FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet

2.5K 284 0
                                    

FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet


ေနာက္တစ္ေန႔တြင္ ဘိုင္ယန္ မ်ိဳးႏြယ္စု စစ္သည္ေတာ္မ်ားက အမ်ိဳးသမီး ၁၀ ေယာက္ကို ေခ်ာက္ကမ္းပါးေအာက္ရွိ ေျမျပန႔္ေနရာတြင္စု႐ုံးခဲ့ၾကသည္။ မိန္းကေလး ရွစ္ေယာက္ကအရမ္းေပ်ာ္ေနၿပီး က်န္ႏွစ္ေယာက္ျဖစ္တဲ့ ေရွာင္အမ္းခြၽမ္နဲ႔ မူ ကို ပူးတြဲၿပီး လက္ေကာက္ဝတ္မွာ ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားၾကသည္။

သားရဲၿဂိဳလ္တြင္ က်ား၊ မ ဦးေရအခ်ိဳးက မညီမွ်ေသာေၾကာင့္ ဘယ္မ်ိဳးႏြယ္စုမဆို အမ်ိဳးသမီးမ်ားက သက္ေတာင့္သက္သာေနၾကရၿပီး အမ်ိဳးသားမ်ားက ဝိုင္းဝန္းေစာင့္ေရွာက္ကာ ဦးစားေပးၾကရသည္။

ဘိုင္ယန္မ်ိဳးႏြယ္စုက ႐ိုးသားမႈကို ျပသသည့္အေနျဖင့္ ပို႔ရန္
ေ႐ြးခ်ယ္ထားေသာအမ်ိဳးသမီးအားလုံးသည္အလြန္လွပသူမ်ား ျဖစ္ၾကၿပီး စစ္သည္ေတာ္ အေစာင့္မ်ားျဖင့္ ေသခ်ာေစာင့္ၾကပ္ေခၚေဆာင္သြားျခင္း ခံရမည္ျဖစ္သည္။ ဒါေၾကာင့္ မိန္းကေလးမ်ားက ရယ္ရယ္ေမာေမာ စစေနာက္ေနာက္ျဖင့္ သက္ေတာင့္သက္သာ ခရီး ဆက္လာၾကသည္။ ဒါဒါမ်ိဳးႏြယ္ဆီ ထြက္လာရေပမယ့္ ဟိုမွာလည္း ဖူးဖူးမႈတ္ခံရမွာျဖစ္လို႔ ဒီခရီးက သူမတို႔အတြက္ အေပ်ာ္ခရီးလိုသာျဖစ္ေနၿပီး ေရွာင္အမ္းခြၽမ္နဲ႔ မူတို႔ ဝမ္းနည္းေနတာကို နည္းနည္းေလးမွ ဂ႐ုမစိုက္ၾကေပ။


မြန္းတည့္အခ်ိန္ေလာက္မွာ လူေတြဟာ အနားယူဖို႔ေနရာရွာၾကၿပီး နားတဲ့အခ်ိန္ ေရွာင္အမ္းခြၽမ္တြ႕ၿပီး အလစ္မွာ ဝီစီထဲကို ခ်က္ခ်င္းမႈတ္လိုက္တယ္။ ဝီစီသံက အသံက်ယ္လိမ့္မယ္ထင္ေပမယ့္ တကယ္ေတာ့ လုံးဝအသံမထြက္ဘူးျဖစ္ေနတယ္။ ဒီဟာ ပ်က္ေနတဲ့ ဝီစီျဖစ္ေနသလားလို႔ သူထင္လာမိတယ္။  ေရွာင္အမ္းခြၽမ္ ေခြၽးျပန္လာၿပီး ဝီစီကို ထပ္ခါထပ္ခါမႈတ္ေပမယ့္ အသံလုံးလုံးမထြက္ေတာ့ ထိတ္လန႔္တုန္လႈပ္လာတယ္။

"  သြားၿပီ။ နတ္ဘုရားလူငယ္က ငါ့ကို လွည့္စားၿပီး ဝီစီ အပ်က္ႀကီးေပးလိုက္တာ ထင္တယ္။ ငါ့ ဘဝေတာ့ သြားၿပီ။ သူက မယုံၾကည္ရဘူးပဲ...."

  ေရွာင္အမ္းခြၽမ္က စိတ္ပ်က္လက္ပ်က္နဲ႔ ပင္စည္ကို မွီလိုက္ၿပီး သူ႔ေခါင္းကို လက္နဲ႔ ထပ္ခါထပ္ခါထု႐ိုက္ေနမိတယ္။

သူ႔ကိုေစာင့္ေနတဲ့ အေစာင့္က  ေရွာင္အမ္းခြၽမ္ ဝီစီမႈတ္ေနတာကို ျမင္ေပမယ့္ သူက ကစားေနတယ္ထင္ၿပီး ဘာမွမလုပ္ၾကဘူး။ အေစာင့္တစ္ေယာက္က  ေရွာင္အမ္းခြၽမ္ လက္က တြဲခ်ည္ထားတဲ့ ႀကိဳးကို ျဖတ္ၿပီး ၿခဳံပုတ္တဖက္ကို ဆြဲေခၚသြားေတာ့တယ္။

" မင္း ဘာလုပ္တာလဲ... "

 ေရွာင္အမ္းခြၽမ္က အေစာင့္ရဲ႕ ခက္ထန္တဲ့ အမူယာကို ျမင္ေတာ့ အေျခေန မဟန္တာနဲ႔ ေမးလိုက္တယ္။ သူ႔ကို တေယာက္တည္း ခြဲၿပီး ၿခဳံ တဖက္ကို ဆြဲေခၚေနေတာ့ ဒီအေစာင့္က ေတာထဲ မွာ သူ႔ကို မုဒိန္းက်င့္ဖို႔ လုပ္တယ္ထင္ၿပီး ေျခကန္႐ုန္းရင္း ေမးလိုက္တယ္။ ဒါေပမယ့္ အေစာင့္သားရဲလူသားက အရမ္းသန္မာၿပီး  ေရွာင္အမ္းခြၽမ္က ၿခဳံတဖက္ကို တ႐ြတ္တိုက္ပါလာတယ္။ အေစာင့္က သူထင္သလို သူ႔ကို မုဒိန္းက်င့္ဖို႔မဟုတ္ပဲ ဓါးကို ထုတ္လိုက္တယ္။


"မင္းသိထားတဲ့ ဗဟုသုတေတြကို ဒါဒါမ်ိဳးႏြယ္စုကို ထုတ္မေျပာေစခ်င္လို႔ ရွာမန္က မင္းကို လွ်ာျဖတ္ခိုင္းလိုက္တယ္။   "

အေစာင့္က သူ႔ပါးစပ္ကို တင္းတင္းဆုပ္ၿပီး သူ႔ပါးစပ္ကိုဖြင့္လိုက္တယ္။

"အား....  "

 ေရွာင္အမ္းခြၽမ္က ေၾကာက္လန႔္တၾကား ေအာ္ဟစ္လိုက္ေပမယ့္ အနားမွာ ထိုင္ေနတဲ့ အျခားအေစာင့္ေတြနဲ႔ အမ်ိဳးသမီးေတြက ၾကည့္႐ုံသာ ၾကည့္ေနၿပီး ဘယ္သူမွ ကူညီမယ့္ပုံမေပၚဘူး။ တခ်ိဳ႕မိန္းကေလးေတြက ၿပဳံးေတာင္ ၿပဳံးေနၾကေသးတယ္။ သူတို႔ကို ရွာမန္က ၫႊန္ၾကားခ်က္ ေပးထားတယ္ဆိုတာ ထင္ရွားတယ္။

မထင္မွတ္ထားပဲ မူ တစ္ေယာက္ပဲ လူအုပ္ထဲက ေျပးထြက္လာၿပီး ကူညီဖို႔လုပ္ေပးမယ့္ အျခား မိန္းကေလးေတြက မူကို ဝိုင္းဆြဲဖိထားၿပီး ႐ိုက္ႏွက္ၾကတယ္။ သူမတို႔က အက္ဒီ ၫႊန္ၾကားထားတဲ့အတြက္ သူမတို႔ ၿပိဳင္ဖက္ကို တဖက္မ်ိဳးႏြယ္စုမွာ အေရးေပးခံရတာမ်ိဳး အျဖစ္ခံမွာမဟုတ္ဘူး။

ေအးစက္တဲ့ ဓါးသြားက  ေရွာင္အမ္းခြၽမ္ရဲ႕ အတင္း ဖ်စ္ညစ္လို႔ ပြင့္ေနတဲ့ ပါးစပ္ထဲ ဝင္လာၿပီး လွ်ာရင္းကို ျဖတ္ေတာ့မယ့္ အခ်ိန္မွာ သူက စိတ္ေလ်ာ့လိုက္ၿပီး မ်က္လုံးကို မွိတ္ထားလိုက္တယ္။ ဒါေပမယ့္ နာက်င္မႈက ေရာက္မလာတဲ့အခါ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႔ကို ဖိခ်ဳပ္ထိုင္ထားတဲ့ သားရဲလူသား အမ်ိဳးသားရဲ႕မ်က္ႏွာက ျဖဴေယာ္ေၾကာက္လန႔္ေနၿပီး ေျမျပင္ေပၚ ၿပိဳလဲက်သြားတာ ေတြ႕လိုက္ရတယ္။ က်န္ အေစာင့္ေတြလည္း တစ္ေယာက္မွ မရွိေတာ့ဘူး။ သူ႔ေနာက္မွာ နတ္ဘုရား လူငယ္က ၿပဳံးၿပီး ရပ္ေနတာကို ေတြ႕လိုက္ရတယ္။

က်ိဳးယြင္ရွန႔္က  ေရွာင္အမ္းခြၽမ္ရဲ႕ နား႐ြက္ကို ဆြဲလိုက္ၿပီး ေျပာလိုက္တယ္။

"  ဒီဝီစီသံကို ငါနဲ႔ ႐ႊမ္ပဲ ၾကားႏိုင္တာ။ မင္း က ထပ္ခါထပ္ခါမႈတ္ေနေတာ့ ငါတို႔ နားပင္းသြားၿပီလားေတာင္ ထင္ရတယ္..."

