Arc_8.19 Romeo

7.9K 995 1
                                    

Chapter (19) – Gay မိဘနှစ်ပါးနှင့် Hayden

Brown နဲ့သူ့ဇနီးက သူတို့သားရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ Video ကို ဖျက်ပေးစေချင်တာကြောင့် Gustav ကို ရန်ပုံငွေအများကြီးပေးကြပေမယ့် ငြင်းပယ်ခံလိုက်ရသည်။ Gustav က ပါးစပ်ဖွင့်လိုက်ပြီး Brown လင်မယားနှစ်ဦးရဲ့ ပြဿနာအရင်းအမြစ်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

"ကျွန်တော်သိရသလောက် Hayden က လိင်တူချစ်သူတွေကို မုန်းတီးတဲ့သူ့အဖိုးကို အရမ်းနှစ်သက်တယ်.. သူက ဒီပြိုင်ပွဲကာလအတွင်း Jeffery ကို အတော်လေးမနှစ်မြို့ကြောင်း ဖော်ပြတဲ့အပြင် Jeffery က အန်ချင်စရာကောင်းတယ်လို့ အတော်များများကို ပြောဆိုနေခဲ့တယ်.. ခင်ဗျားတို့နှစ်ယောက် ဘယ်လိုတွေးသလဲဆိုတာ ကျွန်တော်မသိပေမယ့် သူသာ ကျွန်တော့်သားသာဖြစ်မယ်ဆိုရင် ကျွန်တော်တော့ ရင်ကွဲမှာပဲ.. တကယ်လို့ ခင်ဗျားသားကို အဖိုးကြီး Brown လိုမောက်မာပြီး လိင်တူဆန့်ကျင်တဲ့လူ မဖြစ်စေချင်ဘူးဆိုရင် ခင်ဗျားတို့ အခုကစပြီး လုပ်ဆောင်သင့်ပြီလို့ ထင်တယ်.."

Brown လင်မယားနှစ်ဦးက ABC အဆောက်အဦးထဲကနေ မျက်နှာဖြူဖတ်ဖြူရော်နှင့် ထွက်လာကြသည်။ သူတို့နှစ်ဦးသည် Hayden ကို Villa ဆီမှ သွားရောက်ခေါ်ယူခဲ့ကြသည်။ Hayden ကားထဲရောက်သည်နှင့် သူ့အရင်ပြိုင်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့အကဲဖြတ်မှုကို ကြည့်ဖို့ မအောင့်နိုင်အောင် ဖြစ်နေမိသည်။ သူက ဝန်ထမ်းကမ်းပေးသည့် ဖုန်းကိုလှမ်းယူပြီး ကြည့်လိုက်ချိန် အရမ်းကိုတုန်လှုပ်သွားခဲ့သည်။

"Oh My God.. Romeo က ကျွန်တော့်ကို ကြိုက်နေတာလား.. ဒီသောက်ကောင်.. ကျွန်တော် ဒီလိုရွံစရာကောင်နဲ့ အတော်ကြာအောင် တစ်ဆောင်တည်းနေခဲ့ရတာ.. ရွံစရာကောင်းလိုက်တာ.. အဖိုးပြောတာမှန်တယ်.. ဒီသောက်ရူးအခြောက်တွေကို သေအောင် မီးရှို့သတ်ပစ်သင့်တယ်.."

သူက Romeo ဝန်ခံတဲ့အခန်းကိုကြည့်ပြီး အန်ချင်တဲ့ပုံနှင့် ပြောလိုက်သည်။

Brown လင်မယားနှစ်ဦး၏ အမူအယာက ပိုပိုပျက်လာပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ဆုံး Valentine Brown က ပြောလိုက်သည်။

"Hayden.. အဖေတို့ မင်းကိုပြောစရာရှိတယ်.. ငါနဲ့မင်းအမေက လိင်တူချစ်သူတွေပဲ.. ငါနဲ့မင်းအမေက ဘယ်တုန်းကမှ အတူမနေခဲ့ကြဘူး.. မင်းကို ဖန်ပြွန်သန္ဓေနည်းနဲ့ မွေးဖွားခဲ့ကြတာ.. ဒီလိုမှမလုပ်ရင် မင်းအဖိုးက ငါတို့ကို မိသားစုထဲကမောင်းထုတ်ပြီး အမွေဖြတ်လိုက်မှာစိုးလို့ပဲ.."

