Arc_15.13_ Qi Yi Ning

7.5K 645 6
                                    

Arc_15.13_ Qi Yi Ning

"မိန်းမပျက်.. မင်း ကျင်းယွိကို ဘာကြောင့် ဒီလိုမျိုးလုပ်ရတာလဲ.. လာကြစမ်း.. သူ့ကို အမြန်လာဖမ်းချုပ်ကြစမ်း.."

သူမသားအတွက် စိတ်ပူနေတဲ့အတွက် မယ်တော်ကြီးက ကြောင်းကျိုးဆက်စပ် မစဉ်းစားနိုင်တော့ဘဲ အမြန်အော်ဟစ် အမိန့်ပေးလိုက်တယ်။ ဒီအချက်က ဒီပြစ်မှုကို ဝန်ခံရာကျသွားတယ်ဆိုတာ သူမ သတိမထားလိုက်မိဘူး။

မယ်တော်ကြီးရဲ့စကားကိုကြားတော့ သူတို့စားပွဲနောက်မှာ ဒူးထောက်နေတဲ့ လွှတ်တော်ထဲက အမတ်မင်းတွေက သူတို့နားရွက်ကို ပိတ်ထားလိုက်ချင်တော့တယ်။ ဒီလိုလုပ်မရလို့ သူတို့ကိုယ်သူတို့ အတော်လေးကို မုန်းတီးနေကြတယ်။ မယ်တော်ကြီး မူပျက်နေတာကိုကြည့်ပြီး တော်ဝင်ကိုယ်လုပ်တော်နဲ့ တော်ဝင်မင်းသား ဖောက်ပြန်နေတာ တကယ်ဆိုတာ အားလုံးသိသွားကြတယ်။ ဒီအချက်က တွေးလေ ပိုရှုပ်လာလေပဲ။

ကျောက်ပိယွမ်က မင်းကြီးခြေရင်းမှာ ဒူးထောက်လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လို့နေတယ်။ သူကရှင်းပြချင်ပေမယ့် သူမရဲ့လည်ပင်းက ခြောက်သွေ့နေပြီး စကားသံတစ်ခွန်းမှ ထွက်မလာဘူး။ နောက်ဆုံး သူမက မင်းကြီးရဲ့အေးစက်တဲ့မျက်ဝန်းတွေကို ရှောင်ဖို့ မျက်နှာကိုလက်ဝါးနဲ့အုပ်ထားလိုက်တော့တယ်။

ချန်ကြင်ယာတော်က နန်းတော်ထဲကိုမဝင်လာရသေးခင်က ဒီနန်းတော်ထဲမှာမသေဆုံးဘဲ ပြန်လည်လွတ်မြောက်ဖို့ပဲဖြစ်တယ်။ အခုတော့ ဒီဟာက ဘာအရေးကြီးတော့လို့လဲ။ လူဆိုတာ အနှေးနဲ့အမြန် သေရမှာပဲ။ တကယ်လို့ သူမ အခုချိန် အသတ်ခံလိုက်ရရင်တောင် သူမနဲ့အတူ တော်ဝင်မင်းသား၊ ကျောက်ပိယွမ်နဲ့ သူတို့မွေးထားတဲ့ကလေးကိုပါ သေရွာကို အဖော်ခေါ်သွားနိုင်မယ်ဆို ဒီလိုလုပ်ရကျိုးနပ်ပါတယ်။

မြို့တော်မှာ ထိန်းသိမ်းခံထားရတဲ့ သူမရဲ့အမေနဲ့ အစ်ကိုနှစ်ယောက်အကြောင်း တွေးမိတော့ နှာခေါင်းရှုံ့မိတယ်။ သူမရဲ့အမေက တောင်ပေါ်စခန်းက၊ အဖေက စစ်သားတွေ ငတ်မသေအောင် သူ့ကိုသတ်ခိုင်းတဲ့အချိန် စွန့်လွှတ်လိုက်ကတည်းက မိသားစုသံယောဇဉ်ဆိုတာ မရှိတော့ဘူး။ မိသားစုချစ်ခြင်းနဲ့ မိသားစုအပေါ်ထားတဲ့ မျှော်လင့်ချက်ဆိုတာ တစ်စစီဖြစ်သွားခဲ့ပြီးပြီ။ နန်းတော်ထဲဝင်လာတဲ့အချိန် တော်ဝင်မင်းသားရဲ့ လိမ်ညာကြင်နာမှုကြောင့် သူ့ဘဝအတွက် မိသားစုတစ်ခု ဖန်တီးနိုင်ဖို့ အခွင့်အလမ်းရပြီလို့ ထင်ထားခဲ့ပေမယ့် ဒီဟာက သေလမ်းကိုတွန်းပို့လိမ့်မယ်လို့ သူမ ဘယ်လိုမှ ထင်မထားခဲ့မိဘူး။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now