Arc_15.10_ Qi Yi Ning

6.7K 638 0
                                    

Arc_15.10_ Qi Yi Ning

အနောက်တောင်ဒေသက လူတွေက သဘာဝဘေးနဲ့ အကျင့်ပျက်အ၇ာရှိတွေရဲ့ ဂုတ်သွေးစုပ်မှုဒဏ်ကို နှစ်ရှည်လများခံလာရတဲ့ အဆုံးမှာ အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက်ဆိုတာ မရှိသလောက်ရှားပါလာခဲ့တယ်။ မင်းကြီးအမိန့်ကိုနာခံပြီး ငြိမ်ဝပ်စွာနေလာခဲ့တာ သူတို့ရဲ့ အိမ်ထောင်ဦးစီးတွေကို သေလမ်းကို တွန်းပို့သလိုပဲ ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ သူတို့လို အနှိပ်ခံပြည်သူတွေက သူပုန်အလံကို လွှင့်ထူပြီး တွန်းလှန်ဖို့ဆိုတဲ့ အချက်ကလွဲပြီး လမ်းမရှိအောင်ဖြစ်လာကြတော့တယ်။ နင်းပြားပြည်သူတွေက တစုတစည်းတည်း ပုန်ကန်ပြီး တချီမင်းဆက်ကို ဖြုတ်ချဖို့ ညီညွတ်လာကြတယ်။ ခွေးတောင် ချောင်ပိတ်ထားရင် ပြန်ကိုက်တတ်သေးတာပဲ။ အလွဲသာတဲ့အဆုံး ပြည်သူတွေလည်း လေ့ကျင့်ထားတဲ့ စစ်သားတွေကို ပြန်တိုက်ဖို့ စိတ်ခွန်အား တွေရှိလာကြတယ်။ ပြန်မတိုက်ရင်လည်း အသေခံရတော့မယ်ဆိုတဲ့ အဆုံး မထူးဇာတ်ခင်းကြတော့တယ်။ ဒါကြောင့် သူတို့က အနောက်တောင်ပိုင်းဒေသကို အလျင်မြန်ခြေကုတ်ယူထားနိုင်ကြတာ ဖြစ်တယ်။
ဒီလိုအခြေနေမှာ ဘုရင်က စစ်တပ်ကို စေလွှတ်ပြီး အားလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းတာက အချိန်တိုအတွင်း အခြေနေကို ထိန်းချုပ်နိုင်တဲ့နည်းလမ်းဖြစ်ပေမယ့် ကျိုးယွင်ရှန့်က 21 ရာစုက လာတဲ့ လူသားဖြစ်လို့ အခုလို ရက်စက်ကြမ်းကြုတ်ပြီး ဘုရင်သာလျှင် ကောင်းကင်ဘုံက ချီးမြှောက်တဲ့ ခေါင်းဆောင်ဖြစ်တယ်တို့၊ မင်းကြီးရဲ့ ဘုန်းကံသာလျှင် မြင့်မြတ်ပြီး သာမာန်ပြည်သူတွေရဲ့ အသက်က ပုရွက်ဆိတ်လောက်တောင်တန်ဖိုးမရှိဘူး ဆိုတဲ့ အတွေးခေါ်ကို လက်မခံနိုင်ဘူး။
ကျိုးယွင်ရှန့်က ရန်သူနဲ့ရင်ဆိုင်ရချိန်မှာ ရက်စက်နိုင်ပေမယ့် သာမန်လူတွေအပေါ်ကို သူ ဘယ်တော့မှ တရားလက်မဲ့ သတ်ဖြတ်မှာမဟုတ်ဘူး။ ဒါကြောင့် သူက အခြေနေကိုသတိနဲ့ကိုင်တွယ်ဖြေရှင်းနေတယ်။ သူ ဆုံးဖြတ်ခဲ့တဲ့အတိုင်း ဒီဘုရင်ဘဝမှာ သူကျင်လည်နေရသရွှေ့ ဘုရင်ကောင်းဖြစ်ရစေမယ်။
ကျိုးယွင်ရှန့်က စစ်တပ်ကို ဒီဒေသတဝိုက်မှာ သတင်းထုတ်ပြန်စေတယ်။ ဒီဒေသရဲ့ အဓိက အရာရှိသုံးဦးကို သူတို့လုပ်ခဲ့တဲ့ အပြစ်ဒဏ်အရ သေဒဏ်ပေးခဲ့တယ်။ ပြီးတော့ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ အရာရှိ အားလုံးကို အရေးယူမှုတွေကို ဆောင်ရွက်ဖို့ ကြေငြာပြီး အရာရှိ 76 ယောက်ထဲက 16 ယောက်ကို ရာထူးက ထုတ်ပယ်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်။ အရာရှိ 50 ကိုတော့ ပြင်းထန်တဲ့ အပြစ်ကို ကျူးလွန်ခဲ့တာကြောင့် ခေါင်းဖြတ်သတ်ဖို့ အပြစ်ပေးတဲ့အကြောင်း ကြေငြာခဲ့တယ်။ ဒီသုံးနှစ်အတွင်း သူတို့လုပ်ခဲ့တဲ့ အပြစ်က အရမ်းကို ပြင်းထန်တဲ့တွက် ဒီလို အပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်တယ်။
"ဒီလူတွေကို မကွပ်မျက်သေးပဲ ဆိုင်းငံ့ထားလိုက်ဦး အမတ်ကြီး လော့။ ငါကိုယ်တော် သူတို့ သွေးနဲ့ မိုးနတ်မင်းကို ပူဇော်မယ်။ ဒါမှ မိုးနတ်မင်းက ကျေနပ်ပြီး ဒီ မိုးခေါင်ရေရှားဖြစ်နေတဲ့ ဒေသကို မိုးရွာချပေးလိမ့် မယ်။ ပြီးတော့ ဒီလိုလုပ်ရပ်က ပြည်သူတွေကို ကျေနပ်မှုဖြစ်စေလိမ့်မယ်။ အမတ်ကြီး အမိန့်စာလွှာ ထုတ်ပြန်ပြီး ကြေငြာလိုက်ပါ။ ငါကိုယ်တော်က မိုးနတ်မင်း ကောင်းချီးပေးတဲ့ မင်းဧကရာဇ် ဖြစ်တယ်။ ငါကိုယ်တော်က နဂါးဘုရင်တပါးဖြစ်လို့ မိုးနတ်မင်းက ငါကိုယ်တော်ကို မိုးရွာသွန်းဖို့ ဆုလာဘ်ကိုေ ပးလိမ့်မယ်၊ ငါကိုယ်တော် တောင်ပေါ်မှာ မိုးနတ်မင်းကို ပူဇော်ပြီး မိုးရွာအောင် လုပ်ပေးမယ်ဆိုတာ လူတိုင်းသိအောင် ကြေငြာပြီး သတင်းလွှင့်လိုက်ပါ။ မိုးရွာပြီးရင် တော်လှန်ရေးမှာပါတဲ့ လယ်သူမားတွေက လယ်ယာလုပ်ငန်းခွင်ကို ပြန်ဝင်တဲ့သူမှန်သမျှ လယ်ယာမြေပိုင်ဆိုင်ခွင့်ပေးမယ့်အပြင် သုံးနှစ်တိတိ အခွန်ကင်းလွှတ်ခွင့်လည်းပေးမယ်။ ပြီးတော့ နှစ်တိုင်း နေပြည်တော်ကနေ စစ်ဆေးရေး အရာရှိမင်းကို စေလွှတ်ပြီး မတရားလုပ်တဲ့ မင်းမိန့်မရပဲ အခွန်ကောက်တဲ့ အရာရှိတွေကို အပြစ်ပေးမယ်လို့ ကြေငြာလိုက်ပါ "
ကျိုးယွင်ရှန့်က မိုးရွာစေအောင်လုပ်ပေးနိုင်တဲ့ ယုံကြည်ချက်နဲ့ လက်ကို ဝေ့ယမ်းပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ် သူ့လေသံက လူသတ်လိုရိပ်နဲ့ပြည့်နေတယ်။
လော့ကျန်းက မင်းကြီးရဲ့ ပြည်သူတွေအပေါ် ညှာတာတဲ့ စိတ်သဘောထားကို သဘောကျပေမယ့် ဒီ အရေးခင်းက ပြင်းထန်နေတဲ့အတွက် လုပ်ရပ်က ပျော့ပြောင်းလွန်းပြီး သူပုန်တွေကို မထိန်းချုပ်နိုင်မှာကို စိုးရမ်နေတယ်။

"အရှင်မင်းကြိးရဲ့ ပြည်သူတွေကို ငဲ့ညှာတာတဲ့ သဘောထားကို ကျွန်တော်မျိုးကြီးလေးစားပေမယ့် အပြစ်သားတွေကိုမိုးနတ်မင်းကြီးဆီ ယဇ်ပူဇော်ပြီး မင်းကြီးကိုယ်တိုင် တောင်ပေါ်မှာ မိုးရွာသွန်းအောင် ဆုတောင်းမယ့် အချက်ကို ပြန်စဉ်းစားပေးတော်မူပါ။ တကယ်လို့ မင်းကြီးဆုတောင်းလို့ မိုးရွာမလာရင် မင်းကြီးက နဂါးဘုရင် မဟုတ်ဘူးဆိုပြီး ပြည်သူတွေ အကြည်ညိုပျက်မှာကို စိုးရွံ့မိပါတယ်။ မိုးရွာဖို့ ဆုတောင်းမယ့်အလုပ်ကို နတ်ဆရာတွေကို တာဝန်ပေးတော်မူပါ အရှင်မင်းကြီး"

"မဟုတ်ဘူး။ ငါကိုယ်တော် ပြောသလိုပဲ အမိန့်စာရေးပြီး ထုတ်ပြန်လိုက်။ ငါကိုယ်တော်က ဒီအနောက်တောင် ဒေသကို မိုးရွာသွန်းဖို့ မိုးနတ်မင်းလွှတ်လိုက်တဲ့ နဂါးဘုရင် အစစ်အမှန်ဖြစ်တယ်။ ငါကိုယ်တော်က သေချာပေါက် မိုးကို ဆောင်ကျဉ်းပေးလာမှာဖြစ်တယ်။ ဒါကြောင့် အမတ်ကြီး စိတ်မပူပဲ အမိန့်စာကို သေချာရေးပြီး ထုတ်ပြန်လိုက်ပါ။"
ကျိုးယွင်ရှန့်က လက်ချောင်းကိုချိုးလို့ ရက်တွက်လိုက်ပြီးဆက်ပြောလိုက်တယ်။

