FOD_ Extra _1 - Chapter(7) (Unicode)

3.4K 317 0
                                    



Chapter (7-1) - အနားယူသွားသော ခေါင်းဆောင်

ကျိုးယွင်ရှန့်က ဖူဘို၏ ရွံရှာစက်ဆုပ်သောအကြည့်အောက်ကနေ သူ့အခန်းဆီ ခပ်သွက်သွက်ပြေးလာခဲ့သည်။ အခန်းထဲရောက်တော့ အိပ်ယာထဲတိုးဝင်ကာ အိပ်လိုက်ချင်ပေမယ့် ရွှယ်ဇီရွှမ်ပြောသည်ကိုသတိရပြီး ရေပူဖွင့်ကာ ခြေထောက်ကိုနွေးသွားအောင် ခဏစိမ်လိုက်သည်။

ရွှယ်ဇီရွှမ်ပြောတာ မှန်သည်ဟု ကျိုးယွင်ရှန့် ဝန်ခံလိုက်ရသည်။ ခြေထောက်ကို ရေနွေးစိမ်ထားသောကြောင့် အနွေးဓာတ်က တစ်ကိုယ်လုံးကိုပျံ့သွားပြီး ရေနွေးနှင့်ချိုးသည်ထက် သက်တောင့်သက်သာရှိကာ နွေးလာစေသည်။ သူ့ခြေထောက်တွေ နီမြန်းလာပြီး ချွေးပေါက်တွေပွင့်ကာ ပိုချောမွေ့လာခဲ့သည်။ သူက သေချာခြောက်အောင်သုတ်ပြီး အိပ်ယာထက်ကစောင်အောက်ထဲ တိုးဝင်လိုက်စဉ် သူငိုက်မြည်းလာတော့သည်။

"အရမ်းနွေးတာပဲ.. နေလို့ကောင်းလိုက်တာ.."

ကျိုးယွင်ရှန့်က မပီမသ ညည်းလိုက်ပေမယ့် အိပ်မက်ထဲမှာ သူက နှင်းတောကြားမှာရပ်နေပြီး ရွှယ်ဇီရွှမ်၏အင်္ကျီအောက်ကို တိုးဝင်ကာ တင်းတင်းဖက်ထားရင်း သူ့လက်ကို ဆုပ်ကိုင်ထားမိသည်။ ကျယ်ပြန့်သေ ာရင်ခွင်၊ သန်မာသောလက်မောင်းကြားက အပွေ့အဖက်က သူ့ကို လုံခြုံမှုကိုခံစားရစေသည်။ သူ့နှလုံးသားထဲမှာ ဒီလူနဲ့ဝေးရာကိုသွားဖို့၊ သူ့အချစ်ကို မယုံကြည်ဖို့ ပြောနေသည့်စကားကို လျစ်လျှူရှုကာ ရွှယ်ဇီရွှမ်ဘေးမှာနေချင်စိတ်တို့ ပေါ်နေမိသည်။ သူက ဒီကမ္ဘာရဲ့သားတော်ဆိုတာ သူ့စိတ်ထဲမှာ အကြိမ်ကြိမ်နှလုံးသွင်းရင်း အိပ်ပျော်သွားတော့သည်။

ထိုအချိန်မှာ ရွှယ်ဇီရွှမ်က စာဖတ်ခန်းထဲဝင်ကာ သူ့ဖခင်ကိုမေးလိုက်သည်။

"အဖေ ကျွန်တော့်ကို ရှာတာလား.."

"တံခါးကိုပိတ်လိုက်.."

ရွှယ်လွေ့က စီးကရက်ကိုမှုတ်ထုတ်ရင်း ပြောလိုက်သည်။ ရွှယ်ဇီရွှမ်က တံခါးပိတ်ကာ စားပွဲပေါ်ကစီးကရက်ဘူးရှိရာကို လာရင်း သဘာဝကျကျ စီးကရက်တစ်လိပ်မီးညှိကာ ရှိုက်ဖွာလိုက်သည်။ သူ့မျက်နှာတစ်ဖက်က အမှောင်ရိပ်ကျနေပြီး ကျန်မျက်နှာတစ်ခြမ်းက စီးကရက်မီးခိုးကြား ဝိုးတဝါးပေါ်နေပေမယ့် နတ်ဘုရားလိုချောမောကာ အေးစက်သောမျက်ဝန်းက တစ်ဖက်သားကို ရှိန်လောက်သည့်အရောင်အဝါတို့ တောက်ပနေသည်။

"အဖေ ကျွန်တော့်ကို ဘာကြောင့်ရှာတာလဲ.."

ရွှယ်ဇီရွှမ်က အမူအယာကင်းမဲ့စွာဖြင့် ရွှယ်လွေ့ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ သူ့မျက်ဝန်းထဲက အေးစက်စက်အရိပ်က တစ်ဖက်သားကို ကြောက်အောင်ခြောက်ဖို့ လုံလောက်နေလေပြီ။ သူ့မျက်ဝန်းများက အကြောက်အရွံ့ကင်းကာ သားရိုင်းတစ်ကောင်လို တောက်နေသည်။

ရွှယ်လွေ့သည် တစ်ညတည်းနှင့် တည်ကြည်သောအနုပညာရှင်တစ်ဦးအဖြစ်မှ သားဖြစ်သူက သူခန့်မှန်းလို့မရအောင် နက်ရှိုင်းကာ အန္တရာယ်ကြီးသောလူတစ်ယောက်ပုံ ပြောင်းသွားသည်ကို စိုက်ကြည့်နေသည်။

ရွှယ်လွေ့ခန့်မှန်းတာ မှန်သည်။ အရင်ဘဝကလည်း ရွှယ်ဇီရွှမ်က သူ့စွမ်းအားဖြင့် ရွှယ်မိသားစုကို ကမ္ဘာ့သြဇာအာဏာကြီးမားသည့် မိသားစုအဖြစ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ရွှယ်ဇီရွှမ်က ငယ်စဉ်ကတည်းက ဆရာမရှိဘဲ အနုပညာမှာ ထူးချွန်ထက်မြက်သလို ဆရာမပါဘဲ စီးပွားရေးကို ကျွမ်းကျင်စွာလုပ်နိုင်ခဲ့သည်။ သူ့သားဆီက ပေါက်ကွဲထွက်လာသည့်စွမ်းအားများက ခန့်မှန်းလို့မရအောင် အားကောင်းလှသည်။ ဒါက အံ့သြဖို့ကောင်းလှသည်။

အခုပြန်လည်မွေးဖွားလာတော့ သူ့စွမ်းအားက ရွှယ်လွေ့ထက်ပင် အဆပေါင်းများစွာ ကျော်လွန်လို့နေလေပြီ။

"မင်း ဘယ်အချိန်ကတည်းက ဆေးလိပ်သောက်တတ်သွားတာလဲ.."

ရွှယ်လွေ့က စစ်ဆေးတာမဟုတ်ဘဲ ဒီအတိုင်းချစ်ခင်စွာပြုံးကာ မေးလိုက်သည်။

"ဘယ်အချိန်ကလဲ မသိတော့ဘူး.."

ရွှယ်ဇီရွှမ်က ဖြေရင်း စီးကရက်ကိုရှိုက်ဖွာလိုက်သည်။ ရှည်သွယ်သောလက်က စီးကရက်ကိုညှပ်ထားပုံ၊ အဝါရောင်မီးလုံးအောက် စီးကရက်မီးခိုးကြားက သူ့ပုံစံက တောက်ပလို့နေသည်။ နဂိုကမှ ရွှယ်ဇီရွှမ်က အင်အားအရှိန်အဝါကြီးသော အနုပညာရှင်ဖြစ်ပြီး သွားလေရာမှာ လူတိုင်း၏အာရုံစိုက်မှုကို ရရှိသူဖြစ်သည်။ အခုတော့ သူက စန္ဒရားပညာရှင်အဖြစ် သရုပ်ဆောင်စရာမလိုတော့ပေ။ သူ နဂိုပုံစံအတိုင်းနေရုံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးအောင် လုပ်ဆောင်လာနိုင်သည်။
ရွှယ်လွေ့က သူ့သားကြီးရှေ့မှာ စိတ်မသက်မသာခံစားလာရပြီး စီးကရက်ကိုငြှိမ်းသတ်ကာ ပြောလိုက်သည်။

"ဆေးလိပ်မသောက်နဲ့.. ကျန်းမာရေးအတွက် မကောင်းဘူး.. မကြာခင် မင်းအတွက် ဆေးလိပ်ဖြတ်ဖို့ ငါစီစဉ်ပေးမယ်.."

ရွှယ်လွေ့က ခါးသီးစွာပြောလိုက်သည်။

ရွှယ်ဇီရွှမ်က နားမပါသူလို ငြိမ်နေသည်။ သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ဘယ်လိုဂရုစိုက်ရမည်ကို သူသိသည်။ ဆယ်ကျော်သက်ကောင်လေးကို ကာကွယ်ပေးဖို့ သူ အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာရှိရမည်။ ဒါမှ ဆယ်ကျော်သက်ကောင်လေးရဲ့ ဘဝတစ်သက်တာကို အေးချမ်းအောင်စောင့်ရှောက်နိုင်မည်။ သူချစ်သောဟွမ်ရီ နောက်ဆုံးထွက်သက်ရှိုက်သည်အထိ ဘေးမှာနေပေးမည်။ နောက်မှ ဟွမ်ရီနောက်ကနေ သူ စိတ်ချစွာလိုက်သွားမည်။ ဘာဖြစ်ဖြစ် သူ ဟွမ်ရီထက် အသက်ပိုရှည်ရမည်။ ဟွမ်ရီက သူ့အကာအကွယ်မလိုရင်တောင်မှ ဘေးကနေ သူ စောင့်ရှောက်ပေးချင်သည်။

အခန်းထဲက တိတ်ဆိတ်နေပြီး နေရတာ မသက်မသာဖြစ်လာသည်။ ရွှယ်လွေ့က သူ့ရှေ့ကသားကြီးက သူလုံးဝမသိသည့် လူစိမ်းတစ်ယောက်လို ခံစားလာရသည်။

သူတို့ ခဏစကားပြောပြီးနောက် ရွှယ်လွေ့ကပြောလိုက်သည်။

"မင်း ဟွမ်ရီကို ဘယ်ခေါ်သွားတာလဲ.. မင်းညီမ နေမကောင်းဖြစ်နေတာ မသိဘူးလား.."

"သူမ နေကောင်းတဲ့အချိန် ရှိသေးလို့လား.. သူမ နေမကောင်းဖြစ်တိုင်း လူတိုင်းက သူ့ဘေးမှာပဲနေပြီး မစားမသောက်ရတော့ဘူးလား.."

ရွှယ်ဇီရွှမ်က စီးကရက်မီးခိုးကို မှုတ်ထုတ်လိုက်ပြီး သူ့မျက်ဝန်းထဲမှာ လှောင်ရယ်ရိပ်ဖြင့် ပြောလိုက်သည်။

ရွှယ်လွေ့က မီးခိုးများကို လက်နှင့်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။

"ငါ ဒီလိုဆိုလိုတာမဟုတ်ပါဘူး.. သူမက မင်းကို အရမ်းတွယ်တာတယ်လေ.. သူမသတိရတော့ မင်းကိုမတွေ့လို့ အရမ်းငိုပြီး ထပ်သတိလစ်မလို ဖြစ်သွားသေးတယ်.. ကနေ့ သူမက ၂ခါတိတိ သတိမေ့ခဲ့တယ်.. ရှေ့လျှောက် သူမဘေးမှာအချိန်ပေးပြီး အဖော်ပြုပေးဦး.. နောက်မကြာခင် သူမ နေကောင်းလာလို့ရှိရင် ခွဲစိတ်မှုလုပ်ကြတာပေါ့.. ဒါဆို နောင်မှာ သူမ ခုလို သတိလစ်သွားမှာ စိတ်ပူစရာမလိုတော့ဘူး.."

