Arc_ 10.14 _Joshua

10.3K 726 7
                                    

Arc_ 10.14 _Joshua

ဘယ်သူမှမသိတဲ့အချက်က အမှောင်ချောက်ကမ်းပါးအောက်ခြေမှာ ခမ်းနားကြီးကျယ်တဲ့နန်းတော်တစ်ခု ရှိနေခဲ့တယ်။ ဒီဗိမာန်က အလင်းနတ်ဘုရားရဲ့ဘုံဗိမာန်နဲ့ တူညီပေမယ့် ဒီနန်းတော်အရောင်က မီးခိုးရောင်ဖြစ်ပြီး မှောင်မိုက်တဲ့အရောင်နဲ့ ခွဲရခက်နေတယ်။

အမှောင်နတ်ဆိုးက သတိလစ်နေတဲ့လူငယ်လေးကို အမှောင်နန်းတော်တံခါးကို ဖြတ်သန်းခေါ်ဆောင်လာပြီး ပလ္လင်ပေါ်ကလူကို အရိုအသေပေးလိုက်တယ်။

ဒီလူက လက်ထဲကဝိုင်ခွက်ကို လှုပ်ခါရင်း ပုခုံးမှာဒဏ်ရာရနေတဲ့ ချာတိတ်လေးကိုမြင်တော့ သူ့အကြည့်တွေစူးရှလာတယ်။ သူက လက်ထဲကဖန်ခွက်ကို ညှစ်ခွဲပစ်လိုက်ပြီး ကောင်လေးကို သူ့လက်မောင်းကြားမှာ ပွေ့ချီယူလိုက်ပြီး မေးလိုက်တယ်။

"မင်း သူ့ကို နာကျင်အောင်လုပ်ခဲ့သလား.."

သူ့လေသံက သတ်ဖြတ်ချင်ရိပ်တွေ လွှမ်းနေတယ်။

အမှောင်နတ်ဆိုးက ချက်ချင်းဒူးထောက်ပြီး ရှင်းပြလိုက်တယ်။

"မဟုတ်ပါဘူး.. အရှင့်ရဲ့လက်အောက်ငယ်သားက ဒီအလင်းဘုန်းကြီးဂျိုရှုဝါကို ထိခိုက်အောင်မလုပ်ဝံ့ပါဘူး.. ဒဏ်ရာရအောင်လုပ်တာ သားရဲမင်းသားပါ.."

သူက အင်မတန်ဉာဏ်ကြီးတဲ့ နတ်ဘုရားတစ်ပါးဖြစ်လို့ သူ့ကို အလွယ်တကူ လိမ်လည်လှည့်ဖျားလို့မရဘူး။ သူက လူငယ်လေးကို ဝတ်ရုံနဲ့ ဂရုတစိုက်ထွေးပွေ့ပြီး အမိန့်ပေးလိုက်တယ်။

"သွား.. အမှောင်စစ်ပွဲကို စလိုက်တော့.. ဒီကုန်းမကြီးမှာ ငါဂရုစိုက်ရတဲ့လူ တစ်ယောက်မှမရှိဘူး.."

"အရှင့်ရဲ့ အမိန့်အတိုင်းပါပဲ.."

အမှောင်နတ်ဆိုးက အရိုအသေပေးပြီး တိတ်တဆိတ်ထွက်သွားတော့မှ ရက်စက်ကြမ်းကြုတ်တဲ့ ဒီနတ်ဘုရားက သူ့ဦးခေါင်းကိုညွတ်ကိုင်းပြီး ကောင်လေးရဲ့ ဖြူဖျော့နေတဲ့နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ ဒီလိုနမ်းလိုက်ချိန်မှာ သူက ဒီလူငယ်လေးရဲ့ နောက်လိုက်ကိုးကွယ်သူအဖြစ်၊ ဒီကောင်လေးကို နတ်ဘုရားလိုမျိုး သဘောထားတယ်ဆိုတာ ထင်ရှားတယ်။

သူက ဒီလိုဒဏ်ရာရအောင်လုပ်လိုက်တဲ့ သားရဲမင်းသားကို ပညာပေးဖို့ ညည်းညူအော်ဟစ်လိုက်ပြီး ဒီဘုံဗိမာန်ကနေ ပျောက်ကွယ်သွားတော့တယ်။

ကျိုးယွင်ရှန့်နိုးလာတဲ့အခါ သူက စင်ကြယ်သန့်ရှင်းတဲ့ အနက်ရောင်ပိတ်စတွေနဲ့ ဝန်းရံကာရံထားတဲ့ ခြေလေးချောင်းထောက်ကုတင်ပေါ်မှာ လဲလျောင်းလျက်သားရှိနေတာကို သိလိုက်ရတယ်။ သူ့ပုခုံးကဒဏ်ရာလည်း ပျောက်ကင်းနေပြီး သူ့ဘုန်းကြီးဝတ်ရုံကို ချိတ်ထားပြီး သူ့ကိုယ်ပေါ်မှာ သက်တောင့်သက်သာရှိတဲ့ ညအိပ်ဝတ်ရုံကို ဝတ်ဆင်ပေးထားတာကို မြင်လိုက်ရသလို သူ့လက်နှစ်ဖက်ကိုလည်း ကုတင်တိုင်တစ်ဖက်တစ်ချက်မှာ တွဲချည်ထားတာကို သတိထားမိလိုက်တယ်။

သူက မှော်ပညာကိုသုံးပြီး လက်ကိုချုပ်ထားတာကို ချိုးဖျက်ဖို့ ကြိုးစားပေမယ့် အချည်းနှီးပဲ။ သူ့လက်ကိုခတ်ထားတဲ့အရာက ပါးလွှာသလောက် ခိုင်ခန့်လွန်းလှတယ်။ ဒီလက်ထိပ်မှာ ဂါထာကိုရေးထွင်းထားပြီး အင်အားကြီးတဲ့နတ်ဘုရားတွေကိုတောင် အလွယ်တကူ ချုပ်နှောင်မိစေတယ်။ ဘယ်လိုလူကများ သူ့ကိုဖမ်းချုပ်ဖို့ ဒီလောက်ကြိုးစားထားတာလဲ။ သူတို့ ဘာဖြစ်ချင်တာလဲ..။

ကျိုးယွင်ရှန့်က ဒီနေရာက အသည်းအသန်လွတ်အောင် ရုန်းကန်နေရင်း သူ့အနေနဲ့ ဘယ်လောက်ပေါ့လျော့တယ်ဆိုတာ သတိပြုမိလာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခန်းထဲမှာ သူ့အပြင် ဒုတိယလူတစ်ယောက် ရှိသေးတယ်ဆိုတာ သူလုံးဝ သတိမထားမိလိုက်ဘူး။ ဒီလူက အမှောင်ရိပ်ထဲကနေ လျှောက်ထွက်လာပြီး သူ့နားကိုလျှောက်လာတယ်။ တကယ်လို့ ဒီလူသာ သူ့ကိုတိုက်ခိုက်မယ်ဆိုရင် သူ့အနေနဲ့ ဘယ်လိုမှ ကာကွယ်နိုင်မှာမဟုတ်ဘူး။

ဒီလူက ကုတင်ဘေးကခုံတန်းရှည်မှာ ဝင်ထိုင်ပြီး လက်ထဲကကိုင်ထားတဲ့ သွေးနီရောင်အရည်တွေကို လှုပ်ယမ်းနေတယ်။ သူ့ပုံစံက အင်မတန်ကိုခန့်ညားပြီး ဆံပင်နက်နက်၊ မျက်ဝန်းနက်နက်နဲ့ကလွဲရင် အလင်းနတ်ဘုရားရဲ့ ရုပ်ရည်သွင်ပြင်နဲ့ တစ်ထပ်တည်းတူညီနေတယ်။ ဒါပေမယ့် ဒီလူရဲ့ရုပ်ရည်မှာ မကောင်းဆိုးဝါးဆန်ဆန် အရိပ်အငွေ့တွေ ယှက်သန်းလို့နေတယ်။ သူ့တစ်ကိုယ်လုံး မှောင်မိုက်ခြင်းအရိပ်အငွေ့တွေ ဖုံးလွှမ်းနေလို့ အမှောင်ရိပ်ထဲရပ်နေရင် ဘယ်သူမှ သူ့ကိုသတိမထားမိကြဘူး။

သူက နှုတ်ခမ်းကိုဖွင့်ဟပြီး မေးလာတယ်။

"မင်း.. သောက်ဦးမလား.."

