FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet

2.6K 260 1
                                    

FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet

ေရွာင္အမ္းခြ်မ္ သည္ ခြန္း၏ စိ္တ္ထဲ ဘာျဖစ္ေနသည္ကို သတိမျပဳမိပဲ သူ႕အတြက္ သစ္လံုးအိမ္တလံုး ေဆာက္ေပးဦးမည္ ဟု ေျပာလိုက္ေသးသည္။

က်ိဳးယြင္ရွန္႕သည္ ဒရမ္မာကြက္မ်ားစြာပါသည့္ ဇာတ္လမ္းကိုႀကည့္ေနသူနွယ္ ထုိနွစ္ေယာက္ကို ႀကည့္ေနျပီး ခြန္းကို ကသိကေအာင့္ျဖစ္ေစရန္ ငါးရက္ဆက္တိုက္ ခရမ္းသီးဟင္းခ်က္ဖို႕ေျပာလိုက္သည္။ ေနာက္ဆံုးသူက ျခေသၤ့ႀကီးနွင့္ က်ားျဖဴ၏ အေမြးမ်ား ခရမ္းေရာင္သမ္းလာသည္အထိ ခရမ္းသီးဟင္းကို စားျပီးမွ အျခားအေျပာင္းလဲဟင္းစားခ်င္သည္ ဆုိျပီး ဟင္းေျပာင္းခ်က္ခိုင္းသည္။

ေရွာင္အမ္းခြ်မ္သည္ ထိုအခါမွ သက္ျပင္းခ်လိုက္ျပီး မိႈဟင္းခ်ိဳခ်က္ရန္ ေတာထဲကို မိႈရွာဖို႕ ဘုိင္ကို ေခၚျပီး ထြက္လာခဲ့သည္။ ဒီရက္ပိုင္း မိုးရြာသြန္းထားေသာေႀကာင့္ ေတာထဲတြင္မိႈမ်ား အျပိဳင္ဆိုင္ထြက္လို႕ေနသည္။ ေရွာင္အမ္းခြ်မ္က နတ္ဘုရားေလးရဲ႕ နူတ္ျမိန္ေစဖုိ႕ မိႈဟင္းခ်ဳိေကာင္းတခြက္ရေအာင္ ခ်က္ေပးရန္ဆံုးျဖတ္ျပီး စားေကာင္းသည့္ မိႈကို ေသခ်ာေရြးခ်ယ္ကာ နူတ္လာခဲ့သည္။ ဒီျဂိဳလ္က မိႈေတြက အရြယ္စားႀကီးမားသျဖင့္ သူတုိ႕အားလံုးလံုေလာက္စြာ စားနုိင္သည္အထိမႈိကို ရရွိခဲ့သည္။

ဘိုင္သည္ ဒီလူအုပ္က ခရမ္းေရာင္အသီးကို စားျပီး အဆိ္ပ္မိေသသည္အထိ ေစာင့္ေနေသာ္လည္း 6 ရက္ႀကာလာေပမယ့္ မေသသည့္အျပင္ သူတို႕ ခြန္အားပိုတိုးလာခဲ့သည္။ ခြန္းသည္ ငါးကင္ကို စားရင္း ေသခ်င္စိတ္ေပါက္ေနေပမယ့္ ေရွာင္အမ္းခြ်မ္ ေျပာတာ မွန္သည္ဆိုတာ ဝန္မခံခ်င္ေပ။ သို႕ေသာ္ ငါးကို ဘယ္ေလာက္စားေနေပမယ့္ သူ႕အေသြးအသား ထဲက အသားစားခ်င္သည့္စိတ္က ပိုတိုးလုိ႕လာခဲ့သည္။

ခြန္းသည့္ ေရွာင္အမ္းခြ်မ္ ေတာထဲက ဘာယူလာသလဲဆိုတာကို စိတ္ဝင္တစားနွင့္ႀကည့္လိုက္သည္။ အိတ္ထဲက မိႈေတြကို ေတြ႕ေတာ့ ခ်က္ခ်င္း အခုိင္မာေျပာလိုက္သည္။

" ဒီဟာေတြက အဆိ္ပ္ရွိတယ္။ စားလို႕မရဘူး။  ဒီဟာကိုစားမိတဲ့သူ ေသသြားတာကို ငါ့မ်က္လံုးနဲ႕ ေသခ်ာျမင္ဖူးခဲ့တယ္ "

" တခ်ိဳ႕မိႈေတြက အဆိပ္ရွိေပမယ့္ တခ်ဳိ႕က စားလို႕ရတယ္။ သူတို႕ကို ခူးတဲ့အခါ ေသခ်ာႀကည့္ျပီး ခူးဆြတ္ရင္ ဒီဟာကို ခြဲျခားရတာ မခက္ပါဘူး။ နတ္ဘုရားေလး...ကြ်န္ေတာ္က ေဆးဝါးကုသသူပါ။ ဘယ္ဟာကို စားရမလဲ၊ ဘယ္ဟာက မစားရဘူးလဲဆိုတာ  ကြ်န္ေတာ္ေကာင္းေကာင္းသိပါတယ္။ "

ေရွာင္အမ္းခြ်မ္က သူႀကိဳးစားခူးဆြတ္လာသည့္မိႈမ်ားကို နတ္ဘုရားေလး ပစ္လိုက္မည္ကို စိုးရိမ္ျပီး ေသခ်ာရွင္းျပေနလိုက္သည္။


"  သြားခ်က္ေတာ့ "

က်ိဳးယြင္ရွန္႕က တိုတိုတုတ္တုတ္ျဖင့္ ေရွာင္အမ္းခြ်မ္ရဲ႕စကားကို ယံုႀကည္ေႀကာင္းျပလိုက္သည္။

ခြန္းသည္ သူ႕စကားကို လ်စ္လ်ဴရႈသည့္အတြက္ မ်က္နွာကစိမ္းတလွည့္ျဖဴတလွည့္ျဖစ္သြားသည္။ ဒါေပမယ့္ သူတို႕ေသတာကို ျမင္ခ်င္သည့္ သူ႕ရည္ရြယ္ခ်က္ကို သတိရျပီး စိတ္သက္သာရာရသြားေတာ့သည္။


" သူက သူူတို႕အဆိပ္မိေသတာကို ျမင္ခ်င္တာ မဟုတ္လား။ ဘာေႀကာင့္ ေနာက္ထပ္ေျပာဖို႕ ႀကိဳးစားရမွာလဲ... "

ဒီလိုေတြးျပီး ခြန္းက ခပ္လွမ္းလွမ္းက သစ္လံုးအိမ္ကို ေငးႀကည့္ေနသည္။ သစ္လံုးအိ္္မ္ထဲတြင္ ငါးမန္းသားေရမ်ားနွင့္ ခင္းထားသည့္သည့္အျပင္ ေပါ့အိေသာ ေရျငိမ္မ်ားျဖင့္ ခင္းထားသျဖင့္ သန္႕ရွင္းေျခာက္ေသြ႕ျပီး ေလဝင္ေလထြက္လည္း ေကာင္းသည္။ သစ္လံုးအိမ္က သစ္ပင္ေပၚတြင္ရွိလုိ႕ ဖုန္မရွိပဲ ေလဝင္ေလထြက္လည္း ေကာင္းျပီး ေနေရာင္ျခည္ေႏြးေႏြးကို ခံစားရနုိ္င္သည္။ ခြန္း၏ဘဝတြင္ ဒီေလာက္ေကာင္းသည့္ေနရာကို မေနခဲ့ဖူးေပ။ ဒီဟာက အိပ္မက္လိုပဲ ခံစားေနရသည္။

သစ္လံုးအိမ္ထဲတြင္ ေရွာင္အမ္းခြ်မ္ လုပ္ထားသည့္ ခုတင္၊ စားပြဲ၊ ထိုင္ခံု၊ ေပါက္ဆိန္၊ ပန္းကန္လံုး၊ တူ စသည့္ ထူးျခားသည့္ အရာမ်ားကို သူတုိ႕မ်ိဳးႏြယ္ဆီ ျပန္သြားသည့္အခါ ယူသြားရန္ ေတြးေနသည္။ ေရွာင္အမ္းခြ်မ္ တီထြင္ဖန္တီးမႈတြင္ ေတာ္ေသာ္လည္း အဆိပ္နွင့္ ကစားတတ္သည္က အေတာ္ကို ဆိုးသည္ဟု ေတြးေနသည္။


က်ိဳးယြင္ရွန္႕နွင့္ ေရွာင္အမ္းခြ်မ္သည္ မိႈမ်ားကို အတူတူေဆးေႀကာေနျပီး စေနာက္ စကားေျပာေနသည္။ ေဘးတြင္ က်ားျဖဴနွင့္ ျခေသၤ့ႀကီးလည္း စိတ္ဝင္တစားနားေထာင္ေနသည္။ က်ိဳးယြင္ရွန္႕က ေရွာင္အမ္းခြ်မ္၏ ဒူးေခါင္းကို အသာယာ ပြတ္လိုက္ဟန္လုပ္ေတာ့ ျခေသၤ့ႀကီးက အိိပ္ခ်င္မူးတူးျဖစ္ေနရာမွ မ်က္လုံုးျပဴးလာျပီး ခ်က္ခ်င္း အျမီးျဖင့္ က်ိဳးယြင္ရွန္႕၏ ခါးကို ရစ္ပတ္ကာ သူပိုင္ဆုိင္ေႀကာင္း ျပလိုက္သည္။ ဒီျမင္ကြင္းက အရမ္းကို ေႏြးေထြးျပီး ေဖာ္ျပလို႕ပင္မရေပ။

ခြန္းမွာ အက္ဒီနွင့္ အတူရွိေနခ်ိန္မွာ မိတ္လိုက္ေနတာမ်ားျပီး ခုလို တရင္းတနွီးမေနခဲ့ဖူးေပ။ ဒီျမင္ကြင္းကို ႀကည့္ျပီး ခြန္း၏ လည္ေခ်ာင္းထဲ တခုခုဆို႕လာသလို ခံစားလိုက္ရျပီး သူစားဖို႕ ငါးကင္ကိုသာ အျငိဳးတႀကီးနွင့္ ဖဲ့လိုက္ေတာ့သည္။

ဒီမႈိေတြက အဆိပ္အရမ္းျပင္းတယ္။ ပါးစပ္ထဲထည့္လိုက္တာနဲ႕ မိႈမခ်ရေသးခင္ အျမွဳပ္ထျပီး လဲက်ေသဆံုးသြားနုိ္င္တယ္။
ဒါေပမယ့္ မိႈဟင္းခ်က္လို႕ထြက္လာသည့္ အနံ႕က ခရမ္းသိီနွင့္ ခရမ္းခ်ဥ္သီး ခ်က္လို႕ထြက္လာတဲ့ အနံ႕ထက္ ပိုေမႊးေနမယ္လို႕ ခြန္းမေမွ်ာ္လင့္ထားမိေပ။ ခြန္းက လွ်ာကို ကို္က္ျပီး ေအာင့္ထားရလို႕ ေသြးေတာင္ ထြက္လာခဲ့တယ္။