"ဆုတောင်းမယ့် အလုပ်ကို မဆိုင်းသင့်တော့ဘူး။ နောက်နှစ်ရက်ကြာရင် ဖိန်းလိုင် တောင်ပေါ်ကို သွားမယ်"
အမတ်ကြီးလော့ကျန်းက မင်းကြီးကို ဆွဲဆောင်ဖို့ ကြိုးစားပေမယ့် မရတဲ့အဆုံး ဘေးက နယ်စားကြီးကို အကူညီတောင်းဖို့ကြည့်တော့ နယ်စားကြီး ကျောက်ရွှမ်က မင်းကြီးအမိန့်ကို အာရုံစိုက်ပြီး နာခံကြောင်းပြနေတာ တွေ့လို့ အံ့အားသင့်သွားခဲ့တယ်။ တကယ်လို့ မင်းကြီးက မိုးနတ်မင်းကို ဆုတောင်းလို့ မိုးမရွာခဲ့ရင် သူပုန်တွေကို ကျောက်ရွှမ်ရဲ့တပ်တွေက နှိမ်နှင်းနိုင်မယ်ဆိုတာ သိလိုက်ရလို့ လော့ကျန်းက ဘာမှ ဆက်မပြောတော့ပဲ မင်းကြီး အမိန့်ကို ထုတ်ပြန်ဖို့ ထွက်သွားတော့မယ်။ ကျောက်ရွှမ်က မေးစရာရှိလို့ ကျန်နေရစ်ခဲ့တယ်။

"မောင်မင်း မေးစရာရှိရင် မေးပါ"

ကျိုးယွင်ရှန့်က ဖိန်းလိုင် တောင်တန်းမြေပုံကို ဖြန့်ကြည့်ပြီး မိုးကိုခေါ်ဖို့ အကောင်းဆုံးနေရာကို ရွေးချယ်နေလိုက်တယ်။ သူမွေးဖွားခဲ့တဲ့နေရာက နည်းပညာတိုးတက်တဲ့ ခေတ်ဖြစ်ပြီး ဘဝပေါင်းစုံ၊ ခေတ်ပေါင်းစံကို ပို့ဆောင်ခြင်းခံခဲ့ရတယ်။ သူက အတိုးတက်ဆုံးခေတ်၊ နတ်ဘုရားခေတ်၊ တန်ခိုးရှင်ခေတ်ကို ပို့ဆောင်ခြင်းခံခဲ့ရပေမယ့် အခုလက်ရှိမှာသူက သေမျိုးတစ်ယောက်သာဖြစ်တယ်။ သူသိထားတဲ့ နည်းပညာကို သုံးရင်တောင်မှ တောင်တွေကိုဖြိုပြီး ပင်လယ်ကို ပြောင်းလဲပြစ်ဖို့ မတတ်နိုင်ဘူး။ ဒါပေမယ့် သူသိထားတဲ့ ခေတ်သစ်နည်းပညာနဲ့ ယင်ယန်ဓါတ်သဘာဝကို ပေါင်းစပ်လိုက်မယ်ဆိုရင် မိုးရွာအောင်တော့ အလွယ်တကူ လုပ်နိုင်ပါသေးတယ်။

အရင်ဘဝကတော့ တော်ဝင်မင်းသားက ပုန်ကန်မှု အရှိန်မြှင့်ပြီးနောက်မကြာခင် ဒီဒေသမှာ မိုးအကြီးကျယ်ရွာသွန်းခဲ့လို့ ခြောက်သွေ့နေတဲ့ဒေသက ပြန်လည်စိုပြေပြီးလူတွှေ အငတ်ဘေးကလွတ် သွားခဲ့ရတယ်။ မိုးရေစက်တွေက လူတွေရဲ့ မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေခဲ့တယ်။ ဘယ်သူက သတင်းဖြန့်လိုက်တယ် မသိပေမယ့် တော်ဝင်မင်းသားက မိုးကောင်းကင်ရဲ့သားတော်၊ မိုးကို ခေါ်ဆောင်နိုင်တဲ့သူ လို့ နာမည်ကျော်လာတယ်။ သူက မင်းကြီးကို ကယ်တင်ဖို့ တပ်တော်ကို စေလွှတ်လိုက်တော့ပြည်သူတွေရင်ထဲမှာ သူက မင်းကောင်းတစ်ပါးဖြစ်ထိုက်သူလို့ ပြည်သူတွေနဲ့ အနောက်တောင် ဒေသက လူတွေအားလုံးက လက်ခံလာကြလို့ ထီးနန်းကို အလွယ်တကူ ဆက်ခံနိုင်ခဲ့တယ်။

ကျိုးယွင်ရှန့်ရဲ့တွက်ချက်မှုအရ မိုးအကြီးကျယ်ရွာသွန်းဖို့က နှစ်လလောက် လိုသေးတယ်။ သူ့မှာ ချီကျင်းယွိလို ဇာတ်လိုက်ရဲ့ အရှိန်ဝါမရှိလို့ မိုးကို စောရွာအောင်လည်း လုပ်နိုင်မှာ မဟုတ်ဘူး။ အခုအခြေနေက တင်းမာနေလို့ သူပုန်တွေက အရေးသာသည်ဖြစ်စေ၊ စစ်တပ်က အရေးသာသည်ဖြစ်စေ အခြေနေ ပိုဆိုးဝါးပြီး သွေးမြေကျမှုတွေဖြစ်လာလိမ့်မယ်။ မိုးခေါင်းရေရှားလို့ ငတ်ပြတ်နေတဲ့ ပြည်သူတွေရဲ့ ဒေါသနဲ့ပူပန်မှုကို အချိန်မှီမဖြေလျှော့ပေးနိုင်ရင် လူသတ်ပွဲတွေ ပိုဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျိုးယွင်ရှန့်က သူသိထားတဲ့ နည်းလမ်းကို ပေါင်းစပ်ပြီးမိုးရွာအောင် ကြိုးစားမလို့ဖြစ်တယ်။

ကျောက်ရွှမ်က ရှေ့ကို ခြေတလှမ်းတိုးလိုက်ပြီး မင်းကြီးလက်ကို ဆုပ်ကိုင်ပြီးမေးလိုက်တယ်။

"အရှင်မင်းကြီးမှာ မိုးရွာအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိသလား။ အရှင်မင်းကြီး လုပ်နိုင်လား"

"ငါကိုယ်တော် လုပ်နိုင်ပါတယ်"
ကျိုးယွင်ရှန့်က လက်ထဲက စုတ်တံနဲ့ လုပ်ထားတဲ့ ပုံစံကို ညွှန်ပြပြီး ရှင်းပြလိုက်တယ်။

"မိုးရွာတယ်ဆိုတာ လေထဲမှာ ရှိနေတဲ့ မိုးရေစက်သေးသေးလေးတွေက စုပေါင်းသွားပြီး တိမ်တိုက်တ စ်ခုဖြစ်လာ တယ်။ နောက်တော့ တိမ်တွေက ကြီးလာပြီး သူတို့သယ်လာတဲ့ မိုးရေစက်ကို မိုးအဖြစ် ရွာချလိုက်တယ်။ ငါတို့လုပ်ရမှာက မိုးရေစက်ငယ်လေးတွေကို အချင်းချင်းပူးပေါင်းမိသွားအောင် အသံလှိုင်း၊ လျှပ်စီးလှိုင်းနဲ့လေလှိုင်းတွေကို လွှတ်တင်ရမှာဖြစ်တယ်။ ဒါမှ ဒီလှိုင်းတွေကြောင့် လေထဲက သေးငယ်တဲ့ ရေမှုန်လေးတွေ ပေါင်းစပ်ပြီး ရေစက်အများကြီးဖြစ်လာမယ်။ နောက်ပိုင်း တိမ်တိုက်ကြီးဖြစ်လာပြီး မိုးအဖြစ် ရွာချလိမ့်မယ်။ မိုးရွာအောင် တောင်ပေါ်တက်ပြီး အော်ဟစ်ဆုတောင်းတာ၊ ဗုံမောင်းတီးတယ်ဆိုတာ ခုနည်းကို သုံးပြီး မိုးရွာအောင် လုပ်တာပဲဖြစ်တယ်။ တစ်ခုရှိတာက ဒီတောင်ပေါ်မှာ ဘယ်နေရာမှာ ရေငွေ့  အထူထပ်ဆုံး ရှိသလဲဆိုတာ တွက်ချက်တတ်ဖို့လိုတယ်။ ရေငွေ့အထူထပ်ဆုံးနေရာမှာ ပြွန်လုံးလေးခုလောက်တပ်ဆင်ပြီး လေထုထဲကို ဒီအရာတွေ ပို့လွှတ်လိုက်ရင် မိုးရွာနိုင်ချေက 80 ရာခိုင်နှုန်းလောက်ရှိတယ်။ လုံးဝမရွာတာထက်စာရင် ရွာအောင် လုပ်နိုင်ဖို့ပိုများတယ်။ "

မင်းကြီးရှင်းပြနေတဲ့ လျှပ်စီးလှိုင်း၊ လေလှိုင်း၊ အသံလှိုင်းနဲ့ အခြားအရာတွေက ကျောက်ရွှမ်အတွက် လုံးဝစိမ်းသက်တဲ့ အရာဖြစ်ပေမယ့် သူက နားလည်နေတယ်။ ဒါကြောင့် သဘောတူကြောင်း ခေါင်းငြိမ့်လိုက်မိတယ်။
ကျိုးယွင်ရှန့်က ပြွန်လို သစ်သားလုံးကို ကိုင်ပြီးရှင်းပြလိုက်တယ်။
"ဒီတစ်ခုက မိုးကို ခေါ်ပေးနိုင်တဲ့အရာပဲ။ အသံလှိုင်း၊ အလင်း၊ လျှပ်စစ်လှိုင်းကို တိမ်ထုထဲကို လွှတ်တင်တဲ့နေရာ အဓိက သုံးရမယ့် အရာဖြစ်တယ်။ ယွီကော်နယ်စားကြိီးက တကယ်ကို ကြိုးကြိုးစားစား လုပ်ပေးခဲ့တာပဲ"
ဒီလို အရေးကြီးတဲ့ အလုပ်ကို မင်းကြီးက သူ့ကို တကယ်ပဲ ခိုင်းစေခဲ့တယ်။ မင်းကြီးက သူ့ကို ယုံကြည်တယ်ဆိုတဲ့ အသိကြောင့် နယ်စားကြိးကျောက်ရွှမ်ရဲ့ မျက်လုံးတွေက တောက်ပပြီး စိတ်အနေထားက ပိုတက်ကြွလာခဲ့တယ်။