သူ့ရဲ့ ခပ်သြသြနဲ့ sexy ကျတဲ့အသံက ကျိုးယွင်ရှန့်ကို တခဏ မင်သက်သွားစေတယ်။

"အန်ဒိုးနစ်လား.."

သူက စမ်းပြီးမေးလိုက်တယ်။

ဒီလူက ပြုံးပြီး ခေါင်းယမ်းလိုက်တယ်။ သူက ခုံတန်းကထလာပြီး ကျိုးယွင်ရှန့်ဘေးမှာ လာထိုင်ပြီး ပလက်တီနမ်ဆံပင်တွေကို အသာမ,ယူပြီး လက်ညှိုးလေးနဲ့ လိမ်ယှက်ကစားရင်း ကျိုးယွင်ရှန့်ရဲ့ရင်ဘတ်ပေါ်က ချယ်ရီသီးလေးနှစ်ခုကို ဆံပင်တွေနဲ့ ကလိနေတယ်။ အနီးကပ်ကြည့်မှ သူ့ဆီကရတဲ့အရိပ်အငွေ့က ကြင်နာခြင်း၊ သိမ်မွေ့ခြင်းတို့နဲ့ပြည့်စုံတဲ့ အလင်းနတ်ဘုရားနဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာ ပိုသိသာလာတယ်။ သူ့ဆီမှာ မကောင်းတဲ့အရိပ်အငွေ့တို့ ပြည့်နေတယ်။

"အမှောင်နတ်ဘုရားလား.."

ကျိုးယွင်ရှန့်က စမ်းပြီးမေးလိုက်ပြန်တယ်။

ဒီလူက လှောင်ရယ်ရယ်ပြီး အမှောင်နတ်ဘုရားဆိုတဲ့စကားကို ငြင်းလိုက်ပြန်တယ်။

"ခင်ဗျားက ဘယ်သူလဲ.."

ကျိုးယွင်ရှန့်က တည်ငြိမ်စွာပဲ မေးလိုက်တယ်။ ဒီလူ့ဆီမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးလို့ ခံစားမိလိုက်ပေမယ့် ဒီလူမှာ တခြားရည်ရွယ်ချက်တစ်ခုရှိတယ်လို့ ထင်လိုက်တယ်။

"ငါက အေဒရီယန်.. ဖျက်ဆီးချေမှုန်းခြင်း နတ်ဘုရားပဲ.."

ဒီလူက ပြန်ဖြေရင်း ဆော့ကစားနေတဲ့ဆံနွယ်လေးကို လွှတ်ချလိုက်ပြီး ချပ်ရပ်နေတဲ့ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း သူ့လက်က ကျိုးယွင်ရှန့်အောက်ကို ကျဆင်းလာခဲ့တယ်။ ကျိုးယွင်ရှန့်က သူ့ခြေထောက်နှစ်ချောင်းကို ပူးကပ်လိမ်ယှက်ရင်း မေးလိုက်တယ်။

"ခင်ဗျားနဲ့ အန်ဒိုးနစ်က ဘယ်လိုပတ်သက်မှုမျိုးရှိသလဲ.."

ဒီလူနှစ်ယောက်က တွေ့တွေ့ချင်း တစ်ဖက်လူအပေါ် လိင်နဲ့ပတ်သက်ပြီး တစ်ဖက်သတ် အနိုင်ကျင့်တတ်တာချင်း တူနေတယ်။ သူတို့နာမည်တွေမတူပေမယ့် မကောင်းတဲ့အကျင့်က ဒီလောက်တူနေတယ်။ အလင်းနတ်ဘုရားပြောတာ မှန်တာပဲ။ အလင်းနဲ့အမှောင်ဆိုတာ ခွဲခြားလို့မရဘဲ အမြဲဒွန်တွဲနေတာပဲ။ တစ်ဦးက အလင်းနဲ့ရှင်သန်ခြင်းကို ပေးစွမ်းပြီး တစ်ဦးက အမှောင်နဲ့ ဖျက်ဆီးခြင်းကို ပေးတယ်။ သူတို့က အမွှာဆိုရင်တောင် ဘာမှအံ့အားသင့်စရာမရှိဘူး။

ဒါပေမယ့် ဒီကမ္ဘာမှာ အလင်းနတ်ဘုရားနဲ့ အမှောင်နတ်ဘုရားပဲရှိတာ။ ဘယ်က ဖျက်ဆီးချေမှုန်းခြင်းနတ်ဘုရားက ပေါ်လာရတာလဲ။

အန်ဒရီယန်က ကောင်လေးရဲ့ ရှည်သွယ်ပြီးဖြူဖွေးတဲ့ ကျောက်စိမ်းဖြူလို ချောမွေ့တဲ့ခြေထောက်တွေကို ကိုင်ထားပြီး ခပ်ဖွဖွပြုံးရင်း တန်ဖိုးထားစွာကြည့်ရှုရင်း ပြောလိုက်တယ်။

"တစ်နေ့တော့ သူနဲ့ငါ့ကြားက ပတ်သက်မှုကို မင်းလေးကို ပြောပြမှာပါ.."

"ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ.."

ဒီအချက်က ကျိုးယွင်ရှန့် အဓိကထားနေတဲ့ ကိစ္စရပ်ပဲဖြစ်တယ်။ သူက အခု ကုတင်ပေါ်မှာ မပေါ့်တပေါ်နဲ့ ပါးလွှာပျော့ပြောင်းတဲ့အဝတ်ကို ဝတ်ပေးထားခံရပြီး ကုတင်ပေါ် ချည်နှောင်ထားခြင်းခံရတယ်။ ဒီကမ္ဘာပေါ်မှာ အင်အားကြီးတဲ့ယောက်ျားတွေက သူတို့အောက်ပိုင်းဆန္ဒနဲ့ ပတ်သက်လာရင် တိရိစ္ဆာန်တွေလိုပဲဆိုတာ ကျိုးယွင်ရှန့်မမေ့ဘူး။ သန့်ရှင်းစင်ကြယ်ပါတယ်ဆိုတဲ့ နတ်သူငယ်ဘုရင်တောင် ဘိုးလ်အပေါ် တပ်မက်မှုကို မပယ်ဖျက်နိုင်ဘူး။

"ငါလုပ်ချင်တယ်လို့ မင်း ဘာကြောင့်ပြောတာလဲ.."

အန်ဒရီယန်က ကောင်လေးရဲ့ နူးညံ့တဲ့ခြေထောက်ကို ငုံ့ကိုင်းပြီးနမ်းလိုက်ရင်း ပန်းရောင်ခြေချောင်းလေးတွေ ကုတ်သွားတာတွေ့တော့ သဘောကျစွာ ရယ်မောလိုက်တယ်။ ပြီးတော့ သူက ကောင်လေးရဲ့ကိုယ်ပေါ် ထပ်လျက်လဲလျောင်းလာပြီး ခြောက်သွေ့နေတဲ့နှုတ်ခမ်းလေးတစ်စုံကို နမ်းဖို့ ငုံ့ကိုင်းလာတယ်။ ကျိုးယွင်ရှန့်က ခေါင်းကိုခါယမ်းပြီး အနမ်းကိုရှောင်ရင်း လက်ကချုပ်နှောင်ထားတာလွတ်ဖို့ ရုန်းကန်နေတယ်။ ဒီအချိန်မှာ အချစ်ရူးရှန့်က မျက်ရည်စတွေနဲ့ တွန်းအားပေးပြောဆိုနေတယ်။

"ခင်ဗျား ကျွန်တော့်ကို ဘယ်လောက်တွန်းအားပေး နှိပ်စက်ညှင်းပန်းပါစေ ကျွန်တော် ဘယ်တော့မှ အမှောင်ထုမှာ ကျရှုံးမှာမဟုတ်ဘူး.. ကျွန်တော့်နှလုံးသားကို အလင်းနတ်ဘုရားကို ပေးအပ်ထားပြီးသား.. ကျွန်တော့်ကို ခမည်းတော်ပဲပိုင်တယ်.."

အန်ဒရီယန်က ဒီစကားကိုကြားပြီး စိတ်ဆိုးသွားပုံရတယ်။ သူက လှောင်ရယ်ရယ်ပြီး ပြောလိုက်တယ်။

"မင်းရဲ့အလင်းနတ်ဘုရား ဟုတ်လား.. ဒါပေမယ့် ဒါက သူ့ရဲ့ ပင်ကိုယ်အစစ်မဟုတ်ဘူးဆိုတာ မင်းမသိဘူးပဲ.. ဒါက သူ့ရဲ့ဟန်ဆောင်မျက်နှာဖုံး သက်သက်ပဲ.."