Susan က သရော်လိုက်သည်။

"သားလေး.. အမေ့တို့ခန့်မှန်းကြည့်ချက်အရဆိုရင် မင်းအဖိုးက မင်းကို ဦးနှောက်နဲ့အာရုံကြောဆေးရုံကိုပို့ပြီး ပုံမှန်လူသားဖြစ်အောင် လုပ်လောက်တယ်.."

Susan က မေးရိုးကိုတင်းနေအောင် အံကြိတ်ထားသည့် Hayden ကိုကြည့်ကာ ပါးနပ်စွာ ဆက်ပြောလိုက်သည်။

"ငါ့သား.. အခု အမေတို့ ရူးနေတာနဲ့တူနေလို့လား.. မင်းရဲ့ ဆင်းသက်လာတဲ့ မူလပိုင်ရှင် အဖေအမေတို့က ရွံစရာကောင်းတယ်လို့ ထင်နေတုန်းလား.. တစ်စုံတစ်ယောက်က မင်းကိုချစ်မြတ်နိုးတယ်ဆိုရင် အဲ့ဒီလူက အထက်တန်းလွှာကလား၊ သာမန်လူလား၊ ယောက်ျားလား၊ မိန်းမလား၊ ရုပ်ဆိုးလား၊ ရုပ်ချောလားဆိုတာထက် သူမင်းကိုပေးအပ်တဲ့ ချစ်ခြင်းမေတ္တာအတွက် မင်း သူ့ကို ကျေးဇူးတင်ကြောင်း အရင်ပြသင့်တယ်လေ.. တကယ်လို့ သူတို့သာ မင်းကိုမချစ်ဘူးဆိုရင် ဘယ်သူက မနက်ပိုင်းစွန့်စွန့်စားစားပြေးလာပြီး မင်းကိုအချိန်မှီအောင် အိပ်ယာကလာနှိုးမှာလဲ.. မင်းကိုသည်းခံဖို့ သူတို့စိတ်ကို ချိုးနှိမ်ထားနိုင်မှာတဲ့လဲ.. တခြားလူတွေ မင်းအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို အလေးမထားဘူးဆိုရင် ဘယ်သူမှ မင်းကို ချစ်တော့မှာမဟုတ်ဘူး.."

Hayden က ပြောစရာစကားမရှိလောက်အောင် တုန်လှုပ်သွားခဲ့သည်။ သူ့ရုပ်နဲ့ခန္ဓာ တစ်စစီဖြစ်သွားလောက်အောင် နာကျင်လာပြီး သူသိထားသမျှအရာအားလုံး တစ်စစီပျက်စီးသွားတော့သည်။

Hayden က သူ့အမြင်နဲ့ သူ့ရဲ့စံတန်ဖိုးတွေကို ပြန်သုံးသပ်ဖို့ကြိုးစားနေချိန်မှာ ပြိုင်ပွဲဝင်အားလုံးက စုဝေးပြီး ညစာစားနေကြသည်။ Ivana က Emily ဘက်ကိုလှည့်ပြီး Coke ဘူးရဲ့သံကွင်းကို ဆွဲလိုက်တော့ Coke တွေကပန်းထွက်ပြီး Emily ကိုစင်သွားခဲ့သည်။

"Oh My God.. တောင်းပန်ပါတယ်.. Cola ဘူးကလှုပ်ခါနေတော့ ငါ သတိမထားလိုက်မိဘူး.."