ရွှယ်ဇီရွှမ်က စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်သွင်းကာ မီးခိုးငွေ့များစွာမှုတ်ထုတ်ပြီး သူ့မျက်ဝန်းထဲက ပေါက်ကွဲချင်သည့်အရိပ်ကို ဖုံးကွယ်ထားသည်။ သူ့အဖေရဲ့နက်ခ်တိုင်ကို ဆုပ်ကိုင်ပြီး မေးလိုက်ချင်သည်။

ရွှယ်ကျင်းရီရဲ့အသက်ပဲ အသက်တစ်ချောင်းလား၊ ဟွမ်ရီရဲ့အသက်ကရော တန်ဖိုးမရှိဘူးလား..။

ဒီကလေးဟွမ်ရီက သူ့အသွေးအသား၊ သူ့နှလုံးထဲထိ နက်ရှိုင်းစွာ စိုက်ဝင်နေသည့် အပ်မျိုးလို သူနှင့် တစ်သားတည်းဖြစ်သည်ဆိုတာ သူတို့မသိကြဘူးလား။ ဟွမ်ရီသေသွားရင် သူ ဘယ်လိုမှ အသက်မရှင်နိုင်တော့ပေ။ ဟွမ်ရီရဲ့အသက်ကို ယူဖို့ကြိုးစားတာက သူ့အသက်ကိုယူဖို့ကြိုးစားတာနဲ့ အတူတူပဲဖြစ်သည်။ သူက ဟွမ်ရီ၏အချစ်ကိုရဖို့ ကြိုးစားနေချိန်မှာ သူ့မိသားစုက ဟွမ်ရီ၏အသက်ကိုယူဖို့ ကြိုးစားနေကြသည်။

လောလောဆယ် သူ့အဖေကို တစ်စစီဆွဲဖြဲလိုက်ချင်စိတ်ကို အောင့်အည်းထားရင်း ရွှယ်ဇီရွှမ် မေးလိုက်သည်။

"အဖေပြောလို့ပြီးပြီလား.."

ရွှယ်လွေ့က ရွှယ်ဇီရွှမ်၏ အေးစက်စက်ပြောဟန်ကြောင့် ဒေါသထွက်ကာ စားပွဲကို လက်ဝါးနှင့်ရိုက်ကာ ဆူမည်အပြု ရွှယ်ဇီရွှမ်က ရုတ်တရက်ပြောလိုက်သည်။

"ကျွန်တော် ဂီတလောက,ကနေ အနားယူတော့မယ်.. မိသားစုလုပ်ငန်းကို တရားဝင်လွှဲယူတော့မယ်.."

"မင်း ဘာပြောလိုက်တယ်.."

ရွှယ်လွေ့က အလောတကြီး မေးလိုက်သည်။

"ကျွန်တော် ဂီတလောက,ကနေ အနားယူပြီး မိသားစုစီးပွားရေးကို လွှဲယူတော့မယ်.."

အင်အားကြီးရန်သူကို ရင်ဆိုင်ဖို့ အာဏာက အရေးကြီးတာသိလို့ ရွှယ်ဇီရွှမ်က ရှင်းအောင်ထပ်ပြောလိုက်သည်။

================================

Chapter (7-2) –  ကျွန်တော် CEO ရာထူးနဲ့ အလုပ်စဝင်ချင်တယ်

"ကောင်းပြီ.. အဖေ လိုအပ်တဲ့ကိစ္စကို စီစဉ်လိုက်မယ်.."

ရွှယ်လွေ့က ဒီကိစ္စကြောင့် အနှောင့်အယှက်မဖြစ်ပါ။ သူ့သားက ဂီတကိုပဲစိတ်ဝင်စားပြီး မိသားစုလုပ်ငန်းကို အုပ်ချုပ်ဖို့ စိတ်မဝင်စားသောကြောင့် သူက လိုအပ်တာကို ထောက်ပံ့ပေးနေပေမယ့် သူက တဖြည်းဖြည်းအသက်ကြီးလာလေပြီ။ တကယ်လို့ သူသေသွားတဲ့အခါ စီးပွားရေးလောကထဲက ဝံပုလွေတွေကို သူ့သားက ဘယ်လိုမှ ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုအခါ ရွှယ်မိသားစုက ပျက်စီးသွားမှာသေချာသည်။ ဒါကြောင့် အချိန်မနှောင်းခင် သူ့သားက စီးပွားရေးလုပ်ငန်းကို ဦးစီးချင်တယ်ဆိုတော့ ရွှယ်လွေ့ ဝမ်းသာသွားခဲ့သည်။ ဝံပုလွေရဲ့သားက ဝံပုလွေပဲဖြစ်ရမည်။
သူ့လုပ်ငန်းကို သူ့သားပဲ ဆက်ခံရမည်။

သူ့သားက စီးပွားရေးကို စိတ်မဝင်စားရသည့်အထဲ နေမကောင်းပါဖြစ်တော့ ရွှယ်လွေ့ စိတ်ဓာတ်ကျခဲ့ရသည်။ နောက်ဆုံး သူ့သားကို စီးပွားရေးလုပ်ဖို့ ဆွဲဆောင်လို့မရလျှင် နောက်မိန်းမယူပြီး သားတစ်ယောက်ထပ်မွေးဖို့ပင် တိတ်တိတ်ကြံစည်ထားခဲ့သေးသည်။

ဒါပေမယ့် ရွှယ်လီဒန်နီ၏မိသားစုက မြို့တော်မှာ အင်အားကြီးကြပြီး တရားမဝင်ကလေးတစ်ယောက်ကသာ အိမ်တံခါးဝကိုရောက်လာပြီး အမွေလုခဲ့ရင် သေချာပေါက် မြို့တော်တစ်ခုလုံး ဗြောင်းဆန်သွားမှာပင်။ ဒါကြောင့် ရွှယ်လွေ့က ဦးနှောက်ခြောက်နေခိုက် သူ့သားက အမြင်မှန်ရကာ စီးပွားရေးကိုဦးစီးချင်သည်ဟု ပြောလာတော့ သူ့ရင်ထဲကပြဿနာကို ရှင်းလိုက်နိုင်လေပြီ။ သူ့သားက ထုံအသူမဟုတ်သောကြောင့် အရည်အချင်းရှိသော စီးပွားရေးသမားဖြစ်အောင် သင်ပေးနိုင်မည်ဟု ယုံကြည်သည်။

"မင်း အောက်ခြေကနေစပြီး လေ့လာချင်လား.."

ရွှယ်လွေ့က ဖုန်းနံပါတ်တစ်ခုကိုခေါ်ရင်း မေးလိုက်သည်။ သူ့သားက စီးပွားရေးလုပ်ငန်းကို အခြေခံကစပြီး နားလည်ဖို့ အောက်ခြေကစပြီး လေ့လာမည်ဟု ထင်ထားသည်။ ဒါမှာ အလားအလာကောင်းများစွာကို သေချာမြင်နိုင်လိမ့်မည်။

ရွှယ်ဇီရွှမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ အရင်ဘဝက သူတို့မိသားစုလုပ်ငန်း ဖျက်ဆီးခံရသည့်အချိန်က သူက လက်အောက်ခံတချို့နှင့် ပိုင်ဆိုင်မှုများကို နိုင်ငံခြားတိုင်းပြည်သို့ တိတ်တဆိတ်ရွှေ့ပြောင်းကာ နိုင်ငံတကာအင်အားကြီးသော လုပ်ငန်းကြီးကို ထူထောင်နိုင်ခဲ့သည်။ ဘာကြောင့် အောက်ခြေက စတင်ရမှာလဲ။

ရွှယ်ကျင်းရီက နေမကောင်းဖြစ်ပါတယ်ဆိုပြီး ဝုန်းဒိုင်းကျဲနေပြီးနောက် မကြာခင် နေပြန်ကောင်းသည်ဟု ဟန်ဆောင်နိုင်သည်။ ဒါကြောင့် သူမ ပြန်မကောင်းလာခင် ရွှယ်မိသားစုလုပ်ငန်း၏အာဏာကို သူ ဆုပ်ကိုင်မိထားဖို့ အရေးကြီးသည်။

"စီးပွားရေးဌာနကိုပဲ တိုက်ရိုက်ဝင်လိုက်မယ်.."

ရွှယ်ဇီရွှမ်က စီးကရက်ပြာတောင့်ကို ချွေကာ ခိုင်မာစွာပြောလိုက်သည်။
"မင်း HR ဌာနပိုင်းမှာ စဝင်တာ ပိုကောင်းမယ်လို့ထင်တယ်.. ဒါမှ company ထဲက အဓိကလူတွေကို ပိုသိပြီး သူတို့ဘာကြံနေသလဲဆိုတာ လေ့လာနိုင်မယ်.. စီးပွားရေးဌာနထဲ တိုက်ရိုက်ဝင်ရင် မင်း သူတို့ကို ရင်မဆိုင်နိုင်မှာစိုးတယ်.."

ရွှယ်လွေ့က သူ့သားကို သွေးဆောင်လိုက်သည်။ ဒီရွှယ်စီးပွားရေးလုပ်ငန်းစုကြီးက ရွှယ်လွေ့တစ်ယောက်တည်း ပိုင်တာမဟုတ်ပေ။ ရွှယ်မိသားစု၏ အဓိကအိမ်တော်၊ တတိယအိမ်တော်နှင့် စတုတ္ထအိမ်တော်ခွဲတို့က စီးပွားရေးဌာနတွင်းမှာရှိပြီး အားလုံးက အာဏာအတွက် ယှဉ်ပြိုင်နေကြသည်။ အချင်းချင်း လှည့်စားမှုများ၊ လျှို့ဝှက်ကြံစည်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့သားလို အနုပညာသမားတစ်ဦးက စီးပွားရေးလောက၏ သစ္စာဖောက်မှုကို ဘယ်လိုလက်ခံ ကိုင်တွယ်နိုင်မှာလဲ။

တကယ်လို့ သူ့သားက ဂရုတစိုက်ပြင်ဆင်ခြင်းမရှိဘဲ အဓိကစီးပွားရေးဌာနထဲ ဝင်လိုက်လျှင် အောက်ခြေထိပြုတ်ကျသွားနိုင်သည်။ ဒါဆိုရင် သူတို့မိသားစုကို ဘယ်သူမှ မယုံကြည်ကြတော့ဘဲ တတိယအိမ်တော်ခွဲနှင့် အခြားသူများအတွက် အမြင့်တက်ဖို့ အခွင့်ကောင်းဖြစ်သွားလိမ့်မည်။ ဒါကြောင့် ရှယ်ယာရှင်များ၏ယုံကြည်မှုနှင့် ထောက်ခံချက်ကိုရဖို့ အောက်ခြေကနေ တစ်ဆင့်ချင်းတက်သွားစေချင်သည်။ ဒါဆို တခါတလေရှုံးနိမ့်ရင်တောင် ပြန်လည်ကြိုးစားနိုင်သေးသည်။

"ကျွန်တော် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ နောက်ဆုံးရလဒ်က ဘာဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသားပါ.. ဒါကြောင့် ကျွန်တော့်ကို ရုံးချုပ်က CEO ရာထူးနဲ့ဝင်နိုင်ဖို့ စီစဉ်ပေးပါ.. သံစုံတီးဝိုင်းမှာ လုပ်လက်စကို လက်စသတ်ပြီး နောက် ၃ရက်မှာ company ကိုဝင်ပါ့မယ်.."

ရွှယ်ဇီရွှမ်က အခန်းပြင်ကိုလျှောက်သွားရင်း ပြောလိုက်သည်။

သူ့သားက သံစုံတီးဝိုင်းကတောင် ထွက်ဖို့စီစဉ်နေတယ်ဆိုတော့ စီးပွားရေးလောကထဲဝင်ချင်တာ တကယ်ထင်သည်။ ဒီအတွေးကြောင့် ရွှယ်လွေ့ စိတ်သက်သာရာရသွားသည်။ သူ့သားက CEO ဖြစ်ချင်ရင် CEO ဖြစ်စေရမည်။ ဘေးကနေ စိတ်ချရတဲ့လက်ထောက်တွေ စီစဉ်ထားရင် အခြေအနေကို ကိုင်တွယ်နိုင်မှာပါ။ အရမ်းကြီး အပျက်ဘက်ကတွေးစရာ မလိုသေးပေ။ သူ့သားက ဝင်ပြီးနောက်တစ်နေ့ company ကထွက်မလားတောင် မသိရသေးပေ။

ရွှယ်လွေ့က ဖုန်းဆက်ပြီး သူ့သားပြောသလိုလုပ်ဖို့ စီစဉ်လိုက်သည်။

စာဖတ်ခန်းကနေ ရွှယ်ဇီရွှမ်ထွက်လာပြီး ဟွမ်ရီ၏အိပ်ခန်းရှိရာကိုသွားဖို့ လှေကားကနေဆင်းလာချိန်မှာ ရွှယ်ကျင်းရီက ကော်ရစ်ဒါထောင့်လေးမှာ ငုတ်တုတ်ထိုင်ကာ ဒူးကို လက်နှင့်ပိုက်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမက ဒူးခေါင်းမှာမျက်နှာအပ်ကာ ဆောင်းတွင်းဖြစ်ပေမယ့် ညဝတ်အင်္ကျီတစ်ထည်လေးနှင့် အေးစက်တုန်ယင်စွာ အိပ်ပျော်နေသည်။

ရွှယ်ဇီရွှမ်က သူမဘေးကနေ အေးဆေးစွာဖြတ်လျှောက်လာသည်။ သူမကိုယ်ပေါ် သူ့အပေါ်ဝတ်ကုတ်ဖြင့် ခြုံလွှမ်းကာ သူမအိပ်ယာထက်ကိုပွေ့ချီသွားပေးဖို့ စိတ်ကူးပင်မရှိပေ။

