Arc_8.15 Romeo

8.4K 981 5
                                    

Chapter (15) -သခင်လေးနှင့် အစေခံ၏ အားပြိုင်မှုများ(zawgyi+Unicode)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Chapter (15) -သခင်လေးနှင့် အစေခံ၏ အားပြိုင်မှုများ(zawgyi+Unicode)

နောက်တစ်နေ့မှာ ပြိုင်ပွဲဝင်တွေက studio မှာစုဝေးပြီး ပြိုင်ပွဲရလဒ်ကို စောင့်နေကြသည်။ Bonnie က ချန်ပီယံဆုများကို တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။

ပညာရှင်တို့ရဲ့ လမ်းညွှန်မှုမပါရှိတဲ့အတွက် ပြီးခဲ့တဲ့ဓာတ်ပုံရိုက်ကူးခြင်းမှာ Theme ရွေးချယ်ခြင်း၊ ကိုယ်ဟန်ပြခြင်း၊ အဝတ်အစားဝတ်ခြင်းနှင့် တခြားအချက်များစွာမှာ ပြဿနာအများကြီးရှိတယ်ဆိုတာ ရှင်းပြလိုက်သည်။ အထူးသဖြင့် အမျိုးသမီးပြိုင်ပွဲဝင်များ Emily နှင့် Ivana ကလွဲပြီး ကျန်မိန်းကလေးအားလုံး Mr. Acheson ကိုဆွဲဆောင်ဖို့ ရေကူးဝတ်စုံကို ရွေးချယ်ကြပြီး သူတို့သရုပ်ပြပုံက အရမ်းကိုဆိုးဝါးခဲ့ကြသည်။

Bonnie က မိန်းကလေးများကို ၆ မှတ်၊ ၅ မှတ်၊ ၄ မှတ် အသီးသီးပေးလိုက်ပြီး Ivana အလှည့်ရောက်တော့ ပထမဆုံးပြုံးပြကာ ပြောလိုက်သည်။

"10 မှတ်.. မင်းရဲ့ရွေးချယ်လုပ်ဆောင်မှုက အကောင်းဆုံးပဲ.."

Eureka : "10 မှတ်.."

"ဘယ်သူက အခန့်ညားဆုံးလဲဟေ့.. ကိုယ်က သူနဲ့ ရင်ခုန်စရာတစ်ညတာလေး ကုန်ဆုံးချင်တယ်.. တကယ်လို့ ကိုယ် သူ့ကို 10 မှတ်ပေးရင် ကိုယ့်ကို အခွင့်အရေးတစ်ခုပေးမလား.."

Miss Jeffery က ဟာသပြောလိုက်သည်။

Ivana က သူ့လက်မောင်းများကို ဆန့်တန်းကာ ဖော်ရွေစွာပြောလိုက်သည်။

"Come on ဘေဘီ.."

ဒိုင်သုံးဦးနှင့် ကင်မရာသမားများက သူမ၏သွက်လက်ပြီး လိုက်လျောညီထွေတုံ့ပြန်မှုကြောင့် ရယ်မောလိုက်ကြပြီး တင်းမာနေသည့်အခြေအနေက ပြေလျော့သွားတော့သည်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now