FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet

9K 456 6
                                    

FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet

ေရးေနာ့မ်ိဳးႏြယ္ေတြက ေရွးဦးသားရဲမ်ားကို သုတ္သင္ရွင္းလင္းဖို႔ အျခားမ်ိဳးႏြယ္စုမ်ားႏွင့္ ပူးေပါင္းခ်ိန္မွာ ေဘးကပ္ဆိုးႀကီးကို ႀကံဳေတြ႕လိုက္ရသည္။ ေရးေနာ့မ်ိဳးႏြယ္ထဲက ေယာက္်ားေတြက လူသားပံုစံ အသြင္ေျပာင္းႏိုင္သူ ပိုပိုနည္းလာၿပီး ေမြးလာတဲ့ ပံုမေျပာင္းႏိုင္တဲ့ ေရွးဦးသားရဲပံုစံျဖစ္ေနတဲ့ ကေလးအမ်ားစုက အသတ္ခံရျခင္း၊ စြန္႔ပစ္ခံရျခင္းေတြ မ်ားျပားလာလို႔ ေရးေနာ့မ်ိဳးႏြယ္ထဲမွာ က်ား၊မ မညီမွ်မႈေတြ ျဖစ္ေပၚလာတယ္။

အားလံုးကိုၿခံဳၾကည့္ရင္ ေရးေနာ့မ်ိဳးႏြယ္ထဲမွာ အသက္ႀကီးတဲ့အမ်ိဳးသားနဲ႔ ငယ္ရြယ္အားနည္းတဲ့ေကာင္ေလးေတြနဲ႔ ျပည့္ေနၿပီး အမဲလိုက္ဖို႔၊ အစာရွာဖို႔ သန္စြမ္းတဲ့အမ်ိဳးသား အနည္းငယ္ပဲရွိေတာ့တယ္။ ဒီသန္စြမ္းတဲ့အမ်ိဳးသားအနည္းငယ္က လူမ်ိဳးစုတစ္ခုလံုးအတြက္ ရိကၡာရွာေဖြဖို႔ မလံုေလာက္လို႔ မၾကာခင္မွာ ေရးေနာ့မ်ိဳးႏြယ္အတြက္ ဆာေလာင္ငတ္မြတ္ျခင္းက ေစာင့္ႀကိဳေနၿပီျဖစ္တယ္။

ဒီသန္မာတဲ့အမ်ိဳးသားေတြက အိုမင္းလာတဲ့အခါ သိုဝွက္ထားတဲ့ အနီေရာင္ေက်ာက္နဲ႔ အျခားရတနာေတြကို ကာကြယ္ႏိုင္စြမ္းမရွိၾကေတာ့ဘူး။ ဒါေၾကာင့္ အျခားမ်ိဳးႏြယ္စုေတြရဲ့ ပစ္မွတ္ျဖစ္လာၿပီး ဒီအရာေတြက အျခားမ်ိဳးႏြယ္စုေတြဆီကို လႊဲေျပာင္းေရာက္ရွိသြားၾကေတာ့တယ္။ ဒီအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ ေဘးဆိုႀကီးက အျခားမ်ိဳးႏြယ္စုေတြဆီကို ပ်ံ႕ႏွံ႔သြားေတာ့တယ္။

ေရးေနာ့မ်ိဳးႏြယ္က အနီေရာင္ေက်ာက္ သံုးစြဲျခင္းရဲ့ ေဘးထြက္ဆိုးက်ိဳးကို ေကာင္းေကာင္းသိၿပီးျဖစ္လို႔ က်န္သူေတြလည္း ဒီလိုျဖစ္လာဖို႔ ေစာင့္ေနၾကတယ္။ အထူးသျဖင့္ ဘိုင္ယန္မ်ိဳးႏြယ္စုကို သူတို႔ ပိုၿပီးျဖစ္ေစခ်င္ၾကတယ္။

ခြန္းဦးေဆာင္တဲ့ ေရးေနာ့မ်ိဳးႏြယ္က ပိုပိုအားေကာင္းလာၿပီး သူက ေခါင္းေဆာင္ရာထူးကိုသာမက အက္ဒီကိုပါ ရရွိလိုက္တယ္။ သူ႔ရဲ့ဆံုးျဖတ္ခ်က္ကို ရွာမန္ေတာင္ ဝင္ေရာက္စြက္ဖက္လို႔မရဘူး။ သူက အျခားမ်ိဳးႏြယ္စုေတြထက္ ေရးေနာ့မ်ိဳးႏြယ္ကို အရင္ဝင္ေရာက္တိုက္ခိုက္ၿပီး အနီေရာင္ေက်ာက္ေတြကိုသာမက စစ္သူရဲေကာင္းဆိုတဲ့ဂုဏ္ပုဒ္ကိုပါ ရရွိခဲ့တယ္။ ဒါေၾကာင့္ သူ႔ကိုသစၥာခံၿပီး သူ႔အတြက္ေသဝ့ံတဲ့ စစ္သားမ်ားစြာကို ရရွိခဲ့တယ္။

"ခြန္း.. မင္းက ဒီအေရွ႕ဘက္ကုန္းတိုက္မႀကီးမွာ မ်ိဳးႏြယ္စုအားလံုးရဲ့ တစ္ဦးတည္းေသာ ထူးခၽြန္သူပဲ.. ဘာေၾကာင့္ အေရွ႕ဘက္ေတာအုပ္ထဲမွာေနေနတဲ့ ေရွးဦးသားရဲေတြကို ဒီအတိုင္းၾကည့္ေနရတာလဲ.. သူတို႔ေတြကို အမဲလိုက္သုတ္သင္ၿပီး ေရွာင္အမ္းခၽြမ္နဲ႔ လွပတဲ့အမ်ိဳးသမီးရဲ့အ႐ိုးကို ငါ့ဆီယူလာေပးပါလား.."

အက္ဒီက သူ႔မိတ္ဖက္ကို တိုက္တြန္းလိုက္သည္။ ေရွာင္အမ္းခၽြမ္က ေကာင္းေကာင္းမြန္မြန္ ေနထိုင္ေနရတယ္ဆိုတာ သိရၿပီးကတည္းက သူ႔လည္ပင္းမွာ ငါး႐ိုးနင္ေနသလိုခံစားရၿပီး ေနမထိထိုင္မသာ ခံစားေနရတယ္။

ခြန္းရဲ့ရင္ထဲ တင္းက်ပ္လာေပမယ့္ မ်က္ႏွာမွာမေပၚေစဘဲ အက္ဒီ့ကို ႏွစ္သိမ့္လိုက္တယ္။ ေရွာင္အမ္းခၽြမ္က သူဒဏ္ရာရခ်ိန္မွာ သူ႔ကိုကယ္ၿပီး ကုသေပးထားလို႔ မလုပ္ခ်င္ေၾကာင္းေျပာထားတယ္။

အက္ဒီက ေရႊေရာင္ျခေသၤ့ႀကီးနဲ႔ အမ်ိဳးသမီးရဲ့ ေၾကာက္စရာခြန္အားႀကီးပံုကို မသိထားဘူး။ ဒီအေရွ႕ဘက္ကုန္းတိုက္မႀကီးကို ေရာက္လာတဲ့ ဒိုင္ႏိုေဆာႀကီးကို ေရႊေရာင္ျခေသၤ့ႀကီးက သုတ္သင္ပစ္လိုက္ၿပီး အမ်ိဳးသမီးကလည္း အလြယ္တကူသတ္ျဖတ္ႏိုင္တဲ့ ခြန္အားကို ပိုင္ဆိုင္ထားတယ္။ သူတို႔ႏွစ္ေယာက္က ဒီကမာၻကို အလြယ္တကူ ဖ်က္ဆီးႏိုင္စြမ္းရွိၾကတယ္။

"ငါ မသြားႏိုင္ဘူး.."

ခြန္းက ေခါင္းကိုယမ္းၿပီးျငင္းလိုက္ေတာ့ အက္ဒီက သံသယနဲ႔ သူ႔ကိုၾကည့္လာတယ္။ ခြန္းက ကပ်ာကယာရွင္းျပလိုက္တယ္။

"မင္းက ငါတို႔ကေလးကို ကိုယ္ဝန္လြယ္ထားတယ္ေလ.. မင္းနားက ငါ ဘယ္လိုခြာႏိုင္မွာလဲ.."

အက္ဒီက ႏူးညံ့သြားၿပီး သူ႔ဝမ္းဗိုက္ကို အသာေလးထိလိုက္တယ္။

ဘိုင္ယန္မ်ိဳးႏြယ္စုတစ္ခုလံုးက သူတို႔ရဲ့မင္းသားေလးေတြ ေမြးဖြားလာမွာကို စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနၾကတယ္။

အက္ဒီက ရွာမန္ရဲ့သား ပီသပါေပတယ္။ သူက ခြန္းအတြက္ ဝံပုေလြေပါက္အထီးခ်ည္း ၆ေကာင္တိတိ ေမြးေပးလိုက္တယ္။ ခြန္းက ဝံပုေလြသားရဲလူသားျဖစ္လို႔ သူ႔ကေလးေတြအားလံုးက ဝံပုေလြေလးေတြျဖစ္တယ္။ က်န္းမာသန္စြမ္းတဲ့ ဝံပုေလြေပါက္ေလးေတြက မ်က္လံုးမဖြင့္ႏိုင္ေသးေပမယ့္ 'တအီအီ' အသံနဲ႔ အသိုက္တစ္ခုလံုး ဆူညံၿပီး ခ်စ္စဖြယ္ အသက္ဝင္လို႔ေနတယ္။

ခြန္းက သူ႔ကေလးကိုေပြ႕ပိုက္ၿပီး ဂုဏ္ယူစြာေျပာလိုက္တယ္။

"ငါ့ကေလးေတြက တစ္လအတြင္း လူပံုစံေျပာင္းလာၿပီး ဒီအေရွ႕ဘက္ကုန္းတိုက္ႀကီးက ဘုရင္ေတြ ေသခ်ာေပါက္ျဖစ္လာေစရမယ္.."

"ဒါေပါ့.."

အက္ဒီကလည္း ေက်နပ္စြာေျပာလိုက္တယ္။

"ငါတို႔ ေရွးဦးသားရဲႏွစ္ေကာင္ကို ဖိတ္ေခၚၿပီး ကေလးေတြအတြက္ ဆုေတာင္းခိုင္းရမယ္.. ငါတို႔ကေလးက သားရဲနတ္ဘုရားရဲ့ ဆုမြန္ေကာင္းေပးမႈရဖို႔ ထိုက္တန္တယ္.."