"  ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ မသိလို႔ပါ။ နတ္ဘုရားေလး ခင္ဗ်ား ကြၽန္ေတာ့္ကို တကယ္လာကယ္ေပးတယ္....ခင္ဗ်ားက ကြၽန္ေတာ့္ အသက္သခင္ ေက်းဇူးရွင္ပါပဲ...."

 ေရွာင္အမ္းခြၽမ္က ခ်က္ခ်င္းပဲ က်ိဳးယြင္ရွန႔္ရဲ႕ ေျခအစံကို ဖက္ၿပီး မ်က္ရည္လည္႐ြဲငိုေႂကြးေနေတာ့တယ္။

 ေရွာင္အမ္းခြၽမ္က က်ိဳးယြင္ရွန႔္တို႔နဲ႔ အတူထြက္ခြာခါနီးမွာ မူ ကိုလွမ္းေမးလိုက္တယ္။

"  မင္းေကာ ဘယ္လိုလုပ္မလဲ...."

"ငါ့အတြက္ စိတ္မပူနဲ႔။ ငါ့ဖာသာ အဆင္ေျပေအာင္ တစ္ခုခုလုပ္မယ္။   "

မူက ျခေသၤ့ႀကီးကို ေၾကာက္႐ြံ႕စြာၾကည့္ရင္းေျပာလိုက္တယ္။ သူက ေတာထဲမွာ တစ္ေယာက္တည္း ရွင္သန္ရပ္တည္ဖို႔ မလြယ္ကူေပမယ့္ ဒီလို သား႐ိုင္းႀကီးနဲ႔ေတာ့ အတူမေနရဲဘူး။

 ေရွာင္အမ္းခြၽမ္က က်ိဳးယြင္ရွန႔္ကို သူတို႔နဲ႔အတူ မူကို ေခၚသြားေပးပါလို႔ ေတာင္းဆိုဖို႔မဝံ့ေတာ့ ဒီအတိုင္းပဲ ေခါင္းၿငိမ့္ၿပီး ေ႐ႊေရာင္ျခေသၤ့ႀကီးေနာက္ကို လိုက္လာခဲ့ေတာ့တယ္။

မူက က်ိဳးယြင္ရွန႔္ ခ်န္ထားေပးတဲ့ လက္နက္နဲ႔ ႀကိဳးကို ျဖတ္လိုက္ၿပီး ငိုေႂကြးေနတဲ့ မိန္းမအုပ္စုကို ျပစ္တင္ရႈံ႕ခ်စြာစိုက္ၾကည့္လိုက္တယ္။ အေစာင့္ေတြ အကုန္ ေသကုန္ေတာ့ ဒီ မိန္းမ အုပ္စုက အေစာင့္ေရွာက္မပါပဲ ဒီေတာထဲက ဘယ္နည္းနဲ႔မွ ျပန္ထြက္သြားႏိုင္မွာ မဟုတ္သလို ကတိေပးထားတဲ့အတိုင္း ဒါဒါမ်ိဳးႏြယ္စုေတြဆီကို မိန္းကေလးေတြကို မပို႔ႏိုင္ရင္ သူတို႔ ဘိုင္ယန္မ်ိဳးႏြယ္စုက အမဲလိုက္စရာ နယ္ေျမမရပဲ ငတ္ေသသြားႏိုင္တယ္။

 ေရွာင္အမ္းခြၽမ္က ဌက္ေလးလို ျမဴးႂကြၿပီး ျခေသၤႀကီးေနာက္ကို လိုက္လာရင္း လမ္းတေလွ်ာက္ ေပ်ာ္႐ႊင္စြာနဲ႔ တတြက္တြတ္ စကားေျပာေနတယ္။ ဒီစကားသံကို ၾကားေတာ့ ျခေသၤ့ႀကီးက နားညည္းလာၿပီး ဟိန္းလိုက္တယ္။  ေရွာင္အမ္းခြၽမ္က ေၾကာက္လန႔္တၾကားနဲ႔ မ်က္ႏွာေပၚက ႂကြက္သားေတြေတာင္ တြန႔္သြားတယ္။ ေနာက္ သူက ၿငိမ္ၿငိမ္သက္သက္ေလးပဲ က်ိဳးယြင္ရွန႔္နားမွာ ကပ္လိုက္ၿပီး သူတို႔ေနထိုင္ရာ ေနရာကို ဦးတည္ၿပီး လာခဲ့ၾကတယ္။ အျပန္လမ္းမွာ စားေသာက္ဖို႔ ငါးေတာင္ ဝင္ဖမ္းခဲ့ၾကေသးတယ္။

" နတ္ဘုရားေလး ကြၽန္ေတာ္ မနက္စာ၊ ေန႔လည္စာ၊ ညစာ သုံးနပ္လုံး ခ်က္ျပဳတ္ေပးပါ့မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ပိုင္တဲ့ ဆားနဲ႔ဟင္းခတ္ေတြက က်န္ရစ္ခဲ့တယ္။ အဲ့ဒါေတြကို အတူ မယူလာႏိုင္ခဲ့ဘူး "

 ေရွာင္အမ္းခြၽမ္က ငါးကင္ေနရင္း က်ိဳးယြင္ရွန႔္ကို ရင္ဘတ္ပုတ္ျပၿပီး တာဝန္ခံလိုက္တယ္။

"ငါ့ဆီမွာ တခ်ိဳ႕ရွိပါတယ္။ က်န္တာကိုေတာ့ ငါတို႔ ေတာထဲ သြားေတာ့မွ ထပ္ရွာၾကတာေပါ့...."
 
အခမဲ့စားဖိုမႉးေရာက္လာလို႔ က်ိဳးယြင္ရွန႔္က စိတ္ၾကည္သာစြာနဲ႔ ဟင္းခတ္ေတြကို အိတ္လိုက္ ခ်ေပးလိုက္တယ္။

" ဟင္းခတ္အေမႊးအႀကိဳင္ေတြ အမ်ားႀကီးရွိတယ္။ ဆားအတြက္ေကာ ဘယ္လိုလုပ္မလဲ "

ဆားအိတ္တစ္အိတ္သာက်န္ရွိေနေသာေၾကာင့္  ေရွာင္အမ္းခြၽမ္ စိုးရိမ္ပူပန္ေနတယ္။

သူေနထိုင္တဲ့ ဘိုင္ယန္မ်ိဳးႏြယ္က သူ႔ကို ေပးတဲ့ ဆားက နည္းတယ္ဆိုေပမယ့္ အခု မ်ိဳးႏြယ္စု မရွိေတာ့ ဆားကို ဘယ္က ရွာရမွန္း မသိျဖစ္ေနတယ္။

ျခေသၤ့ႀကီးက ဘယ္ေလာက္အားေကာင္းတယ္ဆိုတာကို ေသေသခ်ာခ်ာမသိေပမယ့္ သူတို႔ႏွစ္ေယာက္ကို သယ္ၿပီး ပင္လယ္ကမ္းစပ္ကို ေဘးကင္းစြာမပို႔ႏိုင္ေလာက္ဘူး။ ဒါ့အျပင္ ဒီမွာ ေနတာက နတ္ဘုရားလူငယ္နဲ႔ ေ႐ႊျခေသၤ့ႀကီး အတြဲကို အေႏွာက္ယွက္ျဖစ္ေနတယ္လို႔ သူ ခံစားမိလိုက္တယ္။

"နတ္ဘုရားေလး မင္း မနက္ျဖန္ ကြၽန္ေတာ့ကို ဒါဒါမ်ိဳးႏြယ္ဆီကို ေခၚသြားေပးႏိုင္မလား။ ကြၽန္ေတာ္က ဘိုင္ယန္မ်ိဳးႏြယ္နဲ႔ ေကာင္းေကာင္း အတူမေနႏိုင္ေပမယ့္ ဒါဒါေတြနဲ႔ အတူေနႏိုင္မယ္ထင္ပါတယ္။ သူတို႔မ်ိဳးႏြယ္ၾကား ကြၽန္ေတာ္ အေျခတက်ျဖစ္ရင္ ခင္ဗ်ားတို႔အတြက္ ဆားကို လုံေလာက္ေအာင္ ပို႔ေပးပါ့မယ္။ "

သားရဲေတြရဲ႕ေသြးကိုေသာက္သုံးျခင္းက ဆားကိုအစားထိုးႏိုင္ေသာ္လည္း  နတ္ဘုရားလူငယ္နဲ႔ ျခေသၤ့ႀကီးက ေတာအုပ္ထဲရွိေတာ႐ိုင္းသတၱဝါမ်ားကို လုံးဝမနာက်င္ေစလို႔ သူတို႔က ေသြးမေသာက္ၾကဘူး။ ဒီႏွစ္ေယာက္က သူေတြ႕သမွ် မ်ိဳးႏြယ္တိုင္းထက္ ျမင့္ျမတ္ပါေပတယ္။

"မင္းသြားစရာမလိုပါဘူး။ မင္းက အရမ္းမိုက္မဲလြန္းလို႔ ဘယ္ေနရာမွာမဆို ေရာေႏွာေနလို႔မရဘူး။ ငါတို႔နဲ႔အတူရွိေနမွျဖစ္မွာပါ။ ရက္နည္းနည္းၾကာရင္ ႐ႊမ္နဲ႔ ငါက  ပင္လယ္ကမ္းေျခကိုသြားၿပီး ဆားရွာၾကမယ္။ မင္း ဒီမွာထိုင္ၿပီးေစာင့္ၾကည့္ေပးထားလိုက္ေပါ့။ စိတ္ခ်ပါ။ ဒီေတာတဝိုက္ ျခေသၤ့ႀကီးရဲ႕ ဆီးအနံ႔ကေနရာတိုင္းမွာ ပ်ံ႕ႏွံ႔ေနတယ္။ ဒါေၾကာင့္အနီးအနားမွာ ဘာသတၱ ၀ ါမွ ၀ င္မလာရဲဘူး။ "

