Arc_8.25 Romeo

14.9K 1.1K 6
                                    

Chapter (25) နို့သောက်နေသော ကြောင်ပေါက်လေး (Zawgyi+Unicode)


Gustav ရဲ့ ပုံပန်းသွင်ပြင်က Emily ကို အကြီးကျယ် အံ့အားသင့်စေပြီး သူမက ဆံပင်ကို သပ်ရပ်အောင် သပ်တင်ပြီး ချက်ချင်း မတ်တပ်ရပ်လို့  လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမ၏ ပုံစံက အရမ်းကို နူးညံ့ပျော့ပြောင်းနေပုံရသည်။ သူမက အလွန်ကျွံကို ဟန်ဆောင်လိုက်ခြင်းဖြစ်သည်။ ဒါမှ သူကြားထားတဲ့စကားတွေက သူမအပေါ်ချဲ့ကားပြီး အသရေဖျက်ထားတယ်လို့ ထင်စေရန်ဖြစ်သည်။

 ကမ္ဘာပေါ်တွင်အခြားသူ က မိမိကို ရိုသေလေးစား ကိုးကွယ်မတတ်ပြုမှုတာကို မနှစ်သက်သည့် အနုပညာရှင်ရယ်လို့ မရှိကြပေ။ ဒါကြောင့် Gustav က သိမ်မွေ့စွာပြုံးပြီး လက်ကို ပြန်ကမ်းပေးကာ လက်ဆွဲနူတ်ဆက်လိုက်ကြသည်။

 သူမ နှင့်နှိုင်းယှဉ်လျှင် ကျိုးယွင်ရှန့်၏တုန့်ပြန်မှုသည် အလွန်နှေးကွေးကာ သူနှင့် Bonnie တို့က ထိုင်ခုံတွင်ထိုင်လျက်ပဲ ယဉ်ကျေးစွာပြုံးပြလိုက်ကြသည်။

"ဟယ်လို။"

Gustav သည် Emily ၏လက်ကို ချက်ချင်းခွာလိုက်ပြီး  ယဉ်ကျေးစွာ ရှိသော်လည်း ပုံမှန်ထက် အေးစက်သည့် ပုံဖြစ်နေသည်။ သူက အမ်မလီ နူးညံ့တယ်လို့ ဟန်ဆောင်နေတာထက်ပိုပြီး အေးဆေးတည်ငြိမ်တယ်လို့ဟန်ဆောင်လိုက်သည်။

ဒါဟာ သူချစ်ရသူနဲ့အတူ ပထမဆုံးအကြိမ်အတူတူထိုင်ပြီး ညစာစားခြင်းဖြစ်ဖြစ်လို့ သူ့နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်မတတ် ခုန်နေပြီး သူ၏လက်ဖဝါးများလည်း ချွေးတွေစိမ့်ထွက်လို့နေသည်။  သူ၏လည်စည်းအောက်မှ လည်စိက လှုပ်စိလှုပ်စိဖြစ်ကာ  တံတွေပင်မျိုချဖို့ ခက်ခဲနေသလို ခံစားနေရသည်။

သူက ခေါင်းကိုငုံ့လိုက်ပြီး  သူ့အဝတ်အစားတွေက  သပ်ရပ်မှုရှိရဲ့လားဆိုတာ တချက်အကဲခတ်လိုက်သည်။ သူ၏ထိတ်လန့်မှုကြောင့်ထွက်လာတဲ့ ချွေးတွေကို လတ်ဆတ်တဲ့ ရေမွှေးတွေနဲ့ ဖုံးကွယ်ထားလိုက်သည်။  သူက ကောင်လေးဘေးတွင်ထိုင်ပြီး  နွေးထွေးစွာပွေ့ဖက်လိုက်ကာ ပြောလိုက် သည်။

"Romeo, မတွေ့ရတာကြာပြီနော်။ နေကောင်းရဲ့လား"

သူ့ရဲ့ စိတ်လှုပ်ရှားမှုကြောင့်  ခြောက်ကပ်နေသည့် အသံက  Bonnie ကိုတုန်လှုပ်စေခဲ့သည်။ အခြားသူများက သတိမထားမိကြသော်လည်း ဒီဟာက ပုံမှန် Gustav  မဟုတ်ဘူးဆိုတာ သူမသိနေသည်။ သူက တံခါးကိုဖြတ်လျှောက်ဝင်လာပြီးတဲ့နောက် သူ့တကိုယ်လုံးက အရမ်းတင်းကျပ်နေပြီး ဧရာမ ကဏန်းကြီးတစ်ကောင်နိုးထလာသလို ရောက်တာနဲ့ ကောင်လေးကို ချက်ချင်း ဖက်လိုက်တော့သည်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now