FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet

2.5K 295 1
                                    

FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet



"ဆားေတြက ဘယ္ႏွစ္ရက္စာေလာက္ က်န္ေသးလဲ... "

က်ိဳးယြင္ရွန႔္က သူ႔ခ်စ္သူစားမယ့္ငါးကင္ထဲက ငါး႐ိုးေတြကို ေသခ်ာဖယ္ရွားေပးရင္း ေမးလိုက္သည္။ ေက်ာက္႐ႊမ္က ငါးကင္ကို စားလွ်င္ အလုတ္ႀကီးႀကီး ဝါးၿမိဳခ်တတ္ၿပီး အ႐ိုးကို ဂ႐ုမစိုက္တတ္ေပ။ ဒီငါး႐ိုးေတြက သန္စြမ္းသည့္ ေက်ာက္႐ႊမ္ကို ထိခိုက္ေအာင္ မလုပ္ႏိုင္ေပမယ့္ သူ႔လည္ေခ်ာင္းထဲမွာ မသက္မသာျဖစ္ေစသည္။

ေက်ာက္႐ႊမ္က သူ႔ခ်စ္သူေလး သူ႔အတြက္ ဒီလို တယုတယ လုပ္ေပးသည္ကို အရမ္းႏွစ္သက္ၿပီး ပါးစပ္မွ တီးတိုးညည္းသံထြက္ၿပီး က်ိဳးယြင္ရွန႔္၏ လက္ေကာက္ဝတ္ကို လွ်ာႏွင့္ လ်က္ေနသည္။ ဒီလို ယုယခံၿပီး စိတ္တိုင္းက်ခ်စ္ခ်င္ေသာေၾကာင့္ ဟန္းနီးမြန္းထြက္လာတာ တန္သြားၿပီဟု ေက်ာက္႐ႊမ္ ယူဆလိုက္သည္။

" ေႁခြေႁခြတာတာ စားရင္ တစ္လစာေလာက္ရတယ္...  "

ေရွာင္အမ္းခြၽမ္က ဒီနတ္ဘုရားလူငယ္ႏွင့္ ျခေသၤ့ႀကီးက ဆားအစားထိုး သား႐ိုင္းေသြးကို ေသာက္ေလ့မရွိ ေသာေၾကာင့္ စိတ္ပူစြာျဖင့္ေျပာလိုက္သည္။

"  ေကာင္းၿပီ။ ေနာက္ႏွစ္ရက္ၾကာရင္ ငါနဲ႔႐ႊမ္ ကမ္းေျခကိုသြားၿပီး ဆား သြားဝယ္လိုက္မယ္ "

က်ိဳးယြင္ရွန႔္က ေခါင္းၿငိမ္ျ့ပီးေျပာလိုက္သည္။


"  ဒါေပမယ့္ ေရသူမမ်ိဳးႏြယ္စုေတြက အနီေရာင္ ခရစ္စတယ္တစ္မ်ိဳးတည္းနဲ႔ပဲ ဆားကို အလဲလွယ္လုပ္တယ္။ သူတို႔က ဆားထြက္တဲ့ ပင္လယ္ျပင္ ဧရိယာအက်ယ္ႀကီးကို ပိုင္စိုးၿပီး နယ္ေဝး၊ နယ္နီး မ်ိဳးႏြယ္စုအားလုံး သူတို႔ဆီကပဲ ဆားကို ရရွိႏိုင္တယ္။ ဒါေၾကာင့္ သူတို႔မ်ိဳးႏြယ္စုက ဘယ္ေတာ့မွ အနီေရာင္ေက်ာက္ေတြ ျပတ္လတ္တယ္လို႔မရွိဘူး။ သူတို႔ စစ္သည္ေတာ္ေတြကအဆင့္ ငါး ဒါမွမဟုတ္ အဆင့္ေျခာက္ထိ ရွိၿပီး သန္စြမ္းပါတယ္ဆိုတဲ့ ေလးေနာ့ မ်ိဳးႏြယ္စုက စစ္သည္ေတာ္ေတြကို ေကာင္းေကာင္းယွဥ္ႏိုင္တယ္။ တကယ္တို႔ ခင္ဗ်ားတို႔မွာ အနီေရာင္ေက်ာက္မရွိရင္ သူတို႔က ဆားကို ေပးမွာမဟုတ္ဘူး။ "

နတ္ဘုရားလူငယ္နဲ႔ ျခေသၤ့ႀကီးက ဘယ္ေလာက္သန္မာတယ္ဆိုေပမယ့္ လက္ေလးဖက္က မ်ိဳးႏြယ္စု တစ္ခုလုံးကို ယွဥ္ၿပိဳင္တိုက္ခိုင္ႏိုင္မွာ မဟုတ္ဘူး။

" ကြၽန္ေတာ္က သက္ႀကီး႐ြယ္အိုေတြဆီက ၾကားဖူးတာကေတာ့ ဟိုးအတြင္းပိုင္း ႐ႊံ႕ႏြံေတာဘက္မွာ ဆားက်င္းရွိတယ္တဲ့။ ပင္လယ္ဘက္ကို သြားမည့္အစား ဆားတြင္းကို လိုက္ရွာတာ ပိုေကာင္းမယ္ထင္တယ္  "

" အဲ့ဒီမွာ ဆားတြင္းမရွိဘူး။ ငါတို႔ သြားၾကည့္ၿပီးၿပီ  "

က်ိဳးယြင္ရွန႔္က လက္ကို ယမ္းရင္းေျပာလိုက္သည္။

" မင္း မပူပါနဲ႔။ ငါတို႔မွာ နည္းလမ္းရွိပါတယ္။ ငါတို႔သြားတဲ့ အခါ မင္းက ႐ႊမ္သတ္မွတ္ထားတဲ့ နယ္ကို ေက်ာ္ၿပီး ထြက္မသြားနဲ႔...  "

ေရွာင္အမ္းခြၽမ္က ဆားအတြက္ ဒါဒါမ်ိဳးႏြယ္စုဆီကို သူ႔ကို ေစလႊတ္ဖို႔ေတာင္ ေျပာခဲ့လို႔က်ိဳးယြင္ရွန႔္ရဲ႕စိတ္က သူ႔အေပၚကို ေပ်ာ့ေျပာင္းေနတယ္။

အဲ့ဒီအခ်ိန္မွာ က်ားျဖဴႀကီးတစ္ေကာင္က ေတာထဲက ႐ုတ္တရက္ခုန္ထြက္လာတယ္။ သူ႔ပါးစပ္က ကီလိုဂရမ္ ရာေက်ာ္ေလးတဲ့ ငါးႀကီးတစ္ေကာင္ကို ကိုက္ခ်ီထားၿပီး ျခေသၤ့ႀကီးေရွ႕မွာ ခ်လို႔ႏူတ္သီးနဲ႔ ေရွ႕ကို တိုးေပးတယ္။

" ၾသ...မင္း အခ်ိန္မွီေရာက္လာသားပဲ... သူက ဘိုင္တဲ့။ ဘိုင္ ငါတို႔ သြားတဲ့အခ်ိန္မွာ မင္း ေရွာင္အမ္းခြၽမ္ကို ေစာင့္ေရွာက္ေပးထားဦး။သူ႔ကို ဘယ္သားရဲနဲ႔မ်ိဳးႏြယ္စုမွ လာမဖမ္းသြားေစနဲ႔...   "

ဘိုင္က ခ်က္ခ်င္းပဲ ေရွာင္အမ္းခြၽမ္နားကို လာၿပီး သူ႔ႏွာေခါင္းႀကီးက ပုခုံးေပၚတင္လို႔ တရႈပ္ရႈပ္နမ္းေနတယ္။ သူက ေရွာင္အမ္းခြၽမ္ရဲ႕ အနံ႔ကို မွတ္သားေနပုံတူတယ္။ သူ႔ေၾကာင့္  ေရွာင္အမ္းခြၽမ္ က ေၾကာက္ၿပီး လႈပ္ကို မလႈပ္ဝံ့ဘူး။ သူ႔မ်က္ႏွာက က်ားျဖဴႀကီးရဲ႕ရင္ဘတ္က အေမြးေတြၾကားနစ္ေနၿပီး ေၾကာက္ေနပုံေလးက ရစ္ဌက္ေလးနဲ႔ေတာင္ တူေနတယ္။


" မေၾကာက္ပါနဲ႔၊ ဘိုင္က ငါတို႔လို ေရွးဦးသားရဲပဲ။ သူက မင္းကို ကာကြယ္ေပးလိမ့္မယ္။ ေတာထဲသြားရင္ သူနဲ႔ပဲ သြားသင့္တယ္။ မင္း တခုခုျဖစ္ရင္ သူ႔ကို လွမ္းေခၚလို႔ရတယ္။ သူက ဉာဏ္ေကာင္းလို႔ မင္းေျပာခ်င္တာ နားလည္ႏိုင္တယ္။   "

" ေတြ႕ရတာဝမ္းသာပါတယ္ ဘိုင္၊ မင္းက နတ္ဘုရားေလးနဲ႔ျခေသၤ့ႀကီးရဲ႕ မိတ္ေဆြဆိုေတာ့ငါ့ရဲ႕ မိတ္ေဆြပါပဲ။ အခုက စၿပီး ငါတို႔က မိသားစုဝင္ ေတြျဖစ္သြားၿပီ။ ငါတို႔ တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ခင္ၿပီး အတူေနသြားရေအာင္...  "

 ေရွာင္အမ္းခြၽမ္က ေၾကာက္စိတ္ေပ်ာက္သြားၿပီး က်ားလက္ကို ဆုပ္ကိုင္ၿပီး ေျပာလိုက္သည္။ သူက မ်ိဳးမတူသည့္ ေနရာတြင္ ေနထိုင္ရသည္ျဖစ္ေသာေၾကာင့္ မိတ္ေဆြႏွင့္ မိသားစု ဆိုသည္ကို အၿမဲေတာင့္တ လိုခ်င္ခဲ့သည္။

