FOD Extra 2 _Chapter _ 21 - Yu Cang Hai

3.7K 403 0
                                    

FOD Extra 2 _Chapter _ 21 - Yu Cang Hai

တိုက္ပြဲၿပီးသြားတဲ့အခါ လူတစ္ရပ္ေလာက္ျမင့္တဲ့ ျမက္ခင္းျပင္ႀကီးက ႐ႈပ္ပြၿပီး လဲၿပိဳက်လို႔ေနတယ္။ ေနရာတိုင္း ေသြးအုိင္နဲ႔ လူ႔ေျခလက္အစိတ္အပိုင္းျပတ္ေတြ ျပန္႔က်ဲေနၿပီး ေလထဲမွာ ေသြးညွီနံ႔ေတြ ေထာင္းေထာင္းထေနတယ္။ ေလထုထဲ လြင့္ပ်ံေနတဲ့ေသြးနံ႔ေတြက မိုင္ေပါင္းမ်ားစြာက ၀ံပုေလြေတြကိုေတာင္ ဆြဲေဆာင္ေနတယ္။ ၀ံပုေလြအုပ္ႀကီးေရာက္လာတဲ့အခါ ေနရာယူထားတဲ့စစ္တပ္ကိုေတြ႕ေတာ့ ေအာက္ကိုဆင္းမလာၾကဘဲ ေတာင္ကမ္းပါးရံတေလွ်ာက္ မာန္ဖီေနၾကတယ္။ သားရဲတိရိစာၦန္ေတြရဲ့ စိမ္းဖန္႔ဖန္႔မ်က္၀န္းေတြက အေမွာင္ထဲမွာေတာင္ ေတာက္ပေနတယ္။ ဒီ၀ံပုေလြေတြရဲ့ ေသြးဆာေနတဲ့မ်က္၀န္းေတြကိုေတြ႕ေတာ့ လူေတြအားလံုး တုန္ယင္သြားၾကတယ္။

တပ္အသီးသီးကဗိုလ္ခ်ဳပ္ေတြက ဒီျမင္ကြင္းကိုေတြ႕ေတာ့ ျမင္းကိုအေသာ့ႏွင္ၿပီး တပ္ကို အလုအယက္ အမိန္႔ေပးၾကတယ္။

"ျမန္ျမန္ တပ္ေရႊ႕ၾကစမ္း.. ဘာလုပ္ေနၾကတာလဲ.. ေရွ႕ကိုေတာက္ေလွ်ာက္ေျပး..."

စစ္သားေတြက အမိန္႔ေၾကာင့္ က်ယ္ေလာင္စြာေၾကြးေၾကာ္ၿပီး ခပ္လွမ္းလွမ္းက သူတို႔တပ္စခန္းရွိရာကို အျမန္ႏွင္လာၾကတယ္။ သိုင္းပညာရွင္အသီးသီးကလည္း သူတို႔ဂိုဏ္းခ်ဳပ္ေတြဆီကို သတင္းပို႔ဖို႔ ထြက္ခြာသြားၾကေတာ့တယ္။ ဒီသိုင္းသမားအားလံုးက တိုက္ပြဲမွာအႏိုင္ရရွိၿပီး Wuji Xinjing သိုင္းက်မ္းကို ရႏိုင္မယ္လို႔ ထင္ထားၾကတာျဖစ္တယ္။ သူတို႔က အမ်ားနဲ႔တစ္ေယာက္တိုက္ပြဲကို သံုးရက္သံုးညတိတိတိုက္ၿပီး သေရက်တာကိုေတြ႕လိုက္ရတယ္။ ယြီခ်န္းဟိုင္ အလစ္အငိုက္ေၾကာင့္ ဓားဒဏ္ရာရၿပီး သူတို႔ႏိုင္ေတာ့မယ္လို႔ တစ္ထစ္ခ်တြက္ထားတဲ့အခ်ိန္ မေမွ်ာ္လင့္ဘဲ ဘုန္းႀကီးတစ္ပါးေပါက္ခ်လာၿပီး ကယ္တင္သြားခဲ့တယ္။

ဒီသိုင္းက်မ္းက ေရွာင္လင္ဂိုဏ္းရဲ့လက္ထဲ ေရာက္သြားမွာကို အားလံုးကေၾကာက္ေနၾကတယ္။ ဒါေၾကာင့္ လူအားလံုးက စဥ္းစားၿပီး ဘုန္းႀကီးဇီရႊမ္ကိုသတ္ပစ္ဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။ ဒီဘုန္းႀကီးက မေကာင္းဆိုး၀ါက်င့္စဥ္ကို က်င့္တဲ့လူကို ကယ္တင္တဲ့အျပင္ သူကိုယ္တိုင္လည္း မေကာင္းဆိုး၀ါးလမ္းစဥ္ကို လိုက္သြားၿပီ။ ဒါေၾကာင့္ သူ႔ကိုသတ္ပစ္ၿပီး ေလာကႀကီးကို သန္႔စင္ေပးရမယ္လို႔ တစ္ညီတစ္ညြတ္တည္း ေၾကြးေၾကာ္လိုက္ၾကတယ္။

ေတာင္ပိုင္းစစ္တပ္စခန္းေတြမွာ သိုင္းပညာရွင္ေတြက ယြန္ခြန္ဖုန္းရဲ့အမိန္႔နဲ႔ ေဆး၀ါးကုသမႈကို ခံယူေနၾကတယ္။ ရြက္ဖ်င္တဲရဲ့အျပင္ဘက္မွာ ေအးစက္ေနတဲ့အေလာင္းေတြရွိေနၿပီး အေလာင္းတိုင္းက လက္ေခ်ာင္းတစ္ေခ်ာင္းတည္းနဲ႔ ရင္ဘတ္ကို ေဖာက္ခံရၿပီး နံ႐ိုးေတြကိုေတာင္ ျမင္ေနရတယ္။

ယြန္ခြန္ဖုန္းနဲ႔ လက္ေထာက္စစ္ဗိုလ္ခ်ဳပ္ေတြက အေလာင္းေဘးမွာ၀ိုင္းအံုၿပီး စစ္ေဆးေနၾကတယ္။ အေတာ္ၾကာေတာ့မွ သူက အေလးအနက္ေမးလိုက္တယ္။

"ဒီအေလာင္းေတြက ဘုန္းႀကီးဇီရႊမ္ သတ္ခဲ့တာေတြလား.."

"ဟုတ္ပါတယ္ စစ္ေသနာပတိခ်ဳပ္ႀကီး.."

"ဒီရက္ပိုင္း တကယ့္ကို ထူးဆန္းေနတာပဲ.. သူက မေကာင္းဆိုး၀ါးတစ္ေယာက္ကို လူမသတ္ေအာင္တားဆီးထားႏိုင္ၿပီး သူလည္းေရာက္လာေရာ သူကိုယ္တိုင္ သတ္ျဖတ္ေတာ့တာပဲ.. ဒါက ေလာကႀကီးကို ေျပာင္းျပန္လွန္လိုက္သလို အမွားက အမွန္၊ အမွန္က အမွား ျဖစ္သြားၿပီး လူေကာင္းနဲ႔လူဆိုး ေျပာင္းျပန္ျဖစ္သြားတာပဲ.."

ယြန္ခြန္ဖုန္းက အေလာင္းကို အ၀တ္ျဖဴနဲ႔လႊမ္းဖို႔ အခ်က္ျပၿပီး ေခါင္းယမ္းလိုက္တယ္။ ယြီခ်န္းဟိုင္ရဲ့စိတ္ႏွလံုးက သတ္ျဖတ္လိုစိတ္နဲ႔ ေမွာင္မိုက္ေနလို႔ နတ္ဆိုးဘုန္းႀကီးလို႔ လူသိမ်ားၾကတယ္။ သူက လူေတြကို မ်က္ေတာင္မခတ္ဘဲ သတ္ပစ္ႏိုင္စြမ္းရွိေပမယ့္ ကတိတစ္ခုေၾကာင့္ မသတ္ဘဲေနခဲ့တယ္။ ဒါေပမယ့္ သူ႔ရင္ဘတ္ကိုေဖာက္ထြင္းသြားတဲ့ ဓားဒဏ္ရာကေတာ့ သူေတာ္စင္ဘုန္းႀကီးဇီရႊမ္ကို နတ္ဆိုးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားေစၿပီး အသူရာေခ်ာက္ႀကီးထဲကို တုန္႔ဆိုင္းျခင္းမရွိ ခုန္ဆင္းသြားေစတယ္။ ယြီခ်န္းဟိုင္ကိုလုပ္သလို တူညီတဲ့ခံစားခ်က္မ်ိဳးျဖစ္ေအာင္ ဇီရႊမ္ကျပဳလုပ္ၿပီး လူေတြကိုသတ္ျဖတ္ေနၿပီ။

အခုခ်ိန္မွာ ဇီရႊမ္က အလယ္ပိုင္းေဒသကလူေတြဘက္ကို ဘယ္လိုမွရပ္တည္ေတာ့မွာမဟုတ္တာကို ေတြးၿပီး ယြန္ခြန္ဖုန္း စိုးရိမ္သြားတယ္။ ဒါေပမယ့္ ယြန္ခြန္ဖုန္းက ဇီရႊမ့္ကို လံုး၀မေက်နပ္ေသးဘူး။ ဇီရႊမ္က ဘာေၾကာင့္ သိုင္းက်မ္းကို လုယူရတာလဲ။ ဘာေၾကာင့္ သူတို႔ႀကံစည္ထားတဲ့အစီအစဥ္ကို ဖ်က္ပစ္ရတာလဲ။ အခုေတာ့ ဇီရႊမ္ေၾကာင့္ အစီအစဥ္အားလံုး ကေမာက္ကမျဖစ္ကုန္ၿပီ။ မူလအစီအစဥ္အရ သိုင္းက်မ္းကိုရဖုိ႔ ဒီလူေတြအားလံုး သဲသဲမဲမဲ သတ္ျဖတ္ယွဥ္ၿပိဳင္ၾကလိမ့္မယ္။ ေနာက္ဆံုးမွာ အသန္မာဆံုးတစ္ေယာက္ကသာလွ်င္ သိုင္းက်မ္းကို ရရွိလိမ့္မယ္။

ဒီမဟာမိတ္ဖြဲ႕ထားတဲ့ထဲက သိုင္းက်မ္းကို ဘယ္တစ္ေယာက္ပဲရရ အဆံုးသတ္သြားလိမ့္မယ္။ ဒီျဖစ္ရပ္က အေနာက္ဘက္ေဒသတစ္ခုလံုး အထိနာမယ့္ကိစၥတစ္ခုပဲ။ ဒီသိုင္းက်မ္းလုယက္တဲ့ တိုက္ပြဲကေန သူ႔ရဲ့ စြမ္းအားႀကီးတဲ့ ရန္သူအေတာ္မ်ားမ်ား ေသေၾကပ်က္စီးသြားမွာေသခ်ာတယ္။ အခုေတာ့ ဒီဇီရႊမ္ဆိုတဲ့ဘုန္းႀကီးေၾကာင့္ သူ႔အစီအစဥ္အားလံုး ပ်က္စီးကုန္ရၿပီ။ ဒီေတာ့ ယြီခ်န္းဟိုင္ကေရာ ေနာက္ထပ္ ဘာေတြဆက္လုပ္ဦးမွာလဲ..?