က်ိဳးယြင္ရွန႔္က မိုက္မဲတဲ့ ျခေသၤ့မ်က္လုံးကို စိုက္ၾကည့္ၿပီး ၿပဳံးၿပီး ေျပာလိုက္သည္။

ႏူးညံ့သိမ္ေမြ႕ေသာျခေသၤ့က သူ႔ဦး ေခါင္းကို လက္နဲ႔ ဖုံးေနတယ္။ ဒီလို ေသးေလွ်ာက္ပန္းတာ အရမ္းမိုက္မဲတဲ့ပုံပဲ။ သူက ဒါကို မလုပ္ခ်င္ေပမယ့္ အခု သူ ဝင္ေနတဲ့ ျခေသၤ့အထီးႀကီးရဲ႕ သဘာဝျဖစ္တဲ့အတြက္ ေနရာတိုင္း ေသးမပန္းပဲကို မေနႏိုင္ဘူးျဖစ္ေနတယ္။

အိမ္...ဒီဟာ သူ႔အိမ္ျဖစ္သြားၿပီလို႔ ေတြးၿပီး ေရွာင္အမ္းခြၽမ္က မၿပဳံးပဲ မေနႏိုင္ေတာ့ဘူး။ သူက တေနကုန္ ေပ်ာ္လြန္းလို႔ သြားၿဖဲရယ္ေနမိေတာ့တယ္။

" နတ္ဘုရားေလး ခင္ဗ်ာ ကြၽန္ေတာ္  ဂူထဲမွာ ခင္ဗ်ားတို႔ႏွစ္ေယာက္နဲ႔ အတူအိပ္လို႔ရမလား?"

"ဒီထဲမွာ မအိပ္လို႔ မင္းက ဘယ္မွာ သြားအိပ္မွာလဲ။ "

က်ိဳးယြင္ရွန႔္က မ်က္ခုံးကို ပင့္လိုက္ၿပီး ေမးလိုက္တယ္။


"ခင္ဗ်ားတို႔ႏွစ္ေယာက္ကို အေႏွာက္ယွက္ျဖစ္ေနမလားလို႔...."

ေရွာင္အမ္းခြၽမ္က အရင္တုန္းက မနက္တိုင္း သူတို႔နဲ႔ အတူ မနက္စာစားဖို႔နဲ႔ ေတာထဲလွည့္လည္ဖို႔ လာခ်ိန္တိုင္း ျခေသၤ့ႀကီးနဲ႔ နတ္ဘုရားလူငယ္ေလးတို႔ ခ်စ္ပလူးေနတာကို ျမင္ခဲ့ဖူးတာကို သတိရလို႔ ေမးလိုက္တာ ျဖစ္တယ္။ ဒီျမင္ကြင္းက သူ မၾကည့္သင့္ဘူးလို႔ ယူဆလို႔ ေမးလိုက္တာ ျဖစ္တယ္။

" ေကာင္းၿပီ။ သူ အရမ္းပင္ပန္းေနခဲ့တာျဖစ္လို႔ နားဖို႔လိုေနၿပီ။ ခင္ဗ်ား တိတ္တိတ္ေန၊ ဒီည သိပ္မကဲနဲ႔... "

က်ိဳးယြင္ရွန႔္က မိုက္မဲတဲ့ ျခေသၤ့ကိုကန္ရင္း ေျပာလိုက္သည္။ ေက်ာက္႐ႊမ္က တီးတိုး ေအာ္လိုက္ၿပီး ဒီလို သူ႔ကိုေျပာလို႔ သူ႔ရင္ေတြ နာက်င္တယ္ဆိုေပမယ့္ သူ႔ခ်စ္သူေလးရဲ႕ အမိန႔္ကို နားမေထာင္ပဲ မေနရဲဘူး။ သူက ခ်စ္သူေလးရဲ႕ ေျခေထာက္ေတြကို ႏူးညံ့တဲ့ လွ်ာႀကီးနဲ႔ လ်က္ၿပီး ေပ်ာ္႐ႊင္စြာ ဆြဲေဆာင္ေနသည္။


ေရွာင္အမ္းခြၽမ္က မ်က္လုံးကို လက္နဲ႔ကာလိုက္ၿပီး လက္ၾကားကပင္ ေခ်ာင္းမၾကည့္ဝံ့ေပ။ ဒီလို ပုံစံႏွင့္ဆိုလွ်င္ ေနာက္ေန႔ ဂူအျပင္ဘက္မွာ သူ႔ဘာသာ သစ္လုံးအိမ္ေလး ေဆာက္ၿပီးေနတာ ပိုေကာင္းမည္ဟု ေတြးလိုက္မိသည္။

ေရွာင္အမ္းခြၽမ္က ဒီည သူ ဒီစုံတြဲ ကလူက်ီစယ္ေနေသာေၾကာင့္ အိပ္လို႔ရမည္ မဟုတ္ဟု ထင္ထားေပမယ့္ မၾကာခင္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြားၿပီး သြားရည္မ်ားပင္ ေျမျပင္မွာ စီးက်ေနသည္ကိုပင္ မသိေတာ့ေပ။


ေနာက္တေန႔မွာ ေရွာင္အမ္းခြၽမ္က  ျခေသၤ့ႀကီးႏွင့္ နတ္ဘုရားလူငယ္၏ စိတ္ပါလက္ပါ ခ်စ္တင္းေႏွာသံ၊ နာက်င္မႈေၾကာင့္ ညည္းညဴသံ၊ သာယာမႈႏွင့္ တီးတိုးညည္းသံ၊ နမ္းရႈပ္ေနသံတို႔ေၾကာင့္ ႏိုးလာခဲ့သည္။ ဒါေပမယ့္ ေရွာင္အမ္းခြၽမ္က  နည္းနည္းေလးေတာင္ မလႈပ္ရဲပဲ အိပ္ခ်င္ေယာင္ေဆာင္ေနရင္း ဒီလို ျပင္းျပလႈိက္လွဲတဲ့ ခ်စ္တင္းေႏွာသံေၾကာင့္ သူ႔ေတြးေတြ ပြက္ပြက္ဆူလာၿပီး အေတြး႐ိုင္းမ်ားပင္ သူ႔အျမင္အာ႐ုံထဲ ျမင္ေယာင္ေနမိေတာ့သည္။

ေရွာင္အမ္းခြၽမ္က သူ႔ခါးဝတ္ကို မသိမသာ ျပန္လည္ဖုံးၿပီး သူ႔ရဲ႕ ေထာင္မတ္ေနတဲ့ ညီေတာ္ကို ရွက္႐ြံ႕စြာႏွင့္ ဖုံးလိုက္သည္။ ခ်စ္တင္းေႏွာတဲ့ အသံေတြက တစ္နာရီၾကာေတာ့မွ တိတ္သြားေတာ့သည္။ ထိုအခါက်မွ ေရွာင္အမ္းခြၽမ္က ခုမွႏိုးခ်င္ေယာင္ေဆာင္ၿပီး မ်က္လုံးကို လက္ႏွင့္ပြတ္ၿပီး ႏူတ္ဆက္လိုက္ၿပီး အျပင္ကို အျမန္ထြက္လာခဲ့ေတာ့ သည္။

က်ိဳးယြင္ရွန႔္ရဲ႕မ်က္ႏွာက နီေျပေျပျဖစ္ေနၿပီး မက္မြန္သီးလို မ်က္ဝန္းတစ္စုံက အရည္ေလးေတြ လဲ့ေနတာၾကည့္ၿပီး ဒီခ်စ္တင္းေႏွာမႈမွာ ေက်နပ္မႈရလိုက္တယ္ဆိုတာ တခ်က္ၾကည့္႐ုံနဲ႔သိႏိုင္သည္။ ျခေသၤ့ႀကီးက သူ႔ခ်စ္သူေလးကို လက္ေမာင္းၾကားဆြဲသြင္းကာ သိုင္းဖက္ၿပီး ျပန္အိပ္ဖို႔ ႀကံေနေတာ့သည္။



"ခင္ဗ်ား တစ္ရက္မွ မလုပ္ရရင္ ေသသြားမွာမို႔လား။ ျခေသၤ့ျဖစ္လာမွ ခင္ဗ်ားရဲ႕ ဦးေႏွာက္စြမ္းရည္လည္းေလ်ာ့နည္းသြားတယ္။ ေနာက္တစ္ခါ ထပ္ခါထပ္ခါ ဒီလို လုပ္ရင္ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕ဖြားဖက္ေတာ္ကို ျဖတ္ပစ္လိုက္မယ္။ "


က်ိဳးယြင္ရွန႔္က မိုက္မဲတဲ့ ျခေသၤ့ႀကီးရဲ႕ လည္ဆံေမြးေတြကို ပ်င္းရိစြာပြတ္သပ္ရင္း ေျပာလိုက္သည္။ ဒီၾကမ္းတမ္းတဲ့စကားကို ေျပာေနေပမယ့္ အသံက ႏူးညံ့ခ်ိဳသာေနေသာေၾကာင့္ ဒီစကားကို ၾကားေတာ့ ေက်ာက္႐ႊမ္က ပိုၿပီးေတာ့ စိတ္ႂကြလာေတာ့သည္။

ေက်ာက္႐ႊမ္က တီးတိုး ဟိန္းလိုက္ၿပီးသူ႔ခ်စ္သူေလးရဲ႕မ်က္ႏွာကို လွ်ာနဲ႔ အဆက္မျပတ္လ်က္ရင္း ပုခုံးေတြကို လက္နဲ႔ဖက္ၿပီး သူ႔ရင္ခြင္ထဲ ဆြဲသြင္းၿပီး ဖက္လ်က္ အိပ္ေမာက်သြားၾကေတာ့သည္။