က်ားျဖဴႀကီးက သူေျပာသည္ကို နားလည္သလို ေခါင္းၿငိမ့္ျပလိုက္သည္။ က်ားႀကီးရဲ႕ အသိမွတ္ျပဳမႈကို ရလိုက္ေတာ့  ေရွာင္အမ္းခြၽမ္ရဲ႕ ရင္ထဲ ေသြးသစ္ေလာင္းခံလိုက္ရသူလို တက္ႂကြသြားသည္။ သူက ငါးႀကီးကို ယူၿပီး ေသခ်ာျပင္ဆင္ၿပီး မီးပုံေပၚမွာ ကင္ေပးလိုက္သည္။ ငါးႀကီးက ေမႊးပ်ံ႕တဲ့ အနံ႔ေတြထြက္လာၿပီး အဆီကတဖ်စ္ဖ်စ္နဲ႔ မီးထဲက်လာသည္။

က်ားျဖဴႀကီး၏ ႏူတ္သီးက ရႈံပြရႈံ႕ပြျဖစ္လာေပမယ့္ အမႈမထားဟန္ျဖင့္ ေနေနၿပီး  ေရွာင္အမ္းခြၽမ္ ေသခ်ာျပင္ဆင္ၿပီး သူ႔ကို အႀကိမ္ႀကိမ္စားဖို႔ ေခၚသည္အထိ ေစာင့္ေနသည္။ ၿပီးေတာ့မွ ငါးကင္ႀကီးကို တလုပ္တည္း ၿမိဳခ်လိုက္ေတာ့သည္။

က်ားႀကီးက မာနႀကီးၿပီး လူသားက မိုက္မဲေပမယ့္ သူတို႔ႏွစ္ဦးက လိုက္ဖက္ညီသည့္ အတြဲျဖစ္ႏိုင္လို႔ က်ိဳးယြင္ရွန႔္ေက်နပ္သြားသည္။

မနက္စာစားၿပီးေနာက္  ေရွာင္အမ္းခြၽမ္က ေတာထဲ သစ္ခုတ္ၿပီး သူ႔အတြက္ အနားမွာ သစ္လုံးအိမ္ေဆာက္ေနလိုက္သည္။ မနက္တိုင္း နတ္ဘုရားေလးႏွင့္ျခေသၤ့ႀကီးတို႔ ခ်စ္တင္းေႏွာၿပီး ေက်နပ္သည့္ ညည္းတြားသံေၾကာင့္ အိပ္ယာမွ မႏိုးထခ်င္ပါ။ ဒီလိုဆက္ျဖစ္ေနရင္ သူလည္း မာလာၿပီး သုတ္လႊတ္ရလြန္းလို႔ သူ႔ေက်ာက္ကပ္ေလးလည္း ခံႏိုင္ေတာ့မည္  မဟုတ္ေပ။

ေက်ာက္႐ႊမ္၏ လက္သည္းႀကီးမ်ားက အင္မတန္ကို ထက္ၿမိၿပီး သစ္သားႏွင့္ ေက်ာက္စိုင္ႀကီးမ်ားကိုပင္ အလြယ္တကူ ျဖတ္ေတာက္ႏိုင္သည္။ သူ လက္တခ်က္ယမ္းလိုက္သည္ႏွင့္ သစ္ပင္ႀကီးမ်ား ၿပိဳလဲက်လာသည္။ က်ားျဖဴႀကီးက ေရခဲျပင္တြင္ေနသည့္ က်ားႀကီးျဖစ္ၿပီး မဟာဆန္က မာနႀကီးသည္။ သူလည္း  ေရွာင္အမ္းခြၽမ္ သစ္ခုတ္ရာတြင္ကူညီေပးသည္။ သူ႔လက္တခ်က္ယမ္းတာနဲ႔ လူေလးေယာက္သယ္ရေလာက္သည့္ သစ္လုံးမ်ားကို ရလာေစသည္။

သားရဲႏွစ္ေကာင္က အိမ္ေဆာက္ဖို႔ သစ္လုံးလွဲရာတြင္ ကူညီသကဲ့သို႔ က်ိဳးယြင္ရွန႔္က အိမ္ေထာင္ပရိေဘာဂလုပ္ဖို႔ ကူညီေပးသည္။ သူတို႔က ခုတင္၊ စားပြဲ၊ ကုလားထိုင္သာမက ပန္းကန္လုံးႏွင့္ ထမင္းစားသည့္ တူ တို႔ကိုပါ ျပဳလုပ္ၾကသည္။

က်ိဳးယြင္ရွန႔္လည္း  သူတို႔ အသုံးျပဳဖို႔ အသုံးေဆာင္ေတြ ေရွာင္အမ္းခြၽမ္ လုပ္တာကို ေစာင့္ေနလိုက္သည္။ ဒီကာလအတြင္း သူလည္း အိမ္တလုံး ေဆာက္ဖို႔ဆုံးျဖတ္လိုက္သည္။

အခု လက္ရွိသူတို႔ေနသည့္ လႈိဏ္ဂူက ေအးစက္ၿပီး ႐ႊံ႕ေတြရွိလို႔ အနံ႔သက္ သိပ္မေကာင္းေပ။ ေရရွည္ေနလွ်င္ က်န္းမာေရးအတြက္မေကာင္းလို႔ အျမန္ အိမ္တလုံးေဆာက္လိုက္သည္။ ျခေသၤ့ႀကီးလည္း သူ႔ကို ကူညီေပးသည္။ ပထမေတာ့ ဒီသား႐ိုင္းၿဂိဳလ္တြင္ အိမ္ေဆာက္တာ သဘာဝသား႐ိုင္းၿဂိဳလ္၏ တိုးတက္မႈကို ခ်ိဳးေဖာက္ရာက်သည္ ဆိုသည့္ ဥပေဒႏွင့္ ညႇိႏိုင္ေသာေၾကာင့္ အိမ္မေဆာက္ခ်င္ေပမယ့္  ေရွာင္အမ္းခြၽမ္ က ဒီၿဂိဳလ္ကို ေရာက္ေနတာ ၾကာၿပီျဖစ္ၿပီး ေရွာင္ရမည့္ ဥပေဒႏွင့္ ဒီသား႐ိုင္းၿဂိဳလ္က ဆင့္ကဲေျပာင္းလဲတိုးတက္မႈကို အားလုံးသိၿပီးျဖစ္သည္။ အခု လက္ရွိ မ်ိဳးႏြယ္စုမ်ားတြင္ အိ္မ္ေဆာက္ေနသည့္ မ်ိဳးႏြယ္စုလည္း ရွိေနၿပီျဖစ္လို႔ အခုလို သစ္လုံးအိမ္ေဆာက္တာ ဥပေဒခ်ိဳးေဖာက္ရာ မက်ေတာ့ေၾကာင္း ေျပာျပလိုက္သည္။

ဒါေၾကာင့္ က်ိဳးယြင္ရွန႔္လည္း ႏွစ္ရက္လုံးလုံး ႀကိဳးစားးၿပီး အိမ္ေဆာက္လိုက္တာ ေနာက္ဆုံး သစ္သားခုတင္ႀကီးႏွင့္ ႏူးညံ့ေပ့ါအိေသာ ေရညႇိမ်ား ခင္က်င္းထားသည့္ ခုတင္တြင္ ဇိမ္က်က်ႏွပ္ေနႏိုင္ေတာ့သည္။

မနက္မိုးလင္းလာေတာ့ က်ိဳးယြင္ရွန႔္နဲ႔ ျခေသၤ့ႀကီးက သစ္လုံးအိမ္ထဲက ထြက္လာေတာ့  ေရွာင္အမ္းခြၽမ္ ကို က်ားျဖဴႀကီးနဲ႔ေတြ႕လိုက္ရၿပီး သူ႔မ်က္လုံးမွာမ်က္ရည္ေတြက်လို႔ က်ားျဖဴႀကီးရဲ႕ေက်ာေပၚမွာ လူတစ္ေယာက္ သတိေမ့ေနတာကို ေတြ႕လိုက္ရသည္။

" သူက ဘယ္သူလဲ။ ဘာေတြျဖစ္ေနတာလဲ...  "

က်ိဳးယြင္ရွန႔္က အနားကို တိုးသြားၿပီး ေမးလိုက္ေပမယ့္ ခ်က္ခ်င္းပဲ ပုတ္ေစာ္နံတဲ့ အနံ႔သက္ေၾကာင့္ က်ားျဖဴႀကီးကို သံသယႏွင့္ ၾကည့္လိုက္မိသည္။ က်ားျဖဴႀကီးက ခ်ီးတြင္းထဲ ျပဳတ္က်ခဲ့သလား။ သူက က်ားျဖဴႀကီးေရွ႕မွာ အႀကိမ္မ်ားစြာႏွာေခ်လိုက္ၿပီး ျခေသၤ့ႀကီးရဲ႕ႏွာေခါင္းထိပ္မွာ ငါးအေရခြံနဲ႔ခ်က္ခ်င္း ဖုံးအုပ္ေပးလိုက္သည္။

ေက်ာက္႐ႊမ္က သူ႔ခ်စ္သူေလးရဲ႕ အျပဳမႈေၾကာင့္ ၾကည္ႏူးသြားၿပီး မ်က္ရည္စေတြနဲ႔ မ်က္ဝန္းေထာင့္ေလးကို လွ်ာနဲ႔ညင္သာစြာလ်က္ေပးလိုက္သည္။