••••••••••••••••••••••••••••••

ဒီသိုင္းက်မ္းကို လက္၀ယ္ရေအာင္လုပ္ဖို႔က က်န္းခ်န္ရန္အတြက္ ေနာက္ဆံုးအခြင့္အေရးပဲျဖစ္တယ္။ သိုင္းက်မ္းကိုရၿပီး က်င့္ႀကံႏိုင္ရင္ သူက ယြန္ခြန္ဖုန္းရဲ့အဆင့္အတန္းနဲ႔ အင္အားမ်ိဳးကို ရရွိလာလိမ့္မယ္။ ဒါဆိုရင္ သူ႔ဘ၀က ေသခ်ာေပါက္ အထြတ္အထိပ္ကို ေရာက္လာမွာေသခ်ာတယ္။ တကယ္လို႔ ဒီတစ္ခါက်႐ံႈးခဲ့ရင္ေတာ့ သူ ေသခ်ာေပါက္ေသရမွာပဲ။ ႐ုပ္၀တၳဳပစၥည္းေတြ စည္းစိမ္ခ်မ္းသာေတြနဲ႔ေတာင္ သူ႔အသက္ကို မကယ္တင္ႏိုင္ေတာ့ဘူးဆိုတာ သူသိတယ္။ ဒါေၾကာင့္ သူက ေရွးေဟာင္းသိုင္းက်မ္း၊ ရတနာသိုက္နဲ႔ ဘုရင္ေနရာကို မေမွ်ာ္လင့္ဘဲမေနရဲဘူး။ အစကေတာ့ သူ႔သတို႔သမီးေလာင္းကို ရတနာေလးလို တန္ဖိုးထားခဲ့ေပမယ့္ အခုေတာ့ သူ႔ဘ၀တက္လမ္းအတြက္ ခ်နင္းဖို႔ ၀န္မေလးေတာ့ဘူး။

"မုေလြ႕လင္.. ယြန္ခြန္ဖုန္းက တပ္စခန္းကိုျပန္ေရာက္ေနၿပီ.. မင္း ေဆးေၾကာသုတ္သင္ၿပီး သူ႔ကို သြားျပဳစုေပးလိုက္.."

သူက အသက္ကိုျပင္းျပင္း႐ွဴလိုက္ၿပီး မီးေရာင္ေအာက္မွာထိုင္ၿပီး တစ္ေခ်ာင္းထိုးအပ္နဲ႔ ခ်ည္ထိုးေနတဲ့ မုေလြ႕လင္ကို အမိန္႔ေပးလိုက္တယ္။ က်န္းခ်န္ရန္ရဲ့စကားကိုၾကားေတာ့ မုေလြ႕လင္ရဲ့လႈပ္ရွားမႈေတြ ရပ္တန္႔သြားခဲ့တယ္။

အခုေနာက္ပိုင္း မုေလြ႕လင္က က်န္းခ်န္ရန္ရဲ့ႏွလံုးသားကို ျပန္လည္ရယူဖို႔ ခါတိုင္းလို အျပင္ထြက္တာေတာင္မလုပ္ေတာ့ဘဲ လက္မႈပညာကိုေလ့လာၿပီး သာမာန္မိန္းကေလးေတြလို အခ်ဳပ္အလုပ္ဘက္ကိုပဲ အာရံုစိုက္ေနခဲ့တယ္။ ဒါေပမယ့္ သူမ ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား ေနာက္ဆံုးေတာ့ သူမကို အခုလို လက္လြတ္စပယ္ စြန္႔ပစ္လိုက္တာကို မေရွာင္လႊဲႏိုင္ေတာ့ဘူး။ တကယ္လို႔ ယြန္ခြန္ဖုန္းသာ သူမကို အရင္လို အ႐ူးအမူးစြဲလန္းေနေသးရင္ က်န္းခ်န္ရန္မပါဘဲ သူမ အသက္ဆက္ရွင္ႏိုင္ေသးတယ္။ ဒါေပမယ့္ ယြန္ခြန္ဖုန္းက သူမကို ျပည့္တန္ဆာသာသာပဲ သေဘာထားေတာ့တယ္။ မုေလြ႕လင္က ငယ္စဥ္ကတည္းက ဖူးဖူးမႈတ္အလိုလိုက္ခံရတဲ့ သူေဌးသမီးေလးျဖစ္တယ္။ သူမရဲ့ ထူးျခားတဲ့သြင္ျပင္လကၡဏာ၊ ႐ုပ္ရည္နဲ႔ ထူးခၽြန္တဲ့ကိုယ္ခံပညာေၾကာင့္ သူမက အထူးခၽြန္ဆံုးျဖစ္တယ္လို႔ မွတ္ယူခဲ့တယ္။ ဒါေပမယ့္ တကယ့္အမွန္တရားကို သိလိုက္ရခ်ိန္မွာေတာ့ ဒီကမာၻႀကီးက က်ယ္ျပန္႔လြန္းၿပီး သူမလိုမိန္းကေလးတစ္ေယာက္ ရပ္တည္ေနထိုင္ဖို႔ ဘယ္ေလာက္ေတာင္ခက္ခဲတယ္ဆုိတာကို သိလိုက္ရတယ္။ ၾကာလာေလေလ ယြီခ်န္းဟိုင္ရဲ့ေကာင္းကြက္ေတြကို မုေလြ႕လင္ ပိုပိုသိလာေလျဖစ္တယ္။ ယြီခ်န္းဟိုင္က သူမအမိန္႔ကိုနာခံၿပီး သူမအလိုက် ေဆာင္ရြက္ေပးေလ့ရွိတယ္။

မုေလြ႕လင္က ေခါင္းကိုငံု႔ၿပီး အၾကာႀကီးငိုေၾကြးေနလို႔ သူမရဲ့မိတ္ကပ္ေတြပ်က္ၿပီး ေပပြကုန္တယ္။

က်န္းခ်န္ရန္က မုေလြ႕လင္ရဲ့ငိုေၾကြးသံနဲ႔ ေတာင္းပန္သံေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္လာတယ္။

"မင္းက အတြင္းေရာ အျပင္ပါ ပ်က္စီးေနတဲ့ မိန္းကေလးပဲ.. မင္းက ဘယ္လိုအပ်ိဳစင္လဲ.. အျပင္ထြက္ၿပီးငိုစမ္း.. ငါ့နားမွာ လာမ႐ႈပ္နဲ႔.."

Baishui စံအိမ္ကသခင္ေလးနဲ႔ အေပါင္းအပါေတြ သူမအိပ္ခန္းထဲ လုပ္ခ်င္တာလုပ္ၿပီး ထြက္သြားတဲ့ေန႔တုန္းက အေစခံမိန္းကေလးတစ္ေယာက္ ဘာေၾကာင့္ သူမအိမ္ခန္းထဲ ေရာက္လာတယ္ဆိုတာ မသိေတာ့ဘူး။ အ၀တ္ဗလာနဲ႔ ညစ္ႏြမ္းေနတဲ့မုေလြ႕လင္ကိုေတြ႕ေတာ့ ဒီစံအိမ္မွာ မိန္းကေလးေတြကို လိုက္လံဖ်က္ဆီးေနတဲ့ မုဒိန္းေကာင္ရွိပါတယ္လို႔ ေအာ္ဟစ္လိုက္ေတာ့တယ္။

မုေလြ႕လင္က ေဆးခတ္ခံထားရလို႔ နည္းနည္းေလးေတာင္ လႈပ္ဖို႔အားမရွိလို႔ ဒီမိန္းကေလးေအာ္ဟစ္ေနတာကို တားလည္းမတားႏိုင္ဘဲ အိပ္ယာထက္မွာ ဒီအတိုင္းလဲေလ်ာင္းရင္း ငိုေၾကြးေနရတယ္။ ပိယြင္ရြာရဲ့ဧည့္ခန္းထဲမွာ က်န္ရွိေနတဲ့လူေတြက သူမရဲ့ေအာ္သံေၾကာင့္ လန္႔ျဖန္႔သြားၾကတယ္။

ဒီပိယြင္ရြာမွာေရာက္ေနတဲ့ ဧည့္သည္ေတြက ဒီေအာ္သံကိုၾကားေတာ့ သူတို႔ကို မုဒိန္းေကာင္ပါလို႔ သံသယမ၀င္ေစခ်င္လို႔ ေအာ္သံၾကားတဲ့ဆီကို အားလံုးေျပးလာၾကတယ္။ ဒါေၾကာင့္ လူတိုင္းက မုေလြ႕လင္ရဲ့ ဖ်က္ဆီးခံလုိက္ရတဲ့ျမင္ကြင္းကို ေတြ႕လိုက္ရၿပီး သူတို႔မ်က္လံုးထဲမွာ တပ္မက္မႈေတြ ထင္ဟပ္လာၾကတယ္။

က်န္းခ်န္ရန္နဲ႔ မုက်င့္ေကာတို႔က ေနာက္ဆံုးမွ ေရာက္ရွိလာၾကတယ္။ သူတို႔က ငိုေၾကြးေနတဲ့မုေလြ႕လင္ကို ေစာင္နဲ႔ပတ္ၿပီး လူအုပ္ႀကီးကိုရွင္းလိုက္တယ္။ အဲ့ဒီေန႔ကစၿပီး သူတို႔သေဘာထားေတြ ပိုပိုဆိုးလာၾကတယ္။ က်န္းခ်န္ရန္က သူမကို ဂ႐ုမစိုက္ေတာ့ဘဲ ပိုဆိုးဆိုး၀ါး၀ါး ဆက္ဆံလာတယ္။ မုက်င့္ေကာက သူ႔သမီးကို မ်က္ႏွာခ်င္းဆိုင္ေတာင္ အေတြ႕မခံေတာ့ဘူး။ သူမရဲ့ျဖစ္ရပ္က သူတို႔ကို အရွက္ကြဲေစတယ္လို႔ယူဆၿပီး သူမကို သာမာန္မိန္းမေတြလို အိမ္ေတာ္အေနာက္မွာပဲ ေနခိုင္းၿပီး စည္းမ်ဥ္းေတြခ်မွတ္ၿပီး ခ်ဳပ္ခ်ယ္ထားတယ္။ သူမမ်က္ႏွာကို လူေတြေရွ႕မွာ ေနာက္ထပ္ေပၚလာဖို႔ ခြင့္မျပဳၾကေတာ့ဘူး။

🌼🌼🌼🌼🌼🌼🌼🌼

မုေလြ႕လင္က တစ္ခ်ိန္တုန္းက လမင္းေလးလို အသေရတင့္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ လူတကာနင္းေျခသြားတဲ့ ရႊံ႕အိုင္ေလးဘ၀ကို ေရာက္ေနၿပီျဖစ္တယ္။ ဘယ္သူမဆို သူမကို တက္နင္းေစာ္ကားလို႔ရတဲ့ အေျခအေနထိ နိမ့္ဆင္းသြားခဲ့ၿပီ။ ဒါေတာင္ လူတခ်ိဳ႕က သူတို႔ေျခေထာက္ေတြ ညစ္ေပမွာစိုးလို႔ မုေလြ႕လင္ကို မထိခ်င္ေအာင္ ရြံရွာေနၾကတယ္။ အဲ့ဒီလူကေတာ့ ယြန္ခြန္ဖုန္းပဲျဖစ္တယ္။

ယြန္ခြန္ဖုန္းက အခုတေလာ ဘယ္အမ်ိဳးသမီးနဲ႔မွ မထိေတြ႕ရတာ လအေတာ္ၾကာခဲ့ၿပီျဖစ္တယ္။ သူက လိုက္ကာစကိုပင့္မၿပီး ၀င္လာတဲ့ မုေလြ႕လင္နဲ႔ သူမ၀တ္ဆင္ထားတဲ့ လွ်ပ္ေပၚေလာ္လီတဲ့အ၀တ္ကိုေတြ႕တာနဲ႔ သူနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့ အားခ်ီကို စိုက္ၾကည့္လိုက္တယ္။

"မင္းကို ဘယ္သူ၀င္ခြင့္ျပဳလို႔လဲ.. ထြက္သြားစမ္း.."

