ့လင်က အလန့်တကြား နှုတ်ခမ်းကိုဖွင့်ဟပြီး အပြင်ကိုလှမ်းခေါ်ပေမယ့် သူမနှုတ်ဖျားက စကားသံတိုးတိုးပဲ ထွက်လာနိုင်တော့တယ်။

လူရိပ်တချို့က တစ်ဝက်ဖွင့်ထားတဲ့ ပြတင်းတံခါးကနေတစ်ဆင့် သူမအိပ်ခန်းထဲကို တိတ်တဆိတ်ဝင်လာကြတယ်။ ဒီလူတွေက သူမကိုယ်ပေါ်က အ၀တ်တွေကို တစ်လွှာချင်း ချွတ်ဖယ်လိုက်ကြတာကိုသိပေမယ့် မုလွေ့လင်က ဆေးမိထားလို့ နှုတ်ကဖွင့်ဟပြီး အကူအညီခေါ်လို့မရသလို ရုန်းကန်ငြင်းဆန်နိုင်ခြင်းမရှိအောင် ပျော့ခွေနေတယ်။ ဒီလူတွေက သူမရဲ့အ၀တ်ကိုချွတ်ခွာပြီး သူမရဲ့ခြေထောက်နှစ်ချောင်းကို ချဲ့ကားလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူမကို အနိုင်အထက်ပြုမူပြီး အတင်းအကျပ်ရယူကြတယ်။ သူတို့က ပိုပြီးပျော်ရွှင်လာကြတဲ့အတွက် သူမကို အလယ်မှာဖိထားပြီး လူနှစ်ယောက်က တစ်ပြိုင်တည်း သူမရဲ့ရှေ့ပေါက်နဲ့နောက်ပေါက်ထဲ ၀င်ရောက်ဆက်ဆံကြတယ်။ ဒီလူစုက သူမကိုယ်က သွေးတွေယိုစီးကျလာတဲ့အထိ အတူတူ တစ်ပြိုင်တည်း အကြိမ်ကြိမ်ဆက်ဆံကြတယ်။ နောက်ဆုံး သူတို့ ကျေနပ်မှုရသွားတော့မှ ရပ်လိုက်ကြတယ်။ သူတို့ထဲကတစ်ယောက်က ရယ်မောပြီး ပြောသွားသေးတယ်။

"အရသာတော်တော်ရှိတာပဲ.. နတ်သမီးပုံပြင်ထဲက မိန်းကလေးထက် မင်းက ပိုပြီး ဆွဲဆောင်မှုရှိတယ်.. ဒီနေ့တော့ အနားယူလိုက်ဦး.. မနက်ဖြန်ကျမှ ငါတို့ ပုံစံတစ်မျိုးပြောင်းပြီး ပျော်ကြတာပေါ့.."

ဒီရွာမှာရှိတဲ့အစောင့်တွေနဲ့ အသေခံလူသတ်သမားတွေက အစောပိုင်းပြဿနာထဲမှာ အသတ်ခံလိုက်ရလို့ အခု ရွာရဲ့လုံခြုံရေးကို စောင့်နေတာက ယွန်ခွန်ဖုန်းရဲ့ စစ်တပ်တွေကပဲ ကိုင်တွယ်နေတယ်။ သူတို့က ဒီနေရာကိုလာကြပေမယ့် ဒီရွာရဲ့အစေခံတွေလိုမျိုး နေရာတိုင်းကို လိုက်လုပ်ပေးဖို့ကို သဘောမတူကြဘူး။ ဒါကြောင့် အစောပိုင်းကလူရိပ်တွေ မုလွေ့လင်ရဲ့အိပ်ခန်းထဲကို ၀င်သွားတာကိုတွေ့ပေမယ့် ဘယ်သူမှ စိတ်ဝင်တစား အရေးတယူ လာမကြည့်ကြဘူး။ သူတို့က မျက်မမြင်တွေလိုပဲ ကြောင်တောင်ကြည့်နေလိုက်တယ်။

အခန်းကတိတ်ဆိတ်သွားပြီး ခုနတုန်းကရှိခဲ့တဲ့ လှုပ်ရှားမှုတွေ၊ ရမ္မက်ပြင်းပြင်းရဲ့ အသက်ရှူသံတွေက ဘယ်တုန်းကမှမရှိခဲ့ဖူးသလို ပျောက်ကွယ်သွားတော့တယ်။ မုလွေ့လင်က တောင်ပိုင်းစစ်သေနာပတိချုပ်ရဲ့ နန်းတော်တုန်းက အကူညီကင်းမဲ့စွာနဲ့ အနိုင်ထက်ပြုကျင့်ခံရတဲ့ တူညီတဲ့အခြေအနေကို နောက်တစ်ကြိမ်ရင်ဆိုင်နေရသလို ခံစားလိုက်ရတယ်။ မကောင်းမှုတစ်ခုက စတင်ဖြစ်ပြီးသွားရင် ဘယ်တော့မှ မရပ်တန့်နိုင်တော့ဘူးဆိုတာ မုလွေ့လင် ကောင်းကောင်းသိသွားတော့တယ်။

အခု သူမက မကောင်းတဲ့နာမည်ထွက်သွားပြီး ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးသွားပြီဆိုတော့ လူတိုင်းက ထိခိုက်စော်ကားလို့ရတယ်ဆိုတဲ့ တံဆိပ်ကပ်လိုက်သလို ဖြစ်နေပြီ။

သူမကိုယ်တိုင်ကလည်း ကျန်းချန်ရန်အတွက် လုပ်ကိုင်ပေးရင်း ရန်သူအများကြီးကို ဖန်တီးမိပြီးဖြစ်နေပြီ။ ဒီလိုအခြေအနေမှာ ယွန်ခွန်ဖုန်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို သူမ လက်လွှတ်လိုက်မယ်ဆိုရင် အနာဂတ်မှာကြုံရမယ့် သူမရဲ့ကံကြမ္မာက ဒီကနေ့အဖြစ်ထက် အဆပေါင်းများစွာ ဆိုးရွားလာမှာသေချာတယ်။

