Arc_ 8.5 Romeo

8.4K 1.1K 1
                                    

Chapter (5)  Fujoshi မမမ်ား၏ အခ်စ္ကို ပိုင္ဆုိင္ျခင္း (zawgyi+Unicode)


က်ိဳးယြင္ရွန႔္ သည္ Ivana ကို ႏႈတ္ဆက္ၿပီး ေစာင္ၿခဳံကာ ပါးစပ္ကို လက္ျဖင့္ပင္အုပ္ထားၿပီး ရယ္ခ်င္စိတ္ကို မနည္းေအာင့္ထားရသည္။ က်ိဳးယြင္ရွန႔္ျဖစ္ျဖစ္ Romeo ပဲျဖစ္ျဖစ္ သူတို႔ႏွစ္ေယာက္လုံး Hayden ဆိုတဲ့  အေကာင္ကို နည္းနည္းေလးေတာင္စိတ္ဝင္စားျခင္းမရွိၾက။
သူ ဒီလို ကိစၥေတြကို လုပ္ေနရတာက ၊ အေမွာင္ထဲကေန လြတ္ေျမာက္ၿပီး ေနေရာင္ေအာက္မွာ ရွင္သန္ခ်င္တယ္ဆိုတဲ့  Romeo ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးဖိုျဖစ္ၿပီး
 Romeo ရဲ႕ မေကာင္းသတင္းအကုန္လုံးကို ေျပာင္းလဲေစၿပီး Romeo အတြက္ ပရိတ္သတ္အနည္းအက်ဥ္း ရေစဖို႔ျဖစ္သည္။ ၿပီးေတာ့
မာနႀကီးေနတဲ့ Hayden ကို ပညာေပးခ်င္ေသာေၾကာင့္ျဖစ္သည္။

Hayden က Romeo ဆံပင္ေတြကို ရိတ္ပစ္ဖို႔အတြက္ ပြဲစီစဥ္သူတစ္ေယာက္ကိုေတာင္ လာဘ္ထိုးခဲ့ၿပီး ၿပိဳင္ပြဲကေနေတာင္ အထုတ္ခံေအာင္ လုပ္ခဲ့ေသာေၾကာင့္ တန္ရာတန္ေၾကးျပန္ရယူေပးရမည္။

Haydenပရိတ္သတ္အေရအတြက္က မ်ားေသာ္လည္း သူဟာ လူသစ္တစ္ေယာက္ျဖစ္တဲ့အတြက္ သူ ပရိတ္သတ္ေတြရဲ႕ အခ်ိန္အေတာ္ၾကာ ႏွစ္သက္မႈကိုရဖို႔ အခ်ိန္လိုအပ္ေသးသည္။

လက္ရွိပရိတ္သတ္ေတြကလည္း အခ်ိန္မေ႐ြး အျခားေမာ္ဒယ္ကို ေျပာင္းႀကိဳက္ႏိုင္ေသးသည္။ Romeo ဒီလို မေကာင္းတဲ့ ေကာင္ေလးပုံမ်ိဳး လုပ္ေနရတာက ဝမ္းနည္းစရာ အေၾကာင္းေတြကို ဖုံးကြယ္ဖို႔ဆိုတာ သူတို႔သိသြားခဲ့လွ်င္ ပရိတ္သတ္ေတြက  Romeo ကို သနားလာၾကမွာ ျဖစ္ၿပီး Romeo ရဲ႕ အြန္လိုင္းမဲအေရ အတြက္ က်ဆင္းေနမႈကလည္း ရပ္သြားႏိုင္သည္။

ၿပိဳင္ပြဲစသည္ႏွင့္ က်ိဳးယြင္ရွန႔္က Hayden နဲ႔  ေဝးေဝး ေရွာင္ေတာ့မည္ျဖစ္သည္။ သို႔ေသာ္ Hayden က သူ႔အေပၚ ဒုကၡေပးေႏွာင့္ယွက္ေတာ့မည္ျဖစ္လို႔ သူတို႔ရဲ႕ အေျခအေနေတြက ေျပာင္းျပန္ေတြ ျဖစ္လာေတာ့မွာေသခ်ာသည္။
အဲ့အခ်ိန္ ပြဲၾကည့္ပရိတ္သတ္ေတြက  ကံၾကမၼာ မ်က္ႏွာသာမေပးေသာ ေၾကာင့္ တစ္ဖက္သတ္အခ်စ္ေတြကို ဖုံးကြယ္ထားရသည့္ အႏွိပ္စက္ခံေကာင္ေလးအေပၚ  ပိုၿပီး သနားၾကင္နာလာၾကမည္ ျဖစ္သည္။ ဒီလို သနားစရာ အသည္းကြဲအခ်စ္ ဇာတ္လမ္းေတြကို  သူတို႔ကိုယ္တိုင္လည္း ခံစားနာၾကင္ခဲ့ရတာျဖစ္လို႔  သူတို႔ ဦးေႏွာက္ေတြ ထဲမွာ  Romeo ရဲ႕ နာၾကင္မႈေတြအတြက္ လြယ္လြယ္ပဲ ကိုယ္ခ်င္းစာႏိုင္ၾကၿပီး Hayden အေပၚ ႐ြံရွာမႈေတြ ခံစားလာၾကမည္မွာ ေသခ်ာသည္။

ၿပီးေတာ့ Romeoရဲ႕ ျဖဴစင္လြန္းတဲ့ ပုံစံ၊ ႐ိုးသားလြန္းတဲ့ စိတ္ေနသေဘာထားမ်ားက Romeo အတြက္ အစြမ္းထက္ဆုံးလက္နက္မ်ားအျဖစ္ အသုံးဝင္လာသည္ေတာ့သည္။ ကိုယ္လုံးကိုယ္ေပါက္ေတာင့္သည့္  ေယာက္်ားႀကီးတစ္ေယာက္က မိတ္ကပ္ေတြျပင္၊ မိန္းမဆန္တဲ့အမူအရာေတြနဲ႔ ဘယ္လိုႏြဲ႕ေႏွာင္းၿပီး သူ႔အမူယာက ဘယ္ေလာက္ သနားစရာေကာင္းေနပါေစ ၊ ပရိတ္သတ္မ်က္လုံးထဲမွာေတာ့ လိင္တူခ်စ္သူေတြကို မမုန္းပါဘူး ဆိုရင္ေတာင္ ျမင္ရတာ  မသက္မသာျဖစ္ခ်င္စရာပင္။

သို႔ေသာ္  ျဖဴစင္႐ိုးသားေသာ ေကာင္ေလးတစ္ေယာက္ သူ႔ရဲ႕
ဒြိဟျဖစ္မႈ၊ နာၾကင္ေနရမႈေတြ ၊ သူ႔ရဲ႕ လိင္တူအခ်စ္အတြက္ အကူအညီကင္းမဲ့ေနျခင္းကို ေဖာ္ျပလိုက္ခ်ိန္မွာေတာ့ သူရဲ႕ ႏူးညံ့ၿပီး မိန္းမဆန္တဲ့ မ်က္ႏွာေလးကို ျမင္ရ႐ုံနဲ႔တင္ သူရဲ႕ပုံက ကိုးယို႔ကားယားျဖစ္ေနရင္ေတာင္  ႏွလုံးသား မာေၾကာလွပါတယ္ ဆိုတဲ့ လူေတာင္မွ ခ်စ္စရာေကာင္းတဲ့စိတ္ထားေလးကို  ရႈံ႕ခ်ႏိုင္ေတာ့မည္မဟုတ္ေတာ့ေပ။ လိင္တူခ်စ္သူေတြကို မုန္းတီးေနသူေတြ ရႈံ႕ခ်ေနမွာ ရွိေပမယ့္ သူ႔တို႔စိတ္ထားနဲ႔ သူတို႔ဖာသာ သြားလိမ့္မည္။ ဒါက Romeo ရဲ႕ ႏွစ္လိုဖြယ္ပုံရိပ္ကို သက္ေရာက္ႏိုင္မည္ မဟုတ္ေပ။


ဘာပဲျဖစ္ျဖစ္ ဒီအပိုင္းလႊင့္ၿပီးသည္ႏွင့္ Romeo ၏ အေျခအေနေတြ သိသိသာသာပင္ ေကာင္းလာမည္ဟု က်ိဳးယြင္ရွန႔္ ႀကိဳတြက္ထားသည္။

ေနာက္တစ္ေန႔တြင္ ၿပိဳင္ပြဲဝင္အကုန္လုံး ဒိုင္မ်ား၏ ဆုံးျဖတ္ေဝဖန္မႈကို နားေထာင္ရန္အတြက္ စတူဒီယိုသို႔ သြားၾကရသည္။ အစီအစဥ္ေၾကျငာသူ Ariel (ေအရီရယ္) က အကုန္လုံးကို ေႏြးေႏြးေထြးေထြးႏႈတ္ဆက္ၿပီးသည္ႏွင့္ ဒီတစ္ေခါက္ၿပိဳင္ပြဲရဲ႕ ဆုကို ေၾကျငာေပးလိုက္သည့္အခါမွေတာ့ ၿပိဳင္ပြဲဝင္အကုန္ ပါးစပ္အေဟာင္းသားႏွင့္ ျဖစ္ကုန္ရသည္။

"တို႔ေတြ မင္းတို႔ကို ေျပာဖို႔ေမ့သြားတယ္ ။  ဒီတစ္ပတ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးဓာတ္ပုံကို MOT ဖုန္းကုမၸဏီရဲ႕ ေၾကာ္ျငာပိုစတာအျဖစ္ သုံးမွာျဖစ္ၿပီး သူတို႔ရဲ႕ အေရာင္းျပခန္းေတြမွာပါ ျပထားမွာျဖစ္တယ္။ဒါေၾကာင့္ MOT ဖုန္းကို သုံးစြဲသူအားလုံး မင္းတို႔ရဲ႕ မ်က္ႏွာေတြကို ျမင္သြားၾကေတာ့မွာ။ ဒါ  စိတ္လႈပ္ရွားစရာမေကာင္းဘူးလား ?"