ညစာစားေသာက္ႀကျပီး သူတို႕ သစ္လံုးအိမ္ေတြဆီကို အသီးသီးျပန္သြားေတာ့ ခြန္းက သစ္လံုးအိမ္ေအာက္ဘက္မွာ နားစြင့္ ေနလိုက္သည္။ ေရွာင္အမ္းခြ်မ္ နွင့္ က်ားျဖဴႀကီး၏ အိမ္ဘက္က တိတ္ဆိ္တ္ေနေပမယ့္ ျခေသၤ့ႀကီးနွင့္ နတ္ဘုရားေလး၏ သစ္လံုးအိမ္ဘက္မွ ေသြးႀကြစရာ ေအာ္ညည္းသံနွင့္ လႈပ္ရွားသံႀကမ္းႀကမ္းကို တညလံုးႀကားေနရသည္။ ဒီအသံက မိတ္လိုက္ရာမွ ထြက္လာသည့္ အသံဆိုတာ သိသျဖင့္ ခြန္းက သစ္လံုးအိမ္ေအာက္မွာ တညလံုး စိတ္ကို မနည္းခ်ဳပ္တည္းျပီး သူတုိ႕လဲက်ေသဆံုးမည့္ အခ်ိန္ကုိေစာင့္ေနရင္းမိုးသာ လင္းသြားခဲ့သည္။

ဒါဆိုရင္ မိႈတခ်ိဳ႕က စားလို႕ရတယ္လို႕ ေရွာင္အမ္းခြ်မ္ ေျပာတာ တကယ္မွန္ေနျပီလား။







 ေရွာင္အမ္းခြ်မ္ ေျပာသလို အခ်ိဳ႕မႈိမ်ားသည္ အဆိပ္ရွိေသာ္လည္း စားလုိ႕ရသည္ကို သိလိုက္သည္။ ခြန္း သည္  အမွားထပ္မံက်ဴးလြန္မိေၾကာင္း ဝန္ခံခဲ့သည္။ ေရွာင္အမ္းခြ်မ္ က လက္ေတြ႕က်က် ခ်က္ျပဳတ္ျပျပီး သူေျပာတာမွန္တယ္ဆို တာသက္ေသျပခဲ့တယ္၊ ဒါေပမယ့္ သူတို႕ ဘိုင္ယန္မ်ိဳးႏြယ္က လူေတြက ေရွာင္အမ္းခြ်မ္ကိုမယုံဘူး။

ငါးေျခာက္ႏွင့္သစ္သီးႏွင့္ဟင္းသီးဟင္း႐ြက္အမ်ိဳးမ်ိဳးရွိေသာ မီးဖိုေခ်ာင္ကိုၾကည့္လိုက္ေသာအခါ ခြန္း အလြန္စိတ္မသက္မသာ ျဖစ္မိသည္။  အခု ေရွာင္အမ္းခြ်မ္၏ဘဝသည္ အလြန္ေပ်ာ္႐ႊစရာေကာင္းျပီး  သက္ေသာင့္သက္သာရွိလွသည္။ သူ႕တြင္ စားစရာမ်ားစြာျဖင့္ ျပည့္စံုေနျပီး တကယ္လို႕ သူတို႕မ်ိဳးႏြယ္ကသာ ေရွာင္အမ္းခြ်မ္ ၏ စကားကို ယံုႀကည္လိုက္နာခဲ့လွ်င္ အခုဆိုလွ်င္ စားစရာအလွ်ံအပယ္ျဖစ္ေနမွာေသခ်ာသည္။


ကံေကာင္းေထာက္မစြာျဖင့္ ေရွာင္အမ္းခြ်မ္ က ဒီသားရိုင္းေကာင္ေတြနဲ႕ အတူေနထို္င္ေနျပီး  ဒီဗဟုသုတေတြကို ဒါဒါမိ်ဳးႏြယ္စုဆီကို မေပးခဲ့ေပ။ မဟုတ္လွ်င္ ဒါဒါမ်ိဳးႏြယ္စုက အခုထက္ ပိုအားေကာင္း သန္မာလာမွာေသခ်ာသည္။

ခြန္းသည္ ဦးေႏွာက္ကို အသုံးခ်၍ အဓိကအခ်က္မ်ားကိုခ်က္ခ်င္းစဥ္းစားနုိင္ခဲ့သည္။ အကယ္၍ ရွာမန္သည္ ဘာေႀကာင့္ ေရွာင္အမ္းခြ်မ္ ၏လွ်ာကိုျဖတ္ခ်င္ေၾကာင္း သူသိလွ်င္ သူက မွားယြင္းေသာ ေကာက္ခ်င္ကို ခ်မိမည္မဟုတ္ေပ။  ယခု သူသည္ ေရွာင္အမ္းခြ်မ္၏တန္ဖိုးကို စတင္သိရွိလာၿပီး သူ႕ကို ဘိုင္ယန္မ်ိဳးႏြယ္စုဆီကို ျပန္ေခၚသြားခ်င္လာသည္။


ဒါေႀကာင့္ အျခား ဘယ္သူမွ မရွိတဲ့အခ်ိန္မွာ ခြန္းက ေရွာင္အမ္းခြ်မ္ ကို သူနဲ႔ ျပန္လိုက္ခဲ့ဖို႕ အႀကိမ္ႀကိမ္ ဆြဲေဆာင္ေနသည္။

" ျပန္သြားရမယ္ ဟုတ္လား။ သူတို႕က မင္းကို စြန႔္ခြာၿပီး ေတာထဲမွာ ပစ္ထားခဲ့ျပီးတာကို မင္း ဘာေၾကာင့္ျပန္သြားခ်င္တာလဲ...."

 ေရွာင္အမ္းခြ်မ္ က မ်က္ခံုးေတြကို ပင့္ျပီးေမးလုိက္သည္။


"  ဘာေႀကာင့္လဲဆုိေတာ့ ဘိုင္ယန္လူမ်ိဳးစုေနရာက ငါ့အိမ္ျဖစ္လို႕ပဲ။ အဲ့ဒိီမွာ ငါ့မိသားစု၊ငါ့ခ်စ္သူေတြရွိတယ္။ ေရွာင္အမ္းခြ်မ္ မင္းက လူသားပါ။ လူသားဆိုတာ မ်ိဳးႏြယ္စုထဲက အျခားလူတစ္ေယာက္နဲ႕ အတူေနထိုင္ျပီး မိသားစုဘဝကို ထူေထာင္သင့္တယ္။ လူဆိုတာ သားရဲေတြနဲ႕ခ်ည္း တစ္သက္လံုးေနသြားလုိ႕မရဘူး။ အခု မင္း ဒီသားရဲေတြနဲ႕ေနတာ ေပ်ာ္ေနတယ္ဆိုေပမယ့္ ႀကာလာရင္ မင္းအထီးက်န္လာလိမ့္မယ္။ ဒါေႀကာင့္ ငါနဲ႕ ဘုိင္ယန္မ်ိဳးႏြယ္စုဆီကို ျပန္လိုက္ခဲ့ပါ။ "

ခြန္းကသူ႕ကို အစြမ္းကုန္ဆြဲေဆာင္ေတာ့သည္။ ေရွာင္အမ္းခြ်မ္သည္ခြန္းကို ႀကည့္ျပီး အံ့အားသင့္ေနသည္။ မထင္မွတ္ပဲ ခြန္းက ပညာရွိတစ္ဦးျဖစ္ေနသည္။ လူသားမ်ားသည္ သီးျခားေနလို႕မရ၊ အေပါင္းအေဖာ္မ်ားနွင့္ ေနတတ္သည့္ သူမ်ားျဖစ္သည္ ဆိုသည့္ အေတြးအေခၚကို မထင္မွတ္ပဲ ခြန္းက ေျပာခဲ့သည္။


ေရွာင္အမ္းခြ်မ္ သည္ တဖက္သားကုိ နက္နက္ရႈိင္းရႈိင္းၾကည့္ၿပီး ေျပာလိုက္သည္။

"ဒါဆိုလည္း သြားေတာ့။ မင္းရဲ႕ခရီး သာယာေအးခ်မ္းဖို႕ေမွ်ာ္လင့္ပါတယ္။ မင္း ျပန္က်န္းမာလာျပီဆိုေတာ့ ဘုိင္ယန္မ်ိဳးနြယ္က မင္းကို ျပန္လက္ခံမွာပါ။ ငါ့မွာ ျပန္လိုက္္ဖို႕ ဘိုင္ယန္မ်ိဳးႏြယ္မွာ သူငယ္ခ်င္း၊ မိတ္ေဆြ၊ ခ်စ္သူလည္း မရွိဘူး။ ငါ့ မိသားစုနဲ႕ခ်စ္သူက ဒီမွာပဲရွိတယ္။ ဒီမွာက လူနည္းစုျဖစ္ေပမယ့္ ငါ့အတြက္ အရာအားလံုး ျပည့္စံုလံုေလာက္ေနျပီ။ ငါတို႕က တစ္ေယာက္ကို တစ္ေယာက္ ကူညီတယ္။ ခ်စ္ခင္တယ္။ ငါ့အတြက္ ဘာမွ ထပ္မလိုေတာ့ဘူး...."

ေက်ာက္ရႊမ္၏ အႀကားအာလံုးသည္ ထက္ျမက္သျဖင့္ ေရွာင္အမ္းခြ်မ္၏ ဝန္ခံမႈကို မီတာတစ္ရာ အကြာကေတာင္ ႀကားခဲ့သည္။ ဒါေႀကာင့္ သူက ေဒါသတႀကီး ေတာတစ္ခုလံုး တဟုန္းဟုန္းျမည္သံေတြ ဆူညံေအာင္ ဟိန္းေဟာက္လိုက္သည္။ သူ႕ေျခသည္းေတြနွင့္ ေျမႀကီးကို ကုတ္ျခစ္ျပီး ဒီလူငယ္ေလးအပါအဝင္ အရာအားလံုး သူပိုင္ဆိုင္ေႀကာင္း ျပသခဲ့သည္။ သူ႕ရဲ႕အမူအယာက တဆင့္ သူ ဘယ္ေလာက္ ပိုင္ဆုိင္လိုစိတ္ျပင္းျပတယ္ဆိုတာ သိရွိနုိင္သည္။


ဘိုင္သည္ စိတ္မသက္မသာျဖင့္ လြတ္သည့္ေနရာတြင္ ပုန္းကာ ေနလိုက္သည္။ သူက က်ိဳးယြင္းရွန္႕ကို လွည့္ျပီး ေရွာင္အမ္းခြ်မ္ကို စိတ္ပူစြာနဲ႕ႀကည့္ကာ မ်က္လံုးထဲက မ်က္ရည္မ်ားစီးက်လာျပီး သနားစရာေကာင္းလွသည္။

က်ိဳးယြင္ရွန္႕သည္ မိုက္မဲေသာျခေသၤ့အေႀကာင္းကို ေကာင္းစြာသိသည္။ သူ႔မ်က္လုံးေတြကိုႀကည့္ျပီး သူေတြးေနတဲ့အရာကို မွန္းဆႏိုင္ခဲ့တယ္။  သူက႐ုတ္တရက္ အရမ္းေဒါသထြက္ၿပီးရယ္တယ္။ သူက တစ္ခ်က္ ကန္လိုက္ျပီး ေျပာလိုက္သည္။