မုလွေ့လင်က နှလုံးကွဲကြေမတတ် နောင်တရနေမိတယ်။ သူမ,လုပ်ခဲ့တဲ့ မကောင်းမှုတွေရဲ့အကျိုးဆက်ကို သူမ ပြန်ပေးဆပ်ရတော့မယ်ဆိုတာ သိနေပြီး ဒီအဖြစ်ဆိုးကနေ ဘယ်သူကများ လာကယ်တင်ပါ့မလဲ။ ကျန်းချန်ရန်က အာဏာကို လိုချင်တပ်မက်တာထက် ဟိုဘက်ကိုလွန်နေပြီ။ ယွန်ခွန်ဖုန်းကလည်း သူ့တိုက်ပွဲအောင်နိုင်ဖို့ သူမကို အလွယ်တကူပဲ စွန့်ခွာသွားမှာသေချာတယ်။

အခု သူမက ပြည့်တန်ဆာတစ်ဦးထက်မပိုတဲ့ လူတကာ လာရောက်စော်ကားနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပြီ။ ဂုဏ်သိက္ခာရှိတဲ့ မုအိမ်တော်ကမမလေးဆိုတဲ့ သိက္ခာလည်း မရှိတော့ဘူး။ သူမက ပြည့်တန်ဆာသာသာပဲ ကျန်တော့တယ်။ ဘယ်သူကများ သူမကို ဒီဘ၀ကနေ ဆွဲတင်ပေးနိုင်ပါတော့မလဲလို့ တွေးပြီး မုလွေ့လင် ဘုရားတနေမိတယ်။

သူမရဲ့ ဒီနေ့မှာကြုံတွေ့ရတဲ့ ကံကြမ္မာတွေအားလုံးက ကျိုးယွင်ရှန့်ရဲ့လုပ်ဆောင်ချက်ကြောင့်လို့ မုလွေ့လင် နည်းနည်းမှ မစဉ်းစားမိဘူး။

ယွန်ခွန်ဖုန်းရဲ့ ဒေါသတကြီး လက်တုံ့ပြန်ကလဲ့စားချေခြင်း၊ ရတနာမြေပုံ ပေါ်ထွက်လာခြင်း၊ Wuji Xinjing သိုင်းကျမ်းသတင်း ပျံ့နှံ့သွားခြင်း၊ ပိယွင်ရွာရဲ့ မကောင်းတဲ့လုပ်ရပ်ပေါ်သွားပြီး လူတိုင်းနဲ့တိုက်ပွဲဖြစ်ခြင်း၊ မုလွေ့လင်နဲ့ သူမကို လာရောက်စော်ကားတဲ့ လူတစ်စု...။ ဒါတွေအားလုံးက စနစ်တကျတွက်ချက်ပြီး အကွက်ချထားတဲ့အရာအောက်မှာပဲ အားလုံး ဖြစ်ပျက်သွားခဲ့တာဖြစ်တယ်။

မိန်းမတစ်ယောက်က ပြဿနာနဲ့ရင်ဆိုင်ရတဲ့အချိန် ဒီအကျပ်အတည်းက လွတ်မြောက်ချင်တယ်ဆိုရင် သူမက အရမ်းကိုသန်မာဖို့လိုတယ်။ ဒါမှမဟုတ် အင်အားကြီးတဲ့ လူတစ်ယောက်အရိပ်ကို ခိုလှုံနိုင်ဖို့လိုအပ်တယ်။ မုလွေ့လင်ရဲ့ ပင်ကိုယ်စရိုက်က သန်မာတဲ့စရိုက်မဟုတ်ဘူး။ ဒီလိုပဲ သူမက နှိမ်ချတဲ့အမူအကျင့်လည်း မရှိဘူး။ အဆိုးဆုံးအချက်ကတော့ သူမကိုကာကွယ်ပေးဖို့ ရွေးချယ်တဲ့နေရာမှာ တွက်ချက်တာမှားသွားတာပဲဖြစ်တယ်။

မုလွေ့လင်က အမြဲတမ်း ပါးနပ်လွန်းတဲ့သူဖြစ်ခဲ့တယ်။ ဒါကြောင့် တစ်ခုတည်းသောရလဒ်က သူမရဲ့ကံတရားကို တွက်ချက်တဲ့နေရာမှာ လုံးဝကို မှားယွင်းသွားခဲ့တာဖြစ်တယ်။ တကယ်တော့ ကျိုးယွင်ရှန့်ကတောင် သူမကို ဘာမှလုပ်ဖို့တောင် မလိုလိုက်ဘူး။ သူမ အရင်က ပါဝင်လုပ်ဆောင်ခဲ့တဲ့ မကောင်းမှုကို အခု သူမ ပြန်ပေးဆပ်ရမှာဖြစ်တယ်။ ဒီလိုပဲ ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့လည်း သူတို့သေလမ်းကိုရောက်ဖို့ ဘာမှမကြာတော့ဘူး။

ရှောင်လင်ကျောင်းရဲ့ ပြစ်ဒဏ်ဆင်ခြင်ခြင်းလှိုဏ်ဂူထဲမှာ ဇီရွှမ်က ၄၉ ရက်လုံးလုံး တံခါးပိတ်နေခဲ့တယ်။ သူ့အသိစိတ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တည်ရှိနေတဲ့ မကောင်းတဲ့အတွေးတွေက ပုန်းခိုနေပြီး ဒီအတွေးကိုရအောင် ဖမ်းဆုပ်ဖော်ထုတ်ဖို့ သူ့မှာ အရမ်းကိုအခက်ကြုံနေတယ်။ သူက သမာဓိကို ငြိမ်အောင်ထိန်းပြီး ဒီအတွေးတွေကို ဖိနှိပ်လို့ ပျောက်သွားအောင်ပဲ ကြိုးစားနေရတယ်။

နှင်းလို၊ ကျောက်စိမ်းဖြူရောင်လို အသားအရေရှိတဲ့ ချစ်စဖွယ်ကိုရင်လေးတစ်ပါးက ထမင်းဘူးကိုသယ်ပြီး လှိုဏ်ဂူထဲဝင်လာခဲ့တယ်။ သူက ထမင်းပန်းကန်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်ပန်းကန်ကို ထုတ်လိုက်တယ်။

"ရှစ်ရှုံး.. ထမင်းစားချိန်ရောက်ပါပြီ.."