Ariel  က  သူမလက္ေတြကိုေျမႇာက္ၿပီး အသံက်ယ္က်ယ္ႏွင့္ ေျပာျပလိုက္သည္။ ၿပိဳင္ပြဲဝင္အားလုံး ေပ်ာ္႐ႊင္စြာေအာ္ဟစ္ လိုက္ၾကသည္။

ဘယ္သူက စိတ္မလႈပ္ရွားပဲ ေနမွာလဲ။ ဒီကမာၻမွာ  စတိုင္က်လွပတဲ့ ဖုန္း အသစ္အဆန္းေတြကို MOT ကခ်ည္း ထုတ္တာျဖစ္ၿပီး ဒီဖုန္းကိုဝတ္ဖို႔ လူေသာင္းခ်ီက ဆိုင္ေရွ႕ တန္းစီ ေစာင့္ေနရသည္။ ဒါေၾကာင့္ ဒီအပိုင္းမွာ ႏိုင္တဲ့ ဘယ္သူမဆို နာမည္ႀကီး မွာ ေသခ်ာလို႔  ၿပိဳင္ပြဲဝင္တိုင္း  ေမွ်ာ္လင့္ခ်က္မ်ား ျပည့္ေနၾကသည္။

မေန႔ညက က်ိဳးယြင္ရွန႔္ရဲ႕ ရင္ဖြင့္စကားအၿပီးမွာ ႐ိုက္ကူးေရးအဖြဲ႕သားမ်ားသည္ Romeo အေပၚ သိသိသာသာပင္  ႏွစ္သက္လာၾကသည္။ သူတို႔ Romeo င့္ နီးႏိုင္သမွ် နီးနီးကို ကပ္ေနၾကေတာ့သည္။ Romeo ရဲ႕လွပတဲံမ်က္ဝန္းမ်ားတြင္ ပင္လယ္ျပင္ကဲ့သို႔ ျပာလဲ့ေတာက္ပေသာအေရာင္ရွိၿပီး မ်က္ႏွာက မင္သက္ခ်င္စရာ ခ်စ္စရာေကာင္းလွသည့္အျပင္ သူက ခံစားခ်က္ေတြေၾကာင့္ လမ္းေပ်ာက္ေနၿပီး အင္အားနည္းတဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္သည့္ အတြက္  ၊ ႐ိုက္ကူးေရးအဖြဲ႕သားမ်ား က သူ႔ကို ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ေပးခ်င္ခဲ့ၾကသည္။

Ariel သည္ ၿပိဳင္ပြဲဝင္ တစ္ဦးၿပီး တစ္ဦးကို စင္ေပၚသို႔ ေခၚၿပီး သူတို႔ရဲ႕ အေကာင္းဆုံး ဓာတ္ပုံမ်ားကို ေဝဖန္၊ ဆုံးျဖတ္ျပေနသည္။ ဒိုင္သုံးဦး အနက္ Ariel သည္ ေက်ာ္ၾကားေသာ ေမာ္ဒယ္လ္တစ္ဦး ၊ Jeffrey က ကမာၻ႔အေတာ္ဆုံး ေလွ်ာက္လမ္းနည္းျပတစ္ဦး ျဖစ္ၿပီး Eureka ကေတာ့ ျပည့္သူ႔ဆက္ဆံေရးတြင္ ကြၽမ္းက်င္ပညာရွင္တစ္ဦးျဖစ္ၿပီး နာမည္ႀကီး ဖက္ရွင္ကုမၼဏီတစ္ခုကို ထူေထာင္ခဲ့သူလည္း ျဖစ္သည္။ ဒီ ဖက္ရွင္နယ္ပယ္မွာ ဆိုရင္ျဖင့္ သူတို႔သုံးဦးလုံးသည္ လူသိမ်ား ေက်ာ္ၾကားသူမ်ား ျဖစ္ၾကသည္။ သူတို႔၏ ဆုံးျဖတ္ေဝဖန္ခ်က္မ်ားသည္ လုံးဝကြၽမ္းက်င္ေသာ္လည္း ျပင္းထန္လြန္းလွသည္။ ေကာင္းေကာင္းမလုပ္ႏိုင္ေသာ ၿပိဳင္ပြဲဝင္မ်ားကိုလည္း ေလ်ာ့ေပါ့ အားေပးျခင္းမရွိၾကေပ။

ဒီအခ်က္သည္ပင္ ႐ိုက္ကူးေရးသမားမ်ားက လိုခ်င္ေသာအရာျဖစ္သည္။
'The Next SuperModel ' ၿပိဳင္ပြဲသည္ စိတ္အပန္းေျဖပုံစံမ်ိဳးမဟုတ္ပဲ အႏိုင္ရဖို႔ ႀကိဳးစားရွင္သန္ရသည့္ စစ္ပြဲပုံစံမ်ိဳးသာ ျဖစ္ေစခ်င္သည္။

Romeo အလွည့္ေရာက္သည့္အခ်ိန္ Ariel   ဓာတ္ပုံကို ဖြင့္ျပခ်ိန္မွာေတာ့ Jeffrey ႏွင့္ Eurekaတို႔၏ မ်က္ႏွာမ်ား အနည္းငယ္ေျပာင္းလဲသြားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ Ariel  ဖြင့္ျပေသာ ဓာတ္ပုံမ်ားသည္ သူတို႔သုံးဦးလုံး ေ႐ြးထားေသာ Romeo ၏ အေကာင္းဆုံးဓာတ္ပုံ မဟုတ္ခဲ့ေပ။

Ariel  ဒီဓာတ္ပုံကို လဲခဲ့တာမွန္ရင္  သူမရည္႐ြယ္ခ်က္က ဘာမ်ားလဲ?

သူတို႔ ႐ုပ္သားျပင္ေပၚက Romeo ရဲ႕ပုံကို ၾကည့္လိုက္သည့္အခ်ိန္ ဓာတ္ပုံထဲမွာ အျပစ္ေသးေသးေလးတစ္ခုကို ေတြ႕လိုက္ေသာေၾကာင့္ Ariel ရည္႐ြယ္ခ်က္ကို  က်န္ႏွစ္ေယာက္ နားလည္လိုက္သည္။ သူမက Romeo ကို အလဲထိုးခ်င္ေနသည့္အတြက္ Romeo ကို မထုတ္ႏိုင္ခဲ့လွ်င္ေတာင္မွ နံပါတ္တစ္ ေနရာကို မေပးခ်င္ေပ။

ဘာေၾကာင့္လဲဆိုေတာ့  Ariel  က လက္ရွိ Valentine Brown (Hayden ၏ ဖခင္ျဖစ္သူ ) ျပဳလုပ္သည့္  ေႏြဦးရာသီ ဖက္ရွင္ျပပြဲတြင္ ပင္တိုင္ေမာ္ဒယ္လ္ျဖစ္ရာ သဘာဝက်က်ပင္  Hayden ကို မ်က္ႏွာသာေပးျခင္းျဖစ္သည္။

ဒါ လိမ္လည္လွည့္ဖ်ားတာပဲ။

 တျခား ဒိုင္ႏွစ္ေယာက္က မေက်နပ္ေသာ္လည္း အစီအစဥ္တစ္ခုလုံး၏ ဂုဏ္သိကၡာအရ သည္းခံေန႐ုံကလြဲ၍ ဘာမွ မလုပ္ႏိုင္ေတာ့ေပ။ ဒါေပမယ့္ Ariel  ပါးစပ္ေတာင္ မဟေသးခင္မွာပဲ Jeffreyက ဝင္၍ ခ်ီးမြန္းလိုက္သည္။

