FOD Extra 2 _ Chapter (7) - Yu Cang Hai

3.3K 431 0
                                    

FOD Extra 2 _ Chapter (7) - Yu Cang Hai

ဒီလူငယ္ကိုစြန္႕ခြာျပီးသြားရင္ စိတ္နွလံုး ညွိဳးႏြမ္းျခင္းေတြက အလ်င္ျမန္ သက္သာေပ်ာက္ကင္းသြားလိမ့္မယ္လို႕ ဇီရႊမ္ ထင္ခဲ့တယ္။ ဒါေပမယ့္ နာက်င္ေနတဲ့ နွလံုးသားက သူေမွ်ာ္လင့္ထားတာနဲ႕ ဆန္႕က်င္ဘက္ျဖစ္ေနတယ္ဆိုတာကို ျပသေနတယ္။ ဇီရႊမ္သြားေနတဲ့ ေျခလွမ္းေတြ ေနွးေကြးသြားျပီး ေနာက္ဆံုး ေက်ာက္တံုးႀကီးေပၚမွာ ထိုင္ခ်လိုက္တယ္။ သူက ေျခနွစ္ေခ်ာင္းကို တင္ပ်ဥ္ေခြအေနထားနဲ႕ ယွက္ထုိင္လိုက္ျပီး ဗုဒၶေဒသနာမ်ား ကို ရြတ္ဖတ္ျပီး စိတ္ျငိမ္ေအာင္ လုပ္လိုက္တယ္။ ဒါေပမယ့္ သူ႕ရင္ထဲက နာက်င္လြန္းလို႕ ဒဏ္ရာႀကီးရေနျပီး ေသြးတစ္စက္စက္က်ေနသလို ခံစားေနရတယ္။ သူ႕ရဲ႕ ရြတ္ဖတ္မႈနႈန္းက ေနွးေကြးလာျပီး သူ႕အေတြးေတြ ရႈပ္ေထြးစျပဳလာတယ္။ နွစ္ႀကိမ္ရြတ္ျပီးေနာက္ပိုင္း သူ ဆက္မရြတ္နုိင္ေတာ့ဘူး။ သူက ဘာမွ မစဥ္းထားပဲ လမ္းေပၚမွာ ရွိေနသင့္တယ္လို႕ ခံစားလာရတယ္။

အဲ့ဒီအခ်ိန္ သူ႕လက္ထဲက အနီေရာင္ေတာက္ေတာက္ ရင့္မွည့္ေနတဲ့ သစ္သီးက လြတ္က်သြားျပီး ေက်ာက္တံုးေပၚက်လို႕ ကြဲသြားခဲ့တယ္။ ဒီအသီးက ဟို လူငယ္ေလးအတြက္ သူ ယူလာေပးတဲ့ ညစာျဖစ္တယ္။ သူ ထြက္ခြာလာေတာ့ အဲ့ ေကာင္ေလးကို ေပးဖို႕ ေမ့လာခဲ့တယ္။

အဲ့ဒီလူငယ္ေလးက ဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္ျပီး ငယ္စဥ္ကတည္းက အ၀တ္ေကာင္းေတြ ၀တ္ဆင္ခဲ့ရတယ္။ ဘယ္တုန္းကမွ ခက္ခဲတဲ့ ဘ၀မွာ မေနခဲ့ရပဲ သူ႕ရဲ႕တစ္ေန႕တာ လုပ္ငနး္ေဆာင္တာအားလံုးကို သူမ်ားက လုပ္ေပးတာကိုပဲ ခံယူခဲ့တယ္။ အခု သူတစ္ေယာက္တည္း ေတာႀကီးထဲေရာက္ေနတဲ့အခါ ဘယ္အသီးက စားလို႕ရတယ္။ ဘယ္အသီးက အဆိပ္ပါျပီး စားလို႕မရဘူးဆိုတာ သူ ဘယ္လုိသိနုိင္ပ့ါမလဲ။ သူက သူ႕ကိုယ္သူ ဂရုစိုက္နုိင္တယ္လို႕ ေျပာခဲ့ေပမယ့္ ဒါက မုသားစကားေတြပဲ မဟုတ္လား။ သူမပါပဲ ဒီလူငယ္ေလးက အလယ္ပိုင္းျပည္မလြင္ျပင္ကို ဘာျပသနာမွ မျဖစ္ပဲ ေရာက္ေအာင္ သြားနုိင္ပါ့မလား။

သူစားဖုိ႕ အစာကို သူရွာနုိင္ပါ့မလား။ သူ႕မွာ ေငြလည္းမရွိဘူး။ သူ ျမိဳ႕တျမိဳ႕ကို ျဖတ္သန္းသြားရင္ေတာင္ သူလိုခ်င္တာ ဘယ္လို ၀ယ္လို႕ရနုိင္ပါ့မလဲ။ ဇီရႊမ္ရဲ႕ စိတ္ထဲ ေကာင္ေလးနဲ႕ပတ္သတ္တဲ့ အေတြးေတြ တ၀ဲလည္လည္ျဖစ္ေနျပီး ဘယ္လိုမွ စိတ္ထဲက မထုတ္နုိင္ေအာင္ျဖစ္ေနမိတယ္။ ဇီရႊမ္က ေက်ာက္တံုးေပၚက ခုန္ခ်လိုက္ျပီး ဟို ေကာင္ေလးရွိတဲ့ဆီကို ေနာက္ျပန္လွည့္သြားခ်င္စိတ္ကို မနည္းေအာင့္အီးျပီး ေရွ႕ကို နွစ္ရက္ေလာက္ အဆက္မျပတ္ခရီးဆက္ခဲ့ရင္းေနာက္ဆံုး စည္ကားျမိဳ႕ႀကီးတစ္ျမိဳ႕ကို ေရာက္ရွိလာခဲ့တယ္။


ဇီရႊမ္က အစာေျခာက္ေတြကို ၀ယ္ဖုိ႕ ကုန္စံုဆုိင္တစ္ဆုိင္ကို သြားျပီးေနာက္ တည္းခုိခန္းတစ္ခုမွာ နားဖို႕ ေငြစအနည္းငယ္ကို သံုးလို္က္တယ္။ တကယ္လို႕ ဟုိလူငယ္ေလးသာရွိေနရင္ သူ ဒီလို ညစ္ပတ္တဲ့ ေစ်းေပါတဲ့ အခန္းကို တည္းမွာ မဟုတ္ဘူး။ ဇီရႊမ္က အိပ္ယာကို သန္႕ရွင္းေနတုန္း တည္းခုိခန္းက ၀န္ထမ္းက ေရပူေတြ ယူလာေပးတယ္။

ဇီရႊမ္က ေလွ်ာ္စရာေတြကို ထုတ္လိုက္ခ်ိန္မွာ အျဖဴဆြတ္ဆြတ္ ဘုန္းႀကီး၀တ္ရံုက အထုပ္ထဲ ရွိေနတာကို ေတြ႕လိုက္ရတယ္။ ဇီရႊမ္က ဒီအ၀တ္ကို အမွတ္တမဲ့နဲ႕ မယူျပီး နမ္းရႈပ္လိုက္ျပီးခ်ိန္ သူ သတိ၀င္လာျပီး ထိတ္လန္႕သြားခဲ့ တယ္။ သူ႕မျငိမ္မသက္ျဖစ္ေနတဲ့ စိတ္ကို ထိ္န္းနုိင္ဖို႕ ဇီရႊမ္က ေရဗူးကို မျပီး ပါးစပ္နဲ႕ေတ့ျပီး တရွိန္ထိုးေမာ့ေသာက္လိုက္ခ်ိန္မွာ နတ္ဆိုးဂိုဏ္းခ်ဳပ္ လူငယ္ေလး ေရေမာ့ေသာက္တာကို ျပန္ျမင္ေယာင္လာတယ္။ အဲ့ေန႕ ဒီလူငယ္ေလးက သစ္ပင္ကို လက္တစ္ဖက္က ကိုင္ထားျပီး က်န္လက္တစ္ဖက္က ေရဗူးကို ေမာ့ျပီး တရွိန္ထိုးေမာ့ေသာက္ေနခဲ့တယ္။ သူ႕ရဲ႕ ေသြးေရာင္ရဲေနတဲ့ မ်က္၀န္းေလးက အေရာင္လဲ့ေနျပီး ေရစက္တစ္ခ်ိဳ႕က လူငယ္ေလးရဲ႕ နူတ္ခမ္းေထာင့္ကေန အ၀တ္စားႀကား ရင္ဘတ္ထဲ စီး၀င္သြားတာကို ျပန္ျမင္ေယာင္လာခဲ့တယ္။

ဒီလူငယ္ေလးရဲ႕ အထိန္းကြပ္မဲ့ လုပ္ကိုင္တတ္ပံု၊ လြတ္လပ္စြာ ေျပာဆိုတတ္ပံုကို အခုထိ သူ ျပတ္ျပတ္သားသား ျမင္ေယာင္ေနဆဲျဖစ္တယ္။ ဒီလူငယ္ေလးရဲ႕ အျပံဳး၊ စကားနဲ႕ လုပ္ရွားမႈေတြကို ဇီရႊမ္ လံုး၀မေမ့နုိင္ေသးဘူး။ ဇီရႊမ္က ဒီလူငယ္ေလးကို သတိရ ေတာင့္တတဲ့စိ္ိတ္ကို ေလ်ာ့ေစခ်င္ေပမယ့္ ဆန္႕က်င္ဘက္ပဲ ဒီ လူငယ္ေလးနဲ႕ ပိုေ၀းေလေလ၊ သူ႕ရဲ႕ တေန႕တာ စားခ်ိန္၊ လမ္းေလွ်ာက္ခ်ိန္၊ ေတြးေတာေနခ်ိန္မွာ ဒီလူငယ္ေလးအေႀကာင္းကို ရုတ္တရက္ ပိုပို စဥ္းစားမိေနေလျဖစ္တယ္။ ဇီရႊမ္ ဘာပဲလုပ္လုပ္ ဒီလူငယ္ေလးအေႀကာင္းကိုျပန္ေတြးေနမိတယ္။ သူ႕ရုပ္သြင္ကို ျပန္လည္ျမင္ေယာင္ေနမိတယ္။