ႏွစ္ေပါင္းတစ္ရာအတြင္း ဘိုင္ယန္မ်ိဳးႏြယ္မွာ လူပံုမေျပာင္းႏိုင္တဲ့သားရဲက ႏွစ္ေကာင္တည္းေမြးဖြားဖူးလို႔ သူ႔ကေလးေတြက ေသခ်ာေပါက္ လူပံုစံေျပာင္းမယ္လို႔ပဲ ယံုၾကည္ထားတယ္။ တစ္လေလာက္ၾကေတာ့ ဝံပုေလြေပါက္ေတြ တစ္ေကာင္မွ လူပံုစံမေျပာင္းလဲႏိုင္ၾကဘူး။ ဒီအခ်က္ကို ခြန္းနဲ႔အက္ဒီတို႔ ဘယ္လိုမွလက္မခံႏိုင္ၾကဘူး။ သူတို႔ ေနာက္တစ္လထပ္ေစာင့္ေပမယ့္ သူတို႔ကေလးေတြက ဘယ္လိုမွ မေျပာင္းလဲႏိုင္ၾကဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒီကေလးေတြက ေရွးဦးသားရဲေတြ ျဖစ္သြားတယ္ဆုိတာ ပိုေသခ်ာသြားၿပီ။

ဘိုင္ယန္မ်ိဳးႏြယ္စုက ဒီကေလး၆ေကာင္ကို မ်ိဳးႏြယ္စုထဲမွာလေနခိုင္းရမလား၊ ေမာင္းထုတ္ပစ္မလားဆိုတာ ေခါင္းေဆာင္ရဲ့ဆံုးျဖတ္ခ်က္ကို ေစာင့္ေနၾကတယ္။ ေရွးဦးသားရဲေတြက အေရွ႕ဘက္ေတာအုပ္ကို သိမ္းယူထားတာေၾကာင့္ အခုဆိုရင္ မ်ိဳးႏြယ္စုထဲမွာ သားရဲနဲ႔လူၾကား စိတ္ဝမ္းကြဲမႈက ပိုမိုျပင္းထန္လာၾကတယ္။ ဘိုင္ယန္လူမ်ိဳးထဲမွာ ေရွးဦးသားရဲႏွစ္ေကာင္ကို ေနထိုင္ခြင့္ျပဳထားၿပီျဖစ္လို႔ ဒီကေလး၆ေကာင္ကို ဆက္ထားဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။

ခြန္းက အရမ္းကို႐ိုေသကိုင္း႐ိႈင္းတဲ့ပံုစံနဲ႔ သားရဲနတ္ဘုရားေရွ႕မွာ ဒူးေထာက္ဆုေတာင္းေနတယ္။ ဒီကေလး၆ေကာင္က သူ႔ေသြးသားေတြျဖစ္လို႔ ဘယ္လိုစြန္႔လႊတ္ႏိုင္မွာလဲ။

"အခ်ိန္ဆြဲမေနနဲ႔ေတာ့.. သူတို႔ကို စြန္႔ပစ္လိုက္ေတာ့.."

အက္ဒီက ဒီလိုေရွးဦးသားရဲေတြကို ေမြးဖြားခဲ့တယ္ဆိုတာ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့လို႔ သားရဲနတ္ဘုရားဂူထဲဝင္လာၿပီး ဆံုးျဖတ္ၿပီးဟန္နဲ႔ ေျပာလိုက္တယ္။ ဒီမ်ိဳးႏြယ္ထဲမွာ ေရွးဦးသားရဲကို ေမြးဖြားေပးလိုက္လို႔ သူက ရယ္စရာျဖစ္ေနရတယ္။ အရင္က သူ႔ကို မနာလိုျဖစ္ေနၾကတဲ့ အမ်ိဳးသမီးေတြက အခု သူ႔ကို မထီမဲ့ျမင္ျပဳၾကလို႔ သူက ဒီအစြန္းအထင္းကိုပယ္ဖ်က္ဖို႔ ကေလးေတြကို စြန္႔ပစ္ခ်င္ေနတယ္။

ခြန္းက သူ႔ပါတနာက သူ႔လက္ကို ခိုင္ခိုင္ၿမဲၿမဲတြဲေနတုန္းလို႔ ကိုယ့္ဘာသာေရရြတ္ၿပီး ကေလးေတြကို သူတို႔ကိုယ္တိုင္မစြန္႔ပစ္ဘဲ အျခားအမ်ိဳးသမီးေတြကို ေတာစပ္မွာသြားစြန္႔ပစ္ဖို႔ ခိုင္းေစလိုက္တယ္။

ေရွးဦးသားရဲႀကီးေတြက ဒီကေလးေတြကို ေကာက္ယူျပဳစုေပးမွာကိုသိလို႔ စြန္႔ပစ္ေစလိုက္တာျဖစ္တယ္။ ဒါေပမယ့္ ကေလးေျခာက္ေကာင္က မိဘေတြနဲ႔ သံုး၊ေလးလ အတူေနထိုင္ခဲ့ရတာျဖစ္လို႔ ေရွးဦးသားရဲေတြဆီမွာ မေနခ်င္ဘဲ ခဏခဏထြက္ေျပးလာၾကေပမယ့္ သူတို႔က အႀကိမ္ေပါင္းမ်ားစြာ ေမာင္းထုတ္ခံလိုက္ရတယ္။

ဝံပုေလြေလးေျခာက္ေကာင္က သူတို႔မိဘကိုေတြ႕ရဖို႔ ေမွ်ာ္လင့္ေနေပမယ့္ အက္ဒီေၾကာင့္ သူတို႔က မ်ိဳးႏြယ္စုနားကိုေတာင္ ကပ္ခြင့္မရွိဘဲ ေမာင္းထုတ္ခံရတာခ်ည္းျဖစ္တယ္။ အက္ဒီက လူသားအသြင္မေျပာင္းႏိုင္တဲ့ ကေလးေတြကို ေမြးခဲ့မိတာကို ေမ့ခ်င္ေပမယ့္ ဒီကေလးေတြက သူတို႔နား တဝဲလည္လည္ လာလာေနလို႔ ေနာက္ဆံုး သူ႔ရင္ထဲကခါးသီးမႈေတြကို ထိမ္းခ်ဳပ္မရႏိုင္ေအာင္ ခံစားလာရတယ္။

ဒါေၾကာင့္ တစ္ခါက ၿခံဳပုတ္ေနာက္ေလးကေန ကေလးေတြခုန္ထြက္လာၿပီး မ်ိဳးႏြယ္စုဆီေျပးလာခ်ိန္မွာ အက္ဒီက ကေလးေတြကိုဖမ္းထားၿပီး မတ္ေစာက္တဲ့ေတာင္ကမ္းပါးယံဆီကုိ သယ္သြားတယ္။ ေတာင္ကမ္းပါးယံရဲ့ ေအာက္ေျခမွာ ျမဴေတြဆိုင္းေနၿပီး ဘာမွမျမင္ရေပမယ့္ ေအာက္ကိုက်သြားရင္ ဘယ္လိုမွ အသက္မရွင္ႏိုင္ဘူး။ အက္ဒီက ကေလးေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ ေအာက္ကိုပစ္ခ်ၿပီး ဘာမွမျဖစ္သလို လက္ေတြကိုခါၿပီး ထြက္လာခဲ့တယ္။

အဲ့ဒီကတည္းက ကေလး၆ေကာင္ကို ဘယ္သူမွမျမင္ရေတာ့ဘူး။ ခြန္းကေတာ့ သူ႔ကေလးေတြ ေကာင္းေကာင္းရွင္သန္ေနတယ္လို႔ ယံုၾကည္တယ္။ ေရွးဦးသားရဲေတြက ဘယ္ေတာ့မွ သားရဲေပါက္ေတြကို စြန္႔ပစ္ေလ့မရွိဘူး။ သူတို႔ကို ေသခ်ာဂ႐ုစိုက္ေလ့ရွိၾကတယ္။

ေနာက္မၾကာခင္ အက္ဒီက ကိုယ္ဝန္ေဆာင္ၿပီးႏွစ္လအၾကာမွာ ကိုယ္ဝန္ထပ္ရၿပီး အထီးေလးတစ္ေကာင္ ေမြးလာေပမယ့္ ဒီကေလးလည္း လူသားလိုမေျပာင္းလဲႏိုင္ဘူး။ ဒါေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ အက္ဒီက ခြန္းရဲ့ထင္ျမင္ခ်က္ကို မေတာင္းေတာ့ဘဲ ကေလး၂လသားထိ သည္းခံၾကည့္ေနေသးတယ္။ ဒီကေလးက လူသားအျဖစ္ မေျပာင္းလဲႏိုင္ေတာ့ သူက ကေလးကုိ ေတာင္ကမ္းပါးယံကေန ပစ္ခ်လိုက္ျပန္တယ္။ ဘယ္သူမွ ဝံပုေလြကေလးငယ္ရဲ့ ေၾကာက္လန္႔တၾကားေအာ္ဟစ္လိုက္သံနဲ႔ ေျမျပင္ေပၚျပဳတ္က်သြားသံကို သတိမျပဳလိုက္မိၾကဘူး။

အက္ဒီက ေခါင္းမာၿပီး ဘယ္ေတာ့မွ အ႐ံႈးမေပးတတ္ဘူး။ သူက ကေလးေတြထပ္ထပ္ေမြးတယ္။ ဒါေပမယ့္ ဘယ္အထီးေလးမွ လူသားအသြင္မေျပာင္းလဲႏိုင္ဘူး။
အက္ဒီကေတာ့ မ်ိဳးႏြယ္စုထဲမွာ လူရယ္စရာ ပိုပိုျဖစ္လာေတာ့တယ္။ အက္ဒီက က်ိန္စာသင့္ခံရတယ္လို႔ ယူဆၿပီး ရွာမန္က ၃ရက္တိတိ သားရဲနတ္ဘုရားဂူထဲ ဆုေတာင္းေပးေနတယ္။

သားရဲနတ္ဘုရားရဲ့က်ိန္စာက အမ်ိဳးသမီးတစ္ေယာက္အေပၚကို က်ေရာက္တယ္ဆိုတာ ေၾကာက္စရာေကာင္းလွတယ္။ မ်ိဳးႏြယ္စုထဲကလူေတြက အက္ဒီ့ကို ကပ္ဆိုးလိုသေဘာထားၿပီး စတင္ေရွာင္ရွားလာၾကသလို ခြန္းရဲ့ဂုဏ္သိကၡာလည္း တျဖည္းျဖည္း က်ဆင္းလာတယ္။ ရွာမန္အတြက္လည္း သူ႔ေနရာကို အက္ဒီက ဆက္ခံဖို႔ မျဖစ္ႏိုင္ေတာ့လို႔ ဆက္ခံသူျပႆနာ ေပၚလာတယ္။