"ဘာ.. နင် ဒါကို တမင်လုပ်တာ.."

"OK မင်းသမီးလေး.. မင်းပြောသလိုပါပဲ.. အိုး.. ဒါဆိုရင် ငါလည်း မင်း တမင်သက်သက် လုပ်ခဲ့တာလို့ သံသယရှိတယ်.."

"ဘာကို ငါတမင်သက်သက် လုပ်ရမှာလဲ.."

Emily ရဲ့နှလုံး ရုတ်တရက်ဆောင့်ခုန်သွားပြီး သူ့လေသံက ရုတ်တရက် ယုံကြည်ချက်ကင်းမဲ့သွားသလိုပဲ။

"နင်က Hayden ရဲ့လည်ဆွဲကို တမင်သက်သက် သူ့ဂျင်းဘောင်းဘီထဲဝှက်ထားပြီးမှ ကျောပိုးအိတ်ထဲ ပစ္စည်းထည့်ဖို့ လှမ်းခေါ်ခဲ့တာ.. ဒါမှ ငါတို့သုံးယောက် ရန်ဖြစ်ပြီး ပြိုင်ပွဲကထုတ်ခံရမှာလေ.. Hayden ပြောခဲ့တာပဲ.. မနေ့ညက သူရေမချိုးခင် ဆွဲကြိုးကိုချွတ်ပြီး စားပွဲပေါ်တင်ခဲ့တယ်တဲ့.. ပြီးတော့ အဲ့ဒီအခန်းထဲ နင်တစ်ယောက်တည်းရှိနေခဲ့ပြီးမှ ငါဝင်ပြီး ပစ္စည်းထည့်ပေးခဲ့တာ.. ဒီကိစ္စမှာ နင်တစ်ယောက်တည်း ဒီလိုလုပ်ဖို့ အခွင့်အရေးရသွားတာပဲ.."

ကျိုးယွင်ရှန့်က သူ့နွားနို့ဖန်ခွက်ကိုချပြီး ရှင်းလင်းစွာပြောလိုက်သည်။ ပြိုင်ပွဲဝင်တွေက ဒီကိစ္စကို တီးတိုးဝေဖန်နေကြပေမယ့် Hayden ပေါ့ဆတယ်လို့ပဲ ထင်ခဲ့ကြပေမယ့် ကျိုးယွင်ရှန့်ရဲ့စကားကိုကြားရတော့မှ Emily ပေါ်ကို သံသယဝင်သွားကြတော့သည်။ အခုဆိုရင် ပြိုင်ပွဲဝင်က အမှတ်စဉ် ၇ ကို ရောက်လာပြီဖြစ်ပြီး ဒီယှဉ်ပြိုင်နေတဲ့တလျှောက်လုံး သူတို့တစ်ယောက်အကြောင်းကို တစ်ယောက် နားလည်နေကြပြီဖြစ်သည်။ Romeo ကလွဲရင် ဒီပြိုင်ပွဲဝင်အားလုံး သူတို့တစ်ဖွဲ့တည်းသားကို တစ်ချိန်မဟုတ်တစ်ချိန် ချနင်းခဲ့ကြသည်။

John က ကင်မရာကို ချက်ချင်း မျက်နှာနီနေသည့် Emily ဆီကိုချိန်ကာ ရိုက်ကူးလိုက်သည်။

Emily ကရှက်ရွံ့နေသည့်စိတ်ကို ထိန်းကာ Romeo ကိုခွန်းတုံ့ပြန်ပြောလိုက်သည်။

"နင့်ရဲ့စိတ်ကူးက စိတ်လှုပ်ရှားစရာကောင်းပါရဲ့ Romeo ရယ်.. ဒါပေမယ့် ဘယ်မှာလဲ ငါလုပ်ပါတယ်ဆိုတဲ့ သက်သေ.. နင့်ရဲ့အကြံကို ငါမသိဘူးများထင်နေလား.. နင်က ဒီကိစ္စကိုအသုံးချပြီး ငါ့ကိုစော်ကားတိုက်ခိုက်ပြီး ငါ့ရဲ့ရမှတ်တွေနည်းအောင် လုပ်ချင်နေတာမလား.. ဒါမှ ငါ့ကို နင် ပြိုင်ပွဲကနေ ကန်ထုတ်လို့ရမှာလေ..."