ယြန္ခြန္ဖုန္းက အက်ႌလက္စကိုယမ္းလိုက္တာနဲ႔ အရက္ခြက္က လြင့္ပ်ံသြားၿပီး သူမရဲ့ရင္ဘတ္ကိုထိၿပီး မုေလြ႕လင္ကို ရြက္ဖ်င္တဲအျပင္ကို လြင့္စင္ထြက္သြားေစတယ္။ သူမဆီမွာ အတြင္းဒဏ္ရာ ျပင္းျပင္းထန္ထန္လည္း ရသြားတယ္။

ယြန္ခြန္ဖုန္းက မုေလြ႕လင္နဲ႔လြန္က်ဴးခဲ့တဲ့တစ္ေန႔ကို ျပန္သတိရၿပီး လက္၀ါးႏွစ္ဖက္ၾကား မ်က္ႏွာကို၀ွက္ရင္း အားခ်ီရဲ့ ေတာက္ပတဲ့မ်က္၀န္းအၾကည့္ကို ေရွာင္လႊဲလို႔ေနတယ္။

အားခ်ီက ဂ႐ုမစိုက္ဘဲ ၀ိုင္ခြက္ကိုေျမႇာက္ရင္း ၿပံဳးၿပီးေျပာလုိက္တယ္။

"သခင္ႀကီးလုပ္တာ မွန္ပါတယ္.. ဒီလိုမိန္းမမ်ိဳးကို ဒီလိုပဲဆက္ဆံသင့္တယ္.. သူမနဲ႔ပတ္သက္တာက အေႏွးနဲ႔အျမန္ မေကာင္းတာပဲ ျဖစ္လာေစလိမ့္မယ္.."

ယြန္ခြန္ဖုန္းက ဒီစကားကိုၾကားလိုက္တဲ့အခ်ိန္ တစ္ကိုယ္လံုး အားေဆးစားလိုက္လို႔ အားျပည့္သြားသလို ခံစားလိုက္ရတယ္။ သူက ဖန္ခြက္ကိုလွမ္းယူၿပီး တစ္က်ိဳက္တည္းေမာ့ခ်ၿပီး ေျပာလိုက္တယ္။

"စိတ္မပူပါနဲ႔ အားခ်ီ.. မၾကာခင္မွာ ငါလုပ္ခဲ့တဲ့အ႐ႈပ္ေတြအားလံုးကို ရွင္းပစ္ေတာ့မွာပါ.. ဒီလိုမိန္းမမ်ိဳးကို သူမ လာတဲ့ေနရာဆီကို ျပန္ပို႔ရမယ္.. ငါ သူမကို ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး.."

"သခင္ႀကီးက ပါရမီရင့္ၿပီး ဥာဏ္ရည္ေကာ သတၱိနဲ႔ပါ ျပည့္စံုတယ္.. ဒါေပမယ့္ အလွအပေလးေတြကို ျမတ္ႏိုးတာက သခင္ႀကီးရဲ့အားနည္းခ်က္တစ္ခုပဲ.. အခုခ်ိန္မွာ ဘာမွမျဖစ္ေပမယ့္ ဒီကိစၥကိုထိန္းခ်ဳပ္ႏိုင္ရင္ မၾကာေတာ့တဲ့အနာဂတ္မွာ သခင္ႀကီးက ဘုရင္ေကာင္းတစ္ပါးျဖစ္လာလိမ့္မယ္.."

အားခ်ီက ၿပံဳးၿပီးေျပာလိုက္တယ္။ ယြန္ခြန္ဖုန္း စိတ္ဓာတ္က်သြားေအာင္ သူ လုပ္မွာမဟုတ္ဘူး။

မုေလြ႕လင္က ရင္ဘတ္ကစူးရွနာက်င္မႈေၾကာင့္ ဒီရြက္ဖ်င္တဲနဲ႔ေ၀းရာကို တစ္လွမ္းခ်င္း ခက္ခက္ခဲခဲ ေလွ်ာက္လာခဲ့ရတယ္။ သူမ ဒီကိုမလာခင္တုန္းက ယြန္ခြန္ဖုန္း လက္ခံပါ့မလားဆိုၿပီး စိုးရိမ္ခဲ့ေသးတယ္။ တကယ္လည္းေရာက္လာေရာ သူမကို လံုးလံုးကို တန္ဖိုးမထားေတာ့ဘူးဆုိတာ သိလိုက္ရတယ္။ အခု သူမက က်န္းခ်န္ရန္စြန္႔ပစ္တာကိုလည္း ခံခဲ့ရၿပီျဖစ္လို႔ သူမရဲ့ကံၾကမၼာက ေရွ႕ေလွ်ာက္ ဆိုး၀ါးဖို႔ပဲက်န္ေတာ့တယ္။ သူမက ဘာေၾကာင့္ ဒီလိုခက္ခဲတဲ့အေျခအေနကို ရင္ဆိုင္ေနရတာလဲ။ တစ္ဖက္က ေခ်ာက္ကမ္းပါး၊ တစ္ဖက္က ႏြံအိုင္ႀကီးျဖစ္ေနတယ္။ အနာဂတ္မွာ သူမ ဘယ္လိုလုပ္ၿပီး ဆက္လက္ရွင္သန္ႏိုင္ပါ့မလဲ။

မုေလြ႕လင္က ေကာင္းကင္ေပၚမွာ ေတာက္ပေနတဲ့ၾကယ္ေတြကို ေမာ့ၾကည့္ေနေပမယ့္ သူမရဲ့အနာဂတ္အေၾကာင္းေတြးၿပီး စိတ္တစ္ခုလံုး ဗလာက်င္းၿပီး ေမွာင္မိုက္ေနတယ္။ မုေလြ႕လင္ မ်က္ရည္က်လို႔မွမဆံုးခင္ လူတစ္ေယာက္က ေထာင့္တစ္ေနရာကေန ႐ုတ္တရက္ထြက္လာၿပီး သူမကိုေပြ႕ခ်ီကာ ေတာထဲကို ေခၚေဆာင္လာခဲ့တယ္။ ဒီလူက ရယ္ေမာရင္းေျပာလိုက္တယ္။

"မိန္းမပ်က္ေလး.. ၾကည့္ရတာ စစ္ေသနာပတိခ်ဳပ္ယြန္က မင္းကို ၿငီးေငြ႕သြားၿပီထင္တယ္.. ဘာပဲျဖစ္ျဖစ္ မင္းခႏၶာကိုယ္က အားေနတာပဲ.. ငါ အေကာင္းဆံုး အသံုးခ်ပါ့မယ္.."

"အစ္ကိုႀကီး.. ျမန္ျမန္လုပ္.. ညီအစ္ကိုေတြ ေစာင့္ေနၿပီ.."

လူတခ်ိဳ႕က အေျပးလာၿပီး မုေလြ႕လင္ကို ေအာက္ကိုေပြ႕ခ်လိုက္တယ္။ မုေလြ႕လင္က လြတ္လိုလြတ္ျငား ႐ုန္းကန္ေနလို႔ သူမကို အေၾကာပိတ္လိုက္တယ္။

မုေလြ႕လင္ရဲ့ႏွလံုးသားေတြက ျပာမႈန္ေတြလို တစ္စစီ ေၾကြက်လြင့္ျပယ္သြားေတာ့တယ္။ သူမကို ဒီလူ တင္းတင္းက်ပ္က်ပ္ဖက္လိုက္ခ်ိန္မွာပဲ သူမ မလႈပ္ရွားႏိုင္ေတာ့ဘူး။ သူမလွ်ာကို ကိုက္ျဖတ္ၿပီး ကိုယ့္ဘာသာ သတ္ေသခ်င္ေပမယ့္ သူတို႔ထဲကတစ္ေယာက္က လွ်င္ျမန္စြာလႈပ္ရွားလိုက္တယ္။ သူတို႔က သူမေမး႐ိုးကို ဆြဲျဖဳတ္ၿပီး ေလွာင္ေျပာင္လိုက္တယ္။

"မုေလြ႕လင္.. မင္း သတ္ေသခ်င္တယ္ဆိုရင္လည္း ငါတို႔ညီအစ္ကိုတစ္သိုက္ကို ေက်နပ္ေအာင္ျပဳစုေပးသြားဦးမွေပါ့.. ဒီသိုင္းေလာကထဲမွာ လွည့္လည္ေနတုန္းက မင္းရဲ့အလွကို လူသိေအာင္လုပ္ခဲ့တယ္.. ဂိုဏ္းေပါင္းစံုကလူငယ္ေတြကို မင္းအလွနဲ႔ ညိႈ႕ျမွဴခဲ့တယ္.. ဘယ္ဂိုဏ္းရဲ့စည္းကမ္းကိုမွ မင္းတို႔က ေလးစားလိုက္နာတယ္လို႔ မရွိခဲ့ဘူး.. မင္းရဲ့အလွကုိသံုးၿပီး လူငယ္ေတြကိုကစားတယ္.. မင္းကိုယ္က်ိဳးအတြက္ မေကာင္းတာကိုက်ဴးလြန္ဖို႔ ေသြးေဆာင္ခဲ့တယ္.. အနာဂတ္မွာ မင္းက ပံုျပင္ထဲကနတ္သမီးေလးလို ျပည့္တန္ဆာဘ၀နဲ႔ပဲ အဆံုးသတ္ရေတာ့မယ္.. ဒီလိုျဖစ္လို႔ ဘယ္သူ႔ကိုမွ လုိက္ၿပီးအျပစ္တင္လို႔မရဘူး.. ဒါေတြအားလံုးက မင္းရဲ့အျပစ္ေတြခ်ည္းပဲ.. မင္းလုပ္သမွ် မင္းျပန္ခံရတာေတြပဲ မုေလြ႕လင္.."