လြန္ခဲ့တဲ့ႏွစ္ႏွစ္ကဆိုရင္ ဘိုင္ယန္အမ်ိဳးသမီးေတြက ကေလးတစ္ခါေမြးရင္ ၄၊ ၅ေကာင္ထိေမြးၾကၿပီး မိန္းကေလးဆိုတာ ပါလာခဲတယ္။ ေမြးတဲ့ေယာက္်ားတိုင္းက လူသားပံုစံ ေျပာင္းႏိုင္ၾကတာခ်ည္းပဲ။ ဒါေပမယ့္ ေနာက္ပိုင္း အေျခအေန ပိုဆိုးလာၾကတယ္။ အမ်ိဳးသမီးေတြက အက္ဒီ့ကို မေလွာင္ေျပာင္ႏိုင္ၾကေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔လည္း က်န္းမာၿပီး လူလိုေျပာင္းႏိုင္တဲ့ ကေလးေမြးဖြားႏႈန္း က်ဆင္းလာလို႔ပဲျဖစ္တယ္။

ရွာမန္နဲ႔ခြန္းက စိတ္လႈပ္ရွားေနၾကေပမယ့္ အက္ဒီက အရမ္းကိုေပ်ာ္ေနတယ္။ သူတစ္ေယာက္တည္းကြက္ၿပီး ကံဆိုးတာမဟုတ္သေရြ႕ အားလံုးအိုေကတယ္။

အေရွ႕ဘက္ေတာအုပ္မွာ ေရွးဦးသားရဲအုပ္လိုက္ႀကီး တိုးပြားလာတာ ဘယ္သူမွ သတိမထားမိလိုက္ၾကဘူး။ တစ္ႏွစ္တစ္ႏွစ္ကို သားရဲေတြ ပိုပိုတိုးပြားလာၿပီး ငယ္ရြယ္သန္မာတဲ့ ေရွးဦးသားရဲေတြက သားရဲလူသားမ်ိဳးႏြယ္ေတြကို တိုက္ခိုက္ရတာကို သေဘာက်ႏွစ္ၿခိဳက္ၾကတယ္။ သူတို႔ရဲ့ ေသြးနီေရာင္မ်က္ဝန္းေတြက အမုန္းတရားေတြနဲ႔ ျပည့္ႏွက္ေနတယ္။

သံုးႏွစ္ၾကာၿပီးေနာက္ ဒီေရလိုတိုးပြားလာတဲ့ ေရွးဦးသားရဲအုပ္ႀကီးက ခြန္းဦးေဆာင္တဲ့ သားရဲလူသားမ်ိဳးႏြယ္နဲ႔ စစ္ျဖစ္ၾကတယ္။ သားရဲအုပ္ႀကီးက စစ္သည္ေတာ္ေတြကို ၿပိဳကြဲသြားေစၿပီး ဝံပုေလြအုပ္က ခြန္းကို ဝိုင္းဝန္းတုိက္ခိုက္ ကိုက္ဖဲ့ၾကတယ္။

အဆင့္ 8 စစ္သည္ေတာ္ျဖစ္ေပမယ့္ ခြန္းရဲ့တစ္ကိုယ္လံုး ကိုက္ရာဗရပြနဲ႔ ေသြးေတြရဲလို႔ေနတယ္။ အသန္မာဆံုးဝံပုေလြေတြက ခြန္းရဲ့လည္ပင္းကိုခဲထားၿပီး အေနာက္ဘက္ကို ဆြဲထုတ္သြားၾကတယ္။ ေနာက္ဆံုးအခ်ိန္မွာ ဒီဝံပုေလြေတြက ခြန္းကို မုန္းတီးနာက်င္တဲ့မ်က္ဝန္းေတြနဲ႔ စိုက္ၾကည့္ေနတယ္။

အဲ့ဒီအခ်ိန္မွာ က်ားဟိန္းသံကိုၾကားလိုက္ရၿပီး ေရွးဦးသားရဲအုပ္စုက ခ်က္ခ်င္းပဲ ဒဏ္ရာရေနတဲ့ သားရဲလူသားေတြကို ခ်န္ရစ္ၿပီး ထြက္ခြာသြားၾကတယ္။

ခြန္းက သူ႔မ်က္ႏွာကို႐ိုက္ၿပီး ခါးသီးစြာငိုေၾကြးေနတယ္။ သူ႔ကိုမုန္းတီးတဲ့ ဒီေရွးဦးဝံပုေလြသားရဲေတြက သူတို႔စြန္႔ပစ္လိုက္တဲ့ ကေလးေတြပဲျဖစ္တယ္။

သူ႔မ်ိဳးႏြယ္စုဆီကိုျပန္ေရာက္ေတာ့ ခြန္းက စိတ္ဓာတ္က်ေနတဲ့အျပင္ သူ႔တစ္ကိုယ္လံုး ဒဏ္ရာျပင္းထန္ၿပီး နံ႐ိုးလည္းက်ိဳးေနတယ္။ အနီေရာင္သလင္းေက်ာက္ေတြေၾကာင့္ ဒီမ်ိဳးႏြယ္စုေတြၾကားမွာ သန္မာတဲ့စစ္သည္ေတာ္ေတြက မိုးဦးရာသီ မွ်စ္စို႔ေပါက္ေတြေပါက္သလို အလွ်ိဳလွ်ိဳေပၚလာၾကတယ္။ ဒါေၾကာင့္ ခြန္းရဲ့ မ်ိဳးႏြယ္စုေပါင္းစံုရဲ့ အႀကီးအကဲဆိုတဲ့ အဆင့္အတန္းက ၿခိမ္းေျခာက္ခံလာရၿပီး စစ္သည္ေတာ္အမ်ားစုက သူ႔ကို စြန္႔ခြာသြားၾကတယ္။

အက္ဒီက ဒီအေျခအေနကို ဆက္မၾကည့္ႏိုင္ေတာ့လို႔ သူ႔အေဖရွာမန္ကို သားရဲနတ္ဘုရားေသြး တစ္ဇလံုေပးဖို႔ ေတာင္းဆိုလိုက္တယ္။ သူ႔အဆင့္အတန္းက ခြန္းေပၚမူတည္ေနတာျဖစ္လို႔ ရွာမန္လည္း ေရာဂါကုဖို႔ ေသြးတစ္ဇလံုကို ခြန္းရဲ့သစ္လံုးအိမ္ဆီ ပို႔လိုက္တယ္။

"စိတ္မပူနဲ႔ေတာ့.. မင္းရဲ့ဒဏ္ရာ ေပ်ာက္ေတာ့မယ္.. သားရဲနတ္ဘုရား မင္းကို ေစာင့္ေရွာက္ပါေစ.."

အက္ဒီက ဒီေသြးေတြကို ဒဏ္ရာေပၚေလာင္းခ်လိမ္းက်ံၿပီး ေျပာလိုက္တယ္။ ခြန္းက လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ေရွာင္အမ္းခၽြမ္သတိေပးခဲ့တာကို ျပန္အမွတ္ရလိုက္ေပမယ့္ သူ႔ပါတနာရဲ့ ယံုၾကည္တဲ့အမူအယာေၾကာင့္ ဒီစကားလံုးေတြကို ခ်က္ခ်င္းေမ့သြားေတာ့တယ္။
အက္ဒီက ေန႔တိုင္း ေသြးရည္ေတြယူလာၿပီး ဒဏ္ရာေတြကိုေလာင္းေပးတယ္။ သူတို႔သစ္လံုးအိမ္ထဲ ေသြးပုပ္နံ႔ေတြ လိႈင္လိႈင္ထလို႔ေနတယ္။

ခြန္းက အဖ်ားဝင္ၿပီး အားေတြယုတ္လာေတာ့ ဒီဟာကို စတင္သံသယဝင္လာခဲ့တယ္။ ဒဏ္ရာေတြက စတင္ညိႈးပုပ္လာၿပီး ျပည္ေတြထြက္လာတယ္။ အသားေတြပုပ္ရိလိုက္လာၿပီး အ႐ုိးေပၚတဲ့အထိ စားလာတယ္။ သူ႔ၾကြက္သားေတြ၊ ေသြးေၾကာေတြအထိ ဒဏ္ရာက လိႈက္စားလို႔လာတယ္။

ခြန္းက ေသတာထက္ဆိုးတဲ့ ေဝဒနာကိုခံစားေနရၿပီး သူ႔တစ္ကိုယ္လံုး တျဖည္းျဖည္းပုပ္လိုက္လာတယ္။ ေရွာင္အမ္းခၽြမ္ရဲ့ သတိေပးစကားေတြကို ျပန္ၾကားေယာင္ရင္း သူ႔ရင္ထဲအသည္းထဲကေန အက္ကြဲမတတ္ နာက်င္လာရတယ္။

"ဒီဟာေတြက အဆိပ္ေတြ၊ ဒဏ္ရာေတြထဲကို ထည့္လို႔မရဘူး.."

"မင္း ယံုယံု မယံုယံု ငါ မင္းကို ကယ္ေပးေနတာ.. ဒီေသြးေတြက နတ္ေဆးမဟုတ္ဘူး.. ဒီထဲမွာ ညစ္ညမ္းတဲ့အရာေတြ ပါတယ္.. ဒီဟာက မင္းဒဏ္ရာကို ပိုဆိုးၿပီး ပိုးဝင္ၿပီးေသသြားႏိုင္တယ္.."

"ပိုးဝင္တယ္ဆုိတာ သိလား.. အဲ့တာ လတ္ဆတ္တဲ့ေသြးေတြက အဝါေရာင္ျပည္ေတြျဖစ္သြားၿပီး မင္းေျခေထာက္ကိုစားၿပီး တျဖည္းျဖည္း အ႐ိုးစုျဖစ္သြားေစတဲ့ အရာေတြပဲ.. အဲ့ဒီအေျခအေနေရာက္ရင္ မင္းကိုကယ္ဖို႔ အဲ့ဒီအစိတ္အပိုင္းကို ျဖတ္ေတာက္ပစ္ရမွာပဲ.. ဒါေပမယ့္ အေျခအေနဆိုးလာရင္ မင္းေသြးေတြထဲပ်ံ႕သြားၿပီး နာက်င္စြာခံစားရၿပီး ေသသြားႏိုင္တယ္.."

တစ္ခ်ိန္က ႏွာေခါင္း႐ံႈ႕ခဲ့သမွ် အခု တကယ္မွန္လာၿပီ။ ခြန္းက စိတ္ပ်က္နာက်င္စြာနဲ႔ က်ယ္ေလာင္စြာ ညည္းတြားလိုက္တယ္။

သူ မွားသြားခဲ့ၿပီ။ ခုခ်ိန္မွာ သူဘယ္ေလာက္မွားတယ္ဆိုတာ ပိုသိလာတယ္။ ေရွာင္အမ္းခၽြမ္က သူ႔ကိုကယ္တင္ေပးခဲ့တယ္။ သူေျပာသမွ် တစ္ခုမွမမွားခဲ့ဘူးဆိုတာ အခ်က္အလက္အားလံုးက သက္ေသျပေနၿပီ။

"မဟုတ္ဘူး.. ငါ မေသႏိုင္ဘူး.. မေသခ်င္ေသးဘူး.."