သူက ဇီရွှမ် ထမင်းပန်းကန်ကို လှမ်းယူတာကိုစောင့်ရင်း မထင်မှတ်ဘဲပြောလိုက်တယ်။

"ရှစ်ရှုံး.. သိပြီးပြီလား.. လူတိုင်းက ယွီချန်းဟိုင်ကို အထင်လွဲနေကြတာတဲ့.. မိသားစုခုနစ်စုကို တိုက်ခိုက်ဖျက်ဆီးခဲ့တာက ပိယွင်ရွာလူကြီး ကျန်းချန်ရန်က ကြံစည်ပြီးလုပ်ခဲ့တာတဲ့.. သူက လူတိုင်းကို အထင်လွဲအောင်လုပ်ပြီး ယွီချန်းဟိုင်ခေါင်းပေါ်ကို ပုံချခဲ့တာ.. လူတိုင်းက မကောင်းမှုကျူးလွန်မိအောင် သူပဲစီစဉ်ခဲ့တယ်.. ကံဆိုးလိုက်တာ.. ရှေးဟောင်းဂိုဏ်းက မျိုးဆက်တွေ တစ်ယောက်မှ အသက်ရှင်မကျန်ရစ်ခဲ့ဘူး.. ဒီလောကကြီးက ကြောက်စရာကောင်းလိုက်တာ.."

သူက အမှတ်မဲ့ပြောပြီး အရမ်းကိုကြောက်သွားခဲ့တယ်။ ဇီရွှမ်က ဘာမှမထူးခြားတဲ့ အမူအယာနဲ့ ထမင်းကို တိတ်တိတ်လေး စားနေခဲ့တယ်။ ဒါပေမယ့် သူ့မျက်ဝန်းထဲမှာ အရိပ်တစ်ခုက ဖြတ်ခနဲပေါ်လာပြီး ပျောက်ကွယ်သွားတယ်။

ကိုရင်လေးက စိတ်ရှည်လက်ရှည်နဲ့ သူ့ရှစ်ရှုံး ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်နေတယ်။ သူ ဘယ်လိုမှ မတုံ့ပြန်တာကိုတွေ့တော့ ပန်းကန်ပြားတွေကိုသိမ်းဆည်းပြီး ထွက်မသွားခင် သုံးကြိမ်လောက် လှည့်ပတ်ကစားလိုက်တယ်။ သူက လှိုဏ်ဂူအ၀ကိုရောက်တဲ့အခါ ဇီရွှမ့်ကို သိသိသာသာ ငေးစိုက်ကြည့်နေတယ်။

ကိုရင်လေးက အစားအသောက်ထည့်တဲ့သေတ္တာကို မီးဖိုဆီကိုပြန်ယူလာရင်း အကျယ်ကြီးအော်ဟစ်ပြီး တစ်ယောက်တည်း စကားတွေပြောနေမိတယ်။ သူ့ဆရာက ဘာကြောင့် ဒီလိုသွေးအေးတဲ့ဘုန်းကြီးတစ်ပါး ဖြစ်စေချင်တာလဲ။ ဒီလိုရက်စက်တဲ့ အကြင်နာတရားကင်းမဲ့တဲ့ ရှစ်ရှုံးဘေးမှာ ဘာကြောင့် သူ့ကို စောင့်နေစေချင်တယ်ဆိုတာ သူ နားမလည်နိုင်တော့ဘူး။

ငါးနှစ်အကြာမှာ ဂိုဏ်းချုပ်ဆရာသခင်က သူ့ကိုပြန်လာခေါ်မယ်ဆိုပေမယ့် ဒီအချိန်ရောက်တဲ့အထိ သူ အသားကိုလုံးလုံးမစားရဘဲ သတ်သတ်လွတ်ပဲ စားနေရတယ်လေ။ ဒါက သူ့ကို တကယ့်ကို ခက်ခဲစေတာပဲမဟုတ်လား။
🎄🎄🎄🎄🎄🎄

သူက ထမင်းနဲ့ဟင်းထည့်ထားတဲ့ဗူးကို မီးဖိုထဲ ဆေးကြောသိမ်းဆည်းပြီး ပတ်ဝန်းကျင်မှာ လူရှိမရှိ တစ်ချက်လှည့်ပတ်ကြည့်လိုက်တယ်။ ပြီးတော့ မီးဖိုပေါ်က ငရုပ်ဆီနဲ့ဆားကို လှမ်းယူပြီး တောင်အနောက်ခြမ်းကို တိတ်တဆိတ် ပြေးထွက်လာခဲ့တယ်။ သူက ငှက်တချို့ဖမ်းပြီး ကင်စားချင်ပေမယ့် သူ အရှေ့ဘက်ခြံဝင်းကနေ ထွက်လာတာနဲ့တစ်ပြိုင်နက် သိုင်းဝတ်စုံဝတ်ထားတဲ့လူတချို့က မျက်နှာချင်းဆိုင်ရပ်ပြီး တစ်ဖွဲ့ကိုတစ်ဖွဲ့ စိတ်ပျက်စရာစကားတွေနဲ့ ပြောဆိုနေတာကို တွေ့လိုက်ရတယ်။