သူရဲ့စကားလံုးေတြက မေက်နပ္မႈေတြနဲ႔ ျပည့္ႏွက္လို႔ေနတယ္။ သူက တစ္ခ်ိန္တုန္းက မုေလြ႕လင္ကစားတာကို ခံခဲ့ရၿပီး အခု ျပန္ကလဲ့စားေခ်ခ်င္ေနတာျဖစ္တယ္။ ဒီစကားကိုၾကားေတာ့ မုေလြ႕လင္ရဲ့ရင္ထဲက ေနာက္ဆံုးေမွ်ာ္လင့္ခ်က္ေလး ၿငိမ္သြားေတာ့တယ္။ သူ႔စိတ္အာ႐ံုထဲမွာ သိုင္းေလာကတစ္ခြင္ ျမင္းနဲ႔လွည့္လည္စဥ္အခ်ိန္ကို ျပန္သတိရလိုက္မိတယ္။

အဲ့ဒီအခ်ိန္တုန္းက သူမက အရမ္းကိုေတာက္ပၿပီး သူရဲေကာင္းဆန္တယ္။ လူတိုင္းကို သူမလက္ထဲ လိုသလိုအသံုးခ်လို႔ရတဲ့ စစ္တုရင္ခံုေပၚက နယ္႐ုပ္ေလးေတြလို သေဘာထားခဲ့တယ္။ ဒါေၾကာင့္ သူမက လူေတြကိုတြက္ခ်က္တာ ဂ႐ုစိုက္သင့္တယ္ဆိုတာ သတိမထားမိခဲ့ဘူး။ တကယ္လို႔ မင္းက သတိမထားမိလို႔ ေျခလွမ္းမွားသြားတာနဲ႔ အားလံုး ဆံုး႐ံႈးသြားရလိမ့္မယ္။ ဒီအခ်ိန္မွာေတာ့ သူမ ဘယ္လိုအမွားလုပ္ခဲ့တယ္ဆိုတာကို ေသခ်ာသိသြားခဲ့ၿပီ။ အခုႀကံဳရတာေတြက သူမလုပ္ထားတာေတြရဲ့ ေနာက္ဆက္တြဲရလဒ္ေတြပဲ။ ဒါကို သူမ ဘယ္လိုမွ ေရွာင္လႊဲလို႔မရေတာ့ဘူး။ ဒါေၾကာင့္ မုေလြ႕လင္ မ်က္လံုးမွိတ္လိုက္တာနဲ႔ မ်က္ရည္စက္ေတြက မ်က္၀န္းထဲကေန စီးက်လာခဲ့တယ္။

အဲ့ဒီအခ်ိန္မွာ ဇီရႊမ္က က်ိဳးယြင္ရွန္႔ကိုေပြ႕ၿပီး Shenyi ေတာင္ၾကားကို လွမ္း၀င္လာခဲ့တယ္။ သူက ေတာင္ၾကားသခင္ရဲ့ အခန္းဆီကို တန္းလာခဲ့ၿပီး တံခါး၀မွာေတြ႕တဲ့လူကို ေဆး၀ါးေတြခ်က္ခ်င္းျပင္ဖို႔ အမိန္႔ေပးလိုက္တယ္။

"ဘုန္းႀကီးဇီရႊမ္လား.. ခင္ဗ်ား ဘာေၾကာင့္ ဒီကိုလာခဲ့တာလဲ.."

ေတာင္ၾကားသခင္က အေရးတႀကီးေျပးလာၿပီး အလန္႔တၾကားေမးလိုက္တယ္။ လူတစ္ေယာက္က အိပ္ေမာက်ေနၿပီး က်န္တစ္ေယာက္က မထိရက္မကိုင္ရက္ေအာင္ စိုးရိမ္စြာေပြ႕ထားၿပီး ႏွာေခါင္း၀မွာ လက္ကိုထားၿပီး အသက္႐ွဴေသးရဲ့လားဆိုတာ စိုးရိမ္တႀကီး စမ္းသပ္ေနတယ္။ အပူေငြ႕ေလးကို သူ႔လက္ဖ်ားက ခံစားမိလိုက္ေတာ့မွ ဇီရႊမ္က သက္ျပင္းခ်ၿပီး ေျပာလိုက္တယ္။

"သူ႔ကို ကယ္ေပးပါ.."

ဒါက ေတာင္းဆိုတာမဟုတ္ဘဲ အမိန္႔ေပးတာျဖစ္တယ္။

ေတာင္ၾကားသခင္က ခဏတံု႔ဆိုင္းသြားၿပီးေနာက္ ေသြးေၾကာစမ္းၾကည့္ၿပီး ေမးလိုက္တယ္။

"ဒီဘုန္းႀကီးက ဘယ္သူလဲ.. သူ႔ၾကည့္ရတာ အရမ္းကိုေဖ်ာ့ေတာ့ေနၿပီး ေသြးထြက္လြန္ေနပံုရတယ္.."

ဇီရႊမ္က ပု၀ါနဲ႔ ဒီလူငယ္ေလးကို ခပ္တင္းတင္းသိုင္းခ်ည္ေပးလိုက္တယ္။ တစ္ဖက္လူငယ္ရဲ့ ကိုယ္ခႏၶာအပူခ်ိန္ ႐ုတ္တရက္ေပ်ာက္သြားတာကို သူခံစားလိုက္ရတယ္။ ေအးစက္ေနတဲ့ခႏၶာကိုယ္ေပၚမွာ အေႏြးဓာတ္တခ်ိဳ႕ပဲ က်န္ရစ္ခဲ့ေတာ့တယ္။ သူ႔သက္တမ္းက မက်န္ေတာ့ဘူးလို႔ထင္ရတယ္။

"တကယ္လို႔ ခင္ဗ်ား ကၽြန္ေတာ့္ကို ကူညီႏိုင္မယ္ဆိုရင္ ကၽြန္ေတာ္လည္း ခင္ဗ်ားကို ကူညီေပးမွာပါ.. စိတ္အာ႐ံုပ်ံ႕လြင့္တာ လံုေလာက္ၿပီ.."

ဇီရႊမ္က စိတ္မသက္မသာျဖစ္တာ ဘယ္လိုမွမေလ်ာ့ပါးဘဲ ေျပာလိုက္တယ္။ သူ႔မ်က္လံုးေတြက ေသြးလိုရဲၿပီး ပံုမွန္ျပန္ျဖစ္သြားေပမယ့္ သူ႔ကိုယ္ကေန လူသတ္လိုရိပ္ေတြ တရွိန္ရွိန္ထြက္ေပၚေနတယ္။

"ၾကည့္ၿပီး မင္းလုပ္ႏိုင္တာမွန္သမွ် လုပ္ပါ.. သူ႔အသက္ကို ဆြဲဆန္႔ႏိုင္ေအာင္လုပ္ပါ.."

ဇီရႊမ္က ေတာင္ၾကားသခင္ကို ဓားသြားလုိထက္ျမက္တဲ့ မ်က္၀န္းေတြနဲ႔စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္။

ေတာင္ၾကားသခင္က သက္ျပင္းကိုခိုး႐ိႈက္လိုက္ၿပီး လူငယ္ေလးကို ဂ႐ုတစိုက္စမ္းသပ္ၾကည့္ၿပီး ေခါင္းယမ္းလိုက္တယ္။

"ဒီလူက ႏွလံုးပ်က္စီး႐ံုတင္မကဘူး က်န္းခ်ီေတြကပါ အဆိပ္သင့္ေနတာပဲ.. အဆိပ္က ႏွလံုးေသြးေၾကာကေန တစ္ကိုယ္လံုးကို ပ်ံ႕သြားၿပီ.. ခုခ်ိန္မွာ မိုးနတ္မင္းဆင္းကယ္ရင္ေတာင္ ဒီလူငယ္ေလးအသက္ကို မကယ္ႏိုင္ေတာ့ဘူး.. ဘုန္းေတာ္ႀကီး.. ေက်းဇူးျပဳၿပီး တျခားလူကို သြားရွာၾကည့္ပါ.. ကၽြန္ေတာ္ ဘာမွလုပ္မေပးႏိုင္ေတာ့လို႔ အားနာပါတယ္.."

ဇီရႊမ္ရဲ့အမူအယာက မေျပာင္းလဲဘူး။ သူ႔လက္ေတြက နည္းနည္းတုန္ယင္လာၿပီး ေသြးေရာင္ရဲတဲ့မ်က္၀န္းေတြနဲ႔ ဒီလူကိုစိုက္ၾကည့္ၿပီး တစ္ခြန္းပဲေျပာလိုက္တယ္။

"သူ႔ကိုကယ္ပါ.."

တကယ္လို႔ Shenyi ေတာင္ၾကားကသာ ဒီလူငယ္ေလးကိုမကယ္ႏိုင္ရင္ ဘယ္ေနရာကမွ သူ႔ကိုမကယ္ႏိုင္ေတာ့ဘူး။ လူသတ္တဲ့ဓားကို စြန္႔လႊတ္ၿပီး ဗုဒၶရဲ့သားေတာ္အျဖစ္ ေနေပးပါတဲ့လား...။ ဟာသပဲ..။ တကယ့္ဟာသပဲ..။

ဇီရႊမ္က ၿပံဳးလိုက္ခ်င္ေပမယ့္ ေသြးတစ္လုတ္ပဲ အန္ထုတ္လိုက္မိတယ္။ လူငယ္ေလးရဲ့မ်က္ႏွာေပၚ ေသြးစင္သြားတာေတြ႕ေတာ့ ဇီရႊမ္က သူ႔လက္ေခ်ာင္းေတြနဲ႔ ေသြးစက္ေတြကိုဖယ္ရွားဖို႔ ႀကိဳးစားလိုက္တယ္။ ဒါေပမယ့္ သုတ္ေလသုတ္ေလ ပိုေပေလျဖစ္ေနတယ္။

႐ုတ္တရက္ ေတာင္ၾကားသခင္က ဇီရႊမ္ရဲ့ကိုယ္က ေသြးယိုစီးက်လာတာကို သတိထားမိလုိ႔ ေနာက္ကိုေျခတစ္လွမ္းဆုတ္ၿပီး ေျပာလိုက္တယ္။

"ဘုန္းေတာ္ႀကီး.. ခင္ဗ်ားရဲ့ကိုယ္ထဲမွာ မေကာင္းဆိုး၀ါးခ်ီေတြ ရွိေနၿပီထင္တယ္.. ကၽြန္ေတာ္ ခင္ဗ်ားကို စစ္ေပးပါ့မယ္.."

"ငါ့ကို မစိုးရိမ္နဲ႔.. သူ႔ကိုသာ ကယ္စမ္းပါ.. ခင္ဗ်ား ဘာေပးဆပ္ရသည္ျဖစ္ေစ.. သူ႔ကို ကယ္ကိုကယ္ရမယ္.."