"ခင်ဗျား လျှောက်ပြောနေတာ.. ခမည်းတော်ကိုရှုံ့ချတာ လက်မခံနိုင်ဘူး.."

အချစ်ရူးရှန့်ရဲ့ မျက်ဝန်းတွေက အမုန်းတွေနဲ့ပြည့်နေပြီး စူးရှစွာ စိုက်ကြည့်လို့နေတယ်။ အန်ဒရီယန်က ဒီလောက်အေးစက်တဲ့ မျက်ဝန်းအကြည့်ကို မမြင်ဖူးဘူး။ ဒီအကြည့်ကြောင့် သူ့ရဲ့ဖျက်ဆီးချေမှုန်းခြင်းစွမ်းအားတွေ လွတ်ထွက်တော့မလို ခံစားလာရလို့ ကောင်လေးကိုဆွဲထူရင်း ကုတင်ဘေးကဝိုင်ခွက်ကို လှမ်းယူပြီး သူမော့ချလိုက်တယ်။ ပြီးတော့ ကောင်လေးကို နှုတ်ခမ်းချင်းအပ်ပြီး တိုက်ကျွေးလိုက်တယ်။
နှုတ်ခမ်းချင်းထိတွေ့လိုက်ချိန်မှာ အချစ်ရူးရှန့်က ကြောက်လန့်တကြား နောက်ဆုတ်ပြီး ကျိုးယွင်ရှန့်ကို ရှေ့ကိုတွန်းပို့လိုက်တယ်။ ကျိုးယွင်ရှန့်က သူ့ကိုအတင်းနမ်းဖို့ကြိုးစားနေတဲ့ လူဆီကနေ ရုန်းဖို့ကြိုးစားပေမယ့် ဒီလူက သူ့မေးရိုးကိုညှစ်ပြီး နှုတ်ခမ်းကိုပွင့်ဟစေပြီး အာခံတွင်းထဲကို အတင်းကျူးကျော် ဝင်ရောက်လာတော့တယ်။

ဝိုင်အရသာက ပထမခါးသက်ပေမယ့် နောက် ချိုမြိန်မှုကိုခံစားရပြီး လည်ချောင်းထဲကို စီးဝင်သွားတော့တယ်။ ဒီရနံ့က ဝက်သစ်ချသားနဲ့ သားရေရနံ့တို့လို ရနံ့မျိုး ရောယှက်နေပြီး ကျိုးယွင်ရှန့်အတွက် ဆွဲမက်ဖွယ်ရနံ့လို့ ထင်ရစေတယ်။ ဒီလူရဲ့အနမ်းက ကျိုးယွင်ရှန့်ရဲ့စိတ်ဝိညာဉ်ကို လှုပ်ခါသွားစေတယ်။ သူတို့လျှာချင်း ပူးယှက်သွားချိန်မှာ ကျိုးယွင်ရှန့်ကိုယ်ထဲ မီးရှူးမီးပန်းတွေပေါက်လာသလို ခံစားလိုက်ရပြီး တုန်လှုပ်သွားတော့တယ်။

"ဒါ ငါ့ချစ်သူပဲ.. သူ မမှားနိုင်ဘူး.. ဒါ.. သူပဲ.."

အံ့အားသင့်ပြီးနောက် သူက ဒီလူရဲ့လျှာတွေကို ယှက်လိမ်စုပ်ယူပြီး သူ့အာခံတွင်းထဲက လက်ကျန်ဝိုင်ကိုပါ စုပ်ယူလိုက်တယ်။ ကျိုးယွင်ရှန့်အနေနဲ့ ဒီလူ့ကို တစ်ကိုယ်လုံး စုပ်ယူလိုက်ချင်စိတ်တောင် ပေါ်လာတယ်။

ဒီလူက အံ့အားသင့်သွားချိန်မှာ ကျိုးယွင်ရှန့်က ကိုယ်ပေါ်ကအဝတ်ကို ဆွဲစိပြီး ကိုယ်ကိုဖုံးကွယ်လိုက်တယ်။

"မဟုတ်ဘူး.. မင်း ခမည်းတော်ကို သစ္စာဖောက်လို့မဖြစ်ဘူး.."

အချစ်ရူးရှန့်က အသည်းအသန်အော်ဟစ်လိုက်ပြီး ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။ သူက ဖျက်ဆီးချေမှုန်းခြင်းနတ်ဘုရားရဲ့ ထက်သန်ပြင်းပြတဲ့ရမ္မက်စိတ်ကို ကြောက်ရွံ့လို့နေတယ်။ အိပ်ယာထက်က ဒီနတ်ဘုရားရဲ့ပုံစံက အလင်းနတ်ဘုရားနဲ့ လုံးဝမတူဘူး။ အလင်းနတ်ဘုရားက တစ်ခါတစ်လေ ခပ်ကြမ်းကြမ်းချစ်တင်းနှောပေမယ့် အများအားဖြင့် ခမည်းတော်က အရမ်းသိမ်မွေ့ပြီး သူ့ရဲ့ခံစားချက်ကို အလေးထားတယ်။

ဒါပေမယ့် ဒီလူက စိတ်အားထက်သန်ပြင်းပြပြီး ရိုင်းစိုင်းကြမ်းတမ်းတယ်။ ကောင်လေးက သူ့ကိုယ်ကို အဝတ်နဲ့ဆွဲဖုံးလို့မှမဆုံးခင် သူလုပ်ချင်ရာကို အရူးတစ်ယောက်လို အကြမ်းပတမ်း လုပ်လိုက်တော့တယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်ကကျ ဒီလူရဲ့ ပြင်းပြထက်သန်တဲ့စိတ်ဆန္ဒကို သဘောကျတယ်။ သူက ဒီလူရဲ့လည်ပင်းကို ဖက်တွယ်ပြီး သွယ်လျတဲ့ခြေအစုံက ဒီလူရဲ့ခါးကို ရစ်ပတ်သိုင်းဖက်ရင်း သူ့ရဲ့ထိုးသွင်းမှုကိုလက်ခံရင်း ညည်းညူနေတယ်။

"မြန်မြန်လေး.. ဒီ့ထက်မြန်ပေးပါ.." လို့ ဆက်တိုက်ပြောနေမိတယ်။ သူတို့နှစ်ယောက်က မိတ်လိုက်နေတဲ့သားရိုင်းနှစ်ကောင်လို မီးကုန်ယမ်းကုန် ချစ်တင်းနှောလို့နေတယ်။

"ဟိုဟာက မင်းရဲ့ခမည်းတော်လေ.. ငါ့လူမဟုတ်ဘူး.. ဒီလူကမှ ငါ့ချစ်သူ.. အခု မင်းနဲ့ဟိုလူ ချစ်တင်းနှောနေချိန်မှာ ငါဘယ်လိုခံစားရတယ်ဆိုတာ မင်းနားလည်ပြီလား.."

ကျိုးယွင်ရှန့်က အချစ်ရူးရှန့်ကို လှောင်ပြောင်ရင်း ပြင်းပြတဲ့ချစ်ဆန္ဒတွေထဲ နစ်မြုပ်သွားတော့တယ်။

နာရီအနည်းငယ်ကြာတော့ ကုတင်ကရှုပ်ပွပြီး ခေါင်းအုံးတွေက လူနှစ်ယောက်ကြောင့် ကြမ်းပြင်ပေါ် ကန်ချခံလိုက်ရတယ်။ အိပ်ယာခင်းထက်မှာ ဝိုင်နီနံ့တွေနဲ့ ချစ်တင်းနှောခြင်းရဲ့ရလဒ် အရည်ဖြူဖြူတို့ စွန်းထင်းလို့နေတယ်။ တစ်ခန်းလုံး ချစ်ခြင်းရဲ့ရနံ့တွေ မွှန်ထူလွင့်ပျံလို့နေတယ်။

ဒီလူရဲ့အရည်တွေက ကောင်လေးရဲ့ကိုယ်ထဲမှာလည်း ရှိနေဆဲပဲ။ သူက ကောင်လေးရဲ့ခါးကို သိုင်းဖက်ပြီး နှုတ်ခမ်းလေးကို စုပ်ယူမစားသုံးခင် မေးလေးကိုပွတ်သပ်နေတယ်။

"ခင်ဗျား ဘာကြောင့် ကျွန်တော့်ကိုဖမ်းခဲ့တာလဲ.. ကျွန်တော့်ကို ချစ်လို့လား.."