အျပင္ဘက္တြင္ ေရွာင္အမ္းခြၽမ္သည္ မ်က္ႏွာသစ္ၿပီးေနာက္ မနက္စာကို ျပင္ဆင္လိုက္သည္။ သူက ဒီေတာထဲက တူးယူထားတဲ့ ကန္စြန္းဥႀကီးကို မနက္စာအျဖစ္စားႏိုင္ရန္ မီးဖိုၿပီး ဖုတ္ထားလိုက္သည္။ ျခေသၤ့ႀကီးက သတ္သတ္လြတ္မစားႏို္င္မည္စိုးေသာေၾကာင့္ မေန႔က ဖမ္းထားသည့္ ငါးမ်ားကို မီးဖိုေပၚ ကင္လိုက္သည္။

သူတို႔ကံေကာင္းသည့္ အခ်က္က ဒီသားရဲျဂိုလ္ေပၚရွိ  တိရိစာၦန္ႏွင့္အပင္မ်ားသည္ ကမာၻေျမေပၚကနဲ႕ တူေနျပီး ဒီဲျဂိဳလ္ေပၚက အရာတုိင္းက ပိုမိုႀကီးထြားေနသည္။ ကမာၻေျမေပၚက ကန္စြန္းဥႀကီးမ်ားက အႀကီးဆံုးဆိုလွ်င္ 1 သို႕မဟုတ္ 2 ကီလိုဂရမ္သာရွိေသာ္လည္း အခု သားရဲျဂိုလ္ေပၚက ကန္စြန္းဥႀကီးက အနည္းဆံုး 12 ကီလိုဂရမ္ေက်ာ္ ေလးေလ့ရွိသည္။ ငါးဆိုလွ်င္လည္း ဒီျဂိုလ္ေပၚက ငါးက ပံုမွန္အရြယ္က ကီလိုဂရမ္ 50၊ 60 ေလာက္ရွိျပီး ႀကီးမားသည့္ ငါးမ်ားက ကီလိုဂရမ္ ရာေက်ာ္ရွိသည္။ ဒါေႀကာင့္ သူ အခုတူးလာသည့္ ကန္စြန္းဥႀကီးက ရက္အေတာ္မ်ားမ်ား မနက္စာအျဖစ္စားဖို႕ေတာင္ လံုေလာက္နုိင္သည္။

ဘုိင္ယန္မ်ိဳးႏြယ္စုမွာ ေနခဲ့စဥ္က ထိုလူမ်ိဳးမ်ားက အခုလို ကန္စြန္းဥနွင့္ ငါး စသည္တုိ႕ကို စားေသာက္ေလ့မရွိႀကေပ။ သူတို႕က အဆိပ္ေတာက္ျဖစ္မည္စိုးေသာေႀကာင့္ ဥမ်ားနွင့္ ငါးကို မစားပဲ သစ္သီးရိုင္းမ်ားနွင့္ ေတာေကာင္မ်ားကို အမဲလိုက္ျပီးမွ စားေလ့ရွိႀကသည္။


ဒီအေတာ္တြင္း ဘို္င္ယန္မ်ိဳးႏြယ္စုက အစာေရစာရွားပါးျပီး ဆာေလာင္ငတ္မြတ္လာခ်ိန္တုန္းက  ေရွာင္အမ္းခြၽမ္ကသာ ဒီကန္စြန္းဥေတြကို တူးယူျပီး စားေသာက္ေနနုိင္လုိ႕ ဝမ္းဝခဲ့တာျဖစ္တယ္။ သူက သက္ႀကီးရြယ္အိုေတြနဲ႕ ကေလးေတြကို ဒီအစားစားကို ျပသျပီး အဆင္ေျပေအာင္ လုပ္ေပးဖို႕ ႀကိဳးစားခဲ့ေပမယ့္ မထီမဲ့ျမင္လုပ္ျခင္းသာ ခံခဲ့ရတယ္။


သူတုိ႕က သူ႕ကို လံုးလံုးေလးစားျခင္းမရွိဘဲ အျခားမ်ိဳးႏြယ္စုဆီကို ပို႕ေဆာင္ေရာင္းခ်ျပီး သူ႕လွ်ာကိုေတာင္ ျဖတ္ဖုိ႕ႀကံခဲ့ေသးတယ္။

သူတို႕က ဘယ္ေလာက္ေတာင္ မုန္းဖို႕ေကာင္းလိုက္သလဲ။ ဒီလို မုန္းစရာေကာင္းတာကို အရင္က သူ ဘာေႀကာင့္မျမင္ခဲ့မိတာပါလိမ့္။



 ေရွာင္အမ္းခြၽမ္က ျခေသၤ့ရဲ႕ ဆီးအစက္အခ်ိဳ႕ကို မီးပံုထဲ တိတ္တဆိတ္ပစ္ခ်လိုက္ေတာ့ လိႈဏ္ဂူထဲက ျခေသၤ့ႀကီး နွာေခ်လုိက္သံကို ႀကားလိုက္ရျပီး ေအာ္ရယ္လုနီးပါးျဖစ္သြားသည္။ သူက ႀကီးမားေသာ ကုန္းလိပ္ရဲ႕ လိပ္ခြံတစ္ခုကို ေကာက္ယူေဆးေၾကာၿပီးလွ်င္ ကန္စြန္းဥထည့္ျပဳတ္ဖို႕ လုပ္လိုက္သည္။ ဒါမွ နတ္ဘုရားလူငယ္ေလး နိုးလာလွ်င္ ကန္စြန္းဥျပဳတ္ ခ်ိဳခ်ိဳေလးကို အဆင္သင့္စားနုိင္ေပလိမ့္မည္။

နတ္ဘုရားလူငယ္က ဘယ္ေတာ့မွ သူ႕စကားကို သံသယမဝင္ဖူးခဲ့ေပ။ သူ ေကြ်းတဲ့အစားတုိင္းကို တုန္႕ဆုိင္းျခင္းမရွိ ခ်က္ခ်င္း ပါးစပ္ထဲ ပစ္ထည့္စားလိုက္ျပီးသူ႕ကို ခ်ီးမြန္းစကားဆိုေလ့ရွိသည္။ ဆန္႕က်င္ဘက္အေနျဖင့္ ဘိုင္ယန္လူမ်ဳိးစုေတြကို သူက စားလို႕ရတဲ့ အစာကို ေတြ႕လို႕ ေပးအပ္တုိင္း ဘယ္ေတာ့မွ လြယ္လြယ္လက္မခံပဲ အႀကာႀကီးတုန္႕ဆုိင္းေနတတ္ႀကသည္။ ယူသည့္အခါတြင္လည္း သူ႕ကို အရင္စားခုိင္းျပီး ဘာမွ မျဖစ္ဘူးဆ္ိုေတာ့မွ သူတို႕က စားသည္။ ျပီးေတာ့မွ အဆိပ္မရွိတာေသခ်ာေတာ့မွ အမ်ိဳးသမီးေတြကို ေပးေလ့ရွိႀကသည္။

 ႀကမ္းတမ္းရက္စက္ဟန္ရွိေပမယ့္ ႀကင္နာတတ္တဲ့ နွလံုးသားပိုင္ရွင္ လူေတြနဲ႕ အတူေနရေတာ့မွ ဘုိင္ယန္လူမ်ိဳးေတြရဲ႕ ယုတ္မာရက္စက္မႈကို ပို သိျမင္လာျပီး  ေရွာင္အမ္းခြၽမ္က ရြံရွာစြာျဖင့္ တံေတြးေထြးလိုက္မိေတာ့သည္။

ခဏႀကာေတာ့မီးဖိုေပၚက ငါးကင္နဲ႕ ကန္စြန္းဥဖုတ္နံ႕က ေမႊးပ်ံ႕လာျပီး ဂူထဲ အိပ္ေပ်ာ္ေနသူနွစ္ဦးကို နိုးလိုက္ေတာ့သည္။ ကိ်ဳးယြင္ရွန္႕နဲ႕ ျခေသၤ့ႀကီးက ဂူထဲက ထြက္လာျပီး စမ္းေခ်ာင္းေလးဘက္သြားလုိ႕ ကိုယ္လက္သုတ္သင္ႀကသည္။ ျပီးေတာ့ ဝါးက်ည္ေတာက္မ်ားျဖင့္ စမ္းေရကို သယ္လာႀကျပီး မီးပံုနားကို ျပန္လာႀကသည္။

ေက်ာက္ရႊမ္က စမ္းေခ်ာင္းနားကို ေရာက္တုိင္း ပတ္ပတ္လည္ကို ေသးပန္းျပီး ဘာမွ မရွိသည့္ ေတာဘက္ကိုလွည့္ျပီး ဟိန္းေဟာက္ကာ သူက ဒီေတာဘုရင္ျဖစ္ေႀကာင့္ ျပသေလ့ရွိသည္။ က်န္ သားရဲမ်ား၏ အမိန္႕နာခံေႀကာင့္ ျပန္လည္ အသံျပဳသည္ကို နားေထာင္ျပီးမွ ေက်နပ္စြာျဖင့္ ျပန္လာခဲ့သည္။ ေက်ာက္ရႊမ္က သူ႕ခ်စ္သူဘက္ကို ေခါင္းလွည့္ႀကည့္ျပီး ျဖဴေဖြးေတာက္ပတဲ့ သြားႀကီးေတြ ေပၚတဲ့အထိ ဂုဏ္ယူစြာ ပါးစပ္ျဖဲျပီး ႀကည့္လုိက္သည္။