ဇီရႊမ္က ျငင္းဆန္ေနတဲ့ တစ္ဖက္လူရဲ့လက္ေကာက္၀တ္ကို ဆုပ္ကိုင္ၿပီး အားထည့္လိုက္တယ္။ တကယ္လို႔ အားသာလြန္သြားရင္ အ႐ုိးက်ိဳးသြားေတာ့မယ္။

ဇီရႊမ္ရဲ့အမူအယာက ဘယ္ေလာက္ေတာင္ အကူအညီကင္းမဲ့ၿပီး ပူေဆြးေနတယ္ဆိုတာ သူ႔ဘာသာ သတိမျပဳမိဘူး။ သူ႔ေသြးနီေရာင္မ်က္၀န္းေတြက မ်က္ရည္ေတြစီးက်ေနတယ္။ ေတာင္ၾကားသခင္က အေတာ္ၾကာမွ ကြပ္ပ်စ္ေပၚမွာလွဲေနတဲ့ လူငယ္ေလးက ဇီရႊမ့္အတြက္ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သိသြားေတာ့တယ္။

ဇီရႊမ့္ကိုၾကည့္ရတာ ကိုယ္ထဲက မေကာင္းဆိုး၀ါးခ်ီေတြ ေပါက္ကြဲၿပီး အခ်ိန္မေရြးေသဆံုးသြားႏိုင္တယ္။ ဒါေပမယ့္ သူက သူ႔အသက္ကိုေတာင္ ပဓာနမထားဘဲ လူငယ္ေလးရဲ့အသက္ကို မကယ္ႏုိင္မွာကိုပဲ စိုးရိမ္ေနတယ္။ ဇီရႊမ္ရဲ့အသက္နဲ႔ လဲရေလာက္ေအာင္ ဒီလူငယ္ေလးရဲ့အသက္က ထုိက္တန္ပါ့မလားလို႔ ေတာင္ၾကားသခင္ ေတြးေနမိတယ္။ ဒါေပမယ့္ ဇီရႊမ္ရဲ့ၾကင္နာမႈကိုသတိရၿပီး ေတာင္ၾကားသခင္က အံႀကိတ္ရင္းေျပာလိုက္တယ္။

"ကၽြန္ေတာ္ အေကာင္းဆံုးႀကိဳးစားပါ့မယ္.."

သူက ေဆးေသတၱာဖြင့္ၿပီး အပ္ ၁၈ ေခ်ာင္းနဲ႔ အဓိကေသြးေၾကာမႀကီးေတြကို ထိုးစိုက္ၿပီး အသက္ဓာတ္ကို ၿငိမ္ေအာင္လုပ္လိုက္တယ္။ တခဏအတြင္း လူငယ္ေလးရဲ့မ်က္ႏွာေပၚ ေသြးေရာင္လႊမ္းလာၿပီး ပံုမွန္ျပန္ျဖစ္လာတာကို ေတြ႕လိုက္ရခ်ိန္ ဇီရႊမ္ရဲ့ရင္ဘတ္က ျပင္းထန္တဲ့နာက်င္မႈကုိ ခံစားလိုက္ရၿပီး သူေသသြားေတာ့မလို ေလကို အလုအယက္ပါးစပ္ဟၿပီး ႐ွဴ႐ိႈက္လိုက္ေတာ့တယ္။

⛄⛄⛄⛄⛄⛄⛄❄❄❄❄❄❄❄

FOD Extra 2 _Chapter _ 21 - Yu Cang Hai

တိုက်ပွဲပြီးသွားတဲ့အခါ လူတစ်ရပ်လောက်မြင့်တဲ့ မြက်ခင်းပြင်ကြီးက ရှုပ်ပွပြီး လဲပြိုကျလို့နေတယ်။ နေရာတိုင်း သွေးအိုင်နဲ့ လူ့ခြေလက်အစိတ်အပိုင်းပြတ်တွေ ပြန့်ကျဲနေပြီး လေထဲမှာ သွေးညှီနံ့တွေ ထောင်းထောင်းထနေတယ်။ လေထုထဲ လွင့်ပျံနေတဲ့သွေးနံ့တွေက မိုင်ပေါင်းများစွာက ဝံပုလွေတွေကိုတောင် ဆွဲဆောင်နေတယ်။ ဝံပုလွေအုပ်ကြီးရောက်လာတဲ့အခါ နေရာယူထားတဲ့စစ်တပ်ကိုတွေ့တော့ အောက်ကိုဆင်းမလာကြဘဲ တောင်ကမ်းပါးရံတလျှောက် မာန်ဖီနေကြတယ်။ သားရဲတိရိစ္ဆာန်တွေရဲ့ စိမ်းဖန့်ဖန့်မျက်ဝန်းတွေက အမှောင်ထဲမှာတောင် တောက်ပနေတယ်။ ဒီဝံပုလွေတွေရဲ့ သွေးဆာနေတဲ့မျက်ဝန်းတွေကိုတွေ့တော့ လူတွေအားလုံး တုန်ယင်သွားကြတယ်။

တပ်အသီးသီးကဗိုလ်ချုပ်တွေက ဒီမြင်ကွင်းကိုတွေ့တော့ မြင်းကိုအသော့နှင်ပြီး တပ်ကို အလုအယက် အမိန့်ပေးကြတယ်။

"မြန်မြန် တပ်ရွှေ့ကြစမ်း.. ဘာလုပ်နေကြတာလဲ.. ရှေ့ကိုတောက်လျှောက်ပြေး..."

စစ်သားတွေက အမိန့်ကြောင့် ကျယ်လောင်စွာကြွေးကြော်ပြီး ခပ်လှမ်းလှမ်းက သူတို့တပ်စခန်းရှိရာကို အမြန်နှင်လာကြတယ်။ သိုင်းပညာရှင်အသီးသီးကလည်း သူတို့ဂိုဏ်းချုပ်တွေဆီကို သတင်းပို့ဖို့ ထွက်ခွာသွားကြတော့တယ်။ ဒီသိုင်းသမားအားလုံးက တိုက်ပွဲမှာအနိုင်ရရှိပြီး Wuji Xinjing သိုင်းကျမ်းကို ရနိုင်မယ်လို့ ထင်ထားကြတာဖြစ်တယ်။ သူတို့က အများနဲ့တစ်ယောက်တိုက်ပွဲကို သုံးရက်သုံးညတိတိတိုက်ပြီး သရေကျတာကိုတွေ့လိုက်ရတယ်။ ယွီချန်းဟိုင် အလစ်အငိုက်ကြောင့် ဓားဒဏ်ရာရပြီး သူတို့နိုင်တော့မယ်လို့ တစ်ထစ်ချတွက်ထားတဲ့အချိန် မမျှော်လင့်ဘဲ ဘုန်းကြီးတစ်ပါးပေါက်ချလာပြီး ကယ်တင်သွားခဲ့တယ်။

ဒီသိုင်းကျမ်းက ရှောင်လင်ဂိုဏ်းရဲ့လက်ထဲ ရောက်သွားမှာကို အားလုံးကကြောက်နေကြတယ်။ ဒါကြောင့် လူအားလုံးက စဉ်းစားပြီး ဘုန်းကြီးဇီရွှမ်ကိုသတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဘုန်းကြီးက မကောင်းဆိုးဝါကျင့်စဉ်ကို ကျင့်တဲ့လူကို ကယ်တင်တဲ့အပြင် သူကိုယ်တိုင်လည်း မကောင်းဆိုးဝါးလမ်းစဉ်ကို လိုက်သွားပြီ။ ဒါကြောင့် သူ့ကိုသတ်ပစ်ပြီး လောကကြီးကို သန့်စင်ပေးရမယ်လို့ တစ်ညီတစ်ညွတ်တည်း ကြွေးကြော်လိုက်ကြတယ်။

တောင်ပိုင်းစစ်တပ်စခန်းတွေမှာ သိုင်းပညာရှင်တွေက ယွန်ခွန်ဖုန်းရဲ့အမိန့်နဲ့ ဆေးဝါးကုသမှုကို ခံယူနေကြတယ်။ ရွက်ဖျင်တဲရဲ့အပြင်ဘက်မှာ အေးစက်နေတဲ့အလောင်းတွေရှိနေပြီး အလောင်းတိုင်းက လက်ချောင်းတစ်ချောင်းတည်းနဲ့ ရင်ဘတ်ကို ဖောက်ခံရပြီး နံရိုးတွေကိုတောင် မြင်နေရတယ်။

ယွန်ခွန်ဖုန်းနဲ့ လက်ထောက်စစ်ဗိုလ်ချုပ်တွေက အလောင်းဘေးမှာဝိုင်းအုံပြီး စစ်ဆေးနေကြတယ်။ အတော်ကြာတော့မှ သူက အလေးအနက်မေးလိုက်တယ်။

"ဒီအလောင်းတွေက ဘုန်းကြီးဇီရွှမ် သတ်ခဲ့တာတွေလား.."

"ဟုတ်ပါတယ် စစ်သေနာပတိချုပ်ကြီး.."

"ဒီရက်ပိုင်း တကယ့်ကို ထူးဆန်းနေတာပဲ.. သူက မကောင်းဆိုးဝါးတစ်ယောက်ကို လူမသတ်အောင်တားဆီးထားနိုင်ပြီး သူလည်းရောက်လာရော သူကိုယ်တိုင် သတ်ဖြတ်တော့တာပဲ.. ဒါက လောကကြီးကို ပြောင်းပြန်လှန်လိုက်သလို အမှားက အမှန်၊ အမှန်က အမှား ဖြစ်သွားပြီး လူကောင်းနဲ့လူဆိုး ပြောင်းပြန်ဖြစ်သွားတာပဲ.."

ယွန်ခွန်ဖုန်းက အလောင်းကို အဝတ်ဖြူနဲ့လွှမ်းဖို့ အချက်ပြပြီး ခေါင်းယမ်းလိုက်တယ်။ ယွီချန်းဟိုင်ရဲ့စိတ်နှလုံးက သတ်ဖြတ်လိုစိတ်နဲ့ မှောင်မိုက်နေလို့ နတ်ဆိုးဘုန်းကြီးလို့ လူသိများကြတယ်။ သူက လူတွေကို မျက်တောင်မခတ်ဘဲ သတ်ပစ်နိုင်စွမ်းရှိပေမယ့် ကတိတစ်ခုကြောင့် မသတ်ဘဲနေခဲ့တယ်။ ဒါပေမယ့် သူ့ရင်ဘတ်ကိုဖောက်ထွင်းသွားတဲ့ ဓားဒဏ်ရာကတော့ သူတော်စင်ဘုန်းကြီးဇီရွှမ်ကို နတ်ဆိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားစေပြီး အသူရာချောက်ကြီးထဲကို တုန့်ဆိုင်းခြင်းမရှိ ခုန်ဆင်းသွားစေတယ်။ ယွီချန်းဟိုင်ကိုလုပ်သလို တူညီတဲ့ခံစားချက်မျိုးဖြစ်အောင် ဇီရွှမ်ကပြုလုပ်ပြီး လူတွေကိုသတ်ဖြတ်နေပြီ။

အခုချိန်မှာ ဇီရွှမ်က အလယ်ပိုင်းဒေသကလူတွေဘက်ကို ဘယ်လိုမှရပ်တည်တော့မှာမဟုတ်တာကို တွေးပြီး ယွန်ခွန်ဖုန်း စိုးရိမ်သွားတယ်။ ဒါပေမယ့် ယွန်ခွန်ဖုန်းက ဇီရွှမ့်ကို လုံးဝမကျေနပ်သေးဘူး။ ဇီရွှမ်က ဘာကြောင့် သိုင်းကျမ်းကို လုယူရတာလဲ။ ဘာကြောင့် သူတို့ကြံစည်ထားတဲ့အစီအစဉ်ကို ဖျက်ပစ်ရတာလဲ။ အခုတော့ ဇီရွှမ်ကြောင့် အစီအစဉ်အားလုံး ကမောက်ကမဖြစ်ကုန်ပြီ။ မူလအစီအစဉ်အရ သိုင်းကျမ်းကိုရဖို့ ဒီလူတွေအားလုံး သဲသဲမဲမဲ သတ်ဖြတ်ယှဉ်ပြိုင်ကြလိမ့်မယ်။ နောက်ဆုံးမှာ အသန်မာဆုံးတစ်ယောက်ကသာလျှင် သိုင်းကျမ်းကို ရရှိလိမ့်မယ်။

