Chapter 1

15.6K 585 9
                                    

Chapter- (1) 1960 ခုနှစ်သို့ကူးပြောင်းခြင်း

ကျောင်းရှုလန် သည်သူမ၏ နဖူးတွင်နာကျင်မှုကိုခံစားလိုက်ရသည်။ သူမနိုးလာသည့်အချိန်တွင် အဝါရောင် ရွှံ့နံရံ နှင့် ပျက်စီးယိုယွင်းနေသော အခန်းထဲတွင် လဲလျောင်းလျက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ကုတင်ဘေးတွင် ဗီရိုတစ်ခုရှိသည်။ ကုတင်သည် သစ်သားပျဥ်ပြား ၊ ဓနိပျဥ်များ ဖြင့်ပြုလုပ်ထားပြီး နက်မှောင်ပြီး မှိုတက်နေသော စောင်ပါးဖြင့်ဖုံးအုပ်ထားသည်။

ထူးဆန်းသော အနံ့အသက်ဆိုးမှာ ထွက်ပေါ်လာပြီး သူမခေါင်းကို မူးဝေလေးလံစေခဲ့သည်။ သူမသည်ထချင်ပေမယ့် သူမခန္တာကိုယ်မှာ အလွန်အားနည်းနေခဲ့သည်။

“ငါဘယ်ရောက်နေတာလဲ”

သူမ၏ဦးခေါင်းမှာ ရုတ်တရက်နာကျင်သွားခဲ့ပြီး သူမနှင့်မသက်ဆိုင်သော မှတ်ဉာဏ်များ ပေါ်ထွက်လာသည်။

သူမ ကူးပြောင်းလာခဲ့ပြီ။ သူမ၏ ခန္တာကိုယ်ပိုင်ရှင်၏ အမည်မှာလည်း ကျောင်းရှုလန် ဖြစ်သည်။ သူမ အခု 1960ပြည့်နှစ်သို့ရောက်ရှိနေပြီး နိုင်ငံအနှံ့အပြား တွင် အငတ်ဘေး ဖြစ်ပေါ်နေသော အချိန်တွင် ကူးပြောင်းလာခဲ့သည်။

မူလပိုင်ရှင်သည် မိသားစု ၅ယောက်ဖြစ်သော ဖခင် ကျောင်းဝေကောင်း၊ မိထွေး မားယုမိန် ၊ ညီမ ကျောင်းရှုကျူး၊ မိထွေးပါသမီး လီ လီကျွမ့် နှင့် မမွေးရသေးသော မိထွေး၏ သားအိမ်ထဲတွင်ရှိနေသော ကလေး တို့နှင့် အတူတကွနေသော သာမာန်မိသားစုဖြစ်ပြီး ကျေးလက်ဒေသတွင် နေထိုင်ကြသည်။

ထိုခေတ်အချိန်အခါသည် အစားအစာရှားပါးသောအချိန်ဖြစ်သည်။ ကျောင်း မိသားစုမှာလည်း အခြားသောမိသားစုများကဲ့သို့ အလုပ်လုပ်ရန်လိုအပ်ပြီး အလုပ်မှတ်များရရှိသည်။ နှစ်တိုင်း တပ်မဟာကဖြန့်ဖြူးခြင်းနှင့် ထောက်ပံ့ခြင်းအရ မိသားစုတိုင်း အလုပ်မှတ်များစုဆောင်းမိခဲ့ကြသည်။ ဘယ်လိုပင်ဖြစ်နေပါစေ နောက်ဆုံးတွင်တရုတ်ပြည်ရဲ့ ကြီးမားသောငတ်မွတ်ခေါင်းပါးမှုသည် 1959 တွင်စတင်လာခဲ့ပြီဖြစ်သည်။ စားစရာများကို ရိတ်သိမ်းခြင်းသည် ပြင်းထန်သော အငြင်းပွားမှုဖြစ်လာခဲ့ပြီး နှစ်တိုင်းအလုပ်ရမှတ်ခွဲဝေခြင်းကိုသာ ပြုလုပ်နိုင်ခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now