ဧကရာဇ်၏ကြေငြာချက်သည် မကြာခင် သူပုန်စစ်တပ်နှင့် အနောက်တောင်ဒေသ တစ်ခွင်လုံးရှိ လူတိုင်းပါးစပ်ဖျားကို ရောက်ရှိလာခဲ့ပြီး သူပုန်စစ်တပ်က မင်းကြီးကိုယ်တိုင် ရောက်လာရုံသာမက တချီပြည်ရဲ့စစ်နတ်ဘုရားလို့ နာမည်ကျော်တဲ့ အနောက်မြောက်ဒေသရဲ့ အရှင်သခင် ယွီကော်နယ်စားကြီးကိုယ်တိုင်ပါ မင်းကြီးနံဘေးတွင် ရပ်တည်နေသည်ကို တွေ့ရသောအခါ ရှိန်သွားကြသည်။ အနောက်မြောက် ကျားရဲဝံပုလွေတပ်စု၏ တိုက်ခိုက်ရည်ကောင်းခြင်းနဲ့ ရက်စက်ကြမ်းကြုတ်ခြင်းက လူတိုင်းကို ကြောက်ရွံ့စိတ်ဝင်လာစေသည်။ မင်းကြီးက ဒီအနောက်မြောက်စစ်တပ်ကိုသာ သုံးလျှင် သူပုန်စစ်တပ်က ဘယ်လိုမှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ လူ 50000 သာရှိသော သူပုန်စစ်တပ်ကို ရက်ပိုင်းနဲ့ ပြုတ်အောင်တိုက်လို့ရသည်။

သက်သာရာရမယ့်အခွင့်အရေးရှိရင် သူတို့က ဘာကြောင့် အသက်ဘေးနဲ့နီးတဲ့ သူပုန်အလုပ်ကို ဘယ်သူကလုပ်ချင်မှာတဲ့လဲ။ မင်းကြီးက သူတို့သာ လယ်ယာလုပ်ငန်းကိုဝင်ရင် အပြစ်က ချမ်းသာခွင့်ပေးမယ့်အပြင် လယ်ယာမြေပိုင်ဆိုင်ခွင့်ကိုတောင် ပေးဦးမယ်ဆိုတော့ သူပုန်တပ်သားတွေက လက်နက်ချပြီး လယ်ယာလုပ်ငန်းခွင်ကို ပြန်သွားချင်ကြလေပြီ။ ဒါပေမယ့် မင်းကြီးရဲ့အမိန့်ကို သူပုန်အဖွဲ့ရဲ့ခေါင်းဆောင် ချန်းရီစန်းက အပြင်းအထန် ကန့်ကွက်တော့သည်။ သူက ဒီပုန်ကန်မှုအတွက် လူသူစုဆောင်းပြီး သူပုန်တပ်သားတွေကို အာဏာပေးရပြီးနောက် အာဏာရှိခြင်းရဲ့အရသာကို တွေ့သွားပြီး ဒီနေရာကို အလွယ်တကူ လက်မလွှတ်ချင်တော့ပေ။ သူက လူသူကို ဆက်လက်စည်းရုံးပြီး တချီမင်းဆက်ကိုဖြုတ်ချလို့ မင်းဆက်သစ်ကို ထူထောင်ပြီး ဘုရင်တစ်ပါးဖြစ်လာဖို့ စိတ်ကူးယဉ်နေပြီဖြစ်လို့ သူ့လူတွေသာ လက်နက်ချလိုက်ရင် သူဘယ်လိုမှ ဘုရင်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် လက်အောက်ငယ်သားတွေကို ဘုရင့်အမိန့်စာကို မယုံဖို့ ဆက်လက်သွေးထိုးတော့တယ်။

ချန်းရှီစန်းက မင်းကြီးအမိန့်စာကို ကူးယူပြီး လက်အောက်ငယ်သားတွေကို ဖတ်ပြရင်း လှောင်ပြောင်သရော်တော့တယ်။

"ညီအစ်ကိုတွေကို အကြောင်းကြားလိုက်.. ငါတို့ အခု စောင့်ကြည့်ကြမယ်.. တကယ်လို့ ခွေးဧကရာဇ်က မိုးရွာဖို့ဆုတောင်းတာ မအောင်မြင်ဘူးဆိုရင် ဒီဟာက မိုးကောင်းကင်က သူ့ဆုတောင်းမှုကို ပယ်ချလိုက်တာပဲ.. ဒါဆိုရင် မိုးကောင်းကင်ရဲ့အလိုအရ ငါတို့ပြည်သူတွေကို နှိပ်စက်ကလူပြုနေတဲ့ ခွေးဘုရင်ကို ငါတို့ သုတ်သင်ဖယ်ရှားပစ်မယ်.. ဒီလောကမှာရှိတဲ့ လူသားတွေအကျိုးအတွက် မကောင်းတဲ့ဘုရင်ကို သုတ်သင်ပစ်ပြီး နတ်ကောင်းနတ်မြတ်တွေကို ပ,သရမယ်.."

လက်အောက်ငယ်သားတွေက သဘောတူစွာ အော်ဟစ်ကြပေမယ့် တစ်ယောက်က မေးလိုက်တယ်။

"တကယ်လို့ ခွေးဘုရင်က မိုးရွာအောင်ဆုတောင်းနိုင်ရင် ဘာဆက်လုပ်ကြမလဲ ညီအစ်ကိုတို့.."

ချန်းရှီစန်းက လှောင်ရယ်,ရယ်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

"အနောက်တောင်ဒေသက မိုးခေါင်လာတာ နှစ်အတော်ကြာပြီ.. ခွေးအရာရှိတွေက ဆိတ်တွေ၊ သိုးတွေနဲ့ ဒီလောက်ပ,သတာတောင် မိုးမရွာတာကိုကြည့်ရင် မိုးနတ်မင်းက အနောက်တောင်ဒေသကို ပစ်ပယ်ထားပြီဆိုတာ သိသာနေတာပဲ.. ဒီအမိန့်စာထဲရေးထားတာ ဘယ်လောက်ယုတ္တိမရှိလိုက်သလဲ ကြည့်ကြဦး.. 'မိုးရွာသွန်းစေဖို့ မိုးနတ်မင်းက မင်းဧကရာဇ်ကို ပို့ဆောင်လိုက်သည်' တဲ့.. ဒီခွေးဘုရင်က သူ့ကိုယ်သူ တန်ခိုးရှင်များထင်နေတာလား.. မိုးရွာဖို့မပြောနဲ့ လျှပ်စီးလက်အောင်တောင် သူက ဘယ်လိုအစွမ်းနဲ့ လုပ်နိုင်မှာတဲ့လဲ.. လျှပ်စီးလက်လာရင် သူအရင် မိုးကြိုးပစ်ချခံရမှာ သေချာတယ်.."

လက်အောက်ငယ်သားတွေက မိုးကြိုးပစ်ချလို့ မည်းတူးနေမယ့် ခွေးဘုရင်ရဲ့အလောင်းကို မြင်ယောင်ပြီး ရယ်မောလိုက်ကြတယ်။

သူပုန်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကလူတွေက အာဏာရဲ့အကျိုးကျေးဇူးကို မျှော်ကိုးပြီး မင်းကြီးအမိန့်ကို ဖီဆန်လှောင်ပြောင်ကြပေမယ့် လက်အောက်ငယ်သားတွေကတော့ မင်းကြီးရဲ့စစ်တပ်အင်အားကို ကြောက်ရွံ့ပြီး မိုးရွာဖို့ တိတ်တဆိတ် မျှော်လင့်နေကြတယ်။ သူပုန်တပ်က ဘယ်လောက် စည်းလုံးညီညွတ်ပါစေ၊ မင်းကြီးအမိန့်ကြောင့် တွေဝေကုန်ပြီး စစ်ပွဲက ယာယီရပ်ဆိုင်းသွားကြတယ်။

နောက်နှစ်ရက်အကြာ အနောက်တောင်ဒေသက အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖိန်းလိုင်တောင်ပေါ်မှာ စစ်တပ်က ပျဉ်ချပ်ကြီးတွေနဲ့ ဆုတောင်းတဲ့စင်ကြီးတွေကို ဆောက်လုပ်နေကြတယ်။ ကျိုးယွင်ရှန့်က ခန့်ညားတဲ့နဂါးဝတ်ရုံကို ဝတ်ဆင်ပြီး ရှေးဟောင်းသရဖူတစ်ခုကို ဆောင်းလို့ စင်မြင့်ပေါ်ကို ဖြည်းညင်းစွာ ဒူးထောက်ရင်း ဆုတောင်းမှုပြုနေတယ်။

သူက အရင်ဘဝတွေက ဘုန်းကြီးလည်းဖြစ်ဖူးသလို နတ်ဘုရားတစ်ပါးလည်း ဖြစ်ဖူးတဲ့အတွက် မြင့်မြတ်ပြီးလွှမ်းမိုးနိုင်တဲ့ ကျက်သရေအရှိန်အဝါက ဖြာထွက်လို့နေတယ်။ ပြည်သူတွေနဲ့ ချန်းရှီစန်းကလွှတ်လိုက်တဲ့ သူပုန်တွေက ဖိန်းလိုင်တောင်ခြေမှာစုရုံးပြီး မင်းကြီးဆုတောင်းရာ စင်မြင့်နားကို လာစောင့်ကြည့်ကြတယ်။ စစ်သားတွေက ဘယ်သူမှ မင်းကြီးဆုတောင်းရာစင်မြင့်နားကို မကပ်နိုင်အောင် ကာကွယ်ထားကြတယ်။ ဒီလူတွေက အဝေးကနေ ပြစ်တင်အော်ဟစ်နေကြပေမယ့် လေဟုန်စီးမတတ် ဝတ်ရုံတဖျပ်ဖျပ်လွင့်ပြီး စင်မြင့်ပေါ်မှာ ခန့်ညားစွာရပ်နေတဲ့ ချောမောလှပတဲ့ မင်းကြီးကို တွေ့လိုက်ရတာနဲ့ စကားသံအားလုံး တိတ်ဆိတ်သွားကြတယ်။ သူတို့အားလုံး နတ်ဒေဝါလိုချောမောလှတဲ့ဘုရင်ကို ဆွံ့အ,စွာ ငေးမောကြည့်နေမိကြတယ်။

"သွေးနဲ့ ယဇ်ပူဇော်မယ်.."