ကိုရင်လေးက အမြန်ပုန်းအောင်းလိုက်ပြီး အကွယ်နောက်ကနေ ခေါင်းတစ်လုံးဖော်ပြီး ချောင်းကြည့်လိုက်တယ်။ သူက ကလေးဖြစ်တဲ့အပြင် သိုင်းပညာလည်း မတတ်တဲ့အတွက် ဒီလူတွေရဲ့အမြင်က ကိုရင်လေးက သံသယ၀င်စရာလို့မမြင်ဘဲ ဒီလိုပဲ ကလေးတစ်ယောက်လို့သာ မြင်ကြတယ်။

ကိုရင်လေး ဒီရှောင်လင်ကျောင်းတော်ကိုမရောက်ခင် ဂိုဏ်းချုပ်ဆရာသခင်က ကြိုတင်ပြောပြထားခဲ့တာရှိတယ်။ ရတနာသိုက်မြေပုံနဲ့ သိုင်းကျမ်းသတင်းက ပျံ့နှံ့သွားတဲ့အခါ သိုင်းဂိုဏ်းတွေနဲ့ အင်ပါယာကအာဏာမရှိသူတွေကြားမှာ အချင်းချင်း ရတနာမြေပုံနဲ့သိုင်းကျမ်းကို လုယက်ဖို့ ပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ပြင်းထန်လာကြလိမ့်မယ်ဆိုတာ ကိုရင်လေးက သိရှိပြီးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းဂိုဏ်းကဆရာသခင်တွေက အရမ်းတော်ကြပြီး အချင်းချင်းချိုးနှိမ်မှုကို လုပ်ဖို့ခဲယဉ်းကြတယ်။ သူတို့က လူစုပြီး သူတို့ကသာ ဒီရတနာကိုရဖို့ ကြိုးစားကြလိမ့်မယ်။ သူတို့ကိုကူညီဖို့ လူတွေလိုက်စုကြလိမ့်မယ်။

သိုင်းပညာအရာမှာ ဘုန်းကြီးဇီရွှမ်နဲ့ ဂိုဏ်းချုပ် Zhishen က နံပါတ်တစ်နေရာမှာရှိလို့ လူတိုင်းက သူတို့ကိုကူညီပေးဖို့ ကမ်းလှမ်းဖို့ လာရောက်ကြတယ်။ ဒါကြောင့် ဒီအခြေအနေကိုကြည့်ရတာ ဒီသိုင်းဂိုဏ်းတွေ ရှောင်လင်ဂိုဏ်းကို လာရောက်တဲ့ရည်ရွယ်ချက်က တူနေပုံရတယ်။ ရှောင်လင်ကျောင်းတော်က ဘယ်သူ့ကိုကူညီပေးဖို့ ရွေးမယ်ဆိုတာ ကိုရင်လေး မသိတော့ဘူး။ တကယ်လို့ တစ်ဖွဲ့ဖွဲ့ကိုကူညီဖို့ ရှောင်လင်ဂိုဏ်းကို သွေးဆောင်နိုင်တဲ့သူကို သူတို့အနေနဲ့ ရွေးချယ်ချင်ရွေးချယ်ကြလိမ့်မယ်လို့ ဆရာသခင်က ပြောခဲ့တယ်။ ဒါပေမယ့် ဘုန်းကြီးတွေဆိုတာ လိုချင်တပ်မက်မှု မရှိသင့်ဘူးမဟုတ်လား။

ကိုရင်လေးက လအနည်းငယ်လောက်ကပဲ ဒီဘုရားကျောင်းကို ရောက်လာပေမယ့် ဒီကျောင်းတော်က အခြားကိုရင်တွေက သူ့ကို ကောင်းကောင်းဂရုစိုက်ကြတယ်။ သူတို့က သူ့ကို တရုတ်စာလုံး ဘယ်လိုရေးရမလဲဆိုတာ သင်ကြားပေးသလို တစ်ဖက်သားကို ကြင်ကြင်နာနာနဲ့ ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာကို မကြာခဏပြောပြတယ်။ ဒါကြောင့် ကိုရင်လေးက ဒီကဘုန်းကြီးတွေကို ရိုးတယ်လို့မထင်ပါဘူး။

ဂိုဏ်းချုပ်သခင်က လျှို့ဝှက်ဂိုဏ်းပေါ် လူတကာထင်မြင်နေတဲ့အမြင်ကို ဆေးကြောပစ်ဖို့ သက်သေတွေရထားပြီလို့ ပြောတယ်။ ဘာကြောင့် ဒီလူတွေက သူတို့သတ်ဖြတ်ခဲ့တဲ့ လျှို့ဝှက်ဂိုဏ်းကကျန်ရစ်သူတွေကို ပြန်လည်ပေးအပ်ဖို့မလုပ်ဘဲ ချမ်းသာကြွယ်ဝမှုနောက်ကိုပဲ လိုက်နေကြတာလဲ။

ကိုရင်လေးက တွေးရင်း စိတ်ရှုပ်ထွေးလာတယ်။ ဒါကြောင့် ကိုရင်လေးက ဒီလူတွေကို ကလဲ့စားချေဖို့ တိုက်ခိုက်ရမယ့်အကြံအစည်ကို မေ့လျော့သွားပြီး Daxing အဆောင်ထဲကို လျှို့ဝှက်ပြီးခိုးဝင်ခဲ့တယ်။ ခန်းမထဲမှာ အပြင်လောကက လူငါးဦးရပ်နေတယ်။ သူတို့တွေရဲ့အသက်ရှူသံကို နားထောင်ကြည့်လိုက်တာနဲ့ ပထမတန်းစား သိုင်းဆရာတွေဆိုတာ သိနိုင်တယ်။ သူတို့က ခဏတိတ်ဆိတ်နေပြီး ဒီရှောင်လင်ကျောင်းတော်မှာ ဘာဘေးအန္တရာယ်မှ မရှိဘူးလို့ ခံစားလိုက်ရတော့ လက်နက်ကိုဘေးချပြီး စကားစပြောလိုက်တယ်။

"ဒီကောင်ယွီချန်းဟိုင်က တကယ့်ကံကြမ္မာဆိုးပဲ.. သူက ကျန်းချန်ရန်ကို ကံဆိုးခြင်းတွေ ယူဆောင်လာတယ်.. အခု သူက အခြားတစ်ယောက်ကို ဦးတည်နေပြီ.."