" ဘာပံုစံနဲ႕ ကြ်န္ေတာ့္ကို ႀကည့္ေနတာလဲ။ ေရွာင္အမ္းခြ်မ္ ေျပာတဲ့ သူ႕ရည္းစားက ကြ်န္ေတာ္ မဟုတ္ဘူး။ ဘိုင္ကို ေျပာတာ။ "

ဘိုင္လား။ ေက်ာက္ရႊမ္က ဘိုင္ရွိတဲ့ဘက္ကို ေခါင္း ခ်ာခနဲလည္ႀကည့္လုိက္ျပီး နူတ္ဖ်ားမွာ ေအာ္ ဟုသာ ထြက္လာေတာ့သည္။ သူ႕ေဒါသတႀကီးအမူယာက ခ်က္ခ်င္း တည္ျငိမ္သြားေတာ့သည္။

ေက်ာက္ရႊမ္ အထင္မွားလည္းမွားခ်င္စရာေကာင္းေလာက္ေအာင္ ေရွာင္အမ္းခြ်မ္က သူ႕ခ်စ္သူေလး သြားေလရာကို အေနာက္က တေကာက္ေကာက္လိုက္ေနခဲ့သည္။ ေက်ာက္ရႊမ္ရဲ႕မ်က္နွာက မီးသိီးလို နီရဲသြားျပီး အရွက္ေျပ ေျမႀကီးကို လက္နဲ႕ကုတ္ေနေတာ့သည္။

ဘိုင္က မတြန႔္ဆုတ္ဘဲ ေလျပင္းတိုက္သလို ေနာက္ကို ေျပးသြားၿပီး ခြန္းကို သူ႔ေခါင္းနဲ႔တြန္းဖယ္ပစ္ၿပီး ေရွာင္အမ္းခြၽမ္ကို ေျမေပၚတြန္းလွဲၿပီး လွ်ာနဲ႔မ်က္ႏွာကို လ်က္လိုက္သည္။

 ေရွာင္အမ္းခြၽမ္သည္ ဘိုင္လွ်ာႏွင့္လ်က္သည္ကို ခံရင္း ေပ်ာ္႐ႊင္စြာရယ္ေနခဲ့သည္။ လူတစ္ ဦး ႏွင့္သားရဲတစ္ေကာင္၏ ခ်စ္ၾကည္ရင္းႏွီးသည့္ ျမင္ကြင္းတစ္ခုကို ၾကည့္ၿပီး ခြန္း၏ ရင္ထဲ မသက္မသာႏွင့္ ေရွာင္ထြက္လာခဲ့သည္။


ထိုအခ်ိန္မွ စ၍ ခြန္း သည္  ေရွာင္အမ္းခြၽမ္ကို မ်ိဳးႏြယ္စုသို႔ျပန္လိုက္ရန္အေၾကာင္း မေျပာေတာ့ေပ။  ေရွာင္အမ္းခြၽမ္က သူတို႔လူမ်ိဳးစုကို လြမ္းဆြတ္မႈမရွိဘူးဆိုတာ သူသိျမင္ခဲ့တယ္။ အကယ္၍ သူသည္  ေရွာင္အမ္းခြၽမ္၏ဆႏၵမပါပဲ ိုအတင္းအဓမ ၼျပန္ေခၚေဆာင္ သြားပါက သူလုပ္သမွ်ကို  ေရွာင္အမ္းခြၽမ္က မေက်နပ္ၿပီး စိတ္ထဲေတးထားကာ အစားေသာက္ထဲ အဆိပ္ကိုထည့္လိုက္လွ်င္ မ်ိဳးႏြယ္တစ္ခုလုံး ထိခိုက္လိမ့္မည္။ ထို႔ေၾကာင့္ေတာထဲ၌ သူ႔ကိုေသေစျခင္းသည္လည္းေကာင္းသည္ဟု ေတြးလိုက္သည္။

ဒါေၾကာင့္ ခြန္းသည္ သူ၏အစီအစဥ္ကို တစ္ဖန္ေျပာင္းလဲခဲ့သည္။ သူသည္  ေရွာင္အမ္းခြၽမ္ကို တမင္တကာခ်ဥ္းကပ္ၿပီး အပင္မ်ားကိုခြဲျခားႏွင့္ အစားအစာခ်က္ျပဳတ္နည္းကိုေလ့လာခဲ့သည္။  ေရွာင္အမ္းခြၽမ္ က စားႏိုင္တယ္လို႔ေျပာသမွ်ကာလပတ္လုံး သူကစမ္းသပ္ၿပီး ခ်ီးက်ဴးဖို႔ မတြန႔္ဆုတ္ခဲ့ေပ။ အမွန္အတိုင္းေျပာရရင္  ေရွာင္အမ္းခြၽမ္လုပ္တဲ့အစားအစာဟာ သူထင္ထားတာထက္ အဆေပါင္းမ်ားစြာ အရသာရွိခဲ့တယ္။ ဒါေၾကာင့္ အေစာကတည္းက မစားပဲေနမိသည့္ သူ႔ဦးေႏွာက္ကိုသာ အျပစ္တင္လိုက္ေတာ့သည္။


 ေရွာင္အမ္းခြၽမ္သည္ ခြန္းကို သံသယရွိရာမွ တျဖည္းျဖည္းေလ်ာ့ပါးလာၿပီး သူသိထားသမွ်ကို သင္ၾကားေပးခဲ့သည္။ ခြန္းကိုသတိႏွင့္ ဆက္ဆံေနရာမွ သူငယ္ခ်င္းလို ႐ိုး႐ိုးသားသားဆက္ဆံ ခဲ့သည္။


က်ိဳးယြင္ရွန႔္ႏွင့္ေက်ာက္႐ႊမ္က သူတို႔ၾကားဝင္မစြတ္ဖက္ပဲ ေအးေဆးစြာ ေစာင့္ၾကည့္ေနခဲ့သည္။

သုံးလၾကာၿပီးေနာက္ ခြန္း သည္ သူ႔ပတ္ ၀ န္းက်င္ရွိအပင္မ်ား အားလုံးကိုခြဲျခားသိႏိုင္ၿပီး မစားရသည့္အရာႏွင့္ စားရသည့္အပင္မ်ားကို ခြဲျခားသိလာခဲ့သည္။  ေရွာင္အမ္းခြၽမ္က သူ႔ကို တျဖည္းျဖည္း သင္ၾကားေပးလာခဲ့ရာ သင္ၾကားရန္ အနည္းငယ္သာက်န္ရွိေတာ့သည္။

"  ၾကည့္ရတာ ထြက္ခြာရမယ့္အခ်ိန္ေရာက္ၿပီ။ ကံမေကာင္းတာက အမ်ိဳးသမီးနဲ႔ျခေသၤ့သိမ္းထားတဲ့ အနီေရာင္ေက်ာက္ကို မေတြ႕ေသးတာပဲ"

ခြန္းက ပုံမွန္လုပ္ေနက် အလုပ္ကို လုပ္သလိုနဲ႔ ေတာင္ပိုင္းေတာအုပ္ရဲ႕နယ္စပ္ကို ထြက္လာခဲ့သည္။



သူသည္ အ႐ိုးျဖဴသစ္ခြ၏ရနံ႔ကို ရလိုက္အခါ ထိတ္လန႔္တုန္လႈပ္သြားၿပီး အေမႊးနနံ႔မ်ားေပ်ာက္ကြယ္သြားသည္အထိထြက္ေျပးခဲ့သည္။ ဤအခ်ိန္တြင္ သူသည္ အလြန္နီးကပ္သည့္ ေနရာတြင္ ႀကီးထြားေပါက္ေရာက္ေနသည့္ အလြန္ထူးျခားေသာ အပင္တစ္ပင္ ကိုျမင္ေတြ႕ခဲ့သည္။ အဆိုပါအပင္သည္ ခပ္သြယ္သြယ္ ခြၽန္ခြၽန္ထက္ေသာပုံစံႏွင့္ , ရွည္ရွည္ေကြးေကြး အသီးမ်ားသီးေနသည္။ တခ်ိဳ႕အသီးက အစိမ္းေတာက္ေတာက္ျဖစ္ေနၿပီး တခ်ိဳ႕ က မွည့္ေနၿပီး နီရဲေနသည္။ သူတို႔က အရမ္းထူးဆန္းေသာပုံစံျဖစ္ေနတယ္။

သူတို႔က အဆိပ္ရွိတယ္!

ခြန္းက ဒီအသီးကိုၾကည့္ၿပီး ခ်က္ခ်င္း ဆုံးျဖတ္လိုက္သည္၊ သို႔ေသာ္ သူသည္  ေရွာင္အမ္းခြၽမ္ ႏွင့္အခ်ိန္ၾကာျမင့္စြာေနခဲ့ၿပီးျဖစ္လို႔ အဲ့ဒီအသီးေတြက အဆိပ္မျဖစ္ႏိုင္ဘူးလို႔ေတြးလိုက္မိသည္။ ဒါေပမယ့္ သူ အဆိပ္ရွိမရွိကို ေသခ်ာစမ္းသပ္ၾကည့္ဖို႔ ႀကိဳးစားလိုက္သည္။ သူက သစ္သီးအခ်ိဳ႕ကိုေကာက္ယူၿပီး  ေရွာင္အမ္းခြၽမ္ စစ္ေဆးေပးဖို႔ ျပန္ယူခ်င္ခဲ့တယ္။   ေရွာင္အမ္းခြၽမ္က သစ္ေတာမွာ ထူးဆန္းေသာ အပင္အခ်ိဳ႕ကိုေတြ႕ရွိပါက သူၾကည့္ဖို႔ နမူနာအခ်ိဳ႕ယူခဲ့ဖို႔ေျပာခဲ့သည္။

ခြန္းလွည့္ထြက္လာခါနီး ၿခဳံပုတ္ထဲက ယုန္တစ္ေကာင္ထြက္လာၿပီး အပင္က အသီးနီနီကို ႏွာေခါင္းနဲ႔အနံ႔ခံၿပီး တကိုက္ကိုက္ကာ ၿမိဳခ်လိုက္သည္ကို ေတြ႕လိုက္သည္။ ခ်က္ခ်င္းပဲ ယုန္က ေျမျပင္ေပၚက ခုန္ေပါက္ၿပီး စိတ္မသာညည္းတြားငိုေႂကြးျမည္တမ္းေနသည္။ ယုန္က စက္ဝိုင္းလိုလွည့္ပတ္ေနၿပီး  ပါးစပ္ဖ်ားကို ပြတ္သပ္ေနသည္။ ယုန္က ထိတ္လန႔္ၿပီး ေခါင္းနဲ႔သစ္ပင္ကို ေဆာင့္မိၿပီး ေျမႀကီးေပၚၿပိဳက်ကာ  လႈပ္ရွားမႈမရွိေတာ့တာ ေတြ႕လိုက္ရသည္။