"  သူက မေသေသးပါဘူး။ သူ႔နာမည္က ခြန္း ပါ။ ကြၽန္ေတာ္ ဒီကိုေရာက္စတုန္းက သား႐ိုင္းေတြရဲ႕ ကိုက္သတ္တာကို ခံရခါနီး ခြန္းက ကယ္တင္ေပးၿပီး ဘိုင္ယန္မ်ိဳးႏြယ္စုဆီ ေခၚသြားေပးခဲ့တယ္။ သူက တေလာက ျဖဴေကာင္ေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ ဒဏ္ရာရလာၿပီး သားရဲနတ္ဘုရား႐ုပ္တုက ေသြးပုပ္ေရေတြနဲ႔ ဒဏ္ရာကို ေလာင္းထည့္ေပးတာ ခံလိုက္ရၿပီး ပိုးဝင္သြားတာပါ။  "

အနားက က်ိဳးယြင္ရွန႔္တို႔ေတာင္ အပုပ္နံ႔ေၾကာင့္ ဒီေလာက္ခံေနရတာ က်ားျဖဴႀကီးက ပိုခံရသည္။ သူက အပုပ္ေကာင္လူတစ္ေယာက္လုံးကို ေက်ာေပၚသယ္ထားရသည္။ သူက သူ႔ေက်ာေပၚက လူကို ခါခ်မည္လုပ္ေတာ့  ေရွာင္အမ္းခြၽမ္ ကခ်က္ခ်င္း လာၿပီး ဒီလူကို ေျမျပင္ေပၚ အသာယာလဲေလ်ာင္းေအာင ္ခ်ေပးလိုက္သည္။ ဒီလူ ခ်မ္းေနမည္စိုးေသာေၾကာင့္  ေရွာင္အမ္းခြၽမ္ က ငါးမန္းအေရခြံနဲ႔ ခြန္းကို လႊမ္းၿခဳံေပးထားသည္။

 ေရွာင္အမ္းခြၽမ္ က ဒဏ္ရာကို ျပသရင္း ေသြးပုပ္ရည္ဆိုတာ ဘာလဲ ဆိုတာ က်ိဳးယြင္ရွန႔္ကို ရွင္းျပေပးေနသည္။

"ဘိုင္ယန္မ်ိဳးႏြယ္ေတြက ေယာက်ာ္းေတြကို မေထာက္ပံ့ေပးဘူး။ တကယ္လို႔ ေယာက်ာ္းတစ္ေယာက္က အမဲမလိုက္ႏိုင္ဘူးဆိုရင္ သူ႔ကိုေ တာထဲ ပစ္ထားၿပီး ေသခိုင္းလိုက္တယ္။ ခြန္းက ကြၽန္ေတာ့္ အသက္ကို တခါကယ္တင္ခဲ့လို႔ကြၽန္ေတာ္ သူ႔အသက္ကို ျပန္ၿပီး ကယ္တင္ေပးခ်င္တယ္   "

 ေရွာင္အမ္းခြၽမ္က က်ိဳးယြင္ရွန႔္ကို အသနားခံရင္းေျပာလိုက္သည္။

သူတို႔အုပ္စုမွာ လူတစ္ေယာက္ပိုလာလည္း ဘာမွမျဖစ္ေပ။ တကယ္လို႔တဖက္လူက မေကာင္းတဲ့လူျဖစ္ေနရင္ ဘိုင္က ခ်က္ခ်င္း ကိုက္သတ္ပစ္ႏိုင္ေၾကာင့္ က်ိဳးယြင္ရွန႔္က သူ႔ခ်စ္သူကို တီးတိုးေျပာလိုက္သည္။

သူ႔ခ်စ္သူေလး သေဘာတူသေ႐ႊ႕ အိုေကေနလို႔ ေက်ာက္႐ႊမ္က ဘာမွထပ္မေျပာေတာ့ေပ။ သူက က်ိဳးယြင္ရွန႔္ရဲ႕ခါးက မိေက်ာင္းသားေရ ခါးဝတ္ကို ပါးစပ္က ကိုက္ၿပီး ခ်စ္ရသူကို သူ႔ေက်ာေပၚတင္ၿပီး ပင္လယ္ဘက္ ခရီးကို စတင္ေတာ့သည္။ သူက မေန႔ညက ပင္ပင္ပန္းပန္းလႈပ္ရွားခဲ့လို႔ ပင္လယ္ကမ္းစပ္မွာ ေရစိမ္ၿပီး ခ်စ္သူနဲ႔ ကစားခ်င္ေသးသည္။ သူ ခရီးမထြက္ခင္ မေမ့မေလ်ာ့ သူ႔ပိုင္နက္ကို ထပ္ၿပီးေသးနဲ႔ပန္းၿပီး အမွတ္သားျပဳခဲ့ေသးသည္။


" နတ္ဘုရားေလး.... ခင္ဗ်ားရဲ႕ခင္ပြန္းျခေသၤ့ႀကီးကို ကြၽန္ေတာ့္ ခါးဝတ္မွာ ေသးနည္းနည္းပန္းေပးဖို႔ ေျပာေပးပါလား။ တခါတေလ ကြၽန္ေတာ္က ဘိုင္ မပါပဲ ေတာထဲ သြားရင္ ေဘးကင္းေအာင္လို႔ပါ...  "

ဒီစကားကို ၾကားလိုက္ေတာ့ ေက်ာက္႐ႊမ္က မွင္သက္သြားေတာ့သည္။

ျခေသၤ့ႀကီးေသးက အဆိပ္ေငြ႕လိုမ်ိဳး သား႐ိုင္းမ်ားက အရမ္းေၾကာက္ၾကၿပီး ေတာထဲသြားလွ်င္ သား႐ိုင္းအားလုံးေရွာင္သြား သည္ကို သတိထားမိလို႔  ေရွာင္အမ္းခြၽမ္ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။

ျခေသၤ့ျဖစ္ေနလို႔ ဒီရွက္စရာ လုပ္ရပ္ကို ထိန္းခ်ဳပ္မရပဲ လုပ္ေနမိသျဖင့္ ရွက္ရသည့္အထဲ ဒီေကာင္  ေရွာင္အမ္းခြၽမ္က ဒီလိုေတာင္းဆိုေတာ့ ေက်ာက္႐ႊမ္က သူ႔ကို တကိုက္တည္းႏွင့္ ကိုက္သတ္ျပစ္ရလွ်င္ ေကာင္းမလားလို႔ ေတြးေနမိသည္။

က်ိဳးယြင္ရွန႔္လည္း ပထမ အံ့အားသင့္သြားေပမယ့္ သေဘာက်စြာရယ္ေမာလိုက္ၿပီး လူသတ္ခ်င္စိတ္ေပါက္ေနသည့္ ျခေသၤ့ႀကီး ေခါင္းကို တခ်က္ပုတ္ကာ ေျပာလိုက္သည္။

" သူေျပာေနတာ မၾကားဘူးလား။ ျမန္ျမန္လုပ္ေပးလိုက္။ ၿပီးရင္ ပင္လယ္နားသြားၿပီး ေရခ်ိဳးရေအာင္.... လုပ္ေတာ့...  "

 ေရွာင္အမ္းခြၽမ္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သူ႔အိတ္ထဲက ခါးဝတ္အသစ္ကို ခ်က္ခ်င္းယူၿပီး ကိုယ္မွာပတ္လိုက္သည္။ ၿပီးေတာ့ သူက တင္ပါးကို ပင့္ေျမႇာက္ၿပီး ျခေသၤ့ႀကီး ေသးပန္းႏိုင္ရန္ အသင့္ရပ္ေနေပးသည္။


"  ကြၽန္ေတာ္ၾကားဖူးတာက ျခေသၤ့ႀကီးက သားရဲေတြရဲ႕ ဘုရင္ သားရဲနတ္ဘုရားလို အစြမ္းထက္တယ္။ ျခေသၤ့ႀကီးရဲ႕ ေသးရွိေနသေ႐ြ႕ ဘယ္သားရဲမွ ရန္မျပဳရဲဘူး။ ဒါေၾကာင့္ ျခေသၤ့ႀကီးရဲ႕ က်င္ငယ္ရည္ကို ရတာ ကံေကာင္းျခင္းပဲ။ ဒီက်င္ငယ္ေရ ရွိေနသေ႐ြ႕ ကြၽန္ေတာ္က ေတာထဲမွာ လြတ္လြတ္လပ္လပ္ ေတာဘုရင္လို သြားလာႏိုင္တယ္တဲ့။ ဒီက်င္ငယ္ေရေပၚကို အျခားက်င္ငယ္ေရ ထပ္မျဖန္းေသးသေ႐ႊ႕ ကြၽန္ေတာ္က ေတာထဲမွာ အားအႀကီးဆုံးလို႔ သားရဲေတြက သတ္မွတ္ၾကတယ္။ "

 ေရွာင္အမ္းခြၽမ္က တက္ႂကြစြာနဲ႔သူၾကားဖူးတာကို ရွင္းျပေနသည္။ ဒီစကားကိုၾကားေတာ့   က်ိဳးယြင္ရွန႔္က ရယ္ရလြန္းလို႔ တကိုယ္လုံး ယိမ္းထိုးတုန္ခါလို႔ေနသည္။   ေက်ာက္႐ႊမ္က အင္တင္တင္ႏွင့္  ေရွာင္အမ္းခြၽမ္၏ ခါးဝတ္ကို က်င္ငယ္ရည္ နည္းနည္းပန္းေပးလိုက္ၿပီး ဟိုးအေဝးကို ထြက္ေျပးသြားေတာ့သည္။

က်ားျဖဴႀကီးက ေဝးသြားသည့္ ျခေသၤ့ႀကီး၏ ေက်ာျပင္ကို စိုက္ၾကည့္ၿပီး ေအးစက္စက္ တခ်က္ညည္းတြားကာ ေျခတစ္ဖက္ကို ေျမႇာက္လိုက္ၿပီး ေရွာင္အမ္းခြၽမ္၏ ခါးဝတ္ေပၚက ျခေသၤ့ႀကီး   က်င္ငယ္ရည္ထက္ ပိုမ်ားေအာင္ ေသးပန္းလိုက္သည္။