မင်းကြီးက မီတာရာပေါင်းများစွာအဝေး စင်မြင့်ကြီးပေါ်ကနေ လှမ်းပြောလိုက်ပေမယ့် လူတိုင်းနားနား ကပ်ပြောသလို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရတယ်။

ဒီအသံထဲမှာ မင်းဧကရာဇ်ရဲ့ ဘုန်းတန်ခိုးရှိန်ဘော်နဲ့ ပြည့်လို့နေတယ်။ ပြည်သူတွေက မင်းကြီးရဲ့စကားကို ကြားလိုက်ရတော့ မိုးနတ်မင်းကို မတရားပြုလုပ်ထားတဲ့ အရာရှိဆိုးတွေရဲ့သွေးနဲ့ ယဇ်ပူဇော်မယ်ဆိုတာ သဘောပေါက်သွားပြီး အားရဝမ်းသာ ဖြစ်သွားကြတော့တယ်။

ပါးကွက်အာဏာသားတွေက ပြိုလဲနေတဲ့အရာရှိဆိုးတွေကို တစ်ယောက်ချင်းနာမည်ကို ကြေငြာပြီး ယဇ်ပူဇော်မယ့်စင်မြင့်ထက်ကို ဆွဲခေါ်လို့ ပုဆိန်နဲ့ ခေါင်းဖြတ်သတ်လိုက်ကြတယ်။ လူ ၅၅ ယောက်တိတိ ခေါင်းဖြတ်ပြီးချိန်မှာ လူခေါင်းတွေက တောင်လိုပုံလို့နေပြီး နောက်ဆုံး သွေးအိုင်လိုဖြစ်နေတဲ့ စင်မြင့်ထက်ကို အဓိကတရားခံ ၃ ယောက်ကို ခေါ်ထုတ်လာကြတယ်။ သူတို့တွေက အနောက်တောင်ပိုင်း စစ်ဆေးရေးမှူး၊ ဥပဒေအရာရှိနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြတယ်။

အနောက်တောင်ဒေသ ဘုရင်ခံက သတ်သေသွားပြီးနောက် ဒီသုံးယောက်က သြဇာအကြီးဆုံးတွေဖြစ်ကြတယ်။ တစ်ချိန်က စည်းစိမ်ယစ်နေကြတဲ့ လူ၃ယောက်က သနားစရာအခြေအနေ ဖြစ်နေကြပြီး မကြာခင် သူတို့ကိုလည်း ခေါင်းဖြတ် ကွပ်မျက်လိုက်တော့တယ်။ လူများစွာကို ခေါင်းဖြတ်ကွပ်မျက်ခြင်းက တချီသမိုင်းကြောင်းမှာ အရက်စက်ဆုံး ပြစ်ဒဏ်ပေးခြင်းပဲဖြစ်တယ်။ ပြည်သူတွေက သူတို့ကိုနှိပ်စက်ခဲ့တဲ့ ဒီလူတွေကို ဘယ်လောက်မုန်းတီးပေမယ့် ခုလို ပုဆိန်နဲ့ ခေါင်းဖြတ်လိုက်ချိန် မကြည့်ဝံ့လို့ မျက်နှာလွှဲထားလိုက်ကြတယ်။ ဒီအနောက်တောင်ဒေသက ရာဇဝတ်မှုကျူးလွန်သူတွေကို ခေါင်းဖြတ်ကွပ်မျက်တာ လူပေါင်း ၃၆၀၀ လောက်ရှိပြီဖြစ်တယ်။ ပြည်သူတွေက ဒီမြင်ကွင်းကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့နေကြ၊ မျက်နှာလွှဲနေကြတယ်။ ဒီနေရာတစ်ဝိုက်က လေထုထဲမှာတောင် သွေးညှီနံ့ပြင်းပြင်းက လွင့်ပျံ့လို့နေတယ်။

လူတွေက မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး လက်ချောင်းကြားကနေ ဘုရင့်မျက်နှာကို ခိုးကြည့်လိုက်ကြတယ်။ မင်းကြီးရဲ့မျက်ဝန်းတစ်စုံက အေးစက်နေပြီး သူ့လေသံ၊ သူ့အမူအယာမှာ မကျေနပ်မှုကို တစ်စက်မှမတွေ့ရပေမယ့် မင်းကြီးက လူသားတစ်ယောက်ထက် မသေမျိုး၊ အညှာအတာကင်းမဲ့တဲ့ နတ်ဘုရားတစ်ပါးနဲ့ ပိုတူနေတယ်။ ရုတ်တရက် သူတို့က မိုးကောင်းကင်ကစေလွှတ်တဲ့ နဂါးဘုရင်ဆိုတဲ့အဓိပ္ပါယ်ကို ပိုနားလည်လာကြတယ်။

ကျိုးယွင်ရှန့်က စင်မြင့်ပေါ်မှာ ကြိုတင်ပြုလုပ်ထားတဲ့ အသံချဲ့စက်ကို တပ်ဆင်ထားတာဖြစ်လို့ သူက နှုတ်ခမ်းကိုဖွင့်ဟပြီး ပုံမှန်ပြောရုံနဲ့ သူ့အသံက ဖိန်းလိုင်တောင်ကြားတလျှောက် ပဲ့တင်လွင့်လို့သွားတယ်။

"တေးဂီတကို စတော့.."

တေးဂီတပညာရှင်တွေက တစ်ဖက်စင်မြင့်ထက်ကနေ ရိုးရာပူဇော်ပသတဲ့ တေးသီချင်းကို တီးမှုတ်လိုက်ကြတယ်။ ဒီအသံက အသံချဲ့စက်ကနေ ကျယ်လောင်စွာ လွင့်ပျံလာတယ်။ စစ်သားတွေက စစ်ချီရာမှာသုံးတဲ့ဗုံကြီးကို အားမာန်အပြည့်နဲ့ တီးခတ်လိုက်ကြတယ်။ ကျိုးယွင်ရှန့်က ဒီအသံတွေကို ဖိန်းလိုင်တောင်ပေါ်က မိုးတိမ်အထူဆုံး၊ ရေငွေ့အများဆုံးရှိရာကို အသံချဲ့စက်နဲ့ညွှန်ပြီး အသံတွေကို ပို့လွှတ်လိုက်တယ်။

ကျယ်လောင်တဲ့စစ်ဗုံကြီးရဲ့ ရိုက်ခတ်သံက လူတွေရဲ့ရင်ထဲကို ဒိန်းခနဲနေအောင် ရိုက်ခတ်ပြီး တုန်ခါသွားစေတယ်။ ကျိုးယွင်ရှန့်က ကြေးနီမှန်ပြင်ကို နေလုံးဘက်ကိုထောင်လိုက်ပြီး နေအလင်းပြန်လာတဲ့ အလင်းရောင်ကို မိုးတိမ်တိုက်ဆီကို ထိုးလိုက်တယ်။ ဒီအရောင်က စူးရှလွန်းလို့ မိုးကောင်းကင်ကဖြာဆင်းလာတဲ့ ရောင်ခြည်လို လူတွေကိုထင်မြင်စေလို့ ရင်ထဲအသည်းထဲကနေ ကြောက်ရွံ့သွားကြတယ်။
ပြည်သူတွေမပြောနဲ့၊ ဒီဟာတွေကို တပ်ဆင်ခဲ့တဲ့ စစ်တပ်က အရာရှိတွေကိုယ်တိုင် ကြောက်ရွံ့ဒူးတုန်လာကြပြီး အားလုံး မြေကြီးပေါ်ဒူးထောက်လို့ တုန်ယင်စွာနဲ့ မင်းကြီး အသက်ရာကျော်ရှည်စေကြောင်း အော်ဟစ်လိုက်ကြတယ်။ ဘယ်ဟာက နဂါးဘုရင်လဲ။ ကောင်းကင်ထက်မှာ စူးရှတဲ့အလင်းရောင်ကို ဖြစ်အောင် ဆင့်ခေါ်နိုင်တဲ့ သူတို့ဘုရင်ကမှ တကယ့်နဂါးဘုရင်အစစ်ဖြစ်တယ်ဆိုတာ လက်ခံလိုက်ကြတယ်။

မင်းကြီးရဲ့ဝန်ကြီးနဲ့ သက်တော်စောင့်တွေကိုယ်တိုင် ဒူးထောက်ပြီး အသက်ရှည်ဖို့ဆုတောင်းတာကို မြင်လိုက်ရတော့ ကြက်သေ,သေနေကြတဲ့ ပြည်သူတွေအားလုံး ချက်ချင်း ဒူးထောက်အရိုအသေပေးပြီး မင်းကြီးအသက်ရှည်စေကြောင်း အော်ဟစ်လိုက်ကြတယ်။ လူအုပ်ကြား တိတ်တဆိတ်ရောက်နေတဲ့ သူပုန်တပ်သားတွေက မင်းကြီးဆုတောင်းတာ မအောင်မြင်ရင် ပြည်သူတွေကိုလှုံ့ဆော်ဖို့ ရောနှောနေပေမယ့် ဒီလိုအံ့သြစရာမြင်ကွင်းကို မြင်ရလိမ့်မယ်လို့ မထင်ထားကြဘူး။ သူတို့လည်း ကြောက်လန့်သွားပြီး မြေပြင်ပေါ် ပြားပြားဝပ်ဦးချလိုက်တာ ပြန်တောင်မော့မလာရဲတော့ဘူး။