ခြန္းက အမွန္တရားကိုသိသြားခ်ိန္မွာ ေခါင္းကိုယမ္းၿပီး ေအာ္ဟစ္လိုက္တယ္။

"အက္ဒီ.. မင္း ဘယ္မွာလဲ.. ငါ့ကို အေရွ႕ဘက္ေတာအုပ္ဆီ ေခၚသြားေပးပါ.. ငါ ေရွာင္အမ္းခၽြမ္ကို ေတြ႕ဖို႔လိုတယ္.. ငါ သူ႔ကိုသြားရွာဖို႔လိုတယ္.."

မ်ိဳးႏြယ္စုထဲကလူေတြက ခြန္းရဲ့ညည္းတြားသံကို ၾကားကတည္းက သစ္လံုးအိမ္အျပင္ကို စု႐ံုးေရာက္လာတာျဖစ္ၿပီး ခြန္းေအာ္ေျပာတဲ့စကားကိုၾကားေတာ့ အက္ဒီ့ရဲ့မ်က္ႏွာကို ဝိုင္းၾကည့္လိုက္တယ္။ အက္ဒီရဲ့မ်က္ႏွာက ညိဳပုပ္လို႔လာတယ္။ အခ်ိန္အၾကာႀကီး ေအာ္ဟစ္႐ုန္းကန္ၿပီး ခြန္းက ၿငိမ္က်သြားေတာ့တယ္။

"မင္း အဓိပၸါယ္မရွိတာ ေအာ္မေနနဲ႔.. ၿငိမ္ၿငိမ္ေနစမ္းပါ.."

အက္ဒီက ခြန္းရဲ့ေက်ာကို တြန္းလွဲရင္း ေျပာလိုက္တယ္။ သူက သြားေတြေစ့ၿပီး ဆက္ေျပာလိုက္တယ္။

"ၾကည့္.. မင္းလုပ္လို႔ ေသြးေတြထြက္က်ကုန္ၿပီ.. ဒါက သားရဲနတ္ဘုရားကို ေစာ္ကားတာပဲ.."

အက္ဒီက ဒဏ္ရာထဲ ေသြးေတြေလာင္းထည့္ၿပီး ေျပာလိုက္တယ္။

"မဟုတ္ဘူး.. ဒီဟာက အဆိပ္ေတြ.. ဒီဟာေတြ မထည့္ပါနဲ႔.. မင္း ငါ့ကိုသတ္ေနတာ.. ငါ့ကို တစ္ခါဒဏ္ရာရေအာင္လုပ္တာ လံုေလာက္ၿပီ... အခုခ်က္ခ်င္း ထြက္သြားစမ္း.."

ခြန္းက ေသြးခြက္ကိုတြန္းဖယ္ၿပီး အိပ္ယာေပၚလဲက်သြားတယ္။ သူ႔မွာ လႈပ္ရွားဖို႔ အားတစ္စက္မွမရွိေတာ့ဘူး။

အက္ဒီက တံခါးကုိတြန္းဖြင့္ၿပီး ထြက္သြားလိုက္တယ္။ ခဏၾကာေတာ့ စစ္သည္ေတာ္ေတြ ဝင္လာတာေတြ႕ေတာ့ ခြန္းက ေျပာလိုက္တယ္။

"ငါ မခံႏိုင္ေတာ့ဘူး.. ငါ့ကို အေရွ႕ဘက္ေတာစပ္ကို ပို႔ေပးပါ.. ငါ့ကို သယ္သြားေပးပါ.."

ေရွာင္အမ္းခၽြမ္က သူ႔အေပၚၾကင္နာၿပီး သူငယ္ခ်င္းေကာင္းပီသတာကို သတိရလာတယ္။ သူက ဒီဟာေတြကို ျပန္ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမိတယ္။ ေရွာင္အမ္းခၽြမ္က မွန္ပါေပတယ္။ ဟိုးအရင္ကတည္းက သူ႔ကို ယံုၾကည္ခဲ့သင့္တယ္။

စစ္သည္ေတာ္ႏွစ္ဦးက မေစာင့္ႏိုင္ေတာ့ဘဲ ခြန္းကိုသယ္ၿပီး ေတာစပ္မွာ သြားပစ္လိုက္ေတာ့တယ္။ အက္ဒီက သူဟာ ဘယ္ေတာ့မွ ေခါင္းေဆာင္ရဲ့ပါတနာ မျဖစ္ႏိုင္ေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူက က်န္းမာတဲ့ကေလးေတြကို မေမြးဖြားႏိုင္တဲ့အျပင္ စြန္႔ပစ္ခံရတဲ့သူျဖစ္လို႔ မ်ိဳးႏြယ္စုထဲက ဘယ္သူမွ သူ႔ကိုမလိုခ်င္သလို ဘယ္မိန္းမမွ သူ႔ကို ဆက္ဆံပတ္သက္မႈမလုပ္ဘဲ ေရွာင္ေနၾကတယ္။ ဒါေၾကာင့္ သူ႔အနာဂတ္က ေၾကာက္စရာျဖစ္လာတယ္။

ရွာမန္ကလည္း အသက္ႀကီးေနၿပီး သူ႔ေနရာက ဖယ္ေပးရေတာ့မယ္။ သူက ဒီရာထူးကို သူ႔သားအက္ဒီကို ေပးခ်င္ေပမယ့္ ေခါင္းေဆာင္သစ္က သူ႔ညီကုိပဲလႊဲေပးဖို႔ အတင္းအက်ပ္ ေစခိုင္းခဲ့တယ္။

ဒီသားအဖႏွစ္ဦးက ဆက္လက္ရပ္တည္ဖို႔ ဘယ္သူမွမေထာက္ပံ့လို႔ ေတာထဲမွာ သစ္သီး႐ိုင္းေတြပဲ ခူးစားၾကေပမယ့္ အာဟာရျပတ္ၿပီး ငတ္မြတ္ေသဆံုးသြားၾကရတယ္။

ေရွးဦးသားရဲအုပ္ႀကီးက သားရဲလူသားေတြကို တိုက္ခိုက္တဲ့ေန႔က ေရွာင္အမ္းခၽြမ္က အသြင္ေျပာင္းေဆးကို ေအာင္ျမင္စြာ ေဖာ္စပ္လိုက္ႏိုင္တယ္။ ဒါေၾကာင့္ ဘိုင္က သူတို႔အားလံုးကို ျပန္ေခၚလိုက္ရတာပဲျဖစ္တယ္။ မဟုတ္ရင္ သားရဲလူသားေတြ ထိခိုက္တာ ပိုမ်ားမွာေသခ်ာတယ္။

က်ိဳးယြင္ရွန္႔နဲ႔ ေက်ာက္ရႊမ္က ေရွးဦးသားရဲေတြဝိုင္းေနတဲ့ ေရွာင္အမ္းခၽြမ္ကို ခပ္လွမ္းလွမ္းကေနရပ္ၿပီး ၾကည့္ေနတယ္။

"သူ အခု အရြယ္ေရာက္လာၿပီ.. ငါတို႔လည္း သြားဖို႔အခ်ိန္က်ၿပီ.. ျပန္ဖို႔ျပင္ၾကစို႔.."

ေက်ာက္ရႊမ္က ေခါင္းညိတ္ၿပီး ငါးေျခာက္ေတြ၊ ဒိုင္ႏိုေဆာအသားၾကပ္တင္ေျခာက္ေတြ၊ အသီးနဲ႔ ဟင္းသီးဟင္းရြက္ေတြကို ငါးမန္းအေရခြံနဲ႔ထုပ္ပိုးၿပီး သိုေလွာင္လက္စြပ္ထဲ ထည့္ထားလိုက္တယ္။ အသြင္ေျပာင္းေဆးက ထိေရာက္မႈရွိမရွိ ေသခ်ာသိဖို႔ သူတို႔ ရက္နည္းနည္းေစာင့္ၾကည့္ဖို႔ ဆံုးျဖတ္လိုက္တယ္။

ဘိုင္က ပထမဆံုး လူသားအသြင္ေျပာင္းလာခဲ့တယ္။ သူ႔ရဲ့ဆံပင္ျဖဴျဖဴနဲ႔ အစိမ္းေရာင္မ်က္ဝန္းေတြက အင္မတန္ကို ဆြဲေဆာင္မႈရွိလို႔ ေရွာင္အမ္းခၽြမ္မွာ မ်က္လံုးမလႊဲႏိုင္ေအာင္ ျဖစ္မိတယ္။ က်ိဳးယြင္ရွန္႔က ဘိုင္ လူသားအျဖစ္ေျပာင္းလဲလာႏိုင္လို႔ ဂုဏ္ျပဳဖို႔ သူတို႔သစ္လံုးအိမ္ေပၚကို တက္သြားေပမယ့္ အိမ္ထဲက papapa သံနဲ႔အတူ အိမ္က တုန္ခါေနလို႔ ျပန္ဆင္းလာရတယ္။

"သူတို႔ မအားၾကဘူးလား.."

ဒီဟာက ေမးခြန္းသက္သက္ျဖစ္ၿပီး ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔ကို ပုခံုးေပၚထမ္းၿပီး ဒီလိုထပ္တူညီအလုပ္ကိုလုပ္ဖို႔ သူတို႔သစ္လံုးအိမ္ထဲ ေခၚေဆာင္သြားေတာ့တယ္။

၁၂ နာရီအတြင္း စစ္တပ္က သူတို႔ကို ျပန္လာေခၚၾကေတာ့မယ္။ သူတို႔ အေရွ႕ဘက္ေတာအုပ္ကေန ထြက္လာေတာ့ ျမက္ခင္းစပ္မွာ ခြန္းကို ဒဏ္ရာျပင္းထန္စြာနဲ႔လဲေနတာ ေတြ႕လိုက္ရတယ္။ သူက အားနည္းေနေပမယ့္ စိတ္အားထက္သန္ေနတယ္။ သူက ငိုေၾကြးရင္း အကူအညီေတာင္းလိုက္တယ္။

"မင္း ဘယ္မွာလဲ.. ေရွာင္အမ္းခၽြမ္.. ငါ့ကိုကယ္ပါ.. ငါ ဒဏ္ရာရေနတယ္.."

"အိုး.. မေတြ႕ရတာ ၾကာၿပီပဲ.."