နမ်းလို့ပြီးမှ ကျိုးယွင်ရှန့်က အလေးအနက်ထားပြီး မေးလိုက်တယ်။ ဒီလူက သူ့ချစ်သူဖြစ်တယ်။ သူ့ဘဝကို ပေးအပ်ထားတဲ့ သူ့ချစ်သူ။ စင်္ကဝြဠာတစ်ခုလုံးကို ခရီးလှည့်လည်ပြီး သူလိုက်ရှာနေရတဲ့ ချစ်သူဖြစ်တယ်။ ဒီလူက သူ့ကိုချစ်တာ သေချာတယ်။ အမှောင်ထဲမှာစောင့်နေပြီး သူ့ကိုဘေးကင်းအောင် စောင့်ရှောက်ပေးနေတယ်။ ဒါက သူ့ထင်မြင်ချက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တကယ်ချစ်မြတ်နိုးတဲ့သူကမှ ဒီလိုမျိုးလုပ်နိုင်မယ်ဆိုတာ သူသေချာသိတယ်။

ဒီအမျိုးသားရဲ့မျက်ဝန်းတွေက လက်ခနဲဖြစ်သွားပြီး သူ့ကိုမေးလိုက်တယ်။

"မင်းက အန်ဒိုးနစ်ရဲ့ချစ်သူဆိုတာ ငါမှတ်မိပါတယ်.. ငါထင်ထားတာက မင်းက ငါ့ကိုလိုက်လျောမှာထက် သေဖို့တောင် ဝန်မလေးဘူးမဟုတ်လား.. ဒါပေမယ့် အခု မင်းက စိတ်ပါလက်ပါနဲ့ ငါ့ကိုလက်ခံပေးတယ်.. မင်းက အန်ဒိုးနစ်ကို အသုံးချရုံပဲလား.. ဒါကြောင့် ငါ့ကို အိပ်ယာထက်မှာ အလွယ်တကူလိုက်လျောတာလား.."

ဒီစကားဆုံးတော့ မကောင်းတဲ့အရိပ်အငွေ့တွေ အခန်းထဲပြည့်လာတယ်လို့ ခံစားလိုက်ရတယ်။ ကျိုးယွင်ရှန့်ရဲ့ခေါင်းက နာကျင်ကိုက်ခဲလာတယ်။ သူက အချစ်ရူးရှန့်ကို မသိစိတ်နယ်ပယ်ထဲ ဖိနှိပ်ထားရတဲ့အတွက် အရမ်းနာကျင်လာတယ်။ ဒါပေမယ့် သူက ဖြည်းညင်းစွာပြောလိုက်တယ်။

"ကျွန်တော် အလင်းနတ်ဘုရားကိုချစ်တယ်.. ဒါပေမယ့် ခင်ဗျားကိုလည်း ချစ်တယ်.."

သူနှင့် ဘိုးလ်ကြား ကွာခြားမှုမရှိဘူးလို့ သူထင်မိတဲ့အခါ ကျိုးယွင်ရှန့်ရဲ့ နူတ်ခမ်းထောင့်က နည်းနည်းတုန်ယင်လာတယ်။ ဒီနောက်က သူက ပြောလိုက်တယ်။

 " ကျွန်တော် ရှင်းပြပါရစေ။ ကျွန်တော့် ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်နှစ်မျိုး ရှိတယ်။ တစ်ယောက်က အလင်းနတ်ဘုရား ကိုတောင့်တပြီး ချစ်လွန်းလို့ ရူးသွပ်နေတယ်။ အခြားစိတ်တစ်ခုကတော့ စိတ်ထား သိပ်မကောင်းပဲ နှလုံးသားက မည်းနက်နေတယ်။ အဲ့ဒါက အခုပြောနေတဲ့ ကျွန်တော်ပါပဲ။ ကျွန်တော် ပြောတာကို ခင်ဗျား နားလည်ရခက်မယ်ဆိုတာ နားလည် ပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ယုံကြည်ပေးပါ။ ခင်ဗျားကို ပြောနေတဲ့ စကားလုံးတိုင်းက အမှန်တရားတွေပါ။ ဒါတွေ အားလုံး ကျွန်တော့် ရင်ထဲ အသည်းထဲက လာတဲ့ စကားတွေပါ။ ခင်ဗျားကို ကျွန်တော် ချစ်တဲ့ အချစ်က ခုမှတွေ့ပြီး ခုချစ်တာလို့ ခင်ဗျား ထင်ချင်ထင်နေမယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို ဘဝတိုင်း ချစ်နေခဲ့ပြီး ဟိုးအကြာကြီးကတည်းက ချစ်နေခဲ့တာပါ။ ဒါကို ခင်ဗျား နားလည်ရဲ့လား? "

ထိုလူက ကျိုးယွင်ရှန့်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူကြည့်ရတာ ဒီစကားလုံးတွေကို ကြိုးစားပမ်းစား နားလည်အောင်လုပ်နေရသလိုပဲ။

ကျိုးယွင်ရှန့်က သူ့မျက်နှာကိုလက်နဲ့ပွတ်သပ်လိုက်ပြီး ပြောလိုက်တယ်။

 "ခင်ဗျားနဲ့အလင်းနတ်ဘုရားကြားမှာ ကျွန်တော် မနေချင်ဘူး။ ခင်ဗျားကိုတွေ့လို့ ကျွန်တော် ဝမ်းသာတယ်။ ဂျိုရှုဝါရဲ့ ကံကြမ္မာက လုံးဝပြောင်းလဲသွားပြီ။ ဒါကြောင့် ကျွန်တော် ဒီကနေ ထွက်ခွာသွားတော့မယ်။ တကယ်လို့ ခင်ဗျားက ကျွန်တော် အလင်းနတ်ဘုရားနဲ့ ဆက်ဆံရေးရှိခဲ့တာကို တကယ်မုန်းတယ်ဆိုရင် ကျွန်တော် ပြန်လည်ဝင်စားတဲ့အခါ ကျွန်တော့်နောက်ကို့မလိုက်ခဲ့ပါနဲ့တော့။ ကျွန်တော် က ခင်ဗျားကို ကိုယ်ပိုင်ဆန္ဒနဲ့ ဆက်ပြီး ရှင်သန်စေချင်တယ်။ "

ကျိုးယွင်ရှန့်ဟာ သူချစ်တဲ့လူကို နောက်ဆုံးမှာထားခဲ့ဖို့အမြဲတမ်းစိတ်ကို အသင့်ပြင်ထားခဲ့တယ်။

ဒီလူက သူ ကိုယ့်ဖာသာ ချက်ချင်း သတ်သေတော့မယ်လို့ ပြောတယ်ထင်ပြီး တင်းနေအောင် ပွေ့ဖက်ထားလိုက်တယ်။ စိတ်လှုပ်ရှားမှု ကင်းမဲ့တဲ့ မျက်ဝန်းနက်တွေတစ်စုံက စိတ်အနှောက်ယှက်ဖြစ်မှုကို ဖော်ပြနေတယ်။ သူ့ကို ခွဲသွားမယ်ဆိုတဲ့ စကားကို ဘယ်လိုလုပ်ပြီးနားထောင်နေနိုင်မှာတဲ့လဲ။

"ငါ့အနားမှာမနေရင် မင်းဘယ်ကိုသွားချင်သေးတာလဲ။ မင်းအခု နတ်ဘုရားဖြစ်နေပြီ၊ ဘုရားက  ဘယ်တော့မှမသေဘူးဆိုတာ မင်းမေ့သွားတယ် ထင်ပါရဲ့"

ဒီလူက ချက်ချင်း ကောင်လေးရဲ့လက်ကောက်ဝတ်ကို မြှောက်ပြီး ကိုက်လိုက်တယ်။ ရွှေရောင် အဆင်းရှိတဲ့သွေးတွေက လက်က စီးကျလာပြီး အဖြူရောင် အိပ်ယာခင်းပေါ်ကို စီးကျကုန်တယ်။

ကျိုးယွင်ရှန့်က လုံးလုံးမပျော်ပဲ စိတ်ညစ်သွားတယ်။ သူ့စိတ်ထဲမှာ ကူကယ်ရာမဲ့ အော်ဟစ်လို့နေတယ်။

သေလိုက်...သေလိုက်....သေလိုက်စမ်း....ငါ့ကို ဘယ်သောက်အချိန်ကတည်းက နတ်ဘုရားဖြစ်အောင် လုပ်ပေးလိုက်တာလဲ။ ဒါဆို ငါ ဒီနေရာကနေ ဘယ်လိုထွက်သွားလို့ရတော့မလဲ။