ကျိုးယွင်ရှန့်က မိုးခေါ်ကိရိယာကို ညှိလိုက်ပြီး ရေးသားထားတဲ့ ဧကရာဇ်ရဲ့အမိန့်စာလွှာကို အလင်းရောင်ထဲမှာ ပေါ်လာစေတယ်။ ဒီစာလွှာထဲမှာ လျှပ်စီးနတ်ဘုရားမ တျန်းဖူကို အနောက်တောင်ဒေသကို မိုးရွာသွန်းပေးဖို့ ဆင့်ခေါ်ထားတာပဲဖြစ်တယ်။ မိုးရွာသွန်းပေးပြီး ပြည်သူတွေကို ဆင်းရဲတွင်းကနေ ကယ်တင်ပေးဖို့ အလေးထားရေးသားထားတာပဲဖြစ်တယ်။ ဒီစာလွှာက အလင်းရောင်ထဲပေါ်လာပြီးနောက် ကြီးမားတဲ့ကြေးနီအိုးကြီးထဲ နတ်ဆရာတွေကို မီးရှို့စေပြီး မီးခိုးလုံးကြီးလှိမ့်တက်လာအောင် ကြိုတင်စီစဉ်ထားတယ်။ ဒီမီးတောက်ထဲ မင်းကြီးအမိန့်စာလွှာကို ပစ်ထည့်ပြီး မီးခိုးဖြူဖြူတွေက ချက်ချင်း ကောင်းကင်ပေါ်မှာ ထူထပ်စွာ ဖြစ်ပေါ်လာတော့တယ်။ ရုတ်တရက်လေတိုက်လာတော့ ဒီမီးခိုးက တိမ်တိုက်နဲ့ပေါင်းသွားပြီး ချက်ချင်း တိမ်တောင်ထုကြီးတက်လာသလို ဖြစ်သွားတော့တယ်။

ကျိုးယွင်ရှန့်က လေထုထဲ လက်ကိုဆန့်တန်းကြည့်ပြီး စိုထိုင်းဆကို တိုင်းတာကြည့်ပြီးနောက် သူ့စမ်းသပ်ချက် အောင်မြင်တယ်ဆိုတာ သိလိုက်တယ်။ ဒါကြောင့် သူက ဒူးထောက်လိုက်ပြီး လက်အုပ်ချီရင်း အကောင်းဆုံးဗုဒ္ဓဂါထာတစ်ခုကို ရွတ်ဖတ်လိုက်တယ်။ ဒီဂါထာရွတ်သံက မင်းကြီးရဲ့ ကြည်လင်သာယာပီသတဲ့ အသံကြောင့် ကျောက်မျက်ရတနာတွေကို ထိခတ်လို့ ထွက်လာတဲ့အသံသာသာလို လူတိုင်း အကြားအာရုံကနေတစ်ဆင့် ရင်ထဲထိရောက်သွားပြီး အားလုံးရဲ့ရင်ကို ငြိမ်းချမ်းသွားစေတော့တယ်။ ဒီဂါထာက အထက်နဝမမြောက်ဘုံက လွင့်ပျံလာတဲ့ တူရိယာသံလိုပဲ လူတိုင်းရင်ထဲ အေးချမ်းပျော်ရွှင်မှုကို ခံစားလာရစေတယ်။

❤🔞🔞🔞❤

မင်းကြီးရဲ့အရာရှိတွေက မြေပြင်ပေါ်ပြားပြားဝပ် အရိုအသေပေးနေကြတဲ့ ပြည်သူတွေကို ထဖို့ သတိမပေးနိုင်ဘဲ သူတို့ဘာသာတောင် မနည်းအားတင်းပြီး မတ်တပ်ရပ်နေကြတယ်။ ဆူညံနေတဲ့ ဖိန်းလိုင်တောင်တန်းကြီးက အခုတော့ တိတ်ဆိတ်ငြိမ်ကျသွားပြီး မင်းကြီးရဲ့ သာယာတဲ့ရွတ်ဖတ်သံကသာ လွင့်ပျံလို့နေတယ်။ ဆယ့်ငါးမိနစ်လောက်ကြာတော့ မီးပုံထဲကမီးတောက်တွေ အရှိန်ကျသွားပေမယ့် ကောင်းကင်ထက်က မီးခိုးငွေ့တွေက မပျောက်ဘဲ ဖိန်းလိုင်တောင်ပေါ်မှာ အမှောင်ထုကြီးလိုဖုံးထားပြီး တိမ်ညိုတွေက မြွေပါးပျဉ်းလို ဖိန်းလိုင်တောင်ကို စီးမိုးထားတယ်။

"မိုးတိမ်တွေ.. မင်းကြီးက တကယ်ပဲ မိုးကို ဆင့်ခေါ်လိုက်တယ်.."

ပရိသတ်ထဲကတစ်ယောက်က ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်တယ်။ ဧကရာဇ်ရဲ့အမိန့်စာလွှာကို မီးပုံထဲပစ်ထည့်ပြီး မကြာခင်မှာ ကောင်းကင်ထက် တိမ်တိုက်မည်းကြီး အုံဖွဲ့အောင်လုပ်နိုင်တဲ့အစွမ်းကို ဒီကမ္ဘာပေါ်က အပြစ်ရှာတတ်ဆုံးလူတောင် ဘာမှမပြောဝံ့အောင် ဖြစ်သွားစေတယ်။ ဒီလို သဘာဝလွန်ဖြစ်ရပ်ကို သူတို့ တစ်ခါမှမတွေ့ဖူးကြဘူး။

"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ.."

"ဧကရာဇ်မင်းကြီးက လူသားမဟုတ်တဲ့ နတ်မျိုးပါ.."

"မိုးနတ်မင်းက တချီပြည်ကိုကာကွယ်ဖို့ မင်းကြီးကို ပို့ဆောင်လိုက်ပြီ.."

"အိုး.. ငါတို့မှာ အသက်ရှင်ဖို့ အခွင့်အရေးရှိပြီကွ.. မင်းကြီးက နဂါးဘုရင်ဖြစ်လို့ မိုးနတ်သားတောင် မင်းကြီးအမိန့်ကို နာခံရတယ်.."

ပြည်သူတွေက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတယ်။

"ဒါ မိုးရွာတာမဟုတ်သေးဘူး.. ထင်မြင်ရာ လျှောက်မပြောကြနဲ့.."

သူပုန်အဖွဲ့ကသူလျှိုတွေ ပြန်အော်နေတုန်းမှာပဲ မိုးရေစက်တွေက ကောင်းကင်ပေါ်ကနေ ကျဆင်းပြီး ရေခဲရေလိုအေးစက်တဲ့ မိုးရေစက်တွေက သူတို့မျက်နှာပြင်ထက်ကို ခုန်ဆင်းလာတော့တယ်။ သူတို့က ဝတ်ပြုဆုတောင်းရာ စင်မြင့်ပေါ်ကိုကြည့်လိုက်တော့ မင်းကြီးက မတ်တပ်ရပ်ပြီး လျှောက်လမ်းကနေ လျှောက်လာတာကို တွေ့လိုက်ရတယ်။ မင်းကြီးရဲ့မျက်ဝန်းတွေက လူသတ်လိုရိပ်တွေနဲ့ အေးစက်စက်ဖြစ်နေလို့ သူပုန်တွေက ပြည်သူတွေနဲ့ရောပြီး ဒူးထောက်ဆုတောင်းဖို့ကလွဲရင် ဘာမှမတတ်နိုင်တော့ဘူး။ ဒီဘုရင်ကိုဖြုတ်ချဖို့ သူတို့အတူ စုစည်းရောက်ရှိလာပေမယ့် မမျှော်လင့်ဘဲ တစ်ဖက်ဘုရင်က အစွမ်းထက်လွန်းပြီး သူတို့နားမလည်နိုင်အောင် 'လက်တစ်ဖက်မြှောက်ရုံနဲ့ မိုးတိမ်ကိုတောင်ဆင့်ခေါ်နိုင်ပြီး ရွာချစေတယ်' ဆိုတဲ့အစွမ်းကို ပိုင်ဆိုင်ထားတယ်။ သူတို့သာ မျက်မြင်ကိုယ်တွေ့မဟုတ်ရင် ချဲ့ကားပြောတယ်လို့ ထင်မိမှာပဲ။ နတ်ဘုရားလိုအစွမ်းထက်တဲ့ ဒီဘုရင်ရဲ့အစွမ်းကို သူတို့ ဘယ်လိုမှ သိနိုင်မှာမဟုတ်ဘူး။

'ငါတို့က မိုးနတ်မင်းရဲ့လျှပ်စီးကိုတောင် ရွေ့အောင်လုပ်နိုင်တယ်' ဆိုတဲ့ သူပုန်တပ်ရဲ့ဆောင်ပုဒ်က တကယ့်ကို ရယ်စရာကြီးဖြစ်နေပြီ။

မိုးက ပိုပိုသည်းလာခဲ့တယ်။ မင်းကြီးက စင်မြင့်ထက်ကဆင်းပြီး ရာဇဝတ်သားတွေ ခေါင်းဖြတ်တဲ့နေရာကို လျှောက်လှမ်းလာတယ်။ အဲ့ဒီနေရာမှာ သွေးတွေက မိုးရေစက်နဲ့ရောပြီး ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ပတ်နေတယ်။ ဒါကြောင့် မင်းကြီးရဲ့နဂါးဝတ်ရုံနဲ့ ဖိနပ်တွေကို သွေးနဲ့ရောတဲ့မိုးရေစက်တွေ စင်ပြီး ညစ်ပတ်သွားစေတယ်။ ဒါပေမယ့် သရဖူကိုချွတ်လိုက်တဲ့ မင်းကြီးရဲ့နောက်ကျောမှာ ကျဆင်းနေတဲ့အနက်ရောင်ဆံနွယ်တွေနဲ့ တစ်ကိုယ်လုံး မိုးရေတွေစိုစွတ်လို့နေပေမယ့် မင်းကြီးရဲ့ တင့်တယ်လှတဲ့အသရေကို နည်းနည်းမှ မလျော့စေဘူး။ သူ့ရဲ့ ပြိုင်ဖက်ကင်းတင့်တယ်လှပတဲ့ ဟန်ပန်ကြောင့် ပြည်သူအားလုံး မြေပေါ်ပြားပြားဝပ်လဲပြိုပြီး အရိုအသေပေးလိုက်ကြတော့တယ်။