"အခုမှတော့ ဘာမှလုပ်လို့မရတော့ဘူး.. သူတစ်ယောက်ကလွဲပြီး ဒီဟာကို ဘယ်သူလုပ်နိုင်မှာလဲ.. ငါတို့ အခု သူတို့ကိုတိုက်ဖို့ အကြောင်းပြချက်ကောင်းကောင်း ရပြီမဟုတ်လား.."

"ဒါပေမယ့် ဒီအကြောင်းပြချက်က ဘယ်လိုမှမခိုင်လုံဘူး.. ယွီချန်းဟိုင်က မိသားစုခုနစ်စုရဲ့ ရတနာတွေကိုခိုးယူပြီး ဘာကြောင့် ပိယွင်ရွာကို သယ်သွားမှာလဲ.. ဒီလောက်များတဲ့အရာတွေကို သူတစ်ယောက်တည်း ဘယ်လိုပြောင်းရွှေ့နိုင်မှာလဲ.. ပြီးတော့ ပိယွင်ရွာကအစောင့်တွေက လူသေတွေမှမဟုတ်တာ.. ဒီအကြောင်းပြချက်နဲ့ ယွီချန်းဟိုင်ကိုစွဲဆိုမယ်ဆိုရင် ငါ ရယ်ချင်လို့သေတော့မယ်.."

"ဒီလျှို့ဝှက်ဂိုဏ်းက အသက်ရှင်ကျန်ရစ်တဲ့လူတွေကို သတ်ဖြတ်တဲ့အချိန်တုန်းက ငါတို့က သူတို့ကိုသတ်ဖို့ တရားမျှတတဲ့ အကြောင်းပြချက် ရှာခဲ့ကြလို့လား.."

"အရင်ကလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး လူတွေကို ငါတို့ ဂရုစိုက်စရာမလိုပေမယ့် အခုလူတွေကတော့ မတူဘူး.."

အသက်ကြီးတဲ့လူက ခန်းမထဲကိုညွှန်ပြပြီး လှောင်ပြောင်လိုက်တယ်။

"ငါတို့က ဂိုဏ်းချုပ်ဘုန်းကြီး ZhiShen ကို အကူညီတောင်းတဲ့အခါ ခိုင်လုံတဲ့အကြောင်းပြချက်ကို မပြနိုင်လို့မရဘူး.. ငါတို့က လူတွေကို ဆန္ဒရှိသလိုသတ်လို့ရပေမယ့် သူတို့က ငါတို့လိုလုပ်မှာမဟုတ်ဘူး.. သူတို့မှာ သူတို့ခံယူချက်နဲ့ သူတို့သိက္ခာထိန်းရမှာတွေ ရှိတယ်.."

နောက်လူတစ်ယောက်က သံယောင်လိုက်ပြောလိုက်တယ်။

"ဒါလည်းဟုတ်တယ်.."

ခဏကြာတိတ်ဆိတ်သွားပြီး တီးတိုးဆက်ပြောနေကြတယ်။

"ဂိုဏ်းချုပ်ကြီး ZhiShen က လှုပ်ရှားပါ့မလား.. သူက အပြင်လောကရဲ့ကိစ္စကို ၀င်မပါတာ ဆယ်နှစ်ကြာပြီမဟုတ်လား.."

"သူ ပါသင့်တယ်.. ပြောကြတာတော့ ရတနာသိုက်ထဲမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကာလကြာရှည်ပျောက်ဆုံးနေတဲ့ ရတနာတွေရှိတယ်ဆိုပဲ.."

အသက်ကြီးတဲ့လူက ခန်းမထဲက ဥာဏ်တော်မြင့်မားတဲ့ ဗုဒ္ဓဆင်းတုတော်ကို ညွှန်ပြပြီးပြောလိုက်တယ်။

"ဒီဆင်းတုတော်ကို ရောနှောထားတဲ့ယွမ်ဘုရားလို့ ခေါ်ကြတယ်.. ဒီနာမည်အတိုင်းပဲ ဒီဆင်းတုတော်က ယွမ်ဆာရီရာဘုရားရဲ့ ပုံစံအတိုင်း သွန်းလုပ်ထားတာဖြစ်တယ်.. တကယ့် ယွမ်ဆာရီရာ ဘုရားဆင်းတုတော်အစစ်ကို မတွေ့တာ နှစ်ပေါင်းထောင်ချီနေပြီ.. အခုရတနာသိုက်ထဲမှာ မူလယွမ်ဆာရီရာ ဘုရားဆင်းတုတော်အစစ် ရှိနေတယ်လို့ သတင်းထွက်နေရင် ဂိုဏ်းချုပ်ကြီး ZhiShen က ဒီအခွင့်ရေးကို လက်လွှတ်မယ်မထင်ဘူး.."

"တကယ်လို့ ဒီဂိုဏ်းရဲ့ ကျန်ရစ်တဲ့မျိုးဆက်တွေလက်ထဲ ရတနာသိုက်မြေပုံသာ ရှိတယ်ဆိုရင် သုံးနှစ်အရွယ်ကလေးကို ရွှေငွေဆင်ပေးပြီး ဈေးထဲခေါ်သွားလို့ လွယ်လွယ်ကူကူ ဓားစာမိသလို ဖြစ်နေမယ်မဟုတ်လား.. သူတို့ရဲ့ကံတရားက သိပ်ဆိုးလွန်းနေတာပေါ့.."