ဒီမဟာမိတ်ဖွဲ့ထားတဲ့ထဲက သိုင်းကျမ်းကို ဘယ်တစ်ယောက်ပဲရရ အဆုံးသတ်သွားလိမ့်မယ်။ ဒီဖြစ်ရပ်က အနောက်ဘက်ဒေသတစ်ခုလုံး အထိနာမယ့်ကိစ္စတစ်ခုပဲ။ ဒီသိုင်းကျမ်းလုယက်တဲ့ တိုက်ပွဲကနေ သူ့ရဲ့ စွမ်းအားကြီးတဲ့ ရန်သူအတော်များများ သေကြေပျက်စီးသွားမှာသေချာတယ်။ အခုတော့ ဒီဇီရွှမ်ဆိုတဲ့ဘုန်းကြီးကြောင့် သူ့အစီအစဉ်အားလုံး ပျက်စီးကုန်ရပြီ။ ဒီတော့ ယွီချန်းဟိုင်ကရော နောက်ထပ် ဘာတွေဆက်လုပ်ဦးမှာလဲ..?

••••••••••••••••••••••••••••••

ဒီသိုင်းကျမ်းကို လက်ဝယ်ရအောင်လုပ်ဖို့က ကျန်းချန်ရန်အတွက် နောက်ဆုံးအခွင့်အရေးပဲဖြစ်တယ်။ သိုင်းကျမ်းကိုရပြီး ကျင့်ကြံနိုင်ရင် သူက ယွန်ခွန်ဖုန်းရဲ့အဆင့်အတန်းနဲ့ အင်အားမျိုးကို ရရှိလာလိမ့်မယ်။ ဒါဆိုရင် သူ့ဘဝက သေချာပေါက် အထွတ်အထိပ်ကို ရောက်လာမှာသေချာတယ်။ တကယ်လို့ ဒီတစ်ခါကျရှုံးခဲ့ရင်တော့ သူ သေချာပေါက်သေရမှာပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေ စည်းစိမ်ချမ်းသာတွေနဲ့တောင် သူ့အသက်ကို မကယ်တင်နိုင်တော့ဘူးဆိုတာ သူသိတယ်။ ဒါကြောင့် သူက ရှေးဟောင်းသိုင်းကျမ်း၊ ရတနာသိုက်နဲ့ ဘုရင်နေရာကို မမျှော်လင့်ဘဲမနေရဲဘူး။ အစကတော့ သူ့သတို့သမီးလောင်းကို ရတနာလေးလို တန်ဖိုးထားခဲ့ပေမယ့် အခုတော့ သူ့ဘဝတက်လမ်းအတွက် ချနင်းဖို့ ဝန်မလေးတော့ဘူး။

"မုလွေ့လင်.. ယွန်ခွန်ဖုန်းက တပ်စခန်းကိုပြန်ရောက်နေပြီ.. မင်း ဆေးကြောသုတ်သင်ပြီး သူ့ကို သွားပြုစုပေးလိုက်.."

သူက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မီးရောင်အောက်မှာထိုင်ပြီး တစ်ချောင်းထိုးအပ်နဲ့ ချည်ထိုးနေတဲ့ မုလွေ့လင်ကို အမိန့်ပေးလိုက်တယ်။ ကျန်းချန်ရန်ရဲ့စကားကိုကြားတော့ မုလွေ့လင်ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့တယ်။

အခုနောက်ပိုင်း မုလွေ့လင်က ကျန်းချန်ရန်ရဲ့နှလုံးသားကို ပြန်လည်ရယူဖို့ ခါတိုင်းလို အပြင်ထွက်တာတောင်မလုပ်တော့ဘဲ လက်မှုပညာကိုလေ့လာပြီး သာမာန်မိန်းကလေးတွေလို အချုပ်အလုပ်ဘက်ကိုပဲ အာရုံစိုက်နေခဲ့တယ်။ ဒါပေမယ့် သူမ ဘယ်လောက်ပဲကြိုးစားကြိုးစား နောက်ဆုံးတော့ သူမကို အခုလို လက်လွတ်စပယ် စွန့်ပစ်လိုက်တာကို မရှောင်လွှဲနိုင်တော့ဘူး။ တကယ်လို့ ယွန်ခွန်ဖုန်းသာ သူမကို အရင်လို အရူးအမူးစွဲလန်းနေသေးရင် ကျန်းချန်ရန်မပါဘဲ သူမ အသက်ဆက်ရှင်နိုင်သေးတယ်။ ဒါပေမယ့် ယွန်ခွန်ဖုန်းက သူမကို ပြည့်တန်ဆာသာသာပဲ သဘောထားတော့တယ်။ မုလွေ့လင်က ငယ်စဉ်ကတည်းက ဖူးဖူးမှုတ်အလိုလိုက်ခံရတဲ့ သူဌေးသမီးလေးဖြစ်တယ်။ သူမရဲ့ ထူးခြားတဲ့သွင်ပြင်လက္ခဏာ၊ ရုပ်ရည်နဲ့ ထူးချွန်တဲ့ကိုယ်ခံပညာကြောင့် သူမက အထူးချွန်ဆုံးဖြစ်တယ်လို့ မှတ်ယူခဲ့တယ်။ ဒါပေမယ့် တကယ့်အမှန်တရားကို သိလိုက်ရချိန်မှာတော့ ဒီကမ္ဘာကြီးက ကျယ်ပြန့်လွန်းပြီး သူမလိုမိန်းကလေးတစ်ယောက် ရပ်တည်နေထိုင်ဖို့ ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာကို သိလိုက်ရတယ်။ ကြာလာလေလေ ယွီချန်းဟိုင်ရဲ့ကောင်းကွက်တွေကို မုလွေ့လင် ပိုပိုသိလာလေဖြစ်တယ်။ ယွီချန်းဟိုင်က သူမအမိန့်ကိုနာခံပြီး သူမအလိုကျ ဆောင်ရွက်ပေးလေ့ရှိတယ်။

မုလွေ့လင်က ခေါင်းကိုငုံ့ပြီး အကြာကြီးငိုကြွေးနေလို့ သူမရဲ့မိတ်ကပ်တွေပျက်ပြီး ပေပွကုန်တယ်။

ကျန်းချန်ရန်က မုလွေ့လင်ရဲ့ငိုကြွေးသံနဲ့ တောင်းပန်သံကြောင့် စိတ်ပျက်လက်ပျက်ဖြစ်လာတယ်။

"မင်းက အတွင်းရော အပြင်ပါ ပျက်စီးနေတဲ့ မိန်းကလေးပဲ.. မင်းက ဘယ်လိုအပျိုစင်လဲ.. အပြင်ထွက်ပြီးငိုစမ်း.. ငါ့နားမှာ လာမရှုပ်နဲ့.."

Baishui စံအိမ်ကသခင်လေးနဲ့ အပေါင်းအပါတွေ သူမအိပ်ခန်းထဲ လုပ်ချင်တာလုပ်ပြီး ထွက်သွားတဲ့နေ့တုန်းက အစေခံမိန်းကလေးတစ်ယောက် ဘာကြောင့် သူမအိမ်ခန်းထဲ ရောက်လာတယ်ဆိုတာ မသိတော့ဘူး။ အဝတ်ဗလာနဲ့ ညစ်နွမ်းနေတဲ့မုလွေ့လင်ကိုတွေ့တော့ ဒီစံအိမ်မှာ မိန်းကလေးတွေကို လိုက်လံဖျက်ဆီးနေတဲ့ မုဒိန်းကောင်ရှိပါတယ်လို့ အော်ဟစ်လိုက်တော့တယ်။

မုလွေ့လင်က ဆေးခတ်ခံထားရလို့ နည်းနည်းလေးတောင် လှုပ်ဖို့အားမရှိလို့ ဒီမိန်းကလေးအော်ဟစ်နေတာကို တားလည်းမတားနိုင်ဘဲ အိပ်ယာထက်မှာ ဒီအတိုင်းလဲလျောင်းရင်း ငိုကြွေးနေရတယ်။ ပိယွင်ရွာရဲ့ဧည့်ခန်းထဲမှာ ကျန်ရှိနေတဲ့လူတွေက သူမရဲ့အော်သံကြောင့် လန့်ဖြန့်သွားကြတယ်။

ဒီပိယွင်ရွာမှာရောက်နေတဲ့ ဧည့်သည်တွေက ဒီအော်သံကိုကြားတော့ သူတို့ကို မုဒိန်းကောင်ပါလို့ သံသယမဝင်စေချင်လို့ အော်သံကြားတဲ့ဆီကို အားလုံးပြေးလာကြတယ်။ ဒါကြောင့် လူတိုင်းက မုလွေ့လင်ရဲ့ ဖျက်ဆီးခံလိုက်ရတဲ့မြင်ကွင်းကို တွေ့လိုက်ရပြီး သူတို့မျက်လုံးထဲမှာ တပ်မက်မှုတွေ ထင်ဟပ်လာကြတယ်။

ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့က နောက်ဆုံးမှ ရောက်ရှိလာကြတယ်။ သူတို့က ငိုကြွေးနေတဲ့မုလွေ့လင်ကို စောင်နဲ့ပတ်ပြီး လူအုပ်ကြီးကိုရှင်းလိုက်တယ်။ အဲ့ဒီနေ့ကစပြီး သူတို့သဘောထားတွေ ပိုပိုဆိုးလာကြတယ်။ ကျန်းချန်ရန်က သူမကို ဂရုမစိုက်တော့ဘဲ ပိုဆိုးဆိုးဝါးဝါး ဆက်ဆံလာတယ်။ မုကျင့်ကောက သူ့သမီးကို မျက်နှာချင်းဆိုင်တောင် အတွေ့မခံတော့ဘူး။ သူမရဲ့ဖြစ်ရပ်က သူတို့ကို အရှက်ကွဲစေတယ်လို့ယူဆပြီး သူမကို သာမာန်မိန်းမတွေလို အိမ်တော်အနောက်မှာပဲ နေခိုင်းပြီး စည်းမျဉ်းတွေချမှတ်ပြီး ချုပ်ချယ်ထားတယ်။ သူမမျက်နှာကို လူတွေရှေ့မှာ နောက်ထပ်ပေါ်လာဖို့ ခွင့်မပြုကြတော့ဘူး။

🌼🌼🌼🌼🌼🌼🌼🌼

မုလွေ့လင်က တစ်ချိန်တုန်းက လမင်းလေးလို အသရေတင့်ခဲ့ပေမယ့် အခုချိန်မှာတော့ လူတကာနင်းခြေသွားတဲ့ ရွှံ့အိုင်လေးဘဝကို ရောက်နေပြီဖြစ်တယ်။ ဘယ်သူမဆို သူမကို တက်နင်းစော်ကားလို့ရတဲ့ အခြေအနေထိ နိမ့်ဆင်းသွားခဲ့ပြီ။ ဒါတောင် လူတချို့က သူတို့ခြေထောက်တွေ ညစ်ပေမှာစိုးလို့ မုလွေ့လင်ကို မထိချင်အောင် ရွံရှာနေကြတယ်။ အဲ့ဒီလူကတော့ ယွန်ခွန်ဖုန်းပဲဖြစ်တယ်။

ယွန်ခွန်ဖုန်းက အခုတလော ဘယ်အမျိုးသမီးနဲ့မှ မထိတွေ့ရတာ လအတော်ကြာခဲ့ပြီဖြစ်တယ်။ သူက လိုက်ကာစကိုပင့်မပြီး ဝင်လာတဲ့ မုလွေ့လင်နဲ့ သူမဝတ်ဆင်ထားတဲ့ လျှပ်ပေါ်လော်လီတဲ့အဝတ်ကိုတွေ့တာနဲ့ သူနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အားချီကို စိုက်ကြည့်လိုက်တယ်။

"မင်းကို ဘယ်သူဝင်ခွင့်ပြုလို့လဲ.. ထွက်သွားစမ်း.."