ဒါဆို သူက ျခေသၤ့ႀကီး ျပန္မလာသေ႐ႊ႕ ဒီေတာရဲ႕ ဘုရင္ျဖစ္သည္။  ေရွာင္အမ္းခြၽမ္က မ်က္ရည္မက်ပဲ ငိုေႂကြးေနေတာ့သည္။

ေရွာင္အမ္းခြၽမ္ ေၾကကြဲေနရစဥ္ သစ္လုံးအိမ္ေလးထဲမွာ ခြန္းက သတိရေနၿပီး မ်က္ႏွာက်က္ကို ေငးစိုက္ၾကည့္ေနသည္။

ျပတင္းေပါက္နားမွာ ဌက္ကေလးက ေအာ္ျမည္ေနၿပီး အိပ္ယာေပၚကို ေနျခည္ေႏြးက ျဖာက်ေနလို႔ ခြန္းတစ္ေယာက္ ေႏြးေထြးမႈကို ခံစားေနရသည္။ သူက မ်ိဳးႏြယ္ကေန စြန႔္ပစ္ခံလိုက္ရၿပီ မဟုတ္လား။ အက္ဒီက သူ႔ကို ခုလို ေတာထဲ သယ္လာၿပီးစြန႔္ျပစ္ရခ်ိန္ မ်က္ရည္ေတြနဲ႔ ဝမ္းနည္းေၾကာင္း ေျပာေနခဲ့တယ္။ အက္ဒီက သူ႔ကို စြန႔္စားကယ္တင္လာခဲ့သလားလို႔ ေတြးၿပီး ခြန္းရဲ႕ ရင္ထဲ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ျပည့္လာသည္။

ဒီအခ်ိန္ တံခါးအျပင္ဘက္က အသံကိုၾကားလိုက္ရၿပီး တေယာက္ေယာက္ အထဲကို ဝင္လာဖို႔လုပ္ေနသျဖင့္ ခြန္းက တံခါးကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနသည္။

ဒါေပမယ့္ အိမ္ေလးထဲ ဝင္လာသည့္ မ်က္ႏွာကို ျမင္ေတာ့ ခြန္း၏ မ်က္ႏွာ ေမွာင္မိုက္သြားၿပီး မုန္းတီးစိတ္တို႔ လွ်ံတက္လာခဲ့သည္။ ဒီလွပတဲ့ မ်က္ႏွာနဲ႔ ေကာင္ေလးက ဘယ္လိုေတာင္ ဆိုးယုတ္တဲ့ စိတ္ႏွလုံးကို ပိုင္ဆိုင္ထားရတာလဲ။

သူက အက္ဒီ က ဒဏ္ရာကုသဖို႔ လုပ္ထားတဲ့ နတ္ဘုရားေသြးေတြကို လႊင့္ပစ္လို႔ သူေသမလိုျဖစ္ခဲ့ရေသးတယ္။

" မင္းကိုး။ မင္း င့ါကို ႏွိပ္စက္ရတာ မလုံေလာက္ေသးဘူးလား။  "

ခြန္းသည္ သြားေစ့ရင္း မုန္းတီးစြာေျပာလိုက္သည္။

ေရွာင္အမ္းခြၽမ္သည္ နတ္ဘုရားလူငယ္ႏွင့္ ျခေသၤ့ႀကီးထြက္သြားကတည္းက ေတာနက္ထဲ ဝင္ၿပီး လိုအပ္သည့္ ေဆးဖက္ဝင္အပင္မ်ားကို လိုက္ရွာခဲ့သည္။ ျခေသၤ့ႀကီး၏ က်င္ငယ္ေရနံ႔က ျပင္းထန္လြန္းေသာေၾကာင့္ အေႏွာက္ယွက္မရွိပဲ ေတာနက္ထဲ လိုခ်င္တာ အားလုံးကိုရွာေဖြႏိုင္ခဲ့သည္။ ခါတိုင္းဆိုလွ်င္ သူ ေတာနက္ထဲကို မသြားဝံ့ခဲ့ေပ။
 
ခြန္း၏ ဒဏ္ရာက ပိုးဝင္ၿပီး အသားေတြပုပ္ရိကုန္လို႔ အ႐ိုးျဖဴျဖဴကို ျမင္ေနရၿပီ။ ဒါေၾကာင့္ ပိုးသတ္ႏိုင္တဲ့ ေဆးပင္နဲ႔ ပိုးဝင္တာ ကုသေပးၿပီး အသားျပန္ျပည့္ေစေအာင္ အျမန္ဆုံးကုသဖို႔ လိုအပ္ေနသည္။

ခြန္း၏အေမးကို ၾကားလိုက္ရစဥ္ ေရွာင္အမ္းခြၽမ္ သက္ျပင္းရႈိက္ၿပီး ရွင္းျပလိုက္သည္။

" ငါက မင္းကို ထိခိုက္ေအာင္ လုပ္ဖို႔မဟုတ္ဘူး။ မင္းကို ကယ္တင္ေပးေနတာပါ... "


" အက္ဒီကေျပာတယ္။ ငါ့ကို ကုသေပးတဲ့ နတ္ဘုရားေသြးေတြကို မင္းသာ မဖယ္ပစ္ခဲ့ရင္ ငါျပန္ေကာင္းေလာက္ၿပီတဲ့။ အခုေတာ့ မင္းေၾကာင့္ ငါ အခုလို ဒဏ္ရာပိုဆိုးလာခဲ့တယ္။ ေရွာင္အမ္းခြၽမ္ မင္းကို ငါေမးပါရေစ။ မင္းနဲ႔ငါ ဘယ္လို ရန္ၿငိဳးမ်ားရွိခဲ့လို႔အခုလို လုပ္ရတာလဲ... "

ခြန္းက ဝမ္းနည္းစြာေမးလိုက္သည္။

" ငါ အခုမင္း နားလည္မႈလြဲေနတာကို ဘာမွ ထပ္မရွင္းျပခ်င္ေတာ့ဘူး။ မင္းက အခု ေသလူျဖစ္ေနၿပီ။ မင္း ကိုယ္က ေရာဂါကို မခုခံႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ ေသမယ့္အတူတူ မင္းကိုယ္ကို ငါ့အတြက္ ထားလိုက္ပါေတာ့လား။ ငါ အတတ္ႏိုင္ဆုံးကုသေပးမယ္။ ေကာင္းသြားလည္း အျမတ္ပဲ။ မေကာင္းေတာ့လည္း ဒီထပ္ ဆုံးရႈံးစရာမရွိ ပါဘူး။ "

ေရွာင္အမ္းခြၽမ္က ဘာမွ ထပ္မရွင္းျပေတာ့ပဲ ခြန္းရဲ႕လက္ေတြကို ခုတင္ တိုင္မ်ားတြင္ သားေရစႏွင့္ တြဲခ်ည္ၿပီး႐ုန္းမရေအာင္ တုတ္ထားလိုက္သည္။ ၿပီးေတာ့ ေရေႏြးႀကိဳၿပီး ခြန္း၏ ေျခသလုံးမွ ပုတ္ရိေနသည့္ အသားမ်ားကို ဓါးႏွင့္လွီးထုတ္ကာ ေဆးႀကိတ္ထားသည့္ အရည္မ်ားထည့္ကာ ပိုးမဝင္ေစရန္ ငါးအေရခြံသန႔္သန႔္ျဖင့္ အသာယာ ထုပ္ထားလိုက္သည္။


သတိရွိေနစဥ္ မိမိဒဏ္ရာကို ဓါးႏွင့္ လွီးထုတ္ခံေနရသျဖင့္ ခြန္းမွာ နာက်င္လြန္းသျဖင့္ ႐ုန္းရန္ အားမရွိပဲ နာက်င္စြာ စိတ္ဆိုးစြာ ေအာ္ဟစ္႐ုံသာ တတ္ႏိုင္ေတာ့သည္။

ဒီလိုကုသေပးစဥ္တေလွ်ာက္လုံး ေရွာင္အမ္းခြၽမ္က ခြန္းကို မ်က္ဝန္းတခ်က္ေတာင္ ေစာင့္မၾကည့္ေပ။ ခြန္း၏ ဒဏၤရာက အေျခေန ဆိုးေနၿပီျဖစ္ေသာေၾကာင့္ ေသခ်ာၾကပ္မတ္ကုသမွျဖစ္မည္။ သန႔္ရွင္းေရးၿပီးေနာက္ ေဆးတခ်ိဳ႕ကို ခ႐ုခြံထဲ ထည့္ကာ ႀကိဳခ်က္လိုက္သည္။ ထိုေဆးမ်ားကို ဒဏ္ရာေဆးေၾကာရန္ႏွင့္ ပိုးသတ္ရန္ အသုံးျပဳရမည္။ မိမိတတ္သေလာက္ အေကာင္းဆုံးကုသေပးထားေသာ္လည္း ျပန္လည္ေကာင္းဖို႔ ခြန္း၏ ကံတရားကိုပဲ အားကိုးရေတာ့မည္။

ေဆးရည္မ်ားက အညိဳေရာင္အရည္ျဖစ္ၿပီး ခါးသက္ကာ အနံ႔လည္းဆိုးသည္။ ခြန္းက ေရွာင္အမ္းခြၽမ္ သူ႔ကို အဆိပ္ခတ္ဖို႔ လုပ္သည္ဟုထင္ၿပီး မုန္းတီးစြာစိုက္ၾကည့္လို႔သာေနသည္။