ဇီရႊမ္ သည္ ျပန္လည္ဆင္ျခင္ျပီးေနာက္ သူ အလွ်င္ျမန္ဆံုးနႈန္းနဲ႕ အေျပးလာခဲ့တယ္။ သူက ျမိဳ႕တံခါးကေနထြက္သြားလိုက္တာနဲ႕ တျပိဳက္နက္ ေခါင္းနဲ႕ မ်က္နွာကို အ၀တ္တစ္ခုနဲ႕ ဖံုးလိုက္ျပီး ရထားလံုးထဲ ထုိင္ေနျပီး လူတကာထက္ စင္ႀကယ္ျပီး လွပတဲ့ အနက္ေရာင္ ၀တ္စံုနဲ႕ လူရြယ္ကို မထင္မွတ္ပဲ ေတြ႕ေတာ့ စိုက္ႀကည့္ေနမိတယ္။ ဇီရႊမ္ က အသက္ရႈဖို႕ေမ့သြားေလာက္ေအာင္ ျဖစ္သြားတယ္။ ဇီရႊမ္က ဒီလူငယ္ေလးေရွ႕ကို ထြက္မလာရဲဘူး။ သူ႕ေႀကာင့္ ဒီလူငယ္ေလး စိတ္ရႈပ္သြားမွာကို မလိုလားဘူး။

ဘုန္းေတာ္ႀကီးထြက္ခြာသြားၿပီးေနာက္ ပိယြင္ေက်းရြာက သူသတ္ထားတဲ့ လူတစ္စုဆီက  ပစၥည္းမ်ားစြာကိုရွာေဖြၿပီး သူ႔ကိုအလယ္ပိုင္းလြင္ျပင္ကို လုိက္ပို႕ဖို႕ လမ္းျပတစ္ေယာက္ကို က်ိဳးယြင္ရွန္႕ ဌားလိုက္တယ္။ လမ္းခရီးမွာ သူ႕ကို ဘယ္သူမွ မျခိမ္းေျခာက္နုိင္ဘူး။ လမ္းမွာ သူစားသမွ် အစာအားလံုးက အသား၊ငါးေတြပဲျဖစ္တယ္။ ဒါေႀကာင့္ သူ႕အစာအိမ္က အဆီေတြနဲ႕ျပည့္ေနသလို ခံစားလိုက္ရတယ္။ သူက ျမိဳ႕တစ္ျမိဳ႕ကိုေရာက္ေတာ့ ကိုယ္လက္သန္႕စင္ခ်င္လို႕ တည္းခိုခန္းတစ္ခုမွာ အခန္းယူျပီး သူ႕လမ္းျပကို ေအးေဆးနားဖို႕ က်ိဳးယြင္ရွန္႕ေျပာလိုက္တယ္။ လမ္းျပက သူစားဖို႕ ၀ိုင္နဲ႕ အစားေသာက္ကို ျပင္ဆင္ေပးျပီး အနားယူဖို႕ ထြက္သြားတယ္။

ဇီရႊမ္က ဒီလူငယ္ေလးေနာက္ကို တိတ္တဆိတ္လိုက္လာခဲ့တယ္။ လူငယ္ေလးက အျဖဴေရာင္ ဘုန္းႀကီး၀တ္ရံုကိုခ်ြတ္ျပီး အနက္ေရာင္ ပိုးသား၀တ္စံုကို ၀တ္ဆင္ထားတယ္။ က်ိဳးယြင္ရွန္႕က ေရခ်ိဳးဖို႕ သူ႕ကိုယ္ေပၚက အ၀တ္ေတြကို တလႊာျခင္း ခြ်တ္လိုက္ခ်ိန္မွာ ဇီရႊမ္ ေဆာက္တည္ရာမဲ့ မ်က္လံုးကို မွိတ္လိုက္မိတယ္။ အစက ဒီလူငယ္ေလးက သူ႕ကိုယ္သူ ဂရုမစိုက္နုိ္င္ဘူးလို႕ ထင္ထားေပမယ့္ သူ႕အထင္နဲ႕ ဆန္႕က်င္ဘက္ျဖစ္ျပီး ပိုမိုေကာင္းမြန္ပံုရျပီး လူငယ္ေလးရဲ႕ ခႏၶာကိုယ္ က အားျပည့္လာပံုရျပီး ေရႊေရာင္သမ္းတဲ့ မ်က္၀န္းေတြက ေတာက္ပလို႕ အရင္ကထက္ေတာင္ လွျပီး ဆြဲေဆာင္အားျပင္းေနသလုိ ခံစားလိုက္ရတယ္။ လူငယ္ေလးရဲ႕ အခန္းထဲက စားပြဲေပၚမွာ ျပင္ဆင္ထားတဲ့ အစားစာကို ႀကည့္ျပီး ဒီလူငယ္ေလးက အသားနဲ႕၀ုိင္ကို ႀကိဳက္တယ္ဆိုတာ သိလိုက္ရတယ္။ ဒါဆို သူနဲ႕ အတူရွိတဲ့ ဆယ္ရက္တာ ကာလအတြင္း သက္သက္လြတ္ခ်ည္းစားေနခဲ့ရျပီး သူ႕ခမ်ာ အသားေတြ ငတ္ေနတာကို သိျပီး စိတ္မေကာင္းျဖစ္သြားတယ္။

ဇီရႊမ္က က်ိဳးယြင္ရွန္႕ အ၀တ္စခ်ြတ္လိုက္ခ်ိန္မွာ မ်က္လံုးမွိ္တ္လိုက္ေပမယ့္ သူ႕ကိုယ္သူ မထိန္းနုိင္ေတာ့ပဲ အ၀တ္ကို တလႊာျခင္း ခြ်တ္ခ်လိုက္တာကို အငမ္းမရ  ေလာဘတႀကီးစိုက္ႀကည့္ေနမိေတာ့တယ္။ ဒါေပမယ့္ လူငယ္ေလးက ေရခ်ိဳးခန္းထဲ ၀င္သြားေတာ့သူ ဘာကိုမွ မေတြ႕လိုက္ရေတာ့ဘူး။ ဇီရႊမ္က တရားေတာ္ေတြကို ရြတ္ဖို႕ေမ့ေနတယ္။ ရြတ္လည္း သူ႕ရဲ႕ ယိုင္လဲျပီး ျပိဳက်ေနတဲ့ စိတ္ေတြကို ဘာမွ မသက္ေရာက္ေစေတာ့ဘူးဆိုတာ သိလို႕ ရြတ္ဖို႕လည္း မႀကိဳးစားေတာ့ဘူး။ ဒါေႀကာင့္ သူ႕အတြင္းအားေတြကို သံုးျပီးေတာ့ ဗရမ္းဗတာ အရူးအမူး ခုန္ေနတဲ့ စိတ္ကိုပဲ ထိန္းေနေတာ့တယ္။



က်ိဳးယြင္ရွန္႕က ေရခ်ိဳးစည္ထဲမွာ လက္သီးနဲ႕နူတ္ခမ္းကို ကြယ္ျပီး တိိတ္တိတ္ေလး ရယ္ေမာေနတယ္။ သူက ဇီရႊမ္ထက္ သိုင္းပညာျမင့္မားတဲ့သူပဲ၊ ဇီရႊမ္ေနာက္က လိုက္တာကို မသိပဲေနမလား။ သူ ျပန္လာမယ္ဆိုတာ သိေပမယ့္ ခုေလာက္  ျမန္ျမန္ ျပန္လာမယ္လို႕ေတာ့မထင္ထားမိဘူး။ သူ႕ခ်စ္သူက ဘယ္ေလာက္ေတာင္ ခ်စ္ဖို႕ေကာင္းလိုက္သလဲ။
က်ိဳးယြင္ရွန္႕က ေရခ်ိဳးသန္႕စင္ျပီးေနာက္ သန္႕ရွင္းေႏြးေထြးတဲ့ အိပ္ယာထက္မွာ နွစ္နွစ္ျခိဳက္ျခိဳက္အိပ္ေမာ က်သြားေတာ့တယ္။ က်ိဳးယြင္ရွန္႕က အဲ့ဒီျမိဳ႕က ထြက္ျပီး ေတာင္ပိုင္း စစ္ျဖစ္ေနတဲ့ နယ္စပ္ကို ဦးတည္ထြက္လာခဲ့တယ္။
 