သူမအပေါ်ထားသည့် သံယောဇဉ်အားလုံး ပျောက်သွားတာကြာခဲ့လေပြီ။ သူမက သူ့ဘာသာနှိပ်စက်ပြီး သူမဘေးကလူတွေကိုလည်း နှိပ်စက်ဖို့စီစဉ်ထားသေးသည်။ ဒီအချက်ကိုတွေးမိတော့ သူမကို ပိုမုန်းလာမိသည်။

ရွှယ်ကျင်းရီက ရွှယ်ဇီရွှမ်ထင်သလို အိပ်ပျော်နေတာမဟုတ်ဘဲ ဟန်ဆောင်နေခြင်းဖြစ်သည်။ သူမက ကော်ရစ်ဒါထောင့်မှာ အေးစက်တုန်ယင်စွာ သူ့ကိုစောင့်ရင်း အိပ်ပျော်သွားတာမြင်ရင် အစ်ကိုကြီး၏ သနားဂရုဏာစိတ်ကို သေချာပေါက်လှုံ့ဆော်ပေးနိုင်မည်ဟု ထင်ထားသည်။ သူမကိုပွေ့ချီကာ နွေးထွေးသောအိပ်ယာထက် သယ်သွားပေးသည့်အခါ သူမက နိုးချင်ယောင်ဆောင်ပြီး အစ်ကိုကြီးကို သူမဘယ်လောက် ဝမ်းနည်းနေရသည်ကိုပြောကာ ချွဲနွဲ့လိုက်မည်ဟု တွေးထားသည်။

ဒါပေမယ့် သူမအစ်ကိုကြီးက သူမကို အဖက်မလုပ်ဘဲ ဘေးကနေ မမြင်သလိုဖြတ်လျှောက်သွားမည်ဟု ထင်မထားခဲ့ပေ။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူမကို ဘာကြောင့် ခုလိုထားသွားရစ်တာလဲ။ သူမခန္ဓာကိုယ်က အပူအအေးဒဏ်ကို ခံနိုင်ရည်မရှိတာကို မမှတ်မိတော့ဘူးလား။ သူမက ကော်ရစ်ဒါမှာ တစ်ညလုံးအိပ်ပျော်နေပြီး ဖျားသွားမှာ၊ အိပ်ယာထဲလဲသွားမှာကို သူ မစိုးရိမ်ဘူးလား။ သူမရောဂါ ပိုဆိုးလာမှာကို မစိုးရိမ်ဘူးလား။

=======================

Chapter (7-3) – ရှောင်ရီ အခန်းကို ခိုးဝင်သော အကိုကြီး

ရွှယ်ကျင်းရီ ဘယ်လောက်ပဲတုန်လှုပ်ပါစေ၊ သူမအစ်ကိုက သူမကို တကယ်လျစ်လျှူရှုကာ ထွက်သွားလေပြီ။

ရွှယ်ကျင်းရီက ခေါင်းကို အားယူထောင်မတ်ကာ တိုးတိုးလှမ်းပြောလိုက်သည်။

"အစ်ကိုကြီး ပြန်လာပြီလား.. ညီမလေး အစ်ကိုကြီးကို ဒီမှာ တစ်ညလုံးစောင့်နေတာ.."

"မင်းက ညဝတ်အင်္ကျီထူထူဝတ်ပြီး အပူပေးစက်နားမှာ ထိုင်စောင့်သင့်တယ်.. ဒါမှမဟုတ်ရင် ဧည့်ခန်းထဲမှာ စောင့်နေသင့်တယ်မဟုတ်လား.. ညသန်းခေါင်ကြီး ညဝတ်အင်္ကျီပါးပါးလေးဝတ်ပြီး ကော်ရစ်ဒါမှာ ဘာကြောင့်စောင့်နေတာလဲ.. မင်းက ငါ့ကို အနှောင့်အယှက်ပေးချင်နေတာလား.. မင်းကိုယ်မင်း ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်နိုင်မှာလဲ.."

ရွှယ်ဇီရွှမ်က ကောင်မလေးကို ခံစားချက်မဖော်ပြသည့်မျက်နှာဖြင့် ပြောလိုက်သည်။

"ညီမလေး တောင်းပန်ပါတယ်.. အမေနဲ့ဖူဘိုက ညီမလေးကို ဧည့်ခန်းထဲမှာ မစောင့်စေချင်ဘူး.. သူတို့က ညီမလေးကို အတင်းအိပ်ခိုင်းနေတယ်.. ဒါကြောင့် အစ်ကိုကြီးခြေသံကို မကြားလိုက်ရမှာစိုးလို့ ဒီမှာ တိတ်တိတ်လေး လာစောင့်နေတာပါ.. ညီမလေး ကိုယ့်ဘာသာ ဂရုစိုက်ပါ့မယ်.. ညီမလေးကို စိတ်မဆိုးပါနဲ့တော့.. ညီမလေး အမှားလုပ်မိရင် ပြောပါ.. ညီမလေး အားလုံးပြင်ပါ့မယ်.."

ရွှယ်ကျင်းရီက ရှေ့တစ်လှမ်းတိုးကာ ရွှယ်ဇီရွှမ်၏အင်္ကျီစကို ဆွဲရန် ပြင်လိုက်သည်။ ဒါက ခါတိုင်း သူမလုပ်နေကျ အမူအကျင့်ဖြစ်သည်။
ရွှယ်ဇီရွှမ်က နောက်တစ်လှမ်းဆုတ်ကာ အေးစက်စွာပြောလိုက်သည်။

"မင်းအခန်းထဲ ပြန်သွားတော့.."

မှားနေတာရှိရင် ပြန်ပြင်မယ် ဟုတ်လား..။ ဒီစကားတွေက မျက်ကန်းနေသည့် သူ့မိဘတွေကိုပဲ အရူးလုပ်နိုင်မည်။ ရွှယ်ကျင်းရီ၏ ယုတ်မာသောစိတ်ထားက သူမအသွေးအသားထဲ နစ်ဝင်နေမှတော့ သူမ ဘယ်တော့မှ ပြန်ပြင်မည်မဟုတ်ပေ။

"ညီမလေး မပြန်နိုင်ဘူး.. အစ်ကိုကြီးနဲ့ စကားပြောချင်တယ်.."

ရွှယ်ကျင်းရီက မျက်နှာလေးကိုမော့ကာ ငိုမဲ့မဲ့နှင့် ပြောလိုက်သည်။

"ငါ မင်းကို ဘာမှပြောစရာမရှိဘူး.."

ရွှယ်ဇီရွှမ်က နောက်ကိုလှည့်ရင်း နောက်ဆုံးအကြိမ် အကြံပေးလိုက်သည်။

"ဒီခန္ဓာက မင်းခန္ဓာပဲ.. မင်းမှတန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားဘူးဆိုတာ မှတ်ထား.. ကိုယ့်ဘာသာပဲ ပြုပြင်ပြောင်းလဲပြီး နေကောင်းအောင်နေရမယ်.. တကယ်လို့ မင်းဘာသာ ပိုဆိုးအောင်လုပ်ချင်ရင်လည်း မင်းအပိုင်ပဲ.. ဒါက ငါပေးနိုင်တဲ့ နောက်ဆုံးအကြံပဲ.."

ဒါကတော့ စိတ်ရင်းနှင့်ပေးသည့် အကြံပင်။ ရွှယ်ကျင်းရီက ခုလိုဆက်လုပ်သွားရင် သူမဘဝက ပိုပိုဆိုးလာလိမ့်မည်။ တကယ်လို့ သူမက အရင်ဘဝလိုပဲ ဆက်လုပ်နေမယ်ဆိုရင် သူက သူမအပေါ် ကြင်နာနိုင်မည်မဟုတ်ပေ။

ရွှယ်ကျင်းရီက ပါးစပ်ကို လက်နှင့်အုပ်ထားလိုက်သည်။ ဒီစကားလုံးတွေက နာကျင်စေသည်ဆိုပေမယ့် သူမအတွက်ကောင်းစေချင်လို့ ပြောသည်ဟု ခံစားလိုက်ရသည်။ အစ်ကိုကြီး၏လေသံက နှင်းတွေထက် အေးစက်တယ်ဆိုပေမယ့် သူမအတွက် ခွန်အားဖြစ်လာခဲ့သည်။ အစ်ကိုကြီးက သူမကို ကျန်းမာကြံ့ခိုင်စေချင်လို့ ပြောသည်ဟု တွေးကာ သူမအိပ်ခန်းထဲဝင်သွားပြီး စောင်ခြုံအောက်ဝင်ကာ မျက်လုံးမှိတ်လိုက်တော့သည်။

သူမ၏နှလုံးသားထဲမှာ ဒီထက်ကျန်းမာချင်စိတ်တို့ ပေါ်လာခဲ့သည်။ အစ်ကိုကြီးက သူမကို မထားရစ်ခဲ့သရွေ့ သူမကိုရိုက်လည်း ဘာမှမဖြစ်ပေ။

"အစ်ကိုကြီး.. အစ်ကိုကြီးက ညီမလေးကို ဂရုမစိုက်ဘူးလို လိမ်ပြောနေတာမလား.. ဒါ ညီမလေးကို ကောင်းစေချင်လို့ အကြမ်းနည်းနဲ့ပြောနေတာမလား.. ညီမလေးရဲ့ကိုယ်ကို ဂရုမစိုက်လို့ ခပ်ကြမ်းကြမ်းပြောနေတာ ညီမလေးသိတယ်.. စိတ်ချပါ.. ညီမလေး အစ်ကိုကြီးရဲ့စကားကို နာခံပါ့မယ်.. ညီမလေးရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ့မယ်.. ညီမလေးကို စိတ်မဆိုးပါနဲ့တော့.. အစ်ကိုကြီးက ညီမလေးနေကောင်းတာမြင်ချင်မှန်း သိပါတယ်.."

ဒီစကားတွေပြောရင်း ရွှယ်ကျင်းရီ အိပ်ပျော်သွားတော့သည်။
ရွှယ်ဇီရွှမ်က ရွှယ်ကျင်းရီ သူ့စကားကို အဓိပ္ပါယ်ကောက်မှားသွားတာကို မသိပေ။ သိလည်း ဂရုမစိုက်ပေ။ သူက ညအိပ်မပျော်အောင်ဖြစ်နေသည်။ ဟွမ်ရီက သူ့အခန်းအောက်ထပ်မှာရှိပေမယ့် သူစိတ်ချပြီး မအိပ်နိုင်အောင်ဖြစ်နေသည်။ အရင်ဘဝကတော့ ချစ်သူလေးနှင့် တစ်မိုးအောက်မှာနေခွင့်ရဖို့ ကာလကြာရှည် စောင့်နေခဲ့ရသည်။ ခုတော့ တစ်မိုးအောက်မှာရှိနေလည်း မကျေနပ်နိုင်တော့ပေ။

သူတောင့်တခဲ့သောကောင်လေးကို မြင်ချင်ခဲ့သည်။ မျက်မြင်တွေ့ရတော့ ထိကိုင်ချင်သည်။ ထိကိုင်ရတော့ နမ်းချင်လာသည်။ နမ်းမိတော့ ပိုင်ဆိုင်ချင်လာသည်။ ပြီးတော့ ကမ္ဘာအဆက်ဆက်ထိ ပိုင်ဆိုင်ချင်သည်။ ဒီကောင်လေးနဲ့ပတ်သက်ပြီး သူ့ဆန္ဒက အဆုံးမရှိအောင်ဖြစ်နေမိသည်။

ရင်ဘတ်ထဲကအပူမီးကို ထိန်းဖို့ စီးကရက်ကို မီးညှိကာ ပြတင်းပေါက်ရှည်ကြီးနားမှာရပ်ပြီး အပြင်ဘက်မှာကျသည့်နှင်းများကို ငေးကြည့်နေမိသည်။ နှင်းကျတာနှေးကွေးပြီး သူ့အဆုတ်ထဲထိ ဝင်နေသည့်မီးခိုးငွေ့က သူ့ရင်ထဲကအထီးကျန်မှုကို မချုပ်ငြိမ်းနိုင်ပေ။
ရွှယ်ဇီရွှယ်၏မျက်လုံးက နီရဲလာပြီး အသက်ပြင်းပြင်းရှိုက်ကာ စီးကရက်ကိုငြှိမ်းသတ်လို့ အောက်ထပ်ကိုဆင်းလာပြီး ဟွမ်ရီ၏အိပ်ခန်းတံခါးဝရှေ့မှာ ရပ်ကာ တံခါးကို လက်နှင့်ထိထားမိသည်။

တံခါးကို ဖွင့်လို့တော့မရပေ။ ဟွမ်ရီက တံခါးကိုသော့ခတ်ကာ အိပ်သွားလို့ ရွှယ်ဇီရွှမ်က ညသန်းခေါင်ကြီး ဖူဘိုကိုနှိုးကာ သော့တောင်းလိုက်သည်။

"သခင်လေး.. ဘယ်ကသော့ကို လိုချင်တာလဲ.."