ခြန္း၏ရႈေထာင့္မွၾကည့္လွ်င္ ယုန္သည္ အနီေရာင္အသီးေၾကာင့္ အဆိပ္သင့္ခဲ့သည္မွာ ေသခ်ာသည္။ သူသည္ ထြက္လာၿပီး အနီေရာင္အသီးကို ခူးဆြတ္ကာ အိတ္ထဲ ေသခ်ာထည့္သြင္းသိုဝွက္ထားလိုက္သည္။ သူကယုန္ကို ျပန္ၾကည့္လိုက္ၿပီး အသားေတြက အဆိပ္သင့္ေနမွာစိုးလို႔ ယူေဆာင္လာၿပီးမစားဝံ့ေပ။ ဒါေၾကာင့္ ယုန္ေသကို ထားရစ္ၿပီး ထြက္လာခဲ့သည္။

 
ခြန္း ထြက္ခြာၿပီးမၾကာမီ ယုန္လည္ထလာသည္။ အနီေရာင္အသီးအဖတ္ကို ပါးစပ္ထဲက ေထြးထုတ္လိုက္ၿပီး ေျပးထြက္သြားခဲ့သည္။ ဒီအသီးက လွပေပမယ့္ မီးေတာက္လို အရသာနဲ႔ သူ႔ပါးစပ္ထဲ ေလာင္ကြၽမ္းလုနီးပါးျဖစ္ခဲ့သည္။

 
ခြန္းသည္ စိတ္လႈပ္ရွားမႈကိုအျပင္းအထန္ ဖိႏွိပ္ဖုံးကြယ္ၿပီး ျပန္လာခဲ့သည္။ သူသည္ အနီေရာင္အသီးမ်ားကို လွ်ိဳ႕ဝွက္ယူေဆာင္လာၿပီး သူ႔မ်က္လုံးထဲမွာ သတ္ျဖတ္ခ်င္ရိပ္ျဖင့္ ေတာက္ပလို႔ေနသည္။

 ေရွာင္အမ္းခြၽမ္ရဲ႕စိတ္မွာ သူ႔အေပၚကို တြယ္တာမႈမရွိေတာ့တဲ့အျပင္  ေရွာင္အမ္းခြၽမ္ သိသမွ်ကို သူလည္းသိၿပီးျဖစ္လို႔  ေရွာင္အမ္းခြၽမ္က သူ႔အတြက္ အသုံးမဝင္ေတာ့ေပ။ ဒီအခ်ိန္မွာ သူက ဒီအုပ္စုကို အဆိပ္ခတ္သတ္ဖို႔ အဆိပ္သီးကို ရွာေတြ႕ခဲ့ၿပီျဖစ္လို႔ သူတို႔ကို ေသေစခ်င္လွၿပီ။


အကယ္၍ အခ်ိန္အနည္းငယ္အတြင္း ဒီစာကို စားမိတဲ့ ွိယုန္ကိုအဆိပ္ျဖစ္ေစႏိုင္လွ်င္၊ အမ်ိဳးသမီးႏွင့္ ေရွးဦး သတၱဝါႏွစ္ေကာင္ကို အဆိပ္သင့္ေအာင္လုပ္ဖို႔က ျပသနာမဟုတ္ဟု ခြန္းက စဥ္းစားၿပီးအခါ အဆိပ္သီးမလုံေလာက္မည္စိုးေသာေၾကာင့္ ေနာက္ထပ္ခူးဖို႔လွည့္လာခဲ့သည္။

သူျပန္ေရာက္လာေတာ့ ယုန္ေသကို မေတြ႕ရေတာ့ေပ။ အျခားသားရဲမ်ားက စားသြားၿပီဟုထင္ၿပီး ေအးေအးေဆးေဆး အနီေရာင္အသီးကို ခူးၿပီးးျပန္လာခဲ့သည္။

မၾကာေသးမီက  ေရွာင္အမ္းခြၽမ္က ခြန္းကိုယုံၾကည္ၿပီး ခ်က္ျပဳတ္ရန္သင္ေပးခဲ့သည္။ တစ္ခါတစ္ရံ သူသည္ပန္းကန္ေဆးရန္ ဒါမွမဟုတ္ ေရအနည္းငယ္ လိုအပ္ေသာအခါ မီးဖိုကိုၾကည့္ရႈရန္ ခြန္းအားေတာင္းဆိုခဲ့သည္။ ဒီေန႔မွာေတာ့ သူဟာ မီးဖိုေခ်ာင္ထဲမွာေခြၽးတလုံးလုံးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြခ်က္ေနတုန္း ခြန္း ျပန္လာတာကို ေတြ႕ေတာ့ မီးဖိုေပၚက ဟင္းအိုးကို ၾကည့္ဖို႔ေျပာၿပီး ငါးေတြကို ခုတ္ထစ္ေဆးေက်ာဖို႔ဘိုင္ကို ေခၚၿပီး စမ္းေခ်ာင္းရွိရာကို လာခဲ့သည္။

က်ိဳးယြင္ရွန႔္ႏွင့္ေက်ာက္႐ႊမ္သည္ သစ္ပင္ရိပ္ေအာက္ ငါးမန္းအေရခြံကို ခင္းၿပီး ေအးေအးလူလူ အနားယူေနစဥ္ ခြန္းဆီက မသၤကာစရာအျပဳမႈကို သတိထားလိုက္မိသည္။


ခြန္း ခ်ဥ္းကပ္လာသည္ႏွင့္အမွ် က်ိဳးယြင္ရွန႔္သည္ စိတ္လႈပ္ရွားမႈေၾကာင့္ ႏွလုံးခုန္ႏႈန္းျမန္ေနေၾကာင္း သတိျပဳမိလိုက္သည္။ ဒါေၾကာင့္ တဖက္လူ ဘယ္လို အေကာက္ႀကံသလဲဆိုတာ သိဖို႔ သူက ေက်ာက္႐ႊမ္ရဲ႕မ်က္လုံးကို လက္နဲ႔အုပ္ၿပီး အိပ္ခ်င္ေယာင္ေဆာင္ၿပီး စိတ္ဝိဉာဥ္ကို လႊတ္ထုတ္ၿပီး  တိတ္တဆိတ္ ေစာင့္ၾကည့္ေနလိုက္သည္။ လႈပ္ရွားမႈကို ျမင္ဖို႔ မ်က္လုံးနဲ႔တင္မကပဲ စိတ္ဝိဉာဥ္နဲ႔ေတာင္ ၾကည့္လို႔ရတယ္ဆိုတာ ခြန္း မသိႏိုင္ေပ။ ဒါေၾကာင့္ သူက အိပ္ေနတဲ့ အမ်ိဳးသမီးနဲ႔ ျခေသၤ့ႀကီးကို ခိုးေၾကာင္ခိုးဝွက္ၾကည့္လိုက္ၿပီး မီးဖိုထဲမွ အဆိပ္ခတ္ဖို႔ ေခ်ာင္းေနသည္။

သစ္ပင္ေအာက္က ႏွစ္ေယာက္က အိပ္ေပ်ာ္ေနၿပီလို႔ ယုံၾကည္တဲ့အတြက္ ခြန္းက ဟင္းအိုးကို မီးထပ္ထည့္လိုက္သည္။ အိုးထဲတြင္ ခရမ္းခ်ဥ္သီးႏွင့္ အျခား အသီး႐ြက္ကို စြပ္ျပဳတ္ခ်က္ထားသျဖင့္ ဟင္းရည္ေတြက အနီေရာင္ျဖစ္ေနၿပီး ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အနံ႔တို႔ ထြက္ေပၚေနသည္။ ဒါေၾကာင့္ သူခူးလာတဲ့ အဆိပ္သီးကို ဒီဟင္းရည္ထဲ ထည့္လိုက္လွ်င္ ဟင္းရည္ရဲ႕အေရာင္ေၾကာင့္ သူတို႔ သတိမထားမိေလာက္ဘူးလို႔ ခြန္းက ေတြးလိုက္သည္။

ခြန္းက အနီေရာင္အသီးမ်ားကို လက္တဆုပ္စာ တိတ္တဆိတ္ထုတ္ကာ လက္နဲ႔အသာေခ်ၿပီး ဟင္းအိုးထဲထည့္လိုက္သည္။ ၿပီးေတာ့ အသီးအရည္မ်ားကို သူ႔အဝတ္ႏွင့္ သုတ္ကာ ေျခရာလက္ာ ေဖ်ာက္လိုက္သည္။ အနီဖတ္မ်ားသည့္ ခရမ္းခ်ဥ္သီးဖတ္ႏွင့္ေရာသြားၿပီး ဘာမွမထည့္ထားသလို ပုံမွန္ျဖစ္သြားသည္။ မီးဖို၏အပူရွိန္ေၾကာင့္ ဟင္းရည္အိုးက ပြက္ပြက္ဆူေနၿပီး အနီေရာင္အဆိပ္သီးလည္း ေပ်ာ္လာၿပီး ဟင္းရည္ထဲ နစ္သြားေတာ့သည္။

မၾကာခင္  ေရွာင္အမ္းခြၽမ္နဲ႔ဘိုင္တို႔ စေနာက္ ရယ္ေမာၿပီး ျပန္လာေနသံကို ၾကားလိုက္ရသည္။ ခြန္းသည္ ေၾကာက္လန႔္ေနၿပီး ေခြၽးစက္မ်ား စီးက်လာခဲ့သည္။ သစ္ပင္ေအာက္က ႏွစ္ေယာက္က ဘာမွမသိပဲႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနသည္ကို ေတြ႕ေတာ့မွာ ေၾကာက္စိတ္နည္းနည္းသက္သာသြားခဲ့သည္။

က်ိဳးယြင္ရွန႔္က ခြန္း၏အျပဳအမူကို ရယ္ခ်င္သျဖင့္ မနည္းကို ေအာင့္ထားရသည္။ ေက်ာက္႐ႊမ္ကို ၾကည့္လိုက္ေတာ့လည္း သူက သူ႔မ်က္ႏွာကို လက္ဝါးႀကီးႏွင့္ အုပ္ကာ အိပ္ခ်င္ေယာင္ေဆာင္ေနသည္ကိုေတြ႕လိုက္ရသည္။

 ေရွာင္အမ္းခြၽမ္က မီးဖိုေခ်ာင္ထဲ အျမန္ေလွ်ာက္သြားၿပီး ဟင္းခ်ိဳအိုးက်က္ေနသည္ကိုေတြ႕လိုက္ရသည္။ ဟင္းရည္၏အနံ႔ကို ရႈလိုက္မိစဥ္ အနည္းငယ္စပ္သည့္ အနံ႔ကို ရလိုက္ေသာ္လည္း သူက စိတ္သေဘာထား စင္ၾကယ္ၿပီး မည္သူ႔ကိုမွ်မေကာင္း မထင္တတ္သျဖင့္ သံသယမဝင္ပဲ ဟင္းခ်ိဳအိုးထဲက ဟင္းရည္မ်ားကို သစ္သားခြက္ႀကီးထဲေလာင္းထည့္လိုက္တယ္။
ို

