FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi

14.8K 654 8
                                    

Extra_1 _1_ Xue Zi Xuan + Haung Yi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Extra_1 _1_ Xue Zi Xuan + Haung Yi

 ကျိုးယွင်ရှန့်သည် Lord God ဖျက်ဆီးလိုက်သည့် ဒေတာများကို ပြန်လည်ပြင်ဆင်ပေးလိုက်ပြီးဖြစ်သည်။ အခု ဇာတ်လမ်းက ကျိုးယွင်ရှန့်ပြင်ဆင်ပြီးသည့် Virtual World ပုံရိပ်ယောင်လောကမှ ဆက်လက်ဖြစ်ပေါ်နေသည့် ဇာတ်လမ်းဖြစ်သည်။ ဒီဇာတ်လမ်းထဲတွင် ရွှယ်ဇီယွမ် Xue Zi Xuan သည် ကျိုးယွက်ရှန့်ကို ချစ်ခင်သွားပြီး Piano တီးပြီး သူချစ်သည့် ကောင်လေးနှင့် ပျော်ရွှင်စွာ နေထိုင်သွားသည့် ဇာတ်လမ်းဖြစ်သည်။ ယခု ပုံရိပ်ယောင်လောကထဲတွင်လည်း ကျိုးယွင်ရှန့်၏ အမွှာညီမ နှလုံးအစားထိုးကုသရန်လိုနေသည့် ညီမလေး၏ ကောက်ကျစ်ယုတ်မာမှုကို ကျိုးယွင်ရှန့် ဘယ်လို ရှောင်ရှားပြီး ဇာတ်လိုက်နှင့် အတူ ပျော်ရွှင်စွာနေထိုင်သွားမည်ကို ဖတ်ရှုရမည်ဖြစ်သည်။

---------------------------


"သတိပေးချက် အခုချက်ချင်းပြန်သွားပြီး ပေးအပ်မယ့် တာဝန်ကို စောင့်နေပေးပါ။ မဟုတ်ရင် သင် အဆုံးသတ် သွားပါလိမ့်မယ်"

အေးစက်စက်အသံက သူ့ခေါင်းထဲအထိ သတိပေးလာသည်။ကောင်လေးက သူ့ ကိုယ်က မခံနိုင်လောက်တဲ့နာကျင်မှုကို ခံစားလာရတဲ့အထိ လှည်းပေါ်မှာ
မလှုပ်မယှက် ထိုင်နေဆဲပဲဖြစ်သည်။ နောက်ဆုံး သူ  တုန်ရီစွာ မေးလိုက်သည်။

"အကိုဟိုင်ဇီ  လမ်းဘေးမှာရပ်ပေးလို့ရမလား။ ကျွန်တော် မြို့ထဲ မလိုက်ချင်တော့ဘူး"

"ဘာလို့လဲ။ တစ်ခုခုမေ့ကျန်ခဲ့လို့လား။ အကို ပြန်လိုက်ပို့ပေးမယ်လေ ကိစ္စမရှိပါဘူး"

လှည်းကိုမောင်းနေတဲ့ လူရွယ်က လိုလားစွာ ပြန်ပြောခဲ့သည်။

ဒီနေရာက သဲတွေပဲပြည့်နေတဲ့ သဲကန္တာရဖြစ်ပြီး ရေ၊ လျှပ်စစ်မီး၊ အစားအစာနဲ့ လူတွေ မရှိသည့် နေရာဖြစ်သည်။ အရိုးကွဲအောင် အေးစက်နေတဲ့အနောက်မြောက်လေနဲ့ ဖုန်ကလွဲပြီး ဘာမှ မရှိပေ။
နိုင်ငံတော်အကြီးကဲတွေက ဆင်းရဲတဲ့လူတွေကိုကူညီဖို့ အမြဲတမ်း ဆွေးနွေးကြပြီး ဆယ်စုနှစ်ကြာအောင် ကူညီခဲ့ပေမယ့်
ဒီနေရာရဲ့ အခြေအနေကမူလအတိုင်းပါပဲ။ သက်ကြီးရွယ်အိုတွေက နေ့မနားညမနားအလုပ်လုပ်ပြီး မဝရေစာစားသောက်၇င်း သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး ဒီမှာပဲ နေသွားကြရသည်။
 လူရွယ်တွေကတော့ ဒီနေရာမှာကြာကြာမနေနိုင်သည့်အပြင် သူတို့သားသမီးကို မကျွေးနိုင်သောကြောင့်  ကလေးငယ်တွေ ကို ရွာမှာပဲ ထားရစ်ခဲ့ရပြီး မိဘများက မြို့တက်ပြီး အလုပ်လုပ်ကြရသည်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now