ဇီရႊမ္က က်ိဳးယြင္ရွန္႕ေနာက္ကို ေတာက္ေလွ်ာက္လိုက္ေနခဲ့တယ္။ တစ္ေယာက္ေယာက္က က်ိဳးယြင္ရွန္႕ကို သတ္ဖို႕ႀကိဳးစားရင္ သူက လွ်ိဳ႕၀ွက္စြာ ေမာင္းထုတ္လိုက္ျပီး အဲ့ဒီလူငယ္ေလးရဲ႕ လက္ကို ထပ္ျပီး ေသြးမစြန္းေအာင္ အတတ္နုိ္င္ဆံုး ႀကိဳးစားခဲ့တယ္။ အခ်ိန္ႀကာသြားတာနဲ႕အမွ် ဘုန္းႀကီးဇီရႊမ္က နတ္ဆိုးဂုိဏ္းခ်ဳပ္နဲ႕ ပူးေပါင္းသြားျပီဆိုတဲ့ ေကာလဟာလ ပ်ံ႕နွံ႕သြားခဲ့တယ္။ ဘယ္ေတာ့မွာ ဂိုဏ္းက မထြက္တဲ့ ဆရာသခင္ Zhishen ေတာင္ ဒီသတင္းေတြေႀကာင့္ ျငိမ္ျငိမ္ေနနို္္င္ေတာ့ပဲ ဂုိဏ္းထဲက အျခား ေလးစားရေလာက္တဲ့ အႀကီးကဲ တခ်ိဳ႕ကို ေစလႊတ္ျပီး ဇီရႊမ္ကို  ဆက္သြယ္ လိုက္ရွာေစေတာ့တယ္။

က်ိဳးယြင္ရွန္႕က ေတာင္ပိုင္းမွာ လူတခ်ိဳ႕ကို သြားရွာျပီး မႀကာခင္ ဒီလူေတြက လူေသအေလာင္းေတြျဖစ္လာတယ္။ သူက တည္းခုိခန္းတစ္ခုမွာ တည္းခုိေနျပီး ညေရာက္ေတာ့ ၀တ္စံုနက္လဲျပီး တိတ္တဆိတ္နဲ႕ ျပည့္တန္ဆာအိမ္ကို ခုိးေႀကာင္ခုိး၀ွက္ လာခဲ့တယ္။ ဇီရႊမ္က ျပည့္တန္ဆာအိမ္အျပင္ဘက္က ေမွာင္မည္းေနတဲ့ လမ္းႀကားထဲ ၀င္လာျပီး ၀ိုင္နီရနံ႕လႊမ္းေနတဲ့ အစိမ္းေရာင္မီးပံုးထြန္းထားတဲ့ ေနရာကို စိုက္ႀကည့္ရင္း ျမင္ကြင္းတခ်ိဳ႕ သူ႕အာရံုထဲ ၀င္လာျပီး သူ႕ရင္ေတြ တင္းက်ပ္လာျပီး စကားလံုးနဲ႕ ေဖာ္ျပဖို႕ ခက္ခဲတဲ့ ခံစားခ်က္ေတြျဖစ္ေပၚလာတယ္။

ျပည့္တန္ဆာအိမ္မွာအမ်ိဳးသားေတြဘာလုပ္ၾကမလဲ စိတ္သက္သာရာရွာဖို႕ ေသာက္ေနႀကမလား။ ဒါမွမဟုတ္ မိန္းကေလး တစ္ေယာက္ကို ရွာေနမလား။ အဲ့ဒိီလူငယ္ေလးက မိန္းကေလးတစ္ေယာက္ကို ေပြ႕ဖက္ျပီး အိပ္ယာထက္မွာ အတူတူလွိမ့္ေနတာကို သူ ဘယ္နည္းနဲ႕မွ ျမင္ေတြ႕ရမွာ မဟုတ္ဘူးလို႕ ေတြးျပီး သူ႕စိတ္ေတြကို ေျဖသိမ့္ေနတယ္။ ဒါေပမယ့္ မႀကာခင္မွာ သူက မီးပံုထဲ က်ေရာက္ေနသူလို႕ ခံစားလာရျပီး သူ႕နွလံုးသားေအာက္ေျခက ေလာင္ကြ်မ္းတဲ့ မီးေတြက သူ႕မ်က္၀န္းထဲ လာဟပ္ေနသလို ခံစားလိုက္ရတယ္။ သူက ေလာင္ခ်ိဳင့္ထဲ မိေနတဲ့ သားရဲတိရိစာၦန္ႀကီးလို မ်က္လံုးေတြ တျဖည္းျဖည္းနီလာျပီး အသက္ရႈရႀကပ္လာတယ္။

က်ိဳးယြင္ရွန္႕က အျပင္ဘက္က အႏၲာရယ္မ်ား နဲ႕ ဇီရႊမ္ရဲ႕ စိတ္နွလံုးပူေဆြးေနတာကို မသိပါ။  က်ိဳးယြင္ရွန္႕က ေခါင္မိုးေပၚ ခုန္တက္လိုက္ျပီး အေပၚက စစ္သားအေစာင့္ေတြကို ရွင္းလိုက္တယ္။ ေရေမႊးနံ႕ဖံုးေနတဲ့ ဒီအေဆာက္ဦးေရွ႕မွာ စစ္သားတစ္စု ေစာင့္ႀကပ္ေနတာ သူ ေတြ႕ခဲ့ျပီးျဖစ္တယ္။ က်ိဳးယြင္ရွန္႕က ေလေပၚကအေန အသာယာ ခုန္ဆင္းလိုက္ျပီး လက္ေခ်ာင္းဖ်ားနဲ႕ တံခါးကို ဖြင့္ျပီး အခန္းထဲကို ခန္႕ညားထည္၀ါစြာ ၀င္လာလိုက္တယ္။

သာယာတဲ့ ေတးတူရိယာသံမ်ားနွင့္ အေမႊးႀကိဳင္နံ႕မ်ား ျပည့္နွက္ေနသည့္ အခန္းက နူးညံ့သိမ္ေမြ႕ျပီး စိတ္ကို ဆြဲေဆာင္နုိင္ေစသည္။ အခန္းထဲရွိ အရာရွိလူႀကီးလူေကာင္းမ်ားစြာသည္ လူတေယာက္၀င္လာသည္ကို ေတြ႕ေသာ္ မႀကည္မသာနွင့္ သူတုိ႕လက္ေမာင္းႀကားေထြးေပြ႕ထားသည့္ မိန္းမလွေလးမ်ားကို တြန္းဖယ္ကာ ဓါးကိုယ္ဆီကိုင္ဆြဲကာ ေမးလိုက္သည္။


"  မင္းဘယ္သူလဲ? ဒီအခန္းထဲကို ၀င္လာတာ ဘယ္သူ႕ကို ေစာ္ကားရာက်တယ္ဆိုတာ မင္းသိရဲ႕လား။ "
"   ခင္ဗ်ား ဘယ္သူလဲဆိုတာ သိလို႕ ဒီကို လာေတြ႕တာေပါ့ဗ်ာ  "

အခန္းထဲတြင္ရွိသည့္ အႀကီးကဲသည္ ေခ်ာေမာလွပသည့္ အမ်ိဳးသားေလး က်ဳိးယြင္ရွန္႕က မလႈပ္မရွားရပ္ေနတာကို ေတြ႕ေတာ့ ျပံုးလိုက္သည္။ အႀကီးကဲ ေယာက်ာ္းက အိပ္ယာေပၚမွာ လွဲေနျပီး သူ႕လက္ေမာင္းႀကားမွာ မိန္းမလွေလးကို ေပြ႕ဖက္ထားတယ္။ အျခား မိ္န္းမလွေလး တစ္ေယာက္က သူ႕ကို အေနာက္ဘက္မွ ဖက္ျပီး နားရြက္ဖ်ားကို လွ်ာနွင့္ လ်က္ေနသည္။


မိန္းကေလးေတြက မေမွ်ာ္လင့္တဲ့ ဧည့္သည္တစ္ေယာက္ လာေရာက္ေနွာက္ယွက္ေနေပမယ့္ နည္းနည္းမွ မတုန္လႈပ္ပဲ သူလို႕ လုပ္ေနတာကို မရပ္လိုက္ႀကဘူး။ ဘာေႀကာင့္လဲဆိုေတာ့ သူတို႕ဖက္ထားတဲ့ အမ်ိဳးသားကို ေဒါသထြက္ေအာင္ လုပ္မိတဲ့သူက ေသျခင္းတရားနဲ႕ပဲ အဆံုးသတ္ရမယ္ဆိုတာ သိေနလို႕ပဲ။

အိပ္ယာထက္က အမ်ိဳးသားက ေတာင္ပိုင္းဘုရင္ အနာဂါတ္ တရွာျပည္ႀကီးရဲ႕ အင္ပါယာအရွင္အသစ္ျဖစ္တယ္။ သူက လူတစ္ေယာက္တည္းနဲ႕ ေထာင္ခ်ီတဲ့ စစ္တပ္ေတြနဲ႕ ျမင္းေတြကို ဘယ္လိုျဖတ္သန္းလာနုိ္င္သလဲဆိုတာ ေတြးေနတယ္။ ဒီ ရီဟြန္းရင္ျပင္မွာ သူတို႕ကို လွ်ိဳ႕၀ွက္ေစာင့္ႀကပ္ေနတဲ့သူေတြနဲ႕ ျပည့္နွက္ေနတယ္။ ဒါေတာင္ ဒီလူ ၀င္လာတာကို သူ႕ရဲ႕ ကိုယ္ရံေတာ္တပ္ဖြဲ႕က မသိဘူးဆိုေတာ့ သူ႕ကိုလုပ္ႀကံခ်င္ရင္ အလြယ္ေလး သတ္ျဖတ္သြားနုိင္တာပဲ။ ဒီလူရဲ႕ ပံုစံက ေအးေဆးတဲ့ပံုျဖစ္ေနေပမယ့္ သူ႕ရင္ထဲမွာ ေႀကာက္ရြံ႕စိုးထိတ္မႈက တိတ္တဆိတ္၀င္လာျပီျဖစ္တယ္။