ခြန္းသူ႔ကို ဘယ္လိုထင္ထင္ ဂ႐ုမစိုက္ပဲ ေရွာင္အမ္းခြၽမ္က ေဆးရည္ကို ခြန္းပါးစပ္ထဲ ဝင္ေအာင္ ပါးစပ္ကို အတင္းညစ္ၿပီးေလာင္းထည့္ လိုက္သည္။ ၿပီးေတာ့ ငါးမန္းအေရခြံႏွင့္ သူ႔ကို ၿခဳံေပးၿပီး ဝရန္တာတြင္ ထြက္ထိုင္ ကာ က်ယ္ေျပာသည့္ သစ္ေတာႀကီးကို ကူကယ္ရာမဲ့ ေငးၾကည့္ေနမိသည္။

တကယ္လို႔သူသာ နတ္ဘုရားလူငယ္၊ ျခေသၤ့ႀကီးႏွင့္ ဘိုင္တို႔ႏွင့္သာ မေတြ႕ခဲ့လွ်င္ ဘယ္ေလာက္ေတာင္ အထီးက်န္ေနမည္ကို ေတြးေနမိသည္။

ဘိုင္က သစ္ေတာကို ပတ္ၾကည့္ၿပီး ေဘးကင္းမကင္းစစ္ေဆးေနသည္။ သစ္ေတာထဲ မည္သည့္ လႈပ္ရွားမႈကိုမ ေတြ႕ရေတာ့ ဘိုင္က ေခ်ာင္းေဘးတြင္ လက္ဝါးတစ္ခ်က္ပုတ္ကာ ငါးတစ္ေကာင္ကို အရွင္ဖမ္းယူလာၿပီး သစ္လုံးအိမ္ရွိရာကို ေျပးလာခဲ့သည္။ သစ္လုံးအိမ္ နားေရာက္ေတာ့ ေက်နပ္စြာ ဟိန္းလိုက္သည္။

ေရွာင္အမ္းခြၽမ္က ဘိုင္ ဆိုလိုသည္ကိုနားလည္လိုက္ၿပီး ဝမ္းနည္းေနသည္ပင္ ေပ်ာက္သြားသည္။ သူက သစ္လုံးအိမ္ကေန ႀကိဳးေလွကားႏွင့္ ဆင္းလာၿပီး ဘိုင္အတြက္ ညစာ ျပင္ဆင္ေပးလိုက္သည္။

================

FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet



"ဆားတွေက ဘယ်နှစ်ရက်စာလောက် ကျန်သေးလဲ... "

ကျိုးယွင်ရှန့်က သူ့ချစ်သူစားမယ့်ငါးကင်ထဲက ငါးရိုးတွေကို သေချာဖယ်ရှားပေးရင်း မေးလိုက်သည်။ ကျောက်ရွှမ်က ငါးကင်ကို စားလျှင် အလုတ်ကြီးကြီး ဝါးမြိုချတတ်ပြီး အရိုးကို ဂရုမစိုက်တတ်ပေ။ ဒီငါးရိုးတွေက သန်စွမ်းသည့် ကျောက်ရွှမ်ကို ထိခိုက်အောင် မလုပ်နိုင်ပေမယ့် သူ့လည်ချောင်းထဲမှာ မသက်မသာဖြစ်စေသည်။

ကျောက်ရွှမ်က သူ့ချစ်သူလေး သူ့အတွက် ဒီလို တယုတယ လုပ်ပေးသည်ကို အရမ်းနှစ်သက်ပြီး ပါးစပ်မှ တီးတိုးညည်းသံထွက်ပြီး ကျိုးယွင်ရှန့်၏ လက်ကောက်ဝတ်ကို လျှာနှင့် လျက်နေသည်။ ဒီလို ယုယခံပြီး စိတ်တိုင်းကျချစ်ချင်သောကြောင့် ဟန်းနီးမွန်းထွက်လာတာ တန်သွားပြီဟု ကျောက်ရွှမ် ယူဆလိုက်သည်။

" ခြွေခြွေတာတာ စားရင် တစ်လစာလောက်ရတယ်...  "

ရှောင်အမ်းချွမ်က ဒီနတ်ဘုရားလူငယ်နှင့် ခြင်္သေ့ကြီးက ဆားအစားထိုး သားရိုင်းသွေးကို သောက်လေ့မရှိ သောကြောင့် စိတ်ပူစွာဖြင့်ပြောလိုက်သည်။

"  ကောင်းပြီ။ နောက်နှစ်ရက်ကြာရင် ငါနဲ့ရွှမ် ကမ်းခြေကိုသွားပြီး ဆား သွားဝယ်လိုက်မယ် "

ကျိုးယွင်ရှန့်က ခေါင်းငြိမ်ြ့ပီးပြောလိုက်သည်။


"  ဒါပေမယ့် ရေသူမမျိုးနွယ်စုတွေက အနီရောင် ခရစ်စတယ်တစ်မျိုးတည်းနဲ့ပဲ ဆားကို အလဲလှယ်လုပ်တယ်။ သူတို့က ဆားထွက်တဲ့ ပင်လယ်ပြင် ဧရိယာအကျယ်ကြီးကို ပိုင်စိုးပြီး နယ်ဝေး၊ နယ်နီး မျိုးနွယ်စုအားလုံး သူတို့ဆီကပဲ ဆားကို ရရှိနိုင်တယ်။ ဒါကြောင့် သူတို့မျိုးနွယ်စုက ဘယ်တော့မှ အနီရောင်ကျောက်တွေ ပြတ်လတ်တယ်လို့မရှိဘူး။ သူတို့ စစ်သည်တော်တွေကအဆင့် ငါး ဒါမှမဟုတ် အဆင့်ခြောက်ထိ ရှိပြီး သန်စွမ်းပါတယ်ဆိုတဲ့ လေးနော့ မျိုးနွယ်စုက စစ်သည်တော်တွေကို ကောင်းကောင်းယှဉ်နိုင်တယ်။ တကယ်တို့ ခင်ဗျားတို့မှာ အနီရောင်ကျောက်မရှိရင် သူတို့က ဆားကို ပေးမှာမဟုတ်ဘူး။ "

နတ်ဘုရားလူငယ်နဲ့ ခြင်္သေ့ကြီးက ဘယ်လောက်သန်မာတယ်ဆိုပေမယ့် လက်လေးဖက်က မျိုးနွယ်စု တစ်ခုလုံးကို ယှဉ်ပြိုင်တိုက်ခိုင်နိုင်မှာ မဟုတ်ဘူး။

" ကျွန်တော်က သက်ကြီးရွယ်အိုတွေဆီက ကြားဖူးတာကတော့ ဟိုးအတွင်းပိုင်း ရွှံ့နွံတောဘက်မှာ ဆားကျင်းရှိတယ်တဲ့။ ပင်လယ်ဘက်ကို သွားမည့်အစား ဆားတွင်းကို လိုက်ရှာတာ ပိုကောင်းမယ်ထင်တယ်  "

" အဲ့ဒီမှာ ဆားတွင်းမရှိဘူး။ ငါတို့ သွားကြည့်ပြီးပြီ  "

ကျိုးယွင်ရှန့်က လက်ကို ယမ်းရင်းပြောလိုက်သည်။

" မင်း မပူပါနဲ့။ ငါတို့မှာ နည်းလမ်းရှိပါတယ်။ ငါတို့သွားတဲ့ အခါ မင်းက ရွှမ်သတ်မှတ်ထားတဲ့ နယ်ကို ကျော်ပြီး ထွက်မသွားနဲ့...  "

ရှောင်အမ်းချွမ်က ဆားအတွက် ဒါဒါမျိုးနွယ်စုဆီကို သူ့ကို စေလွှတ်ဖို့တောင် ပြောခဲ့လို့ကျိုးယွင်ရှန့်ရဲ့စိတ်က သူ့အပေါ်ကို ပျော့ပြောင်းနေတယ်။

အဲ့ဒီအချိန်မှာ ကျားဖြူကြီးတစ်ကောင်က တောထဲက ရုတ်တရက်ခုန်ထွက်လာတယ်။ သူ့ပါးစပ်က ကီလိုဂရမ် ရာကျော်လေးတဲ့ ငါးကြီးတစ်ကောင်ကို ကိုက်ချီထားပြီး ခြင်္သေ့ကြီးရှေ့မှာ ချလို့နူတ်သီးနဲ့ ရှေ့ကို တိုးပေးတယ်။

" သြ...မင်း အချိန်မှီရောက်လာသားပဲ... သူက ဘိုင်တဲ့။ ဘိုင် ငါတို့ သွားတဲ့အချိန်မှာ မင်း ရှောင်အမ်းချွမ်ကို စောင့်ရှောက်ပေးထားဦး။သူ့ကို ဘယ်သားရဲနဲ့မျိုးနွယ်စုမှ လာမဖမ်းသွားစေနဲ့...   "

ဘိုင်က ချက်ချင်းပဲ ရှောင်အမ်းချွမ်နားကို လာပြီး သူ့နှာခေါင်းကြီးက ပုခုံးပေါ်တင်လို့ တရှုပ်ရှုပ်နမ်းနေတယ်။ သူက ရှောင်အမ်းချွမ်ရဲ့ အနံ့ကို မှတ်သားနေပုံတူတယ်။ သူ့ကြောင့်  ရှောင်အမ်းချွမ် က ကြောက်ပြီး လှုပ်ကို မလှုပ်ဝံ့ဘူး။ သူ့မျက်နှာက ကျားဖြူကြီးရဲ့ရင်ဘတ်က အမွေးတွေကြားနစ်နေပြီး ကြောက်နေပုံလေးက ရစ်ဌက်လေးနဲ့တောင် တူနေတယ်။