ယွန်ခွန်ဖုန်းက အင်္ကျီလက်စကိုယမ်းလိုက်တာနဲ့ အရက်ခွက်က လွင့်ပျံသွားပြီး သူမရဲ့ရင်ဘတ်ကိုထိပြီး မုလွေ့လင်ကို ရွက်ဖျင်တဲအပြင်ကို လွင့်စင်ထွက်သွားစေတယ်။ သူမဆီမှာ အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန်လည်း ရသွားတယ်။

ယွန်ခွန်ဖုန်းက မုလွေ့လင်နဲ့လွန်ကျူးခဲ့တဲ့တစ်နေ့ကို ပြန်သတိရပြီး လက်ဝါးနှစ်ဖက်ကြား မျက်နှာကိုဝှက်ရင်း အားချီရဲ့ တောက်ပတဲ့မျက်ဝန်းအကြည့်ကို ရှောင်လွှဲလို့နေတယ်။

အားချီက ဂရုမစိုက်ဘဲ ဝိုင်ခွက်ကိုမြှောက်ရင်း ပြုံးပြီးပြောလိုက်တယ်။

"သခင်ကြီးလုပ်တာ မှန်ပါတယ်.. ဒီလိုမိန်းမမျိုးကို ဒီလိုပဲဆက်ဆံသင့်တယ်.. သူမနဲ့ပတ်သက်တာက အနှေးနဲ့အမြန် မကောင်းတာပဲ ဖြစ်လာစေလိမ့်မယ်.."

ယွန်ခွန်ဖုန်းက ဒီစကားကိုကြားလိုက်တဲ့အချိန် တစ်ကိုယ်လုံး အားဆေးစားလိုက်လို့ အားပြည့်သွားသလို ခံစားလိုက်ရတယ်။ သူက ဖန်ခွက်ကိုလှမ်းယူပြီး တစ်ကျိုက်တည်းမော့ချပြီး ပြောလိုက်တယ်။

"စိတ်မပူပါနဲ့ အားချီ.. မကြာခင်မှာ ငါလုပ်ခဲ့တဲ့အရှုပ်တွေအားလုံးကို ရှင်းပစ်တော့မှာပါ.. ဒီလိုမိန်းမမျိုးကို သူမ လာတဲ့နေရာဆီကို ပြန်ပို့ရမယ်.. ငါ သူမကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူး.."

"သခင်ကြီးက ပါရမီရင့်ပြီး ဉာဏ်ရည်ကော သတ္တိနဲ့ပါ ပြည့်စုံတယ်.. ဒါပေမယ့် အလှအပလေးတွေကို မြတ်နိုးတာက သခင်ကြီးရဲ့အားနည်းချက်တစ်ခုပဲ.. အခုချိန်မှာ ဘာမှမဖြစ်ပေမယ့် ဒီကိစ္စကိုထိန်းချုပ်နိုင်ရင် မကြာတော့တဲ့အနာဂတ်မှာ သခင်ကြီးက ဘုရင်ကောင်းတစ်ပါးဖြစ်လာလိမ့်မယ်.."

အားချီက ပြုံးပြီးပြောလိုက်တယ်။ ယွန်ခွန်ဖုန်း စိတ်ဓာတ်ကျသွားအောင် သူ လုပ်မှာမဟုတ်ဘူး။

မုလွေ့လင်က ရင်ဘတ်ကစူးရှနာကျင်မှုကြောင့် ဒီရွက်ဖျင်တဲနဲ့ဝေးရာကို တစ်လှမ်းချင်း ခက်ခက်ခဲခဲ လျှောက်လာခဲ့ရတယ်။ သူမ ဒီကိုမလာခင်တုန်းက ယွန်ခွန်ဖုန်း လက်ခံပါ့မလားဆိုပြီး စိုးရိမ်ခဲ့သေးတယ်။ တကယ်လည်းရောက်လာရော သူမကို လုံးလုံးကို တန်ဖိုးမထားတော့ဘူးဆိုတာ သိလိုက်ရတယ်။ အခု သူမက ကျန်းချန်ရန်စွန့်ပစ်တာကိုလည်း ခံခဲ့ရပြီဖြစ်လို့ သူမရဲ့ကံကြမ္မာက ရှေ့လျှောက် ဆိုးဝါးဖို့ပဲကျန်တော့တယ်။ သူမက ဘာကြောင့် ဒီလိုခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတာလဲ။ တစ်ဖက်က ချောက်ကမ်းပါး၊ တစ်ဖက်က နွံအိုင်ကြီးဖြစ်နေတယ်။ အနာဂတ်မှာ သူမ ဘယ်လိုလုပ်ပြီး ဆက်လက်ရှင်သန်နိုင်ပါ့မလဲ။

မုလွေ့လင်က ကောင်းကင်ပေါ်မှာ တောက်ပနေတဲ့ကြယ်တွေကို မော့ကြည့်နေပေမယ့် သူမရဲ့အနာဂတ်အကြောင်းတွေးပြီး စိတ်တစ်ခုလုံး ဗလာကျင်းပြီး မှောင်မိုက်နေတယ်။ မုလွေ့လင် မျက်ရည်ကျလို့မှမဆုံးခင် လူတစ်ယောက်က ထောင့်တစ်နေရာကနေ ရုတ်တရက်ထွက်လာပြီး သူမကိုပွေ့ချီကာ တောထဲကို ခေါ်ဆောင်လာခဲ့တယ်။ ဒီလူက ရယ်မောရင်းပြောလိုက်တယ်။

"မိန်းမပျက်လေး.. ကြည့်ရတာ စစ်သေနာပတိချုပ်ယွန်က မင်းကို ငြီးငွေ့သွားပြီထင်တယ်.. ဘာပဲဖြစ်ဖြစ် မင်းခန္ဓာကိုယ်က အားနေတာပဲ.. ငါ အကောင်းဆုံး အသုံးချပါ့မယ်.."

"အစ်ကိုကြီး.. မြန်မြန်လုပ်.. ညီအစ်ကိုတွေ စောင့်နေပြီ.."

လူတချို့က အပြေးလာပြီး မုလွေ့လင်ကို အောက်ကိုပွေ့ချလိုက်တယ်။ မုလွေ့လင်က လွတ်လိုလွတ်ငြား ရုန်းကန်နေလို့ သူမကို အကြောပိတ်လိုက်တယ်။

မုလွေ့လင်ရဲ့နှလုံးသားတွေက ပြာမှုန်တွေလို တစ်စစီ ကြွေကျလွင့်ပြယ်သွားတော့တယ်။ သူမကို ဒီလူ တင်းတင်းကျပ်ကျပ်ဖက်လိုက်ချိန်မှာပဲ သူမ မလှုပ်ရှားနိုင်တော့ဘူး။ သူမလျှာကို ကိုက်ဖြတ်ပြီး ကိုယ့်ဘာသာ သတ်သေချင်ပေမယ့် သူတို့ထဲကတစ်ယောက်က လျှင်မြန်စွာလှုပ်ရှားလိုက်တယ်။ သူတို့က သူမမေးရိုးကို ဆွဲဖြုတ်ပြီး လှောင်ပြောင်လိုက်တယ်။

"မုလွေ့လင်.. မင်း သတ်သေချင်တယ်ဆိုရင်လည်း ငါတို့ညီအစ်ကိုတစ်သိုက်ကို ကျေနပ်အောင်ပြုစုပေးသွားဦးမှပေါ့.. ဒီသိုင်းလောကထဲမှာ လှည့်လည်နေတုန်းက မင်းရဲ့အလှကို လူသိအောင်လုပ်ခဲ့တယ်.. ဂိုဏ်းပေါင်းစုံကလူငယ်တွေကို မင်းအလှနဲ့ ညှို့မြှူခဲ့တယ်.. ဘယ်ဂိုဏ်းရဲ့စည်းကမ်းကိုမှ မင်းတို့က လေးစားလိုက်နာတယ်လို့ မရှိခဲ့ဘူး.. မင်းရဲ့အလှကိုသုံးပြီး လူငယ်တွေကိုကစားတယ်.. မင်းကိုယ်ကျိုးအတွက် မကောင်းတာကိုကျူးလွန်ဖို့ သွေးဆောင်ခဲ့တယ်.. အနာဂတ်မှာ မင်းက ပုံပြင်ထဲကနတ်သမီးလေးလို ပြည့်တန်ဆာဘဝနဲ့ပဲ အဆုံးသတ်ရတော့မယ်.. ဒီလိုဖြစ်လို့ ဘယ်သူ့ကိုမှ လိုက်ပြီးအပြစ်တင်လို့မရဘူး.. ဒါတွေအားလုံးက မင်းရဲ့အပြစ်တွေချည်းပဲ.. မင်းလုပ်သမျှ မင်းပြန်ခံရတာတွေပဲ မုလွေ့လင်.."