ဖူဘိုက သော့တွဲကိုထုတ်ကာ ရှင်းပြလိုက်သည်။

"ဒီသော့က ပထမထပ်က အခန်းသော့တွေ၊ ဒီဟာက ဒုတိယထပ်နဲ့ တတိယထပ်က သော့တွေပါ.. စာဖတ်ခန်းကတော့ လက်ဗွေရာနဲ့မှ ဖွင့်လို့ရတယ်.. စာဖတ်ခန်းထဲ ဝင်ခွင့်ရဖို့ သခင်ကြီးခွင့်ပြုမှရမယ်.. ဒီသော့တွေက အိမ်သားတိုင်းမှာ တစ်စုံစီရှိတယ်.. သခင်လေးက မတောင်းလို့ ကျွန်တော်က ပေးဖို့မေ့နေတာ.. ဒီတစ်စုံကို ကျွန်တော့်ကို ပြန်ပေးဖို့မလိုပါဘူး.."

ဖူဘိုက သော့များကို ပေးလိုက်သည်။

ရွှယ်ဇီရွှမ်က သော့ကိုယူရင်း ဟွမ်ရီ၏အခန်းသော့ကို မှန်အောင် အတော်ကြိုးစားလိုက်ရသည်။

ဝံပုလွေဂူထဲမှာ အိပ်စက်နေရလို့ ကျိုးယွင်ရှန့်က ဘယ်လိုလုပ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရဲမှာလဲ။ တံခါးသော့ဖွင့်သံကြားတော့ သူက ချက်ချင်းနိုးလာပြီး တံခါးနောက်မှာ ချက်ချင်းပုန်းလိုက်သည်။

တံခါးက အသာလေးပွင့်သွားပြီး စင်္ကြန်ကမီးရောင်က မှောင်သောအိပ်ခန်းထဲ တိုးဝင်လာခဲ့သည်။ ထို့နောက် တံခါးဝမှာ အရပ်မြင့်မြင့်နှင့် ယောက်ျားတစ်ယောက်၏ပုံရိပ်ကို မြင်လိုက်ရပြီး သူက အိပ်ခန်းထဲ ဖြည်းညင်းစွာဝင်လာခဲ့သည်။

==========================
Chapter (7-4) _  ဟွမ်ရီ၏ အိပ်ယာပေါ်တက်လာသော အကိုကြီး (Z+U)


အခန်းထဲ ၀ င်လာသူဆီက ရင်းနှီးနေသော ဆေးရွက်ကြီးနံ့နှင့် သူနှင့် အကျွမ်းတဝင်ရှိသောရေမွှေးနံ့များကြောင့် ကျိုးယွင်ရှန့်၏ စိတ်တင်းကြပ် မှု ချက်ချင်းပြေလျော့သွားခဲ့သည်။ သူ သတိမထားမိ ခင်မှာပဲ ရွှယ်ဇီရွမ်နဲ့ပတ်သတ်ပြီး သတိထားနေသည်ကို ဖြေလျော့ လိုက်မိသည်။

"နောက်ကျနေပြီ။ အကိုကြီး ဘာကြောင့် မအိပ်သေးတာလဲ  "

ကျိုးယွင်ရှန့်က မီးခလုတ်ကို ဖွင့်ရင်းမေးလိုက်သည်။ ရုတ်တရက်ပွင့်လာသော မီးရောင်ကြောင့် မျက်စိစူးကာ မျက်လုံးကို လက်လေးများနှင့် ကာထားလိုက်မိသည်။

 
"မင်း ဒီမှာဘာကြောင့် ပုန်းနေတာလဲ။ သူခိုးဝင်လာမှာ ကြောက်တာလား?"

ရွှယ်ဇီရွမ်ခေါင်းကိုလှည့်ကြည့်လိုက်သောအခါဆယ်ကျော်သက်ကောင် လေးက  ညဝတ်အင်္ကျီလေးတစ်ထည်သာ ဝတ်ထားပြီး ကြမ်းပြင်ပေါ်တွင် ဖိနပ်မပါဘဲရပ်နေသည်ကိုတွေ့လိုက်ရသည်။ ရွှယ်ဇီရွမ်က သူ့ကိုအမြန်ခေါ်ပြီး ညင်ညင်သာသာ အိပ်ယာပေါ် အိပ်ခိုင်းလိုက်သည်။

"အင်း။ ကျွန်တော်က အိမ်ထဲ သူခိုးဝင်လာပြီထင်နေတာ။ အကိုကြီးဆီ့ ရေမွှေးနံ့ရတာ နောက်ကျရင် နှိုးစက်နာရီနဲ့ ထုမိတော့မလို တော်သေးတယ်။ "

ကျိုးယွင်ရှန့်က အရမ်းပင်ပန်းနေပြီး ူညည်းညူကာ ပြောလိုက်သည်။  သူ၏ညည်းညူသံလေးက အသံတိုးတိုးလေးဖြစ်ပြီး အလိုလိုက်ခံထား ရသည့် ကလေး၏ တရင်းတနှီးပြောနေသလိုဖြစ်ကာ ရွှယ်ဇီရွမ်၏ နှလုံးသားလေးထဲ ချိုစိမ့်သွားသလို ခံစားရသည်။

ကျိုးယွင်ရှန့်က သူ၏နောက်ကျောနောက်ကွယ်မှာ ဝှက်ထားသော လက်ထဲ  ဆုပ်ထားသော နာရီကိုပြလိုက်သည်။ ထိုနာရီသည် သံဖြင့်ပြု လုပ်ထားပြီး အုတ်ခဲတစ်လုံး ကဲ့သို့အသုံးပြုနိုင်သည်။

ကျိုးယွင်ရှန့်၏ ချစ်စရာကောင်းသော စကားပြောပုံက ရွှယ်ဇီရွမ်ကို ရယ်မောလာစေသည်။ သူက ကောင်လေးနှင့်အတူ နွေးသော စောင်ပုံထဲ တိုးဝင်ကာ ကျိုးယွင်ရှန့်လက်ထဲက နာရီကို ယူကာ ဘေးက စားပွဲပေါ် တင်လိုက်သည်။ ပြီးတော့ သူ့လက်မောင်းပေါ်တွင် ကျိုးယွင်ရှန့်ကို ခေါင်းအုံးကာ အိပ်စေသည်။

"စိတ်မကောင်းပါဘူး။ မင်းကိုကြောက်အောင် ခြောက်လိုက်မိတယ်"

ရွှယ်ဇီရွမ်ကကောင်လေးရဲ့ပန်းရောင်သန်းတဲ့ပါးကိုနမ်းပြီး ညင်သာစွာ ပြောလိုက်သည်။

" မြန်မြန်အိပ်တော့၊ မနက်ဖြန်  သံစုံတီးဝိုင်းကိုအကိုကြီး သွားမှာကို လိုက်ခဲ့.. ဟုတ်ပြီလား "

လူငယ်လေး၏အနားမှာအိပ်စက်ရတာက ရွှယ်ဇီရွမ်၏  မငြိမ်မသက် ဖြစ်နေသောနှလုံးသားလေးက  ငြိမ်သက်သွားပြီး ခါတိုင်းကဲ့သို့ အထီးကျန်ခြင်းကို မခံစားရတော့ပေ။

ဒါတကယ်လား။ အိပ်မက်ပဲလား။

ရွှယ်ဇီရွမ်၏အခြားတစ်ဖက်လက်ဖြင့် ဆယ်ကျော်သက်ကောင်လေး၏ ပါးကို ထိလိုက်ပြီး လက်ချောင်းထိပ် မှ နူးညံ့သော အသားအရေနှင့် နွေးထွေးမှု ကိုခံစားလိုက် ရသည်။  

ဒါက တကယ်ပဲ။ သူချစ်တဲ့ ကောင်လေးကို ရင်ခွင်ထဲ ဖက်ထားရတယ်လို့ သူ့ဖာသာ ပြောနေမိသည်။

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်၏ ပါးကို ပွတ်နေသော လက်ကိုရှောင်ကာ မေးလိုက်သည်။

" ဘာကြောင့်သံစုံတီးဝိုင်းကိုသွားတာလဲ၊ အကိုကြီး  ဘာလို့ ကျွန်တော့် အိပ်ယာထဲကို တိုးဝင်အိပ်နေရတာလဲ၊ ကျွန်တော့် အိပ်ရာသေးသေးလေး က အကိုကြီးအရပ်နဲ့ ဆံ့မှမဆံ့တဲ့ဟာကို...."

ငါးမီတာရှိသောအိပ်ရာတစ်ခုသည် ရွှဇီရွမ်၏ခြေထောက်များ အပြည့်အဝ  ဆန့်နိုင်လောက်အောင်ကြီးလွန်းခြင်းမရှိသော်လည်း သူ၏နှလုံးသားကို ပူနွေးစေသော  နေရာကို ရွှယ်ဇီရွမ် အတင်းတက်ကာ လာအိပ်လိုက်မိသည်။

အကိုကြီး ဒါကတော့ အရမ်းများသွားပြီ.... ဆိုပြီး ကျိုးယွင်ရှန့်၏ စိတ်ထဲ မကျေမနပ်ဖြစ်ကာ အိပ်ချင်မူးတူးဖြင့် မျက်ရည်ဝေ့နေသော မက်မုံပွင့်လို လှပသော မျက်ဝန်းလေးက မကြည်မသာဖြင့် စိုက်ကြည့်နေသည်။
သူ၏နှုတ်ခမ်းကိုလည်း သတိမေ့ပြီး စူထားမိသည်။

ဒီမြင်ကွင်းက ရွှယ်ဇီရွမ်ကို ငေးကြည့်နေစေသည်။ ဒီဟွမ်ရီလေးက အိပ်ချင်မူးတူးဖြစ်နေချိန်ဆိုရင် ဒေါသကို မထိန်းနိုင်ဘူးဆိုတာ သူ လုံးဝ မသိခဲ့ပေ။

ဒီကောင်လေး ပျော်နေချိန်၊ ဝမ်းနည်းနေချိန်၊ ဒေါသထွက်နေချိန် ကို အားလုံးသိပေမယ့် ခုလို အိပ်ချင်နေချိန်ဆို ဒေါသ ထွက်နေတဲ့ ကြောင်ကလေးက ကျောရိုးပေါ်က အမွေးလေးတွေကို ထောင်ထ စေပြီး လက်သည်းလေးတွေနဲ့ လူကိုကုတ်ခြစ်ဖို့ ဒေါသတကြီး လုပ်နေပုံလေးကို လုံးလုံး မသိခဲ့ပေ။ ဘယ်လောက်တောင် ချစ်ဖို့ ကောင်းလိုက်သလဲ။

ဒီအမှန်တရားနှင့်တွေနဲ့အတူ သူချစ်တဲ့ကောင်လေးနဲ့အတူ အသက်ရှင် သန်နေထိုင်နေရတယ်ဆိုတဲ့ အသိက ရွှယ်ဇီရွမ်ကို အပျော်လွန်ပြီး မူးမေ့မတတ် ခံစားရစေသည်။ ဒီကောင်လေးရဲ့ပုံစံလေးကို ချစ်ရလွန်းလို့ သူ့နှလုံးသားတွေ အရည်ပျော်ကုန်ပြီလားလို့ ထင်ရသည်။

ကျိုးယွင်ရှန့်က ဒီလူ လာနှောက်ယှက်လို့ အစက သူ အိပ်ပျော်မယ်ဟု မထင်ခဲ့ပေမယ့် သူနှင့် ရင်းနှီးနေသော ဆေးရွက်ကြီးနံ့နှင့် နွေးထွေးသော ရင်ခွင်တစ်စုံက လုံခြုံမှုကိုပေးနိုင်ပြီး သူ သတိမထားမိခင်မှာပင် အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မက်ပင်မ မက်မိပဲ အိပ်မောကျ သွားခဲ့သည်။

 အခြားသူတစ် ဦး ၏အသက်ရှုသံနှင့် ပွေ့ဖက်ခြင်းတို့နှင့် အလျင်အမြန် ရင်းနှီး ကျွမ်းဝင်လာ သူကအရင်ကထက် ပိုမိုနက်ရှိုင်းစွာ အိပ်ပျော်ခဲ့ မိသည်။  နောက်တစ်နေ့ သူနိုးလာသောအခါ ကောင်းကင် တခွင်လုံး တောက်ပနေပြီးပြတင်းပေါက်တွင် ပက်ဖြန်းနေသပြီး သူက အံ့အားသင့် ကာ စူးစိုက်ကြည့်နေမိသည်။

သူထထိုင်ပြီး သူဘေးဘက်က အိပ်ယာကိုတို့ထိလိုက်တော့ အေးနေပြီ။ ွှရွှယ်ဇီရွမ်က စောစောထကာ သူ့အခန်းကို ပြန်သွားခဲ့ပြီထင်သည်။