က်ိဳးယြင္ရွန္႔က ၿပံဳးၿပီး ႏႈတ္ဆက္လိုက္တယ္။

ခြန္းရဲ့မ်က္ဝန္းေတြက ေတာက္ပသြားၿပီး သူ႔ပါးစပ္ကို ဟမလို႔လုပ္တုန္း က်ိဳးယြင္ရွန္႔က ဟိုးအေဝးကိုထြက္သြားၿပီး ေနာက္ေက်ာျပင္ကိုပဲ ေတြ႕ရေတာ့တယ္။ ခြန္းက မထိန္းႏိုင္ေတာ့ဘဲ ေအာ္ဟစ္ငိုေၾကြးမိလိုက္ေတာ့တယ္။

အခ်ိန္အေတာ္ၾကာေတာ့ ဝံပုေလြတစ္အုပ္ စု႐ံုးေရာက္လာၿပီး သူ႔ကို ေအးစက္စြာစိုက္ၾကည့္လို႔ ဝိုင္းဝန္းအနံ႔ခံၿပီး တျဖည္းျဖည္း ထြက္ခြာသြားၾကေတာ့တယ္။

ေနာက္သံုးရက္ၾကာေတာ့မွ ျခေသၤ့ႀကီးနဲ႔က်ိဳးယြင္ရွန္႔တို႔ ေပ်ာက္ဆံုးေနတာကို ေရွာင္အမ္းခၽြမ္ သိရေတာ့တယ္။ သူက သားရဲလူသားမ်ိဳးႏြယ္ေတြဘက္ ေလွ်ာက္လာေတာ့ ကိုယ္တစ္ပိုင္းပဲက်န္ေတာ့တဲ့ ခြန္းရဲ့အေလာင္းကို ေတြ႕လိုက္ရတယ္။ ေရွာင္အမ္းခၽြမ္ရဲ့မ်က္ႏွာက ဝမ္းနည္းပံု တစ္စက္မွမေပၚဘဲ ေျပာလိုက္တယ္။

"က်င္းတူးၿပီး သူ႔ကိုျမႇဳပ္လုိက္.."

ဘိုင္က ေရွးဦးသားရဲေတြကို ဒီကိစၥေဆာင္ရြက္ဖို႔ ခိုင္းေစလိုက္တယ္။ သူတို႔က ေတာထဲမွာ လဝက္ေလာက္ရွာေဖြၾကေပမယ့္ ေက်ာက္ရႊမ္နဲ႔က်ိဳးယြင္ရွန္႔ကို မေတြ႕ၾကဘူး။ ဒီစံုတြဲက ေသဆံုးတာမဟုတ္ဘဲ တစ္ေန႔ျပန္လာမယ္လို႔ သူက ယံုၾကည္တယ္။

ေရွာင္အမ္းခၽြမ္က 'ရႊမ္ရွန္႔' လို႔ေခၚတဲ့ မ်ိဳးႏြယ္စုကိုတည္ေထာင္ၿပီးေနာက္ ဒီသားရဲၿဂိဳဟ္မွာ အင္အားအႀကီးဆံုးမ်ိဳးႏြယ္တစ္ခု ျဖစ္လာခဲ့ေတာ့တယ္။
==================
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet

ရေးနော့မျိုးနွယ်တွေက ရှေးဦးသားရဲများကို သုတ်သင်ရှင်းလင်းဖို့ အခြားမျိုးနွယ်စုများနှင့် ပူးပေါင်းချိန်မှာ ဘေးကပ်ဆိုးကြီးကို ကြုံတွေ့လိုက်ရသည်။ ရေးနော့မျိုးနွယ်ထဲက ယောက်ျားတွေက လူသားပုံစံ အသွင်ပြောင်းနိုင်သူ ပိုပိုနည်းလာပြီး မွေးလာတဲ့ ပုံမပြောင်းနိုင်တဲ့ ရှေးဦးသားရဲပုံစံဖြစ်နေတဲ့ ကလေးအများစုက အသတ်ခံရခြင်း၊ စွန့်ပစ်ခံရခြင်းတွေ များပြားလာလို့ ရေးနော့မျိုးနွယ်ထဲမှာ ကျား၊မ မညီမျှမှုတွေ ဖြစ်ပေါ်လာတယ်။

အားလုံးကိုခြုံကြည့်ရင် ရေးနော့မျိုးနွယ်ထဲမှာ အသက်ကြီးတဲ့အမျိုးသားနဲ့ ငယ်ရွယ်အားနည်းတဲ့ကောင်လေးတွေနဲ့ ပြည့်နေပြီး အမဲလိုက်ဖို့၊ အစာရှာဖို့ သန်စွမ်းတဲ့အမျိုးသား အနည်းငယ်ပဲရှိတော့တယ်။ ဒီသန်စွမ်းတဲ့အမျိုးသားအနည်းငယ်က လူမျိုးစုတစ်ခုလုံးအတွက် ရိက္ခာရှာဖွေဖို့ မလုံလောက်လို့ မကြာခင်မှာ ရေးနော့မျိုးနွယ်အတွက် ဆာလောင်ငတ်မွတ်ခြင်းက စောင့်ကြိုနေပြီဖြစ်တယ်။

ဒီသန်မာတဲ့အမျိုးသားတွေက အိုမင်းလာတဲ့အခါ သိုဝှက်ထားတဲ့ အနီရောင်ကျောက်နဲ့ အခြားရတနာတွေကို ကာကွယ်နိုင်စွမ်းမရှိကြတော့ဘူး။ ဒါကြောင့် အခြားမျိုးနွယ်စုတွေရဲ့ ပစ်မှတ်ဖြစ်လာပြီး ဒီအရာတွေက အခြားမျိုးနွယ်စုတွေဆီကို လွှဲပြောင်းရောက်ရှိသွားကြတော့တယ်။ ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် ဘေးဆိုကြီးက အခြားမျိုးနွယ်စုတွေဆီကို ပျံ့နှံ့သွားတော့တယ်။

ရေးနော့မျိုးနွယ်က အနီရောင်ကျောက် သုံးစွဲခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို ကောင်းကောင်းသိပြီးဖြစ်လို့ ကျန်သူတွေလည်း ဒီလိုဖြစ်လာဖို့ စောင့်နေကြတယ်။ အထူးသဖြင့် ဘိုင်ယန်မျိုးနွယ်စုကို သူတို့ ပိုပြီးဖြစ်စေချင်ကြတယ်။

ခွန်းဦးဆောင်တဲ့ ရေးနော့မျိုးနွယ်က ပိုပိုအားကောင်းလာပြီး သူက ခေါင်းဆောင်ရာထူးကိုသာမက အက်ဒီကိုပါ ရရှိလိုက်တယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို ရှာမန်တောင် ဝင်ရောက်စွက်ဖက်လို့မရဘူး။ သူက အခြားမျိုးနွယ်စုတွေထက် ရေးနော့မျိုးနွယ်ကို အရင်ဝင်ရောက်တိုက်ခိုက်ပြီး အနီရောင်ကျောက်တွေကိုသာမက စစ်သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကိုပါ ရရှိခဲ့တယ်။ ဒါကြောင့် သူ့ကိုသစ္စာခံပြီး သူ့အတွက်သေဝံ့တဲ့ စစ်သားများစွာကို ရရှိခဲ့တယ်။

"ခွန်း.. မင်းက ဒီအရှေ့ဘက်ကုန်းတိုက်မကြီးမှာ မျိုးနွယ်စုအားလုံးရဲ့ တစ်ဦးတည်းသော ထူးချွန်သူပဲ.. ဘာကြောင့် အရှေ့ဘက်တောအုပ်ထဲမှာနေနေတဲ့ ရှေးဦးသားရဲတွေကို ဒီအတိုင်းကြည့်နေရတာလဲ.. သူတို့တွေကို အမဲလိုက်သုတ်သင်ပြီး ရှောင်အမ်းချွမ်နဲ့ လှပတဲ့အမျိုးသမီးရဲ့အရိုးကို ငါ့ဆီယူလာပေးပါလား.."

အက်ဒီက သူ့မိတ်ဖက်ကို တိုက်တွန်းလိုက်သည်။ ရှောင်အမ်းချွမ်က ကောင်းကောင်းမွန်မွန် နေထိုင်နေရတယ်ဆိုတာ သိရပြီးကတည်းက သူ့လည်ပင်းမှာ ငါးရိုးနင်နေသလိုခံစားရပြီး နေမထိထိုင်မသာ ခံစားနေရတယ်။

ခွန်းရဲ့ရင်ထဲ တင်းကျပ်လာပေမယ့် မျက်နှာမှာမပေါ်စေဘဲ အက်ဒီ့ကို နှစ်သိမ့်လိုက်တယ်။ ရှောင်အမ်းချွမ်က သူဒဏ်ရာရချိန်မှာ သူ့ကိုကယ်ပြီး ကုသပေးထားလို့ မလုပ်ချင်ကြောင်းပြောထားတယ်။

အက်ဒီက ရွှေရောင်ခြင်္သေ့ကြီးနဲ့ အမျိုးသမီးရဲ့ ကြောက်စရာခွန်အားကြီးပုံကို မသိထားဘူး။ ဒီအရှေ့ဘက်ကုန်းတိုက်မကြီးကို ရောက်လာတဲ့ ဒိုင်နိုဆောကြီးကို ရွှေရောင်ခြင်္သေ့ကြီးက သုတ်သင်ပစ်လိုက်ပြီး အမျိုးသမီးကလည်း အလွယ်တကူသတ်ဖြတ်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။ သူတို့နှစ်ယောက်က ဒီကမ္ဘာကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိကြတယ်။

"ငါ မသွားနိုင်ဘူး.."

ခွန်းက ခေါင်းကိုယမ်းပြီးငြင်းလိုက်တော့ အက်ဒီက သံသယနဲ့ သူ့ကိုကြည့်လာတယ်။ ခွန်းက ကပျာကယာရှင်းပြလိုက်တယ်။

"မင်းက ငါတို့ကလေးကို ကိုယ်ဝန်လွယ်ထားတယ်လေ.. မင်းနားက ငါ ဘယ်လိုခွာနိုင်မှာလဲ.."

အက်ဒီက နူးညံ့သွားပြီး သူ့ဝမ်းဗိုက်ကို အသာလေးထိလိုက်တယ်။

ဘိုင်ယန်မျိုးနွယ်စုတစ်ခုလုံးက သူတို့ရဲ့မင်းသားလေးတွေ မွေးဖွားလာမှာကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတယ်။

အက်ဒီက ရှာမန်ရဲ့သား ပီသပါပေတယ်။ သူက ခွန်းအတွက် ဝံပုလွေပေါက်အထီးချည်း ၆ကောင်တိတိ မွေးပေးလိုက်တယ်။ ခွန်းက ဝံပုလွေသားရဲလူသားဖြစ်လို့ သူ့ကလေးတွေအားလုံးက ဝံပုလွေလေးတွေဖြစ်တယ်။ ကျန်းမာသန်စွမ်းတဲ့ ဝံပုလွေပေါက်လေးတွေက မျက်လုံးမဖွင့်နိုင်သေးပေမယ့် 'တအီအီ' အသံနဲ့ အသိုက်တစ်ခုလုံး ဆူညံပြီး ချစ်စဖွယ် အသက်ဝင်လို့နေတယ်။

ခွန်းက သူ့ကလေးကိုပွေ့ပိုက်ပြီး ဂုဏ်ယူစွာပြောလိုက်တယ်။

"ငါ့ကလေးတွေက တစ်လအတွင်း လူပုံစံပြောင်းလာပြီး ဒီအရှေ့ဘက်ကုန်းတိုက်ကြီးက ဘုရင်တွေ သေချာပေါက်ဖြစ်လာစေရမယ်.."