ဒီလူတွေက ရယ်မောပြီး ကြမ်းတမ်းစွာပြောလိုက်တယ်။

ကိုရင်လေးရဲ့မျက်လုံးတွေ နီရဲလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ သူ ချက်ချင်းပြေးထွက်ပြီး ဒီလူတွေရဲ့လည်ပင်းကို ကိုက်ပစ်လိုက်ချင်တယ်။ ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါမှာ ZhiShen ရဲ့ဘေးကနေ ပြင်းထန်တဲ့ချီစွမ်းအင်ထွက်နေတဲ့ အဖိုးအိုတစ်ယောက်က ကျယ်လောင်စွာပြောလိုက်တယ်။

"ကူညီပေးတဲ့အတွက် ဆရာသခင်ကို ကျေးဇူးတင်ပါတယ်.. အနာဂတ်မှာ ကျွန်တော်တို့ သေချာပေါက် ဘုန်းတော်ကြီး ZhiShenကို ပြန်ပေးဆပ်ပါ့မယ်.."

"အော်မီတော်ဖော်.. ကောင်းလေစွ.. ကောင်းလေစွ.."

ပညာရှိတဲ့လူတစ်ယောက်က လက်အုပ်ချီပြီး ကြင်နာသနားကြောင်း ပြသလိုက်တယ်။

"မကောင်းဆိုးဝါး မာန်နတ်ကို နှိမ်နင်းတာ ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ တာဝန်ဖြစ်ပါတယ်.. ယွီချန်းဟိုင်က ဆိုးယုတ်ပြီး လူအများကြီးကိုသတ်ဖြတ်နေလို့ ဒီသတင်းကို အနှေးနဲ့အမြန် ဖြန့်ဝေသင့်တယ်.."

မုကျင့်ကောက ကျေနပ်စွာ ရယ်မောလိုက်တယ်။ သူက ZhiShen ကို ကျေးဇူးတင်စကားပြောပြီး ကျေနပ်စွာထွက်သွားတော့တယ်။

ကိုရင်လေးက အမြန်ထိုင်ချလိုက်ပြီး ရွှံ့တွေနဲ့ ကစားချင်ယောင်ဆောင်လိုက်တယ်။ ဒီလူစုက ကိုရင်လေးကို တစ်ချက်တောင် စောင်းငဲ့မကြည့်ဘဲ ဖြတ်သွားကြတယ်။ ၀ါစဉ်ကြီးဆရာတော်ကသာ ကိုရင်လေးကိုကြည့်ပြီး မေးလိုက်တယ်။

"ညစ်ပတ်ကုန်ပြီ.."

နေ့လည်ရောက်တော့ ကိုရင်လေးက ဇီရွှမ့်ဆီကို ထမင်းဘူးသွားပို့ရတယ်။ သူက ပန်းကန်ကိုထိလိုက်တော့ ပူသွားလို့ သူ့လက်ချောင်လေးတွေကို ချက်ချင်းဆွဲထုတ်လိုက်ပေမယ့် နာကျင်သွားတယ်။

💐💐💐💐💐💐

ကိုရင်လေးက အပူလောင်လို့နာသွားတဲ့ လက်ချောင်းလေးတွေကို ရုတ်လိုက်တော့ ပူနေတဲ့ဆန်ပြုတ်ပန်းကန်က ပြုတ်ကျသွားပြီး ဇီရွှမ့်ကို ဆန်ပြုတ်ပူပူတွေ စင်သွားတယ်။ ဇီရွှမ်က မတုန်မလှုပ်နဲ့ ဆန်ပြုတ်တွေကိုသုတ်လိုက်ပြီး လုပ်တဲ့ကိုရင်လေးကို ဒေါသမထွက်ဘဲ ကြည့်လိုက်တယ်။ ကိုရင်လေးက သူ့ကို တစ်ခုခုမေးဖို့ စိတ်မ၀င်စားဘဲ တရားစာကိုရွတ်လိုက်လို့ ဇီရွှမ်ရဲ့ရင်ထဲ ဒေါသတွေထွက်လာတော့တယ်။

ဒီလောကထဲကလူတွေက ရှောင်လင်ကျောင်းတော်ဆိုတာ အသန့်ရှင်းအစင်ကြယ်ဆုံးနေရာလို့ ယုံကြည်နေကြတယ်။ တကယ်တော့ ဒါက အတုအယောင်ဖြစ်ပုံရတယ်။ ထင်ရှားကျော်ကြားပြီး သမာသမတ်ကျတဲ့ ဘုန်းတော်ကြီးဆိုတဲ့ဂုဏ်ပုဒ်က ဂိုဏ်းချုပ်ဆရာသခင်ထက် ပိုသင့်တော်တဲ့သူ ရှိပါဦးမလား။ သူက ဥစ္စာဓနနဲ့ဖြားယောင်းမှုကို ကြံ့ကြံ့ခံနိုင်တယ်။ ချစ်ခင်တွယ်တာခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်းဆိုတဲ့ အရာက သူ့ကိုယ်မှာ လွှမ်းခြုံနေတယ်။ သူက မကောင်းတဲ့လူဆိုးတွေကို ဖယ်ရှားသုတ်သင်တယ်။

"ဂိုဏ်းချုပ်ဆရာသခင်က ကျွန်တော်တို့ဂိုဏ်းပေါ် ထင်ကျန်နေတဲ့ နာမည်ပျက်ကို ဆေးကြောပစ်လိုက်နိုင်ပြီ.. ပြီးတော့ သူက ဒီလောကထဲကနေ အနားယူတော့မယ်.."