 ခါင်းပေါ်မှာ ရှုပ်ထွေးသောဆံပင်ဘုတ်သိုက်နှင့် ကျိုးယွင်ရှန့်က ရေချိုးခန်းထဲဝင်ကာ သွားတိုက်၊ မျက်နှာသစ်နေစဉ် အောက်ထပ်မှ ကျယ်လောင်သော   ရုတ်ရုတ်သဲသဲအသံများ၊ ပန်းကန်ပြားကျကွဲသံ များနှင့် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ထုံးစံအတိုင်း ရွှယ်ကျင်းရီ သောင်းကျန်းနေပြီထင်သည်။

ရွှယ်ကျင်းရီရဲ့နောက်ထပ် ပြဇာတ် စတင်နေပြီထင်သည်။ ဒီမိန်းကလေး သေကို မသေနိုင်သေးဘူး။ အော်ဟစ်နေရင်း သေသွားရင် ကောင်းမည်။

ထိုသို့တွေးလိုက်မိပြီးမှ ကျိုးယွင်ရှန့်သတိရသွားသည်။ သူ ဘယ်လောက်ပဲ ကျိန်ဆဲနေပေမယ့် ကံကြမ္မာ၏ သမီးတော်က ဒီလို လွယ်လွယ်နဲ့ ဘယ်သေပါ့မလဲ။ သူ့ system မှာ ဇာတ်လိုက်၊ ဇာတ်လိုက်မ တွေကို မကောင်းကြံရင် တစ်ခါတည်း အပြစ်ပေးနိုင်ဖို့ သူ့ ဦးနှောက် နဲ့ချိတ်ဆက် ထားသည်။ ဇာတ်လမ်းထဲမှာ ဗီလိန်အဖြစ်ပါဝင်က စားသည့် ဇာတ်ကောင်များ၏ အတွေးကိုပင် လိုက်ထိန်းချုပ်ထားသည့် စနစ်ဖြစ်ပြီး ကျိုးယွင်ရှန့် ဘယ်လိုမှ မတတ်နိုင်ပဲ မကြာခဏ အပြစ်ပေး ခံနေရ သည့် စနစ်တစ်ခုဖြစ်သည်။ အခု သူတွေးလိုက်သည့် အတွက် system  က သူ့ကို အပြစ်ပေးလာမည်ကို ကြိုတွေးကာ သူ့စိတ်ကို ပြင်ဆင်ထားပေမယ့် system  က လုံးဝ အပြစ်မပေးခဲ့ပေ။

ဘာလဲဟ၊ system က သူ့ကိုအပြစ်ပေးဖို့ ပါဝါ လုံးဝမရှိတော့တာလား။

ကျိုးယွင်ရှန့် ပျော်သွားပြီး system ၏ အကာအကွယ် စနစ်ထဲက သူ့ စိတ်စွမ်းအင်ကို ထည့်ကာ ထိုးဖောက်လိုက်သည်။ သို့သော် ဒီအခိုက် အတန့်  စနစ်က မတည်မငြိမ်ဖြစ်နေပြီး ဒီကမ္ဘာ့၏ ဇာတ်လိုက်မအပေါ် မကောင်း ကြံစည်မှု  ကိုမတွေ့ရသလို ဖြစ်နေသည်။    

ဒါက အရမ်းကောင်း တယ်။ သူက ဒီစနစ်တစ်ခုလုံးကို ဖယ်ရှားဖို့ခြေလှမ်း တစ်လှမ်းနီးကပ်လာပြီဟု တွေးနေမိသည်။

ကျိုးယွင်ရှန့်သည် သူ၏စိတ်စွမ်းအားကိုမြှင့်တင်ရန်နှင့် စနစ်၏ကာကွယ်ရေးများကို ဆက်လက်ထိုးဖောက်ရန်ပြင်ဆင်နေသည်။

ထိုစဉ် အောက်ထပ် ဧည့်ခန်းဘက်မှ ရွှယ်လီဒန်နီနှင့် ရွှယ်လွေ့လို့ စကားများနေသံကိုကြားလိုက်ရသောကြောင့် ကျိုးယွင်ရှန့်က အမြန် ဆံပင်ဖီးကာ အောက်ထပ်ကို ဆင်းလာပြီး အခြေနေကြည့်ရန် အခန်းပြင် ထွက်လိုက်စဉ် ဘေးခန်းတံခါးဝတွင် ရွှယ်ကျင်းရီကို ထူထဲသော သားမွေးအဖြူ အနွေးထည် ဝတ်လျက် ပုလဲလုံးလေးလို ရပ်နေသည်ကို တွေ့လိုက်ရသည်။ မနေ့က နှလုံးရောဂါဖောက်ပြီး သေမလို ပြင်းပြင်းထန်ထန် ရောဂါခံစားနေရပြီး ဒီနေ့မှာ လန်းဆန်းစွာ ထရပ်နေနိုင်သော နှလုံးရောဂါသည်ကို သူ မမြင်ဖူးပေ။

"  ကျင်းရီ...နေကောင်းရဲ့လား။ နင် အသားရေ ပိုကောင်းလာသလိုပဲ"

ဒီ ဇာတ်လိုက်မလိုမျိုးက ပိုးဟပ်လိုပဲ။ လွယ်လွယ်နဲ့ မသေနိုင်ဘူး။

" ကျေးဇူးတင်ပါတယ် ဟွမ်ရီ။ ငါ့မှာ သွေးရင်းဆိုလို့ နင်တစ်ယောက်တည်း ရှိတယ်။ ငါ့ရောဂါက ပိုပိုဆိုးလာတယ်။ ဒီနေ့ အိပ်သွားလို့ မနက်ဖြန် ပြန်မနိုးလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ငါ့အနားမှာ နင်နေပေးပါနော်။ ငါ ကြောက်တယ်။  "    

ရွှယ်ကျင်းရီက ရုတ်တရက် ရှေ့တိုးကာ ဟွမ်ရီ၏ အဝတ်စားကို အသာဆွဲကာ သနားစဖွယ်ပြောလိုက်သည်။

=============================
Chapter (7-5) _  ကိုယ်ဘယ်သွားသွား မင်း ကိုယ်နဲ့အတူ လိုက်ရမယ် ရှောင်ရီလေး (Z+U)


ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီကို  ခဏ ဖက်ထားပြီး သူမကိုနှစ်သိမ့်ပေးကာ ဂရုစိုက်ပေးါပမည့်အကြောင်း ၊  သူမ၏နှင့်အတူအဖော်ပြုပေး မည့်အကြောင်း ထပ်ခါတလဲလဲ ကတိပေးခဲ့သည်။ အပြောကတော့ ချောနေတာပဲ။ ဒါပေမယ့် ရွှယ်ကျင်းရီက ဘာကြောင့် ရုတ်တရက် ဆက်ဆံရေးပြောင်းပြီး သူ့ကို လာကပ်နေတာလဲ။ ဒါက သွေးရိုးသားရိုး မဖြစ်နိုင်ပေ။ ဒီ ရွှယ်မောင်နှမက သူ့ကို ဘာမကောင်းကြံနေသလဲ မသိတော့ပေ။ ဒါက အတော်ကို စိတ်အနှောက်ယှက်ဖြစ်ဖို့ကောင်းသည်။ ဒီရွှယ်အိမ်ကို စရောက်ကတည်းက ပထမဆုံး ကျိုးယွင်ရှန့် နိုးနိုးကြားကြားဖြစ်ကာ သတိထားလိုက်မိသည်။

သူမ ဘာတွေစီစဉ်နေတာလဲ။  စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ ကျိုးယွင်ရှန့် စိတ်မရှည်တော့ပေ။

အောက်ထပ်မှာဆူညံသံကပိုပိုပြီးပြင်းထန်လာသည်။ ကျိုးယွင်ရှန့်သည်   ထိုအခွင့်အလမ်းကိုယူပြီး ရွယ်ကျင်းရီ ကို ဖက်ထားရာမှ လွှတ်လိုက်သည်။

ရွှယ်လီဒန်နီနှင့် ရွှွယ်လွေ့တို့သည် ထမင်းစား စားပွဲတွင် စကားများနေပြီးကြမ်းပြင်ပေါ်တွင် ပန်းကန်ကွဲများဖြင့် ပြည့်ကာ ပွစာကြဲနေသည်။ ထိုဝိုင်းတွင် ရွှယ်ဇီရွမ် တစ်ဦးတည်းသာ အေးအေးဆေးဆေး ထိုင်ကာ ကော်ဖီတစ်ခွက်သောက်ရင်း ဘာမှ မဖြစ်သလို ထိုင်နေသည်။ သူ့အမူယာက ခန်းနားထည်ဝါကာ အေးဆေးလွန်းလှသည်။

 လူတစ်ယောက် သူ့ကို ချောင်းကြည့်နေတယ်လို့ ခံစားရလို့ သူက လှမ်းကြည့်လိုက်တော့ အပေါ်ထပ် လှေကားထောင့်နားကနေ သူ့ကို ချောင်းကြည့်နေသည့် သူချစ်သော ကောင်လေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဟွမ်ရီ၏ ချောမွေ့သော မျက်နှာလေးက နွေဦးပေါက်လို နွေးထွေးလွန်းလှသဖြင့် အေးစက်သော နှင်းများအားလုံး အရည်ပျော်ကျလာသလို သူ ခံစားလိုက်ရသည်။

" စကားများရန်ဖြစ်တာ တော်ပါတော။ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ နောက်ထပ် မပြောင်းလဲတော့ဘူး။  "

သူက ကော်ဖီခွက်ကိုချ ပြီး အသံပုံမှန်ဖြင့် ပြောလိုက်သည်။

 "မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး။ မင်းရဲ့အကြိုက်ဆုံးစန္ဒရား မဟုတ်လား ဇီရွမ်... မင်း ဒါကို ဘယ်လို စွန့်လွတ်နိုင်ရတာလဲ။ မင်းအဖေက မင်းကို အတင်းအကျပ်ဖိအားပေးနေတာလား?..အိုး... ဒီ အဖိုးကြီးက မင်းကို အတင်းတိုက်တွန်းလို့ပဲဖြစ်မယ်။ ငွေ..ငွေ...ငွေ.. တချိန်လုံး ငွေတွေပဲစဉ်းစားနေတယ်။ ငွေက ဒီလောကမှာ မကောင်းဆုံးအရာပဲ "

ရွှယ်လီဒန်နီက လက်မလျော့နိုင်ပဲ ဆက်ပြောလိုက်သည်။

"ကျွန်တော် ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပါ။ ဘယ်သူနဲ့မှမဆိုင်ပါဘူး။ စန္ဒရားကို ကျွန်တော်ကြိုက်ပါတယ်၊ ဒါပေမယ့် အကြိုက်ဆုံးတော့မဟုတ်ပါဘူး။ အမေ မှား နေပြီ"

ရွှယ်ဇီရွမ်က အေးအေး ဆေးဆေးပြောလိုက်ပြီး အခန်းထောင့်မှာပုန်းအောင်းနေတဲ့ ဖူဘိုကို လှမ်းအမိန့်ပေးလိုက်သည်။
 

"အားလုံးကို သန့်ရှင်းရေးလုပ်လိုက်ပါ၊

ဖူဘိုက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်ကြောက်ရွံ့တုန်လှုပ်လျက် ထိုနေရာကို သပ်ရပ်အောင် လှည့်ကျင်းလိုက်သည်။

ရွှယ်လီဒန်နီသည်အရှုံးမပေးနိုင်သေးလို့ သူမ သားဖြစ်သူကို  အကြံဉာဏ် ပေး ရန် စိတ်အားထက်သန်စွာကြိုးစားနေခဲ့သည်၊ သို့သော် သူ၏ ပြတ်သားသော စိတ်ထားကိုတွေ့မြင်ပြီးနောက်ဆုံးတွင် စိတ်ထိခိုက်စွာဖြင့် အိမ်မှ ထွက်သွားခဲ့သည်။

သူ့သားက စိတ်ပြောင်းမသွားဘူးဆိုတာကိုသိတော့ ရွှယ်လွေ့က စိတ်သက်သာရာ ရသွားပြီးသူ့ဇနီးကို လိုက်ချော့ခေါ်ဖို့အတွက် အင်္ကျီကို အမြန်ဝတ်ဆင်ကာ နောက်မှ လိုက်သွားခဲ့သည်။ သူ့ဇနီး၏မိသားစုသည် အနုပညာမိသားစုတစ်ခုဖြစ်သော်လည်း သူတို့က စစ်တပ်နှင့် ချိတ်ဆက် ထားသည်။ ယောက္ခထီးနှင့်ယောက်ဖ တို့သည်ဗိုလ်ချုပ် အဆင့်များဖြစ် ကြ သည်။ သူတို့က စစ်တပ်နှင့်နိုင်ငံရေးအသိုင်းအဝိုင်းတွင် အဆက်အသွယ် များစွာရှိသည်။ ဒါကြောင့် သူတို့ကို အမျက်ရှအောင် မလုပ်ဝံ့ပေ။