ဘိုင္သည္ ဟင္းခ်ိဳရဲ႕ အနံ႔ကြာျခားခ်က္ကိုသတိျပဳမိၿပီး ပန္းကန္လုံးကို လႊင့္ပစ္ခ်င္ေနပုံရသည္။  ဒါေပမယ့္ သူ႔အၿမီးက သူ႔ေနာက္ ရပ္ေနၿပီး  ေခါင္းကိုအနည္းငယ္လိုက္တဲ့ က်ိဳးယြင္ရွန႔္ကို ေတြ႕လိုက္ ရေတာ့ ခြက္ကို လႊင့္ပစ္မယ့္ အျပဳမႈကို ရပ္တန႔္လိုက္သည္။


ဘုရင္ႏွင့္မိဖုရားသည္ မိမိေနာက္လိုက္ကို ဘယ္ေတာ့မွ်ထိခိုက္ေအာင္ ျပဳလိမ့္မည္မဟုတ္ပါ။ ဟင္းခ်ိဳမွာ တစ္ခုခုမွားေနေပမယ့္ ျပသနႀကီးေတာ့ မဟုတ္ေလာက္ဘူးလို႔ ဘိုင္က ေတြးလိုက္သည္။ ဒါေၾကာင့္ ဘိုင္က သနားကမားဟန္ေဆာင္ၿပီး သူ႔အခ်စ္ေတာ္  ေရွာင္အမ္းခြၽမ္ ရဲ႕တင္ပါးကို ေခါင္းနဲ႔တိုးေဝွ႔ၿပီး အသားစားလို႔မရဘူးလားလို႔ အမူယာႏွင့္ေတာင္းဆို လိုက္သည္။

 ေရွာင္အမ္းခြၽမ္က အလြန္ရွက္႐ြံ႕ခဲ့ေသာ္လည္း နတ္ဘုရားေလးကဲ့သို႔ အၾကမ္းဖက္ျခင္း မရွိခဲ့ပါ။ သူက လက္ကိုဆန႔္ကာ မ်က္လုံးျပဴးျပဴး ေလးနဲ႔ ၾကည့္ၿပီး ဘိုင္ကို ဟင္းသီးဟင္း႐ြက္ေတြကို ျပလိုက္တယ္။

ခြန္းက သူတို႔ေတြက သူ႔ကို သံသယမဝင္ဘူးဆိုတာ သိေတာ့ ေနမေကာင္းသလို ဟန္ေဆာင္ၿပီး အနားယူဖို႔ သူ၏သစ္ပင္အိမ္သို႔ တက္သြားၿပီး  ေရွာင္အမ္းခြၽမ္ ကို သူ အိပ္ရာမွထရင္ စားဖို႔ စားစရာအနည္းငယ္ခ်န္ခိုင္းသည္။  ေရွာင္အမ္းခြၽမ္လည္း ႐ိုး႐ိုးသားသားပဲ ခ်န္ထားမည္ျဖစ္ေၾကာင္း ျပန္ေျပာလိုက္သည္။  ကသေဘာတူတယ္။

🍅🥗🌶🍅🥗🌶🍅🥗🌶🍅🥗🌶🍅🥗🌶

FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet

ရှောင်အမ်းချွမ် သည် ခွန်း၏ စိတ်ထဲ ဘာဖြစ်နေသည်ကို သတိမပြုမိပဲ သူ့အတွက် သစ်လုံးအိမ်တလုံး ဆောက်ပေးဦးမည် ဟု ပြောလိုက်သေးသည်။

ကျိုးယွင်ရှန့်သည် ဒရမ်မာကွက်များစွာပါသည့် ဇာတ်လမ်းကိုကြည့်နေသူနှယ် ထိုနှစ်ယောက်ကို ကြည့်နေပြီး ခွန်းကို ကသိကအောင့်ဖြစ်စေရန် ငါးရက်ဆက်တိုက် ခရမ်းသီးဟင်းချက်ဖို့ပြောလိုက်သည်။ နောက်ဆုံးသူက ခြင်္သေ့ကြီးနှင့် ကျားဖြူ၏ အမွေးများ ခရမ်းရောင်သမ်းလာသည်အထိ ခရမ်းသီးဟင်းကို စားပြီးမှ အခြားအပြောင်းလဲဟင်းစားချင်သည် ဆိုပြီး ဟင်းပြောင်းချက်ခိုင်းသည်။

ရှောင်အမ်းချွမ်သည် ထိုအခါမှ သက်ပြင်းချလိုက်ပြီး မှိုဟင်းချိုချက်ရန် တောထဲကို မှိုရှာဖို့ ဘိုင်ကို ခေါ်ပြီး ထွက်လာခဲ့သည်။ ဒီရက်ပိုင်း မိုးရွာသွန်းထားသောကြောင့် တောထဲတွင်မှိုများ အပြိုင်ဆိုင်ထွက်လို့နေသည်။ ရှောင်အမ်းချွမ်က နတ်ဘုရားလေးရဲ့ နူတ်မြိန်စေဖို့ မှိုဟင်းချိုကောင်းတခွက်ရအောင် ချက်ပေးရန်ဆုံးဖြတ်ပြီး စားကောင်းသည့် မှိုကို သေချာရွေးချယ်ကာ နူတ်လာခဲ့သည်။ ဒီဂြိုလ်က မှိုတွေက အရွယ်စားကြီးမားသဖြင့် သူတို့အားလုံးလုံလောက်စွာ စားနိုင်သည်အထိမှိုကို ရရှိခဲ့သည်။

ဘိုင်သည် ဒီလူအုပ်က ခရမ်းရောင်အသီးကို စားပြီး အဆိပ်မိသေသည်အထိ စောင့်နေသော်လည်း 6 ရက်ကြာလာပေမယ့် မသေသည့်အပြင် သူတို့ ခွန်အားပိုတိုးလာခဲ့သည်။ ခွန်းသည် ငါးကင်ကို စားရင်း သေချင်စိတ်ပေါက်နေပေမယ့် ရှောင်အမ်းချွမ် ပြောတာ မှန်သည်ဆိုတာ ဝန်မခံချင်ပေ။ သို့သော် ငါးကို ဘယ်လောက်စားနေပေမယ့် သူ့အသွေးအသား ထဲက အသားစားချင်သည့်စိတ်က ပိုတိုးလို့လာခဲ့သည်။

ခွန်းသည့် ရှောင်အမ်းချွမ် တောထဲက ဘာယူလာသလဲဆိုတာကို စိတ်ဝင်တစားနှင့်ကြည့်လိုက်သည်။ အိတ်ထဲက မှိုတွေကို တွေ့တော့ ချက်ချင်း အခိုင်မာပြောလိုက်သည်။

" ဒီဟာတွေက အဆိပ်ရှိတယ်။ စားလို့မရဘူး။  ဒီဟာကိုစားမိတဲ့သူ သေသွားတာကို ငါ့မျက်လုံးနဲ့ သေချာမြင်ဖူးခဲ့တယ် "

" တချို့မှိုတွေက အဆိပ်ရှိပေမယ့် တချို့က စားလို့ရတယ်။ သူတို့ကို ခူးတဲ့အခါ သေချာကြည့်ပြီး ခူးဆွတ်ရင် ဒီဟာကို ခွဲခြားရတာ မခက်ပါဘူး။ နတ်ဘုရားလေး...ကျွန်တော်က ဆေးဝါးကုသသူပါ။ ဘယ်ဟာကို စားရမလဲ၊ ဘယ်ဟာက မစားရဘူးလဲဆိုတာ  ကျွန်တော်ကောင်းကောင်းသိပါတယ်။ "

ရှောင်အမ်းချွမ်က သူကြိုးစားခူးဆွတ်လာသည့်မှိုများကို နတ်ဘုရားလေး ပစ်လိုက်မည်ကို စိုးရိမ်ပြီး သေချာရှင်းပြနေလိုက်သည်။


"  သွားချက်တော့ "

ကျိုးယွင်ရှန့်က တိုတိုတုတ်တုတ်ဖြင့် ရှောင်အမ်းချွမ်ရဲ့စကားကို ယုံကြည်ကြောင်းပြလိုက်သည်။

ခွန်းသည် သူ့စကားကို လျစ်လျူရှုသည့်အတွက် မျက်နှာကစိမ်းတလှည့်ဖြူတလှည့်ဖြစ်သွားသည်။ ဒါပေမယ့် သူတို့သေတာကို မြင်ချင်သည့် သူ့ရည်ရွယ်ချက်ကို သတိရပြီး စိတ်သက်သာရာရသွားတော့သည်။


" သူက သူူတို့အဆိပ်မိသေတာကို မြင်ချင်တာ မဟုတ်လား။ ဘာကြောင့် နောက်ထပ်ပြောဖို့ ကြိုးစားရမှာလဲ... "

ဒီလိုတွေးပြီး ခွန်းက ခပ်လှမ်းလှမ်းက သစ်လုံးအိမ်ကို ငေးကြည့်နေသည်။ သစ်လုံးအိ်မ်ထဲတွင် ငါးမန်းသားရေများနှင့် ခင်းထားသည့်သည့်အပြင် ပေါ့အိသော ရေငြိမ်များဖြင့် ခင်းထားသဖြင့် သန့်ရှင်းခြောက်သွေ့ပြီး လေဝင်လေထွက်လည်း ကောင်းသည်။ သစ်လုံးအိမ်က သစ်ပင်ပေါ်တွင်ရှိလို့ ဖုန်မရှိပဲ လေဝင်လေထွက်လည်း ကောင်းပြီး နေရောင်ခြည်နွေးနွေးကို ခံစားရနိုင်သည်။ ခွန်း၏ဘဝတွင် ဒီလောက်ကောင်းသည့်နေရာကို မနေခဲ့ဖူးပေ။ ဒီဟာက အိပ်မက်လိုပဲ ခံစားနေရသည်။

သစ်လုံးအိမ်ထဲတွင် ရှောင်အမ်းချွမ် လုပ်ထားသည့် ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ ပေါက်ဆိန်၊ ပန်းကန်လုံး၊ တူ စသည့် ထူးခြားသည့် အရာများကို သူတို့မျိုးနွယ်ဆီ ပြန်သွားသည့်အခါ ယူသွားရန် တွေးနေသည်။ ရှောင်အမ်းချွမ် တီထွင်ဖန်တီးမှုတွင် တော်သော်လည်း အဆိပ်နှင့် ကစားတတ်သည်က အတော်ကို ဆိုးသည်ဟု တွေးနေသည်။


ကျိုးယွင်ရှန့်နှင့် ရှောင်အမ်းချွမ်သည် မှိုများကို အတူတူဆေးကြောနေပြီး စနောက် စကားပြောနေသည်။ ဘေးတွင် ကျားဖြူနှင့် ခြင်္သေ့ကြီးလည်း စိတ်ဝင်တစားနားထောင်နေသည်။ ကျိုးယွင်ရှန့်က ရှောင်အမ်းချွမ်၏ ဒူးခေါင်းကို အသာယာ ပွတ်လိုက်ဟန်လုပ်တော့ ခြင်္သေ့ကြီးက အိပ်ချင်မူးတူးဖြစ်နေရာမှ မျက်လုံးပြူးလာပြီး ချက်ချင်း အမြီးဖြင့် ကျိုးယွင်ရှန့်၏ ခါးကို ရစ်ပတ်ကာ သူပိုင်ဆိုင်ကြောင်း ပြလိုက်သည်။ ဒီမြင်ကွင်းက အရမ်းကို နွေးထွေးပြီး ဖော်ပြလို့ပင်မရပေ။