သူမက တည်ငြိမ်စွာပြောနေပေမယ့် စိတ်ထဲမှာ ယောက်ယက်ခတ်လို့နေလေပြီ။ ဒီအကြောင်းသာ ထုတ်လွှင့်လိုက်ရင် သက်သေရှိတာ၊ မရှိတာ အပထား၊ ပရိသတ်တွေက သူမကိုသံသယဝင်ပြီး အားပေးမှုလျော့မှာ သေချာသည်။ သူမအမှတ်တွေသာ ကျဆင်းသွားရင် ပြိုင်ပွဲတစ်ခုချင်းဆီကရတဲ့ ရမှတ်နည်းနည်းတွေကြောင့် သူမအခြေအနေက တကယ့်ကို ကျဉ်းထဲကျပ်ထဲရောက်သွားနိုင်သည်။ ဒါကြောင့် သူမက Romeo ကိုဆက်ပြီး target မထားဘဲကြိုးစားမှ သူမပရိသတ်ကို ထိန်းထားနိုင်မှာဖြစ်သည်။

ကြည့်ရှုသူနှုန်းထားတိုးလာဖို့ ဒီသွေးအေးတဲ့ ထုတ်လွှင့်သူအဖွဲ့က တားမြစ်ထားသည့် ရန်ဖြစ်သည့် Video တွေကလွဲရင် စိတ်ဝင်စားစရာကောင်းမည့်အရာတိုင်းကို ထုတ်လွှင့်ပြသမှာသေချာသည်။ Romeo က သူမအပေါ် ဘာမှမလုပ်ဘဲ ဒီလိုထင်မြင်ချက်လေးတစ်ခုနဲ့တောင် သူမကို လုံးဝထိခိုက်အောင်လုပ်နိုင်သည်ကို Emily သိသည်။

ကျိုးယွင်ရှန့်က လက်ကျန်နွားနို့ကို မော့သောက်ကာ အပြတ်ရှင်းပြီး Emily ကို အေးဆေးစွာပြောလိုက်သည်။

"ငါက နင့်လိုမရှုပ်ထွေးဘူး.."

Romeo က တစ်ဖက်သားကို ဒေါသထွက်အောင်ပြောနိုင်စွမ်းရှိတာကို ပြိုင်ပွဲဝင်တိုင်းသိပေမယ့် ဒီကောင်လေးက စိတ်ထားနူးညံ့ပြီး ကြင်နာတတ်သည်ကို အသိအမှတ်ပြုထားကြသည်။ နူးညံ့ပြီးဖြူစင်တဲ့ကောင်လေးနဲ့ ပါးနပ်ပြီး အတွေ့အကြုံများတဲ့ Bar ကဝန်ထမ်းကောင်မလေး နှစ်ယောက်ယှဉ်ရင် ဘယ်သူ့ကိုယုံကြည့်သင့်တယ်ဆိုတာ အရူးတောင်သိနိုင်သည်။

ပြိုင်ပွဲဝင်အားလုံး စားသောက်ပြီးတာနဲ့ Emily ကို ဘယ်သူမှစကားမပြောဝံ့ဘဲ အလျှိုလျှိုထွက်သွားကြသည်။ Emily ရဲ့အချစ်ဆုံးသူငယ်ချင်း Daphen တောင် Emily နားမနေဝံ့တော့ပေ။