ကျောက်ရွှမ်က လူအုပ်ကြီးနောက်မှာ တိတ်တဆိတ်ပုန်းကွယ်နေပြီး ခါတိုင်းထက် ပိုမိုဆွဲဆောင်အားပြင်းတဲ့ မင်းကြီးကို နက်မှောင်တဲ့မျက်ဝန်းတစ်စုံနဲ့ တပ်မက်စွာ စိုက်ကြည့်နေမိတယ်။ ဒီလူရဲ့ မြင့်မြတ်တဲ့သွင်ပြင်နဲ့ ထူးခြားတဲ့မျက်ဝန်းတွေကို သဘောကျပေမယ့် နောက်ပုံစံတစ်မျိုးပြောင်းအောင် လုပ်ချင်နေမိတယ်။ အေးစက်စက်နဲ့ အညှာအတာကင်းမဲ့တဲ့ မျက်ဝန်းတွေက တပ်မက်မှုနဲ့ပြည့်နေပြီး လင်းလက်နေမယ့်ပုံစံ၊ မျက်နှာထက်က ကျေနပ်မှု၊ သာယာမှုကြောင့် တောက်ပနေမယ့်ပုံစံကို ဒီလိုနတ်သွေးနှောလူသားပုံစံထက် ကျောက်ရွှမ် ပိုမြင်ချင်မိတယ်။ မိုးရေတွေက သူ့တစ်ကိုယ်လုံးကို စိုစွတ်နေစေပေမယ့် ကျောက်ရွှမ်ရဲ့အာခေါင်တွေ ခြောက်သွေ့လို့နေတယ်။ သူက ခြောက်သွေ့တဲ့နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး လူအုပ်ကြားကနေ ပျောက်ကွယ်သွားတော့တယ်။

ကျိုးယွင်ရှန့်က အခမ်းအနားပွဲပြီးတော့ အနောက်တောင်ဒေသ အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦးရှိရာကို ပြန်လာခဲ့တယ်။ လင်းအန်းက သူ့အတွက် ချိုးရေပူပူ ပြင်ပေးထားပြီး ဂျင်းပြုတ်ရည်လည်း လုပ်ပေးထားတယ်။ သူရေချိုးပြီးတော့ ကူညီပြီးဝတ်ဆင်ပေးတယ်။ လင်းအန်းထွက်သွားတော့ သက်တောင့်သက်သာရှိတဲ့ အဝတ်ကို ဝတ်ဆင်ထားပြီးတဲ့ ကျိုးယွင်ရှန့်က သလွန်ပေါ်လဲလျောင်းလိုက်ချိန် သင်းပျံ့တဲ့ရေမွှေးနံ့ကို ရလိုက်ပြီး သူ့ခေါင်းက မူးဝေသွားတော့တယ်။

"Fuck.. ဒီတိရိစ္ဆာန်ကောင်ကြီး ဒီလိုထပ်လုပ်ပြန်ပြီလား.. တစ်ခါလာ ဆေးခတ်၊ မျက်လုံးစည်းပြီး လုပ်ချင်တာလုပ်နေတာပဲ.. ဒီလိုချည်းလုပ်နေတော့မှာလား.. ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မျက်နှာပြပြီး ချစ်မှာလဲ.."

ကျိုးယွင်ရှန့်က နဖူးပေါ်လက်တင်ပြီး မကျေမချမ်းတွေးလို့ အံကြိတ်လိုက်မိတယ်။

ကျောက်ရွှမ်က တစ်ကိုယ်လုံး ဝတ်စုံနက်ဝတ်ပြီး အဆောင်ထဲခိုးဝင်လို့ သလွန်ပေါ်မှာပျော့ခွေကျနေတဲ့ မင်းကြီးကို ကျင်လည်စွာပွေ့ယူပြီး မျက်လုံးကို အဝတ်စည်းလိုက်တယ်။

"မင်းမှာ သတ္တိရှိရင် မျက်နှာကို ဖော်ပြစမ်း.. ဒီလို ခိုးကြောင်ခိုးဝှက် လာမလုပ်နဲ့.."

"ကျုပ် သူရဲဘောကြောင်တာ မင်းတစ်ယောက်တည်း သိတာပါ.."

ကျောက်ရွှမ်က ရယ်မောရင်းပြောလိုက်ပြီး ကျိုးယွင်ရှန့်ကိုယ်ပေါ်က ညအိပ်ဝတ်စုံကို ချွတ်ပစ်လိုက်ပြီး ယူလာတဲ့နဂါးဝတ်ရုံကို စနစ်တကျဝတ်ဆင်ပေးလိုက်တယ်။ ပြီးတော့ ကျေနပ်စွာရယ်ပြီး ပြောလိုက်တယ်။

"မင်းကို နဂါးဝတ်စုံနဲ့မြင်ရတာ ကျုပ် တကယ်သဘောကျတယ်.. မင်းရဲ့သွင်ပြင်က လှပရုံမကဘူး မြင့်မြတ်တဲ့ပုံရိပ်ကိုပါ ထင်ဟပ်စေတယ်.. ကျုပ်က အရင်ဘဝက လူတွေကယ်တင်ခဲ့တဲ့ ကောင်းမှုလုပ်ခဲ့လို့ မိုးနတ်မင်းက မင်းလိုချောမောလှပပြီး မဟာဆန်တဲ့လူကို ကျုပ်ဆီ ချီးမြှင့်လိုက်တာဖြစ်မယ်.."

ကျောက်ရွှမ်ရဲ့အသံက စနောက်ဟန်ရှိပေမယ့် သူ့လက်လှုပ်ရှားမှုတွေက တစ်စက်မှ ရပ်နားတာမရှိဘူး။

"ငါ့ကို မိုးကောင်းကင်က ပေးသနားတယ်.. ဟုတ်လား.. တစ်ဖက်ကကြည့်ရင် မင်းက မုဒိန်းကောင်ပဲ.. တစ်ဖက်လူရဲ့သဘောတူညီချက်မပါဘဲ အမြဲချစ်တင်းနှောနေတာ မဟုတ်လား.."

ကျိုးယွင်ရှန့်က ဒီစကားကို စိတ်ထဲကနေပဲ ပြောနိုင်တော့တယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်ရွှမ်က သူ့နှုတ်ခမ်းကိုဖိအပ်ပြီး ကြမ်းကြမ်းတမ်းတမ်း နမ်းနေလို့ဖြစ်တယ်။

ကျောက်ရွှမ်က သူ့ကို နဂါးဝတ်ရုံ ဝတ်ဆင်ပေးလိုက်ပေမယ့် ကိုယ်ပေါ်ကို အခြားအဝတ်နဲ့ ဘောင်းဘီရှည်တွေ ဝတ်ပေးထားတာမဟုတ်လို့ ဝတ်ရုံအောက်ကခြေအစုံက နဂါးဝတ်ရုံအောက်ကနေ တချို့တဝက်ထွက်ပေါ်နေတယ်။ ဖယောင်းတိုင်မီးရောင်အောက်မှာ အပြစ်အနာအဆာကင်းတဲ့ ခြေတံတစ်စုံက သွယ်လျလှပပြီး မြင်သူကို ရမ္မက်စိတ်ကြွချင်စရာ ဆွဲဆောင်နေတော့တယ်။ ခြေထောက်တစ်စုံက ကျောက်စိမ်းလိုဖြူဖွေးနူးညံ့ပြီး တစ်ခါတည်း မြိုချချင်စရာကောင်းအောင် အရသာရှိပုံပေါက်နေတယ်။

ကျောက်ရွှမ်က ဒီခြေတစ်စုံကို ညင်သာစွာ ထိတွေ့နမ်းရှိုက်လိုက်တယ်။ လှပတဲ့ခြေဖမိုးနဲ့ ခြေချောင်းလေးတွေကို နမ်းရှိုက်ပြီး ခြေကျင်းဝတ်ကို လက်နဲ့ ညင်သာစွာပွတ်သပ်ဆုပ်ကိုင်လိုက်ပြီး ပေါင်တံနှစ်ဖက်လုံးကို တစ်လက်မ,မကျန် နမ်းစုပ်နေတော့တယ်။ အချိန်တိုအတွင်းမှာ ခြေထောက်နှစ်ဖက်လုံး နမ်းစုပ်ထားတဲ့ ကြီးကြီးသေးသေး အနီမှတ်တွေ ပြည့်နှက်သွားတော့တယ်။ ကျောက်ရွှမ်က ခြေထောက်တွေကို ပင့်မ,ချဲ့ကိုင်ပြီး နမ်းလိုက်၊ လျက်လိုက်၊ စုပ်လိုက်နဲ့ ချစ်သူလေးရဲ့ မွှေးပျံ့တဲ့ကိုယ်သင်းနံ့၊ နူးညံ့တဲ့အထိအတွေ့ကို ခံစားရင်း ကျေနပ်လို့နေတယ်။

ကိုယ်အောက်ပိုင်းမှာ ဘာမှဝတ်မထားဘဲ ဗလာဟင်းလင်းဖြစ်လျက်နဲ့ ယောက်ျားတစ်ယောက်က ခြေအစုံကိုဖြဲကိုင်လို့ စိတ်ကြိုက်နမ်းတာခံနေရတာက ယောက်ျားတစ်ယောက်အတွက် အနေရခက်တဲ့ခံစားမှုဖြစ်တယ်။ ကျိုးယွင်ရှန့်က ခြေအစုံကိုပူးကပ်ဖို့ ကြိုးစားပေမယ့် ဆေးရှိန်ကြောင့် ပျော့ခွေနေလို့ နည်းနည်းလေးတောင် မလှုပ်နိုင်ဘဲ အိပ်ယာထက်မှာ ပက်လက်ဖြစ်နေရတယ်။ ဒါကြောင့် ကျောက်ရွှမ်က သူ့ကိုစိတ်တိုင်းကျ တဝကြီးနမ်းလိုက်၊ ပွတ်သပ်လိုက် လုပ်နေနိုင်တာဖြစ်တယ်။ သူ့ရဲ့နွေးထွေးအိစက်တဲ့ လျှာက ပေါင်တွင်းသားတွေကိုထိလာတဲ့အခါမှာတော့ ကျိုးယွင်ရှန့်အနေနဲ့ မအောင့်နိုင်တော့ဘဲ တီးတိုးညည်းလိုက်မိတော့တယ်။

ကျောက်ရွှမ်က မင်းကြီးကို ရင်ခွင်ထဲပွေ့ပိုက်လိုက်ပြီး ရင်ဘတ်က ချယ်ရီသီးလေးနှစ်ခုကို ကုန်းပြီးစုပ်လိုက်တယ်။ ဒီချယ်ရီသီးနှစ်ခုကို တစ်လှည့်စီစုပ်လိုက်၊ လက်နဲ့ချေလိုက်နဲ့ လုပ်ရုံသာမက သွားနဲ့ပါ ဖိကြိတ်လိုက်တယ်။