"ကိုယ္ ဒီဓာတ္ပုံကို အရမ္း အရမ္းကို ႀကိဳက္တယ္။ မင္း ေလဟာနယ္ထဲက သံဖရိန္ေတြ အလယ္မွာ ေနရာယူလိုက္တာနဲ႔ တျခားကမာၻတစ္ခုကို ေရာက္သြားသလိုပဲ ။ ဒါက တကယ္မဟုတ္ေပမဲ့ တကယ္လိုမ်ိဳးခံစားရတယ္။ ခ်ာတိတ္ေလး... မင္း ဒီလိုပုံစံကို ဘယ္လိုလုပ္ခဲ့တယ္ဆိုတာ ကိုယ္ အခုထိ မသိေပမယ့္ ေလထဲမွာ အေကာင္းဆုံး ကိုယ္ဟန္ျပႏိုင္ခဲ့တယ္။ ဒီပုံက အရမ္းကိုလွတယ္။ "

ဖန္သားျပင္ screen ေပၚမွာ ေကာင္ေလးတစ္ေယာက္က ညာလက္နဲ႔ ဖုန္းကို ကိုင္ထားၿပီး ဘယ္လက္က ေမးကိုလက္နဲ႔ေထာက္ထားတယ္။ သူက မျမင္ရတဲ့ ဆိုဖာႀကီးေပၚထိုင္ေနၿပီး သူ႔မ်က္ႏွာက အထက္ကို ေမာ့လို႔ မာနႀကီးသလို ထင္ရသည္။ ဒါေပမယ့္  ပလက္တီနမ္ေရာင္  ဆံပင္ဖ်ားေလးက  သူ႔မ်က္လုံးကို  မထိတထိနဲ႔ လာထိေနလို႔ သူက ယားက်ိက်ိျဖစ္ၿပီး မ်က္လုံးတို႔ကို ေမွးစင္းထားရေလသည္။
ဒါေၾကာင့္ သူ႔မ်က္လုံးမ်ားထဲမွာ နည္းနည္းစိတ္ရႈပ္ေနပုံေပၚၿပီး တည္တည္တံ့တံ့ပုံစံေလးထက္ မ်က္ႏွာမ်ားတဲ့ ခပ္ဆိုးဆိုး ခ်ာတိတ္ေလးပုံေပါက္ေနသည္။ သူက တကယ္ကို ေၾကာင္ေပါက္စေလး တစ္ေကာင္နဲ႔တူၿပီး ခုခ်က္ခ်င္း ဆိုဖာေပၚက ဆင္းၿပီး သူ႔အၿမီးေလးကို လိုက္ဖမ္းေဆာ့ေတာ့မလို ၾကည့္ရသူကို ခံစားရေစသည္။

ဒီဓာတ္ပုံတြင္ Romeo ၏ ဆြဲေဆာင္မႈသည္ မထင္မွတ္ထားေသာ ရႈ႕ေထာင့္တစ္ခုဆီကို ေျပာင္းေနေသာေၾကာင့္   Jeffrey က ဓာတ္ပုံကို ၾကည့္ေလေလ သူတို႔နဂိုက ေ႐ြးထားေသာ ပုံထက္ ပိုသေဘာက်ေလေလျဖစ္ၿပီး  သူဟာ ထပ္တလဲလဲပင္ ခ်ီးက်ဴးေနေတာ့သည္။

"ကိုယ္  မင္းကို အမွတ္ျပည့္ေပးတယ္..."

Eureka လည္း ဒီဓာတ္ပုံ၏ ဆြဲေဆာင္မႈကို ခံစားရၿပီး ေလထဲမွာ ေဘာပင္နဲ႔ '10' ဟုေရးျပကာ ထိုင္ေနရာမွ ေရွ႕ကိုကိုင္းလိုက္ၿပီး  Romeo  ၏ မ်က္လုံးမ်ားကို ေသခ်ာစိုက္ၾကည့္ေနသည္။

"အရမ္းေကာင္းတယ္ ။ အမွန္အတိုင္းေျပာရရင္ ဒါ အစ္မအႀကိဳက္ဆုံး ဓာတ္ပုံပဲ။ မင္း ဆံပင္ေလးေတြၾကား ျဖတ္သြားတဲ့ ေလညႇင္းေလးနဲ႔
မင္း မ်က္လုံးထဲမွာ ထင္ဟပ္ေနတဲ့ ၾကယ္လို ေတာက္ပမႈကေလးေတြ အကုန္လုံးက မင္း ေဖာ္ျပခ်င္တဲ့ ခမ္းနားမႈေတြပဲလို႔  အစ္မ ခံစားလို႔ရေနတယ္ ။ တကယ္ ဒီလိုအထက္တန္းက်တဲ့ဖုန္းမ်ိဳးက မင္းလို စမတ္အက်ဆုံး ေကာင္ေလးမ်ိဳးနဲ႔ တကယ့္ကို လိုက္ဖက္တယ္။ မင္းပုံက  အရမ္းစတိုင္က်လြန္းလို႔ အစ္မျဖင့္ ၾကည့္လို႔ကို မဝႏိုင္ဘူး ။ "

Ariel အၿပဳံးတို႔က ေတာင့္တင္းသြားေလသည္။ ဒိုင္ႏွစ္ေယာက္လုံးက ဒီလိုအမွတ္ေကာင္းေကာင္းေတြ ေပးလိုက္ေတာ့ သူမ Romeo ကို မေကာင္းေျပာေတာ့မယ္ဆိုရင္  အႏုပညာကို မခံစားတတ္သူ လို႔ အထင္ခံရၿပီး ထူးဆန္းသြားလိမ့္မည္။ သူမ အခ်ိန္အနည္းငယ္ အျပစ္ရွာၿပီးေနာက္  ခပ္ျမန္ျမန္ ေတြးၿပီး  Romeo ဓာတ္ပုံအေပၚ ခ်ီးက်ဴးေပးေလသည္။ သို႔ေသာ္ အလင္းအေမွာင္ယူပုံကို အျပစ္ရွာၿပီးေနာက္ Romeo ကို ရွစ္မွတ္ ေပးလိုက္ေတာ့သည္။

 ဖန္သားျပင္တြင္ အြန္လိုင္းရမွတ္တို႔ကို ျပေသာအခါ သိပ္မေကာင္း လွေသာ္လည္း အရင္အပတ္မ်ားထက္စာလွ်င္ေတာ့ နည္းနည္း တက္လာေလသည္။ ဒီတစ္ပတ္ ႐ိုက္ကူးထားသည့္ အပိုင္းက မျပသေသးရင္ေတာင္မွ ပရိတ္သတ္ေတြက ေနာက္ဆုံးထြက္ရွိထားေသာ ဓာတ္ပုံမ်ားကို ၾကည့္ကာ ၿပိဳင္ပြဲဝင္အကုန္လုံးကို အြန္လိုင္းမဲေပးခြင့္ ရွိၾကသည္။

သူတို႔က Romeo ရဲ႕ ဝန္ခံမႈေတြကို မျမင္ရေသးသည့္အတြက္ သူ႔အေပၚ မႏွစ္သက္ေသးသျဖင့္   Romeo ရဲ႕ ဓာတ္ပုံက ဘယ္ေလာက္ေကာင္းေနပါေစ သူတို႔က အမွတ္ေကာင္းေကာင္း ေပးခ်င္စိတ္မရွိၾကေပ။  ေနာက္ဆုံး စစ္တမ္းေတြအရ ဖက္ရွင္ေလာကဆိုတာ လူတစ္ေယာက္ရဲ႕ ႐ုပ္ရည္နဲ႔ၾကည့္ေကာင္းမႈကို ေရာင္းခ်ရသည့္ နယ္ပယ္တစ္ခုျဖစ္သည္။


ေနာက္တြင္ Ariel သည္ Emily ႏွင့္ Hayden တို႔ကို  တစ္ေယာက္ၿပီးတစ္ေယာက္ ေခၚဆိုၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကိုပင္  စေနာက္ေနေသးသည္။ ၿပီးေတာ့ သူတို႔၏ ဓာတ္ပုံေတြကို ခ်ီးမႊမ္းကာ သူတို႔ႏွစ္ဦးလုံး ေနာက္တစ္ဆင့္ ေအာင္ျမင္သြားေအာင္ လုပ္ေပးခဲ့သည္။

သူတို႔၏ ဓာတ္ပုံေတြက တကယ္ပင္ ေကာင္းေနေတာ့ Jeffrey ႏွင့္ Eureka မွာ တရားနည္းက်ေသာ သူမ်ားျဖစ္သည့္အတြက္  Emily ကို  ကိုးမွတ္ ႏွင့္ Hayden  ကို ရွစ္မွတ္ေပးကာ ၊ ေနာက္တစ္ေယာက္က  Emily ကို ရွစ္မွတ္ႏွင့္ Hayden  ကို ခုနစ္မွတ္ အသီးသီးေပးခဲ့ၾကသည္။

သူတို႔ႏွစ္ေယာက္လုံးရဲ႕ အြန္လိုင္းရမွတ္တို႔သည္ Romeo ထက္ မ်ားေနၿပီး ေနာက္ဆုံး ရလဒ္ေတြကို ႏႈိင္းယွဥ္အၿပီးတြင္ အမ္မလီသည္ ပထမရ၍ Romeo သည္ ဒုတိယ ရခဲ့သည္။ ဒါေၾကာင့္ သူမပုံတို႔သည္ MOT အေရာင္းျပခန္းမ်ားတြင္ ျပသခြင့္ရေတာ့မည္ျဖစ္သည္။