တကယ်လို့ Emily ရဲ့အကြံသာ အောင်မြင်သွားရင် သူမလက်တစ်ချက်မမြှောက်လိုက်ရဘဲ Hayden, Romeo နဲ့ Ivana တို့သုံးယောက်လုံး ပြိုင်ပွဲကထုတ်ခံရနိုင်သည်။ Hayden က လူရှေ့မရှောင် သူမနဲ့ပလူးလေ့ရှိပြီး သိပ်ချစ်ကြောင်းပြထားသည့် ရည်းစားဖြစ်တာတောင် သူမက တုံ့ဆိုင်းခြင်းမရှိဘဲ သူမရည်းစားကို ချနင်းပစ်လိုက်သည်။

ပြိုင်ပွဲဝင်တွေက သူမကို ရွံကြောက်ကြီးဖြစ်နေကြသလို Hayden လည်း ဒီအပိုင်းထုတ်လွှင့်တာကြည့်ပြီး Emily ကိုမုန်းတီးသွားခဲ့သည်။ သူက Brown ဖက်ရှင်တံဆိပ်တိုင်းအတွက် Emily ကိုမငှားဖို့ အမိန့်ပေးလိုက်သည်။ ဒီကိစ္စက Emily ရဲ့ဘဝတက်လမ်းကို လုံးဝမတည်မငြိမ်ဖြစ်သွားစေသည်။

စိတ်လှုပ်ရှားစရာရက်တွေ ကုန်ဆုံးသွားခဲ့လေပြီ။ ကျိုးယွင်ရှန့်က ရေချိုးပြီး ဆံပင်ရေစက်လက်နှင့် ထွက်လာခဲ့သည်။ Ivana က သူ့ဆံပင်တွေခြောက်အောင် ခပ်ကြမ်းကြမ်းသုတ်ပေးလို့နေသည်။

"ခေါင်းကို သုတ်နေတာ ရပ်တော့.. ကျွန်တော် အိပ်ချင်နေပြီ.."

Romeo ရဲ့ဆံပင်တွေက ဖွာလို့နေပြီး သူ့ပါးပြင်လေးက နီပြေပြေရောင်သမ်းလို့နေသည်။ အိပ်ချင်မူးတူးသမ်းလိုက်သောကြောင့် မျက်ရည်လေးက မျက်ဝန်းထောင့်မှာ တွဲခိုလို့နေသည်။ သူ့ပုံစံလေးက ချစ်စရာကောင်းပြီး တစ်ကိုယ်လုံး သန့်ရှင်းလတ်ဆတ်နေပုံရသည်။ သူက တစ်ချက်သမ်းလိုက်ပြီး အိပ်ယာထဲတိုးဝင်ကာ အိပ်စက်သွားတော့သည်။ John က သူ့ကို မှတ်တမ်းတင်ရိုက်ကူးနေဆဲဆိုတာ သိလိုက်ရလို့ သူက အိပ်ချင်မူးတူးနှင့် 'Good Night' ဟု နှုတ်ဆက်လိုက်သည်။

"Good Night ကိုယ့်ကလေးလေး.."

Gustav က စောင့်ကြည့်ခန်းကထိုင်ခုံမှာထိုင်ရင်း Screen ပေါ်မှာပေါ်နေသည့် အိပ်ချင်မူးတူးချာတိတ်လေးရဲ့ ပုံကို လက်ချောင်းနှင့် အသာအယာတို့ထိကာ ပြောလိုက်သည်။

"ခင်ဗျားက တကယ့်နှာဘူးပဲ Boss" လို့ပြောနေသယောင်ထင်ရသည့် ဝန်ထမ်းခေါင်းဆောင်၏ မျက်ဝန်းကို သူလုံးဝ လျစ်လျှူရှုထားခဲ့လေသည်။

နောက်တစ်နေ့ ပြိုင်ပွဲဝင်တွေနိုးလာတော့ TV screen ပေါ်မှာ 'အမျိုးသားနှင့်အမျိုးသမီးတို့ မျက်နှာချင်းဆိုင်ရပ်နေတာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုပိုတိုးလာတယ်' ဆိုသည့် စာတန်းကြီး ပေါ်နေသည်။

ဒါ ဘာကို ဆိုလိုတာလဲ..?