"ဒါပေါ့.."

အက်ဒီကလည်း ကျေနပ်စွာပြောလိုက်တယ်။

"ငါတို့ ရှေးဦးသားရဲနှစ်ကောင်ကို ဖိတ်ခေါ်ပြီး ကလေးတွေအတွက် ဆုတောင်းခိုင်းရမယ်.. ငါတို့ကလေးက သားရဲနတ်ဘုရားရဲ့ ဆုမွန်ကောင်းပေးမှုရဖို့ ထိုက်တန်တယ်.."

နှစ်ပေါင်းတစ်ရာအတွင်း ဘိုင်ယန်မျိုးနွယ်မှာ လူပုံမပြောင်းနိုင်တဲ့သားရဲက နှစ်ကောင်တည်းမွေးဖွားဖူးလို့ သူ့ကလေးတွေက သေချာပေါက် လူပုံစံပြောင်းမယ်လို့ပဲ ယုံကြည်ထားတယ်။ တစ်လလောက်ကြတော့ ဝံပုလွေပေါက်တွေ တစ်ကောင်မှ လူပုံစံမပြောင်းလဲနိုင်ကြဘူး။ ဒီအချက်ကို ခွန်းနဲ့အက်ဒီတို့ ဘယ်လိုမှလက်မခံနိုင်ကြဘူး။ သူတို့ နောက်တစ်လထပ်စောင့်ပေမယ့် သူတို့ကလေးတွေက ဘယ်လိုမှ မပြောင်းလဲနိုင်ကြဘူး။ အချိန်ကြာလာတာနဲ့အမျှ ဒီကလေးတွေက ရှေးဦးသားရဲတွေ ဖြစ်သွားတယ်ဆိုတာ ပိုသေချာသွားပြီ။

ဘိုင်ယန်မျိုးနွယ်စုက ဒီကလေး၆ကောင်ကို မျိုးနွယ်စုထဲမှာလနေခိုင်းရမလား၊ မောင်းထုတ်ပစ်မလားဆိုတာ ခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေကြတယ်။ ရှေးဦးသားရဲတွေက အရှေ့ဘက်တောအုပ်ကို သိမ်းယူထားတာကြောင့် အခုဆိုရင် မျိုးနွယ်စုထဲမှာ သားရဲနဲ့လူကြား စိတ်ဝမ်းကွဲမှုက ပိုမိုပြင်းထန်လာကြတယ်။ ဘိုင်ယန်လူမျိုးထဲမှာ ရှေးဦးသားရဲနှစ်ကောင်ကို နေထိုင်ခွင့်ပြုထားပြီဖြစ်လို့ ဒီကလေး၆ကောင်ကို ဆက်ထားဖို့ မဖြစ်နိုင်တော့ဘူး။

ခွန်းက အရမ်းကိုရိုသေကိုင်းရှိုင်းတဲ့ပုံစံနဲ့ သားရဲနတ်ဘုရားရှေ့မှာ ဒူးထောက်ဆုတောင်းနေတယ်။ ဒီကလေး၆ကောင်က သူ့သွေးသားတွေဖြစ်လို့ ဘယ်လိုစွန့်လွှတ်နိုင်မှာလဲ။

"အချိန်ဆွဲမနေနဲ့တော့.. သူတို့ကို စွန့်ပစ်လိုက်တော့.."

အက်ဒီက ဒီလိုရှေးဦးသားရဲတွေကို မွေးဖွားခဲ့တယ်ဆိုတာ ဘယ်လိုမှ သည်းမခံနိုင်တော့လို့ သားရဲနတ်ဘုရားဂူထဲဝင်လာပြီး ဆုံးဖြတ်ပြီးဟန်နဲ့ ပြောလိုက်တယ်။ ဒီမျိုးနွယ်ထဲမှာ ရှေးဦးသားရဲကို မွေးဖွားပေးလိုက်လို့ သူက ရယ်စရာဖြစ်နေရတယ်။ အရင်က သူ့ကို မနာလိုဖြစ်နေကြတဲ့ အမျိုးသမီးတွေက အခု သူ့ကို မထီမဲ့မြင်ပြုကြလို့ သူက ဒီအစွန်းအထင်းကိုပယ်ဖျက်ဖို့ ကလေးတွေကို စွန့်ပစ်ချင်နေတယ်။

ခွန်းက သူ့ပါတနာက သူ့လက်ကို ခိုင်ခိုင်မြဲမြဲတွဲနေတုန်းလို့ ကိုယ့်ဘာသာရေရွတ်ပြီး ကလေးတွေကို သူတို့ကိုယ်တိုင်မစွန့်ပစ်ဘဲ အခြားအမျိုးသမီးတွေကို တောစပ်မှာသွားစွန့်ပစ်ဖို့ ခိုင်းစေလိုက်တယ်။

ရှေးဦးသားရဲကြီးတွေက ဒီကလေးတွေကို ကောက်ယူပြုစုပေးမှာကိုသိလို့ စွန့်ပစ်စေလိုက်တာဖြစ်တယ်။ ဒါပေမယ့် ကလေးခြောက်ကောင်က မိဘတွေနဲ့ သုံး၊လေးလ အတူနေထိုင်ခဲ့ရတာဖြစ်လို့ ရှေးဦးသားရဲတွေဆီမှာ မနေချင်ဘဲ ခဏခဏထွက်ပြေးလာကြပေမယ့် သူတို့က အကြိမ်ပေါင်းများစွာ မောင်းထုတ်ခံလိုက်ရတယ်။

ဝံပုလွေလေးခြောက်ကောင်က သူတို့မိဘကိုတွေ့ရဖို့ မျှော်လင့်နေပေမယ့် အက်ဒီကြောင့် သူတို့က မျိုးနွယ်စုနားကိုတောင် ကပ်ခွင့်မရှိဘဲ မောင်းထုတ်ခံရတာချည်းဖြစ်တယ်။ အက်ဒီက လူသားအသွင်မပြောင်းနိုင်တဲ့ ကလေးတွေကို မွေးခဲ့မိတာကို မေ့ချင်ပေမယ့် ဒီကလေးတွေက သူတို့နား တဝဲလည်လည် လာလာနေလို့ နောက်ဆုံး သူ့ရင်ထဲကခါးသီးမှုတွေကို ထိမ်းချုပ်မရနိုင်အောင် ခံစားလာရတယ်။

ဒါကြောင့် တစ်ခါက ခြုံပုတ်နောက်လေးကနေ ကလေးတွေခုန်ထွက်လာပြီး မျိုးနွယ်စုဆီပြေးလာချိန်မှာ အက်ဒီက ကလေးတွေကိုဖမ်းထားပြီး မတ်စောက်တဲ့တောင်ကမ်းပါးယံဆီကို သယ်သွားတယ်။ တောင်ကမ်းပါးယံရဲ့ အောက်ခြေမှာ မြူတွေဆိုင်းနေပြီး ဘာမှမမြင်ရပေမယ့် အောက်ကိုကျသွားရင် ဘယ်လိုမှ အသက်မရှင်နိုင်ဘူး။ အက်ဒီက ကလေးတွေကို တစ်ကောင်ပြီးတစ်ကောင် အောက်ကိုပစ်ချပြီး ဘာမှမဖြစ်သလို လက်တွေကိုခါပြီး ထွက်လာခဲ့တယ်။

အဲ့ဒီကတည်းက ကလေး၆ကောင်ကို ဘယ်သူမှမမြင်ရတော့ဘူး။ ခွန်းကတော့ သူ့ကလေးတွေ ကောင်းကောင်းရှင်သန်နေတယ်လို့ ယုံကြည်တယ်။ ရှေးဦးသားရဲတွေက ဘယ်တော့မှ သားရဲပေါက်တွေကို စွန့်ပစ်လေ့မရှိဘူး။ သူတို့ကို သေချာဂရုစိုက်လေ့ရှိကြတယ်။

နောက်မကြာခင် အက်ဒီက ကိုယ်ဝန်ဆောင်ပြီးနှစ်လအကြာမှာ ကိုယ်ဝန်ထပ်ရပြီး အထီးလေးတစ်ကောင် မွေးလာပေမယ့် ဒီကလေးလည်း လူသားလိုမပြောင်းလဲနိုင်ဘူး။ ဒါကြောင့် ဒီတစ်ကြိမ်တော့ အက်ဒီက ခွန်းရဲ့ထင်မြင်ချက်ကို မတောင်းတော့ဘဲ ကလေး၂လသားထိ သည်းခံကြည့်နေသေးတယ်။ ဒီကလေးက လူသားအဖြစ် မပြောင်းလဲနိုင်တော့ သူက ကလေးကို တောင်ကမ်းပါးယံကနေ ပစ်ချလိုက်ပြန်တယ်။ ဘယ်သူမှ ဝံပုလွေကလေးငယ်ရဲ့ ကြောက်လန့်တကြားအော်ဟစ်လိုက်သံနဲ့ မြေပြင်ပေါ်ပြုတ်ကျသွားသံကို သတိမပြုလိုက်မိကြဘူး။

အက်ဒီက ခေါင်းမာပြီး ဘယ်တော့မှ အရှုံးမပေးတတ်ဘူး။ သူက ကလေးတွေထပ်ထပ်မွေးတယ်။ ဒါပေမယ့် ဘယ်အထီးလေးမှ လူသားအသွင်မပြောင်းလဲနိုင်ဘူး။
အက်ဒီကတော့ မျိုးနွယ်စုထဲမှာ လူရယ်စရာ ပိုပိုဖြစ်လာတော့တယ်။ အက်ဒီက ကျိန်စာသင့်ခံရတယ်လို့ ယူဆပြီး ရှာမန်က ၃ရက်တိတိ သားရဲနတ်ဘုရားဂူထဲ ဆုတောင်းပေးနေတယ်။

သားရဲနတ်ဘုရားရဲ့ကျိန်စာက အမျိုးသမီးတစ်ယောက်အပေါ်ကို ကျရောက်တယ်ဆိုတာ ကြောက်စရာကောင်းလှတယ်။ မျိုးနွယ်စုထဲကလူတွေက အက်ဒီ့ကို ကပ်ဆိုးလိုသဘောထားပြီး စတင်ရှောင်ရှားလာကြသလို ခွန်းရဲ့ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာတယ်။ ရှာမန်အတွက်လည်း သူ့နေရာကို အက်ဒီက ဆက်ခံဖို့ မဖြစ်နိုင်တော့လို့ ဆက်ခံသူပြဿနာ ပေါ်လာတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကဆိုရင် ဘိုင်ယန်အမျိုးသမီးတွေက ကလေးတစ်ခါမွေးရင် ၄၊ ၅ကောင်ထိမွေးကြပြီး မိန်းကလေးဆိုတာ ပါလာခဲတယ်။ မွေးတဲ့ယောက်ျားတိုင်းက လူသားပုံစံ ပြောင်းနိုင်ကြတာချည်းပဲ။ ဒါပေမယ့် နောက်ပိုင်း အခြေအနေ ပိုဆိုးလာကြတယ်။ အမျိုးသမီးတွေက အက်ဒီ့ကို မလှောင်ပြောင်နိုင်ကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း ကျန်းမာပြီး လူလိုပြောင်းနိုင်တဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းလာလို့ပဲဖြစ်တယ်။