ဒီလူက ကောင်လေးရဲ့မျက်လုံးက အမြင့်ကျပြုတ်ကျတဲ့ ကြောင်ကလေး ကူကယ်ရာမဲ့သလို ပြူးဝိုင်းပြီး ချာချာလည်နေတာကို ကြည့်ပြီး ရုတ်တရက် ပျော်ရွှင်စွာရယ်မောလိုက်တယ်။ ဒီကောင်လေးရဲ့ရှင်းပြချက်က အခြားလူတွေကို ရူးသွပ်မလိုဖြစ်စေမှာ အမှန်ပဲ။ ဒါပေမယ့် စိတ်ဝိဉာဉ်နှစ်ခု ပိုင်ဆိုင်ထားတဲ့ အန်ဒရီယန်က ကောင်းကောင်းနားလည်လိုက်တယ်။


တစ်နေ့ သူ အိပ်ပျော်ရာမှနိုးလာတော့ ရုတ်တရက်ဖျက်ဆီးခြင်းနတ်ဘုရားနှင့်အလင်းနတ်ဘုရားတို့က သူ့ခန္ဓာကိုယ်ထဲ တပြိုင်တည်းရောက်နေတာကို တွေ့ခဲ့တယ်။ ဖျက်စီးချေမှုန်းခြင်းနတ်ဘုရားက ပိုပိုအင်အားကြီးလာပြီး အဓိက နတ်ဘုရားတစ်ပါးဖြစ်လာတယ်။ ဒီနောက် အလင်းနတ်ဘုရားက အပေါ်ယံမျက်နှာဖုံးတစ်ခုဖြစ်လာတယ်။ သူက ဒီကောင်လေး သူ့အကြောင်းကို အမှန်တိုင်းသိသွားပြီး သူ့ကို စိတ်ပျက်ရွံရှာသွားမှာကို အရမ်းစိုးရိမ်ခဲ့ရတယ်။ ဒါပေမယ့် အခု သူကြားလိုက်ရတဲ့ အဖြစ်မှန်က သူ့ကို အကြီးကျယ် အံ့အားသင့်သွားစေတယ်။



သူက ကောင်လေးကို သူ့ရင်ခွင်ပေါ်ဆွဲ တင်ပြီး နီမြန်းတဲ့ နူတ်ခမ်းပါးလေးကို နမ်းလိုက်ရင်း အန်ဒရီယန်ရဲ့ နက်မှောင်တဲ့ ဆံပင်တွေက ရွှေရောင်ကို ပြောင်းလဲသွားတယ်။

"ကလေး၊ မင်းသိတယ်၊ မင်းဟာ ငါ့အတွက်အထူးချစ်မြတ်နိုးရသူတစ် ဦး ပါ။ မင်းကို ငါအရမ်းချစ်တယ်၊ ငါမင်းကို အရင်ထက် နှစ်ဆချစ်တယ်"

သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ သဘောထားနဲ့ စကားပြောသံက တကယ့်ကို အန်ဒိုးနစ်ရဲ့ ဟန်ပန်တွေဖြစ်မယ်။

ဘာတွေဖြစ်ကုန်တာလဲ....

အချစ်ရှုးရှန့်နဲ့ ကျိုးယွင်ရှန့်တို့က မသိစိတ်ထဲကနေ တပြိုင်တည်း အော်ဟစ်လိုက်တော့တယ်။

ဒီလူက ကောင်လေးရဲ့ လက်ကောက်ဝတ်အနာကို စွမ်းအင်နဲ့ ကုသပေးပြီးပြောလိုက်တယ်။

" ဖျက်ဆီးချေမှုန်းခြင်း နတ်ဘုရားက ငါ့ရဲ့ ပထမ နတ်ဘုရားဖြစ်ပြီး အလင်းနတ်ဘုရားက ဒုတိယနတ်ဘုရားဖြစ်တယ်။ ဒါကြောင့် မင်းချစ်တဲ့ နှစ်ဘုရား နှစ်ပါးလုံးက ငါတစ်ယောက်တည်းပါပဲ။ ကမ္ဘာပေါ်မှာ ဒီလိုတိုက်ဆိုင်မှုရှိတယ်ဆိုတာကို ငါ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ မင်းက အန်ဒိုးနစ်ကို တစ်ခါတစ်လေး တက်ကြွပြင်းပြလိုက်၊ တခါလေ အေးစက်စက်လုပ်လိုက်နဲ့ ဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ပါဘူး။ မင်းက သူ့ကို အမြဲတမ်းခုခံတွန်းလှန်တဲ့ အပြောအဆိုရှိတယ်ဆိုတာ မင်းရဲ့စိတ်ဝိဉာဉ်တစ်ဝက်က ငါ့ကို ချစ်နေတဲ့အတွက်ဖြစ်နေတာပဲ။  "

အန်ဒိုးနစ်က ပြောင်ပြောင်တင်းတင်းပြုံးပြီး အမှတ်တရများကို အမှတ်ရနေချိန်မှာ သူက ပျော်ရွှင်မှုထဲမှာ နစ်မြှုပ်သွားတယ်။ ဒီကောင်လေးရဲ့ တည်ရှိမှုက အရာအားလုံးထဲမှု သူ့ကိုအပျော်ရွှင်စေဆုံး အရာတစ်ခုပဲ။ သူက ဒီကောင်လေးကို ထူးထူးခြားခြားဆက်ဆံခဲ့တယ် တကယ်ကို ဒီကောင်လေးက အလင်းနဲ့ အမှောင်စိတ်ဝိဉာဉ်နှစ်ခုရှိတဲ့ ရှားပါးရတနာလေး တစ်ခုပဲ။

ဒီကောင်လေးက သူ့အတွက် မွေးဖွားလာခဲ့တာပဲလို့ အန်ဒိုးနစ်က သေချာသိလိုက်တယ်။

ကျိုးယွင်ရှန့်က ဘာဖြစ်တယ်ဆိုတာ သေချာမတွေးရသေးခင် သူ့ချစ်သူက သူ့ကို အိပ်ယာထက်ကို ဆွဲခေါ်သွားခဲ့ပြီ။

———————-

တစ်ချိန်တည်းမှာပဲ ဘိုးလ်ကို စောင့်နေတဲ့ အစောင့်က သူ အခြားနေရာက ပြန်လာရော သစ်လုံးအိမ်ထဲမှာ ဘိုးလ်ကို တုပ်ထားတဲ့ ကြိုးစ ပြတ်နေတာ ကို တွေ့လိုက်ရတော့ ဘိုးလ်ကို သားရဲမင်းသား ကယ်တင်သွား တာကို သိလိုက်တယ်။ သူက ချက်ချင်းပဲ ဟစ်ကြွေးပြီး အားလုံးကို အသိပေး လိုက်တယ်။

"အားလုံး ထကြပါတော့....  မင်းသားက ဘိုးလ်ကို ကယ်တင်ပြီး အတူထွက်ပြေးသွားကြပြီ!"

သူပြေးထွက်လာပြီး အထိတ်တလန့်နဲ့ အော်ပြောလိုက်တယ်။


သားရဲဘုရင်က ဒေါသထွက်ပြီး ချက်ချင်းရှာဖွေဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့ကိုစိတ်ပျက်အားလျော့စေတဲ့ အထောက်အထားများ ကိုသာတွေ့ရှိခဲ့တယ်။ သူ မလွတ်မြောက်ခင် သားရဲမင်းသားက အမှောင်နတ်ဆိုးနဲ့ပူးပေါင်းပြီး ဂျိုရှုဝါကို လုပ်ကြံသတ်ဖြတ်ခဲ့သေးတယ်။

ဝတ်ပြုရာအိမ်တော်ပတ်လည်မှာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီး မင်းသားရဲ့စွမ်းအားအ ရိပ်ငွေ့နဲ့ နတ်ဆိုးမြူတွေကို လေထုထဲမှာ ခံစားတွေ့မြင်နိုင်ခဲ့ပြီး မင်းသားရဲ့နာမည်ရေးထွင်းထားတဲ့ မြှားတံကို ဘုရားကျောင်းတိုင်လုံးထက်မှာ စိုက်ဝင်နေတာကို အားလုံး မြင်လိုက်ရတယ်။