ယောက်ျားလေးနဲ့ မိန်းကလေး အဖွဲ့ဖွဲ့ရမှာလား..?

ပြိုင်ပွဲဝင်တွေ မျိုးစုံခန့်မှန်းနေကြပေမယ့် ကျိုးယွင်ရှန့်က Ivana ကိုတီးတိုးပြောလိုက်သည်။

"ဒီဟာက ယောက်ျားလေးနဲ့ မိန်းကလေး အဝတ်လဲဝတ်ပြီး စုံတွဲပုံရိုက်ရမှာထင်တယ်.."

Ivana ရဲ့မျက်ဝန်းတွေ တောက်ပသွားပြီး ထူးဆန်းစွာပြုံးကာ ပြောလိုက်သည်။

"ကိုယ့်အချစ်လေး.. မင်း မိန်းကလေးလိုဝတ်ထားတာ ငါမြင်ချင်လှပြီ.. နင်က သေချာပေါက် Emily ထက် အဆထောင်ချီလှမှာ သေချာတယ်.."

ဒီစကားဆုံးတော့ Emily က အပေါ်ထပ်ကနေ ဆင်းလာခဲ့သည်။ ပုံမှန်ဆိုရင် သူမကို အခြားပြိုင်ပွဲဝင်တွေက နွေးထွေးစွာဆက်ဆံလေ့ရှိကြသည်။ သူမက Hayden လိုမောက်မာခြင်းမရှိဘဲ သူမရဲ့အလှတွေက ဆွဲဆောင်မှုရှိလို့ သူမက လူကြိုက်များသူလည်းဖြစ်သည်။ ဒါပေမယ့် ခုတစ်ခေါက် ပြဿနာပြီးသွားတော့ ပြိုင်ပွဲဝင်တွေက သူမကို ခပ်ဝေးဝေးက ဖယ်ခွာချင်ကြသည်။ သူမနဲ့ချစ်ကြည်နူးနေတဲ့ ရည်စားကိုတောင် ချောက်ချတယ်၊ ဘယ်နေ့ ဘယ်သူ့အလှည့် ရောက်လာမယ်ဆိုတာ မသိနိုင်ဘူး။ Emily က တကယ့်ကို ရက်စက်တဲ့သူပဲ။ သူမရောက်လာလို့ ဧည့်ခန်းထဲခဏတိတ်သွားခဲ့သည်။ သူမက သတိမထားမိသလို အားလုံးကိုနှုတ်ဆက်နေသောကြောင့် ပြိုင်ပွဲဝင်တွေက သူမရဲ့ ခန့်မှန်းလို့မရတဲ့ စိတ်နေစိတ်ထားကြောင့် ပိုသတိထားသွားကြစေသည်။

ကျိုးယွင်ရှန့်က အသားညှပ်ပေါင်မုန့်နှစ်ချပ်လုပ်ပြီး တံခါးနားမှာ ကားစောင့်ရင်း Ivana နဲ့ စားနေကြသည်။ သူတို့နှစ်ယောက်လုံး မိတ်ကပ်မလိမ်းကြလို့ အခြားသူတွေထက် စောပြီး အဆင်သင့်ဖြစ်နေကြသည်။

Studio ကို ကားဆိုက်ရောက်လာတော့ Bonnie နဲ့ Jeffery တို့ ဘေးချင်းယှဉ်ရပ်ပြီး ပြိုင်ပွဲဝင်များကို နှုတ်ဆက်နေကြသည်။ Gustav က ကင်မရာကိုလွယ်ရင်း ဘေးမှာရပ်နေသည်။ ကနေ့ပြိုင်ပွဲမှာ Gustav က ကင်မရာသမားအဖြစ် လုပ်ပေးဖို့ တာဝန်ယူထားသည်။

"လူတိုင်း ဒီနေ့ဘာလုပ်ရမယ်ဆိုတာ တွေ့ကြပြီမဟုတ်လား.."