ခွန်းမှာ အက်ဒီနှင့် အတူရှိနေချိန်မှာ မိတ်လိုက်နေတာများပြီး ခုလို တရင်းတနှီးမနေခဲ့ဖူးပေ။ ဒီမြင်ကွင်းကို ကြည့်ပြီး ခွန်း၏ လည်ချောင်းထဲ တခုခုဆို့လာသလို ခံစားလိုက်ရပြီး သူစားဖို့ ငါးကင်ကိုသာ အငြိုးတကြီးနှင့် ဖဲ့လိုက်တော့သည်။

ဒီမှိုတွေက အဆိပ်အရမ်းပြင်းတယ်။ ပါးစပ်ထဲထည့်လိုက်တာနဲ့ မှိုမချရသေးခင် အမြှုပ်ထပြီး လဲကျသေဆုံးသွားနိုင်တယ်။
ဒါပေမယ့် မှိုဟင်းချက်လို့ထွက်လာသည့် အနံ့က ခရမ်းသီနှင့် ခရမ်းချဉ်သီး ချက်လို့ထွက်လာတဲ့ အနံ့ထက် ပိုမွှေးနေမယ်လို့ ခွန်းမမျှော်လင့်ထားမိပေ။ ခွန်းက လျှာကို ကိုက်ပြီး အောင့်ထားရလို့ သွေးတောင် ထွက်လာခဲ့တယ်။

ညစာစားသောက်ကြပြီး သူတို့ သစ်လုံးအိမ်တွေဆီကို အသီးသီးပြန်သွားတော့ ခွန်းက သစ်လုံးအိမ်အောက်ဘက်မှာ နားစွင့် နေလိုက်သည်။ ရှောင်အမ်းချွမ် နှင့် ကျားဖြူကြီး၏ အိမ်ဘက်က တိတ်ဆိတ်နေပေမယ့် ခြင်္သေ့ကြီးနှင့် နတ်ဘုရားလေး၏ သစ်လုံးအိမ်ဘက်မှ သွေးကြွစရာ အော်ညည်းသံနှင့် လှုပ်ရှားသံကြမ်းကြမ်းကို တညလုံးကြားနေရသည်။ ဒီအသံက မိတ်လိုက်ရာမှ ထွက်လာသည့် အသံဆိုတာ သိသဖြင့် ခွန်းက သစ်လုံးအိမ်အောက်မှာ တညလုံး စိတ်ကို မနည်းချုပ်တည်းပြီး သူတို့လဲကျသေဆုံးမည့် အချိန်ကိုစောင့်နေရင်းမိုးသာ လင်းသွားခဲ့သည်။

ဒါဆိုရင် မှိုတချို့က စားလို့ရတယ်လို့ ရှောင်အမ်းချွမ် ပြောတာ တကယ်မှန်နေပြီလား။







 ရှောင်အမ်းချွမ် ပြောသလို အချို့မှိုများသည် အဆိပ်ရှိသော်လည်း စားလို့ရသည်ကို သိလိုက်သည်။ ခွန်း သည်  အမှားထပ်မံကျူးလွန်မိကြောင်း ဝန်ခံခဲ့သည်။ ရှောင်အမ်းချွမ် က လက်တွေ့ကျကျ ချက်ပြုတ်ပြပြီး သူပြောတာမှန်တယ်ဆို တာသက်သေပြခဲ့တယ်၊ ဒါပေမယ့် သူတို့ ဘိုင်ယန်မျိုးနွယ်က လူတွေက ရှောင်အမ်းချွမ်ကိုမယုံဘူး။

ငါးခြောက်နှင့်သစ်သီးနှင့်ဟင်းသီးဟင်းရွက်အမျိုးမျိုးရှိသော မီးဖိုချောင်ကိုကြည့်လိုက်သောအခါ ခွန်း အလွန်စိတ်မသက်မသာ ဖြစ်မိသည်။  အခု ရှောင်အမ်းချွမ်၏ဘဝသည် အလွန်ပျော်ရွှစရာကောင်းပြီး  သက်သောင့်သက်သာရှိလှသည်။ သူ့တွင် စားစရာများစွာဖြင့် ပြည့်စုံနေပြီး တကယ်လို့ သူတို့မျိုးနွယ်ကသာ ရှောင်အမ်းချွမ် ၏ စကားကို ယုံကြည်လိုက်နာခဲ့လျှင် အခုဆိုလျှင် စားစရာအလျှံအပယ်ဖြစ်နေမှာသေချာသည်။


ကံကောင်းထောက်မစွာဖြင့် ရှောင်အမ်းချွမ် က ဒီသားရိုင်းကောင်တွေနဲ့ အတူနေထိုင်နေပြီး  ဒီဗဟုသုတတွေကို ဒါဒါမျိုးနွယ်စုဆီကို မပေးခဲ့ပေ။ မဟုတ်လျှင် ဒါဒါမျိုးနွယ်စုက အခုထက် ပိုအားကောင်း သန်မာလာမှာသေချာသည်။

ခွန်းသည် ဦးနှောက်ကို အသုံးချ၍ အဓိကအချက်များကိုချက်ချင်းစဉ်းစားနိုင်ခဲ့သည်။ အကယ်၍ ရှာမန်သည် ဘာကြောင့် ရှောင်အမ်းချွမ် ၏လျှာကိုဖြတ်ချင်ကြောင်း သူသိလျှင် သူက မှားယွင်းသော ကောက်ချင်ကို ချမိမည်မဟုတ်ပေ။  ယခု သူသည် ရှောင်အမ်းချွမ်၏တန်ဖိုးကို စတင်သိရှိလာပြီး သူ့ကို ဘိုင်ယန်မျိုးနွယ်စုဆီကို ပြန်ခေါ်သွားချင်လာသည်။


ဒါကြောင့် အခြား ဘယ်သူမှ မရှိတဲ့အချိန်မှာ ခွန်းက ရှောင်အမ်းချွမ် ကို သူနဲ့ ပြန်လိုက်ခဲ့ဖို့ အကြိမ်ကြိမ် ဆွဲဆောင်နေသည်။

" ပြန်သွားရမယ် ဟုတ်လား။ သူတို့က မင်းကို စွန့်ခွာပြီး တောထဲမှာ ပစ်ထားခဲ့ပြီးတာကို မင်း ဘာကြောင့်ပြန်သွားချင်တာလဲ...."

 ရှောင်အမ်းချွမ် က မျက်ခုံးတွေကို ပင့်ပြီးမေးလိုက်သည်။


"  ဘာကြောင့်လဲဆိုတော့ ဘိုင်ယန်လူမျိုးစုနေရာက ငါ့အိမ်ဖြစ်လို့ပဲ။ အဲ့ဒီမှာ ငါ့မိသားစု၊ငါ့ချစ်သူတွေရှိတယ်။ ရှောင်အမ်းချွမ် မင်းက လူသားပါ။ လူသားဆိုတာ မျိုးနွယ်စုထဲက အခြားလူတစ်ယောက်နဲ့ အတူနေထိုင်ပြီး မိသားစုဘဝကို ထူထောင်သင့်တယ်။ လူဆိုတာ သားရဲတွေနဲ့ချည်း တစ်သက်လုံးနေသွားလို့မရဘူး။ အခု မင်း ဒီသားရဲတွေနဲ့နေတာ ပျော်နေတယ်ဆိုပေမယ့် ကြာလာရင် မင်းအထီးကျန်လာလိမ့်မယ်။ ဒါကြောင့် ငါနဲ့ ဘိုင်ယန်မျိုးနွယ်စုဆီကို ပြန်လိုက်ခဲ့ပါ။ "

ခွန်းကသူ့ကို အစွမ်းကုန်ဆွဲဆောင်တော့သည်။ ရှောင်အမ်းချွမ်သည်ခွန်းကို ကြည့်ပြီး အံ့အားသင့်နေသည်။ မထင်မှတ်ပဲ ခွန်းက ပညာရှိတစ်ဦးဖြစ်နေသည်။ လူသားများသည် သီးခြားနေလို့မရ၊ အပေါင်းအဖော်များနှင့် နေတတ်သည့် သူများဖြစ်သည် ဆိုသည့် အတွေးအခေါ်ကို မထင်မှတ်ပဲ ခွန်းက ပြောခဲ့သည်။


ရှောင်အမ်းချွမ် သည် တဖက်သားကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး ပြောလိုက်သည်။

"ဒါဆိုလည်း သွားတော့။ မင်းရဲ့ခရီး သာယာအေးချမ်းဖို့မျှော်လင့်ပါတယ်။ မင်း ပြန်ကျန်းမာလာပြီဆိုတော့ ဘိုင်ယန်မျိုးနွယ်က မင်းကို ပြန်လက်ခံမှာပါ။ ငါ့မှာ ပြန်လိုက်ဖို့ ဘိုင်ယန်မျိုးနွယ်မှာ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူလည်း မရှိဘူး။ ငါ့ မိသားစုနဲ့ချစ်သူက ဒီမှာပဲရှိတယ်။ ဒီမှာက လူနည်းစုဖြစ်ပေမယ့် ငါ့အတွက် အရာအားလုံး ပြည့်စုံလုံလောက်နေပြီ။ ငါတို့က တစ်ယောက်ကို တစ်ယောက် ကူညီတယ်။ ချစ်ခင်တယ်။ ငါ့အတွက် ဘာမှ ထပ်မလိုတော့ဘူး...."

ကျောက်ရွှမ်၏ အကြားအာလုံးသည် ထက်မြက်သဖြင့် ရှောင်အမ်းချွမ်၏ ဝန်ခံမှုကို မီတာတစ်ရာ အကွာကတောင် ကြားခဲ့သည်။ ဒါကြောင့် သူက ဒေါသတကြီး တောတစ်ခုလုံး တဟုန်းဟုန်းမြည်သံတွေ ဆူညံအောင် ဟိန်းဟောက်လိုက်သည်။ သူ့ခြေသည်းတွေနှင့် မြေကြီးကို ကုတ်ခြစ်ပြီး ဒီလူငယ်လေးအပါအဝင် အရာအားလုံး သူပိုင်ဆိုင်ကြောင်း ပြသခဲ့သည်။ သူ့ရဲ့အမူအယာက တဆင့် သူ ဘယ်လောက် ပိုင်ဆိုင်လိုစိတ်ပြင်းပြတယ်ဆိုတာ သိရှိနိုင်သည်။


ဘိုင်သည် စိတ်မသက်မသာဖြင့် လွတ်သည့်နေရာတွင် ပုန်းကာ နေလိုက်သည်။ သူက ကျိုးယွင်းရှန့်ကို လှည့်ပြီး ရှောင်အမ်းချွမ်ကို စိတ်ပူစွာနဲ့ကြည့်ကာ မျက်လုံးထဲက မျက်ရည်များစီးကျလာပြီး သနားစရာကောင်းလှသည်။