" မကြောက်ပါနဲ့၊ ဘိုင်က ငါတို့လို ရှေးဦးသားရဲပဲ။ သူက မင်းကို ကာကွယ်ပေးလိမ့်မယ်။ တောထဲသွားရင် သူနဲ့ပဲ သွားသင့်တယ်။ မင်း တခုခုဖြစ်ရင် သူ့ကို လှမ်းခေါ်လို့ရတယ်။ သူက ဉာဏ်ကောင်းလို့ မင်းပြောချင်တာ နားလည်နိုင်တယ်။   "

" တွေ့ရတာဝမ်းသာပါတယ် ဘိုင်၊ မင်းက နတ်ဘုရားလေးနဲ့ခြင်္သေ့ကြီးရဲ့ မိတ်ဆွေဆိုတော့ငါ့ရဲ့ မိတ်ဆွေပါပဲ။ အခုက စပြီး ငါတို့က မိသားစုဝင် တွေဖြစ်သွားပြီ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ပြီး အတူနေသွားရအောင်...  "

 ရှောင်အမ်းချွမ်က ကြောက်စိတ်ပျောက်သွားပြီး ကျားလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ သူက မျိုးမတူသည့် နေရာတွင် နေထိုင်ရသည်ဖြစ်သောကြောင့် မိတ်ဆွေနှင့် မိသားစု ဆိုသည်ကို အမြဲတောင့်တ လိုချင်ခဲ့သည်။

ကျားဖြူကြီးက သူပြောသည်ကို နားလည်သလို ခေါင်းငြိမ့်ပြလိုက်သည်။ ကျားကြီးရဲ့ အသိမှတ်ပြုမှုကို ရလိုက်တော့  ရှောင်အမ်းချွမ်ရဲ့ ရင်ထဲ သွေးသစ်လောင်းခံလိုက်ရသူလို တက်ကြွသွားသည်။ သူက ငါးကြီးကို ယူပြီး သေချာပြင်ဆင်ပြီး မီးပုံပေါ်မှာ ကင်ပေးလိုက်သည်။ ငါးကြီးက မွှေးပျံ့တဲ့ အနံ့တွေထွက်လာပြီး အဆီကတဖျစ်ဖျစ်နဲ့ မီးထဲကျလာသည်။

ကျားဖြူကြီး၏ နူတ်သီးက ရှုံပွရှုံ့ပွဖြစ်လာပေမယ့် အမှုမထားဟန်ဖြင့် နေနေပြီး  ရှောင်အမ်းချွမ် သေချာပြင်ဆင်ပြီး သူ့ကို အကြိမ်ကြိမ်စားဖို့ ခေါ်သည်အထိ စောင့်နေသည်။ ပြီးတော့မှ ငါးကင်ကြီးကို တလုပ်တည်း မြိုချလိုက်တော့သည်။

ကျားကြီးက မာနကြီးပြီး လူသားက မိုက်မဲပေမယ့် သူတို့နှစ်ဦးက လိုက်ဖက်ညီသည့် အတွဲဖြစ်နိုင်လို့ ကျိုးယွင်ရှန့်ကျေနပ်သွားသည်။

မနက်စာစားပြီးနောက်  ရှောင်အမ်းချွမ်က တောထဲ သစ်ခုတ်ပြီး သူ့အတွက် အနားမှာ သစ်လုံးအိမ်ဆောက်နေလိုက်သည်။ မနက်တိုင်း နတ်ဘုရားလေးနှင့်ခြင်္သေ့ကြီးတို့ ချစ်တင်းနှောပြီး ကျေနပ်သည့် ညည်းတွားသံကြောင့် အိပ်ယာမှ မနိုးထချင်ပါ။ ဒီလိုဆက်ဖြစ်နေရင် သူလည်း မာလာပြီး သုတ်လွှတ်ရလွန်းလို့ သူ့ကျောက်ကပ်လေးလည်း ခံနိုင်တော့မည်  မဟုတ်ပေ။

ကျောက်ရွှမ်၏ လက်သည်းကြီးများက အင်မတန်ကို ထက်မြိပြီး သစ်သားနှင့် ကျောက်စိုင်ကြီးများကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်သည်။ သူ လက်တချက်ယမ်းလိုက်သည်နှင့် သစ်ပင်ကြီးများ ပြိုလဲကျလာသည်။ ကျားဖြူကြီးက ရေခဲပြင်တွင်နေသည့် ကျားကြီးဖြစ်ပြီး မဟာဆန်က မာနကြီးသည်။ သူလည်း  ရှောင်အမ်းချွမ် သစ်ခုတ်ရာတွင်ကူညီပေးသည်။ သူ့လက်တချက်ယမ်းတာနဲ့ လူလေးယောက်သယ်ရလောက်သည့် သစ်လုံးများကို ရလာစေသည်။

သားရဲနှစ်ကောင်က အိမ်ဆောက်ဖို့ သစ်လုံးလှဲရာတွင် ကူညီသကဲ့သို့ ကျိုးယွင်ရှန့်က အိမ်ထောင်ပရိဘောဂလုပ်ဖို့ ကူညီပေးသည်။ သူတို့က ခုတင်၊ စားပွဲ၊ ကုလားထိုင်သာမက ပန်းကန်လုံးနှင့် ထမင်းစားသည့် တူ တို့ကိုပါ ပြုလုပ်ကြသည်။

ကျိုးယွင်ရှန့်လည်း  သူတို့ အသုံးပြုဖို့ အသုံးဆောင်တွေ ရှောင်အမ်းချွမ် လုပ်တာကို စောင့်နေလိုက်သည်။ ဒီကာလအတွင်း သူလည်း အိမ်တလုံး ဆောက်ဖို့ဆုံးဖြတ်လိုက်သည်။

အခု လက်ရှိသူတို့နေသည့် လှိုဏ်ဂူက အေးစက်ပြီး ရွှံ့တွေရှိလို့ အနံ့သက် သိပ်မကောင်းပေ။ ရေရှည်နေလျှင် ကျန်းမာရေးအတွက်မကောင်းလို့ အမြန် အိမ်တလုံးဆောက်လိုက်သည်။ ခြင်္သေ့ကြီးလည်း သူ့ကို ကူညီပေးသည်။ ပထမတော့ ဒီသားရိုင်းဂြိုလ်တွင် အိမ်ဆောက်တာ သဘာဝသားရိုင်းဂြိုလ်၏ တိုးတက်မှုကို ချိုးဖောက်ရာကျသည် ဆိုသည့် ဥပဒေနှင့် ညှိနိုင်သောကြောင့် အိမ်မဆောက်ချင်ပေမယ့်  ရှောင်အမ်းချွမ် က ဒီဂြိုလ်ကို ရောက်နေတာ ကြာပြီဖြစ်ပြီး ရှောင်ရမည့် ဥပဒေနှင့် ဒီသားရိုင်းဂြိုလ်က ဆင့်ကဲပြောင်းလဲတိုးတက်မှုကို အားလုံးသိပြီးဖြစ်သည်။ အခု လက်ရှိ မျိုးနွယ်စုများတွင် အိမ်ဆောက်နေသည့် မျိုးနွယ်စုလည်း ရှိနေပြီဖြစ်လို့ အခုလို သစ်လုံးအိမ်ဆောက်တာ ဥပဒေချိုးဖောက်ရာ မကျတော့ကြောင်း ပြောပြလိုက်သည်။

ဒါကြောင့် ကျိုးယွင်ရှန့်လည်း နှစ်ရက်လုံးလုံး ကြိုးစားးပြီး အိမ်ဆောက်လိုက်တာ နောက်ဆုံး သစ်သားခုတင်ကြီးနှင့် နူးညံ့ပေ့ါအိသော ရေညှိများ ခင်ကျင်းထားသည့် ခုတင်တွင် ဇိမ်ကျကျနှပ်နေနိုင်တော့သည်။

မနက်မိုးလင်းလာတော့ ကျိုးယွင်ရှန့်နဲ့ ခြင်္သေ့ကြီးက သစ်လုံးအိမ်ထဲက ထွက်လာတော့  ရှောင်အမ်းချွမ် ကို ကျားဖြူကြီးနဲ့တွေ့လိုက်ရပြီး သူ့မျက်လုံးမှာမျက်ရည်တွေကျလို့ ကျားဖြူကြီးရဲ့ကျောပေါ်မှာ လူတစ်ယောက် သတိမေ့နေတာကို တွေ့လိုက်ရသည်။

" သူက ဘယ်သူလဲ။ ဘာတွေဖြစ်နေတာလဲ...  "

ကျိုးယွင်ရှန့်က အနားကို တိုးသွားပြီး မေးလိုက်ပေမယ့် ချက်ချင်းပဲ ပုတ်စော်နံတဲ့ အနံ့သက်ကြောင့် ကျားဖြူကြီးကို သံသယနှင့် ကြည့်လိုက်မိသည်။ ကျားဖြူကြီးက ချီးတွင်းထဲ ပြုတ်ကျခဲ့သလား။ သူက ကျားဖြူကြီးရှေ့မှာ အကြိမ်များစွာနှာချေလိုက်ပြီး ခြင်္သေ့ကြီးရဲ့နှာခေါင်းထိပ်မှာ ငါးအရေခွံနဲ့ချက်ချင်း ဖုံးအုပ်ပေးလိုက်သည်။

ကျောက်ရွှမ်က သူ့ချစ်သူလေးရဲ့ အပြုမှုကြောင့် ကြည်နူးသွားပြီး မျက်ရည်စတွေနဲ့ မျက်ဝန်းထောင့်လေးကို လျှာနဲ့ညင်သာစွာလျက်ပေးလိုက်သည်။


