Chapter 194

1.1K 131 0
                                    

Chapter-194 စိုက်ပျိုးရေးသုံးကိရိယာများ ဝယ်ယူခြင်း(၁)

ပြီးခဲ့သည့်နှစ်မှစ၍ နိုင်ငံတစ်ဝှမ်းတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး သူတို့ဆီ၌ ထိုသို့မဖြစ်ခဲ့ချေ။

ဒီတစ်လခွဲပြီးရင် မိုးဆက်တိုက်ရွာမယ်လို့ မထင်မိခဲ့ချေ။ စပါးကိုအမြန်ရိတ်သိမ်းရန် လိုပြီး အချိန်နှောင်းမှ အချိန်မမှီလိုက်သည့်အခါ စပါးများပျက်စီးသွားနိုင်ပြီး ဝေငှရန်မလွယ်ကူတော့ချေ။

လုကျင်ရှန်းက ဤကိစ္စကြောင့် စိတ်ပူသွားသည်။ မူလက သူသည် ၎င်းကို ထုတ်လုပ်ရေးအဖွဲ့နှင့် ဆွေးနွေးချင်သည်။ ထိုမှသာ လူတိုင်းအလုပ်စောစောလုပ်ပြီး နောက်ကျမှ အိမ်ပြန်ကျမည်ဖြစ်သဖြင့် အလုပ်ပြီးလောက်မည်။

သို့သော်လည်း ထုတ်လုပ်ရေးအဖွဲ့မှလူများက တတ်ကြွသော်လည်း အချို့နေရာများ၌ အကန့်အသတ်ဖြင့် လုပ်နေရသောကြောင့် ပြီးသင့်သလောက်မပြီးပေ။

လက်ရှိတွင် ထုတ်လုပ်မှုအဖွဲ့တွင် ပထမဆုံးကြုံတွေ့နေရသော ပြဿနာမှာ စိုက်ပျိုးရေးကိရိယာများ ရှားပါးခြင်းပင်ဖြစ်သည်။

ထုတ်လုပ်ရေးအဖွဲ့တစ်ခုစီမှ ပိုင်ဆိုင်သော လယ်ယာသုံးကိရိယာများကို ကန့်သတ်ထားသည်။ ဤခေတ်၏ အခြေအနေက အလွန်ဆိုးပြီး လုကျွမ်းထုတ်လုပ်မှုအဖွဲ့၏ အခြေအနေက မကောင်းသည့်အပြင် အဖွဲ့ငယ်လေးတစ်ခုသာ ဖြစ်သဖြင့် ပစ္စည်းမလုံလောက်ကြချေ။

သူတို့တွေကို အပြစ်တင်လို့မရချေ။ အကြောင်းမှာ လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့က ခရိုင်ရုံးနှင့် အလွန်ဝေးကွာသောကြောင့်ဖြစ်သည်။ ခရိုင်ရုံးသို့ နှစ်စဉ် စပါးများ ပို့ဆောင်ရန် သွားကြသည့်အခါ ခရိုင်ရုံးနှင့် နီးသောသူများကဲ့သို့ မဟုတ်ပဲ အစားအသောက် တန်းပါစီနေကြရသည်။

စပါးထုတ်လုပ်ရေးအဖွဲ့က စောစောစီးစီး ပေးလေလေ ဆုလာဘ်များ ပိုများလေဖြစ်သည်။ လုကျွမ်းထုတ်လုပ်မှုအဖွဲ့သည် နှစ်စဉ် အောက်ဆုံး၌သာဖြစ်နေသဖြင့် ထောက်ပံ့မှုမရနိုင်ချေ။

စိုက်ပျိုးရေး ကိရိယာများ မရှိဘဲ၊ ထုတ်လုပ်ရေးအဖွဲ့၀င်များ တစ်ယောက်ကို အလုပ်များစွာ မလုပ်နိုင်ချေ။

ဥပမာအားဖြင့် စပါးစေ့များကို ရိတ်သောအခါ စပါးစေ့များကို တံစဉ်ဖြင့် ဖြတ်တောက်ခြင်း အရှိန်က လက်နဲ့ ဆွဲခြင်းထက်ပိုမြန်ပြီး လက်ကိုလည်း မထိခိုက်စေနိုင်ပေ။