သူခရီးသြားတိုင္းသူ သူႏွင့္အတူရဲစြမ္းသတၱိရွိတဲ့ လွ်ိဳ႕ဝွက္အေစာင့္တစ္ရာခန႔္နဲ႕ အတူသြားတယ္။  သို႔ေသာ္အနက္ေရာင္၀တ္စံုနဲ႕ လူက အခန္းထဲကို အလြယ္တကူ ၀င္လာနုိင္တယ္။ နွစ္ေပါင္းမ်ားစြာကတည္းက သူယံုႀကည္ရတဲ့ သက္ေတာ္ေစာင့္ လွ်ိဳ႕၀ွက္အေစာင့္ေတြက သူ႕ကို မတားဆီးနုိ္င္ဘူး။ ဒီလူနဲ႕တိုက္ခုိက္ရင္ သူ႕လွ်ိဳ႕၀ွက္စစ္သည္ေတာ္ေတြ အသက္ဆံုးရံႈးဖို႕မ်ားတယ္။
 
အရင္က သူ႕လွ်ိဳ႕၀ွက္ အေစာင့္ေတြနဲ႕ တုိက္ခုိက္ခဲ့တဲ့ ျပည္မလြင္ျပင္ရဲ႕ပထမဆိုတဲ့ ဘုန္းေတာ္ႀကီးဇီရႊမ္နဲ႕ ရင္ဆုိင္ရရင္ သူေတာင္ အသက္ဆံုးရံႈးနုိင္တယ္။ အခု ဒီလူက သူ႕ကို ရင္းနွီးတဲ့ အမူယာျပတယ္ဆိုေတာ့ သူက ဇီရႊမ္ထက္ အစြမ္းထက္တဲ့ လူျဖစ္နုိ္င္တယ္။ ေတာင္ပိုင္းစစ္ဘုရင္က က်ိဳးယြင္ရွန္႕ဘယ္သူျဖစ္တယ္ဆိုတာ စဥ္းစားေနရင္း လက္တစ္ဖက္ကို ေ၀ွ႕ယမ္းျပီး ေျပာလိုက္တယ္။
 

"မင္းက ငါ့ရဲ႕ ဧည့္သည္ပါ။ မင္းဘာလို႔ထိုင္ၿပီးထိုင္ၿပီးငါနဲ႔မေသာက္တာလဲ" ဟုေျပာလိုက္သည္။

"ေကာင္းျပီ။ ယြန္ခြန္းဖုန္းရဲ႕ဝိုင္ဟာ သဘာဝအတုိင္း ျပဳလုပ္ထားျပီး အရသာအေကာင္းဆုံးလို႔ ဆိုေပမယ့္ ဒီထိုင္ခုံမွာ ထိုင္ေသာက္ဖို႕က ေလးစားရာ မေရာက္ဘူး။"
က်ိဳးယြင္ရွန္႕က ထုိင္ခ်လိုက္ျပီး ေရႊဓါးကို ခ်ျပီး ၀ို္င္အိုးကို မျပီး အိုးလိုက္ေမာ့ေသာက္လိုက္တယ္။


လွ်ိဳ႕၀ွက္ဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္က ဆိုးဆိုး႐ြား႐ြားဒဏ္ရာရခဲ့ပါတယ္။ သူ႔အသက္ကိုၾကာၾကာမထိန္းသိမ္းႏိုင္ခဲ့ပါဘူး ။ ထိုလူကိုမည္သူမည္ဝါျဖစ္ေၾကာင္း ခန႔္မွန္းေသာအခါ ယြန္ခြန္းဖုန္းက ပို၍ သတိႀကီးစြာထားခဲ့တယ္။ ယြီခ်န္းဟိုင္က  ျပည္မက မိသားစု ခုနွစ္ခုကို ဖ်က္ဆီးခဲ့တယ္။ ဒါက သူနဲ႕ ဘာမွ မသက္ဆိုင္သလို သူ႕အတြက္ ဘာအက်ိဳးမွ မရွိဘူး။ သူ႕ရဲ႕ ေသြးေသာက္ညီေတာ္ က်န္းခ်န္ရန္ရဲ႕ ေစ့စပ္ထားတဲ့ သတို႕သမီးေလာင္းကို ဖမ္းဆိီးသြားခဲ့လို႕ က်န္းခ်န္ရန္က ဒီဂိုဏ္းခ်ဴပ္ကို တိုက္ခိုက္ဖို႕ လူသူေတြ စုစည္းခဲ့တယ္။ အဲ့ဒီအခ်ိန္ သူက ေျမာက္ပိုင္းနဲ႕ တုိက္ေနတာ မဟုတ္ခဲ့ဘူးဆိုရင္ သူက သူ႕ေသြးေသာက္ ညီအစ္ကိုအတြက္ တပ္ကူေတြကို ပို႕ေပးလိုက္မွာ ေသခ်ာတယ္။ အခု ဒီလူ လာတာ သူ႕ကို ကလဲ့စားေခ်ဖို႕မ်ားလား။

" မင္းက က်ဳပ္တုိ႕ ဂိုဏ္းသားေတြကို သတ္ျဖတ္တဲ့အထဲမွာ မပါခဲ့ရင္ က်ဳပ္က ခင္ဗ်ားကို မစိတ္ဆိုးဘူး။  "
က်ိဳးယြင္ရွန္႕က သူ႕သံသယေတြကို ရွင္းေအာင္လုပ္လိုက္ျပီး စားပြဲကို လက္ေခ်ာင္းထိပ္နဲ႕ ညႊန္ျပျပီး ေျပာလိုက္တယ္။

 " မင္းရဲ႕ဘဝကိုကယ္တင္ဖို႔ ငါဒီေနရာကို လာတာျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မနက္ျဖန္မွာ မင္းဟာ လူေသတစ္ေယာက္ျဖစ္ေနမွာမို႕ပဲ...."

"မင္းဘာ ေသာက္စကား ေျပာတာလဲ။ စစ္ဘုရင္ႀကီးက ယံုယံု မယံုယံု မင္းကို ငါ ဆရာသခင္ လွ်ာျဖတ္ပစ္မယ္!"

 ယြန္ခြန္းဖုန္း ႏွင့္အတူလိုက္ပါလာခဲ့သည့္ဗိုလ္ခ်ဳပ္က ဓားကိုဆြဲထုတ္ၿပီးသတ္ဖုိ႕ လုပ္လိုက္တယ္။

က်ဳိးယြင္ရွန္႕က ကဲ့ရဲ႕ရႈပ္ခ်တာကို မုန္းတိီးတယ္။ ဒါေႀကာင့္ သူ လက္တစ္ခ်က္လႈပ္လိုက္တာနဲ႕ ဒီဆဲဆိုလိုက္တဲ့ စစ္ဗိုလ္ခ်ဳပ္က လဲျပိဳက်ျပီး မ်က္လံုးေတြပိတ္လို႕ ပါးစပ္က ေသြးေတြ ထြက္ေနတယ္။ စားေသာက္ဆိုင္ထဲက အျခားလူေတြက ၀ိုင္းႀကည့္ေနႀကေပမယ့္ ဘယ္သူမွ မလႈပ္ရွားရဲႀကဘူး။ ဒီဗိုလ္ခ်ဳပ္ႀကီးက ေတာင္ပိုင္းစစ္ဘုရင္ရဲ႕ လက္ေအာက္က အေတာ္ဆံုး လူတစ္ေယာက္ျဖစ္ျပီး ကိုယ္ခံပညာေကာင္းတဲ့အတြက္လည္း ေက်ာ္ႀကားတယ္။ ဒါေပမယ့္ ဒီလုိလူေတာင္မွ ယုခ်န္းဟိုင္ (က်ိဳးယြင္ရွန္႕)ရဲ႕ လက္ဖ်ား တစ္ခ်က္ ခါလိုက္တာနဲ႕တင္ လဲျပိဳက်သြားတယ္ဆုိေတာ့ ယုခ်န္းဟိုင္ရဲ႕ ကိုယ္ခံပညာက သူတို႕ ထင္ထားတာထက္ အမ်ားႀကီး သာလြန္တယ္ဆုိတာ စိတ္ပ်က္ဖြယ္ရာ သိရွိလိုက္ႀကတယ္။ အကယ္၍ သူကစိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရင္အနီးဆုံးစစ္ဗိုလ္ခ်ဳပ္ကအႏၲရာယ္ရွိလိမ့္မယ္။

"ဒါငါ့အမွားပဲ။ "
က်ိဳးယြင္ရွန္႕က သူ႕လက္ကို မလႈပ္ပဲ ေျပာလိုက္တယ္။

" မဟုတ္တာ။ ဒါ ကြ်န္ေတာ္တုိ႕ဘက္က စမွားတာပါ။ ကြ်န္ေတာ္ သူတုိ႕ကို ေကာင္းေကာင္း မသင္ႀကားထားမိလုိ႕ အခုလို ျဖစ္ရတာပါ။ ဒါေႀကာင့္ ဒီ ၀ိုင္တစ္ခြက္နဲ႕ ကြ်န္ေတာ္တို႕ဘက္က အမွားကို စိတ္ရင္းနဲ႕ ေတာင္းပန္ပါတယ္။ ယု သခင္ႀကီး လက္ခံေပးပါ။ "