Bonnie က ပြုံးရင်းမေးလိုက်သည်။

"ဟုတ်ကဲ့.."

"ဒါကြောင့် ဒီကနေ့ဓာတ်ပုံရိုက်ရမယ့် Theme ကို ခန့်မှန်းကြည့်ပြီးပြီလား.."

ပြိုင်ပွဲဝင်တစ်ယောက်က 'ယောက်ျားလေးနဲ့မိန်းကလေး အတူတွဲပြီး စုံတွဲဓာတ်ပုံရိုက်ရမှာမဟုတ်လား' ဟု ဖြေလိုက်သည်။

"ကောင်လေးနဲ့ကောင်မလေးက တစ်ဖက်လူအတွက် အဝတ်အစားနဲ့ စတိုင်လ်ရွေးပေးရမယ်.."

"ဒါစုံတွဲပုံ ရိုက်ရမှာသေချာတယ်.."

Bonnie က ခေါင်းကိုသာ ယမ်းပြနေသည်။ သူမက Romeo ရဲ့မျက်နှာ နီရဲနေတာ သတိထားမိတော့ သူ့ကို ဦးတည်မေးလိုက်သည်။

"ကြောင်ပေါက်လေး.. မင်း ခန့်မှန်းထားမိလား.."

"ကောင်လေးနဲ့ကောင်မလေး ဝတ်စုံလဲဝတ်ပြီး စုံတွဲပုံရိုက်ရမှာ မဟုတ်လားဗျ.. ကျွန်တော်တို့မှာ ကောင်လေး ၅ ယောက်၊ ကောင်မလေး ၅ ယောက်.. ပေါင်း ၁၀ ယောက်ရှိတယ်.."

"အချစ်လေး.. မင်းရဲ့ဦးနှောက်လေးက မင်းမျက်နှာလေးလို သူများထက်ထူးချွန်ပါပေတယ်.."

Bonnie က ရယ်မောပြီးပြောလိုက်တော့ ကျန်ပြိုင်ပွဲဝင်များ ညည်းတွားလိုက်ကြသည်။ ၂ယောက်တစ်တွဲ အုပ်စုဖွဲ့ပေးချိန်ရောက်တော့ Bonnie ခွဲပေးတဲ့လူကိုကြည့်ပြီး မိန်းကလေးပြိုင်ပွဲဝင်တွေ မနာလိုဖြစ်ကာ ဆူပွက်နေကြသည်။ တကယ်လို့ လွတ်လပ်စွာပြောဆိုခွင့်ရမယ်ဆိုရင် သူတို့အားလုံး ကင်မရာကိုကြည့်ပြီး အောက်ပါအတိုင်း တူညီစွာပြောကြမှာသေချာတယ်။

"ကျွန်မ Romeo နဲ့အဖွဲ့ဖွဲ့ပြီး ဓာတ်ပုံရိုက်ချင်တယ်.. သူ့မျက်နှာကျက မိန်းကလေးတွေထက်ပိုလှပြီး အဝတ်အစားလဲဝတ်တဲ့အခါ ဓာတ်ပုံရုပ်ထွက်ပိုကောင်းမှာ သေချာတယ်.. တကယ်လို့ သူနဲ့ပေါင်းလုပ်ရရင် ကျွန်မတို့ဒီအပိုင်းကို အသာလေးကျော်သွားနိုင်မှာ သေချာတယ်.."