ေသခ်ာသည္။ ဒိီျခေသၤ့ႀကီးရဲ႕ ဦးေနွာက္က က်ံဳ႕သြားျပီး သူ႕ေခါင္းထဲ သုတ္ပိုးေတြနဲ႕ျပည့္ေနျပီး တကိုယ္လံုး ကို္ယ္ကာယ အားကို သံုးဖုိ႕သာ သိေတာ့သည္ဟု ေတြးကာ က်ိဳးယြင္ရွန္႕ ရင္ထဲမွ တိတ္တခိုးရယ္ေနေပမယ့္ မ်က္နွာေပၚကေတာ့ ေလးစားဟန္ လုပ္ျပလိုက္ေတာ့ ျခေသၤ့ႀကီး အရမး္ကို ေက်နပ္သြားေတာ့သည္။

 ေရွာင္အမ္းခြၽမ္က သူခ်က္ထားသည့္ မနက္စာကို နတ္ဘုရားလူငယ္နွင့္ ျခေသၤ့ႀကီး ျမိန္ယွက္စြာ စားေနသည္ကို ျမင္ခ်င္လွျပီ။ သူတုိ႕ေရာက္လာေတာ့ ခ်ိဳးယူခဲ့သည္။ ဝါးက်ည္ေတာက္ကို အေနေတာ္ျဖတ္ကာ ပန္းကန္လံုးအေနျဖင့္ သံုးျပီး ဂ်ံုေစ့နွင့္ ကန္စြန္ဥ ေရာက်ိဳထားသည့္ ဆန္ျပဳတ္ကို ဝါးပန္းကန္ေလးထဲ ထည့္လိုက္သည္။ ျခေသၤ့ႀကီးအတြက္ ဌက္ေပ်ာရြက္ေပၚ ငါးကင္ႀကီးကို တင္ေပးလိုက္သည္။

 ေရွာင္အမ္းခြၽမ္က အရမ္းခ်စ္သည့္ သည္အတြဲကို မနာလို ျဖစ္ေနမိသည္ကလြဲရင္ နတ္ဖက္သည့္ စံုတြဲလို႕သာ ေျပာလိုက္ခ်င္သည္။ တကယ့္ကို ခ်စ္ျပီး အတြဲညီသည့္ ခ်စ္သူနွစ္ဦးက ျမဴဆုိင္းသည့္ မနက္ခင္းတြင္ သူ ျပဳလုပ္ေပးထားသည့္ မနက္စာကိုျမိန္ယွက္စြာစားေနသည္ကို ႀကည့္ျပီး သာယာတဲ့ ဘဝဆိုတာ ဘာလဲဆိုတာ ေကာင္းေကာင္းသိသြားေတာ့သည္။

🍄🍑🍄🍑🍄🍑🍄🍑🍄🍑

FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet


နောက်တစ်နေ့တွင် ဘိုင်ယန် မျိုးနွယ်စု စစ်သည်တော်များက အမျိုးသမီး ၁၀ ယောက်ကို ချောက်ကမ်းပါးအောက်ရှိ မြေပြန့်နေရာတွင်စုရုံးခဲ့ကြသည်။ မိန်းကလေး ရှစ်ယောက်ကအရမ်းပျော်နေပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ ရှောင်အမ်းချွမ်နဲ့ မူ ကို ပူးတွဲပြီး လက်ကောက်ဝတ်မှာ ကြိုးဖြင့် ချည်နှောင်ထားကြသည်။

သားရဲဂြိုလ်တွင် ကျား၊ မ ဦးရေအချိုးက မညီမျှသောကြောင့် ဘယ်မျိုးနွယ်စုမဆို အမျိုးသမီးများက သက်တောင့်သက်သာနေကြရပြီး အမျိုးသားများက ဝိုင်းဝန်းစောင့်ရှောက်ကာ ဦးစားပေးကြရသည်။

ဘိုင်ယန်မျိုးနွယ်စုက ရိုးသားမှုကို ပြသသည့်အနေဖြင့် ပို့ရန်
ရွေးချယ်ထားသောအမျိုးသမီးအားလုံးသည်အလွန်လှပသူများ ဖြစ်ကြပြီး စစ်သည်တော် အစောင့်များဖြင့် သေချာစောင့်ကြပ်ခေါ်ဆောင်သွားခြင်း ခံရမည်ဖြစ်သည်။ ဒါကြောင့် မိန်းကလေးများက ရယ်ရယ်မောမော စစနောက်နောက်ဖြင့် သက်တောင့်သက်သာ ခရီး ဆက်လာကြသည်။ ဒါဒါမျိုးနွယ်ဆီ ထွက်လာရပေမယ့် ဟိုမှာလည်း ဖူးဖူးမှုတ်ခံရမှာဖြစ်လို့ ဒီခရီးက သူမတို့အတွက် အပျော်ခရီးလိုသာဖြစ်နေပြီး ရှောင်အမ်းချွမ်နဲ့ မူတို့ ဝမ်းနည်းနေတာကို နည်းနည်းလေးမှ ဂရုမစိုက်ကြပေ။


မွန်းတည့်အချိန်လောက်မှာ လူတွေဟာ အနားယူဖို့နေရာရှာကြပြီး နားတဲ့အချိန် ရှောင်အမ်းချွမ်တွ့ပြီး အလစ်မှာ ဝီစီထဲကို ချက်ချင်းမှုတ်လိုက်တယ်။ ဝီစီသံက အသံကျယ်လိမ့်မယ်ထင်ပေမယ့် တကယ်တော့ လုံးဝအသံမထွက်ဘူးဖြစ်နေတယ်။ ဒီဟာ ပျက်နေတဲ့ ဝီစီဖြစ်နေသလားလို့ သူထင်လာမိတယ်။  ရှောင်အမ်းချွမ် ချွေးပြန်လာပြီး ဝီစီကို ထပ်ခါထပ်ခါမှုတ်ပေမယ့် အသံလုံးလုံးမထွက်တော့ ထိတ်လန့်တုန်လှုပ်လာတယ်။

"  သွားပြီ။ နတ်ဘုရားလူငယ်က ငါ့ကို လှည့်စားပြီး ဝီစီ အပျက်ကြီးပေးလိုက်တာ ထင်တယ်။ ငါ့ ဘဝတော့ သွားပြီ။ သူက မယုံကြည်ရဘူးပဲ...."

  ရှောင်အမ်းချွမ်က စိတ်ပျက်လက်ပျက်နဲ့ ပင်စည်ကို မှီလိုက်ပြီး သူ့ခေါင်းကို လက်နဲ့ ထပ်ခါထပ်ခါထုရိုက်နေမိတယ်။

သူ့ကိုစောင့်နေတဲ့ အစောင့်က  ရှောင်အမ်းချွမ် ဝီစီမှုတ်နေတာကို မြင်ပေမယ့် သူက ကစားနေတယ်ထင်ပြီး ဘာမှမလုပ်ကြဘူး။ အစောင့်တစ်ယောက်က  ရှောင်အမ်းချွမ် လက်က တွဲချည်ထားတဲ့ ကြိုးကို ဖြတ်ပြီး ခြုံပုတ်တဖက်ကို ဆွဲခေါ်သွားတော့တယ်။

" မင်း ဘာလုပ်တာလဲ... "

 ရှောင်အမ်းချွမ်က အစောင့်ရဲ့ ခက်ထန်တဲ့ အမူယာကို မြင်တော့ အခြေနေ မဟန်တာနဲ့ မေးလိုက်တယ်။ သူ့ကို တယောက်တည်း ခွဲပြီး ခြုံ တဖက်ကို ဆွဲခေါ်နေတော့ ဒီအစောင့်က တောထဲ မှာ သူ့ကို မုဒိန်းကျင့်ဖို့ လုပ်တယ်ထင်ပြီး ခြေကန်ရုန်းရင်း မေးလိုက်တယ်။ ဒါပေမယ့် အစောင့်သားရဲလူသားက အရမ်းသန်မာပြီး  ရှောင်အမ်းချွမ်က ခြုံတဖက်ကို တရွတ်တိုက်ပါလာတယ်။ အစောင့်က သူထင်သလို သူ့ကို မုဒိန်းကျင့်ဖို့မဟုတ်ပဲ ဓါးကို ထုတ်လိုက်တယ်။


"မင်းသိထားတဲ့ ဗဟုသုတတွေကို ဒါဒါမျိုးနွယ်စုကို ထုတ်မပြောစေချင်လို့ ရှာမန်က မင်းကို လျှာဖြတ်ခိုင်းလိုက်တယ်။   "

အစောင့်က သူ့ပါးစပ်ကို တင်းတင်းဆုပ်ပြီး သူ့ပါးစပ်ကိုဖွင့်လိုက်တယ်။

"အား....  "

 ရှောင်အမ်းချွမ်က ကြောက်လန့်တကြား အော်ဟစ်လိုက်ပေမယ့် အနားမှာ ထိုင်နေတဲ့ အခြားအစောင့်တွေနဲ့ အမျိုးသမီးတွေက ကြည့်ရုံသာ ကြည့်နေပြီး ဘယ်သူမှ ကူညီမယ့်ပုံမပေါ်ဘူး။ တချို့မိန်းကလေးတွေက ပြုံးတောင် ပြုံးနေကြသေးတယ်။ သူတို့ကို ရှာမန်က ညွှန်ကြားချက် ပေးထားတယ်ဆိုတာ ထင်ရှားတယ်။

မထင်မှတ်ထားပဲ မူ တစ်ယောက်ပဲ လူအုပ်ထဲက ပြေးထွက်လာပြီး ကူညီဖို့လုပ်ပေးမယ့် အခြား မိန်းကလေးတွေက မူကို ဝိုင်းဆွဲဖိထားပြီး ရိုက်နှက်ကြတယ်။ သူမတို့က အက်ဒီ ညွှန်ကြားထားတဲ့အတွက် သူမတို့ ပြိုင်ဖက်ကို တဖက်မျိုးနွယ်စုမှာ အရေးပေးခံရတာမျိုး အဖြစ်ခံမှာမဟုတ်ဘူး။