ယြန္ခြန္ဖုန္းက ေတာင္ပိုင္း နယ္စပ္တေလွ်ာက္မွာ တပ္စြဲထားေပမယ့္ သူက ဘာမွ မသိတဲ့ လူမ်ိဳး မဟုတ္ဘူး။ သူ႕ေရွ႕က လူက လိုအပ္သလုိ အလြယ္တကူ တိမ္းညြတ္နုိင္တယ္ဆိုတာကို ေကာင္းေကာင္းနားလည္တယ္။ ဒါေႀကာင့္သူက ၀ိုင္တခြက္ကို တစ္စက္မက်န္ ေမာ့ေသာက္လိုက္ျပီး ေလးစားမႈျပတဲ့အေနနဲ႕ ခြက္ကို ေမွာက္ျပလိုက္တယ္။
က်ိဳးယြင္ရွန္႕လည္း သူ႕လက္ထဲက ၀ိုင္အရက္ကို ေျမွာက္ျပီး ေမာ့ေသာက္လိုက္တယ္။ သူ႕ရဲ႕ ေရႊေရာင္သန္းတဲ့ မက္မံုပြင့္မ်က္၀န္းေတြက ထူးထူးျခားျခားေတာက္ပျပီး ျမင္သူကို တိမး္ညႊတ္ေအာင္ ဆြဲေဆာင္နုိင္စြမ္းရွိလုိ႕ ဒီ မ်က္၀န္းအလွကို ယြန္ခြန္ဖုန္း အံ့အားသင့္ျပီး ေငးႀကည့္ေနမိတယ္။
က်န္းခ်န္ရန္ေျပာတဲ့ နတ္ဆိုးဂိုဏ္းရဲ႕ အရွင္သခင္က ထူးျခားတဲ့ လူတစ္ေယာက္ျဖစ္မယ္လုိ႕ ေမွ်ာ္လင့္ခဲ့ေပမယ့္ အခုလို လွပတဲ့ မ်က္နွာနဲ႕ ေအးေဆးတဲ့ အသြင္ျပင္က သူ႕လို ေတာင္ပိုင္းစစ္ဘုရင္ဆိုတဲ့ လူကိုေတာင္ အခုခံနုိင္ေအာင္ ဆြဲအားျပင္းထန္လွတယ္။

တဖက္လူက သူ႕ကို ဘာေျပာလိုက္တယ္ဆိုတာ ေထြေထြထူးထူးမေတြးမိေပမယ့္ ရုတ္တရက္ သူ ယံုႀကည္စိတ္ေတြ ၀င္လာတယ္။

" သခင္ယုက ကြ်န္ေတာ့္ကို ကူညီဖို႕ လာတယ္ဆိုေတာ့ ဘယ္ကေန လာခဲ့တာလဲ..."
"  ဒါက ဇာတ္လမ္းရွည္ႀကီးတစ္ပုဒ္ပါ။ ခံုမွ ထုိင္ျပီး တစ္ဖက္သတ္စကားကို နားေထာင္တာထက္ လူကိုယ္တုိင္ လိုက္ႀကည့္တာ ပိုေကာင္းပါတယ္။ "
သူေမးလိုက္တဲ့အခါ က်ိဳးယြင္ရွန္႕က ၀ိုင္အိုးကို ခ်လိုက္ျပီး သူ႕နူတ္ခမ္းက ေအးခ်မ္းတဲ့ အျပံုးနဲ႕ ေျပာလုိက္တယ္။

===================
FOD Extra 2 _ Chapter (7) - Yu Cang Hai

ဒီလူငယ်ကိုစွန့်ခွာပြီးသွားရင် စိတ်နှလုံး ညှိုးနွမ်းခြင်းတွေက အလျင်မြန် သက်သာပျောက်ကင်းသွားလိမ့်မယ်လို့ ဇီရွှမ် ထင်ခဲ့တယ်။ ဒါပေမယ့် နာကျင်နေတဲ့ နှလုံးသားက သူမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို ပြသနေတယ်။ ဇီရွှမ်သွားနေတဲ့ ခြေလှမ်းတွေ နှေးကွေးသွားပြီး နောက်ဆုံး ကျောက်တုံးကြီးပေါ်မှာ ထိုင်ချလိုက်တယ်။ သူက ခြေနှစ်ချောင်းကို တင်ပျဉ်ခွေအနေထားနဲ့ ယှက်ထိုင်လိုက်ပြီး ဗုဒ္ဓဒေသနာများ ကို ရွတ်ဖတ်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်တယ်။ ဒါပေမယ့် သူ့ရင်ထဲက နာကျင်လွန်းလို့ ဒဏ်ရာကြီးရနေပြီး သွေးတစ်စက်စက်ကျနေသလို ခံစားနေရတယ်။ သူ့ရဲ့ ရွတ်ဖတ်မှုနှုန်းက နှေးကွေးလာပြီး သူ့အတွေးတွေ ရှုပ်ထွေးစပြုလာတယ်။ နှစ်ကြိမ်ရွတ်ပြီးနောက်ပိုင်း သူ ဆက်မရွတ်နိုင်တော့ဘူး။ သူက ဘာမှ မစဉ်းထားပဲ လမ်းပေါ်မှာ ရှိနေသင့်တယ်လို့ ခံစားလာရတယ်။

အဲ့ဒီအချိန် သူ့လက်ထဲက အနီရောင်တောက်တောက် ရင့်မှည့်နေတဲ့ သစ်သီးက လွတ်ကျသွားပြီး ကျောက်တုံးပေါ်ကျလို့ ကွဲသွားခဲ့တယ်။ ဒီအသီးက ဟို လူငယ်လေးအတွက် သူ ယူလာပေးတဲ့ ညစာဖြစ်တယ်။ သူ ထွက်ခွာလာတော့ အဲ့ ကောင်လေးကို ပေးဖို့ မေ့လာခဲ့တယ်။

အဲ့ဒီလူငယ်လေးက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက အဝတ်ကောင်းတွေ ဝတ်ဆင်ခဲ့ရတယ်။ ဘယ်တုန်းကမှ ခက်ခဲတဲ့ ဘဝမှာ မနေခဲ့ရပဲ သူ့ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာအားလုံးကို သူများက လုပ်ပေးတာကိုပဲ ခံယူခဲ့တယ်။ အခု သူတစ်ယောက်တည်း တောကြီးထဲရောက်နေတဲ့အခါ ဘယ်အသီးက စားလို့ရတယ်။ ဘယ်အသီးက အဆိပ်ပါပြီး စားလို့မရဘူးဆိုတာ သူ ဘယ်လိုသိနိုင်ပ့ါမလဲ။ သူက သူ့ကိုယ်သူ ဂရုစိုက်နိုင်တယ်လို့ ပြောခဲ့ပေမယ့် ဒါက မုသားစကားတွေပဲ မဟုတ်လား။ သူမပါပဲ ဒီလူငယ်လေးက အလယ်ပိုင်းပြည်မလွင်ပြင်ကို ဘာပြသနာမှ မဖြစ်ပဲ ရောက်အောင် သွားနိုင်ပါ့မလား။

သူစားဖို့ အစာကို သူရှာနိုင်ပါ့မလား။ သူ့မှာ ငွေလည်းမရှိဘူး။ သူ မြို့တမြို့ကို ဖြတ်သန်းသွားရင်တောင် သူလိုချင်တာ ဘယ်လို ဝယ်လို့ရနိုင်ပါ့မလဲ။ ဇီရွှမ်ရဲ့ စိတ်ထဲ ကောင်လေးနဲ့ပတ်သတ်တဲ့ အတွေးတွေ တဝဲလည်လည်ဖြစ်နေပြီး ဘယ်လိုမှ စိတ်ထဲက မထုတ်နိုင်အောင်ဖြစ်နေမိတယ်။ ဇီရွှမ်က ကျောက်တုံးပေါ်က ခုန်ချလိုက်ပြီး ဟို ကောင်လေးရှိတဲ့ဆီကို နောက်ပြန်လှည့်သွားချင်စိတ်ကို မနည်းအောင့်အီးပြီး ရှေ့ကို နှစ်ရက်လောက် အဆက်မပြတ်ခရီးဆက်ခဲ့ရင်းနောက်ဆုံး စည်ကားမြို့ကြီးတစ်မြို့ကို ရောက်ရှိလာခဲ့တယ်။


ဇီရွှမ်က အစာခြောက်တွေကို ဝယ်ဖို့ ကုန်စုံဆိုင်တစ်ဆိုင်ကို သွားပြီးနောက် တည်းခိုခန်းတစ်ခုမှာ နားဖို့ ငွေစအနည်းငယ်ကို သုံးလိုက်တယ်။ တကယ်လို့ ဟိုလူငယ်လေးသာရှိနေရင် သူ ဒီလို ညစ်ပတ်တဲ့ ဈေးပေါတဲ့ အခန်းကို တည်းမှာ မဟုတ်ဘူး။ ဇီရွှမ်က အိပ်ယာကို သန့်ရှင်းနေတုန်း တည်းခိုခန်းက ဝန်ထမ်းက ရေပူတွေ ယူလာပေးတယ်။

ဇီရွှမ်က လျှော်စရာတွေကို ထုတ်လိုက်ချိန်မှာ အဖြူဆွတ်ဆွတ် ဘုန်းကြီးဝတ်ရုံက အထုပ်ထဲ ရှိနေတာကို တွေ့လိုက်ရတယ်။ ဇီရွှမ်က ဒီအဝတ်ကို အမှတ်တမဲ့နဲ့ မယူပြီး နမ်းရှုပ်လိုက်ပြီးချိန် သူ သတိဝင်လာပြီး ထိတ်လန့်သွားခဲ့ တယ်။ သူ့မငြိမ်မသက်ဖြစ်နေတဲ့ စိတ်ကို ထိန်းနိုင်ဖို့ ဇီရွှမ်က ရေဗူးကို မပြီး ပါးစပ်နဲ့တေ့ပြီး တရှိန်ထိုးမော့သောက်လိုက်ချိန်မှာ နတ်ဆိုးဂိုဏ်းချုပ် လူငယ်လေး ရေမော့သောက်တာကို ပြန်မြင်ယောင်လာတယ်။ အဲ့နေ့ ဒီလူငယ်လေးက သစ်ပင်ကို လက်တစ်ဖက်က ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ရေဗူးကို မော့ပြီး တရှိန်ထိုးမော့သောက်နေခဲ့တယ်။ သူ့ရဲ့ သွေးရောင်ရဲနေတဲ့ မျက်ဝန်းလေးက အရောင်လဲ့နေပြီး ရေစက်တစ်ချို့က လူငယ်လေးရဲ့ နူတ်ခမ်းထောင့်ကနေ အဝတ်စားကြား ရင်ဘတ်ထဲ စီးဝင်သွားတာကို ပြန်မြင်ယောင်လာခဲ့တယ်။