ရှာမန်နဲ့ခွန်းက စိတ်လှုပ်ရှားနေကြပေမယ့် အက်ဒီက အရမ်းကိုပျော်နေတယ်။ သူတစ်ယောက်တည်းကွက်ပြီး ကံဆိုးတာမဟုတ်သရွေ့ အားလုံးအိုကေတယ်။

အရှေ့ဘက်တောအုပ်မှာ ရှေးဦးသားရဲအုပ်လိုက်ကြီး တိုးပွားလာတာ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ တစ်နှစ်တစ်နှစ်ကို သားရဲတွေ ပိုပိုတိုးပွားလာပြီး ငယ်ရွယ်သန်မာတဲ့ ရှေးဦးသားရဲတွေက သားရဲလူသားမျိုးနွယ်တွေကို တိုက်ခိုက်ရတာကို သဘောကျနှစ်ခြိုက်ကြတယ်။ သူတို့ရဲ့ သွေးနီရောင်မျက်ဝန်းတွေက အမုန်းတရားတွေနဲ့ ပြည့်နှက်နေတယ်။

သုံးနှစ်ကြာပြီးနောက် ဒီရေလိုတိုးပွားလာတဲ့ ရှေးဦးသားရဲအုပ်ကြီးက ခွန်းဦးဆောင်တဲ့ သားရဲလူသားမျိုးနွယ်နဲ့ စစ်ဖြစ်ကြတယ်။ သားရဲအုပ်ကြီးက စစ်သည်တော်တွေကို ပြိုကွဲသွားစေပြီး ဝံပုလွေအုပ်က ခွန်းကို ဝိုင်းဝန်းတိုက်ခိုက် ကိုက်ဖဲ့ကြတယ်။

အဆင့် 8 စစ်သည်တော်ဖြစ်ပေမယ့် ခွန်းရဲ့တစ်ကိုယ်လုံး ကိုက်ရာဗရပွနဲ့ သွေးတွေရဲလို့နေတယ်။ အသန်မာဆုံးဝံပုလွေတွေက ခွန်းရဲ့လည်ပင်းကိုခဲထားပြီး အနောက်ဘက်ကို ဆွဲထုတ်သွားကြတယ်။ နောက်ဆုံးအချိန်မှာ ဒီဝံပုလွေတွေက ခွန်းကို မုန်းတီးနာကျင်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။

အဲ့ဒီအချိန်မှာ ကျားဟိန်းသံကိုကြားလိုက်ရပြီး ရှေးဦးသားရဲအုပ်စုက ချက်ချင်းပဲ ဒဏ်ရာရနေတဲ့ သားရဲလူသားတွေကို ချန်ရစ်ပြီး ထွက်ခွာသွားကြတယ်။

ခွန်းက သူ့မျက်နှာကိုရိုက်ပြီး ခါးသီးစွာငိုကြွေးနေတယ်။ သူ့ကိုမုန်းတီးတဲ့ ဒီရှေးဦးဝံပုလွေသားရဲတွေက သူတို့စွန့်ပစ်လိုက်တဲ့ ကလေးတွေပဲဖြစ်တယ်။

သူ့မျိုးနွယ်စုဆီကိုပြန်ရောက်တော့ ခွန်းက စိတ်ဓာတ်ကျနေတဲ့အပြင် သူ့တစ်ကိုယ်လုံး ဒဏ်ရာပြင်းထန်ပြီး နံရိုးလည်းကျိုးနေတယ်။ အနီရောင်သလင်းကျောက်တွေကြောင့် ဒီမျိုးနွယ်စုတွေကြားမှာ သန်မာတဲ့စစ်သည်တော်တွေက မိုးဦးရာသီ မျှစ်စို့ပေါက်တွေပေါက်သလို အလျှိုလျှိုပေါ်လာကြတယ်။ ဒါကြောင့် ခွန်းရဲ့ မျိုးနွယ်စုပေါင်းစုံရဲ့ အကြီးအကဲဆိုတဲ့ အဆင့်အတန်းက ခြိမ်းခြောက်ခံလာရပြီး စစ်သည်တော်အများစုက သူ့ကို စွန့်ခွာသွားကြတယ်။

အက်ဒီက ဒီအခြေအနေကို ဆက်မကြည့်နိုင်တော့လို့ သူ့အဖေရှာမန်ကို သားရဲနတ်ဘုရားသွေး တစ်ဇလုံပေးဖို့ တောင်းဆိုလိုက်တယ်။ သူ့အဆင့်အတန်းက ခွန်းပေါ်မူတည်နေတာဖြစ်လို့ ရှာမန်လည်း ရောဂါကုဖို့ သွေးတစ်ဇလုံကို ခွန်းရဲ့သစ်လုံးအိမ်ဆီ ပို့လိုက်တယ်။

"စိတ်မပူနဲ့တော့.. မင်းရဲ့ဒဏ်ရာ ပျောက်တော့မယ်.. သားရဲနတ်ဘုရား မင်းကို စောင့်ရှောက်ပါစေ.."

အက်ဒီက ဒီသွေးတွေကို ဒဏ်ရာပေါ်လောင်းချလိမ်းကျံပြီး ပြောလိုက်တယ်။ ခွန်းက လွန်ခဲ့သောနှစ်ပေါင်းများစွာက ရှောင်အမ်းချွမ်သတိပေးခဲ့တာကို ပြန်အမှတ်ရလိုက်ပေမယ့် သူ့ပါတနာရဲ့ ယုံကြည်တဲ့အမူအယာကြောင့် ဒီစကားလုံးတွေကို ချက်ချင်းမေ့သွားတော့တယ်။
အက်ဒီက နေ့တိုင်း သွေးရည်တွေယူလာပြီး ဒဏ်ရာတွေကိုလောင်းပေးတယ်။ သူတို့သစ်လုံးအိမ်ထဲ သွေးပုပ်နံ့တွေ လှိုင်လှိုင်ထလို့နေတယ်။

ခွန်းက အဖျားဝင်ပြီး အားတွေယုတ်လာတော့ ဒီဟာကို စတင်သံသယဝင်လာခဲ့တယ်။ ဒဏ်ရာတွေက စတင်ညှိုးပုပ်လာပြီး ပြည်တွေထွက်လာတယ်။ အသားတွေပုပ်ရိလိုက်လာပြီး အရိုးပေါ်တဲ့အထိ စားလာတယ်။ သူ့ကြွက်သားတွေ၊ သွေးကြောတွေအထိ ဒဏ်ရာက လှိုက်စားလို့လာတယ်။

ခွန်းက သေတာထက်ဆိုးတဲ့ ဝေဒနာကိုခံစားနေရပြီး သူ့တစ်ကိုယ်လုံး တဖြည်းဖြည်းပုပ်လိုက်လာတယ်။ ရှောင်အမ်းချွမ်ရဲ့ သတိပေးစကားတွေကို ပြန်ကြားယောင်ရင်း သူ့ရင်ထဲအသည်းထဲကနေ အက်ကွဲမတတ် နာကျင်လာရတယ်။

"ဒီဟာတွေက အဆိပ်တွေ၊ ဒဏ်ရာတွေထဲကို ထည့်လို့မရဘူး.."

"မင်း ယုံယုံ မယုံယုံ ငါ မင်းကို ကယ်ပေးနေတာ.. ဒီသွေးတွေက နတ်ဆေးမဟုတ်ဘူး.. ဒီထဲမှာ ညစ်ညမ်းတဲ့အရာတွေ ပါတယ်.. ဒီဟာက မင်းဒဏ်ရာကို ပိုဆိုးပြီး ပိုးဝင်ပြီးသေသွားနိုင်တယ်.."

"ပိုးဝင်တယ်ဆိုတာ သိလား.. အဲ့တာ လတ်ဆတ်တဲ့သွေးတွေက အဝါရောင်ပြည်တွေဖြစ်သွားပြီး မင်းခြေထောက်ကိုစားပြီး တဖြည်းဖြည်း အရိုးစုဖြစ်သွားစေတဲ့ အရာတွေပဲ.. အဲ့ဒီအခြေအနေရောက်ရင် မင်းကိုကယ်ဖို့ အဲ့ဒီအစိတ်အပိုင်းကို ဖြတ်တောက်ပစ်ရမှာပဲ.. ဒါပေမယ့် အခြေအနေဆိုးလာရင် မင်းသွေးတွေထဲပျံ့သွားပြီး နာကျင်စွာခံစားရပြီး သေသွားနိုင်တယ်.."

တစ်ချိန်က နှာခေါင်းရှုံ့ခဲ့သမျှ အခု တကယ်မှန်လာပြီ။ ခွန်းက စိတ်ပျက်နာကျင်စွာနဲ့ ကျယ်လောင်စွာ ညည်းတွားလိုက်တယ်။

သူ မှားသွားခဲ့ပြီ။ ခုချိန်မှာ သူဘယ်လောက်မှားတယ်ဆိုတာ ပိုသိလာတယ်။ ရှောင်အမ်းချွမ်က သူ့ကိုကယ်တင်ပေးခဲ့တယ်။ သူပြောသမျှ တစ်ခုမှမမှားခဲ့ဘူးဆိုတာ အချက်အလက်အားလုံးက သက်သေပြနေပြီ။

"မဟုတ်ဘူး.. ငါ မသေနိုင်ဘူး.. မသေချင်သေးဘူး.."

ခွန်းက အမှန်တရားကိုသိသွားချိန်မှာ ခေါင်းကိုယမ်းပြီး အော်ဟစ်လိုက်တယ်။

"အက်ဒီ.. မင်း ဘယ်မှာလဲ.. ငါ့ကို အရှေ့ဘက်တောအုပ်ဆီ ခေါ်သွားပေးပါ.. ငါ ရှောင်အမ်းချွမ်ကို တွေ့ဖို့လိုတယ်.. ငါ သူ့ကိုသွားရှာဖို့လိုတယ်.."

မျိုးနွယ်စုထဲကလူတွေက ခွန်းရဲ့ညည်းတွားသံကို ကြားကတည်းက သစ်လုံးအိမ်အပြင်ကို စုရုံးရောက်လာတာဖြစ်ပြီး ခွန်းအော်ပြောတဲ့စကားကိုကြားတော့ အက်ဒီ့ရဲ့မျက်နှာကို ဝိုင်းကြည့်လိုက်တယ်။ အက်ဒီရဲ့မျက်နှာက ညိုပုပ်လို့လာတယ်။ အချိန်အကြာကြီး အော်ဟစ်ရုန်းကန်ပြီး ခွန်းက ငြိမ်ကျသွားတော့တယ်။

"မင်း အဓိပ္ပါယ်မရှိတာ အော်မနေနဲ့.. ငြိမ်ငြိမ်နေစမ်းပါ.."