အေးစက်တဲ့ ဓါးသွားက  ရှောင်အမ်းချွမ်ရဲ့ အတင်း ဖျစ်ညစ်လို့ ပွင့်နေတဲ့ ပါးစပ်ထဲ ဝင်လာပြီး လျှာရင်းကို ဖြတ်တော့မယ့် အချိန်မှာ သူက စိတ်လျော့လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်တယ်။ ဒါပေမယ့် နာကျင်မှုက ရောက်မလာတဲ့အခါ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို ဖိချုပ်ထိုင်ထားတဲ့ သားရဲလူသား အမျိုးသားရဲ့မျက်နှာက ဖြူယော်ကြောက်လန့်နေပြီး မြေပြင်ပေါ် ပြိုလဲကျသွားတာ တွေ့လိုက်ရတယ်။ ကျန် အစောင့်တွေလည်း တစ်ယောက်မှ မရှိတော့ဘူး။ သူ့နောက်မှာ နတ်ဘုရား လူငယ်က ပြုံးပြီး ရပ်နေတာကို တွေ့လိုက်ရတယ်။

ကျိုးယွင်ရှန့်က  ရှောင်အမ်းချွမ်ရဲ့ နားရွက်ကို ဆွဲလိုက်ပြီး ပြောလိုက်တယ်။

"  ဒီဝီစီသံကို ငါနဲ့ ရွှမ်ပဲ ကြားနိုင်တာ။ မင်း က ထပ်ခါထပ်ခါမှုတ်နေတော့ ငါတို့ နားပင်းသွားပြီလားတောင် ထင်ရတယ်..."

"  တောင်းပန်ပါတယ်။ ကျွန်တော် မသိလို့ပါ။ နတ်ဘုရားလေး ခင်ဗျား ကျွန်တော့်ကို တကယ်လာကယ်ပေးတယ်....ခင်ဗျားက ကျွန်တော့် အသက်သခင် ကျေးဇူးရှင်ပါပဲ...."

 ရှောင်အမ်းချွမ်က ချက်ချင်းပဲ ကျိုးယွင်ရှန့်ရဲ့ ခြေအစံကို ဖက်ပြီး မျက်ရည်လည်ရွဲငိုကြွေးနေတော့တယ်။

 ရှောင်အမ်းချွမ်က ကျိုးယွင်ရှန့်တို့နဲ့ အတူထွက်ခွာခါနီးမှာ မူ ကိုလှမ်းမေးလိုက်တယ်။

"  မင်းကော ဘယ်လိုလုပ်မလဲ...."

"ငါ့အတွက် စိတ်မပူနဲ့။ ငါ့ဖာသာ အဆင်ပြေအောင် တစ်ခုခုလုပ်မယ်။   "

မူက ခြင်္သေ့ကြီးကို ကြောက်ရွံ့စွာကြည့်ရင်းပြောလိုက်တယ်။ သူက တောထဲမှာ တစ်ယောက်တည်း ရှင်သန်ရပ်တည်ဖို့ မလွယ်ကူပေမယ့် ဒီလို သားရိုင်းကြီးနဲ့တော့ အတူမနေရဲဘူး။

 ရှောင်အမ်းချွမ်က ကျိုးယွင်ရှန့်ကို သူတို့နဲ့အတူ မူကို ခေါ်သွားပေးပါလို့ တောင်းဆိုဖို့မဝံ့တော့ ဒီအတိုင်းပဲ ခေါင်းငြိမ့်ပြီး ရွှေရောင်ခြင်္သေ့ကြီးနောက်ကို လိုက်လာခဲ့တော့တယ်။

မူက ကျိုးယွင်ရှန့် ချန်ထားပေးတဲ့ လက်နက်နဲ့ ကြိုးကို ဖြတ်လိုက်ပြီး ငိုကြွေးနေတဲ့ မိန်းမအုပ်စုကို ပြစ်တင်ရှုံ့ချစွာစိုက်ကြည့်လိုက်တယ်။ အစောင့်တွေ အကုန် သေကုန်တော့ ဒီ မိန်းမ အုပ်စုက အစောင့်ရှောက်မပါပဲ ဒီတောထဲက ဘယ်နည်းနဲ့မှ ပြန်ထွက်သွားနိုင်မှာ မဟုတ်သလို ကတိပေးထားတဲ့အတိုင်း ဒါဒါမျိုးနွယ်စုတွေဆီကို မိန်းကလေးတွေကို မပို့နိုင်ရင် သူတို့ ဘိုင်ယန်မျိုးနွယ်စုက အမဲလိုက်စရာ နယ်မြေမရပဲ ငတ်သေသွားနိုင်တယ်။

 ရှောင်အမ်းချွမ်က ဌက်လေးလို မြူးကြွပြီး ခြင်္သေကြီးနောက်ကို လိုက်လာရင်း လမ်းတလျှောက် ပျော်ရွှင်စွာနဲ့ တတွက်တွတ် စကားပြောနေတယ်။ ဒီစကားသံကို ကြားတော့ ခြင်္သေ့ကြီးက နားညည်းလာပြီး ဟိန်းလိုက်တယ်။  ရှောင်အမ်းချွမ်က ကြောက်လန့်တကြားနဲ့ မျက်နှာပေါ်က ကြွက်သားတွေတောင် တွန့်သွားတယ်။ နောက် သူက ငြိမ်ငြိမ်သက်သက်လေးပဲ ကျိုးယွင်ရှန့်နားမှာ ကပ်လိုက်ပြီး သူတို့နေထိုင်ရာ နေရာကို ဦးတည်ပြီး လာခဲ့ကြတယ်။ အပြန်လမ်းမှာ စားသောက်ဖို့ ငါးတောင် ဝင်ဖမ်းခဲ့ကြသေးတယ်။

" နတ်ဘုရားလေး ကျွန်တော် မနက်စာ၊ နေ့လည်စာ၊ ညစာ သုံးနပ်လုံး ချက်ပြုတ်ပေးပါ့မယ်။ ဒါပေမယ့် ကျွန်တော် ပိုင်တဲ့ ဆားနဲ့ဟင်းခတ်တွေက ကျန်ရစ်ခဲ့တယ်။ အဲ့ဒါတွေကို အတူ မယူလာနိုင်ခဲ့ဘူး "

 ရှောင်အမ်းချွမ်က ငါးကင်နေရင်း ကျိုးယွင်ရှန့်ကို ရင်ဘတ်ပုတ်ပြပြီး တာဝန်ခံလိုက်တယ်။

"ငါ့ဆီမှာ တချို့ရှိပါတယ်။ ကျန်တာကိုတော့ ငါတို့ တောထဲ သွားတော့မှ ထပ်ရှာကြတာပေါ့...."
 
အခမဲ့စားဖိုမှူးရောက်လာလို့ ကျိုးယွင်ရှန့်က စိတ်ကြည်သာစွာနဲ့ ဟင်းခတ်တွေကို အိတ်လိုက် ချပေးလိုက်တယ်။

" ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးရှိတယ်။ ဆားအတွက်ကော ဘယ်လိုလုပ်မလဲ "

ဆားအိတ်တစ်အိတ်သာကျန်ရှိနေသောကြောင့်  ရှောင်အမ်းချွမ် စိုးရိမ်ပူပန်နေတယ်။

သူနေထိုင်တဲ့ ဘိုင်ယန်မျိုးနွယ်က သူ့ကို ပေးတဲ့ ဆားက နည်းတယ်ဆိုပေမယ့် အခု မျိုးနွယ်စု မရှိတော့ ဆားကို ဘယ်က ရှာရမှန်း မသိဖြစ်နေတယ်။

ခြင်္သေ့ကြီးက ဘယ်လောက်အားကောင်းတယ်ဆိုတာကို သေသေချာချာမသိပေမယ့် သူတို့နှစ်ယောက်ကို သယ်ပြီး ပင်လယ်ကမ်းစပ်ကို ဘေးကင်းစွာမပို့နိုင်လောက်ဘူး။ ဒါ့အပြင် ဒီမှာ နေတာက နတ်ဘုရားလူငယ်နဲ့ ရွှေခြင်္သေ့ကြီး အတွဲကို အနှောက်ယှက်ဖြစ်နေတယ်လို့ သူ ခံစားမိလိုက်တယ်။

"နတ်ဘုရားလေး မင်း မနက်ဖြန် ကျွန်တော့ကို ဒါဒါမျိုးနွယ်ဆီကို ခေါ်သွားပေးနိုင်မလား။ ကျွန်တော်က ဘိုင်ယန်မျိုးနွယ်နဲ့ ကောင်းကောင်း အတူမနေနိုင်ပေမယ့် ဒါဒါတွေနဲ့ အတူနေနိုင်မယ်ထင်ပါတယ်။ သူတို့မျိုးနွယ်ကြား ကျွန်တော် အခြေတကျဖြစ်ရင် ခင်ဗျားတို့အတွက် ဆားကို လုံလောက်အောင် ပို့ပေးပါ့မယ်။ "

သားရဲတွေရဲ့သွေးကိုသောက်သုံးခြင်းက ဆားကိုအစားထိုးနိုင်သော်လည်း  နတ်ဘုရားလူငယ်နဲ့ ခြင်္သေ့ကြီးက တောအုပ်ထဲရှိတောရိုင်းသတ္တဝါများကို လုံးဝမနာကျင်စေလို့ သူတို့က သွေးမသောက်ကြဘူး။ ဒီနှစ်ယောက်က သူတွေ့သမျှ မျိုးနွယ်တိုင်းထက် မြင့်မြတ်ပါပေတယ်။