"သားတစ်ရာ၊ မြေးတစ်ဖြာအစား မင်းရဲ့တစ်ဘဝလုံးစာကို ကျုပ် တာဝန်ယူတယ်.."
ကျောက်ရွှမ်က ဒီလိုချော့မြှူရင်း မင်းကြီးရဲ့ပျားရည်တွင်းထဲစိမ်ရင်း ကပ်ညှောင့်နေလိုက်တယ်။ မင်းကြီးရဲ့ကိုယ်က သူ့လှံတံကို နေသားတကျရှိပြီး ပြန်ညှစ်လာပြီဆိုမှ ဆွဲထုတ်ပြီး တဖြောင်းဖြောင်း ပစ်ဆောင့်တော့တယ်။ သူ့အပြော၊ သူ့လှုပ်ရှားမှုကြောင့် ကျိုးယွင်ရှန့်ရဲ့ ကျောက်စိမ်းချောင်းလေးက တဆတ်ဆတ်တုန်ပြီး အဖြူရည်တွေ စီးကျလာတော့တယ်။ ကျောက်ရွှမ်ရဲ့လှံတံက ဘယ်လိုမှမနေသေးဘဲ မာကျောနေဆဲဖြစ်တယ်။ ကျိုးယွင်ရှန့်က အထွတ်အထိပ်ရောက်သွားလို့ ညည်းညူရင်း ကျောက်စိမ်းချောင်းလေးက ပျော့ကျသွားတယ်။

ကျောက်ရွှမ်က ကျိုးယွင်ရှန့်ရဲ့ရင်ဘတ်က အသီးလေးကိုချေရင်း ခပ်ကြမ်းကြမ်း ထိုးဆောင့်တော့တယ်။ သွယ်ပြောင်းလှတဲ့ခြေအစုံကို တံခေါက်ကွေးကနေ ပင့်မ,ပြီး ပျားရည်ရောင်တွင်းလေးထဲ ဆက်တိုက်ထိုးဆောင့်တော့ မင်းကြီးရဲ့လှံတံက တစ်ခါပြန်မာလာတယ်။ မင်းကြီးရဲ့ ဒီလိုတက်ကြွတဲ့ပုံလေးကို ကျောက်ရွှမ် အရမ်းသဘောကျမိတယ်။ ကျောက်ရွှမ်က ကျိုးယွင်ရှန့်ကိုပွေ့ယူပြီး သူ့ပေါင်ပေါ်ထိုင်စေတယ်။ ကျိုးယွင်ရှန့်ရဲ့မျက်နှာက သူ့ပုခုံးထက်မှာတင်နေတယ်။ ကျောက်ရွှမ်က ကျိုးယွင်ရှန့်ရဲ့တင်ပါးကို ပင့်မြှောက်ထားပြီး အောက်ကနေ ပင့်ဆောင့်နေလိုက်တယ်။

လှံတံကို တစ်ဆုံးပြန်ထုတ်ပြီး ပျားရည်တွင်းလေးထဲ တစ်ဆုံးထိ ပစ်ပစ်ဆောင့်သွင်းရတဲ့အရသာက ကျောက်ရွှမ်ကို ပိုကြမ်းတမ်းလာစေတယ်။ နီမြန်းတဲ့တွင်းဝလေးကို လှံတံထိပ်က ပွတ်တိုက်ပြီးဝင်ထွက်နေလို့ ကျိုးယွင်ရှန့်ရဲ့လှံတံက နောက်တစ်ခါ ဖြူဖြူအရည်ကို ကျောက်ရွှမ်ရဲ့ရင်ဘတ်ကို ပန်းထုတ်လိုက်မိတော့တယ်။ ကျိုးယွင်ရှန့်က ဘယ်လိုမှမအောင့်နိုင်တော့ဘဲ ကျောက်ရွှမ်ရဲ့မိစ္ဆာကောင်ကြီးကို အူနံရံကိုအတင်းကျုံ့ပြီး ညှစ်လိုက်မိတော့တယ်။ ပျားရည်တွင်းဝက ညှစ်နေလို့ ကျောက်ရွှမ်လည်း မင်းကြီးကိုယ်ထဲကို အရှိန်နဲ့ ပန်းထုတ်လိုက်တော့တယ်။ ဒီမျိုးစေ့ရည်တွေက များလွန်းလို့ အပြင်ကိုတောင် လျှံကျလာတော့တယ်။

"ကျုပ်ရဲ့ သားတွေ မြေးတွေကို အများကြီးပေးလိုက်တယ်.."

ကျောက်ရွှမ်က နားနားကပ်ကျီစယ်ရင်း ပြောလိုက်တယ်။ ကျောက်ရွှမ်ရဲ့လှံတံက ပြီးသွားတာတောင် မာကျောတာမလျော့ဘူး။ ဒါကြောင့် မင်းကြီးကို အိပ်ယာထက်မှာ ပြန်လဲလျောင်းစေပြီး လှံတံကိုဆွဲထုတ်လိုက်တယ်။

'ဖွတ်' ဆိုတဲ့အသံနဲ့အတူ တင်းကျပ်တဲ့ပျားရည်တွင်းထဲကနေ လှံတံထွက်လာပြီး အဟလေးက နီနီလေးနဲ့ လှံတံရဲ့ဆိုဒ်အတိုင်း ကျန်ရစ်ခဲ့တယ်။ ပြီးမှ ပျားရည်ဝလေးက ဟစိဟစိနဲ့ ပြန်ပိတ်သွားတော့တယ်။ ကျိုးယွင်ရှန့်က နှစ်ခါတိတိ ပန်းထွက်ပြီးလို့ ရင်ဘတ်က နိမ့်ချည်မြင့်ချည်နဲ့ မောဟိုက်နေတယ်။

ကျောက်ရွှမ်က မင်းကြီးရဲ့နှုတ်ခမ်းကို နမ်းပြီး အာခံတွင်းထဲတိုးဝင်လို့ လျှာကိုထည့်မွှေပြီး စုပ်နမ်းလိုက်တယ်။ ကျိုးယွင်ရှန့်ရဲ့စိတ်ဝိညာဉ်တောင် စုပ်ယူခံရသလို ခံစားလိုက်ရတယ်။ ကျောက်ရွှမ်က လွှတ်ပေးလိုက်ပြီး ခေါင်းအုံးပျော့တစ်လုံးကိုယူလို့ မင်းကြီးရဲ့တင်ပါးအောက်ကို ထိုးထည့်ပေးလိုက်တယ်။

"အချိန်ရှိတုန်း နောက်တစ်ခါလောက် ချစ်လိုက်ဦးမယ်.."

ကျောက်ရွှမ်က တီးတိုးပြောပြီး မင်းကြီးရဲ့ခြေထောက်ကို ရင်ဘတ်ပေါ်ကွေးတင်လိုက်တော့ ပျားရည်တွင်းပေါက်လေးက အနေအထားမှန်စွာ ပေါ်ထွက်လာတယ်။ ကျောက်ရွှမ်က သူ့ရဲ့ မတ်ထောင်နေတဲ့ ခရမ်းနီရောင်လှံတံကြီးကို ပျားရည်တွင်းဝလေးမှာတေ့ပြီး ထိုးသွင်းလိုက်တယ်။ နီမြန်းတဲ့ တွင်းဝကျဉ်းကျဉ်းလေးထဲကို ခရမ်းနီရောင်မိစ္ဆာကောင်ကြီး အဝင်အထွက်လုပ်နေတဲ့မြင်ကွင်းက ကျောက်ရွှမ်ရဲ့မျက်လုံးကို ပိုမိုနက်မှောင်စေပြီး မင်းကြီးကို မညှာမတာ ဆောင့်ထိုးချင်စိတ်တို့ တိုးတိုးလာတယ်။ ဖြူဖြူအရည်တွေက အမြှုပ်ထလို့ တွင်းဝလေးကနေ ဆက်တိုက် တစွပ်စွပ်နဲ့ စီးကျနေသလို ဒီအသံက ကျောက်ရွှမ်ကို ရူးမလိုတောင် ပြုစားနေတော့တယ်။

သူ့လှံတံက တွင်းနီနီလေးထဲ တိုးဝင်သွားတိုင်း အထဲကိုနစ်ဝင်သွားပြီး ပြန်ဆွဲထုတ်လိုက်တဲ့အခါ စူပြီးပါလာတာလေးက ကျောက်ရွှမ်ကို ရမ္မက်စိတ်ပိုတိုးလာစေပြီး မင်းကြီးရဲ့ကိုယ်ဘေးမှာ လက်မောင်းကိုဆန့်ထောက်ထားပြီး လှံတံကို တစ်ဖြောင့်တည်းထားလို့ ကိုယ်ထဲကို တရှိန်ထိုး ဆက်တိုက် ထိုးဆောင့်လိုက်တော့တယ်။ မင်းကြီးရဲ့တင်ပါးနဲ့ ကျောက်ရွှမ်ရဲ့ပေါင်သားတို့ ရိုက်ခတ်သံက အခန်းထဲ ဆူညံလို့နေတယ်။ ကျိုးယွင်ရှန့်က ပြင်းထန်တဲ့ထိုးသွင်းချက်ကြောင့် ကိုယ်တွင်းနံရံတလျှောက် ပူလောင်လာပြီး ညည်းသံဆက်တိုက်ထွက်လို့ ငိုကြွေးနေမိတော့တယ်။ မင်းကြီးရဲ့အမူအယာကြောင့် ကျောက်ရွှမ်က ဆယ်ကြိမ်ကျော်လောက် ပစ်ဆောင့်ပြီး နောက်တစ်ကြိမ် ပန်းထုတ်လိုက်တော့တယ်။ ကျိုးယွင်ရှန့်လည်း ကိုယ်ထဲပန်းလိုက်တဲ့ ပူနွေးတဲ့အရည်ကြောင့် နောက်တစ်ချီ ပန်းထွက်သွားပြီး မောလွန်းလို့ သတိလက်လွတ် မေ့မြောသွားတော့တယ်။

နောက်တစ်နေ့နိုးလာတော့ သူ့ခေါင်းအုံးဘေးမှာ သွေးလိုရဲတဲ့ တရုတ်နှင်းဆီပွင့် တင်ထားတာတွေ့လိုက်ရပြီး တစ်ကိုယ်လုံးလည်း သန့်ရှင်းရေးလုပ်ပြီး မနေ့ကအဝတ်ကို ပြန်ဝတ်ပေးထားတာကို တွေ့လိုက်ရတယ်။ 008 ထဲမှာလည်း နောက်ထပ် data တွေရောက်နေတာကို သတိထားမိလိုက်တယ်။

ကျိုးယွင်ရှန့်က ခုတင်ပေါ်ကဆင်းလိုက်ပြီး တစ်ခန်းလုံးက ပရိဘောကတွေကို တွန်းချရိုက်ခွဲပြီးနောက် အပြင်ကအစောင့်တွေကို ကျောက်ရွှမ်ကို ခေါ်ခိုင်းလိုက်ပြီး ကျောက်ရွှမ်ရောက်လာတော့ လက်ညှိုးငေါက်ငေါက်ထိုးလို့ အော်ဟစ်ကြိမ်မောင်းလိုက်တယ်။

"မင်းက ဘယ်လိုကိုယ်ရံတော်လဲ.. ငါကိုယ်တော်ရဲ့အိပ်ခန်းထဲကို လုပ်ကြံသူတွေ ရောက်လာတယ်.. ငါကိုယ်တော်သာ သိုင်းမကျွမ်းရင် အသတ်ခံရပြီးပြီ.. ငါကိုယ်တော်ကို ဘယ်လို ကာကွယ်စောင့်ရှောက်နေတာလဲ.."

