Arc_15.5_ Qi Yi Ning

7K 689 2
                                    

Arc_15.5_ Qi Yi Ning

ကျောက်ရှင်းရန်ရဲ့ လက်ထပ်ပွဲကိစ္စကို ဖြေရှင်းပြီးတဲ့အချိန်မှာ ကျောက်ရွှမ်က ကျောက်ပိယွမ်ရဲ့အကြံအစည်ကို ရင်ထဲကနေ မှတ်သားထားလိုက်တယ်။ ကျောက်ပိယွမ်က နန်းတွင်းရဲ့အရှုပ်အထွေးတွေကြား ၀င်ရောက်နေတယ်ဆိုတာ သေချာတယ်။ သူ ဘယ်လောက်တောင် ၀င်ပါနေပြီလဲ။ သူမက ကျိကောနယ်စားမင်းရဲ့သားကြီး ယောက်ျားအင်အားမရှိတဲ့အထိတောင် သိနေပြီဆိုတော့ နန်းတွင်းထဲမှာ အတွင်းကျကျ အဆက်အသွယ်တွေရှိနေတာ သေချာတယ်။ ဧကရာဇ်မင်းချီရိနဉ်က ကျောက်ပိယွမ်ကို ဘယ်လောက် မျက်နှာသာပေးတယ်ပြောပြော အင်ပါယာမိသားစုထဲက ဒီလိုအရှက်တကွဲလျှို့ဝှက်ချက်ကိုတော့ ဖွင့်ပြောမှာမဟုတ်ဘူး။ ဒါဆို သူက နန်းတွင်းထဲမ၀င်ခင်ကတည်းက အင်ပါယာမိသားစုထဲက တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိပြီးသားဆိုတာ ထင်ရှားတယ်။

ကျောက်ရွှမ်က သူ့ရန်သူကတိုက်ခိုက်တာကို နည်းနည်းလေးမှ သည်းခံတတ်တဲ့သူမဟုတ်ဘူး။ အခု ကျောက်ပိယွမ်က သူ့အမေကိုယ်လုပ်တော်ကို တရားဝင်ဒုတိယဇနီးဆိုတဲ့ ရာထူးပေးအောင် ဘုရင်ကို သွေးဆောင်နိုင်တယ်ဆိုတော့ မိသားစုမှာ လိုက်နာရမယ့်စည်းမျဉ်းတွေကို သူမက ချိုးဖောက်လိုက်ပြီဖြစ်တယ်။

ကျောက်ရွှမ်က ကျောက်ပိယွမ်အကြောင်းကို အသေးစိတ်စုံစမ်းခိုင်းလိုက်ပြီး သူမရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ပြန်ပေးဆပ်ခိုင်းဖို့ ရည်ရွယ်ထားတယ်။ သူမက သူသဘောကျရတဲ့လူ အင်မတန်ချစ်တဲ့ မိန်းကလေးဆိုကတည်းက မုန်းဖို့လုံလောက်နေပြီ။ ဒါကြောင့် ကျောက်ပိယွမ်ကို ကျောက်ရွှမ် အရမ်းကိုမုန်းတီးနေတယ်။ သူလျှိုတွေဆီက ကြားလိုက်ရတဲ့သတင်းကြောင့် ကျောက်ရွှမ် ထိတ်လန့်ပြီး ကြက်သေ,သေသွားတယ်။ ကျောက်ပိယွမ်ကို ထောက်ပံ့နေတဲ့ အဓိကလူက ဧကရာဇ်ချီရိနဉ်ရော ၀မ်ယွမ်အမတ်ကြီးပါ မဟုတ်ဘဲ တော်ဝင်မင်းသား ချီကျင်းယွိ ဖြစ်နေတယ်။

ကလေးဘ၀တုန်းက ကျောက်ပိယွမ်က နှစ်သစ်ကူးမီးပုံးလွှတ်ပွဲမှာ ချီကျင်းယွိလမ်းပျောက်နေလို့ နန်းတော်ကိုပြန်ပို့ပေးဖို့ သူ့ဆီခေါ်လာဖူးတာကို သတိရလိုက်တယ်။ ဒါဆို ကျောက်ပိယွမ်နဲ့ချီကျင်းယွိက ကလေးဘ၀ကတည်းက သိကျွမ်းခဲ့တာပေါ့။ ဒီနှစ်တလျှောက်လုံး သူတို့က လျှို့ဝှက်တွေ့ဆုံနေပုံရတယ်။ တော်ဝင်မျိုးနွယ်ထဲက လျှို့ဝှက်ချက်ကိုတောင် သိနေရလောက်အောင် ချီကျင်းယွိက ပြောပြခဲ့တယ်ဆိုတော့ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုက သာမန်သူငယ်ချင်းပတ်သက်မှုမျိုးမှ ဟုတ်ရဲ့လား။ ချီကျင်းယွိက ကျောက်ပိယွမ်ကို ဆွဲဆောင်တာက ယောက်ျား၊ မိန်းမကြားက ချစ်ခြင်းမေတ္တာကြောင့် နီးစပ်အောင် ဆွဲဆောင်ခဲ့တာလား။ ဒါမှမဟုတ် ကျောက်ပိယွမ်နဲ့ အနီးကပ်ဆုံးရှိနေတဲ့လူကြောင့် နီးစပ်အောင်လုပ်ခဲ့တာလား။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now