ၿပိဳင္ပြဲဝင္အားလုံး သူမကို ေပြ႕ဖက္ကာ ဂုဏ္ျပဳၾကေသာ္လည္း Romeo ႏွင့္ Ivana တို႔က အေဝးမွာပင္ ရပ္ေနခဲ့ၾကသည္။ ကင္မရာသမားေတြ သူတို႔ႏွစ္ဦးကို ႐ိုက္ေနခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးလုံး၏ အမူအရာမ်ားသည္ တည္ၿငိမ္ေနၾကသည္ကို ေတြ႕ရွိခဲ့ရသည္။

ဗီလာကို ျပန္ေရာက္ၾကခ်ိန္တြင္ ၊ Hayden က သူ႔ခ်စ္သူ ေကာင္မေလးအတြက္ ပါတီပြဲက်င္းပေပးခဲ့သည္။  Ivana က သူမအခန္းေဖာ္ကို ႏွင္ထုတ္လိုက္ၿပီး Romeo ကို ေနေစကာ ေရမိုးခ်ိဳး သန႔္စင္ၿပီးသည္ႏွင့္ သူတို႔ႏွစ္ဦးလုံး အိပ္ရာဝင္ခဲ့ၾကသည္။
ဘာေၾကာင့္လဲဆိုေတာ့  ၿပိဳင္ပြဲမရွိေသာအခ်ိန္မ်ားတြင္  သူတို႔အတြက္ ျပင္းထန္ေသာ ထရိန္နင္တို႔က အၿမဲေစာင့္ႀကိဳေနေသာေၾကာင့္ ျဖစ္သည္။ ဒီၿပိဳင္ပြဲႀကီးၿပီးသည္ႏွင့္သူတို႔က အရည္ခ်င္းျပည့္ဝေသာ ေမာ္ဒယ္မ်ားျဖစ္လာမွ အျခားလူမ်ားက သူတို႔ကိုလာေရာက္ဌားရမ္း ၾကမည္ျဖစ္သည္။


ထရိန္နင္ဒုတိယေျမာက္ေန႔တြင္ သူတို႔ႏွစ္ဦးလုံးက အားအင္အျပည့္ႏွင့္ တက္တက္ႂကြႂကြရွိေနေသာ္လည္း တျခားသူမ်ားကေတာ့ ပ်င္းရိေနခဲ့သည္အတြက္ Jeffrey အေတာ္ကို ဆူေနရသည္။

တစ္ဖက္တြင္ေတာ့ အစီအစဥ္သည့္ပုံမွန္အခ်ိန္အတိုင္း ထုတ္လႊင့္ေနၿပီျဖစ္သည္။ ၿပိဳင္ပြဲဝင္မ်ားက ဖုန္းသုံးခြင့္မရွိ၊ အင္တာနက္ သုံးခြင့္မရွိသလို ၊ ျပင္ပေလာကႀကီးႏွင့္ပါ အဆက္အသြယ္ျဖတ္ထားသည့္အတြက္ ၾကည့္ရႈသူမ်ား သူတို႔အေပၚ ဘယ္လိုထင္ျမင္သလဲဆိုတာ မသိၾကေပမယ့္ က်ိဳးယြင္ရွန႔္ က ထိုအထဲ မပါဝင္ေပ။ သူက ေရ  ေရခ်ိဳးကန္ထဲ စိမ္ေနရင္း AI ကို ဖြင့္ကာ 'The Next Superstar Model ' official websiteထဲသို႔ ဝင္လိုက္သည္။

"Oh. My. God ... Romeo ရယ္ မငိုလိုက္ပါနဲ႔ ။ ေဘဘီငိုတာ ျမင္ရတာ ငါ့ရင္ေတြ ကြဲေတာ့မွာပဲ။ ငါ တီဗီထဲ ေျပးဝင္ၿပီး ဖက္ေပးခ်င္လိုက္ေတာ့တယ္ေနာ္။ သူက Hayden ကို ဂ႐ုစိုက္ေပးေနေပမဲ့ အထင္လြဲခံရၿပီး အမုန္းခံေနရတာ။ အဲ့ဒီ Hayden  မေကာင္းတဲ့အေကာင္ "

အေမတစ္ေယာက္လို ခံစားၿပီး ခ်စ္ခင္ေသာ ပရိတ္သတ္တစ္ေယာက္ဆီက ထင္ျမင္ခ်က္ေရးထားသည္ စာျဖစ္သည္။

"ခ်စ္ဖို႔ေကာင္းလိုက္တာ ! ကမာၻေပၚမွာ ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ သူ ဘယ္နား သြားရွာရမလဲ ? ငါ  Romeo ကို ငါရဲ႕ခ်စ္စရာ ရည္းစားအျဖစ္သာ သိမ္းထားလိုက္ ခ်င္ေတာ့တယ္။ ေဒၚလာ တစ္သန္းလာေပးရင္ေတာင္  သူ႔ကို လုံး၀ မစြန႔္လႊတ္ႏိုင္ဘူး "

ဒါကေတာ့ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္က ပို႔သည့္ ခံစားခ်က္ဗီဒီယိုျဖစ္ၿပီး Romeo ကို အေသရရ အရွင္ရရ လိုခ်င္သည့္ ေဂးပရိတ္သတ္အသစ္လို႔ ဆိုရမည္ပင္။

"Romeo က အခုမွ ကေလးပဲရွိေသးတာ ၊ ဒီလို ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့ အစီအစဥ္မွာ ရပ္တည္ဖို႔အတြက္ တအား ငယ္ေသးတယ္ ။အခုေတာ့ သူ႔ဘဝက ဝံပုေလြအုပ္ထဲ ပစ္ခ်ခံရတဲ့ သိုးတစ္ေကာင္လိုပဲ ၊ အားလုံးက သူ႔ကို သတ္မလို ျဖတ္မလို ဝိုင္းေနၾကတာ။ ဒါေၾကာင့္ သူျပန္ခုခံတာ ဘာထူးဆန္းလို႔လဲ။  ငါေတာ့ သူ႔ကို သနားလြန္းလို႔ ေသေတာ့မွာပဲ ။ သူ ခုံေပၚမွာ က်ဳံ႕က်ဳံ႕ေလးထိုင္ၿပီး ေၾကာက္႐ြံ႕ေနရတဲ့ပုံကိုျမင္ေယာင္မိတိုင္း စိတ္ပူၿပီး  ငါ မ်က္ရည္ေတာင္က်လာတယ္။ သူ႔ကို အဲ့ၿပိဳင္ပြဲႀကီးက ထြက္ေစခ်င္ေပမဲ့ အဆုံးထိလည္း ၿပိဳင္ေစခ်င္ေသးတယ္! ငါ ဘာဆက္လုပ္ရမွန္း မသိေတာ့ဘူး။ "

ဒါက စိတ္ထိခိုက္ ခံစားလြယ္လြန္းေသာ ပရိတ္သတ္ဆီမွ မွတ္ခ်က္ျဖစ္သည္။

"ဒါနဲ႔  အားလုံး သတိထားမိၾကလား? Ariel က သူ႔ကို ရွစ္မွတ္ပဲ ေပးတယ္ဆိုတာေလ ။ ဒါလုံး၀ မျဖစ္သင့္ဘူး။ ဘယ္လိုၾကည့္ၾကည့္ သူ႔ပုံက Hayden ေရာ ၊ Emilyထက္ အဆမ်ားစြာသာတယ္ ! သူ႔ပုံက ဒီတစ္ေခါက္ပြဲမွာ  အေကာင္းဆုံးပဲ "

ဒါက မေက်မနပ္ျဖစ္ေနေသာ ပရိတ္သတ္ဆီမွ မွတ္ခ်က္ျဖစ္သည္။

ဤသို႔ျဖင့္ ေဆြးေႏြးေျပာဆိုလို႔ရသည့္ အြန္လိုင္းစာမ်က္ႏွာႀကီးေပၚတြင္ အြန္လိုင္းပရိတ္သတ္အေပါင္းတို႔၏ မွတ္ခ်က္က ဆက္တိုက္ေပၚေပါက္လာေတာ့သည္။


"မင္းတို႔ ေမ့ေနၾကၿပီလား ? ဒီပုံကို Ariel ေပးတဲ့ ရွစ္မွတ္ဆိုတာက သူ႔ကို ဒီတစ္ေခါက္အမွတ္နည္းနည္းေလ်ာ့႐ုံတာျဖစ္ေပမယ့္
သူ ဒုတိယရတာ အြန္လိုင္းမဲအေရအတြက္ေၾကာင့္ပဲ !
ငါလည္း သူ႔ပုံကို အေကာင္းဆုံးလို႔ ထင္ေပမဲ့ သူစ႐ိုက္ကို မႀကိဳက္လို႔ မဲ မေပးခဲ့မိဘူး။ ငါ ဘယ္လိုေတာင္ ႐ူးမိုက္လိုက္လဲ?! "

စသျဖင့္ ပရိတ္သတ္တစ္ေယာက္က သတိေပးေလသည္။ ထို႔ေနာက္  လူေပါင္းမ်ားစြာ တန္းစီ၍ ႐ူးသြပ္စြာျဖင့္ ကြန္မန႔္မ်ား အ႐ူးမူးေရး ၾကေတာ့သည္။


Romeo သည္ ႐ိုသားျဖဴစင္ၿပီး ငယ္႐ြယ္လြန္းေသာ ခ်ာတိတ္တစ္ေယာက္သာ ျဖစ္သည္။ မ်က္လုံးေတြ၊ ႏွာေခါင္း ေတြ နီရဲေအာင္  ဆံပင္စုတ္ဖြားေလးႏွင့္ ထိုင္ငိုသည္ကို ျမင္သူတိုင္း သနားၾကၿပီး ေပြ႕ဖက္ႏွစ္သိမ့္ေပးခ်င္ၾကသည္။ ဒီလိုပုံစံေလးကို ဘယ္သူက ေဝဖန္ရက္ဦးမွာတဲ့လဲ ?