ဂျိုရှုဝါရဲ့သွေးတွေက နေရာတိုင်း စီးကျနေတယ်။ ဂျိုရှုဝါက နတ်ဘုရားဝိဉာဉ်ကို ပိုင်ဆိုင်ပြီး အမှောင်နတ်ဘုရားနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါပေမယ့် သားရဲမင်းသားက နောက်ကွယ်ကနေ တိတ်တဆိတ် မြှားနဲ့ အသေပစ်ပြီးလုပ်ကြံတာကို ခံလိုက်ရလို့ အမှောင်နတ်ဘုရားကို မနိုင်လိုက်ဘူးထင်တယ်။

ဒါဆို ဂျိုရှုဝါ ဘယ်ရောက်သွားတာလဲ။ သူ သေသွားပြီလား။ ဒါမှမဟုတ် သူ့ကို ခေါ်သွားတာက အလင်းနတ်ဘုရားလား။ အမှောင်နတ်ဘုရားလား။


ဘုရင်နှစ်ပါးက အားလုံးရဲ့ထင်မြင်ချက်တွေကို ကြားတော့ မျက်နှာက ဖျော့တော့ပြီး သွေးဆုတ်ဖြူယော်သွားတယ်။ ဂျိုရှုဝါ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ... သူတို့မျိုးနွယ်နှစ်ခု ခမည်းတော်ရဲ့ အပြစ်ဒဏ်ခတ်မှု ကနေ မလွတ်နိုင်တော့ဘူး။ သားရဲမင်းသားနဲ့ ဘိုးလ်တို့က ခမည်းတော်ပေးတဲ့ အပြစ်ဒဏ်ကို မခံရပဲ နေမှာ မဟုတ်ဘူး။

သားရဲလူသားမင်းသားက ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ။  သူက နတ်သူငယ်နဲ့ သားရဲလူသားတွေကို မျိုးသုဉ်းစေချင်တာလား။

ဆာဂါပြည်က အစောင့်တွေက ရွာက ထွက်လာပြီး ဂျိုရှုဝါကို ရှာဖွေဖို့နဲ့ သားရဲမင်းသား၊ ဘိုးလ်တို့သွေးနဲ့ သူတို့မုန်းတီးမှုကို ဖြေဖျောက်ဖို့ ရှာဖွေရေးစတင်ကြတယ်။


သူတို့ထွက်သွားပြီး မကြာခင် နတ်သူငယ်ဒေသက အလင်းဘုရားကျောင်းက ရုတ်တရက် ဘာအချက်ပြမှုမှ မရှိပဲ ပြိုပျက်ပြီး ဖုန်မှုန့်တွေအဖြစ် ကောင်းကင်ပေါ် တက်သွားတော့တယ်။ ဒီဟာက နတ်ဘုရားတွေ ဒီကုန်းမကြီးကိုစွန့်ခွာချိန်တုန်းက အဖြစ်ပျက်နဲ့တထပ်တည်း တူညီနေတယ်။

ဒီလိုဖြစ်နေတာက ဘာကြောင့်လဲဆိုတာကို ဘိုဝင်က သိပေမယ့် လက်မခံပဲ လူအင်အားနဲ့ ဘုရားကျောင်းကို ထပ်တည်ဆောက်တယ်။ ဒါပေမယ့် ဘုရားကျောင်းပြီးတဲ့အချိန်မှာပဲ ဒီဘုရားကျောင်းအသစ်က ပြန်လည်ပြိုကျပျက်စီးသွားပြန်တယ်။


သိသာထင်ရှားတဲ့အချက်ကတော့ သူ့ချစ်သူကိဒီမျိုးနွယ်စုတွေ သစ္စာဖောက်တာခံရပြီး ဒဏ်ရာရတဲ့အတွက် အလင်းနတ်ဘုရားက အခြားဘုရားတွေလိုပဲ ဒီကုန်းတိုက်မကြီးကိုငြင်းပယ်လိုက်တာပဲ။ အခုကစပြီး သားရဲလူသားနဲ့ နတ်သူငယ်တွေက ခမည်းတော်ရဲ့ကောင်းချီးပေးမှုကို ဘယ်တော့မှ ရရှိတော့မှာမဟုတ်တော့ဘူး။

" ကျွန်ုပ်တို့မှာ အပြစ်ရှိပါတယ်။ ခမည်းတော်...  ကျွန်ုပ်တို့ တောင်းပန်စကားကိုကြားပါသလား။ ကျွန်ုပ်အသက်ကို အပြစ်ဖြေခြင်းမှာ အသုံးပြုရန်ဆန္ဒရှိတယ်။  ကျေးဇူးပြုပြီး ကျွန်ုပ်ရဲ့ လူတွေကိုမစွန့်ပစ် ပါနှင့်!  "

သားရဲဘုရင်က မိုးကောင်းကင်ကို မော့ကြည့်ပြီး တောင်းပန်စကားဆို လိုက်တယ်။ နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက ပြိုပျက်သွားတဲ့ ဘုရားကျောင်းရှေ့မှာ အကြာကြီး အော်ဟစ်ငိုကြွေးနေကြတယ်။ စိတ်ပျက်အားငယ်ခြင်းက ဒီဒေသကို ဖုံးလွှမ်းသွားတော့တယ်။

 
အကြီးအကျယ်ပျက်စီးစေနိုင်တဲ့ နတ်ဆိုးမြူတွေက နတ်သူငယ်နဲ့ သားရဲလူသားတို့ရဲ့ တောအုပ်ကို ချက်ချင်း ဖုံးလွှမ်းသွားတော့တယ်။ သစ်ပင်တွေက ညှိုးလျော်ပြီး မြေတွေ ရေတွေက ချက်ချင်း နတ်ဆိုးမြူကြောင့် ပျက်စီးယိုယွင်းလာတယ်။ မိခင်သစ်ပင်ကြီးတောင် သူတို့မျက်စိရှေ့မှာ ညှိုးလာပြီး မရင့်သေးတဲ့ နတ်သူငယ်လေးတွေ မွေးဖွားပေးနိုင်တဲ့ အသီးတစ်ခုက ကြွေကျပြီး အနက်ရောင်မြေ ပေါ်ကျတော့ ချက်ချင်း စုပ်ယူသွားတာကို ခံလိုက်ရတယ်။

နောက်ဆုံးတော့ ဘာနဲ့မှ နှိုင်းစရာမရှိတဲ့ ကပ်ဆိုးကြီး ဆိုက်ရောက်လာတော့တယ်။

နောက်ဆုံး နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက သူတို့တောအုပ်ကို စွန့်ခွာပြီး လူနေဒေသကို ပြောင်းရွှေ့လာကြတယ်။ သူတို့က မိခင်သစ်ပင်ကြီးနဲ့ သေတဲ့အထိ အတူနေချင်ပေမယ့် ဒီသစ်ပင်ကို စောင့်ရှောက်နေတဲ့ နတ်သူငယ်တွေက နတ်ဆိုးပူးကပ်ပြီး မကောင်းဆိုးဝါးနတ်သူငယ်တွေဖြစ်လာတယ်။ ကောင်းတဲ့ နတ်သူငယ်နဲ့ နတ်ဆိုးပူးနေတဲ့ နတ်သူငယ်တွေ တိုက်ပွဲဖြစ်ကုန်ကြပြီးနောက် ကျန်တဲ့ နတ်သူငယ်တွေက နတ်ဆိုးပူးကပ်ခံရမှာကို သေတာထက်ကြောက်လို့နောက်ဆုံး ရွှေ့ပြောင်းလာတာဖြစ်တယ်။

သူတို့က မြို့ရွာများစွာမှာ နတ်ဆိုးသတ်ဖြတ် ပူးကပ်ခံရတဲ့ လူတွေကို မျက်မြင်တွေ့လာရတယ်။ သူတို့ရဲ့ ဘုရားကျောင်းပြိုပျက်ပြီးနောက်ပိုင်း ဒီကုန်းတိုက်မကြီးက အခြားသော ဘုရားကျောင်းတွေလည်း တစ်ခုပြီးတစ်ခု ဆက်တိုက်ပြိုကွဲလာကြတယ်။ နောက်ဆုံး သူတို့လည်း အင်အားအကောင်းဆုံး ဗဟိုဘုရားကျောင်းကို ရောက်ချိန် သူတို့ မျက်စိရှေ့မှာတင်ပဲ ဘုရားကျောင်းပြိုကျသွားတာကို တွေ့လိုက်ရတယ်။

ပြိုလဲကျနေသောဘုရားကျောင်းတွေရဲ့ မြည်သံက တော်လဲသံလို ကျယ်လောင်ပြီး လူတိုင်းရဲ့ နားစည်မှာ တုန်ခါလို့နေတယ်။ သူတို့က ဘုရားကျောင်းပြိုကျမှုကြောင့် ဖြစ်လာတဲ့ ဖုန်ထူနေတဲ့ ကောင်းကင်ကို  မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ ငေးကြည့်နေမိကြတယ်။