ဧည့်ခန်းကချက်ချင်းပဲတိတ်ဆိတ်သွားသည်။ ရွှယ်ဇီရွမ်သည်   အပေါ်ထပ်သို့ တက်လာပြီး သူ့ကို ချစ်ခင်မြတ်နိုးစွာကြည့်နေသည့် ရွှယ်ကျင်းရီကို လုံးလုံး လျစ်လျူရှုထားပြီး ဟွမ်ရီကို ညင်သာစွာ မေးလိုက်သည်။  

"မင်း သွားတိုက်နေတုန်း ထွက်လာတာလား။ ပါးစပ်မှာ အမြုပ်တွေ ရှိနေတုန်းပဲ "

ကျိုးယွင်ရန့်က ခေါင်းညိတ်လိုက်ပြီး ဘာတွေဖြစ်နေလဲဆို တာမေးချင် ပေမယ့်  သူက ဒါတွေကို သိရဖို့ အရည်အချင်းမရှိဘူးလို့ခံစား ရသဖြင့် သွားပြန်တိုက်ရန် သူ့အခန်းထဲ ဝင်ဖို့လှည့်ထွက်လိုက်သည်။ ဒါပေမယ့် ရွှယ်ကျင်းရီက သူ့အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား သောကြောင့် သွားလို့မရပေ။  သူ ရုန်းကန်နေရသည့်တိုင်  ကျင်းရီလက်မှ လွတ်ကင်းနိုင်ခြင်းမရှိခဲ့ပေ။

သူက သံသယမျက်လုံးများဖြင့်ကြည့်လိုက်သည်။ သို့သော် ရွှယ်ကျင်းရီက အားနည်းစွာပြုံးပြီး သနားစဖွယ်ပြောလိုက်သည်။

" အစ်ကို ငါကြောက်တယ်၊ ငါနဲ့ အတူနေပေးပါ ဦး"

သူမ ထိုစကားများပြောခဲ့သည့်တိုင် သူမမျက်လုံးက ရွှယ်ဇီရွမ်ကိုသာ တောက်လျောက် စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတော့ ရွှယ်ကျင်းရီက ဘာကြံစည်နေသည်ကို သူ သိသွားလေပြီ။ သူမက    "အကို"လို့ခေါ်တာ သူ့ကိုထက် ရွှယ်ဇီရွမ်ကို ခေါ်မှန်းသိသာလှသည်။  

ရွှယ်ကျင်းရီက ရွှယ်ဇီရွမ်နှင့် နီးနီးကပ်ကပ်နေနနိုင်ဖို့ သူနှင့် အတင်းလိုက်ကပ်နေသည်ကို ကျိုးယွင်ရှန့် သိလိုက်ကာ အရမ်းကို စိတ်ပျက်သွားခဲ့သည်။

သူမ အရမ်းနေမကောင်းဖြစ်တာမို့ သူမရဲ့စိတ်ခံစားချက်တွေကို ရှုပ်ထွေး အောင် မလုပ်သင့်ဘူးဆိုတာ မသိဘူးလား။ အခုတော့ တစ်နေ့လုံး သူမက ရွှယ်ဇီရွမ်ရဲ့ ဘေးပတ်ပတ်လည်မှာနေနိုင်မယ့်  နည်းလမ်းတွေကို တွေးနေသည်။ သူမက အသက်ရှည်ရှည်မနေချင်တော့ဘူးထင်သည်။

ကျိုးယွင်ရှန့်လို အပြင်လူကပင် သူမရည်ရွယ်ချက်ကို သိနိုင်လျှင် ရွှယ်ဇီရွမ်လည်း သူမ လုပ်ရပ်ကိုသိလို့ စိတ်မရှည်စွာပြောလိုက်သည်။

 "ရွယ်ကျင်းရီ ကန့်လန့်လုပ်တာတွေ ရပ်လိုက်စမ်း ။ ရှောင်တုန်း... သူမကို မနက်စာကျွေးဖို့ သူမ အခန်းထဲကိုခေါ်သွားလိုက်ပြီး သေချာစောင့်ကြည့် လိုက်ပါ။ ညက ညနက်ကြီး အဝတ်ပါးလေးပဲ ဝတ်ပြီး ကော်ရစ်တာမှာ ဒီအတိုင်း ထိုင်နေခဲ့တယ်။ "  
 
ရှောင်တုန်း သည်တုန်လှုပ်သွားပြီး ရွယ်ကျင်းရီ၏လက်ကို ဆွဲခေါ်ကာ  အပူချိန်နှင့်သွေးပေါင်ချိန်ကိုတိုင်းတာရန် သူမကိုပြန်ခေါ်သွားလိုက်သည်။ မူလက ရွယ်ကျင်းရီက ရုန်းကန်နေ ပြီးဒေါသထွက်နေပုံရသည်။ သို့သော် သူမ ရုတ်တရက် ငြိမ်သက်သွားပြီးကျေနပ်စွာပြုံးပြလိုက်သည်။

" အကိုကြီး၊ စိတ်ချပါ၊ ညီမလေးရဲ့ကိုယ်ခန္ဓာကိုသေချာ ဂရုစိုက်ပါ့မယ်။ အကိုကြီးရဲ့ချစ်ခြင်းမေတ္တာကို ညီမလေး နားလည်ပါတယ်။ ညီမလေး စကားနားထောင်ပါ့မယ်။"  

ရွှယ်ဇီရွမ်က ဘာမှ ပြန်မပြောပေမယ့် ဘေးက ကျိုးယွင်ရှန့်က ဒီစကားကို ကြားရတော့ ကြက်သီးပင်ထသွားသည်။ ရွှယ်ကျင်းရီ၏ အပြုံးက ထူးဆန်းနေပြီး သူမက စိတ်ရောဂါဖြစ်နေသလားတောင် ထင်ရသည်။

ကျိုးယွင်ရှန့်က အတွေးလွန်နေချိန် ရွှယ်ဇီရွမ်က ကျိုးယွင်ရှန့်၏ ညာလက်ကို ဆွဲခေါ်ကာ ရေချိုးခန်းထဲ ခေါ်လာပြီး သွားတိုက်တံကို ထည့်ပေးလိုက်သည်။ ကျိုးယွင်ရှန့်က သွားတိုက်ပြီးတော့ ရွှယ်ဇီရွမ်က မျက်နှာသုတ်ပုဝါနှင့် ငါးနှစ်ကလေးကို မျက်နှာသစ်ပေးသလို ညင်သာစွာ သုတ်ပေးနေသည်။

အစက ကျိုးယွင်ရှန့်က ခုလို လုပ်ပေးသည်ကို ရှက်နေပေမယ့် ခဏနဲ့ နေသားကျသွားပြီး လက်ခံလိုက်သည်။ သူတို့ မနက်စာ အတူစားပြီးတော့ အပြင်ထွက်ဖို့ ဖိနပ်လဲကာ စီးလိုက်ကြသည်။

" အကိုကြီး ကျွန်တော့်ကို သံစုံတီးဝိုင်းကို သွားတဲ့နေရာ ခေါ်ချင်တာ တကယ်လား "

" ဟုတ်တယ်။ နောင်ဆိုရင် ကိုယ် ဘယ်သွားသွား မင်း ကိုယ်နဲ့အတူလိုက် ရမယ်။ ဟုတ်ပြီလား "

" ကျွန်တော် သင်တန်းတွေ တက်ရဦးမယ်။  "

" သင်တန်းချိန် ပြီးရင် မင်း ကိုယ် ဘယ်သွားသွား လိုက်ရမယ် "

ရွှယ်ဇီရွမ်က ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။ တကယ်ပဲ သူ့ကို လူကြားထဲ ခေါ်ပြီး သူ့ဖြစ်တည်မှုကို ဖော်ပြဖို့ ဆုံးဖြတ်ထားတာလား။ ဒါဆိုရင် ရွှယ်ကျင်းရီရဲ့ နှလုံးခွဲစိတ်မှုကိုမလုပ်တော့ဘူးလား။

ကျိုးယွင်ရှန့် တွေးရင်း ဉာဏ်မမှီတော့ပေ။ ဒါကြောင့် ဒီအကြောင်း မတွေးတော့ပဲ အခြေနေကိုကြည်ပြီး အကဲခတ်ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

==========================

Chapter (7-6) -ဒီမိသားစုထဲမှာ ကိုယ်ကလွဲရင် မင်း ဘယ်သူ့ကိုမှမယုံနဲ့..

ရွှယ်ဇီရွှမ်က ဟွမ်ရီ၏ဖိနပ်ကို ကိုယ်တိုင်စီးပေးကာ ဘောင်းဘီကို နေသားတကျပြန်ချပေးပြီးမှ သူ့ဖိနပ်ကိုစီးသည်။

ထိုအချိန် ဖူဘိုက သခင်မလေးကိုသွားကြည့်ပြီး ပြန်ဆင်းအလာ သူတို့အပြင်သွားမည်ကို တွေ့သောကြောင့် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"သခင်လေး...သူ့ကိုခေါ်ပြီး ဘယ်သွားမလို့လဲ ? "

ရွှယ်ဇီရွှမ်က ဖူဘိုကိုလုံးဝမမြင်သလို မကြားသလို သဘောထားကာ ငဲ့စောင်းလို့ပင်မကြည့်ပေ။

သူ့ဖိနပ်စီးပြီးတော့ ဒီကောင်လေးကို လက်မောင်းဖြင့်သိုင်းဖက်ကာ တံခါးဖွင့်ပြီး အပြင်ထွက်သွားတော့သည်။

"သခင်လေး...လူတွေကြားထဲမသွားပါနဲ့..သခင်မလေးရဲ့....ကိုမမေ့ပါနဲ့"

ကျန်တဲ့စကားလုံးကို ဖူဘိုက ရှင်းအောင် မပြောခဲ့ပေ။ သခင်လေးက သူ့စကားကို နားမထောင်သောကြောင့် သူတို့နောက်ကလိုက်လာပြီး ဟွမ်ရီ၏လက်မောင်းကို လှမ်းဆွဲကာ တောင့်တင်းစွာပြောလိုက်သည်။

"မင်းနေရစ်ခဲ့.. မင်း သခင်မလေးနားမှာနေပြီး စောင့်ရှောက်ပေးသင့်တယ်.. သခင်မလေးက မင်းကို တဖွဖွမေးနေတယ်.."

သူချစ်ရသည့်ကောင်လေးကို လက်မောင်းကြားက ရုတ်တရက် ဆွဲလုခံရသောကြောင့် ရွှယ်ဇီရွှမ်၏နှလုံးသားထဲ ဟာသွားတော့သည်။ ချစ်ရသူကိုဆုံးရှုံးရမှာ ကြောက်သည့်စိတ်တို့က တစ်ကိုယ်လုံးကိုပြန့်နှံ့သွားပြီး လူသတ်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။ သူချစ်သောဟွမ်ရီကို သူနှင့်ဝေးရာသို့ ယူသွားချင်သောလူများကို တစစီလုပ်ချင်လာအောင်မုန်းသည်။ ဟွမ်ရီကို သတ်ဖို့ကြိုးစားနေသော သူ့မိသားစုကိုလည်း မုန်းသည်။

ရွှယ်ဇီရွှမ်က ရှောင်ရီကိုပြန်ဆွဲယူရင်း ဖူဘိုကို တင်းမာစူးရှစွာစိုက်ကြည့်ကာ သတိပေးလိုက်သည်။

"မင်းဘာလုပ်တာလဲ.. ငါမင်းကို ဖူဘိုလို့ခေါ်ပေမယ့် မင်းက ရွှယ်အိမ်ကငှားထားတဲ့ အလုပ်သမားဆိုတာမမေ့နဲ့.. ဘယ်တော့မှ အလုပ်ရှင်ရဲ့ကိစ္စကို ဝင်မရှုပ်နဲ့.. ဒါမျိုး နောက်တစ်ခါ ထပ်မတွေ့ချင်ဘူး.."

ရွှယ်ဇီရွှမ်က ရှောင်ရီကို လက်မောင်းကြား တင်းကျပ်စွာဖက်ကာ အိမ်ပြင်ကိုထွက်လာတော့သည်။ ကျိုးယွင်ရှန့်၏နဖူးပေါ်မှာ အရေးအကြောင်း 3 ကြောင်းပေါ်လာသည်။ ရွှယ်ဇီရွှမ်၏ အသားချင်းထိတွေ့ချင်တဲ့ရောဂါက အခြေနေအတော်ဆိုးနေပြီပဲ။

"အခု အားလုံးအဆင်ပြေသွားပြီ သွားကြစို့ ... ဒီမိသားစုထဲမှာ ကိုယ်ကလွဲရင် မင်း ဘယ်သူ့ကိုမှမယုံနဲ့.. ရွှယ်ကျင်းရီအပါအဝင်ပဲနော်.. တစ်ခုတော့သေချာမှတ်ထား ကိုယ် မင်းကို ကာကွယ်ပေးမယ်.."