ထို႔ေနာက္ Romeo ၏ အြန္လိုင္းမဲအေရအတြက္သည္ Hayden ႏွင့္ Emilyကို ေက်ာ္တက္သြားၿပီး ပထမေနရာ တန္းေရာက္သြားသည့္အျပင္
 A ႏိုင္ငံရွိ Fujoshi မမမ်ား၏ သည္းသည္းလႈပ္အခ်စ္ေတာ္ေလးေနရာကို  ရသြားေတာ့သည္။ Ivana  လည္း က်ိဳးယြင္ရွန႔္ကို ေပြ႕ဖက္ႏွစ္သိမ့္ေပးသည့္အျပင္ သူမပါ လိင္တူခ်စ္သူျဖစ္ေၾကာင့္ ဝန္ခံခဲ့သည့္အတြက္ နံပါတ္ေလးေနရာ ေရာက္သြားခဲ့သည္။

သူတို႔ႏိုင္ငံက  လြတ္လပ္ပြင့္လင္းေသာ ႏိုင္ငံျဖစ္သည့္အတြက္ အမွန္တရားကို ရင္ဆိုင္ဖို႔ သတၱိရွိေလ ပရိတ္သတ္အခ်စ္ကို ရရွိေလ ျဖစ္သည္။


==================

Chapter (5)  Fujoshi မမများ၏ အချစ်ကို ပိုင်ဆိုင်ခြင်း(zawgyi+Unicode)


ကျိုးယွင်ရှန့် သည် Ivana ကို နှုတ်ဆက်ပြီး စောင်ခြုံကာ ပါးစပ်ကို လက်ဖြင့်ပင်အုပ်ထားပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ကျိုးယွင်ရှန့်ဖြစ်ဖြစ် Romeo ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး Hayden ဆိုတဲ့  အကောင်ကို နည်းနည်းလေးတောင်စိတ်ဝင်စားခြင်းမရှိကြ။
သူ ဒီလို ကိစ္စတွေကို လုပ်နေရတာက ၊ အမှောင်ထဲကနေ လွတ်မြောက်ပြီး နေရောင်အောက်မှာ ရှင်သန်ချင်တယ်ဆိုတဲ့  Romeo ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖိုဖြစ်ပြီး
 Romeo ရဲ့ မကောင်းသတင်းအကုန်လုံးကို ပြောင်းလဲစေပြီး Romeo အတွက် ပရိတ်သတ်အနည်းအကျဉ်း ရစေဖို့ဖြစ်သည်။ ပြီးတော့
မာနကြီးနေတဲ့ Hayden ကို ပညာပေးချင်သောကြောင့်ဖြစ်သည်။

Hayden က Romeo ဆံပင်တွေကို ရိတ်ပစ်ဖို့အတွက် ပွဲစီစဉ်သူတစ်ယောက်ကိုတောင် လာဘ်ထိုးခဲ့ပြီး ပြိုင်ပွဲကနေတောင် အထုတ်ခံအောင် လုပ်ခဲ့သောကြောင့် တန်ရာတန်ကြေးပြန်ရယူပေးရမည်။

Haydenပရိတ်သတ်အရေအတွက်က များသော်လည်း သူဟာ လူသစ်တစ်ယောက်ဖြစ်တဲ့အတွက် သူ ပရိတ်သတ်တွေရဲ့ အချိန်အတော်ကြာ နှစ်သက်မှုကိုရဖို့ အချိန်လိုအပ်သေးသည်။

လက်ရှိပရိတ်သတ်တွေကလည်း အချိန်မရွေး အခြားမော်ဒယ်ကို ပြောင်းကြိုက်နိုင်သေးသည်။ Romeo ဒီလို မကောင်းတဲ့ ကောင်လေးပုံမျိုး လုပ်နေရတာက ဝမ်းနည်းစရာ အကြောင်းတွေကို ဖုံးကွယ်ဖို့ဆိုတာ သူတို့သိသွားခဲ့လျှင် ပရိတ်သတ်တွေက  Romeo ကို သနားလာကြမှာ ဖြစ်ပြီး Romeo ရဲ့ အွန်လိုင်းမဲအရေ အတွက် ကျဆင်းနေမှုကလည်း ရပ်သွားနိုင်သည်။

ပြိုင်ပွဲစသည်နှင့် ကျိုးယွင်ရှန့်က Hayden နဲ့  ဝေးဝေး ရှောင်တော့မည်ဖြစ်သည်။ သို့သော် Hayden က သူ့အပေါ် ဒုက္ခပေးနှောင့်ယှက်တော့မည်ဖြစ်လို့ သူတို့ရဲ့ အခြေအနေတွေက ပြောင်းပြန်တွေ ဖြစ်လာတော့မှာသေချာသည်။
အဲ့အချိန် ပွဲကြည့်ပရိတ်သတ်တွေက  ကံကြမ္မာ မျက်နှာသာမပေးသော ကြောင့် တစ်ဖက်သတ်အချစ်တွေကို ဖုံးကွယ်ထားရသည့် အနှိပ်စက်ခံကောင်လေးအပေါ်  ပိုပြီး သနားကြင်နာလာကြမည် ဖြစ်သည်။ ဒီလို သနားစရာ အသည်းကွဲအချစ် ဇာတ်လမ်းတွေကို  သူတို့ကိုယ်တိုင်လည်း ခံစားနာကြင်ခဲ့ရတာဖြစ်လို့  သူတို့ ဦးနှောက်တွေ ထဲမှာ  Romeo ရဲ့ နာကြင်မှုတွေအတွက် လွယ်လွယ်ပဲ ကိုယ်ချင်းစာနိုင်ကြပြီး Hayden အပေါ် ရွံရှာမှုတွေ ခံစားလာကြမည်မှာ သေချာသည်။

ပြီးတော့ Romeoရဲ့ ဖြူစင်လွန်းတဲ့ ပုံစံ၊ ရိုးသားလွန်းတဲ့ စိတ်နေသဘောထားများက Romeo အတွက် အစွမ်းထက်ဆုံးလက်နက်များအဖြစ် အသုံးဝင်လာသည်တော့သည်။ ကိုယ်လုံးကိုယ်ပေါက်တောင့်သည့်  ယောက်ျားကြီးတစ်ယောက်က မိတ်ကပ်တွေပြင်၊ မိန်းမဆန်တဲ့အမူအရာတွေနဲ့ ဘယ်လိုနွဲ့နှောင်းပြီး သူ့အမူယာက ဘယ်လောက် သနားစရာကောင်းနေပါစေ ၊ ပရိတ်သတ်မျက်လုံးထဲမှာတော့ လိင်တူချစ်သူတွေကို မမုန်းပါဘူး ဆိုရင်တောင် မြင်ရတာ  မသက်မသာဖြစ်ချင်စရာပင်။

သို့သော်  ဖြူစင်ရိုးသားသော ကောင်လေးတစ်ယောက် သူ့ရဲ့
ဒွိဟဖြစ်မှု၊ နာကြင်နေရမှုတွေ ၊ သူ့ရဲ့ လိင်တူအချစ်အတွက် အကူအညီကင်းမဲ့နေခြင်းကို ဖော်ပြလိုက်ချိန်မှာတော့ သူရဲ့ နူးညံ့ပြီး မိန်းမဆန်တဲ့ မျက်နှာလေးကို မြင်ရရုံနဲ့တင် သူရဲ့ပုံက ကိုးယို့ကားယားဖြစ်နေရင်တောင်  နှလုံးသား မာကြောလှပါတယ် ဆိုတဲ့ လူတောင်မှ ချစ်စရာကောင်းတဲ့စိတ်ထားလေးကို  ရှုံ့ချနိုင်တော့မည်မဟုတ်တော့ပေ။ လိင်တူချစ်သူတွေကို မုန်းတီးနေသူတွေ ရှုံ့ချနေမှာ ရှိပေမယ့် သူ့တို့စိတ်ထားနဲ့ သူတို့ဖာသာ သွားလိမ့်မည်။ ဒါက Romeo ရဲ့ နှစ်လိုဖွယ်ပုံရိပ်ကို သက်ရောက်နိုင်မည် မဟုတ်ပေ။