ဒီလူငယ်လေးရဲ့ အထိန်းကွပ်မဲ့ လုပ်ကိုင်တတ်ပုံ၊ လွတ်လပ်စွာ ပြောဆိုတတ်ပုံကို အခုထိ သူ ပြတ်ပြတ်သားသား မြင်ယောင်နေဆဲဖြစ်တယ်။ ဒီလူငယ်လေးရဲ့ အပြုံး၊ စကားနဲ့ လုပ်ရှားမှုတွေကို ဇီရွှမ် လုံးဝမမေ့နိုင်သေးဘူး။ ဇီရွှမ်က ဒီလူငယ်လေးကို သတိရ တောင့်တတဲ့စိတ်ကို လျော့စေချင်ပေမယ့် ဆန့်ကျင်ဘက်ပဲ ဒီ လူငယ်လေးနဲ့ ပိုဝေးလေလေ၊ သူ့ရဲ့ တနေ့တာ စားချိန်၊ လမ်းလျှောက်ချိန်၊ တွေးတောနေချိန်မှာ ဒီလူငယ်လေးအကြောင်းကို ရုတ်တရက် ပိုပို စဉ်းစားမိနေလေဖြစ်တယ်။ ဇီရွှမ် ဘာပဲလုပ်လုပ် ဒီလူငယ်လေးအကြောင်းကိုပြန်တွေးနေမိတယ်။ သူ့ရုပ်သွင်ကို ပြန်လည်မြင်ယောင်နေမိတယ်။

ဇီရွှမ် သည် ပြန်လည်ဆင်ခြင်ပြီးနောက် သူ အလျှင်မြန်ဆုံးနှုန်းနဲ့ အပြေးလာခဲ့တယ်။ သူက မြို့တံခါးကနေထွက်သွားလိုက်တာနဲ့ တပြိုက်နက် ခေါင်းနဲ့ မျက်နှာကို အဝတ်တစ်ခုနဲ့ ဖုံးလိုက်ပြီး ရထားလုံးထဲ ထိုင်နေပြီး လူတကာထက် စင်ကြယ်ပြီး လှပတဲ့ အနက်ရောင် ဝတ်စုံနဲ့ လူရွယ်ကို မထင်မှတ်ပဲ တွေ့တော့ စိုက်ကြည့်နေမိတယ်။ ဇီရွှမ် က အသက်ရှုဖို့မေ့သွားလောက်အောင် ဖြစ်သွားတယ်။ ဇီရွှမ်က ဒီလူငယ်လေးရှေ့ကို ထွက်မလာရဲဘူး။ သူ့ကြောင့် ဒီလူငယ်လေး စိတ်ရှုပ်သွားမှာကို မလိုလားဘူး။

ဘုန်းတော်ကြီးထွက်ခွာသွားပြီးနောက် ပိယွင်ကျေးရွာက သူသတ်ထားတဲ့ လူတစ်စုဆီက  ပစ္စည်းများစွာကိုရှာဖွေပြီး သူ့ကိုအလယ်ပိုင်းလွင်ပြင်ကို လိုက်ပို့ဖို့ လမ်းပြတစ်ယောက်ကို ကျိုးယွင်ရှန့် ဌားလိုက်တယ်။ လမ်းခရီးမှာ သူ့ကို ဘယ်သူမှ မခြိမ်းခြောက်နိုင်ဘူး။ လမ်းမှာ သူစားသမျှ အစာအားလုံးက အသား၊ငါးတွေပဲဖြစ်တယ်။ ဒါကြောင့် သူ့အစာအိမ်က အဆီတွေနဲ့ပြည့်နေသလို ခံစားလိုက်ရတယ်။ သူက မြို့တစ်မြို့ကိုရောက်တော့ ကိုယ်လက်သန့်စင်ချင်လို့ တည်းခိုခန်းတစ်ခုမှာ အခန်းယူပြီး သူ့လမ်းပြကို အေးဆေးနားဖို့ ကျိုးယွင်ရှန့်ပြောလိုက်တယ်။ လမ်းပြက သူစားဖို့ ဝိုင်နဲ့ အစားသောက်ကို ပြင်ဆင်ပေးပြီး အနားယူဖို့ ထွက်သွားတယ်။

ဇီရွှမ်က ဒီလူငယ်လေးနောက်ကို တိတ်တဆိတ်လိုက်လာခဲ့တယ်။ လူငယ်လေးက အဖြူရောင် ဘုန်းကြီးဝတ်ရုံကိုချွတ်ပြီး အနက်ရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားတယ်။ ကျိုးယွင်ရှန့်က ရေချိုးဖို့ သူ့ကိုယ်ပေါ်က အဝတ်တွေကို တလွှာခြင်း ချွတ်လိုက်ချိန်မှာ ဇီရွှမ် ဆောက်တည်ရာမဲ့ မျက်လုံးကို မှိတ်လိုက်မိတယ်။ အစက ဒီလူငယ်လေးက သူ့ကိုယ်သူ ဂရုမစိုက်နိုင်ဘူးလို့ ထင်ထားပေမယ့် သူ့အထင်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ပိုမိုကောင်းမွန်ပုံရပြီး လူငယ်လေးရဲ့ ခန္ဓာကိုယ် က အားပြည့်လာပုံရပြီး ရွှေရောင်သမ်းတဲ့ မျက်ဝန်းတွေက တောက်ပလို့ အရင်ကထက်တောင် လှပြီး ဆွဲဆောင်အားပြင်းနေသလို ခံစားလိုက်ရတယ်။ လူငယ်လေးရဲ့ အခန်းထဲက စားပွဲပေါ်မှာ ပြင်ဆင်ထားတဲ့ အစားစာကို ကြည့်ပြီး ဒီလူငယ်လေးက အသားနဲ့ဝိုင်ကို ကြိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ဒါဆို သူနဲ့ အတူရှိတဲ့ ဆယ်ရက်တာ ကာလအတွင်း သက်သက်လွတ်ချည်းစားနေခဲ့ရပြီး သူ့ခမျာ အသားတွေ ငတ်နေတာကို သိပြီး စိတ်မကောင်းဖြစ်သွားတယ်။

ဇီရွှမ်က ကျိုးယွင်ရှန့် အဝတ်စချွတ်လိုက်ချိန်မှာ မျက်လုံးမှိတ်လိုက်ပေမယ့် သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ အဝတ်ကို တလွှာခြင်း ချွတ်ချလိုက်တာကို အငမ်းမရ  လောဘတကြီးစိုက်ကြည့်နေမိတော့တယ်။ ဒါပေမယ့် လူငယ်လေးက ရေချိုးခန်းထဲ ဝင်သွားတော့သူ ဘာကိုမှ မတွေ့လိုက်ရတော့ဘူး။ ဇီရွှမ်က တရားတော်တွေကို ရွတ်ဖို့မေ့နေတယ်။ ရွတ်လည်း သူ့ရဲ့ ယိုင်လဲပြီး ပြိုကျနေတဲ့ စိတ်တွေကို ဘာမှ မသက်ရောက်စေတော့ဘူးဆိုတာ သိလို့ ရွတ်ဖို့လည်း မကြိုးစားတော့ဘူး။ ဒါကြောင့် သူ့အတွင်းအားတွေကို သုံးပြီးတော့ ဗရမ်းဗတာ အရူးအမူး ခုန်နေတဲ့ စိတ်ကိုပဲ ထိန်းနေတော့တယ်။



ကျိုးယွင်ရှန့်က ရေချိုးစည်ထဲမှာ လက်သီးနဲ့နူတ်ခမ်းကို ကွယ်ပြီး တိတ်တိတ်လေး ရယ်မောနေတယ်။ သူက ဇီရွှမ်ထက် သိုင်းပညာမြင့်မားတဲ့သူပဲ၊ ဇီရွှမ်နောက်က လိုက်တာကို မသိပဲနေမလား။ သူ ပြန်လာမယ်ဆိုတာ သိပေမယ့် ခုလောက်  မြန်မြန် ပြန်လာမယ်လို့တော့မထင်ထားမိဘူး။ သူ့ချစ်သူက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ။
ကျိုးယွင်ရှန့်က ရေချိုးသန့်စင်ပြီးနောက် သန့်ရှင်းနွေးထွေးတဲ့ အိပ်ယာထက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မော ကျသွားတော့တယ်။ ကျိုးယွင်ရှန့်က အဲ့ဒီမြို့က ထွက်ပြီး တောင်ပိုင်း စစ်ဖြစ်နေတဲ့ နယ်စပ်ကို ဦးတည်ထွက်လာခဲ့တယ်။
 