ကျိုးယွင်ရှန့်ကို ငုံ့ကြည့်ကာပြောလိုက်ချိန် ရွှယ်ဇီရွှမ်၏အမူအရာက လုံးဝကိုပြောင်းလဲသွားခဲ့သည်။ သူက ကျိုးယွင်ရှန့်၏နှာခေါင်းထိပ်ကို ချစ်စနိုး အသာဖျစ်ညှစ်လိုက်သည်။

ဒီရွှယ်ဇီရွှမ်၏ လူကိုပွတ်တီးပွတ်တာလုပ်ချင်စိတ်က ပိုပိုစိုးလာသောကြောင့် ကျိုးယွင်ရှန့်က စိတ်ကို လုံးဝလျှော့ထားလိုက်တော့သည်။ အခု ရွှယ်ကျင်းရီ၏ နှလုံးရောဂါအခြေအနေ ပိုပိုဆိုးလာပြီး နှလုံးခွဲစိတ်သည့်ဒဏ်ကို မခံနိုင်ဖြစ်လျှင် ပိုတောင်ကောင်းဦးမည်။ ဒီပွဲကတော့ ပိုတောင်ကြည့်ကောင်းလာတော့မည်။ သူ့အတွက်အဆုံးသတ်က ပျော်စရာဖြစ်ပြီး ရွှယ်မိသားစုအတွက် ဝမ်းနည်းစရာအဆုံးသတ်ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။

ဖူဘိုသည် သခင်လေး၏ ပြင်းထန်သောအမူအရာကြောင့် ကြောင်အ ကာ ထွက်သွားသော အနက်ရောင်ဇိမ်ခံကားကိုသာ ငေးကြည့်နေမိသည်။

ရွှယ်ကျင်းရီက ဘယ်သူမှမရှိတော့သော အိမ်ဝင်ပေါက်ကို ဒုတိယထပ်ပြတင်းပေါက်မှ ငေးကြည့်ကာ ကြောင်ကြောင်ကြီးရပ်နေမိသည်။

တီးဝိုင်းခေါင်းဆောင်က ရွှယ်ဇီရွှမ်ထံမှ ဖုန်းရထားသောကြောင့် အပေါက်ဝမှကြိုတင်ကာ ဆင်းကြိုစောင့်နေသည်။

"သူကဘယ်သူလဲ ?"

တီးဝိုင်းခေါင်းဆောင်က ရွှယ်ဇီရွှမ်၏လက်မောင်းကြားမှာ တင်းတင်းဖက်ထားခံရသော ကောင်လေးကိုကြည့်ကာမေးရင်း အလန့်တကြားဆက်ပြောလိုက်သည်။

"ဟေး... သူ့ကိုကြည့်ရတာ ကျင်းရီနဲ့တူလိုက်တာ.. သူတို့ဘာကြောင့် ဒီလောက်တူနေတာလဲ..?"

"သူကဟွမ်ရီ ၊ ကျင်းရီရဲ့အမြွှာအစ်ကိုပဲ ၊ ကျင်းရီက ငယ်ငယ်တည်းက ရွှယ်မိသားစုရဲ့မွေးစားတာကိုခံခဲ့ရတာ ၊ ကျွန်တော်နဲ့ သွေးသားတော်စပ်တာမရှိဘူး"

"ဒါကြောင့် ရုပ်ချင်းဒီလောက်တူနေတာကိုး ၊ သူကသူ့ညီမကို လာရှာတာလား"

တီးဝိုင်းခေါင်းဆောင်က စပ်စုလိုက်သည်။

"ရှောင်ရီရဲ့မိဘတွေက ကွယ်လွန်သွားပြီ.. ဒါကြောင့် အနီးကပ်စောင့်ရှောက်ဖို့ ကျွန်တော်သွားခေါ်လာခဲ့တာပဲ ၊ အခုကစပြီး ကျွန်တော်က သူ့ရဲ့ အနီးဆုံးဆွေမျိုးပဲ "

ရွှယ်ဇီရွှမ်က ရှောင်ရီ၏ခေါင်းလေးကိုပွတ်ကာ ချစ်မြတ်နိုးစွာပြောလိုက်သည်။

"ဒါ ဖြစ်သင့်တာပါ.. သူက ကျင်းရီရဲ့အစ်ကိုပဲလေ.."

တီးဝိုင်းခေါင်းဆောင်က ပြောပြီး ကြိုတင်ထုတ်ယူထားသော စာရွက်စာတမ်းကို လက်မှတ်ထိုးစေဖို့ ပြင်ဆင်လိုက်သည်။

ရွှယ်လွေ့က သူ့သားဆီကစကားကို ရပြီးကတည်းက ဒီကိစ္စကို ချက်ချင်းစီမံခဲ့တာဖြစ်သည်။ ရွှယ်ဇီရွှမ်က ချမ်းသာပြီး သြဇာအာဏာကြီးသောအိမ်က တစ်ဦးတည်းသောသားဖြစ်သောကြောင့် မိသားစုလုပ်ငန်းကို သူမှမဆက်ခံရင် ဘယ်သူဆက်ခံမလဲ..။

စန္ဒရားတီးခြင်းက ကျက်သရေရှိကာ ဂုဏ်တက်ပေမယ့် တကယ်တော့ သူ့သားက မိသားစုတာဝန်မကျေပွန်သေးဟု ရွှယ်လွေ့ကယူဆသည်။ သူ့သားကိုဆွဲဆောင်လို့မရသေးလို့သာ မိသားစုစီးပွားရေးကို လွှဲပြောင်းပေးဖို့ မလုပ်ခဲ့တာဖြစ်သည်။ ခု သူ့သားကိုယ်တိုင်က တောင်းဆိုလာတော့ ဒီအစီအစဉ်ကို ချက်ချင်းအကောင်အထည်ဖော်တော့သည်။

စာရွက်စာတမ်းများကို လက်မှတ်ထိုးစဉ်တလျှောက်လုံး ရွှယ်ဇီရွှမ်က ရှောင်ရီ၏လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသောကြောင့် ရှောင်ရီက စိတ်ကျဉ်းကျပ်လာသည်။ ဒါကြောင့် သူက အိမ်သာသွားချင်သည်ဟု ပြောလိုက်သည်။

ရွှယ်ဇီရွှမ်က ရှောင်ရီ၏မျက်နှာကို ဆက်တိုက်အကဲခတ်နေသောကြောင့် သူစိတ်ကျဉ်းကျပ်နေတာသိလို့ ညင်သာစွာချော့ပြောလိုက်သည်။

"လိမ္မာတယ်.. ခဏလေးသည်းခံလိုက်ပါဦးကွာ နော်.. ပြီးရင် ကိုယ်မင်းကို IT ပြပွဲကို ခေါ်သွားပေးမယ်.. အခုတလော နောက်ဆုံးပေါ် computer နဲ့ mobile phone တွေ ပြသနေတယ်တဲ့. ပြီးတော့ computer စနစ်ပါတဲ့ မော်တော်ကားတွေလည်း ရောင်းချနေတယ်လို့ကြားတယ်.. ကိုယ် မင်းကို အဲ့တာတွေဝယ်ပေးဖို့ ခေါ်သွားပေးမယ်.. မင်း အဲ့ဒီဟာတွေကို သဘောကျရဲ့လား.."

ရွှယ်ဇီရွှမ်သည် အရင်ဘဝက ရွှယ်ရန်က ခုလို ရှောင်ရီကို ဖြည့်ဆည်းပေးသည်ကို စောင့်ကြည့်နေခဲ့သောကြောင့် ဒီကောင်လေး ဘာကိုကြိုက်တတ်သည်ကို အသိဆုံးဖြစ်သည်။ ဒါကြောင့် သူက ရှောင်ရီကြိုက်သည့်အရာ၊ မုန်းသည့်အရာများကို ရင်ထဲစွဲအောင်မှတ်ထားပြီး လုံးဝမေ့မပစ်ခဲ့ပေ။

ကျိုးယွင်ရှန့်က ဒီစကားကိုကြားတော့ စိတ်ဝင်စားသောကြောင့် မျက်လုံးက တောက်ပဝင်းလက်သွားတော့သည်။

"အွန်း.. ကျွန်တော် ကြိုက်တယ်.. မြန်မြန်.. စာရွက်စာတမ်းကိစ္စပြီးရင် သွားကြည့်ရအောင်.."

"အိုကေ.. ဒါဆို မင်း ဟိုဟိုသည်သည် လျှောက်မသွားနဲ့တော့နော်.."

ရွှယ်ဇီရွှမ်က ရှောင်ရီ၏ပါးပြင်လေးကို ငုံ့နမ်းကာ လက်မှတ်ထိုးစရာကိစ္စကို ဆက်လုပ်နေသည်။

တီးဝိုင်းခေါင်းဆောင်သည် သူ့မျက်စိရှေ့က လက်မောင်းကြားကကောင်လေးကို ချစ်မြတ်နိုးစွာနမ်းလိုက်သူက သူသိထားသော အေးစက်ကာနှလုံးသားမရှိသည့် ရွှယ်သခင်လေးမှဟုတ်ပါလေစဆိုပြီး မျက်လုံးပွတ်ကာ ကြည့်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ပူးကပ်ထိုင်နေပြီး လက်က တင်းတင်းဖက်ကာ ချစ်မြတ်နိုးစွာနမ်းနေပုံက သာမန်ညီအစ်ကိုချစ်ခြင်းတွေထက် ပိုတယ်ဆိုတာ ထင်ရှားလို့နေသည်။ ချစ်ခြင်းမေတ္တာအရိပ်တို့က ရွှယ်ဇီရွှမ်၏ကိုယ်မှ ဖြာထွက်ကာ လင်းလက်လို့နေကာ မျက်စိမကန်းသူတိုင်း မြင်နိုင်သည်။

ရွှယ်ဇီရွှမ်က သူတို့ဆက်ဆံရေးကို ဖုံးကွယ်ခြင်းမရှိဘဲ သူများတွေထင်ချင်သလိုထင်ဖို့ ခွင့်ပြုထားခဲ့သည်။ သူက လက်မှတ်ထိုးစရာပြီးတော့ IT ပြပွဲကို ရှောင်ရီ့ကိုခေါ်သွားခဲ့သည်။

=======================
Chapter (7-7) –မင်းကြိုက်တာတွေ့ရင် ဝယ်သာဝယ်လိုက်

ဒီကမ္ဘာ၏ နည်းပညာတိုးတက်မှုက ကျိုးယွင်ရှန့်လာခဲ့သည့် ကြယ်တာရာခေတ်က နည်းပညာကို မမှီပေမယ့် သူ့ဟာနဲ့သူတော့ ထူးခြားမှုရှိသည်။ ဒါကြောင့် ကျိုးယွင်ရှန့်က ဒီကမ္ဘာက IT ပစ္စည်းတီထွင်မှုကို စိတ်ဝင်စားကာ လိုက်ကြည့်ရင်း 'Reality glasses' ဟုခေါ်သော IT နည်းပညာနဲ့ချိတ်ဆက်ထားပြီး ပုံရိပ်ယောင် 3D ပုံရိပ်များကို ဖော်ပြပေးသည့်မျက်မှန်ကို သဘောကျကာ တပ်လိုက်၊ ဖြုတ်လိုက်နှင့် လက်ကမချနိုင်အောင် ဖြစ်နေသည်။

"ရွှယ်ဇီရွှမ်က ရှောင်ရီ၏ပါးပြင်လေးကို ငုံ့နမ်းကာ လက်မှတ်ထိုးစရာကိစ္စကို ဆက်လုပ်နေသည်။တီးဝိုင်းခေါင်းဆောင်သည် သူ့မျက်စိရှေ့က လက်မောင်းကြားကကောင်လေးကို ချစ်မြတ်နိုးစွာနမ်းလိုက်သူက သူသိထားသော အေးစက်ကာနှလုံးသားမရှိသည့် ရွှယ်သခင်လေးမှဟုတ်ပါလေစဆိုပြီး မျက်လ...


"မင်း ဒါကို သဘောကျလား.."

"အွန်း.. အရမ်းသဘောကျတယ်.. ဒါက စိတ်ဝင်စားဖို့ကောင်းတယ်.."

ကျိုးယွင်ရှန့်က မျက်မှန်ကို ရွှယ်ဇီရွှမ်ကိုတပ်ပေးလိုက်သည်။ ဒါမှ သူကိုယ်တိုင်မြင်နိုင်မှာဖြစ်သည်။

ရွှယ်ဇီရွှမ်က ချက်ချင်း အကန့်အသတ်မဲ့သုံးနိုင်သော Black Card ဘဏ်ကဒ်ကို အရောင်းစာရေးကို ထုတ်ပေးလိုက်သည်။ ကျိုးယွင်ရှန့်၏မျက်လုံးက ပြူးကျယ်ဝိုင်းစက်သွားပြီး အံ့အားသင့်စွာမေးလိုက်သည်။

"အစ်ကိုကြီးက ဒီဟာကို ကျွန်တော့်အတွက် ဝယ်ပေးတာလား.."