"  သူက မသေသေးပါဘူး။ သူ့နာမည်က ခွန်း ပါ။ ကျွန်တော် ဒီကိုရောက်စတုန်းက သားရိုင်းတွေရဲ့ ကိုက်သတ်တာကို ခံရခါနီး ခွန်းက ကယ်တင်ပေးပြီး ဘိုင်ယန်မျိုးနွယ်စုဆီ ခေါ်သွားပေးခဲ့တယ်။ သူက တလောက ဖြူကောင်တွေရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရလာပြီး သားရဲနတ်ဘုရားရုပ်တုက သွေးပုပ်ရေတွေနဲ့ ဒဏ်ရာကို လောင်းထည့်ပေးတာ ခံလိုက်ရပြီး ပိုးဝင်သွားတာပါ။  "

အနားက ကျိုးယွင်ရှန့်တို့တောင် အပုပ်နံ့ကြောင့် ဒီလောက်ခံနေရတာ ကျားဖြူကြီးက ပိုခံရသည်။ သူက အပုပ်ကောင်လူတစ်ယောက်လုံးကို ကျောပေါ်သယ်ထားရသည်။ သူက သူ့ကျောပေါ်က လူကို ခါချမည်လုပ်တော့  ရှောင်အမ်းချွမ် ကချက်ချင်း လာပြီး ဒီလူကို မြေပြင်ပေါ် အသာယာလဲလျောင်းအောင ်ချပေးလိုက်သည်။ ဒီလူ ချမ်းနေမည်စိုးသောကြောင့်  ရှောင်အမ်းချွမ် က ငါးမန်းအရေခွံနဲ့ ခွန်းကို လွှမ်းခြုံပေးထားသည်။

 ရှောင်အမ်းချွမ် က ဒဏ်ရာကို ပြသရင်း သွေးပုပ်ရည်ဆိုတာ ဘာလဲ ဆိုတာ ကျိုးယွင်ရှန့်ကို ရှင်းပြပေးနေသည်။

"ဘိုင်ယန်မျိုးနွယ်တွေက ယောကျာ်းတွေကို မထောက်ပံ့ပေးဘူး။ တကယ်လို့ ယောကျာ်းတစ်ယောက်က အမဲမလိုက်နိုင်ဘူးဆိုရင် သူ့ကိုေ တာထဲ ပစ်ထားပြီး သေခိုင်းလိုက်တယ်။ ခွန်းက ကျွန်တော့် အသက်ကို တခါကယ်တင်ခဲ့လို့ကျွန်တော် သူ့အသက်ကို ပြန်ပြီး ကယ်တင်ပေးချင်တယ်   "

 ရှောင်အမ်းချွမ်က ကျိုးယွင်ရှန့်ကို အသနားခံရင်းပြောလိုက်သည်။

သူတို့အုပ်စုမှာ လူတစ်ယောက်ပိုလာလည်း ဘာမှမဖြစ်ပေ။ တကယ်လို့တဖက်လူက မကောင်းတဲ့လူဖြစ်နေရင် ဘိုင်က ချက်ချင်း ကိုက်သတ်ပစ်နိုင်ကြောင့် ကျိုးယွင်ရှန့်က သူ့ချစ်သူကို တီးတိုးပြောလိုက်သည်။

သူ့ချစ်သူလေး သဘောတူသရွှေ့ အိုကေနေလို့ ကျောက်ရွှမ်က ဘာမှထပ်မပြောတော့ပေ။ သူက ကျိုးယွင်ရှန့်ရဲ့ခါးက မိကျောင်းသားရေ ခါးဝတ်ကို ပါးစပ်က ကိုက်ပြီး ချစ်ရသူကို သူ့ကျောပေါ်တင်ပြီး ပင်လယ်ဘက် ခရီးကို စတင်တော့သည်။ သူက မနေ့ညက ပင်ပင်ပန်းပန်းလှုပ်ရှားခဲ့လို့ ပင်လယ်ကမ်းစပ်မှာ ရေစိမ်ပြီး ချစ်သူနဲ့ ကစားချင်သေးသည်။ သူ ခရီးမထွက်ခင် မမေ့မလျော့ သူ့ပိုင်နက်ကို ထပ်ပြီးသေးနဲ့ပန်းပြီး အမှတ်သားပြုခဲ့သေးသည်။


" နတ်ဘုရားလေး.... ခင်ဗျားရဲ့ခင်ပွန်းခြင်္သေ့ကြီးကို ကျွန်တော့် ခါးဝတ်မှာ သေးနည်းနည်းပန်းပေးဖို့ ပြောပေးပါလား။ တခါတလေ ကျွန်တော်က ဘိုင် မပါပဲ တောထဲ သွားရင် ဘေးကင်းအောင်လို့ပါ...  "

ဒီစကားကို ကြားလိုက်တော့ ကျောက်ရွှမ်က မှင်သက်သွားတော့သည်။

ခြင်္သေ့ကြီးသေးက အဆိပ်ငွေ့လိုမျိုး သားရိုင်းများက အရမ်းကြောက်ကြပြီး တောထဲသွားလျှင် သားရိုင်းအားလုံးရှောင်သွား သည်ကို သတိထားမိလို့  ရှောင်အမ်းချွမ် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ခြင်္သေ့ဖြစ်နေလို့ ဒီရှက်စရာ လုပ်ရပ်ကို ထိန်းချုပ်မရပဲ လုပ်နေမိသဖြင့် ရှက်ရသည့်အထဲ ဒီကောင်  ရှောင်အမ်းချွမ်က ဒီလိုတောင်းဆိုတော့ ကျောက်ရွှမ်က သူ့ကို တကိုက်တည်းနှင့် ကိုက်သတ်ပြစ်ရလျှင် ကောင်းမလားလို့ တွေးနေမိသည်။

ကျိုးယွင်ရှန့်လည်း ပထမ အံ့အားသင့်သွားပေမယ့် သဘောကျစွာရယ်မောလိုက်ပြီး လူသတ်ချင်စိတ်ပေါက်နေသည့် ခြင်္သေ့ကြီး ခေါင်းကို တချက်ပုတ်ကာ ပြောလိုက်သည်။

" သူပြောနေတာ မကြားဘူးလား။ မြန်မြန်လုပ်ပေးလိုက်။ ပြီးရင် ပင်လယ်နားသွားပြီး ရေချိုးရအောင်.... လုပ်တော့...  "

 ရှောင်အမ်းချွမ်က ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့အိတ်ထဲက ခါးဝတ်အသစ်ကို ချက်ချင်းယူပြီး ကိုယ်မှာပတ်လိုက်သည်။ ပြီးတော့ သူက တင်ပါးကို ပင့်မြှောက်ပြီး ခြင်္သေ့ကြီး သေးပန်းနိုင်ရန် အသင့်ရပ်နေပေးသည်။


"  ကျွန်တော်ကြားဖူးတာက ခြင်္သေ့ကြီးက သားရဲတွေရဲ့ ဘုရင် သားရဲနတ်ဘုရားလို အစွမ်းထက်တယ်။ ခြင်္သေ့ကြီးရဲ့ သေးရှိနေသရွေ့ ဘယ်သားရဲမှ ရန်မပြုရဲဘူး။ ဒါကြောင့် ခြင်္သေ့ကြီးရဲ့ ကျင်ငယ်ရည်ကို ရတာ ကံကောင်းခြင်းပဲ။ ဒီကျင်ငယ်ရေ ရှိနေသရွေ့ ကျွန်တော်က တောထဲမှာ လွတ်လွတ်လပ်လပ် တောဘုရင်လို သွားလာနိုင်တယ်တဲ့။ ဒီကျင်ငယ်ရေပေါ်ကို အခြားကျင်ငယ်ရေ ထပ်မဖြန်းသေးသရွှေ့ ကျွန်တော်က တောထဲမှာ အားအကြီးဆုံးလို့ သားရဲတွေက သတ်မှတ်ကြတယ်။ "

 ရှောင်အမ်းချွမ်က တက်ကြွစွာနဲ့သူကြားဖူးတာကို ရှင်းပြနေသည်။ ဒီစကားကိုကြားတော့   ကျိုးယွင်ရှန့်က ရယ်ရလွန်းလို့ တကိုယ်လုံး ယိမ်းထိုးတုန်ခါလို့နေသည်။   ကျောက်ရွှမ်က အင်တင်တင်နှင့်  ရှောင်အမ်းချွမ်၏ ခါးဝတ်ကို ကျင်ငယ်ရည် နည်းနည်းပန်းပေးလိုက်ပြီး ဟိုးအဝေးကို ထွက်ပြေးသွားတော့သည်။

ကျားဖြူကြီးက ဝေးသွားသည့် ခြင်္သေ့ကြီး၏ ကျောပြင်ကို စိုက်ကြည့်ပြီး အေးစက်စက် တချက်ညည်းတွားကာ ခြေတစ်ဖက်ကို မြှောက်လိုက်ပြီး ရှောင်အမ်းချွမ်၏ ခါးဝတ်ပေါ်က ခြင်္သေ့ကြီး   ကျင်ငယ်ရည်ထက် ပိုများအောင် သေးပန်းလိုက်သည်။

ဒါဆို သူက ခြင်္သေ့ကြီး ပြန်မလာသရွှေ့ ဒီတောရဲ့ ဘုရင်ဖြစ်သည်။  ရှောင်အမ်းချွမ်က မျက်ရည်မကျပဲ ငိုကြွေးနေတော့သည်။

ရှောင်အမ်းချွမ် ကြေကွဲနေရစဉ် သစ်လုံးအိမ်လေးထဲမှာ ခွန်းက သတိရနေပြီး မျက်နှာကျက်ကို ငေးစိုက်ကြည့်နေသည်။