ယခုအချိန်တွင် ထုတ်လုပ်ရေးအဖွဲ့အတွက် အရေးတကြီးလိုအပ်သည်မှာ စိုက်ပျိုးရေးသုံးကိရိယာများဖြစ်သည်။ စိုက်ပျိုးရေးသုံးကိရိယာများ လုံလုံလောက်လောက်ရှိပြီး ထုတ်လုပ်မှုအဖွဲ့၀င်များ တတ်ကြွမှသာ ပိုမြန်စွာ ရိတ်သိမ်းနိုင်ပြီး မိုးမတိုင်ခင် စပါးကို ခရိုင်ရုံးသို့ ပို့နိုင်လေမည်။

ဒါပေမယ့် လယ်ယာသုံးကိရိယာတွေရဖို့က မလွယ်သလို ပိုက်ဆံလည်း အများကြီးကုန်နိုင်သည်။

ထုတ်လုပ်ရေးအဖွဲ့မှာ ပိုက်ဆံနည်းနည်းသာရှသဖြင့် စိုက်ပျိုးရေးသုံးကိရိယာများဝယ်ရန် အသုံးမပြုနိုင်သော်လည်း အခြားထုတ်လုပ်ရေးအဖွဲ့များထံမှ ကိရိယာများ ချေးရန် လုံလောက်သည်။

မဖြေရှင်းနိုင်သော တစ်ခုတည်းသောအချက်မှာ လယ်ယာသုံးကိရိယာများဝယ်ရန် ငွေသာမက စက်မှုကူပွန်များစွာလည်း လိုအပ်ပါသည်။

ကျေးလက်နေပြည်သူများက စက်မှုကူပွန်များကို ရဖို့က မဖြစ်နိုက်ပေ။ မြို့နေလူမိားတောင် ထိုကူပွန်ကို ရရန်ခဲယဉ်းလှသည်။

လုကျင်ရှန်းက စက်မှုကူပွန်အချို့ကို ဝယ်ယူနိုင်သော်လည်း ပမာဏမှာ မများပြားသည့်အပြင် စိုက်ပျိုးရေးသုံးကိရိယာများကို ဝယ်ယူရန် မလုံလောက်နိုင်ချေ။

ထို့ကြောင့် လုကျင်ရှန်းက လွန်စွာ စိတ်ဓာတ်ကျနေပြီး ဘာလုပ်ရမည်ကို တွေးနေမိသည်။

စပါးဝေရန် ကိစ္စကို အပထား စပါးပြီးအောင်ရိတ်ရန်လိုသည်။ ယခုအခြေအနေ၌ စပါးများပြတ်လပ်ခါနီး၍ အမြန်ရိတ်သိမ်းနိုင်မှသာ အများသူငါကို ဝေငှရောင်းနိုင်လေမည်။
စားစရာအလုံအလောက်မရှိရင် တခြားခက်ခဲတဲ့နေရာတွေလို လူတွေ ငတ်သေမှာကို တွေးကာ စိုးရိမ်မိလေသည်။

ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် လုကျင်ရှန်းက ထိုသို့မဖြစ်စေလိုပါ။

သို့သော် လုကျင်ရှန်းမှာ ဘာလုပ်ရမှန်းမသိသ၍ မျက်မှောင်ကြုတ်နေကာ ရယ်ချင်နေရင်တောင်မှ မရယ်နိုင်။

လုကျင်ရှန်း၏ စကားများကို နားထောင်ပြီးနောက် ကျန်းချန်းက “ခေါင်းဆောင် ကျွန်တော်တို့ ထုတ်လုပ်ရေးအဖွဲ့ထဲက လူတိုင်းက အလုပ်ကြိုးစားပြီး အရည်အချင်းရှိကြပါတယ်။ လူတိုင်းက နည်းနည်လေးပိုအားစိုက်လိုက်ရင် အမှီစပါစရိတ်နိုင်မှာပါ”

လုကျင်ရှန်းက သက်ပြင်းချလိုက်ပြီး “ကိုယ်တို့မှာက လယ်ယာသုံးကိရိယာတွေ တော်တော်လေး နည်းပြီး မလောက်ဘူးလေ။ ဝယ်ဖို့ကြတော့လည်း အကန့်အသတ်နဲ့ဆိုဆော့ နောက်ကျမှာ စိတ်ပူမိတယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now