"မင်းကြိုက်တာတွေ့ရင် ဝယ်သာဝယ်လိုက်.."

ရွှယ်ဇီရွှမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

အိုး.. ဒါက တကယ်လား..

ကျိုးယွင်ရှန့်က ချက်ချင်း Fiery အနီရောင်ပြိုင်ကားလေးကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

ကျိုးယွင်ရှန့်က ချက်ချင်း Fiery အနီရောင်ပြိုင်ကားလေးကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။


"ကျွန်တော် အဲ့ဒီကားကို ကြိုက်ရင်ကော ဝယ်ပေးမှာလား.."

တကယ်တော့ သူက ဇိမ်ခံပစ္စည်းအသုံးအဆောင်ထက် IT ပစ္စည်းကိုပဲ စိတ်ဝင်စားပေမယ့် ရွှယ်ဇီရွှမ်ကိုစမ်းချင်လို့ မေးလိုက်ခြင်းဖြစ်သည်။

ဒီကားက အကန့်အသတ်နဲ့ထုတ်ထားပြီး ထိုခေတ်အခါက နည်းပညာအမြင့်ဆုံးဖြစ်သော အလိုလျောက်မောင်းနှင်စနစ်ကို ထည့်ထားပြီး ကား၏ဈေးက 7 နှင့် 8 million ကြားရှိကာ ဈေးမပေါလှပေ။

ဒီပြပွဲမှာပြထားသမျှထဲ ထိုကားကို ကျိုးယွင်ရှန့် သဘောအကျဆုံးဖြစ်သည်။ သူကြိုက်တာမှန်သမျှ ဝယ်နိုင်သည်ဆိုမှတော့ သူက မျက်နှာပြောင်တိုက်ကာ အရေထူစွာနှင့် ထိုကားကိုညွှန်ပြလိုက်သည်။

တကယ်တော့ နှလုံးခွဲစိတ်မှုလုပ်ဖို့ 1 သန်းသာကုန်ကျသောအချိန် 8 သန်းတန် နည်းပညာဖြင့်လုပ်သော ပြိုင်ကားကိုဝယ်ဖို့ ဒီလူငယ်လေးက ပိုက်ဆံကို လုံးဝသုံးမည်မဟုတ်တာသိလို့ ကျိုးယွင်ရှန့်က ဟာသလုပ်လိုက်တာဖြစ်သည်။ ရွှယ်ဇီရွှမ်က ဝယ်ပေးချင်ရင်တောင် သူ့မှာ ဒီလောက်ပိုက်ဆံတတ်နိုင်မည်မဟုတ်ဟု တွေးနေသည်။ တကယ်လို့ သူက ပစ္စည်းနည်းနည်းလေးဝယ်ပေးပြီး မျက်နှာသာရအောင် လုပ်ချင်ရင်လည်း ဒီလောက်တော့ လုံးဝသုံးမှာမဟုတ်တာသေချာသည်။

တကယ်လို့ သူက တကယ်ဖြည့်ဆည်းပေးရင်တော့ ကျိုးယွင်ရှန့် သူ့အပေါ်ထားသောခံစားချက်က ဝေဝါးသွားမှာသေချာသည်။

ရွှယ်ဇီရွှမ်က ပြုံးလိုက်သည်။ ဒီကလေးက တန်ဖိုးကြီးသောလက်ဆောင်ကို သူ့ဆီတောင်းဆိုဝံ့သည် ဆိုသည့်သဘောက သူ့ကိုလက်ခံလာသည့်သဘောဖြစ်သည်။ ဒါကြောင့် ရွှယ်ဇီရွှမ်၏စိတ်က ပျော်ရွှင်လာပြီး ထိုကားနားက အရောင်းစာရေးများနှင့် စကားပြောနေသောလူစုနား လျှောက်သွားလိုက်သည်။ ထိုလူအုပ်က ကားဈေးနှင့် ကားအကြောင်းမေးနေတာဖြစ်လို့ ရွှယ်ဇီရွှမ်က Black Card ကိုထုတ်ပေးကာ ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော် ငွေအပြည့်ချေရင် ဒီကားကို အခုမောင်းယူသွားလို့ရမလား.."

သူ့စကားကြောင့် အရောင်းစာရေး ကြောင်အသွားသည်။ သူက ဘယ်သူလဲ..။ ကားတစ်စီးကို ဂေါ်ဖီထုပ်ဝယ်သလို ဝယ်နေသည်။

ကျိုးယွင်ရှန့်လည်း အံ့အားသင့်သွားခဲ့သည်။ သူက ရွှယ်ဇီရွှမ်၏လက်မောင်းကို ချက်ချင်းဆုပ်ကိုင်ကာ မျက်လုံးပြူးစွာဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး.. ဒါကို တကယ်ဝယ်မှာလား.. ကျွန်တော့်မှာ ကားမောင်းလိုင်စင်မှ မရှိသေးတာ.. ဝယ်လည်း အလကားပါပဲ.."

ကားမောင်းတာထက် ကားကို အဆင့်မြင့်မွမ်းမံရတာကို ကျိုးယွင်ရှန့်က ပိုသဘောကျတာဖြစ်သည်။ တစ်ဝက်တစ်ပျက်ထုတ်ကုန်ကို လုံးဝပြီးပြည့်စုံသော ထုတ်ကုန်အဖြစ် တိုးမြှင့်ခြင်းက သူ့ဝါသနာဖြစ်သည်။ ဒါကြောင့် ရွှယ်ဇီရွှမ် ဒီကားဝယ်ပေးဖို့ မမျှော်လင့်ရဲသလို ဒီကားကို လိုချင်စိတ်လည်းမပေါ်ဝံ့ပေ။

ရွှယ်ဇီရွှမ်က ပြုံးကာ ကျိုးယွင်ရှန့်၏ဆံပင်ကို ခပ်ဖွဖွပွတ်သပ်ကာ ပြောလိုက်သည်။

"ကားမမောင်းတတ်လည်း ကိစ္စမရှိဘူး.. ကိုယ်သင်ပေးမှာပေါ့.."

သူက ကဒ်ကို အရောင်းစာရေးထံ ပေးလိုက်သည်။

ထိုကားဘေးကလူစုထဲမှာ ရွှယ်ဇီရွှမ်တို့လို အထက်တန်းလွှာမှသူဌေးများလည်း ရှိနေပြီး တချို့က ရွှယ်ဇီရွှမ်ကိုသိသဖြင့် ပြုံးကာ ခေါင်းညိတ်နှုတ်ဆက်လိုက်ကြသည်။ ဒီကားက ကောင်းတယ်ဆိုပေမယ့် အကောင်းဆုံးထဲကမဟုတ်သောကြောင့် သူတို့မျက်နှာနီနေပေမယ့် ဘယ်သူမှ သခင်လေးရွှယ်နှင့်ပြိုင်လုကာ မဝယ်ကြပေ။ ဒါကြောင့် သူတို့က ဒီကားနားကနေ ခွာသွားကြတော့သည်။

အရောင်းစာရေးက လိုအပ်တာလုပ်ပေးပြီး ငွေလက်ခံကာ နောက်နာရီဝက်ကြာတော့ ရွှယ်ဇီရွှမ်နှင့်ကျိုးယွင်ရှန့်က ထိုကားကို မောင်းထွက်လာကြသည်။

ကျိုးယွင်ရှန့်က ကားပေါ်မှာ စိတ်ရှုပ်စွာလိုက်ပါလာသည်။ သူက ဒီကားကို တကယ်ဝယ်လိုက်တာလား..။ 8.6 သန်း..၊ ဒီ 8 သန်းကျော်က နှလုံးတချို့ဝယ်လို့ပင်ရလောက်နေသော ငွေပမာဏဖြစ်သည်။ အခု ရွှယ်ဇီရွှမ်က သူလိုချင်တယ်ဆိုသည့်တစ်ခွန်းနှင့် ထိုကားကိုဝယ်ကာ အိမ်ကိုမောင်းပြန်လာပြီတဲ့လား..။

ဖြစ်နိုင်မယ်ဆိုရင် သူက ရွှယ်ဇီရွှမ်၏အင်္ကျီကော်လံကို ဆုပ်ကိုင်ခါယမ်းကာ မေးလိုက်ချင်သည်။

"ခင်ဗျား ဘာလုပ်ဖို့ကြိုးစားနေတာလဲ.. ခင်ဗျား ကျွန်တော့်အပေါ် ပိုကောင်းပြလေ ခင်ဗျားကို ပိုလန့်လာလေပဲဆိုတာ သိရဲ့လား.. ကျွန်တော် သေမှာကိုမကြောက်ဘူး.. ကျွန်တော့်အသည်းနှလုံး(အချစ်) ကို မကာကွယ်နိုင်မှာကိုပဲ ကြောက်တာဗျ သိရဲ့လား.."

ဒီလိုနူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ရင်ခွင်တစ်စုံ၊ ထွေးပွေ့ကာ ကာကွယ်ပေးနိုင်သော၊ သန်မာသောလက်မောင်းတစ်စုံကို ကျိုးယွင်ရှန့် တကယ်လို လိုချင်ခဲ့မိသည်။ တကယ်လိုချင်မိပါသည်။

ရွှယ်ဇီရွှမ်က ကားမောင်းရင်း ဒီကောင်လေးစိတ်ဓာတ်ကျနေသည်ကို သတိထားမိတော့ ပါးပြင်ကို ချစ်စနိုးဖျစ်ညစ်ကာ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ.. မောင်းကြည့်ချင်လို့လား.."

ကျိုးယွင်ရှန့်က ချက်ချင်းခေါင်းညိတ်ကာ တက်ကြွစွာပြောလိုက်သည်။

"အွန်း.. ကျွန်တော် တကယ်မောင်းကြည့်ချင်တယ်.. ဒါပေမယ့် တစ်ခုခုဖြစ်သွားမှာ ကြောက်တယ်.. ကားက ဈေးကြီးလွန်းတယ်.."

"ကိစ္စမရှိဘူး.. ဒီကားပျက်သွားရင် ကိုယ် နောက်တစ်စီးထပ်ဝယ်ပေးမယ်.. တစ်ခုတော့ကတိပေး.. မင်းကိုယ်ကို ဒဏ်ရာရအောင်တော့ မလုပ်ရဘူး.. နောင် မင်း ကားမောင်းလိုင်စင်ရသွားရင် စည်းကမ်းမဲ့မမောင်းရဘူး.. ပြီးတော့ ဘယ်သွားသွား ကိုယ့်ကို အဖော်ခေါ်ရမယ်.. ကိုယ်မအားရင် ၄နာရီတစ်ခါ ကိုယ့်ဆီဖုန်းဆက်ပြီးပြောရမယ်.. ဟုတ်ပြီလား.."

ရွှယ်ဇီရွှမ်က ထိုစကားကို အလေးအနက်ထားကာ မှာကြားလိုက်သည်။

"မဟုတ်သေးဘူး.. ၃နာရီတစ်ခါ..၊ ၂နာရီတစ်ခါ.. မင်း ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ကို ဖုန်းဆက်ပြောရမယ်.. ဟုတ်ပြီလား.. ဒါကလည်း မင်းရဲ့လုံခြုံရေးကို ကိုယ်စိုးရိမ်လို့ပါ.. ပြီးတော့ 3D ဇာတ်ကားမှာ မင်းကြည့်နေတဲ့ 'Hurricain Resve' ဇာတ်ကားမဟုတ်လား.. ဒါက စာရေးဆရာတွေ ချဲ့ကားရေးထားတဲ့ဇာတ်လမ်း၊ တကယ်မယုံနဲ့..၊ တကယ့်အပြင်လောကက အန္တရာယ်များတယ်.. ဇာတ်ကားတွေရိုက်ပြတာယုံပြီး တကယ်လိုက်မလုပ်ရဘူး ဟုတ်ပြီလား.."

တခဏအတွင်း ကျိုးယွင်ရှန့်၏ရင်ထဲက လှပသောအရာလေးတွေက ကရားရေလွတ်သလိုဖြစ်ကာ စိတ်မချစွာမှာကြားနေသော စကားများကြောင့် ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။ ဒါပေမယ့် သူ့ရင်ထဲက နူးညံ့လာခဲ့ပြီး ဒီတစ်ခါပြန်လည်ဝင်စားရသည်က ဘဝမှာ ချစ်ခြင်းမေတ္တာဆိုတာကို သူ မျှော်လင့်လို့ရတော့မယ်ထင်ပါရဲ့။

==================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now