ပြတင်းပေါက်နားမှာ ဌက်ကလေးက အော်မြည်နေပြီး အိပ်ယာပေါ်ကို နေခြည်နွေးက ဖြာကျနေလို့ ခွန်းတစ်ယောက် နွေးထွေးမှုကို ခံစားနေရသည်။ သူက မျိုးနွယ်ကနေ စွန့်ပစ်ခံလိုက်ရပြီ မဟုတ်လား။ အက်ဒီက သူ့ကို ခုလို တောထဲ သယ်လာပြီးစွန့်ပြစ်ရချိန် မျက်ရည်တွေနဲ့ ဝမ်းနည်းကြောင်း ပြောနေခဲ့တယ်။ အက်ဒီက သူ့ကို စွန့်စားကယ်တင်လာခဲ့သလားလို့ တွေးပြီး ခွန်းရဲ့ ရင်ထဲ မျှော်လင့်ချက်တွေနဲ့ ပြည့်လာသည်။

ဒီအချိန် တံခါးအပြင်ဘက်က အသံကိုကြားလိုက်ရပြီး တယောက်ယောက် အထဲကို ဝင်လာဖို့လုပ်နေသဖြင့် ခွန်းက တံခါးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

ဒါပေမယ့် အိမ်လေးထဲ ဝင်လာသည့် မျက်နှာကို မြင်တော့ ခွန်း၏ မျက်နှာ မှောင်မိုက်သွားပြီး မုန်းတီးစိတ်တို့ လျှံတက်လာခဲ့သည်။ ဒီလှပတဲ့ မျက်နှာနဲ့ ကောင်လေးက ဘယ်လိုတောင် ဆိုးယုတ်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ထားရတာလဲ။

သူက အက်ဒီ က ဒဏ်ရာကုသဖို့ လုပ်ထားတဲ့ နတ်ဘုရားသွေးတွေကို လွှင့်ပစ်လို့ သူသေမလိုဖြစ်ခဲ့ရသေးတယ်။

" မင်းကိုး။ မင်း င့ါကို နှိပ်စက်ရတာ မလုံလောက်သေးဘူးလား။  "

ခွန်းသည် သွားစေ့ရင်း မုန်းတီးစွာပြောလိုက်သည်။

ရှောင်အမ်းချွမ်သည် နတ်ဘုရားလူငယ်နှင့် ခြင်္သေ့ကြီးထွက်သွားကတည်းက တောနက်ထဲ ဝင်ပြီး လိုအပ်သည့် ဆေးဖက်ဝင်အပင်များကို လိုက်ရှာခဲ့သည်။ ခြင်္သေ့ကြီး၏ ကျင်ငယ်ရေနံ့က ပြင်းထန်လွန်းသောကြောင့် အနှောက်ယှက်မရှိပဲ တောနက်ထဲ လိုချင်တာ အားလုံးကိုရှာဖွေနိုင်ခဲ့သည်။ ခါတိုင်းဆိုလျှင် သူ တောနက်ထဲကို မသွားဝံ့ခဲ့ပေ။
 
ခွန်း၏ ဒဏ်ရာက ပိုးဝင်ပြီး အသားတွေပုပ်ရိကုန်လို့ အရိုးဖြူဖြူကို မြင်နေရပြီ။ ဒါကြောင့် ပိုးသတ်နိုင်တဲ့ ဆေးပင်နဲ့ ပိုးဝင်တာ ကုသပေးပြီး အသားပြန်ပြည့်စေအောင် အမြန်ဆုံးကုသဖို့ လိုအပ်နေသည်။

ခွန်း၏အမေးကို ကြားလိုက်ရစဉ် ရှောင်အမ်းချွမ် သက်ပြင်းရှိုက်ပြီး ရှင်းပြလိုက်သည်။

" ငါက မင်းကို ထိခိုက်အောင် လုပ်ဖို့မဟုတ်ဘူး။ မင်းကို ကယ်တင်ပေးနေတာပါ... "


" အက်ဒီကပြောတယ်။ ငါ့ကို ကုသပေးတဲ့ နတ်ဘုရားသွေးတွေကို မင်းသာ မဖယ်ပစ်ခဲ့ရင် ငါပြန်ကောင်းလောက်ပြီတဲ့။ အခုတော့ မင်းကြောင့် ငါ အခုလို ဒဏ်ရာပိုဆိုးလာခဲ့တယ်။ ရှောင်အမ်းချွမ် မင်းကို ငါမေးပါရစေ။ မင်းနဲ့ငါ ဘယ်လို ရန်ငြိုးများရှိခဲ့လို့အခုလို လုပ်ရတာလဲ... "

ခွန်းက ဝမ်းနည်းစွာမေးလိုက်သည်။

" ငါ အခုမင်း နားလည်မှုလွဲနေတာကို ဘာမှ ထပ်မရှင်းပြချင်တော့ဘူး။ မင်းက အခု သေလူဖြစ်နေပြီ။ မင်း ကိုယ်က ရောဂါကို မခုခံနိုင်တော့ဘူး။ ဒါကြောင့် သေမယ့်အတူတူ မင်းကိုယ်ကို ငါ့အတွက် ထားလိုက်ပါတော့လား။ ငါ အတတ်နိုင်ဆုံးကုသပေးမယ်။ ကောင်းသွားလည်း အမြတ်ပဲ။ မကောင်းတော့လည်း ဒီထပ် ဆုံးရှုံးစရာမရှိ ပါဘူး။ "

ရှောင်အမ်းချွမ်က ဘာမှ ထပ်မရှင်းပြတော့ပဲ ခွန်းရဲ့လက်တွေကို ခုတင် တိုင်များတွင် သားရေစနှင့် တွဲချည်ပြီးရုန်းမရအောင် တုတ်ထားလိုက်သည်။ ပြီးတော့ ရေနွေးကြိုပြီး ခွန်း၏ ခြေသလုံးမှ ပုတ်ရိနေသည့် အသားများကို ဓါးနှင့်လှီးထုတ်ကာ ဆေးကြိတ်ထားသည့် အရည်များထည့်ကာ ပိုးမဝင်စေရန် ငါးအရေခွံသန့်သန့်ဖြင့် အသာယာ ထုပ်ထားလိုက်သည်။


သတိရှိနေစဉ် မိမိဒဏ်ရာကို ဓါးနှင့် လှီးထုတ်ခံနေရသဖြင့် ခွန်းမှာ နာကျင်လွန်းသဖြင့် ရုန်းရန် အားမရှိပဲ နာကျင်စွာ စိတ်ဆိုးစွာ အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။

ဒီလိုကုသပေးစဉ်တလျှောက်လုံး ရှောင်အမ်းချွမ်က ခွန်းကို မျက်ဝန်းတချက်တောင် စောင့်မကြည့်ပေ။ ခွန်း၏ ဒင်္ဏရာက အခြေနေ ဆိုးနေပြီဖြစ်သောကြောင့် သေချာကြပ်မတ်ကုသမှဖြစ်မည်။ သန့်ရှင်းရေးပြီးနောက် ဆေးတချို့ကို ခရုခွံထဲ ထည့်ကာ ကြိုချက်လိုက်သည်။ ထိုဆေးများကို ဒဏ်ရာဆေးကြောရန်နှင့် ပိုးသတ်ရန် အသုံးပြုရမည်။ မိမိတတ်သလောက် အကောင်းဆုံးကုသပေးထားသော်လည်း ပြန်လည်ကောင်းဖို့ ခွန်း၏ ကံတရားကိုပဲ အားကိုးရတော့မည်။

ဆေးရည်များက အညိုရောင်အရည်ဖြစ်ပြီး ခါးသက်ကာ အနံ့လည်းဆိုးသည်။ ခွန်းက ရှောင်အမ်းချွမ် သူ့ကို အဆိပ်ခတ်ဖို့ လုပ်သည်ဟုထင်ပြီး မုန်းတီးစွာစိုက်ကြည့်လို့သာနေသည်။

ခွန်းသူ့ကို ဘယ်လိုထင်ထင် ဂရုမစိုက်ပဲ ရှောင်အမ်းချွမ်က ဆေးရည်ကို ခွန်းပါးစပ်ထဲ ဝင်အောင် ပါးစပ်ကို အတင်းညစ်ပြီးလောင်းထည့် လိုက်သည်။ ပြီးတော့ ငါးမန်းအရေခွံနှင့် သူ့ကို ခြုံပေးပြီး ဝရန်တာတွင် ထွက်ထိုင် ကာ ကျယ်ပြောသည့် သစ်တောကြီးကို ကူကယ်ရာမဲ့ ငေးကြည့်နေမိသည်။

တကယ်လို့သူသာ နတ်ဘုရားလူငယ်၊ ခြင်္သေ့ကြီးနှင့် ဘိုင်တို့နှင့်သာ မတွေ့ခဲ့လျှင် ဘယ်လောက်တောင် အထီးကျန်နေမည်ကို တွေးနေမိသည်။

ဘိုင်က သစ်တောကို ပတ်ကြည့်ပြီး ဘေးကင်းမကင်းစစ်ဆေးနေသည်။ သစ်တောထဲ မည်သည့် လှုပ်ရှားမှုကိုမ တွေ့ရတော့ ဘိုင်က ချောင်းဘေးတွင် လက်ဝါးတစ်ချက်ပုတ်ကာ ငါးတစ်ကောင်ကို အရှင်ဖမ်းယူလာပြီး သစ်လုံးအိမ်ရှိရာကို ပြေးလာခဲ့သည်။ သစ်လုံးအိမ် နားရောက်တော့ ကျေနပ်စွာ ဟိန်းလိုက်သည်။

ရှောင်အမ်းချွမ်က ဘိုင် ဆိုလိုသည်ကိုနားလည်လိုက်ပြီး ဝမ်းနည်းနေသည်ပင် ပျောက်သွားသည်။ သူက သစ်လုံးအိမ်ကနေ ကြိုးလှေကားနှင့် ဆင်းလာပြီး ဘိုင်အတွက် ညစာ ပြင်ဆင်ပေးလိုက်သည်။

================


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now