သူရဲ့စကားလုံးတွေက မကျေနပ်မှုတွေနဲ့ ပြည့်နှက်လို့နေတယ်။ သူက တစ်ချိန်တုန်းက မုလွေ့လင်ကစားတာကို ခံခဲ့ရပြီး အခု ပြန်ကလဲ့စားချေချင်နေတာဖြစ်တယ်။ ဒီစကားကိုကြားတော့ မုလွေ့လင်ရဲ့ရင်ထဲက နောက်ဆုံးမျှော်လင့်ချက်လေး ငြိမ်သွားတော့တယ်။ သူ့စိတ်အာရုံထဲမှာ သိုင်းလောကတစ်ခွင် မြင်းနဲ့လှည့်လည်စဉ်အချိန်ကို ပြန်သတိရလိုက်မိတယ်။

အဲ့ဒီအချိန်တုန်းက သူမက အရမ်းကိုတောက်ပပြီး သူရဲကောင်းဆန်တယ်။ လူတိုင်းကို သူမလက်ထဲ လိုသလိုအသုံးချလို့ရတဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေလို သဘောထားခဲ့တယ်။ ဒါကြောင့် သူမက လူတွေကိုတွက်ချက်တာ ဂရုစိုက်သင့်တယ်ဆိုတာ သတိမထားမိခဲ့ဘူး။ တကယ်လို့ မင်းက သတိမထားမိလို့ ခြေလှမ်းမှားသွားတာနဲ့ အားလုံး ဆုံးရှုံးသွားရလိမ့်မယ်။ ဒီအချိန်မှာတော့ သူမ ဘယ်လိုအမှားလုပ်ခဲ့တယ်ဆိုတာကို သေချာသိသွားခဲ့ပြီ။ အခုကြုံရတာတွေက သူမလုပ်ထားတာတွေရဲ့ နောက်ဆက်တွဲရလဒ်တွေပဲ။ ဒါကို သူမ ဘယ်လိုမှ ရှောင်လွှဲလို့မရတော့ဘူး။ ဒါကြောင့် မုလွေ့လင် မျက်လုံးမှိတ်လိုက်တာနဲ့ မျက်ရည်စက်တွေက မျက်ဝန်းထဲကနေ စီးကျလာခဲ့တယ်။

အဲ့ဒီအချိန်မှာ ဇီရွှမ်က ကျိုးယွင်ရှန့်ကိုပွေ့ပြီး Shenyi တောင်ကြားကို လှမ်းဝင်လာခဲ့တယ်။ သူက တောင်ကြားသခင်ရဲ့ အခန်းဆီကို တန်းလာခဲ့ပြီး တံခါးဝမှာတွေ့တဲ့လူကို ဆေးဝါးတွေချက်ချင်းပြင်ဖို့ အမိန့်ပေးလိုက်တယ်။

"ဘုန်းကြီးဇီရွှမ်လား.. ခင်ဗျား ဘာကြောင့် ဒီကိုလာခဲ့တာလဲ.."

တောင်ကြားသခင်က အရေးတကြီးပြေးလာပြီး အလန့်တကြားမေးလိုက်တယ်။ လူတစ်ယောက်က အိပ်မောကျနေပြီး ကျန်တစ်ယောက်က မထိရက်မကိုင်ရက်အောင် စိုးရိမ်စွာပွေ့ထားပြီး နှာခေါင်းဝမှာ လက်ကိုထားပြီး အသက်ရှူသေးရဲ့လားဆိုတာ စိုးရိမ်တကြီး စမ်းသပ်နေတယ်။ အပူငွေ့လေးကို သူ့လက်ဖျားက ခံစားမိလိုက်တော့မှ ဇီရွှမ်က သက်ပြင်းချပြီး ပြောလိုက်တယ်။

"သူ့ကို ကယ်ပေးပါ.."

ဒါက တောင်းဆိုတာမဟုတ်ဘဲ အမိန့်ပေးတာဖြစ်တယ်။

တောင်ကြားသခင်က ခဏတုံ့ဆိုင်းသွားပြီးနောက် သွေးကြောစမ်းကြည့်ပြီး မေးလိုက်တယ်။

"ဒီဘုန်းကြီးက ဘယ်သူလဲ.. သူ့ကြည့်ရတာ အရမ်းကိုဖျော့တော့နေပြီး သွေးထွက်လွန်နေပုံရတယ်.."

ဇီရွှမ်က ပုဝါနဲ့ ဒီလူငယ်လေးကို ခပ်တင်းတင်းသိုင်းချည်ပေးလိုက်တယ်။ တစ်ဖက်လူငယ်ရဲ့ ကိုယ်ခန္ဓာအပူချိန် ရုတ်တရက်ပျောက်သွားတာကို သူခံစားလိုက်ရတယ်။ အေးစက်နေတဲ့ခန္ဓာကိုယ်ပေါ်မှာ အနွေးဓာတ်တချို့ပဲ ကျန်ရစ်ခဲ့တော့တယ်။ သူ့သက်တမ်းက မကျန်တော့ဘူးလို့ထင်ရတယ်။

"တကယ်လို့ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မယ်ဆိုရင် ကျွန်တော်လည်း ခင်ဗျားကို ကူညီပေးမှာပါ.. စိတ်အာရုံပျံ့လွင့်တာ လုံလောက်ပြီ.."

ဇီရွှမ်က စိတ်မသက်မသာဖြစ်တာ ဘယ်လိုမှမလျော့ပါးဘဲ ပြောလိုက်တယ်။ သူ့မျက်လုံးတွေက သွေးလိုရဲပြီး ပုံမှန်ပြန်ဖြစ်သွားပေမယ့် သူ့ကိုယ်ကနေ လူသတ်လိုရိပ်တွေ တရှိန်ရှိန်ထွက်ပေါ်နေတယ်။

"ကြည့်ပြီး မင်းလုပ်နိုင်တာမှန်သမျှ လုပ်ပါ.. သူ့အသက်ကို ဆွဲဆန့်နိုင်အောင်လုပ်ပါ.."

ဇီရွှမ်က တောင်ကြားသခင်ကို ဓားသွားလိုထက်မြက်တဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်ပြီး ပြောလိုက်တယ်။

တောင်ကြားသခင်က သက်ပြင်းကိုခိုးရှိုက်လိုက်ပြီး လူငယ်လေးကို ဂရုတစိုက်စမ်းသပ်ကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။

"ဒီလူက နှလုံးပျက်စီးရုံတင်မကဘူး ကျန်းချီတွေကပါ အဆိပ်သင့်နေတာပဲ.. အဆိပ်က နှလုံးသွေးကြောကနေ တစ်ကိုယ်လုံးကို ပျံ့သွားပြီ.. ခုချိန်မှာ မိုးနတ်မင်းဆင်းကယ်ရင်တောင် ဒီလူငယ်လေးအသက်ကို မကယ်နိုင်တော့ဘူး.. ဘုန်းတော်ကြီး.. ကျေးဇူးပြုပြီး တခြားလူကို သွားရှာကြည့်ပါ.. ကျွန်တော် ဘာမှလုပ်မပေးနိုင်တော့လို့ အားနာပါတယ်.."

ဇီရွှမ်ရဲ့အမူအယာက မပြောင်းလဲဘူး။ သူ့လက်တွေက နည်းနည်းတုန်ယင်လာပြီး သွေးရောင်ရဲတဲ့မျက်ဝန်းတွေနဲ့ ဒီလူကိုစိုက်ကြည့်ပြီး တစ်ခွန်းပဲပြောလိုက်တယ်။

"သူ့ကိုကယ်ပါ.."

တကယ်လို့ Shenyi တောင်ကြားကသာ ဒီလူငယ်လေးကိုမကယ်နိုင်ရင် ဘယ်နေရာကမှ သူ့ကိုမကယ်နိုင်တော့ဘူး။ လူသတ်တဲ့ဓားကို စွန့်လွှတ်ပြီး ဗုဒ္ဓရဲ့သားတော်အဖြစ် နေပေးပါတဲ့လား...။ ဟာသပဲ..။ တကယ့်ဟာသပဲ..။

ဇီရွှမ်က ပြုံးလိုက်ချင်ပေမယ့် သွေးတစ်လုတ်ပဲ အန်ထုတ်လိုက်မိတယ်။ လူငယ်လေးရဲ့မျက်နှာပေါ် သွေးစင်သွားတာတွေ့တော့ ဇီရွှမ်က သူ့လက်ချောင်းတွေနဲ့ သွေးစက်တွေကိုဖယ်ရှားဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သုတ်လေသုတ်လေ ပိုပေလေဖြစ်နေတယ်။

ရုတ်တရက် တောင်ကြားသခင်က ဇီရွှမ်ရဲ့ကိုယ်က သွေးယိုစီးကျလာတာကို သတိထားမိလို့ နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး ပြောလိုက်တယ်။

"ဘုန်းတော်ကြီး.. ခင်ဗျားရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးချီတွေ ရှိနေပြီထင်တယ်.. ကျွန်တော် ခင်ဗျားကို စစ်ပေးပါ့မယ်.."

"ငါ့ကို မစိုးရိမ်နဲ့.. သူ့ကိုသာ ကယ်စမ်းပါ.. ခင်ဗျား ဘာပေးဆပ်ရသည်ဖြစ်စေ.. သူ့ကို ကယ်ကိုကယ်ရမယ်.."

ဇီရွှမ်က ငြင်းဆန်နေတဲ့ တစ်ဖက်လူရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အားထည့်လိုက်တယ်။ တကယ်လို့ အားသာလွန်သွားရင် အရိုးကျိုးသွားတော့မယ်။

ဇီရွှမ်ရဲ့အမူအယာက ဘယ်လောက်တောင် အကူအညီကင်းမဲ့ပြီး ပူဆွေးနေတယ်ဆိုတာ သူ့ဘာသာ သတိမပြုမိဘူး။ သူ့သွေးနီရောင်မျက်ဝန်းတွေက မျက်ရည်တွေစီးကျနေတယ်။ တောင်ကြားသခင်က အတော်ကြာမှ ကွပ်ပျစ်ပေါ်မှာလှဲနေတဲ့ လူငယ်လေးက ဇီရွှမ့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသွားတော့တယ်။

ဇီရွှမ့်ကိုကြည့်ရတာ ကိုယ်ထဲက မကောင်းဆိုးဝါးချီတွေ ပေါက်ကွဲပြီး အချိန်မရွေးသေဆုံးသွားနိုင်တယ်။ ဒါပေမယ့် သူက သူ့အသက်ကိုတောင် ပဓာနမထားဘဲ လူငယ်လေးရဲ့အသက်ကို မကယ်နိုင်မှာကိုပဲ စိုးရိမ်နေတယ်။ ဇီရွှမ်ရဲ့အသက်နဲ့ လဲရလောက်အောင် ဒီလူငယ်လေးရဲ့အသက်က ထိုက်တန်ပါ့မလားလို့ တောင်ကြားသခင် တွေးနေမိတယ်။ ဒါပေမယ့် ဇီရွှမ်ရဲ့ကြင်နာမှုကိုသတိရပြီး တောင်ကြားသခင်က အံကြိတ်ရင်းပြောလိုက်တယ်။

"ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်.."

သူက ဆေးသေတ္တာဖွင့်ပြီး အပ် ၁၈ ချောင်းနဲ့ အဓိကသွေးကြောမကြီးတွေကို ထိုးစိုက်ပြီး အသက်ဓာတ်ကို ငြိမ်အောင်လုပ်လိုက်တယ်။ တခဏအတွင်း လူငယ်လေးရဲ့မျက်နှာပေါ် သွေးရောင်လွှမ်းလာပြီး ပုံမှန်ပြန်ဖြစ်လာတာကို တွေ့လိုက်ရချိန် ဇီရွှမ်ရဲ့ရင်ဘတ်က ပြင်းထန်တဲ့နာကျင်မှုကို ခံစားလိုက်ရပြီး သူသေသွားတော့မလို လေကို အလုအယက်ပါးစပ်ဟပြီး ရှူရှိုက်လိုက်တော့တယ်။

⛄⛄⛄⛄⛄⛄⛄❄❄❄❄❄❄❄


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now