ဘာပဲဖြစ်ဖြစ် ဒီအပိုင်းလွှင့်ပြီးသည်နှင့် Romeo ၏ အခြေအနေတွေ သိသိသာသာပင် ကောင်းလာမည်ဟု ကျိုးယွင်ရှန့် ကြိုတွက်ထားသည်။

နောက်တစ်နေ့တွင် ပြိုင်ပွဲဝင်အကုန်လုံး ဒိုင်များ၏ ဆုံးဖြတ်ဝေဖန်မှုကို နားထောင်ရန်အတွက် စတူဒီယိုသို့ သွားကြရသည်။ အစီအစဉ်ကြေငြာသူ Ariel (အေရီရယ်) က အကုန်လုံးကို နွေးနွေးထွေးထွေးနှုတ်ဆက်ပြီးသည်နှင့် ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ ဆုကို ကြေငြာပေးလိုက်သည့်အခါမှတော့ ပြိုင်ပွဲဝင်အကုန် ပါးစပ်အဟောင်းသားနှင့် ဖြစ်ကုန်ရသည်။

"တို့တွေ မင်းတို့ကို ပြောဖို့မေ့သွားတယ် ။  ဒီတစ်ပတ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဓာတ်ပုံကို MOT ဖုန်းကုမ္ပဏီရဲ့ ကြော်ငြာပိုစတာအဖြစ် သုံးမှာဖြစ်ပြီး သူတို့ရဲ့ အရောင်းပြခန်းတွေမှာပါ ပြထားမှာဖြစ်တယ်။ဒါကြောင့် MOT ဖုန်းကို သုံးစွဲသူအားလုံး မင်းတို့ရဲ့ မျက်နှာတွေကို မြင်သွားကြတော့မှာ။ ဒါ  စိတ်လှုပ်ရှားစရာမကောင်းဘူးလား ?"

Ariel  က  သူမလက်တွေကိုမြှောက်ပြီး အသံကျယ်ကျယ်နှင့် ပြောပြလိုက်သည်။ ပြိုင်ပွဲဝင်အားလုံး ပျော်ရွှင်စွာအော်ဟစ် လိုက်ကြသည်။

ဘယ်သူက စိတ်မလှုပ်ရှားပဲ နေမှာလဲ။ ဒီကမ္ဘာမှာ  စတိုင်ကျလှပတဲ့ ဖုန်း အသစ်အဆန်းတွေကို MOT ကချည်း ထုတ်တာဖြစ်ပြီး ဒီဖုန်းကိုဝတ်ဖို့ လူသောင်းချီက ဆိုင်ရှေ့ တန်းစီ စောင့်နေရသည်။ ဒါကြောင့် ဒီအပိုင်းမှာ နိုင်တဲ့ ဘယ်သူမဆို နာမည်ကြီး မှာ သေချာလို့  ပြိုင်ပွဲဝင်တိုင်း  မျှော်လင့်ချက်များ ပြည့်နေကြသည်။

မနေ့ညက ကျိုးယွင်ရှန့်ရဲ့ ရင်ဖွင့်စကားအပြီးမှာ ရိုက်ကူးရေးအဖွဲ့သားများသည် Romeo အပေါ် သိသိသာသာပင်  နှစ်သက်လာကြသည်။ သူတို့ Romeo င့် နီးနိုင်သမျှ နီးနီးကို ကပ်နေကြတော့သည်။ Romeo ရဲ့လှပတဲံမျက်ဝန်းများတွင် ပင်လယ်ပြင်ကဲ့သို့ ပြာလဲ့တောက်ပသောအရောင်ရှိပြီး မျက်နှာက မင်သက်ချင်စရာ ချစ်စရာကောင်းလှသည့်အပြင် သူက ခံစားချက်တွေကြောင့် လမ်းပျောက်နေပြီး အင်အားနည်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည့် အတွက်  ၊ ရိုက်ကူးရေးအဖွဲ့သားများ က သူ့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်ခဲ့ကြသည်။

Ariel သည် ပြိုင်ပွဲဝင် တစ်ဦးပြီး တစ်ဦးကို စင်ပေါ်သို့ ခေါ်ပြီး သူတို့ရဲ့ အကောင်းဆုံး ဓာတ်ပုံများကို ဝေဖန်၊ ဆုံးဖြတ်ပြနေသည်။ ဒိုင်သုံးဦး အနက် Ariel သည် ကျော်ကြားသော မော်ဒယ်လ်တစ်ဦး ၊ Jeffrey က ကမ္ဘာ့အတော်ဆုံး လျှောက်လမ်းနည်းပြတစ်ဦး ဖြစ်ပြီး Eureka ကတော့ ပြည့်သူ့ဆက်ဆံရေးတွင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး နာမည်ကြီး ဖက်ရှင်ကုမ္မဏီတစ်ခုကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။ ဒီ ဖက်ရှင်နယ်ပယ်မှာ ဆိုရင်ဖြင့် သူတို့သုံးဦးလုံးသည် လူသိများ ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့၏ ဆုံးဖြတ်ဝေဖန်ချက်များသည် လုံးဝကျွမ်းကျင်သော်လည်း ပြင်းထန်လွန်းလှသည်။ ကောင်းကောင်းမလုပ်နိုင်သော ပြိုင်ပွဲဝင်များကိုလည်း လျော့ပေါ့ အားပေးခြင်းမရှိကြပေ။

ဒီအချက်သည်ပင် ရိုက်ကူးရေးသမားများက လိုချင်သောအရာဖြစ်သည်။
'The Next SuperModel ' ပြိုင်ပွဲသည် စိတ်အပန်းဖြေပုံစံမျိုးမဟုတ်ပဲ အနိုင်ရဖို့ ကြိုးစားရှင်သန်ရသည့် စစ်ပွဲပုံစံမျိုးသာ ဖြစ်စေချင်သည်။

Romeo အလှည့်ရောက်သည့်အချိန် Ariel   ဓာတ်ပုံကို ဖွင့်ပြချိန်မှာတော့ Jeffrey နှင့် Eurekaတို့၏ မျက်နှာများ အနည်းငယ်ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် Ariel  ဖွင့်ပြသော ဓာတ်ပုံများသည် သူတို့သုံးဦးလုံး ရွေးထားသော Romeo ၏ အကောင်းဆုံးဓာတ်ပုံ မဟုတ်ခဲ့ပေ။

Ariel  ဒီဓာတ်ပုံကို လဲခဲ့တာမှန်ရင်  သူမရည်ရွယ်ချက်က ဘာများလဲ?

သူတို့ ရုပ်သားပြင်ပေါ်က Romeo ရဲ့ပုံကို ကြည့်လိုက်သည့်အချိန် ဓာတ်ပုံထဲမှာ အပြစ်သေးသေးလေးတစ်ခုကို တွေ့လိုက်သောကြောင့် Ariel ရည်ရွယ်ချက်ကို  ကျန်နှစ်ယောက် နားလည်လိုက်သည်။ သူမက Romeo ကို အလဲထိုးချင်နေသည့်အတွက် Romeo ကို မထုတ်နိုင်ခဲ့လျှင်တောင်မှ နံပါတ်တစ် နေရာကို မပေးချင်ပေ။

ဘာကြောင့်လဲဆိုတော့  Ariel  က လက်ရှိ Valentine Brown (Hayden ၏ ဖခင်ဖြစ်သူ ) ပြုလုပ်သည့်  နွေဦးရာသီ ဖက်ရှင်ပြပွဲတွင် ပင်တိုင်မော်ဒယ်လ်ဖြစ်ရာ သဘာဝကျကျပင်  Hayden ကို မျက်နှာသာပေးခြင်းဖြစ်သည်။

ဒါ လိမ်လည်လှည့်ဖျားတာပဲ။

 တခြား ဒိုင်နှစ်ယောက်က မကျေနပ်သော်လည်း အစီအစဉ်တစ်ခုလုံး၏ ဂုဏ်သိက္ခာအရ သည်းခံနေရုံကလွဲ၍ ဘာမှ မလုပ်နိုင်တော့ပေ။ ဒါပေမယ့် Ariel  ပါးစပ်တောင် မဟသေးခင်မှာပဲ Jeffreyက ဝင်၍ ချီးမွန်းလိုက်သည်။