အက်ဒီက ခွန်းရဲ့ကျောကို တွန်းလှဲရင်း ပြောလိုက်တယ်။ သူက သွားတွေစေ့ပြီး ဆက်ပြောလိုက်တယ်။

"ကြည့်.. မင်းလုပ်လို့ သွေးတွေထွက်ကျကုန်ပြီ.. ဒါက သားရဲနတ်ဘုရားကို စော်ကားတာပဲ.."

အက်ဒီက ဒဏ်ရာထဲ သွေးတွေလောင်းထည့်ပြီး ပြောလိုက်တယ်။

"မဟုတ်ဘူး.. ဒီဟာက အဆိပ်တွေ.. ဒီဟာတွေ မထည့်ပါနဲ့.. မင်း ငါ့ကိုသတ်နေတာ.. ငါ့ကို တစ်ခါဒဏ်ရာရအောင်လုပ်တာ လုံလောက်ပြီ... အခုချက်ချင်း ထွက်သွားစမ်း.."

ခွန်းက သွေးခွက်ကိုတွန်းဖယ်ပြီး အိပ်ယာပေါ်လဲကျသွားတယ်။ သူ့မှာ လှုပ်ရှားဖို့ အားတစ်စက်မှမရှိတော့ဘူး။

အက်ဒီက တံခါးကိုတွန်းဖွင့်ပြီး ထွက်သွားလိုက်တယ်။ ခဏကြာတော့ စစ်သည်တော်တွေ ဝင်လာတာတွေ့တော့ ခွန်းက ပြောလိုက်တယ်။

"ငါ မခံနိုင်တော့ဘူး.. ငါ့ကို အရှေ့ဘက်တောစပ်ကို ပို့ပေးပါ.. ငါ့ကို သယ်သွားပေးပါ.."

ရှောင်အမ်းချွမ်က သူ့အပေါ်ကြင်နာပြီး သူငယ်ချင်းကောင်းပီသတာကို သတိရလာတယ်။ သူက ဒီဟာတွေကို ပြန်ရနိုင်မယ်လို့ မျှော်လင့်နေမိတယ်။ ရှောင်အမ်းချွမ်က မှန်ပါပေတယ်။ ဟိုးအရင်ကတည်းက သူ့ကို ယုံကြည်ခဲ့သင့်တယ်။

စစ်သည်တော်နှစ်ဦးက မစောင့်နိုင်တော့ဘဲ ခွန်းကိုသယ်ပြီး တောစပ်မှာ သွားပစ်လိုက်တော့တယ်။ အက်ဒီက သူဟာ ဘယ်တော့မှ ခေါင်းဆောင်ရဲ့ပါတနာ မဖြစ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူက ကျန်းမာတဲ့ကလေးတွေကို မမွေးဖွားနိုင်တဲ့အပြင် စွန့်ပစ်ခံရတဲ့သူဖြစ်လို့ မျိုးနွယ်စုထဲက ဘယ်သူမှ သူ့ကိုမလိုချင်သလို ဘယ်မိန်းမမှ သူ့ကို ဆက်ဆံပတ်သက်မှုမလုပ်ဘဲ ရှောင်နေကြတယ်။ ဒါကြောင့် သူ့အနာဂတ်က ကြောက်စရာဖြစ်လာတယ်။

ရှာမန်ကလည်း အသက်ကြီးနေပြီး သူ့နေရာက ဖယ်ပေးရတော့မယ်။ သူက ဒီရာထူးကို သူ့သားအက်ဒီကို ပေးချင်ပေမယ့် ခေါင်းဆောင်သစ်က သူ့ညီကိုပဲလွှဲပေးဖို့ အတင်းအကျပ် စေခိုင်းခဲ့တယ်။

ဒီသားအဖနှစ်ဦးက ဆက်လက်ရပ်တည်ဖို့ ဘယ်သူမှမထောက်ပံ့လို့ တောထဲမှာ သစ်သီးရိုင်းတွေပဲ ခူးစားကြပေမယ့် အာဟာရပြတ်ပြီး ငတ်မွတ်သေဆုံးသွားကြရတယ်။

ရှေးဦးသားရဲအုပ်ကြီးက သားရဲလူသားတွေကို တိုက်ခိုက်တဲ့နေ့က ရှောင်အမ်းချွမ်က အသွင်ပြောင်းဆေးကို အောင်မြင်စွာ ဖော်စပ်လိုက်နိုင်တယ်။ ဒါကြောင့် ဘိုင်က သူတို့အားလုံးကို ပြန်ခေါ်လိုက်ရတာပဲဖြစ်တယ်။ မဟုတ်ရင် သားရဲလူသားတွေ ထိခိုက်တာ ပိုများမှာသေချာတယ်။

ကျိုးယွင်ရှန့်နဲ့ ကျောက်ရွှမ်က ရှေးဦးသားရဲတွေဝိုင်းနေတဲ့ ရှောင်အမ်းချွမ်ကို ခပ်လှမ်းလှမ်းကနေရပ်ပြီး ကြည့်နေတယ်။

"သူ အခု အရွယ်ရောက်လာပြီ.. ငါတို့လည်း သွားဖို့အချိန်ကျပြီ.. ပြန်ဖို့ပြင်ကြစို့.."

ကျောက်ရွှမ်က ခေါင်းညိတ်ပြီး ငါးခြောက်တွေ၊ ဒိုင်နိုဆောအသားကြပ်တင်ခြောက်တွေ၊ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ငါးမန်းအရေခွံနဲ့ထုပ်ပိုးပြီး သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်တယ်။ အသွင်ပြောင်းဆေးက ထိရောက်မှုရှိမရှိ သေချာသိဖို့ သူတို့ ရက်နည်းနည်းစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဘိုင်က ပထမဆုံး လူသားအသွင်ပြောင်းလာခဲ့တယ်။ သူ့ရဲ့ဆံပင်ဖြူဖြူနဲ့ အစိမ်းရောင်မျက်ဝန်းတွေက အင်မတန်ကို ဆွဲဆောင်မှုရှိလို့ ရှောင်အမ်းချွမ်မှာ မျက်လုံးမလွှဲနိုင်အောင် ဖြစ်မိတယ်။ ကျိုးယွင်ရှန့်က ဘိုင် လူသားအဖြစ်ပြောင်းလဲလာနိုင်လို့ ဂုဏ်ပြုဖို့ သူတို့သစ်လုံးအိမ်ပေါ်ကို တက်သွားပေမယ့် အိမ်ထဲက papapa သံနဲ့အတူ အိမ်က တုန်ခါနေလို့ ပြန်ဆင်းလာရတယ်။

"သူတို့ မအားကြဘူးလား.."

ဒီဟာက မေးခွန်းသက်သက်ဖြစ်ပြီး ကျောက်ရွှမ်က ကျိုးယွင်ရှန့်ကို ပုခုံးပေါ်ထမ်းပြီး ဒီလိုထပ်တူညီအလုပ်ကိုလုပ်ဖို့ သူတို့သစ်လုံးအိမ်ထဲ ခေါ်ဆောင်သွားတော့တယ်။

၁၂ နာရီအတွင်း စစ်တပ်က သူတို့ကို ပြန်လာခေါ်ကြတော့မယ်။ သူတို့ အရှေ့ဘက်တောအုပ်ကနေ ထွက်လာတော့ မြက်ခင်းစပ်မှာ ခွန်းကို ဒဏ်ရာပြင်းထန်စွာနဲ့လဲနေတာ တွေ့လိုက်ရတယ်။ သူက အားနည်းနေပေမယ့် စိတ်အားထက်သန်နေတယ်။ သူက ငိုကြွေးရင်း အကူအညီတောင်းလိုက်တယ်။

"မင်း ဘယ်မှာလဲ.. ရှောင်အမ်းချွမ်.. ငါ့ကိုကယ်ပါ.. ငါ ဒဏ်ရာရနေတယ်.."

"အိုး.. မတွေ့ရတာ ကြာပြီပဲ.."

ကျိုးယွင်ရှန့်က ပြုံးပြီး နှုတ်ဆက်လိုက်တယ်။

ခွန်းရဲ့မျက်ဝန်းတွေက တောက်ပသွားပြီး သူ့ပါးစပ်ကို ဟမလို့လုပ်တုန်း ကျိုးယွင်ရှန့်က ဟိုးအဝေးကိုထွက်သွားပြီး နောက်ကျောပြင်ကိုပဲ တွေ့ရတော့တယ်။ ခွန်းက မထိန်းနိုင်တော့ဘဲ အော်ဟစ်ငိုကြွေးမိလိုက်တော့တယ်။

အချိန်အတော်ကြာတော့ ဝံပုလွေတစ်အုပ် စုရုံးရောက်လာပြီး သူ့ကို အေးစက်စွာစိုက်ကြည့်လို့ ဝိုင်းဝန်းအနံ့ခံပြီး တဖြည်းဖြည်း ထွက်ခွာသွားကြတော့တယ်။

နောက်သုံးရက်ကြာတော့မှ ခြင်္သေ့ကြီးနဲ့ကျိုးယွင်ရှန့်တို့ ပျောက်ဆုံးနေတာကို ရှောင်အမ်းချွမ် သိရတော့တယ်။ သူက သားရဲလူသားမျိုးနွယ်တွေဘက် လျှောက်လာတော့ ကိုယ်တစ်ပိုင်းပဲကျန်တော့တဲ့ ခွန်းရဲ့အလောင်းကို တွေ့လိုက်ရတယ်။ ရှောင်အမ်းချွမ်ရဲ့မျက်နှာက ဝမ်းနည်းပုံ တစ်စက်မှမပေါ်ဘဲ ပြောလိုက်တယ်။

"ကျင်းတူးပြီး သူ့ကိုမြှုပ်လိုက်.."

ဘိုင်က ရှေးဦးသားရဲတွေကို ဒီကိစ္စဆောင်ရွက်ဖို့ ခိုင်းစေလိုက်တယ်။ သူတို့က တောထဲမှာ လဝက်လောက်ရှာဖွေကြပေမယ့် ကျောက်ရွှမ်နဲ့ကျိုးယွင်ရှန့်ကို မတွေ့ကြဘူး။ ဒီစုံတွဲက သေဆုံးတာမဟုတ်ဘဲ တစ်နေ့ပြန်လာမယ်လို့ သူက ယုံကြည်တယ်။

ရှောင်အမ်းချွမ်က 'ရွှမ်ရှန့်' လို့ခေါ်တဲ့ မျိုးနွယ်စုကိုတည်ထောင်ပြီးနောက် ဒီသားရဲဂြိုဟ်မှာ အင်အားအကြီးဆုံးမျိုးနွယ်တစ်ခု ဖြစ်လာခဲ့တော့တယ်။
==================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now