ကံဆိုးစွာနဲ့ Emily နဲ့တစ်ဖွဲ့တည်းကျတဲ့ ယောက်ျားလေးပြိုင်ပွဲဝင်က ကင်မရာသမားကိုကြည့်ပြီး ပြောခဲ့သည်။

"ကျွန်တော် Emily နဲ့တွဲပြီး အလုပ်မလုပ်ချင်ဘူး.. သူက တွဲလုပ်ရတာ လွယ်တယ်ထင်ရပေမယ့် သူမက Hayden ထက်ပိုမောက်မာပြီး သူမက သူများထက်ပိုထင်ပေါ်ချင်တယ်.. တစ်ဖက်သားကိုချနင်းပြီး သူမပိုအမှတ်ရအောင် လုပ်လေ့ရှိတယ်.. သူမက တကယ်ကြောက်ဖို့ကောင်းတယ်.. ပထမ ကျွန်တော် သူ့ကိုကြိုက်သေးတယ်.. ဒါပေမယ့် သူမက ကျွန်တော့်ကို သတိတောင်မထားမိဘဲ အရူး Hayden နောက်ကို လိုက်သွားတယ်.."

ဒီကောင်လေးက ပုခုံးတွန့်ပြီး ပြောလိုက်သည်။

Emily က အနားမှာရပ်နေလို့ ဒီကောင်လေးပြောတာ ကြားရပေမယ့် သူမက နည်းနည်းမှ အမူအယာမပျက်ဘူး။ သူမရဲ့စိတ်ဓာတ်နဲ့ ယုံကြည်ချက်က သိပ်ပြင်းထန်တာကိုကြည့်ပြီး ကင်မရာသမားတောင် အံ့အားသင့်ရသည်။ သူမက အထက်ကိုတက်ဖို့ အခွင့်အရေးတစ်ခုလောက်ရလိုက်တာနဲ့ ထိပ်ဆုံးရောက်အောင် တွယ်တက်နိုင်စွမ်းရှိသူဖြစ်သည်။

ကံဆိုးစွာနဲ့ သူမက အထက်တက်နိုင်မယ့်လှေကားကို သူမဘာသာ ဖျက်ဆီးပစ်လိုက်ပြီး "Next SuperModel" ဖြစ်နိုင်မယ့်အခွင့်အရေးကို လွှင့်ပစ်ပြီးသွားလေပြီ။ ဘယ်လောက်ထူးချွန်ထက်မြက်တဲ့လူဖြစ်ပါစေ ဒီလိုသစ္စာမဲ့တဲ့လူမျိုးကို မကြိုက်ကြပေ။ ဒါကြောင့် သူမရဲ့အနာဂတ်က သူမစိတ်ကူးယဉ်ထားသလို တောက်ပခမ်းနားနိုင်မှာ မဟုတ်တာ သေချာသည်။

ကောင်လေးနဲ့ကောင်မလေးပြိုင်ပွဲဝင်တွေ ညည်းတွားနေချိန် ကျိုးယွင်ရှန့်နှင့် Ivana တို့ အဝတ်လဲခန်းထဲ ဆွဲသွင်းခံလိုက်ရသည်။ Jeffery နဲ့ Bonnie တို့လည်း လိုက်ဝင်လာကြသည်။ Stylist က သူတို့နှစ်ယောက်ကို အဝတ်လဲပေးဖို့ အကြာကြီးစောင့်နေခဲ့ရတာဖြစ်သည်။ Gustav က ခဏတဖြုတ် ကင်မရာကို ဟိုကြည့်ဒီကြည့် စစ်ဆေးပုံလုပ်လိုက်ပြီး သူလည်း စိတ်မရှည်စွာနှင့် သူတို့နောက်ကိုလိုက်ပြီး အခန်းထဲ တည်ကြည့်ခန့်ညားစွာ လိုက်ဝင်လာတော့သည်။ ကြောင်ပေါက်လေးရဲ့ပုံစံကို ကြည့်ချင်လွန်းလို့ သူ့နှလုံးသားတစ်ခုလုံး ရွစိထိုးလို့နေလေပြီ။
====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now