"ကိုယ် ဒီဓာတ်ပုံကို အရမ်း အရမ်းကို ကြိုက်တယ်။ မင်း လေဟာနယ်ထဲက သံဖရိန်တွေ အလယ်မှာ နေရာယူလိုက်တာနဲ့ တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပဲ ။ ဒါက တကယ်မဟုတ်ပေမဲ့ တကယ်လိုမျိုးခံစားရတယ်။ ချာတိတ်လေး... မင်း ဒီလိုပုံစံကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကိုယ် အခုထိ မသိပေမယ့် လေထဲမှာ အကောင်းဆုံး ကိုယ်ဟန်ပြနိုင်ခဲ့တယ်။ ဒီပုံက အရမ်းကိုလှတယ်။ "

ဖန်သားပြင် screen ပေါ်မှာ ကောင်လေးတစ်ယောက်က ညာလက်နဲ့ ဖုန်းကို ကိုင်ထားပြီး ဘယ်လက်က မေးကိုလက်နဲ့ထောက်ထားတယ်။ သူက မမြင်ရတဲ့ ဆိုဖာကြီးပေါ်ထိုင်နေပြီး သူ့မျက်နှာက အထက်ကို မော့လို့ မာနကြီးသလို ထင်ရသည်။ ဒါပေမယ့်  ပလက်တီနမ်ရောင်  ဆံပင်ဖျားလေးက  သူ့မျက်လုံးကို  မထိတထိနဲ့ လာထိနေလို့ သူက ယားကျိကျိဖြစ်ပြီး မျက်လုံးတို့ကို မှေးစင်းထားရလေသည်။
ဒါကြောင့် သူ့မျက်လုံးများထဲမှာ နည်းနည်းစိတ်ရှုပ်နေပုံပေါ်ပြီး တည်တည်တံ့တံ့ပုံစံလေးထက် မျက်နှာများတဲ့ ခပ်ဆိုးဆိုး ချာတိတ်လေးပုံပေါက်နေသည်။ သူက တကယ်ကို ကြောင်ပေါက်စလေး တစ်ကောင်နဲ့တူပြီး ခုချက်ချင်း ဆိုဖာပေါ်က ဆင်းပြီး သူ့အမြီးလေးကို လိုက်ဖမ်းဆော့တော့မလို ကြည့်ရသူကို ခံစားရစေသည်။

ဒီဓာတ်ပုံတွင် Romeo ၏ ဆွဲဆောင်မှုသည် မထင်မှတ်ထားသော ရှု့ထောင့်တစ်ခုဆီကို ပြောင်းနေသောကြောင့်   Jeffrey က ဓာတ်ပုံကို ကြည့်လေလေ သူတို့နဂိုက ရွေးထားသော ပုံထက် ပိုသဘောကျလေလေဖြစ်ပြီး  သူဟာ ထပ်တလဲလဲပင် ချီးကျူးနေတော့သည်။

"ကိုယ်  မင်းကို အမှတ်ပြည့်ပေးတယ်..."

Eureka လည်း ဒီဓာတ်ပုံ၏ ဆွဲဆောင်မှုကို ခံစားရပြီး လေထဲမှာ ဘောပင်နဲ့ '10' ဟုရေးပြကာ ထိုင်နေရာမှ ရှေ့ကိုကိုင်းလိုက်ပြီး  Romeo  ၏ မျက်လုံးများကို သေချာစိုက်ကြည့်နေသည်။

"အရမ်းကောင်းတယ် ။ အမှန်အတိုင်းပြောရရင် ဒါ အစ်မအကြိုက်ဆုံး ဓာတ်ပုံပဲ။ မင်း ဆံပင်လေးတွေကြား ဖြတ်သွားတဲ့ လေညှင်းလေးနဲ့
မင်း မျက်လုံးထဲမှာ ထင်ဟပ်နေတဲ့ ကြယ်လို တောက်ပမှုကလေးတွေ အကုန်လုံးက မင်း ဖော်ပြချင်တဲ့ ခမ်းနားမှုတွေပဲလို့  အစ်မ ခံစားလို့ရနေတယ် ။ တကယ် ဒီလိုအထက်တန်းကျတဲ့ဖုန်းမျိုးက မင်းလို စမတ်အကျဆုံး ကောင်လေးမျိုးနဲ့ တကယ့်ကို လိုက်ဖက်တယ်။ မင်းပုံက  အရမ်းစတိုင်ကျလွန်းလို့ အစ်မဖြင့် ကြည့်လို့ကို မဝနိုင်ဘူး ။ "

Ariel အပြုံးတို့က တောင့်တင်းသွားလေသည်။ ဒိုင်နှစ်ယောက်လုံးက ဒီလိုအမှတ်ကောင်းကောင်းတွေ ပေးလိုက်တော့ သူမ Romeo ကို မကောင်းပြောတော့မယ်ဆိုရင်  အနုပညာကို မခံစားတတ်သူ လို့ အထင်ခံရပြီး ထူးဆန်းသွားလိမ့်မည်။ သူမ အချိန်အနည်းငယ် အပြစ်ရှာပြီးနောက်  ခပ်မြန်မြန် တွေးပြီး  Romeo ဓာတ်ပုံအပေါ် ချီးကျူးပေးလေသည်။ သို့သော် အလင်းအမှောင်ယူပုံကို အပြစ်ရှာပြီးနောက် Romeo ကို ရှစ်မှတ် ပေးလိုက်တော့သည်။

 ဖန်သားပြင်တွင် အွန်လိုင်းရမှတ်တို့ကို ပြသောအခါ သိပ်မကောင်း လှသော်လည်း အရင်အပတ်များထက်စာလျှင်တော့ နည်းနည်း တက်လာလေသည်။ ဒီတစ်ပတ် ရိုက်ကူးထားသည့် အပိုင်းက မပြသသေးရင်တောင်မှ ပရိတ်သတ်တွေက နောက်ဆုံးထွက်ရှိထားသော ဓာတ်ပုံများကို ကြည့်ကာ ပြိုင်ပွဲဝင်အကုန်လုံးကို အွန်လိုင်းမဲပေးခွင့် ရှိကြသည်။

သူတို့က Romeo ရဲ့ ဝန်ခံမှုတွေကို မမြင်ရသေးသည့်အတွက် သူ့အပေါ် မနှစ်သက်သေးသဖြင့်   Romeo ရဲ့ ဓာတ်ပုံက ဘယ်လောက်ကောင်းနေပါစေ သူတို့က အမှတ်ကောင်းကောင်း ပေးချင်စိတ်မရှိကြပေ။  နောက်ဆုံး စစ်တမ်းတွေအရ ဖက်ရှင်လောကဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ကြည့်ကောင်းမှုကို ရောင်းချရသည့် နယ်ပယ်တစ်ခုဖြစ်သည်။


နောက်တွင် Ariel သည် Emily နှင့် Hayden တို့ကို  တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပင်  စနောက်နေသေးသည်။ ပြီးတော့ သူတို့၏ ဓာတ်ပုံတွေကို ချီးမွှမ်းကာ သူတို့နှစ်ဦးလုံး နောက်တစ်ဆင့် အောင်မြင်သွားအောင် လုပ်ပေးခဲ့သည်။

သူတို့၏ ဓာတ်ပုံတွေက တကယ်ပင် ကောင်းနေတော့ Jeffrey နှင့် Eureka မှာ တရားနည်းကျသော သူများဖြစ်သည့်အတွက်  Emily ကို  ကိုးမှတ် နှင့် Hayden  ကို ရှစ်မှတ်ပေးကာ ၊ နောက်တစ်ယောက်က  Emily ကို ရှစ်မှတ်နှင့် Hayden  ကို ခုနစ်မှတ် အသီးသီးပေးခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးရဲ့ အွန်လိုင်းရမှတ်တို့သည် Romeo ထက် များနေပြီး နောက်ဆုံး ရလဒ်တွေကို နှိုင်းယှဉ်အပြီးတွင် အမ်မလီသည် ပထမရ၍ Romeo သည် ဒုတိယ ရခဲ့သည်။ ဒါကြောင့် သူမပုံတို့သည် MOT အရောင်းပြခန်းများတွင် ပြသခွင့်ရတော့မည်ဖြစ်သည်။

ပြိုင်ပွဲဝင်အားလုံး သူမကို ပွေ့ဖက်ကာ ဂုဏ်ပြုကြသော်လည်း Romeo နှင့် Ivana တို့က အဝေးမှာပင် ရပ်နေခဲ့ကြသည်။ ကင်မရာသမားတွေ သူတို့နှစ်ဦးကို ရိုက်နေချိန်မှာတော့ သူတို့နှစ်ဦးလုံး၏ အမူအရာများသည် တည်ငြိမ်နေကြသည်ကို တွေ့ရှိခဲ့ရသည်။