ဇီရွှမ်က ကျိုးယွင်ရှန့်နောက်ကို တောက်လျှောက်လိုက်နေခဲ့တယ်။ တစ်ယောက်ယောက်က ကျိုးယွင်ရှန့်ကို သတ်ဖို့ကြိုးစားရင် သူက လျှို့ဝှက်စွာ မောင်းထုတ်လိုက်ပြီး အဲ့ဒီလူငယ်လေးရဲ့ လက်ကို ထပ်ပြီး သွေးမစွန်းအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ အချိန်ကြာသွားတာနဲ့အမျှ ဘုန်းကြီးဇီရွှမ်က နတ်ဆိုးဂိုဏ်းချုပ်နဲ့ ပူးပေါင်းသွားပြီဆိုတဲ့ ကောလဟာလ ပျံ့နှံ့သွားခဲ့တယ်။ ဘယ်တော့မှာ ဂိုဏ်းက မထွက်တဲ့ ဆရာသခင် Zhishen တောင် ဒီသတင်းတွေကြောင့် ငြိမ်ငြိမ်နေနို်င်တော့ပဲ ဂိုဏ်းထဲက အခြား လေးစားရလောက်တဲ့ အကြီးကဲ တချို့ကို စေလွှတ်ပြီး ဇီရွှမ်ကို  ဆက်သွယ် လိုက်ရှာစေတော့တယ်။

ကျိုးယွင်ရှန့်က တောင်ပိုင်းမှာ လူတချို့ကို သွားရှာပြီး မကြာခင် ဒီလူတွေက လူသေအလောင်းတွေဖြစ်လာတယ်။ သူက တည်းခိုခန်းတစ်ခုမှာ တည်းခိုနေပြီး ညရောက်တော့ ဝတ်စုံနက်လဲပြီး တိတ်တဆိတ်နဲ့ ပြည့်တန်ဆာအိမ်ကို ခိုးကြောင်ခိုးဝှက် လာခဲ့တယ်။ ဇီရွှမ်က ပြည့်တန်ဆာအိမ်အပြင်ဘက်က မှောင်မည်းနေတဲ့ လမ်းကြားထဲ ဝင်လာပြီး ဝိုင်နီရနံ့လွှမ်းနေတဲ့ အစိမ်းရောင်မီးပုံးထွန်းထားတဲ့ နေရာကို စိုက်ကြည့်ရင်း မြင်ကွင်းတချို့ သူ့အာရုံထဲ ဝင်လာပြီး သူ့ရင်တွေ တင်းကျပ်လာပြီး စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲတဲ့ ခံစားချက်တွေဖြစ်ပေါ်လာတယ်။

ပြည့်တန်ဆာအိမ်မှာအမျိုးသားတွေဘာလုပ်ကြမလဲ စိတ်သက်သာရာရှာဖို့ သောက်နေကြမလား။ ဒါမှမဟုတ် မိန်းကလေး တစ်ယောက်ကို ရှာနေမလား။ အဲ့ဒီလူငယ်လေးက မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ပြီး အိပ်ယာထက်မှာ အတူတူလှိမ့်နေတာကို သူ ဘယ်နည်းနဲ့မှ မြင်တွေ့ရမှာ မဟုတ်ဘူးလို့ တွေးပြီး သူ့စိတ်တွေကို ဖြေသိမ့်နေတယ်။ ဒါပေမယ့် မကြာခင်မှာ သူက မီးပုံထဲ ကျရောက်နေသူလို့ ခံစားလာရပြီး သူ့နှလုံးသားအောက်ခြေက လောင်ကျွမ်းတဲ့ မီးတွေက သူ့မျက်ဝန်းထဲ လာဟပ်နေသလို ခံစားလိုက်ရတယ်။ သူက လောင်ချိုင့်ထဲ မိနေတဲ့ သားရဲတိရိစ္ဆာန်ကြီးလို မျက်လုံးတွေ တဖြည်းဖြည်းနီလာပြီး အသက်ရှုရကြပ်လာတယ်။

ကျိုးယွင်ရှန့်က အပြင်ဘက်က အန္တာရယ်များ နဲ့ ဇီရွှမ်ရဲ့ စိတ်နှလုံးပူဆွေးနေတာကို မသိပါ။  ကျိုးယွင်ရှန့်က ခေါင်မိုးပေါ် ခုန်တက်လိုက်ပြီး အပေါ်က စစ်သားအစောင့်တွေကို ရှင်းလိုက်တယ်။ ရေမွှေးနံ့ဖုံးနေတဲ့ ဒီအဆောက်ဦးရှေ့မှာ စစ်သားတစ်စု စောင့်ကြပ်နေတာ သူ တွေ့ခဲ့ပြီးဖြစ်တယ်။ ကျိုးယွင်ရှန့်က လေပေါ်ကအနေ အသာယာ ခုန်ဆင်းလိုက်ပြီး လက်ချောင်းဖျားနဲ့ တံခါးကို ဖွင့်ပြီး အခန်းထဲကို ခန့်ညားထည်ဝါစွာ ဝင်လာလိုက်တယ်။

သာယာတဲ့ တေးတူရိယာသံများနှင့် အမွှေးကြိုင်နံ့များ ပြည့်နှက်နေသည့် အခန်းက နူးညံ့သိမ်မွေ့ပြီး စိတ်ကို ဆွဲဆောင်နိုင်စေသည်။ အခန်းထဲရှိ အရာရှိလူကြီးလူကောင်းများစွာသည် လူတယောက်ဝင်လာသည်ကို တွေ့သော် မကြည်မသာနှင့် သူတို့လက်မောင်းကြားထွေးပွေ့ထားသည့် မိန်းမလှလေးများကို တွန်းဖယ်ကာ ဓါးကိုယ်ဆီကိုင်ဆွဲကာ မေးလိုက်သည်။


"  မင်းဘယ်သူလဲ? ဒီအခန်းထဲကို ဝင်လာတာ ဘယ်သူ့ကို စော်ကားရာကျတယ်ဆိုတာ မင်းသိရဲ့လား။ "
"   ခင်ဗျား ဘယ်သူလဲဆိုတာ သိလို့ ဒီကို လာတွေ့တာပေါ့ဗျာ  "

အခန်းထဲတွင်ရှိသည့် အကြီးကဲသည် ချောမောလှပသည့် အမျိုးသားလေး ကျိုးယွင်ရှန့်က မလှုပ်မရှားရပ်နေတာကို တွေ့တော့ ပြုံးလိုက်သည်။ အကြီးကဲ ယောကျာ်းက အိပ်ယာပေါ်မှာ လှဲနေပြီး သူ့လက်မောင်းကြားမှာ မိန်းမလှလေးကို ပွေ့ဖက်ထားတယ်။ အခြား မိန်းမလှလေး တစ်ယောက်က သူ့ကို အနောက်ဘက်မှ ဖက်ပြီး နားရွက်ဖျားကို လျှာနှင့် လျက်နေသည်။


မိန်းကလေးတွေက မမျှော်လင့်တဲ့ ဧည့်သည်တစ်ယောက် လာရောက်နှောက်ယှက်နေပေမယ့် နည်းနည်းမှ မတုန်လှုပ်ပဲ သူလို့ လုပ်နေတာကို မရပ်လိုက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဖက်ထားတဲ့ အမျိုးသားကို ဒေါသထွက်အောင် လုပ်မိတဲ့သူက သေခြင်းတရားနဲ့ပဲ အဆုံးသတ်ရမယ်ဆိုတာ သိနေလို့ပဲ။

အိပ်ယာထက်က အမျိုးသားက တောင်ပိုင်းဘုရင် အနာဂါတ် တရှာပြည်ကြီးရဲ့ အင်ပါယာအရှင်အသစ်ဖြစ်တယ်။ သူက လူတစ်ယောက်တည်းနဲ့ ထောင်ချီတဲ့ စစ်တပ်တွေနဲ့ မြင်းတွေကို ဘယ်လိုဖြတ်သန်းလာနိုင်သလဲဆိုတာ တွေးနေတယ်။ ဒီ ရီဟွန်းရင်ပြင်မှာ သူတို့ကို လျှို့ဝှက်စောင့်ကြပ်နေတဲ့သူတွေနဲ့ ပြည့်နှက်နေတယ်။ ဒါတောင် ဒီလူ ဝင်လာတာကို သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က မသိဘူးဆိုတော့ သူ့ကိုလုပ်ကြံချင်ရင် အလွယ်လေး သတ်ဖြတ်သွားနိုင်တာပဲ။ ဒီလူရဲ့ ပုံစံက အေးဆေးတဲ့ပုံဖြစ်နေပေမယ့် သူ့ရင်ထဲမှာ ကြောက်ရွံ့စိုးထိတ်မှုက တိတ်တဆိတ်ဝင်လာပြီဖြစ်တယ်။

သူခရီးသွားတိုင်းသူ သူနှင့်အတူရဲစွမ်းသတ္တိရှိတဲ့ လျှို့ဝှက်အစောင့်တစ်ရာခန့်နဲ့ အတူသွားတယ်။  သို့သော်အနက်ရောင်ဝတ်စုံနဲ့ လူက အခန်းထဲကို အလွယ်တကူ ဝင်လာနိုင်တယ်။ နှစ်ပေါင်းများစွာကတည်းက သူယုံကြည်ရတဲ့ သက်တော်စောင့် လျှို့ဝှက်အစောင့်တွေက သူ့ကို မတားဆီးနိုင်ဘူး။ ဒီလူနဲ့တိုက်ခိုက်ရင် သူ့လျှို့ဝှက်စစ်သည်တော်တွေ အသက်ဆုံးရှုံးဖို့များတယ်။
 