သူ့ချစ်သူက တကယ့်ကို မယုံနိုင်စရာ သိုင်းကျွမ်းတာပဲ။ ခံနိုင်ရည်လည်း မြင့်မားတယ်။ မနေ့ညက ကျောက်ရွှမ် သူ့ကို အကြိမ်ကြိမ်ပြီးမြောက်စေလို့ ပျော့ခွေသွားစေတာတောင် မနက်နိုးလာတော့ ဒီလိုသရုပ်ဆောင်ဖို့ အားရှိသေးတယ်။ ကျောက်ရွှမ်က မင်းကြီးရဲ့ဒေါသတကြီးအော်ငေါက်ပြီး ပစ္စည်းနဲ့ပစ်ပေါက်ခံရလို့ ကြောက်ရွံ့ပုံပြပေမယ့် ရင်ထဲမှာတော့ ညက လှပတဲ့အတွေ့အကြုံကြောင့် ချိုမြိန်စွာပြုံးလို့နေတယ်။ ညက မင်းကြီးက သူ့ကိုယ်အောက်မှာ တရှုံ့ရှုံ့ငိုကြွေးပြီး စိတ်ပါနေခဲ့တယ်။ ဒီအတွေးကြောင့် သူ့သွေးတွေ ပြန်ဆူပွက်ချင်လာတယ်။

ကျိုးယွင်ရှန့်က နှင်တံကိုမြှောက်ပြီး ရိုက်ဖို့ရွယ်လိုက်ပေမယ့် လက်ကိုချလိုက်ပြီး အော်ငေါက်လိုက်တယ်။

"ထွက်သွားကြ.. အခုချက်ချင်း တစ်မြို့လုံး ပိုက်စိပ်တိုက်ရှာပြီး ဟိုခွေးကောင်ကို ဖမ်းခေါ်ခဲ့.."

ကျောက်ရွှမ်က စိတ်ပျက်လက်ပျက်ဖြစ်သွားပေမယ့် သူ့ချစ်သူလေးက သူ့ကိုမရိုက်ရက်လို့ဆိုတာ တွေးမိပြီး ချက်ချင်းပျော်ရွှင်တက်ကြွလို့ သူ့လူတွေကိုဦးဆောင်ပြီး သူပုန်တွေကိုဖမ်းဆီးဖို့ မြို့ထဲကို ထွက်လာတော့တယ်။

•••••••••••••••••••••••••••••••

မိုးက သုံးရက်သုံးညတိတိ ဆက်တိုက်ရွာသွန်းပြီး အနောက်တောင်တစ်ခွင်ကို ပျံ့နှံ့သွားတော့တယ်။ သူပုန်တွေရဲ့ 'ငါတို့က လျှပ်စီးကို ယူဆောင်လာပေးမယ်' ဆိုတဲ့ဆောင်ပုဒ်က ရေပန်းစားမှုမရှိတော့ဘဲ ဘယ်သူမှ မင်းကြီးရဲ့အမျက်ရှအောင် မလုပ်ချင်ကြတော့ဘူး။ သူပုန်အဖွဲ့ထဲပါနေတဲ့ လယ်သမားတွေက လက်နက်ကိုစွန့်ပြီး ညတွင်းချင်း သူတို့အိမ်ကို ပြန်သွားကြတော့တယ်။ သူတို့က အိမ်ထဲမှာ ကြောက်လန့်တကြား ပုန်းနေကြပေမယ့် ဘုရင်က ဖမ်းဆီးဖို့ စစ်တပ်စေလွှတ်ခြင်းမရှိတော့တာ သိရတော့ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ကြတော့တယ်။ မင်းကြီးက ရိက္ခာတွေဝေ၊ ဒုက္ခရောက်သူကို ကယ်ဆယ်ရေးတွေလုပ်ပေး၊ လယ်ယာတွေရေတွက်ပြီး ခွဲဝေပေးနေတော့ သူတို့အားလုံး မိသားစုနဲ့ပေါင်းစည်းဖို့ ပြန်သွားကြတော့တယ်။

တစ်လအတွင်း လူပေါင်း တစ်သိန်းလောက်ရှိတဲ့ သူပုန်တပ်ကြီးက လူနှစ်ထောင်လောက်ပဲ ကျန်ရစ်တော့တယ်။ မင်းကြီးရဲ့စစ်တပ်က သူတို့နောက်ကိုလိုက်တိုက်တော့ ကစဥ့်ကလျားထွက်ပြေးရင်း သွားလေရာမှာ လုယက်တိုက်ခိုက်တာ လုပ်မိကြတယ်။ ဒီလိုနဲ့ သူပုန်တပ်ရဲ့ဂုဏ်သတင်းတွေက လုံးဝကို ပျက်စီးသွားပြီး လူတွေ စိတ်ပျက်လာချိန် ကျိုးယွင်ရှန့်က မညှာတာဘဲ ချေမှုန်းဖို့ အမိန့်ပေးလိုက်တယ်။

အသေးအဖွဲကိစ္စတွေကို အဆင်ပြေအောင် စီစဉ်ပြီးနောက် အနောက်တောင်ဒေသလည်း သဘာဝအတိုင်း မိုးရွာနေပြီဖြစ်လို့ အခက်အခဲအားလုံး ပြေလည်သွားပြီဖြစ်တယ်။ ဒါကြောင့် သူက အနောက်တောင်ဒေသကနေ ထွက်ခွာလာဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းကြီးပြန်မယ်ဆိုတော့ မိုးရေထဲမှာတောင် ပြည်သူတွေက လေးစားမြတ်နိုးစွာနဲ့ လိုက်လံပို့ဆောင်ကြတယ်။ လော့ကျန်းနဲ့ မှူးမတ်တွေတောင် မင်းကြီးကို နတ်ဘုရားတစ်ပါးလို ကြည့်နေကြတယ်။

မိုးရွာဖို့ မင်းကြီးရဲ့ဆုတောင်းပေးတဲ့ဖြစ်ရပ်က ပြည်သူတွေရဲ့ရင်ထဲ စွဲနေပြီဖြစ်လို့ သူတို့သားစဉ်မြေးဆက်ကို လက်ဆင့်ကမ်းပြောပြဖို့ စာပေထက်ရေးသားဖို့ ဆုံးဖြတ်လိုက်ကြပြီး မင်းကြီးကို ဆက်လက်သစ္စာစောင့်သိဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ပြည်သူတွေကလည်း မင်းကြီးကို အခွန်ဆက်သဖို့ သဘောတူကြတယ်။
အုပ်ချုပ်ရေးကိုပဲ အဓိကထားတဲ့ခေတ်မှာ ကျိုးယွင်ရှန့်ရဲ့သိပ္ပံပညာနဲ့ ဗဟုသုတကို ပေါင်းစပ်သုံးလိုက်ခြင်းက ထူးဆန်းတဲ့ အံ့သြဖွယ်ရာဖြစ်နေပြီး နောင်လာနောက်သားတွေက သူ့ကို မြင့်မြတ်တဲ့ ဧကရာဇ်မင်းတစ်ပါးအဖြစ် မှတ်တမ်းတင်သွားကြမှာကို ကျိုးယွင်ရှန့် မသိလိုက်ဘူး။ တချီမင်းဆက် ၂၄ ဆက်မှာ သူက အထင်ရှားဆုံးဖြစ်ပြီး နောက်ပိုင်းမျိုးဆက်တွေက ချီရိနဉ်မင်းကြီးက သိပ္ပံခေတ်လွန်ခေတ်ကနေ အချိန်စက်ဝန်းကိုချိုးဖောက်ပြီး အတိတ်ကာလကိုများရောက်လာလို့ ဒီသိပ္ပံနဲ့ပထဝီ သဘောတရားကို နှံ့စပ်ရုံသာမက စစ်ရေးဗျူဟာကိုလည်း ဒီလောက်ကျွမ်းရသလားလို့ တွေးပြီး သုတေသနလုပ်ကြတော့တယ်။

အနာဂတ်မျိုးဆက်ကလူတွေက သူ့ကို ဘယ်လိုတွေးမြင်ကြလည်း ကျိုးယွင်ရှန့် ဂရုမစိုက်ဘူး။ သူ့တာဝန်က ဒီဘုရင်ဘဝမှာ ဘုရင်ကောင်းတစ်ပါးဖြစ်ပြီး ပြည်သူတွေရဲ့ဘဝဆီ အေးချမ်းသာယာမှုနဲ့ တိုးတက်မှုကို ဆောင်ကျဉ်းပေးချင်တာပဲဖြစ်တယ်။ အခု ဗရုတ်သုတ်ခဖြစ်နေတဲ့ အနောက်တောင်ဒေသ အရေးအခင်း ပြီးသွားပြီဆိုတော့ အခု သူ့ရဲ့ ပုဂ္ဂိုလ်ရေးကြွေးမှီကို ပြန်တုံ့ပြန်ဖို့ပဲကျန်တော့တယ်။



🍁🍁🍁🍁🍁🍁🍁🍁

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now