ကျိုးယွင်ရှန့်သည် မိုက်မဲသောခြင်္သေ့အကြောင်းကို ကောင်းစွာသိသည်။ သူ့မျက်လုံးတွေကိုကြည့်ပြီး သူတွေးနေတဲ့အရာကို မှန်းဆနိုင်ခဲ့တယ်။  သူကရုတ်တရက် အရမ်းဒေါသထွက်ပြီးရယ်တယ်။ သူက တစ်ချက် ကန်လိုက်ပြီး ပြောလိုက်သည်။

" ဘာပုံစံနဲ့ ကျွန်တော့်ကို ကြည့်နေတာလဲ။ ရှောင်အမ်းချွမ် ပြောတဲ့ သူ့ရည်းစားက ကျွန်တော် မဟုတ်ဘူး။ ဘိုင်ကို ပြောတာ။ "

ဘိုင်လား။ ကျောက်ရွှမ်က ဘိုင်ရှိတဲ့ဘက်ကို ခေါင်း ချာခနဲလည်ကြည့်လိုက်ပြီး နူတ်ဖျားမှာ အော် ဟုသာ ထွက်လာတော့သည်။ သူ့ဒေါသတကြီးအမူယာက ချက်ချင်း တည်ငြိမ်သွားတော့သည်။

ကျောက်ရွှမ် အထင်မှားလည်းမှားချင်စရာကောင်းလောက်အောင် ရှောင်အမ်းချွမ်က သူ့ချစ်သူလေး သွားလေရာကို အနောက်က တကောက်ကောက်လိုက်နေခဲ့သည်။ ကျောက်ရွှမ်ရဲ့မျက်နှာက မီးသီးလို နီရဲသွားပြီး အရှက်ပြေ မြေကြီးကို လက်နဲ့ကုတ်နေတော့သည်။

ဘိုင်က မတွန့်ဆုတ်ဘဲ လေပြင်းတိုက်သလို နောက်ကို ပြေးသွားပြီး ခွန်းကို သူ့ခေါင်းနဲ့တွန်းဖယ်ပစ်ပြီး ရှောင်အမ်းချွမ်ကို မြေပေါ်တွန်းလှဲပြီး လျှာနဲ့မျက်နှာကို လျက်လိုက်သည်။

 ရှောင်အမ်းချွမ်သည် ဘိုင်လျှာနှင့်လျက်သည်ကို ခံရင်း ပျော်ရွှင်စွာရယ်နေခဲ့သည်။ လူတစ် ဦး နှင့်သားရဲတစ်ကောင်၏ ချစ်ကြည်ရင်းနှီးသည့် မြင်ကွင်းတစ်ခုကို ကြည့်ပြီး ခွန်း၏ ရင်ထဲ မသက်မသာနှင့် ရှောင်ထွက်လာခဲ့သည်။


ထိုအချိန်မှ စ၍ ခွန်း သည်  ရှောင်အမ်းချွမ်ကို မျိုးနွယ်စုသို့ပြန်လိုက်ရန်အကြောင်း မပြောတော့ပေ။  ရှောင်အမ်းချွမ်က သူတို့လူမျိုးစုကို လွမ်းဆွတ်မှုမရှိဘူးဆိုတာ သူသိမြင်ခဲ့တယ်။ အကယ်၍ သူသည်  ရှောင်အမ်းချွမ်၏ဆန္ဒမပါပဲ ိုအတင်းအဓမ ္မပြန်ခေါ်ဆောင် သွားပါက သူလုပ်သမျှကို  ရှောင်အမ်းချွမ်က မကျေနပ်ပြီး စိတ်ထဲတေးထားကာ အစားသောက်ထဲ အဆိပ်ကိုထည့်လိုက်လျှင် မျိုးနွယ်တစ်ခုလုံး ထိခိုက်လိမ့်မည်။ ထို့ကြောင့်တောထဲ၌ သူ့ကိုသေစေခြင်းသည်လည်းကောင်းသည်ဟု တွေးလိုက်သည်။

ဒါကြောင့် ခွန်းသည် သူ၏အစီအစဉ်ကို တစ်ဖန်ပြောင်းလဲခဲ့သည်။ သူသည်  ရှောင်အမ်းချွမ်ကို တမင်တကာချဉ်းကပ်ပြီး အပင်များကိုခွဲခြားနှင့် အစားအစာချက်ပြုတ်နည်းကိုလေ့လာခဲ့သည်။  ရှောင်အမ်းချွမ် က စားနိုင်တယ်လို့ပြောသမျှကာလပတ်လုံး သူကစမ်းသပ်ပြီး ချီးကျူးဖို့ မတွန့်ဆုတ်ခဲ့ပေ။ အမှန်အတိုင်းပြောရရင်  ရှောင်အမ်းချွမ်လုပ်တဲ့အစားအစာဟာ သူထင်ထားတာထက် အဆပေါင်းများစွာ အရသာရှိခဲ့တယ်။ ဒါကြောင့် အစောကတည်းက မစားပဲနေမိသည့် သူ့ဦးနှောက်ကိုသာ အပြစ်တင်လိုက်တော့သည်။


 ရှောင်အမ်းချွမ်သည် ခွန်းကို သံသယရှိရာမှ တဖြည်းဖြည်းလျော့ပါးလာပြီး သူသိထားသမျှကို သင်ကြားပေးခဲ့သည်။ ခွန်းကိုသတိနှင့် ဆက်ဆံနေရာမှ သူငယ်ချင်းလို ရိုးရိုးသားသားဆက်ဆံ ခဲ့သည်။


ကျိုးယွင်ရှန့်နှင့်ကျောက်ရွှမ်က သူတို့ကြားဝင်မစွတ်ဖက်ပဲ အေးဆေးစွာ စောင့်ကြည့်နေခဲ့သည်။

သုံးလကြာပြီးနောက် ခွန်း သည် သူ့ပတ် ၀ န်းကျင်ရှိအပင်များ အားလုံးကိုခွဲခြားသိနိုင်ပြီး မစားရသည့်အရာနှင့် စားရသည့်အပင်များကို ခွဲခြားသိလာခဲ့သည်။  ရှောင်အမ်းချွမ်က သူ့ကို တဖြည်းဖြည်း သင်ကြားပေးလာခဲ့ရာ သင်ကြားရန် အနည်းငယ်သာကျန်ရှိတော့သည်။

"  ကြည့်ရတာ ထွက်ခွာရမယ့်အချိန်ရောက်ပြီ။ ကံမကောင်းတာက အမျိုးသမီးနဲ့ခြင်္သေ့သိမ်းထားတဲ့ အနီရောင်ကျောက်ကို မတွေ့သေးတာပဲ"

ခွန်းက ပုံမှန်လုပ်နေကျ အလုပ်ကို လုပ်သလိုနဲ့ တောင်ပိုင်းတောအုပ်ရဲ့နယ်စပ်ကို ထွက်လာခဲ့သည်။



သူသည် အရိုးဖြူသစ်ခွ၏ရနံ့ကို ရလိုက်အခါ ထိတ်လန့်တုန်လှုပ်သွားပြီး အမွှေးနနံ့များပျောက်ကွယ်သွားသည်အထိထွက်ပြေးခဲ့သည်။ ဤအချိန်တွင် သူသည် အလွန်နီးကပ်သည့် နေရာတွင် ကြီးထွားပေါက်ရောက်နေသည့် အလွန်ထူးခြားသော အပင်တစ်ပင် ကိုမြင်တွေ့ခဲ့သည်။ အဆိုပါအပင်သည် ခပ်သွယ်သွယ် ချွန်ချွန်ထက်သောပုံစံနှင့် , ရှည်ရှည်ကွေးကွေး အသီးများသီးနေသည်။ တချို့အသီးက အစိမ်းတောက်တောက်ဖြစ်နေပြီး တချို့ က မှည့်နေပြီး နီရဲနေသည်။ သူတို့က အရမ်းထူးဆန်းသောပုံစံဖြစ်နေတယ်။

သူတို့က အဆိပ်ရှိတယ်!

ခွန်းက ဒီအသီးကိုကြည့်ပြီး ချက်ချင်း ဆုံးဖြတ်လိုက်သည်၊ သို့သော် သူသည်  ရှောင်အမ်းချွမ် နှင့်အချိန်ကြာမြင့်စွာနေခဲ့ပြီးဖြစ်လို့ အဲ့ဒီအသီးတွေက အဆိပ်မဖြစ်နိုင်ဘူးလို့တွေးလိုက်မိသည်။ ဒါပေမယ့် သူ အဆိပ်ရှိမရှိကို သေချာစမ်းသပ်ကြည့်ဖို့ ကြိုးစားလိုက်သည်။ သူက သစ်သီးအချို့ကိုကောက်ယူပြီး  ရှောင်အမ်းချွမ် စစ်ဆေးပေးဖို့ ပြန်ယူချင်ခဲ့တယ်။   ရှောင်အမ်းချွမ်က သစ်တောမှာ ထူးဆန်းသော အပင်အချို့ကိုတွေ့ရှိပါက သူကြည့်ဖို့ နမူနာအချို့ယူခဲ့ဖို့ပြောခဲ့သည်။

ခွန်းလှည့်ထွက်လာခါနီး ခြုံပုတ်ထဲက ယုန်တစ်ကောင်ထွက်လာပြီး အပင်က အသီးနီနီကို နှာခေါင်းနဲ့အနံ့ခံပြီး တကိုက်ကိုက်ကာ မြိုချလိုက်သည်ကို တွေ့လိုက်သည်။ ချက်ချင်းပဲ ယုန်က မြေပြင်ပေါ်က ခုန်ပေါက်ပြီး စိတ်မသာညည်းတွားငိုကြွေးမြည်တမ်းနေသည်။ ယုန်က စက်ဝိုင်းလိုလှည့်ပတ်နေပြီး  ပါးစပ်ဖျားကို ပွတ်သပ်နေသည်။ ယုန်က ထိတ်လန့်ပြီး ခေါင်းနဲ့သစ်ပင်ကို ဆောင့်မိပြီး မြေကြီးပေါ်ပြိုကျကာ  လှုပ်ရှားမှုမရှိတော့တာ တွေ့လိုက်ရသည်။

ခွန်း၏ရှုထောင့်မှကြည့်လျှင် ယုန်သည် အနီရောင်အသီးကြောင့် အဆိပ်သင့်ခဲ့သည်မှာ သေချာသည်။ သူသည် ထွက်လာပြီး အနီရောင်အသီးကို ခူးဆွတ်ကာ အိတ်ထဲ သေချာထည့်သွင်းသိုဝှက်ထားလိုက်သည်။ သူကယုန်ကို ပြန်ကြည့်လိုက်ပြီး အသားတွေက အဆိပ်သင့်နေမှာစိုးလို့ ယူဆောင်လာပြီးမစားဝံ့ပေ။ ဒါကြောင့် ယုန်သေကို ထားရစ်ပြီး ထွက်လာခဲ့သည်။

 
ခွန်း ထွက်ခွာပြီးမကြာမီ ယုန်လည်ထလာသည်။ အနီရောင်အသီးအဖတ်ကို ပါးစပ်ထဲက ထွေးထုတ်လိုက်ပြီး ပြေးထွက်သွားခဲ့သည်။ ဒီအသီးက လှပပေမယ့် မီးတောက်လို အရသာနဲ့ သူ့ပါးစပ်ထဲ လောင်ကျွမ်းလုနီးပါးဖြစ်ခဲ့သည်။