ဗီလာကို ပြန်ရောက်ကြချိန်တွင် ၊ Hayden က သူ့ချစ်သူ ကောင်မလေးအတွက် ပါတီပွဲကျင်းပပေးခဲ့သည်။  Ivana က သူမအခန်းဖော်ကို နှင်ထုတ်လိုက်ပြီး Romeo ကို နေစေကာ ရေမိုးချိုး သန့်စင်ပြီးသည်နှင့် သူတို့နှစ်ဦးလုံး အိပ်ရာဝင်ခဲ့ကြသည်။
ဘာကြောင့်လဲဆိုတော့  ပြိုင်ပွဲမရှိသောအချိန်များတွင်  သူတို့အတွက် ပြင်းထန်သော ထရိန်နင်တို့က အမြဲစောင့်ကြိုနေသောကြောင့် ဖြစ်သည်။ ဒီပြိုင်ပွဲကြီးပြီးသည်နှင့်သူတို့က အရည်ချင်းပြည့်ဝသော မော်ဒယ်များဖြစ်လာမှ အခြားလူများက သူတို့ကိုလာရောက်ဌားရမ်း ကြမည်ဖြစ်သည်။


ထရိန်နင်ဒုတိယမြောက်နေ့တွင် သူတို့နှစ်ဦးလုံးက အားအင်အပြည့်နှင့် တက်တက်ကြွကြွရှိနေသော်လည်း တခြားသူများကတော့ ပျင်းရိနေခဲ့သည်အတွက် Jeffrey အတော်ကို ဆူနေရသည်။

တစ်ဖက်တွင်တော့ အစီအစဉ်သည့်ပုံမှန်အချိန်အတိုင်း ထုတ်လွှင့်နေပြီဖြစ်သည်။ ပြိုင်ပွဲဝင်များက ဖုန်းသုံးခွင့်မရှိ၊ အင်တာနက် သုံးခွင့်မရှိသလို ၊ ပြင်ပလောကကြီးနှင့်ပါ အဆက်အသွယ်ဖြတ်ထားသည့်အတွက် ကြည့်ရှုသူများ သူတို့အပေါ် ဘယ်လိုထင်မြင်သလဲဆိုတာ မသိကြပေမယ့် ကျိုးယွင်ရှန့် က ထိုအထဲ မပါဝင်ပေ။ သူက ရေ  ရေချိုးကန်ထဲ စိမ်နေရင်း AI ကို ဖွင့်ကာ 'The Next Superstar Model ' official websiteထဲသို့ ဝင်လိုက်သည်။

"Oh. My. God ... Romeo ရယ် မငိုလိုက်ပါနဲ့ ။ ဘေဘီငိုတာ မြင်ရတာ ငါ့ရင်တွေ ကွဲတော့မှာပဲ။ ငါ တီဗီထဲ ပြေးဝင်ပြီး ဖက်ပေးချင်လိုက်တော့တယ်နော်။ သူက Hayden ကို ဂရုစိုက်ပေးနေပေမဲ့ အထင်လွဲခံရပြီး အမုန်းခံနေရတာ။ အဲ့ဒီ Hayden  မကောင်းတဲ့အကောင် "

အမေတစ်ယောက်လို ခံစားပြီး ချစ်ခင်သော ပရိတ်သတ်တစ်ယောက်ဆီက ထင်မြင်ချက်ရေးထားသည် စာဖြစ်သည်။

"ချစ်ဖို့ကောင်းလိုက်တာ ! ကမ္ဘာပေါ်မှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူ ဘယ်နား သွားရှာရမလဲ ? ငါ  Romeo ကို ငါရဲ့ချစ်စရာ ရည်းစားအဖြစ်သာ သိမ်းထားလိုက် ချင်တော့တယ်။ ဒေါ်လာ တစ်သန်းလာပေးရင်တောင်  သူ့ကို လုံး၀ မစွန့်လွှတ်နိုင်ဘူး "

ဒါကတော့ ခပ်ချောချောကောင်လေးတစ်ယောက်က ပို့သည့် ခံစားချက်ဗီဒီယိုဖြစ်ပြီး Romeo ကို အသေရရ အရှင်ရရ လိုချင်သည့် ဂေးပရိတ်သတ်အသစ်လို့ ဆိုရမည်ပင်။

"Romeo က အခုမှ ကလေးပဲရှိသေးတာ ၊ ဒီလို ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အစီအစဉ်မှာ ရပ်တည်ဖို့အတွက် တအား ငယ်သေးတယ် ။အခုတော့ သူ့ဘဝက ဝံပုလွေအုပ်ထဲ ပစ်ချခံရတဲ့ သိုးတစ်ကောင်လိုပဲ ၊ အားလုံးက သူ့ကို သတ်မလို ဖြတ်မလို ဝိုင်းနေကြတာ။ ဒါကြောင့် သူပြန်ခုခံတာ ဘာထူးဆန်းလို့လဲ။  ငါတော့ သူ့ကို သနားလွန်းလို့ သေတော့မှာပဲ ။ သူ ခုံပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ကြောက်ရွံ့နေရတဲ့ပုံကိုမြင်ယောင်မိတိုင်း စိတ်ပူပြီး  ငါ မျက်ရည်တောင်ကျလာတယ်။ သူ့ကို အဲ့ပြိုင်ပွဲကြီးက ထွက်စေချင်ပေမဲ့ အဆုံးထိလည်း ပြိုင်စေချင်သေးတယ်! ငါ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ "

ဒါက စိတ်ထိခိုက် ခံစားလွယ်လွန်းသော ပရိတ်သတ်ဆီမှ မှတ်ချက်ဖြစ်သည်။

"ဒါနဲ့  အားလုံး သတိထားမိကြလား? Ariel က သူ့ကို ရှစ်မှတ်ပဲ ပေးတယ်ဆိုတာလေ ။ ဒါလုံး၀ မဖြစ်သင့်ဘူး။ ဘယ်လိုကြည့်ကြည့် သူ့ပုံက Hayden ရော ၊ Emilyထက် အဆများစွာသာတယ် ! သူ့ပုံက ဒီတစ်ခေါက်ပွဲမှာ  အကောင်းဆုံးပဲ "

ဒါက မကျေမနပ်ဖြစ်နေသော ပရိတ်သတ်ဆီမှ မှတ်ချက်ဖြစ်သည်။

ဤသို့ဖြင့် ဆွေးနွေးပြောဆိုလို့ရသည့် အွန်လိုင်းစာမျက်နှာကြီးပေါ်တွင် အွန်လိုင်းပရိတ်သတ်အပေါင်းတို့၏ မှတ်ချက်က ဆက်တိုက်ပေါ်ပေါက်လာတော့သည်။


"မင်းတို့ မေ့နေကြပြီလား ? ဒီပုံကို Ariel ပေးတဲ့ ရှစ်မှတ်ဆိုတာက သူ့ကို ဒီတစ်ခေါက်အမှတ်နည်းနည်းလျော့ရုံတာဖြစ်ပေမယ့်
သူ ဒုတိယရတာ အွန်လိုင်းမဲအရေအတွက်ကြောင့်ပဲ !
ငါလည်း သူ့ပုံကို အကောင်းဆုံးလို့ ထင်ပေမဲ့ သူစရိုက်ကို မကြိုက်လို့ မဲ မပေးခဲ့မိဘူး။ ငါ ဘယ်လိုတောင် ရူးမိုက်လိုက်လဲ?! "

စသဖြင့် ပရိတ်သတ်တစ်ယောက်က သတိပေးလေသည်။ ထို့နောက်  လူပေါင်းများစွာ တန်းစီ၍ ရူးသွပ်စွာဖြင့် ကွန်မန့်များ အရူးမူးရေး ကြတော့သည်။


Romeo သည် ရိုသားဖြူစင်ပြီး ငယ်ရွယ်လွန်းသော ချာတိတ်တစ်ယောက်သာ ဖြစ်သည်။ မျက်လုံးတွေ၊ နှာခေါင်း တွေ နီရဲအောင်  ဆံပင်စုတ်ဖွားလေးနှင့် ထိုင်ငိုသည်ကို မြင်သူတိုင်း သနားကြပြီး ပွေ့ဖက်နှစ်သိမ့်ပေးချင်ကြသည်။ ဒီလိုပုံစံလေးကို ဘယ်သူက ဝေဖန်ရက်ဦးမှာတဲ့လဲ ?

ထို့နောက် Romeo ၏ အွန်လိုင်းမဲအရေအတွက်သည် Hayden နှင့် Emilyကို ကျော်တက်သွားပြီး ပထမနေရာ တန်းရောက်သွားသည့်အပြင်
 A နိုင်ငံရှိ Fujoshi မမများ၏ သည်းသည်းလှုပ်အချစ်တော်လေးနေရာကို  ရသွားတော့သည်။ Ivana  လည်း ကျိုးယွင်ရှန့်ကို ပွေ့ဖက်နှစ်သိမ့်ပေးသည့်အပြင် သူမပါ လိင်တူချစ်သူဖြစ်ကြောင့် ဝန်ခံခဲ့သည့်အတွက် နံပါတ်လေးနေရာ ရောက်သွားခဲ့သည်။

သူတို့နိုင်ငံက  လွတ်လပ်ပွင့်လင်းသော နိုင်ငံဖြစ်သည့်အတွက် အမှန်တရားကို ရင်ဆိုင်ဖို့ သတ္တိရှိလေ ပရိတ်သတ်အချစ်ကို ရရှိလေ ဖြစ်သည်။


==================




ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now