"မင်းသွားစရာမလိုပါဘူး။ မင်းက အရမ်းမိုက်မဲလွန်းလို့ ဘယ်နေရာမှာမဆို ရောနှောနေလို့မရဘူး။ ငါတို့နဲ့အတူရှိနေမှဖြစ်မှာပါ။ ရက်နည်းနည်းကြာရင် ရွှမ်နဲ့ ငါက  ပင်လယ်ကမ်းခြေကိုသွားပြီး ဆားရှာကြမယ်။ မင်း ဒီမှာထိုင်ပြီးစောင့်ကြည့်ပေးထားလိုက်ပေါ့။ စိတ်ချပါ။ ဒီတောတဝိုက် ခြင်္သေ့ကြီးရဲ့ ဆီးအနံ့ကနေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ ဒါကြောင့်အနီးအနားမှာ ဘာသတ္တ ၀ ါမှ ၀ င်မလာရဲဘူး။ "

ကျိုးယွင်ရှန့်က မိုက်မဲတဲ့ ခြင်္သေ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြီး ပြောလိုက်သည်။

နူးညံ့သိမ်မွေ့သောခြင်္သေ့က သူ့ဦး ခေါင်းကို လက်နဲ့ ဖုံးနေတယ်။ ဒီလို သေးလျှောက်ပန်းတာ အရမ်းမိုက်မဲတဲ့ပုံပဲ။ သူက ဒါကို မလုပ်ချင်ပေမယ့် အခု သူ ဝင်နေတဲ့ ခြင်္သေ့အထီးကြီးရဲ့ သဘာဝဖြစ်တဲ့အတွက် နေရာတိုင်း သေးမပန်းပဲကို မနေနိုင်ဘူးဖြစ်နေတယ်။

အိမ်...ဒီဟာ သူ့အိမ်ဖြစ်သွားပြီလို့ တွေးပြီး ရှောင်အမ်းချွမ်က မပြုံးပဲ မနေနိုင်တော့ဘူး။ သူက တနေကုန် ပျော်လွန်းလို့ သွားဖြဲရယ်နေမိတော့တယ်။

" နတ်ဘုရားလေး ခင်ဗျာ ကျွန်တော်  ဂူထဲမှာ ခင်ဗျားတို့နှစ်ယောက်နဲ့ အတူအိပ်လို့ရမလား?"

"ဒီထဲမှာ မအိပ်လို့ မင်းက ဘယ်မှာ သွားအိပ်မှာလဲ။ "

ကျိုးယွင်ရှန့်က မျက်ခုံးကို ပင့်လိုက်ပြီး မေးလိုက်တယ်။


"ခင်ဗျားတို့နှစ်ယောက်ကို အနှောက်ယှက်ဖြစ်နေမလားလို့...."

ရှောင်အမ်းချွမ်က အရင်တုန်းက မနက်တိုင်း သူတို့နဲ့ အတူ မနက်စာစားဖို့နဲ့ တောထဲလှည့်လည်ဖို့ လာချိန်တိုင်း ခြင်္သေ့ကြီးနဲ့ နတ်ဘုရားလူငယ်လေးတို့ ချစ်ပလူးနေတာကို မြင်ခဲ့ဖူးတာကို သတိရလို့ မေးလိုက်တာ ဖြစ်တယ်။ ဒီမြင်ကွင်းက သူ မကြည့်သင့်ဘူးလို့ ယူဆလို့ မေးလိုက်တာ ဖြစ်တယ်။

" ကောင်းပြီ။ သူ အရမ်းပင်ပန်းနေခဲ့တာဖြစ်လို့ နားဖို့လိုနေပြီ။ ခင်ဗျား တိတ်တိတ်နေ၊ ဒီည သိပ်မကဲနဲ့... "

ကျိုးယွင်ရှန့်က မိုက်မဲတဲ့ ခြင်္သေ့ကိုကန်ရင်း ပြောလိုက်သည်။ ကျောက်ရွှမ်က တီးတိုး အော်လိုက်ပြီး ဒီလို သူ့ကိုပြောလို့ သူ့ရင်တွေ နာကျင်တယ်ဆိုပေမယ့် သူ့ချစ်သူလေးရဲ့ အမိန့်ကို နားမထောင်ပဲ မနေရဲဘူး။ သူက ချစ်သူလေးရဲ့ ခြေထောက်တွေကို နူးညံ့တဲ့ လျှာကြီးနဲ့ လျက်ပြီး ပျော်ရွှင်စွာ ဆွဲဆောင်နေသည်။


ရှောင်အမ်းချွမ်က မျက်လုံးကို လက်နဲ့ကာလိုက်ပြီး လက်ကြားကပင် ချောင်းမကြည့်ဝံ့ပေ။ ဒီလို ပုံစံနှင့်ဆိုလျှင် နောက်နေ့ ဂူအပြင်ဘက်မှာ သူ့ဘာသာ သစ်လုံးအိမ်လေး ဆောက်ပြီးနေတာ ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

ရှောင်အမ်းချွမ်က ဒီည သူ ဒီစုံတွဲ ကလူကျီစယ်နေသောကြောင့် အိပ်လို့ရမည် မဟုတ်ဟု ထင်ထားပေမယ့် မကြာခင် နှစ်ခြိုက်စွာ အိပ်မောကျသွားပြီး သွားရည်များပင် မြေပြင်မှာ စီးကျနေသည်ကိုပင် မသိတော့ပေ။


နောက်တနေ့မှာ ရှောင်အမ်းချွမ်က  ခြင်္သေ့ကြီးနှင့် နတ်ဘုရားလူငယ်၏ စိတ်ပါလက်ပါ ချစ်တင်းနှောသံ၊ နာကျင်မှုကြောင့် ညည်းညူသံ၊ သာယာမှုနှင့် တီးတိုးညည်းသံ၊ နမ်းရှုပ်နေသံတို့ကြောင့် နိုးလာခဲ့သည်။ ဒါပေမယ့် ရှောင်အမ်းချွမ်က  နည်းနည်းလေးတောင် မလှုပ်ရဲပဲ အိပ်ချင်ယောင်ဆောင်နေရင်း ဒီလို ပြင်းပြလှိုက်လှဲတဲ့ ချစ်တင်းနှောသံကြောင့် သူ့တွေးတွေ ပွက်ပွက်ဆူလာပြီး အတွေးရိုင်းများပင် သူ့အမြင်အာရုံထဲ မြင်ယောင်နေမိတော့သည်။

ရှောင်အမ်းချွမ်က သူ့ခါးဝတ်ကို မသိမသာ ပြန်လည်ဖုံးပြီး သူ့ရဲ့ ထောင်မတ်နေတဲ့ ညီတော်ကို ရှက်ရွံ့စွာနှင့် ဖုံးလိုက်သည်။ ချစ်တင်းနှောတဲ့ အသံတွေက တစ်နာရီကြာတော့မှ တိတ်သွားတော့သည်။ ထိုအခါကျမှ ရှောင်အမ်းချွမ်က ခုမှနိုးချင်ယောင်ဆောင်ပြီး မျက်လုံးကို လက်နှင့်ပွတ်ပြီး နူတ်ဆက်လိုက်ပြီး အပြင်ကို အမြန်ထွက်လာခဲ့တော့ သည်။

ကျိုးယွင်ရှန့်ရဲ့မျက်နှာက နီပြေပြေဖြစ်နေပြီး မက်မွန်သီးလို မျက်ဝန်းတစ်စုံက အရည်လေးတွေ လဲ့နေတာကြည့်ပြီး ဒီချစ်တင်းနှောမှုမှာ ကျေနပ်မှုရလိုက်တယ်ဆိုတာ တချက်ကြည့်ရုံနဲ့သိနိုင်သည်။ ခြင်္သေ့ကြီးက သူ့ချစ်သူလေးကို လက်မောင်းကြားဆွဲသွင်းကာ သိုင်းဖက်ပြီး ပြန်အိပ်ဖို့ ကြံနေတော့သည်။



"ခင်ဗျား တစ်ရက်မှ မလုပ်ရရင် သေသွားမှာမို့လား။ ခြင်္သေ့ဖြစ်လာမှ ခင်ဗျားရဲ့ ဦးနှောက်စွမ်းရည်လည်းလျော့နည်းသွားတယ်။ နောက်တစ်ခါ ထပ်ခါထပ်ခါ ဒီလို လုပ်ရင် ကျွန်တော် ခင်ဗျားရဲ့ဖွားဖက်တော်ကို ဖြတ်ပစ်လိုက်မယ်။ "


ကျိုးယွင်ရှန့်က မိုက်မဲတဲ့ ခြင်္သေ့ကြီးရဲ့ လည်ဆံမွေးတွေကို ပျင်းရိစွာပွတ်သပ်ရင်း ပြောလိုက်သည်။ ဒီကြမ်းတမ်းတဲ့စကားကို ပြောနေပေမယ့် အသံက နူးညံ့ချိုသာနေသောကြောင့် ဒီစကားကို ကြားတော့ ကျောက်ရွှမ်က ပိုပြီးတော့ စိတ်ကြွလာတော့သည်။

ကျောက်ရွှမ်က တီးတိုး ဟိန်းလိုက်ပြီးသူ့ချစ်သူလေးရဲ့မျက်နှာကို လျှာနဲ့ အဆက်မပြတ်လျက်ရင်း ပုခုံးတွေကို လက်နဲ့ဖက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်လျက် အိပ်မောကျသွားကြတော့သည်။

အပြင်ဘက်တွင် ရှောင်အမ်းချွမ်သည် မျက်နှာသစ်ပြီးနောက် မနက်စာကို ပြင်ဆင်လိုက်သည်။ သူက ဒီတောထဲက တူးယူထားတဲ့ ကန်စွန်းဥကြီးကို မနက်စာအဖြစ်စားနိုင်ရန် မီးဖိုပြီး ဖုတ်ထားလိုက်သည်။ ခြင်္သေ့ကြီးက သတ်သတ်လွတ်မစားနိုင်မည်စိုးသောကြောင့် မနေ့က ဖမ်းထားသည့် ငါးများကို မီးဖိုပေါ် ကင်လိုက်သည်။