 
ခွန်းသည် စိတ်လှုပ်ရှားမှုကိုအပြင်းအထန် ဖိနှိပ်ဖုံးကွယ်ပြီး ပြန်လာခဲ့သည်။ သူသည် အနီရောင်အသီးများကို လျှို့ဝှက်ယူဆောင်လာပြီး သူ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်ရိပ်ဖြင့် တောက်ပလို့နေသည်။

 ရှောင်အမ်းချွမ်ရဲ့စိတ်မှာ သူ့အပေါ်ကို တွယ်တာမှုမရှိတော့တဲ့အပြင်  ရှောင်အမ်းချွမ် သိသမျှကို သူလည်းသိပြီးဖြစ်လို့  ရှောင်အမ်းချွမ်က သူ့အတွက် အသုံးမဝင်တော့ပေ။ ဒီအချိန်မှာ သူက ဒီအုပ်စုကို အဆိပ်ခတ်သတ်ဖို့ အဆိပ်သီးကို ရှာတွေ့ခဲ့ပြီဖြစ်လို့ သူတို့ကို သေစေချင်လှပြီ။


အကယ်၍ အချိန်အနည်းငယ်အတွင်း ဒီစာကို စားမိတဲ့ ှိယုန်ကိုအဆိပ်ဖြစ်စေနိုင်လျှင်၊ အမျိုးသမီးနှင့် ရှေးဦး သတ္တဝါနှစ်ကောင်ကို အဆိပ်သင့်အောင်လုပ်ဖို့က ပြသနာမဟုတ်ဟု ခွန်းက စဉ်းစားပြီးအခါ အဆိပ်သီးမလုံလောက်မည်စိုးသောကြောင့် နောက်ထပ်ခူးဖို့လှည့်လာခဲ့သည်။

သူပြန်ရောက်လာတော့ ယုန်သေကို မတွေ့ရတော့ပေ။ အခြားသားရဲများက စားသွားပြီဟုထင်ပြီး အေးအေးဆေးဆေး အနီရောင်အသီးကို ခူးပြီးးပြန်လာခဲ့သည်။

မကြာသေးမီက  ရှောင်အမ်းချွမ်က ခွန်းကိုယုံကြည်ပြီး ချက်ပြုတ်ရန်သင်ပေးခဲ့သည်။ တစ်ခါတစ်ရံ သူသည်ပန်းကန်ဆေးရန် ဒါမှမဟုတ် ရေအနည်းငယ် လိုအပ်သောအခါ မီးဖိုကိုကြည့်ရှုရန် ခွန်းအားတောင်းဆိုခဲ့သည်။ ဒီနေ့မှာတော့ သူဟာ မီးဖိုချောင်ထဲမှာချွေးတလုံးလုံးနဲ့ ဟင်းသီးဟင်းရွက်တွေချက်နေတုန်း ခွန်း ပြန်လာတာကို တွေ့တော့ မီးဖိုပေါ်က ဟင်းအိုးကို ကြည့်ဖို့ပြောပြီး ငါးတွေကို ခုတ်ထစ်ဆေးကျောဖို့ဘိုင်ကို ခေါ်ပြီး စမ်းချောင်းရှိရာကို လာခဲ့သည်။

ကျိုးယွင်ရှန့်နှင့်ကျောက်ရွှမ်သည် သစ်ပင်ရိပ်အောက် ငါးမန်းအရေခွံကို ခင်းပြီး အေးအေးလူလူ အနားယူနေစဉ် ခွန်းဆီက မင်္သကာစရာအပြုမှုကို သတိထားလိုက်မိသည်။


ခွန်း ချဉ်းကပ်လာသည်နှင့်အမျှ ကျိုးယွင်ရှန့်သည် စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်နှုန်းမြန်နေကြောင်း သတိပြုမိလိုက်သည်။ ဒါကြောင့် တဖက်လူ ဘယ်လို အကောက်ကြံသလဲဆိုတာ သိဖို့ သူက ကျောက်ရွှမ်ရဲ့မျက်လုံးကို လက်နဲ့အုပ်ပြီး အိပ်ချင်ယောင်ဆောင်ပြီး စိတ်ဝိဉာဉ်ကို လွှတ်ထုတ်ပြီး  တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။ လှုပ်ရှားမှုကို မြင်ဖို့ မျက်လုံးနဲ့တင်မကပဲ စိတ်ဝိဉာဉ်နဲ့တောင် ကြည့်လို့ရတယ်ဆိုတာ ခွန်း မသိနိုင်ပေ။ ဒါကြောင့် သူက အိပ်နေတဲ့ အမျိုးသမီးနဲ့ ခြင်္သေ့ကြီးကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်ပြီး မီးဖိုထဲမှ အဆိပ်ခတ်ဖို့ ချောင်းနေသည်။

သစ်ပင်အောက်က နှစ်ယောက်က အိပ်ပျော်နေပြီလို့ ယုံကြည်တဲ့အတွက် ခွန်းက ဟင်းအိုးကို မီးထပ်ထည့်လိုက်သည်။ အိုးထဲတွင် ခရမ်းချဉ်သီးနှင့် အခြား အသီးရွက်ကို စွပ်ပြုတ်ချက်ထားသဖြင့် ဟင်းရည်တွေက အနီရောင်ဖြစ်နေပြီး ချိုချိုချဉ်ချဉ်အနံ့တို့ ထွက်ပေါ်နေသည်။ ဒါကြောင့် သူခူးလာတဲ့ အဆိပ်သီးကို ဒီဟင်းရည်ထဲ ထည့်လိုက်လျှင် ဟင်းရည်ရဲ့အရောင်ကြောင့် သူတို့ သတိမထားမိလောက်ဘူးလို့ ခွန်းက တွေးလိုက်သည်။

ခွန်းက အနီရောင်အသီးများကို လက်တဆုပ်စာ တိတ်တဆိတ်ထုတ်ကာ လက်နဲ့အသာချေပြီး ဟင်းအိုးထဲထည့်လိုက်သည်။ ပြီးတော့ အသီးအရည်များကို သူ့အဝတ်နှင့် သုတ်ကာ ခြေရာလက်ာ ဖျောက်လိုက်သည်။ အနီဖတ်များသည့် ခရမ်းချဉ်သီးဖတ်နှင့်ရောသွားပြီး ဘာမှမထည့်ထားသလို ပုံမှန်ဖြစ်သွားသည်။ မီးဖို၏အပူရှိန်ကြောင့် ဟင်းရည်အိုးက ပွက်ပွက်ဆူနေပြီး အနီရောင်အဆိပ်သီးလည်း ပျော်လာပြီး ဟင်းရည်ထဲ နစ်သွားတော့သည်။

မကြာခင်  ရှောင်အမ်းချွမ်နဲ့ဘိုင်တို့ စနောက် ရယ်မောပြီး ပြန်လာနေသံကို ကြားလိုက်ရသည်။ ခွန်းသည် ကြောက်လန့်နေပြီး ချွေးစက်များ စီးကျလာခဲ့သည်။ သစ်ပင်အောက်က နှစ်ယောက်က ဘာမှမသိပဲနှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့တော့မှာ ကြောက်စိတ်နည်းနည်းသက်သာသွားခဲ့သည်။

ကျိုးယွင်ရှန့်က ခွန်း၏အပြုအမူကို ရယ်ချင်သဖြင့် မနည်းကို အောင့်ထားရသည်။ ကျောက်ရွှမ်ကို ကြည့်လိုက်တော့လည်း သူက သူ့မျက်နှာကို လက်ဝါးကြီးနှင့် အုပ်ကာ အိပ်ချင်ယောင်ဆောင်နေသည်ကိုတွေ့လိုက်ရသည်။

 ရှောင်အမ်းချွမ်က မီးဖိုချောင်ထဲ အမြန်လျှောက်သွားပြီး ဟင်းချိုအိုးကျက်နေသည်ကိုတွေ့လိုက်ရသည်။ ဟင်းရည်၏အနံ့ကို ရှုလိုက်မိစဉ် အနည်းငယ်စပ်သည့် အနံ့ကို ရလိုက်သော်လည်း သူက စိတ်သဘောထား စင်ကြယ်ပြီး မည်သူ့ကိုမျှမကောင်း မထင်တတ်သဖြင့် သံသယမဝင်ပဲ ဟင်းချိုအိုးထဲက ဟင်းရည်များကို သစ်သားခွက်ကြီးထဲလောင်းထည့်လိုက်တယ်။
ို

ဘိုင်သည် ဟင်းချိုရဲ့ အနံ့ကွာခြားချက်ကိုသတိပြုမိပြီး ပန်းကန်လုံးကို လွှင့်ပစ်ချင်နေပုံရသည်။  ဒါပေမယ့် သူ့အမြီးက သူ့နောက် ရပ်နေပြီး  ခေါင်းကိုအနည်းငယ်လိုက်တဲ့ ကျိုးယွင်ရှန့်ကို တွေ့လိုက် ရတော့ ခွက်ကို လွှင့်ပစ်မယ့် အပြုမှုကို ရပ်တန့်လိုက်သည်။


ဘုရင်နှင့်မိဖုရားသည် မိမိနောက်လိုက်ကို ဘယ်တော့မျှထိခိုက်အောင် ပြုလိမ့်မည်မဟုတ်ပါ။ ဟင်းချိုမှာ တစ်ခုခုမှားနေပေမယ့် ပြသနကြီးတော့ မဟုတ်လောက်ဘူးလို့ ဘိုင်က တွေးလိုက်သည်။ ဒါကြောင့် ဘိုင်က သနားကမားဟန်ဆောင်ပြီး သူ့အချစ်တော်  ရှောင်အမ်းချွမ် ရဲ့တင်ပါးကို ခေါင်းနဲ့တိုးဝှေ့ပြီး အသားစားလို့မရဘူးလားလို့ အမူယာနှင့်တောင်းဆို လိုက်သည်။

 ရှောင်အမ်းချွမ်က အလွန်ရှက်ရွံ့ခဲ့သော်လည်း နတ်ဘုရားလေးကဲ့သို့ အကြမ်းဖက်ခြင်း မရှိခဲ့ပါ။ သူက လက်ကိုဆန့်ကာ မျက်လုံးပြူးပြူး လေးနဲ့ ကြည့်ပြီး ဘိုင်ကို ဟင်းသီးဟင်းရွက်တွေကို ပြလိုက်တယ်။

ခွန်းက သူတို့တွေက သူ့ကို သံသယမဝင်ဘူးဆိုတာ သိတော့ နေမကောင်းသလို ဟန်ဆောင်ပြီး အနားယူဖို့ သူ၏သစ်ပင်အိမ်သို့ တက်သွားပြီး  ရှောင်အမ်းချွမ် ကို သူ အိပ်ရာမှထရင် စားဖို့ စားစရာအနည်းငယ်ချန်ခိုင်းသည်။  ရှောင်အမ်းချွမ်လည်း ရိုးရိုးသားသားပဲ ချန်ထားမည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။  ကသဘောတူတယ်။

🍅🥗🌶🍅🥗🌶🍅🥗🌶🍅🥗🌶🍅🥗🌶


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now