" ဒီနတ်သူငယ်တွေနဲ့ သားရဲလူသားတွေကို မောင်းထုတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သားရဲမင်းသားက အလင်းဘုန်းကြီး ဂျိုရှုဝါကို သတ်ခဲ့လို့ ခမည်းတော်က အမျက်ထွက်ပြီး ငါတို့ အားလုံးကို စွန့်ပစ်ခဲ့တယ်။ "

လူတစ်ယောက်က မုန်းတီးစွာအော်ဟစ်လိုက်ပြီး လူတွေအားလုံးက သူတို့ကို ဝိုင်းဝန်းတိုက်ခိုက်ကြတယ်။ နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက နည်းနည်းလေးမှ မခုခံရဲပဲ ရှက်ရွံ့စွာနဲ့ ရှောင်ပြေးလာကြရတယ်။ သူတို့က ကုန်းတိုက်မကြီးကို လှည့်လည်သွားလာတဲ့အချိန် သူတို့မျက်နှာကို ဖုံးကွယ်ပြီးမှ သွားလာကြရတယ်။


အလင်းဘုရားကျောင်းတွေ ပြိုကွဲသွားတဲ့အတွက် နတ်ဆိုးမြူတွေက နေရာအနှံ့ကို ပျံ့နှံ့လာကြပြီး နိုင်ငံတိုင်းက နတ်ဆိုးတိုက်ခိုက်မှုကို ခံရလို့ ခုဆိုရင် ဒီကုန်းမကြီးက ငရဲဘုံလိုဖြစ်နေတော့တယ်။ နှစ်ပေါင်းရာနှင့်ချီတဲ့ အလင်းအမှာင်  စစ်ပွဲကြီး တရားဝင်စတင်လာခဲ့တော့တယ်။

လူမျိုး သုံးခုရဲ့မျိုးဆက် ရှင်သန်ဖို့ သင့်တော်တဲ့ မြေယာက ရှားပါးလာတယ်။ ဆာဂါပြည်ကြီးက လူတိုင်း နေထိုင်ချင်တဲ့ သုခဘုံတစ်ခုဖြစ်လာခဲ့တယ်။ ဘုရားကျောင်းအားလုံး ပြိုကွဲသွားပေမယ့် ဂျိုရှုဝါ နေထိုင်ခဲ့တဲ့ အလင်းဘုရားကျောင်းက ဆက်လက်တည်ရှိနေပြီး ဒီဘုရားကျောင်းက ဂျိုရှုဝါ နှစ်ခြင်းခံခဲ့တဲ့ ရေကန်က ရွှေရောင် အလင်းစွမ်းအင်ပြည့်နေတဲ့ ရေတွေကို တစ်နှစ်ပတ်လုံး ဆက်လက် ထုတ်ပေးပြီး နတ်ဆိုးပူးကပ်ခြင်းကို ကာကွယ်ပေးခဲ့တယ်။ ဒီရေက နတ်ဆိုးပူးကပ်မှုကို ဖယ်ခွာစေပြီး ပုံမှန်လူသားပြန်ဖြစ်လာစေတယ်။

ဒီကုန်းတိုက်မကြီးမှာ နတ်ဆိုးမြူရဲ့ဖုံးလွှမ်းမှုကြောင့် အသက်ရှင်ဖို့ နေရာ အရမ်းရှားပါးလာတယ်။ နတ်ဆိုးတွေက အလင်းဘုရားကျောင်း တည်ရှိရာ ဂါကာပြည်အကြောင်းကို ကြားပေမယ့် ခြေဦးတောင်မလှည့်ရဲကြဘူး။ မရေတွက်နိုင်တဲ့ စစ်ပွဲမှာ အနိုင်ရရှိပြီး ဂါကာပြည်ကြီးက အင်အားကြီးတဲ့ ဘော်ကန်လ်နိုင်ငံနေရာကို အစားထိုးလာနိုင်တယ်။

ဂါကာပြည်သူနဲ့ စစ်သည်တော်တွေက နတ်သူငယ်နဲ့ သားရဲလူသားတွေကို မုန်းတီးပြီး တွေ့ရာနေရာတိုင်းမှာ တိုက်ခိုက်ဖိနှိပ်ကြတယ်။ ဂါကာပြည်ကြီးရဲ့ ဘုရင်ကြီး နတ်ရွာစံပြီး မြေးတော် အန်တိုနီ နန်းတက်လာတဲ့အခါမှ ဒီမျိုးနွယ်နှစ်ခုက နည်းနည်းသက်သာလာတော့တယ်။ အန်တိုနီက ဂျိုရှုဝါဆီက ကောင်းချီးပေးခြင်းကို ရရှိခဲ့တဲ့အတိုင်း တိုက်ပွဲတိုင်းကို အနိုင်ရပြီး အင်အားကြီးတဲ့ ဘုရင်တစ်ပါးဖြစ်လာတဲ့အပြင် ဂါကာပြည်ကိုလည်း ဂုဏ်ရှိစေတယ်။ အန်တိုနီက နတ်ဆိုးတွေကို အတူနှိမ်နှင်းဖို့ အားနည်းတဲ့ မျိုးနွယ်တွေကို ကူညီဖေးမရမယ်လို့ ပြောပြီး နတ်သူငယ်နဲ့သားရဲလူသားတွေကို ကာကွယ်ပေးခဲ့တယ်။ ဂါကာပြည်မှ ခိုလှုံခွင့်ပေးခဲ့တယ်။ ဒါကြောင့် နတ်သူငယ်နဲ့သားရဲလူသားတွေ အန်တိုနီကို ကျေးဇူးတင်ပြီး နတ်ဆိုးတိုက်ပွဲတိုင်းမှာ ရှေ့ကနေ ရဲရဲဝံ့ဝံ့ အသေခံတိုက်ပြီး ကျေးဇူးပြန်ဆပ်ပေးကြတယ်။

သားရဲမင်းသားက ဘိုးလ်ကို ကယ်တင်ပြီး ဒီကုန်းမြေကြီးမှာ နာမည်သစ်နဲ့ မူလရုပ်သွင်ကို ဖုံးကွယ်ပြီး  တောအုပ်ထဲမှာ လှည့်လည်သွားလာနေကြတယ်။


သူက  ဂျိုရှုဝါကိုသတ်ဖို့ဟာ ကြီးမားတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အလင်းနတ်ဘုရားက လှပတဲ့ ဆယ်ကျော်သက်အမြောက်အများကို စုဆောင်းခဲ့တယ်။ သူကြိုက်နှစ်သက်ချိန်တွင်မှာ ဒီလူငယ်တွေကို ဂရုစိုက်တယ်။  ပျင်းလာသောအခါ စွန့်ပစ်သွားခဲ့တယ်။ သူ့စိတ် ဘယ်လောက် အေးစက်တယ်ဆိုတာ လူတိုင်း သိမြင်နိုင်တယ်။

သေမျိုးလူသားကို ဘယ်နတ်ဘုရားက ချစ်ကြိုက်မယ်တဲ့လဲ။ ဂျိုရှုဝါ သေသွားရင် ဒီနေရာမှာ ခမည်းတော်က အခြားသော လှပတဲ့ လူငယ်လေးတွေနဲ့ အစားထိုးပြစ်မှာ သေချာတယ်။ ဂျိုရှုဝါနဲ့ ခမည်းတော်ရဲ့ပတ်သတ်မှု ကောလဟာလကို သူကြားခဲ့ပေမယ့် ဂရုမစိုက်ပဲ သတ်ဖြတ်လုပ်ကြံပြီး ထွက်ပြေးလာခဲ့တယ်။ ဘိုးလ်အတွက် ကလဲ့စားချေပေးနိုင်လို့ သူ ဘယ်တော့မှ နောင်တမရခဲ့ဘူး။

ိဘိုးလ်နဲ့ သူက တောထဲ ပုန်းအောင်းနေပြီး သူတို့ကို လူတွေ မေ့သွားပြီလို့ ထင်တဲ့အချိန်မှာစားစရာတွေ ဝယ်ဖို့ မြို့ကို တက်လာခဲ့တယ်။