သူတို့ကံကောင်းသည့် အချက်က ဒီသားရဲဂြိုလ်ပေါ်ရှိ  တိရိစ္ဆာန်နှင့်အပင်များသည် ကမ္ဘာမြေပေါ်ကနဲ့ တူနေပြီး ဒီဲဂြိုလ်ပေါ်က အရာတိုင်းက ပိုမိုကြီးထွားနေသည်။ ကမ္ဘာမြေပေါ်က ကန်စွန်းဥကြီးများက အကြီးဆုံးဆိုလျှင် 1 သို့မဟုတ် 2 ကီလိုဂရမ်သာရှိသော်လည်း အခု သားရဲဂြိုလ်ပေါ်က ကန်စွန်းဥကြီးက အနည်းဆုံး 12 ကီလိုဂရမ်ကျော် လေးလေ့ရှိသည်။ ငါးဆိုလျှင်လည်း ဒီဂြိုလ်ပေါ်က ငါးက ပုံမှန်အရွယ်က ကီလိုဂရမ် 50၊ 60 လောက်ရှိပြီး ကြီးမားသည့် ငါးများက ကီလိုဂရမ် ရာကျော်ရှိသည်။ ဒါကြောင့် သူ အခုတူးလာသည့် ကန်စွန်းဥကြီးက ရက်အတော်များများ မနက်စာအဖြစ်စားဖို့တောင် လုံလောက်နိုင်သည်။

ဘိုင်ယန်မျိုးနွယ်စုမှာ နေခဲ့စဉ်က ထိုလူမျိုးများက အခုလို ကန်စွန်းဥနှင့် ငါး စသည်တို့ကို စားသောက်လေ့မရှိကြပေ။ သူတို့က အဆိပ်တောက်ဖြစ်မည်စိုးသောကြောင့် ဥများနှင့် ငါးကို မစားပဲ သစ်သီးရိုင်းများနှင့် တောကောင်များကို အမဲလိုက်ပြီးမှ စားလေ့ရှိကြသည်။


ဒီအတော်တွင်း ဘိုင်ယန်မျိုးနွယ်စုက အစာရေစာရှားပါးပြီး ဆာလောင်ငတ်မွတ်လာချိန်တုန်းက  ရှောင်အမ်းချွမ်ကသာ ဒီကန်စွန်းဥတွေကို တူးယူပြီး စားသောက်နေနိုင်လို့ ဝမ်းဝခဲ့တာဖြစ်တယ်။ သူက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဒီအစားစားကို ပြသပြီး အဆင်ပြေအောင် လုပ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် မထီမဲ့မြင်လုပ်ခြင်းသာ ခံခဲ့ရတယ်။


သူတို့က သူ့ကို လုံးလုံးလေးစားခြင်းမရှိဘဲ အခြားမျိုးနွယ်စုဆီကို ပို့ဆောင်ရောင်းချပြီး သူ့လျှာကိုတောင် ဖြတ်ဖို့ကြံခဲ့သေးတယ်။

သူတို့က ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်သလဲ။ ဒီလို မုန်းစရာကောင်းတာကို အရင်က သူ ဘာကြောင့်မမြင်ခဲ့မိတာပါလိမ့်။



 ရှောင်အမ်းချွမ်က ခြင်္သေ့ရဲ့ ဆီးအစက်အချို့ကို မီးပုံထဲ တိတ်တဆိတ်ပစ်ချလိုက်တော့ လှိုဏ်ဂူထဲက ခြင်္သေ့ကြီး နှာချေလိုက်သံကို ကြားလိုက်ရပြီး အော်ရယ်လုနီးပါးဖြစ်သွားသည်။ သူက ကြီးမားသော ကုန်းလိပ်ရဲ့ လိပ်ခွံတစ်ခုကို ကောက်ယူဆေးကြောပြီးလျှင် ကန်စွန်းဥထည့်ပြုတ်ဖို့ လုပ်လိုက်သည်။ ဒါမှ နတ်ဘုရားလူငယ်လေး နိုးလာလျှင် ကန်စွန်းဥပြုတ် ချိုချိုလေးကို အဆင်သင့်စားနိုင်ပေလိမ့်မည်။

နတ်ဘုရားလူငယ်က ဘယ်တော့မှ သူ့စကားကို သံသယမဝင်ဖူးခဲ့ပေ။ သူ ကျွေးတဲ့အစားတိုင်းကို တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း ပါးစပ်ထဲ ပစ်ထည့်စားလိုက်ပြီးသူ့ကို ချီးမွန်းစကားဆိုလေ့ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘိုင်ယန်လူမျိုးစုတွေကို သူက စားလို့ရတဲ့ အစာကို တွေ့လို့ ပေးအပ်တိုင်း ဘယ်တော့မှ လွယ်လွယ်လက်မခံပဲ အကြာကြီးတုန့်ဆိုင်းနေတတ်ကြသည်။ ယူသည့်အခါတွင်လည်း သူ့ကို အရင်စားခိုင်းပြီး ဘာမှ မဖြစ်ဘူးဆိုတော့မှ သူတို့က စားသည်။ ပြီးတော့မှ အဆိပ်မရှိတာသေချာတော့မှ အမျိုးသမီးတွေကို ပေးလေ့ရှိကြသည်။

 ကြမ်းတမ်းရက်စက်ဟန်ရှိပေမယ့် ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် လူတွေနဲ့ အတူနေရတော့မှ ဘိုင်ယန်လူမျိုးတွေရဲ့ ယုတ်မာရက်စက်မှုကို ပို သိမြင်လာပြီး  ရှောင်အမ်းချွမ်က ရွံရှာစွာဖြင့် တံတွေးထွေးလိုက်မိတော့သည်။

ခဏကြာတော့မီးဖိုပေါ်က ငါးကင်နဲ့ ကန်စွန်းဥဖုတ်နံ့က မွှေးပျံ့လာပြီး ဂူထဲ အိပ်ပျော်နေသူနှစ်ဦးကို နိုးလိုက်တော့သည်။ ကျိုးယွင်ရှန့်နဲ့ ခြင်္သေ့ကြီးက ဂူထဲက ထွက်လာပြီး စမ်းချောင်းလေးဘက်သွားလို့ ကိုယ်လက်သုတ်သင်ကြသည်။ ပြီးတော့ ဝါးကျည်တောက်များဖြင့် စမ်းရေကို သယ်လာကြပြီး မီးပုံနားကို ပြန်လာကြသည်။

ကျောက်ရွှမ်က စမ်းချောင်းနားကို ရောက်တိုင်း ပတ်ပတ်လည်ကို သေးပန်းပြီး ဘာမှ မရှိသည့် တောဘက်ကိုလှည့်ပြီး ဟိန်းဟောက်ကာ သူက ဒီတောဘုရင်ဖြစ်ကြောင့် ပြသလေ့ရှိသည်။ ကျန် သားရဲများ၏ အမိန့်နာခံကြောင့် ပြန်လည် အသံပြုသည်ကို နားထောင်ပြီးမှ ကျေနပ်စွာဖြင့် ပြန်လာခဲ့သည်။ ကျောက်ရွှမ်က သူ့ချစ်သူဘက်ကို ခေါင်းလှည့်ကြည့်ပြီး ဖြူဖွေးတောက်ပတဲ့ သွားကြီးတွေ ပေါ်တဲ့အထိ ဂုဏ်ယူစွာ ပါးစပ်ဖြဲပြီး ကြည့်လိုက်သည်။

သေချာသည်။ ဒီခြင်္သေ့ကြီးရဲ့ ဦးနှောက်က ကျုံ့သွားပြီး သူ့ခေါင်းထဲ သုတ်ပိုးတွေနဲ့ပြည့်နေပြီး တကိုယ်လုံး ကိုယ်ကာယ အားကို သုံးဖို့သာ သိတော့သည်ဟု တွေးကာ ကျိုးယွင်ရှန့် ရင်ထဲမှ တိတ်တခိုးရယ်နေပေမယ့် မျက်နှာပေါ်ကတော့ လေးစားဟန် လုပ်ပြလိုက်တော့ ခြင်္သေ့ကြီး အရမ်းကို ကျေနပ်သွားတော့သည်။

 ရှောင်အမ်းချွမ်က သူချက်ထားသည့် မနက်စာကို နတ်ဘုရားလူငယ်နှင့် ခြင်္သေ့ကြီး မြိန်ယှက်စွာ စားနေသည်ကို မြင်ချင်လှပြီ။ သူတို့ရောက်လာတော့ ချိုးယူခဲ့သည်။ ဝါးကျည်တောက်ကို အနေတော်ဖြတ်ကာ ပန်းကန်လုံးအနေဖြင့် သုံးပြီး ဂျုံစေ့နှင့် ကန်စွန်ဥ ရောကျိုထားသည့် ဆန်ပြုတ်ကို ဝါးပန်းကန်လေးထဲ ထည့်လိုက်သည်။ ခြင်္သေ့ကြီးအတွက် ဌက်ပျောရွက်ပေါ် ငါးကင်ကြီးကို တင်ပေးလိုက်သည်။

 ရှောင်အမ်းချွမ်က အရမ်းချစ်သည့် သည်အတွဲကို မနာလို ဖြစ်နေမိသည်ကလွဲရင် နတ်ဖက်သည့် စုံတွဲလို့သာ ပြောလိုက်ချင်သည်။ တကယ့်ကို ချစ်ပြီး အတွဲညီသည့် ချစ်သူနှစ်ဦးက မြူဆိုင်းသည့် မနက်ခင်းတွင် သူ ပြုလုပ်ပေးထားသည့် မနက်စာကိုမြိန်ယှက်စွာစားနေသည်ကို ကြည့်ပြီး သာယာတဲ့ ဘဝဆိုတာ ဘာလဲဆိုတာ ကောင်းကောင်းသိသွားတော့သည်။

🍄🍑🍄🍑🍄🍑🍄🍑🍄🍑

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now