ကိုရင်လေးက ရှောင်လင်ကျောင်းကနေထွက်ခွာဖို့ ရည်ရွယ်ထားပြီဖြစ်လို့ စကားလုံးတွေနဲ့ သူ့မူလဇာတ်ကြောင်းကို ဖုံးကွယ်ဖို့ မကြိုးစားတော့ဘူး။

"ဒါပေမယ့် ဂိုဏ်းချုပ်သခင်ဆီမှာ ရတနာမြေပုံနဲ့ ရှေးဟောင်းသိုင်းကျမ်းတွေရှိလို့ တစ်လောကလုံးကလူတွေက သူ့ဆီကပိုင်ဆိုင်တဲ့အရာတွေကို လုယူဖို့ လက်တွဲကုန်ကြပြီ.. သူတို့ပြောကြတာတော့ ကျွန်တော်တို့ဂိုဏ်းချုပ်ကြီးက ပိယွင်ရွာဆီကို ခိုးယူထားတဲ့ရတနာတွေကို သယ်လာပြီး ၀ှက်ထားတယ်တဲ့.. သူတို့က ဆရာ့ကို သတ်ချင်နေကြတယ်.. ခင်ဗျားရဲ့ဆရာက အသက်ရာကျော်နေတဲ့ ဘုန်းကြီးဖြစ်ပြီး ဟိုလူတွေလိမ်တာကိုတောင် မသိနိုင်ဘူးလား.. သူတို့ရဲ့အလိမ်အညာမျက်နှာဖုံးကို ဆွဲမချွတ်ဘဲ ပိယွင်ရွာကလူတွေနဲ့တောင် လက်တွဲပြီး ကျွန်တော်တို့ဂိုဏ်းချုပ်ကို သတ်ဖို့စီစဉ်နေကြတယ်.. ကြည့်ရတာ ဒီအလယ်ပိုင်းဒေသက ယောက်ျားတွေနဲ့ ဘုန်းကြီးတွေတောင် လူကောင်းမကျန်တော့ဘူးလား.. အပြစ်မဲ့တဲ့လူတွေကိုတောင် ခင်ဗျား မရည်ရွယ်ဘဲ သတ်ဖြတ်ခဲ့သေးတာတောင် ဘယ်လိုကြောင့်များ ကျွန်တော့်ဆရာသခင်ကို ဘုန်းကြီးဝတ်ခိုင်းပြီး လူတကာရဲ့ဓားအောက် လည်စင်းခံရအောင် လုပ်နိုင်ရတာလဲ.."

ကိုရင်လေးက ဒီအကြောင်းကိုပြောလေ ဒေါသထွက်လာလေဖြစ်ပြီး လက်ညှိုးထိုးလို့ ဇီရွှမ့်ကို ဆူပူကြိမ်းမောင်းလိုက်တယ်။

"ကျွန်တော့်ဂိုဏ်းချုပ်က ခင်ဗျားရဲ့ မကောင်းဆိုးဝါးစိတ်တွေ ဖောက်ပြန်မှာစိုးရိမ်လို့ ကျွန်တော့်ကို ရှောင်လင်ကျောင်းကိုပို့ပြီး အနီးကပ်စောင့်ကြည့်ခိုင်းခဲ့တာ.. ဒါတောင် ခင်ဗျားက သူ့ကို သေလမ်းပို့သေးတယ်.. ဆယ်နှစ်.. ဒီသောက်ဆယ်နှစ်မှာ ဆရာ့ရန်သူတွေ ဘယ်လောက်များကတောင် ဆရာ့ကိုလိုက်ပြီး လုပ်ကြံသတ်ဖြတ်ကြမယ်ထင်လဲ.. သူ့ကို လူမသတ်အောင် တားမြစ်လိုက်တာက လူတွေသတ်အောင် သူ့ကိုလည်စင်းခိုင်းဖို့ပြောတာနဲ့ အတူတူပဲမဟုတ်ဘူးလား.. ခင်ဗျားက ဒီမှာထိုင်ပြီး တရားလေးရွတ်လိုက်၊ တရားလေးထိုင်လိုက် လုပ်နေတယ်.. တစ်နေ့မှာ ဘယ်နှခါလောက်များ ဆရာသခင်က ဒီအန္တရာယ်တွေကို ကျော်ဖြတ်နေရသလဲဆိုတာ စဉ်းစားဖူးရဲ့လား.. အခုချိန်မှာ သူ့ကိုသတ်ဖို့ အလယ်ပိုင်းဒေသက သိုင်းဆရာကြီးတွေ ထွက်လာကြပြီ.. သူက အတွင်းအားကုန်ပြီး မောပန်းလာရင် ခင်ဗျားရဲ့စကားကြောင့် အနှေးနဲ့အမြန် အသတ်ခံရတော့မယ်.. ခင်ဗျားက.. စိတ်ထားယုတ်တဲ့ ဘုန်းကြီးမိုက်ပဲ.. ခင်ဗျားလက်ကိုင်ထားတဲ့ သူတော်ကောင်းတရားတွေနဲ့ သွားသေလိုက်တော့.."

ကိုရင်လေးက ဇီရွှမ့်ကို တံတွေးနဲ့ထွေးပစ်ချင်ပေမယ့် မလုပ်ရဲဘူး။ သူက ခက်ခက်ခဲခဲ စိတ်ကိုထိန်းပြီး သူ့ဆရာသခင်ဆီကို အရောက်သွားဖို့ တောင်အောက်ကိုပြေးဆင်းသွားတော့တယ်။

ဇီရွှမ်က သူ့မျက်နှာပေါ်က ပေနေတဲ့ဆန်ပြုတ်တွေကို ရေနဲ့သစ်ပစ်လိုက်ပြီး သစ်သားတုံးလေးကိုခေါက်ရင်း တရားစာကို ဆက်ရွတ်နေလိုက်တယ်။ သူ့မျက်နှာပေါ်မှာ ဘာအရိပ်မှမပေါ်ပေမယ့် သူ့ရင်ထဲမှာတော့ လှိုင်းထန်စပြုလာပြီ။ ယွီချန်းဟိုင်က သူ့ဂိုဏ်းရဲ့မကောင်းမှုကို ဆေးကြောပစ်လိုက်နိုင်မယ်ဆိုတာ သူသိတယ်။ ဒါပေမယ့် ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ဘူး။