သူတို့နှစ် ဦး ဂိတ်တံခါးကို မရောက်ခင် အပြင်ဘက်နံရံမှာ သူတို့ မျက်နှာပုံ ကို ရေးဆွဲပြီး နံရံမှာ ကပ်ထားတာကို တွေ့လိုက်ရတယ်။ တံခါးစောင့်တွေ ကလည်း အလင်း ဘုန်းကြီးတွေဖြစ်နေတယ်။ ဘိုးလ်ကို သူက လူအုပ်ထဲကနေ တိတ်တဆိတ် လက်တို့ပြီးခေါ်ထုတ်လာတယ်။

သူတို့ကို လူသားတွေက လိုက်ဖမ်းနေတာလား။ ဒါက သူတို့နဲ့ပတ်သတ်တဲ့ အရာမှ မဟုတ်ပဲ။ သားရဲမင်းသားက သူ့ရဲ့ထိတ်လန့်တုန်လှုပ်မှုကို မြိုသိပ်ပြီး ဖြတ်သွားဖြတ်လာလူတွေဆီက သတင်းအချက်လက် စုံစမ်းခဲ့တယ်။ ဒီလူက သူ ဘာမှ မသိတဲ့အချက်ကြောင့် အံ့အားသင့်နေတယ်။

" မင်းဒီလောက်ကြီးမားတဲ့ အရာကို မသိဘူးလား။ နံရံတွေမှာ ကပ်ထားတာကိုကြည့်လိုက်ပါ။ သားရဲမင်းသားက အလင်းဘုန်းကြီး ဂျိုရှုဝါကို သတ်လိုက်လို့ ခမည်းတော်က ဒီကုန်းမကြီးတစ်ခုလုံးကို ငြင်းပယ်လိုက်ပြီ။ အခုတော့ နတ်ဆိုးမြူတွေ နေရာတိုင်းကို ပျံ့နှံ့ပြီး အလင်းဘုရားကျောင်းအားလုံး ပြိုလဲကုန်ပြီ။ ဒီလိုသာ ဆက်ဖြစ်နေရင် ငါတို့ အသက်ဆက်ရှင်ဖို့ မလွယ်ကူဘူး။"

"ဘုရားကျောင်းတွေပြိုလဲနေပြီလား"

 သားရဲလူသားမင်းသားရဲ့ စိတ်နှလုံး တုန်လှုပ်လာတယ်။ သူတို့ကို ပြောပြနေတဲ့ လူက သားရဲမင်းသားရဲ့အမူယာကို သံသယဖြစ်လာတာ မြင်တော့ ဘိုးလ်က ဝင်ပြောလိုက်တယ်။

'ငါတို့ လအနည်းငယ်လောက် တောထဲမှာပဲ နေခဲ့ပြီး အပြင်ကို လုံးဝထွက်မလာလို့ ဘာတွေဖြစ်နေတယ်ဆိုတာ လုံးလုံး မသိခဲ့လို့ပါ။"

သူတို့ရဲ့အဝတ်အစားတွေက စုတ်ပြဲနေပြီး သစ်တောထဲမှာ လှည့်လည်နေတဲ့ စွန့်စားသူတွေလိုီ့ဒီလူက ထင်သွားပြီး သံသယမရှိပဲ ဆက်ပြောပြလိုက်တယ်။

" ဟုတ်တယ်၊ ပထမဆုံးပြိုကျသွားတာက နတ်သူငယ်နဲ့ သားရဲလူသား နယ်က ဘုရားကျောင်းဖြစ်တယ်။ ဘုရားကျောင်းလဲ ပြိုကျရော နတ်ဆိုးမြူတွေက အဲ့ဒီဒေသကို ချက်ချင်းဝါးမြိုသွားတော့တယ်။ ဒါကြောင့် သူတို့ကို လက်ခံမယ့် မြို့ရွာတွေကို လှည့်လည်ပြီး ရှာဖွေနေကြရတယ်။ သူတို့က လူတိုင်းကို ဒီလောက်ဆိုးရွားလှတဲ့ အခြေအနေတွေထဲကို တွန်းပို့နေတယ်။ သူတို့အားလုံး သေသွားရင် ပိုကောင်းတယ်! "

ထိုသူက အရမ်းကိုကြမ်းတမ်းစွာပြောလိုက်ပြီး မြေပြင်ပေါ်ကို တံတွေးထွေးပြီး ထွက်ခွာသွားတော့တယ်။ သားရဲမင်းသားက ဒီလူပြောတဲ့ ဆိုးဝါးတဲ့ စကားကို ဂရုမစိုက်နိုင်တော့ပဲ သူ့မျိုးနွယ်ပျက်စီးသွားတဲ့ သတင်းကြောင့် အတွေးထဲ နစ်လို့နေတယ်။ သူက ဘိုးလ်ကို ကယ်တင်လိုက်တာ အရေးမကြီးပါဘူးလို့ထင်နေပေမယ့် သူ့မျိုးနွယ်တစ်ခုလုံး ပျက်စီးပြီး သူ့ကို မုန်းတီးစွာ လိုက်ရှာနေသူက သူတို့မျိုးနွယ်တွေပဲ ဖြစ်နေမယ်လို့ မထင်ထားမိဘူး။ တကယ်လို့ သူတို့နှစ်ယောက်ကိုသာ မိသွားရင် မီးရှို့သတ်ခံရနိုင်တယ်။

သူတို့မျိုးနွယ်က သူတွေရဲ့ပြုံးရယ်နေတဲ့ ပုံရိပ်တွေ မျက်လုံးထဲ မြင်ယောင်လာရင်း ဘိုးလ်ကို ခေါ်ပြီး တောထဲကို ပြန်ဝင်လာခဲ့တယ်။ တောထဲရောက်တော့မှ သားရဲအဖြစ်ကို ပြန်ပြောင်းလိုက်ပြီး နာကျင်ဝမ်းနည်းခြင်း  နောင်တရခြင်းကြောင့် မိုးကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောင်စွာ နာနာကြည်းကြည်း အူလိုက်တော့တယ်။ ဘိုးလ်က ကြောက်လန့်နေပြီး သူ အတော်လေးကို တည်ငြိမ်သွားတော့မှ အနားကို တိုးကပ်ပြီးလက်မောင်းကို အသာလေး ထိကိုင်ပြီး သူ့ကို စွန့်ခွာသွားချင်လားလို့ မေးလိုက်တယ်။

သားရဲမင်းသားက ခေါင်းခါလိုက်ပြီး ဒီအကြောင်းကို ဘယ်တော့မှ ထပ်မပြောတော့ဘူး။ သူတို့က တောအုပ်ထဲ လှည့်လည်သွားလာရင်း နတ်ဆိုးပူးကပ်ခံရပြီး အသိစိတ်ပျောက်သွားမယ့်အ ချိန်ကို စောင့်မျှော်နေတော့တယ်။

တနေ့ သူတို့ တောထဲမှာ နတ်ဆိုးတစ်ကောင်နဲ့တွေ့တယ်။ နတ်ဆိုးက သူတို့ပုံစံကို လှောင်ပြောင်ပြီး ပြောလိုက်တယ်။

"မင်းတို့မသိဘူးလား၊ မင်းတို့ကို နတ်ဘုရားတွေအားလုံးရဲ့ ငြင်းပယ်ခြင်းကို ခံနေရတယ်၊ ငါက အလင်းနတ်ဘုရားအကြောင်း ပြောနေတာမဟုတ်ဘူး၊ အမှောင်နတ်ဘုရားအကြောင်း ပြောနေတာ။ ဘယ်နတ်ဆိုးမှ မင်းတို့ကိုယ်ကို မပူးကပ်ချင်ကြဘူး။   "

နတ်ဆိုးတွေကတောင် ငါတို့ကို မပူးကပ်ချင်ဘူးလို့ လှောင်ပြောင်နေတာလား။ ဒီအတွေးကြောင့် သားရဲမင်းသားရဲ့ စိတ်အခြေနေက အဆိုးဆုံးအထိ ထိုးကျသွားတော့တယ်။ နောက်ဆုံး သူက ညအချိန်မှာ ဘိုးလ်ရဲ့ဘေးကနေ တိတ်တဆိတ် ပျောက်ကွယ်သွားတော့တယ်။

ဘိုးလ်က တောအုပ်ထဲမှာ ကာကွယ်ပေးမယ့်သူ မရှိလို့ တစ်ယောက်တည်း နေ့အချိန်ဆို ပုန်းအောင်းနေပြီး ညမှ အစာရှာထွက်ရတယ်။ ဒါပေမယ့် သူ့မှာ ဘာအစွမ်းမှ မရှိလို့ တောထဲမှာ တဖြည်းဖြည်းနဲ့ ငတ်ပြီး သေသွားတော့တယ်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now