အရင်က သူ့လျှို့ဝှက် အစောင့်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ပြည်မလွင်ပြင်ရဲ့ပထမဆိုတဲ့ ဘုန်းတော်ကြီးဇီရွှမ်နဲ့ ရင်ဆိုင်ရရင် သူတောင် အသက်ဆုံးရှုံးနိုင်တယ်။ အခု ဒီလူက သူ့ကို ရင်းနှီးတဲ့ အမူယာပြတယ်ဆိုတော့ သူက ဇီရွှမ်ထက် အစွမ်းထက်တဲ့ လူဖြစ်နိုင်တယ်။ တောင်ပိုင်းစစ်ဘုရင်က ကျိုးယွင်ရှန့်ဘယ်သူဖြစ်တယ်ဆိုတာ စဉ်းစားနေရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
 

"မင်းက ငါ့ရဲ့ ဧည့်သည်ပါ။ မင်းဘာလို့ထိုင်ပြီးထိုင်ပြီးငါနဲ့မသောက်တာလဲ" ဟုပြောလိုက်သည်။

"ကောင်းပြီ။ ယွန်ခွန်းဖုန်းရဲ့ဝိုင်ဟာ သဘာဝအတိုင်း ပြုလုပ်ထားပြီး အရသာအကောင်းဆုံးလို့ ဆိုပေမယ့် ဒီထိုင်ခုံမှာ ထိုင်သောက်ဖို့က လေးစားရာ မရောက်ဘူး။"
ကျိုးယွင်ရှန့်က ထိုင်ချလိုက်ပြီး ရွှေဓါးကို ချပြီး ဝိုင်အိုးကို မပြီး အိုးလိုက်မော့သောက်လိုက်တယ်။


လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဆိုးဆိုးရွားရွားဒဏ်ရာရခဲ့ပါတယ်။ သူ့အသက်ကိုကြာကြာမထိန်းသိမ်းနိုင်ခဲ့ပါဘူး ။ ထိုလူကိုမည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းသောအခါ ယွန်ခွန်းဖုန်းက ပို၍ သတိကြီးစွာထားခဲ့တယ်။ ယွီချန်းဟိုင်က  ပြည်မက မိသားစု ခုနှစ်ခုကို ဖျက်ဆီးခဲ့တယ်။ ဒါက သူနဲ့ ဘာမှ မသက်ဆိုင်သလို သူ့အတွက် ဘာအကျိုးမှ မရှိဘူး။ သူ့ရဲ့ သွေးသောက်ညီတော် ကျန်းချန်ရန်ရဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းကို ဖမ်းဆီးသွားခဲ့လို့ ကျန်းချန်ရန်က ဒီဂိုဏ်းချူပ်ကို တိုက်ခိုက်ဖို့ လူသူတွေ စုစည်းခဲ့တယ်။ အဲ့ဒီအချိန် သူက မြောက်ပိုင်းနဲ့ တိုက်နေတာ မဟုတ်ခဲ့ဘူးဆိုရင် သူက သူ့သွေးသောက် ညီအစ်ကိုအတွက် တပ်ကူတွေကို ပို့ပေးလိုက်မှာ သေချာတယ်။ အခု ဒီလူ လာတာ သူ့ကို ကလဲ့စားချေဖို့များလား။

" မင်းက ကျုပ်တို့ ဂိုဏ်းသားတွေကို သတ်ဖြတ်တဲ့အထဲမှာ မပါခဲ့ရင် ကျုပ်က ခင်ဗျားကို မစိတ်ဆိုးဘူး။  "
ကျိုးယွင်ရှန့်က သူ့သံသယတွေကို ရှင်းအောင်လုပ်လိုက်ပြီး စားပွဲကို လက်ချောင်းထိပ်နဲ့ ညွှန်ပြပြီး ပြောလိုက်တယ်။

 " မင်းရဲ့ဘဝကိုကယ်တင်ဖို့ ငါဒီနေရာကို လာတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်မှာ မင်းဟာ လူသေတစ်ယောက်ဖြစ်နေမှာမို့ပဲ...."

"မင်းဘာ သောက်စကား ပြောတာလဲ။ စစ်ဘုရင်ကြီးက ယုံယုံ မယုံယုံ မင်းကို ငါ ဆရာသခင် လျှာဖြတ်ပစ်မယ်!"

 ယွန်ခွန်းဖုန်း နှင့်အတူလိုက်ပါလာခဲ့သည့်ဗိုလ်ချုပ်က ဓားကိုဆွဲထုတ်ပြီးသတ်ဖို့ လုပ်လိုက်တယ်။

ကျိုးယွင်ရှန့်က ကဲ့ရဲ့ရှုပ်ချတာကို မုန်းတီးတယ်။ ဒါကြောင့် သူ လက်တစ်ချက်လှုပ်လိုက်တာနဲ့ ဒီဆဲဆိုလိုက်တဲ့ စစ်ဗိုလ်ချုပ်က လဲပြိုကျပြီး မျက်လုံးတွေပိတ်လို့ ပါးစပ်က သွေးတွေ ထွက်နေတယ်။ စားသောက်ဆိုင်ထဲက အခြားလူတွေက ဝိုင်းကြည့်နေကြပေမယ့် ဘယ်သူမှ မလှုပ်ရှားရဲကြဘူး။ ဒီဗိုလ်ချုပ်ကြီးက တောင်ပိုင်းစစ်ဘုရင်ရဲ့ လက်အောက်က အတော်ဆုံး လူတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာကောင်းတဲ့အတွက်လည်း ကျော်ကြားတယ်။ ဒါပေမယ့် ဒီလိုလူတောင်မှ ယုချန်းဟိုင် (ကျိုးယွင်ရှန့်)ရဲ့ လက်ဖျား တစ်ချက် ခါလိုက်တာနဲ့တင် လဲပြိုကျသွားတယ်ဆိုတော့ ယုချန်းဟိုင်ရဲ့ ကိုယ်ခံပညာက သူတို့ ထင်ထားတာထက် အများကြီး သာလွန်တယ်ဆိုတာ စိတ်ပျက်ဖွယ်ရာ သိရှိလိုက်ကြတယ်။ အကယ်၍ သူကစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်အနီးဆုံးစစ်ဗိုလ်ချုပ်ကအန္တရာယ်ရှိလိမ့်မယ်။

"ဒါငါ့အမှားပဲ။ "
ကျိုးယွင်ရှန့်က သူ့လက်ကို မလှုပ်ပဲ ပြောလိုက်တယ်။

" မဟုတ်တာ။ ဒါ ကျွန်တော်တို့ဘက်က စမှားတာပါ။ ကျွန်တော် သူတို့ကို ကောင်းကောင်း မသင်ကြားထားမိလို့ အခုလို ဖြစ်ရတာပါ။ ဒါကြောင့် ဒီ ဝိုင်တစ်ခွက်နဲ့ ကျွန်တော်တို့ဘက်က အမှားကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ယု သခင်ကြီး လက်ခံပေးပါ။ "

ယွန်ခွန်ဖုန်းက တောင်ပိုင်း နယ်စပ်တလျှောက်မှာ တပ်စွဲထားပေမယ့် သူက ဘာမှ မသိတဲ့ လူမျိုး မဟုတ်ဘူး။ သူ့ရှေ့က လူက လိုအပ်သလို အလွယ်တကူ တိမ်းညွတ်နိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တယ်။ ဒါကြောင့်သူက ဝိုင်တခွက်ကို တစ်စက်မကျန် မော့သောက်လိုက်ပြီး လေးစားမှုပြတဲ့အနေနဲ့ ခွက်ကို မှောက်ပြလိုက်တယ်။
ကျိုးယွင်ရှန့်လည်း သူ့လက်ထဲက ဝိုင်အရက်ကို မြှောက်ပြီး မော့သောက်လိုက်တယ်။ သူ့ရဲ့ ရွှေရောင်သန်းတဲ့ မက်မုံပွင့်မျက်ဝန်းတွေက ထူးထူးခြားခြားတောက်ပပြီး မြင်သူကို တိမ်းညွှတ်အောင် ဆွဲဆောင်နိုင်စွမ်းရှိလို့ ဒီ မျက်ဝန်းအလှကို ယွန်ခွန်ဖုန်း အံ့အားသင့်ပြီး ငေးကြည့်နေမိတယ်။
ကျန်းချန်ရန်ပြောတဲ့ နတ်ဆိုးဂိုဏ်းရဲ့ အရှင်သခင်က ထူးခြားတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုလို လှပတဲ့ မျက်နှာနဲ့ အေးဆေးတဲ့ အသွင်ပြင်က သူ့လို တောင်ပိုင်းစစ်ဘုရင်ဆိုတဲ့ လူကိုတောင် အခုခံနိုင်အောင် ဆွဲအားပြင်းထန်လှတယ်။

တဖက်လူက သူ့ကို ဘာပြောလိုက်တယ်ဆိုတာ ထွေထွေထူးထူးမတွေးမိပေမယ့် ရုတ်တရက် သူ ယုံကြည်စိတ်တွေ ဝင်လာတယ်။

" သခင်ယုက ကျွန်တော့်ကို ကူညီဖို့ လာတယ်ဆိုတော့ ဘယ်ကနေ လာခဲ့တာလဲ..."
"  ဒါက ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါ။ ခုံမှ ထိုင်ပြီး တစ်ဖက်သတ်စကားကို နားထောင်တာထက် လူကိုယ်တိုင် လိုက်ကြည့်တာ ပိုကောင်းပါတယ်။ "
သူမေးလိုက်တဲ့အခါ ကျိုးယွင်ရှန့်က ဝိုင်အိုးကို ချလိုက်ပြီး သူ့နူတ်ခမ်းက အေးချမ်းတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

===================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now