ရှေးဟောင်းလျှို့ဝှက်သိုင်းကျမ်းနဲ့ ရတနာမြေပုံဆိုတာ လူတွေကိုရူးသွပ်အောင်လုပ်နိုင်တဲ့ အရာနှစ်ခုဖြစ်တယ်။ ဒီနှစ်ခုက တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေလည်းဖြစ်တယ်။ သူ ယွီချန်းဟိုင်ကို ပြုခိုင်းတဲ့ကတိသစ္စာကြောင့် ယွီချန်းဟိုင်က မီးပင်လယ်ထဲမှာ အရိုးထိလောင်ကျွမ်းခံရသလို အပိုင်းပိုင်းဖြတ်တောက်ခံရပြီး ပြာကျအောင် မီးလောင်တိုက်သွင်းခံရတော့မယ်။

ဇီရွှမ်က သစ်သားတုံးလေးကိုခေါက်ရင်း သူ့စိတ်ကူးထဲပေါ်လာတဲ့ လူတွေရဲ့ မကောင်းတဲ့သွင်ပြင်ရယ်၊ လှပတဲ့မျက်နှာလေးရယ်ကို မနည်းမောင်းထုတ်နိုင်အောင် ကြိုးစားနေရတယ်။ အတွေးထဲမှာ တစ်ဖက်လူငယ်လေးက မျက်ခုံးလေးကိုပင့်မပြီး တောက်ပတဲ့မျက်ဝန်းအကြည့်နဲ့ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းလေးကို အသာအယာဖွင့်ဟပြီး ညည်းညူရင်း နူးညံ့တဲ့လျှာလေးနဲ့ စုပ်ယူပြီး နမ်းလိုက်တယ်။ သူ့ရဲ့တင့်တယ်တဲ့ကိုယ်ဟန်၊ ကျက်သရေရှိတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းတွေကို အလွယ်တကူမမေ့နိုင်ဘဲ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ထင်ထင်ရှားရှား မှတ်မိနေတုန်းပဲ။

ဒါပေမယ့် ဇီရွှမ်က ဒီအမှတ်တရမြင်ကွင်းကို အသေးစိတ်ပြန်လည်ပုံဖော်မြင်ယောင်ချိန် မရတဲ့အတွက် သူ့မျက်နှာပေါ်မှာ မီးလောင်ထားတဲ့ပြာလို အလွယ်တကူ လွင့်ပြယ်သွားတော့တယ်။

သူ့ရဲ့အတွေးတွေ ရှုပ်ထွေးနေတဲ့အတွက် သူခေါက်နေတဲ့သစ်သားတုံးလေးက အစိတ်စိတ်အမွှာမွှာကွဲသွားပြီး အသံအကျယ်ကြီးမြည်သွားတယ်။ ဒါကြောင့် ရုတ်တရက် သူ့ကိုယ်ထဲက ထိန်းချုပ်ထားတဲ့စိတ်တွေက လွတ်ထွက်သွားပြီး သွေးအန်ထုတ်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး သွေးတွေရဲသွားစေတော့တယ်။

သုံးရက်အကြာ သူသတိရလာတော့ သူက ကျောက်ဖျာပေါ်မှာလဲလျောင်းနေပြီး Zen ခန်းမက ကိုရင်လေးတွေက တရားတော်ကိုရွတ်ဖတ်နေတာကို ကြားလိုက်ရတယ်။

"ဆရာသခင်ရော.."

သူက ထထိုင်လိုက်ပြီး သွေးနီရောင်ရဲနေတဲ့ မျက်ဝန်းကို ဖုံးကွယ်ဖို့ မျက်လွှာချထားလိုက်တယ်။

"ဆရာသခင်က အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတာ ရက်အတော်ကြာမှ ပြန်ရောက်နိုင်မယ်.."

Zen ခန်းမသခင်က မသေမချာဖြေလိုက်တယ်။

ဇီရွှမ်က ခေါင်းညိတ်လိုက်ပြီး ဘုန်းကြီးအ၀တ်အစားနဲ့ ဖိနပ်ကို တည်တည်ငြိမ်ငြိမ်ဝတ်ပြီး လှိုဏ်ဂူထဲကထွက်လိုက်တယ်။

"ရှစ်ရှုံး.. ဘယ်ကိုသွားမလို့လဲ.. အခု ရှစ်ရှုံးက အပြင်ထွက်ဖို့ တားမြစ်ခံထားရဆဲဆိုတာ မမေ့ပါနဲ့.."

Zen ခန်းမကဘုန်းကြီးက နောက်က အလောတကြီးလိုက်ဖမ်းဖို့ လုပ်လိုက်တယ်။ ဇီရွှမ်က ဘာမှပြန်မဖြေဘူး။ သူလမ်းလျှောက်ပုံကြည့်ရတာ ဖြည်းဖြည်းလေးလို့ထင်ရပေမယ့် တကယ်တော့ လျှပ်စီးလက်သလိုမြန်ပြီး ဒီဘုန်းကြီးနဲ့ကိုရင်အုပ်စုကို တခဏတွင်း နောက်မှာချန်ထားနိုင်လိုက်တယ်။

ဒီတခဏတာတွင်းမှာ သူက ယွီချန်းဟိုင်ဒဏ်ရာရတာကို ဘယ်လိုမှမကြည့်ရက်ဘူးဆိုတာ သေချာသိသွားတော့တယ်။ ယွီချန်းဟိုင်ရဲ့မျက်နှာကို စိတ်အာရုံထဲ မြင်ယောင်ကြည့်လိုက်မိချိန်မှာ ဇီရွှမ်ရဲ့ရင်ထဲ နာကျင်မှုတို့ အဆုံးအစမရှိတော့သလို ခံစားလိုက်ရတယ်။ သူ့ရင်ထဲကအသံက ယွီချန်းဟိုင်ဘေးကင်းရဲ့လားဆိုတာ သေချာအောင် သွားကြည့်ဖို့တိုက်တွန်းနေတယ်။
🌲🌲🌲🌲🌲🌲🌲🌲🌲🌲

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now